← Chapters

ယုန်

Vol. 3 Ch. 45

ယုန်

Vol. 3 Ch. 45

အခန်း(၄၅) - ယုန်

အဝါရောင် အင်မော်တယ် ပဲပင်တစ်ပင်ကို ဆွဲနှုတ်ပြီးကတည်းက ယဲ့ရှောင်ချန်းတစ်ယောက် ကျန်အဝါရောင် အင်မော်တယ် ပဲပင် သုံးပင်၏ အခြေအနေကို အလေးအနက် အာရုံစိုက်ခဲ့သည်။

ယဲ့ရှောင်ချန်းသည် အချိန်မီ နှုတ်ယူလိုက်နိုင်သဖြင့် အခြား ပဲပင်သုံးပင်လုံး မကောင်းသည့် လက္ခဏာမပြကြပါ။ လက္ခဏာ အနည်းငယ် ပြသနေခဲ့သည့် အပင်ကပင် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။

သို့သော်လည်း အဝါရောင်အင်မော်တယ် ပဲပင်အနားတွင် ရှိနေသော မုန်လာဥပျိုးပင် အနည်းငယ်တို့သည် အာဟာရချို့တဲ့မှု လက္ခဏာများ ပြသနေသေးသည်ကို တွေ့ရှိခဲ့သည်။

ယဲ့ရှောင်ချန်းသည် ဤအရာက ရှောင်လွှဲ၍မရမှန်းသော်လည်း ကံကောင်းထောက်မစွာဖြင့် သက်ရောက်မှုသည် ကြီးမားလွန်းလှသည်တော့ မဟုတ်ပေ။ ထို့အပြင် မုန်လာဥပင်များတွင် အားကောင်းသော လိုက်လျောညီထွေဖြစ်မှုနှင့် ခံနိုင်ရည်တို့ ရှိကြသည်။ သူတို့သည် အလွယ်တကူ ညှိုးနွမ်းသွားကြမည် မဟုတ်ပါ။

ယဲ့ရှောင်ချန်းသည် ဒီတစ်ခေါက် သင်ခန်းစာကောင်းကောင်း ရသွားသည်။ ယဲ့ရှောင်ချန်းသည် ဒါကို စိတ်ထဲတွင် အသေအချာ မှတ်သားထားခဲ့သည်။

နောက်တစ်ကြိမ်မှာ အလားတူအမှားမျိုး ထပ်မဖြစ်စေရဘူး။

..........

ဒီမနက်ခင်းမှာ ယဲ့ရှောင်ချန်းတစ်ယောက် အစောကြီး အိပ်ရာနိုးလာခဲ့သည်။

မကြာသေးမီက သူသည် အလွန်ကျန်းမာနေပြီး ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ခဲ့သည်။ တစ်နေ့လျှင် ငါးနာရီ ခြောက်နာရီခန့်သာ အိပ်သော်လည်း နိုးလာသောအခါ လန်းဆန်းသလို ခံစားရပါသည်။

မိုးကောင်းကင်က လင်းလက်စပြုနေပြီ။

ယဲ့ရှောင်ချန်းသည် မျက်နှာသစ်သွားတိုက်ပြီးသွားသောအခါ သခွားသီးတစ်လုံးစားရင်း စိုက်ပျိုးရေးခြံဘက်သို့ ထွက်လာခဲ့သည်။

ရုတ်တရက် ယဲ့ရှောင်ချန်းသည် ပဲပိစပ်တွေ စိုက်ပျိုးထားသည့်နေရာမှာ ရပ်သွားသည်။

ပြောင်းဖူးနှင့် ပဲပိစပ်တို့ကိုလည်း စိုက်ပျိုးရေးခြံတွင် ဧကအနည်းငယ်လောက် စိုက်ပျိုးထားသည်။ မူလက ယဲ့ရှောင်ချန်းသည် ၎င်းတို့ကို မစိုက်ပျိုးချင်ခဲ့သော်လည်း သူ့အမေက မြေကို ဒီအတိုင်း ဗလာထားလျှင် နှမြောစရာကောင်းသည်ဟုဆိုကာ စိုက်ပျိုးခိုင်းခဲ့သည်။

"ဒီပဲပိစပ်ပင်တွေကို ဘယ်သူစားသွားတာလဲ။"

ယဲ့ရှောင်ချန်းသည် ပဲပိစပ်အရွက်များကို ကြည့်ကာ တစ်စုံတစ်ရာက စားသွားမှန်း သတိပြုမိခဲ့သည်။

ယဲ့ရှောင်ချန်းသည် ပဲပိစပ်အခင်းတစ်ဝိုက်ကို လိုက်ကြည့်လိုက်သောအခါ အနက်ရောင် မစင်တုံးများစွာကို တွေ့လိုက်ရသည်။

ယုန် မစင်တုံးများ ဖြစ်သည်။

"ထူးဆန်းတယ်၊ ဒီနေရာကို ခြံဝန်း ခတ်ထားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ယုန်ရိုင်းတစ်ကောင်က ဝင်လာနိုင်တာလဲ။"

ယဲ့ရှောင်ချန်းက အရမ်းအံ့သြသွားသည်။

စိုက်ပျိုးရေးခြံတည်နေရာသည် တောင်ကြားတွင် တည်ရှိပြီး တောင်တန်းများဖြင့် ဝန်းရံထားသည်။ ဂေဟစနစ် ပြန်လည်ကောင်းမွန်လာသောကြောင့် တောရိုင်းတိရိစ္ဆာန်များ ပိုမိုများပြားလာသည်။

ယုန်များ၊ ရစ်ငှက်များ၊ ခွေးတူဝက်တူများ အစရှိသည်တို့ အလွန်ပေါများသည်။ တစ်ခါတစ်ရံ အနီးအနား သစ်တောထဲတွင် တောဝက်များကိုပင် မြင်တွေ့နိုင်သည်။

ရွာသူရွာသားများသည် သူတို့စိုက်ပျိုးထားသော ကောက်ပဲသီးနှံများသည် တောရိုင်းတိရိစ္ဆာန်များကြောင့် ပျက်စီးဆုံးရှုံးရတယ်လို့ မကြာခဏဆိုသလို ညည်းညူကြပါသည်။

ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံကတော့ သံဆူးကြိုးခြံစည်းရိုးဖြင့် ကာရံထားသည်။ ထို့ကြောင့် သူ မကြောက်ရွံ့ခဲ့ပါ။

သို့သော် ယခု ယုန်ရိုင်းတစ်ကောင်၏ ခြေရာလက်ရာကို တွေ့နေရသည်။ သဘောက ခြံစည်းရိုးတွင် အပေါက်တစ်ခုခု ရှိနေရမည်။ သူ ရှာပြီး မပိတ်ပါက အခြားတိရိစ္ဆာန်များပါ သူ့စိုက်ပျိုးရေးခြံထဲ ဝင်လာနိုင်သည်။

"ဒီမသာ ခွေးနှစ်ကောင်ကတော့ ယုန်ရိုင်းဝင်လာတာတောင် တုတ်တုန်မလှုပ်ကြဘူး။"

ယဲ့ရှောင်ချန်းသည် ခွေးနှစ်ကောင်ကိုကြည့်ကာ ပြောစရာစကားပင် ပျောက်ရှသွားခဲ့ရသည်။

သူသည် ငယ်စဥ်ကပင် ကျေးရွာဘက်တွင် နေထိုင်ကြီးပြင်းခဲ့သဖြင့် ယုန်များနှင့် ရစ်ငှက်များကို ဖမ်းဆီးရာတွင် ယဲ့ရှောင်ချန်းမှာ အတွေ့အကြုံ အနည်းငယ် ရှိသည်။ သူ့အဖေကလည်း ဒီနယ်ပယ်တွေမှာ အလွန်အတွေ့အကြုံရှိ၏။

ယဲ့ရှောင်ချန်းသည် ဤအရာများကို ငယ်စဥ်ကပင် သင်ယူခဲ့သည်။

ယဲ့ရှောင်ချန်းသည် ယုန်ရိုင်းဝင်လာသည့် လမ်းကြောင်းကို စတင်ရှာဖွေခဲ့သည်။

မိုးရွာသွန်းမှုကြောင့် မြေကြီးမှာ အနည်းငယ် စိုစွတ်နေပြီး ယုန်ရိုင်း၏ ခြေရာအချို့ကိုပင် မြင်တွေ့နိုင်ပါသည်။

ထိုခြေရာများနောက် ခြေရာခံလိုက်ကြည့်သောအခါ သံဆူးကြိုးစည်းရိုးအနားသို့ ရောက်လာခဲ့သည်။

ယုန်တူးထားသော လမ်းကျဥ်းလေးကို ဖုံးကွယ်နေသည့် မြက်တစ်အုပ်ရှိနေသည်။ သံဆူးကြိုးခြံစည်းရိုး၏ အောက်ဘက်တွင် အပေါက်တစ်ပေါက် ရှိနေ၏။ ထိုအပေါက်ဘေးတွင် လတ်လတ်ဆတ်ဆတ် တူးဆွထားသော မြေကြီးတချို့ကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

မြေပုံဘေးတွင် ယုန်မစင်တုံး အနည်းငယ်ပင် ရှိနေပါသေးသည်။

ယဲ့ရှောင်ချန်းက ထိုင်ချလိုက်ပြီး သံဆူးကြိုး အောက်ဘက်က ကွက်လပ်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။

ဒါက ယုန်ရိုင်းတစ်ကောင်ရဲ့ လက်ချက်မှန်း သိသာထင်ရှားပါသည်။

"ဟမ်း၊ ငါ့စိုက်ပျိုးရေးခြံထဲကို တူးဝင်ရဲတယ်ပေါ့။"

ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ ယုန်သားမစားရတာ ကြာပြီဖြစ်သည်။

ယဲ့ရှောင်ချန်းသည် အိမ်ကို အမြန်ပြန်ပြေးကာ သူ့အဖေ အချိန်အတော်ကြာအောင် သိမ်းဆည်းထားတဲ့ ယုန်ထောင်ချောက်တွေကို ထုတ်ယူလိုက်သည်။

ယဲ့ရှောင်ချန်းသည် ယုန်ဖမ်းဖို့အတွက် ယုန်ထောင်ချောက်များကို အသုံးပြုခြင်းသည် သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် သံဆူးကြိုးစည်းရိုးအောက်ရှိ လတ်ဆတ်သော မြေပုံအနားတွင် ထောင်ချောက်တစ်ခုကို ချထားခဲ့သည်။

ယုန်တွင်းပေါက်ကို မပိတ်ရသည့် အကြောင်းရင်းမှာ ယုန်ရိုင်းကို ပြေးမရအောင် တားဆီးရန်ဖြစ်သည်။

သူသည် ယုန်လာမည့်အချိန်ကို စောင့်ရန်သာလိုသည်။

နောက်ထောင်ချောက်တစ်ခုကို မြက်ခင်းပြင်ရှိ ယုန်သွားရာ လမ်းကြောင်းတွင် ချထားပြီးနောက် ထောင်ချောက်ဆင်ခြင်း ပြီးဆုံးသွားခဲ့ပြီ။

ယုန်ရိုင်းများသည် သဘာဝအားဖြင့် ဖြတ်လတ်ပြီး သတိကြီးသော်လည်း တစ်ခါလာဖူးလျှင် နောက်တစ်ခါလည်း ထပ်လာမည်ဖြစ်သည်။

ထိုယုန် နောက်တစ်ခေါက် ထပ်လာဖို့အတွက် အများဆုံး ၂ရက် ၃ရက်ခန့် ကြာတတ်သည်။

ထောင်ချောက်ကို အပြီးသတ်ပြီးသွားနောက် ခြံတစ်ခြံလုံး၏ သံဆူးကြိုးခြံစည်းရိုးများကို လိုက်စစ်ကြည့်လိုက်သည်။ ပျက်စီးသွားသည့်နေရာမှာ တစ်နေရာထက်မက ရှိနေသည်ကို တွေ့ရှိခဲ့သည်။

ဖြစ်ချင်တော့ သူ့စိုက်ပျိုးရေးခြံကို တောရိုင်းတိရိစ္ဆာန်တချို့က ပစ်မှတ်ထားနေပုံရသည်။

နှစ်ရက်ဆက်တိုက် ယုန်ရိုင်း၏ အရိပ်အယောင်ကိုပင် မမြင်ရသေးချေ။ သို့သော် ယဲ့ရှောင်ချန်းသည် လက်မလျှော့ခဲ့ပါ။ သူသည် ထောင်ချောက်ဆင်ပြီးပြီဖြစ်သည်။ ယခုတော့ စိတ်ရှည်ရှည်ထားဖို့သာ လိုအပ်သည်။

မနက်ခင်း...

ယဲ့ရှောင်ချန်းသည် ထရပ်ကားကို ယန်ရှစ်မြို့ဆီသို့ ဦးတည်မောင်းနှင်ခဲ့သည်။

မကြာသေးမီက မြို့ထဲတွင် မိုးသည်းထန်စွာ  ရွာသွန်းခဲ့သည်။ ယနေ့ ရာသီဥတုက သာယာသော်လည်း မြေနိမ့်ပိုင်း နေရာအချို့တွင် ရေဝပ်နေသေးသည်။

ယန်ရှစ်မြို့က အဆင်ပြေနေသေးသော်လည်း တောင်ပိုင်းပြည်နယ်ရှိ အခြားစီရင်စုများသည် ဒီထက် ပို၍ပင် ဆိုးရွားခဲ့ပါသည်။

အခုလတ်တလောတွင် နိုင်ငံတော်၏ နေရာတိုင်း၌ မိုးများသည်းထန်စွာ ရွာသွန်းနေသည်။ အထူးသဖြင့် မြောက်ပိုင်းနှင့် မြစ်ကမ်းဒေသများတွင် ဖြစ်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ပစ္စည်းများ ပို့ဆောင်ပြီးသွားသည့်အချိန်တွင် ဖန်းယွမ်ထံမှ ဖုန်းဝင်လာသည်။

အရင်တစ်ခေါက် တွေ့ဆုံပြီးကတည်းက သူတို့နှစ်ယောက် မကြာခဏ စကားပြောတတ်ကြပါသည်။

"ရှောင်ချန်း၊ ငါမင်းခြံကို အလည်လာဖို့ အဆင်သင့်ဖြစ်နေပြီ၊ မင်းငါ့ကိုကြိုဆိုချင်လား။"

ဖန်းယွမ်၏ အသံက ဖုန်းထဲမှ ထွက်လာသည်။

"ဒါပေါ့ကွ၊ ကြိုဆိုတာပေါ့၊ အခု မင်းဘယ်မှာလဲ။"

ယဲ့ရှောင်ချန်းက အနည်းငယ် အံ့သြသွားသည်။

"အိမ်မှာကွ၊ အခုလတ်တလော မိုးရွာတာ ကြာတော့ လူတွေလည်း မှိုတက်ချင်နေပြီ၊ ဒီနေ့ ရာသီဥတု သာယာလို့ ငါအပြင်ထွက်ပြီး အပန်းဖြေမလားလို့ စဥ်းစားနေတာ၊ ငါ့သူငယ်ချင်းတစ်ယောက်လည်း ခေါ်လာမှာ ဖြစ်ရဲ့လား။"

ဖန်းယွမ်က ပြောလိုက်သည်။

"သူငယ်ချင်းဟုတ်လား၊ ယောက်ျားလေးလား မိန်းကလေးလား။"

ယဲ့ရှောင်ချန်းက ပြုံးကာ မေးလိုက်သည်။

"မိန်းကလေးပါ၊ မျက်မမြင်ချိန်းတွေ့မှုတစ်ခုမှာ ဆုံတာလေ။ ငါ့မိသားစုက သူ့နဲ့ အပြင်ထွက်ပြီး လည်ပတ်ဖို့ ငါ့ကို အတင်းအကြပ် ဖိအားပေးနေတယ်ကွ။”

ဖန်းယွမ်က ပြောလိုက်သည်။

"ကြည့်ရတာ တော်တော်တိုးတက်နေပါလားကွ။"

ယဲ့ရှောင်ချန်းက ရယ်မောကာ ဆက်ပြောလိုက်သည်။ "မကြာခင် ငါတို့တော့ မင်္ဂလာဧည့်ခံပွဲမှာ စားရကံ ကြုံတော့မယ်ထင်တယ်။"

ယေဘုယျအားဖြင့် မျက်မမြင်ချိန်းတွေ့မှုလုပ်ဆောင်ပြီးနောက် မင်္ဂလာကိစ္စများသည် အလွန်မြန်ဆန်တတ်သည်။ အနည်းဆုံး ၁၀ရက်မှ ၁၅ရက်ခန့်သာ ကြာမြင့်နိုင်ပြီး အများဆုံး ၂လ ၃လခန့် ကြာမည်ဖြစ်သည်။

"အေး၊ မင်းတို့စားရဖို့ နီးပါပြီကွာ။"

ဖန်းယွမ်က ပြောလိုက်သည်။ သူ့ရင်ထဲတွင် ထိုအချက်ကို လက်ခံထားပြီးဖြစ်သည်။

"ငါအခု မြို့ထဲမှာ..."

ဖန်းယွမ်နှင့် စကားပြောပြီးနောက် ယဲ့ရှောင်ချန်းက ဖုန်းချလိုက်သည်။

နာရီဝက်ခန့်အကြာ...

မြို့ပြင်က အဝေးပြေးလမ်းမပေါ်တွင် ယဲ့ရှောင်ချန်းသည် ဖန်းယွမ်၏ ကားကို စောင့်နေခဲ့သည်။

အဖြူရောင် SUV တစ်စီး ရောက်လာ၏။

ယဲ့ရှောင်ချန်း ဖန််းယွမ်၏ ကောင်မလေးကို မြင်သောအခါ တစ်ခုသာ တွေးလိုက်မိသည်။ သူတို့လိုက်ဖက်လှပါသည်။

ဖန်းယွမ်၏ ကောင်မလေး နာမည်က ဟွမ်ချီချီဖြစ်သည်။ ခန္ဓာကိုယ် အရွယ်အစားက ဖန်းယွမ်နှင့် မတူညီသော်လည်း ၁၇၀kg လောက် ရှိမည်ထင်သည်။

ကံကောင်းထောက်မစွာဖြင့် ဟွမ်ချီချီ၏ အသားအရေသည် အလွန်ဖြူသည်။ ပြီးတော့ ရုပ်ဆင်းသွင်ပြင်လည်း မဆိုးလှပါ။ ခြုံပြောရလျှင် အတော်လေး ကြည့်ကောင်းပါသည်။ သူမသာ အနည်းငယ် ပိန်သွားမည်ဆိုလျှင် မိန်းမလှတစ်ဦးအဖြစ် သတ်မှတ်နိုင်လောက်သည်။

ကံမကောင်းစွာဖြင့် အဝလွန်နေခြင်းက သူမရဲ့ အလှကို အနှောင့်အယှက်ပေးနေသည်။

အနည်းငယ် စကားစမြည်ပြောဆိုပြီးနောက် ယဲ့ရှောင်ချန်းသည် ဟွမ်ချီချီအကြောင်း အနည်းငယ် သိလာရသည်။ ထိုဝတုတ်မလေးက အလွန်သဘောကောင်းပြီး ရိုးသားပါသည်။ ဒရမ်မာဆန်တတ်သော သာမန်မိန်းကလေးများလို မဟုတ်ပါ။

"ဖန်းယွမ်၊ မင်း ငါ့ကားနောက်ကနေ သေချာလိုက်ခဲ့။”

"စိတ်ချပါ၊ သေချာပေါက် လမ်းမပျောက်စေရပါဘူး။"

ယဲ့ရှောင်ချန်း၏ ကားနောက် ဖန်းယွမ်၏ ကား လိုက်ပါလာခဲ့သည်။

မကြာမီ ကားနှစ်စီးသည် မြို့ထဲမှ ထွက်လာကာ ကျင်းရှန်ဆီသို့ ဦးတည်သွားခဲ့ကြသည်။

.......

စိုက်ပျိုးရေးခြံ။

"ဝါး အကြီးကြီးပါလား။ ယဲ့ရှောင်ချန်း။ မင်းက တော်သားပဲ။ ငါ့ရဲ့အကြီးမားဆုံးအိပ်မက်က ဘာလဲ မင်းသိလား။ တောင်တွေကို မျက်နှာမူထားပြီး နွေဦးရာသီပန်းတွေနဲ့ ဝန်းရံထားတဲ့ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ပဲကွ။"

ဖန်းယွမ်နှင့် သူ့ကောင်မလေးတို့သည် ယဲ့ရှောင်ချန်းနောက်သို့ လိုက်ပါကာ စိုက်ပျိုးရေးခြံသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

ဒီနေရာက ရှုခင်းက အတော်လေး သာယာသည်။

ဟွမ်ချီချီသည် ဓာတ်ပုံရိုက်ရတာကို အလွန်နှစ်သက်သည်။ သူမသည် ကင်မရာတစ်လုံးကိုကိုင်ကာ မရေမတွက်နိုင်သော ဓာတ်ပုံများကို ရိုက်ယူလိုက်သည်။

ဖန်းယွမ်ကတော့ သူမကို အော်နေလေသည်။

သူတို့နှစ်ယောက်ကိုကြည့်ရတာ အလွန်လိုက်ဖက်တယ်ဟု ယဲ့ရှောင်ချန်း ခံစားမိသည်။

"ယုန်ထောင်ချောက်ကို သွားကြည့်ရအောင်။"

ဒီနေ့ ယုန်ထောင်ချောက်ကို မစစ်ဆေးကြည့်ရသေးတာကို ရုတ်တရတ် သတိရသွားသည်။ ဖန်းယွမ်တို့နှစ်ယောက်လည်း အရမ်းစပ်စုချင်တာနဲ့ သူ့နောက်ကို လိုက်လာခဲ့ကြသည်။

All Chapters