← Chapters

နှင်းပန်း

Vol. 1 Ch. 14

နှင်းပန်း

Vol. 1 Ch. 14

အခန်း(၁၄) - နှင်းပန်း

"ညီလေးယဲ့ ဒါငါ့ညီမ ဝမ်ရှင်းယီလေ။"

ဝမ်ရွှေရှန့်က သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။

သို့သော်လည်း ဝမ်ရှင်းယီကို ဝမ်ရွှေရှန့် စကားပြောတော့ လက်အမူအယာပြကာ ပြောနေသည်။

ယဲ့ရှောင်ချန်း နှလုံးသားထဲတွင် အံ့သြသွားမိသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ကောင်မလေးက နားမကြားဘူးလားဟု တွေးလိုက်မိသည်။

ဝမ်ရှင်းယီက ရှီပေါင်းလေးကို အလွန်ချစ်ခင်ပြီး ယဲ့ရှောင်ချန်းက ရှီပေါင်းလေးအား ကယ်တင်ခဲ့ကြောင်း သိလိုက်ရသောအခါ ရည်မွန်စွာ ပြုံးပြလိုက်သည်။ အလွန်ဆွဲဆောင်မှုရှိသော သူမ၏ ပါးချိုင့်နှစ်ခုကလည်း ပေါ်လာသည်။

"ငါ့ညီမက ရှီပေါင်းလေးကို ကယ်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်နေတယ်။"

ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်းကို ပြောလိုက်သည်။ "ညီလေးယဲ့ ငါ့ညီမက နားလည်းမကြားဘူး၊ စကားလည်း မပြောနိုင်ဘူးလေ။ အဲ့တာကြောင့် အမြဲလိုလို လက်ဟန်နဲ့ပြောရတယ်။ စိတ်မကောင်းပါဘူး။"

သေချာသွားပါပြီ။

ယဲ့ရှောင်ချန်းသည် ဝမ်ရှင်းယီကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် သနားကြင်နာခြင်း ခံစားမှုတစ်ခု ဖြစ်တည်လာသည်။ ဒီလောက် လှပသော မိန်းကလေးက အပြင်ကမ္ဘာ၏ အသံများကို မကြားနိုင်ဘဲ စကားလည်း မပြောနိုင်ချေ။ ဘုရားသခင်က သူမအတွက် တကယ် တရားမျှတမှု မရှိခဲ့ပါချေ။

ဝမ်ရှင်းယီနှင့် ဝမ်ရွှေရှန့်တို့ လက်ဟန်ဖြင့် စကားများစွာ ပြောလိုက်သည်။ ယဲ့ရှောင်ချန်းက ဘာမှနားမလည်ပါ။

ငယ်ငယ်လေး ရှိသေးသော ရှီပေါင်းလေးပင် လက်ဟန်ဘာသာစကား အချို့သိနေသည်ကို တွေ့လိုက်ရသောအခါ ယဲ့ရှောင်ချန်း အံ့သြသွားမိသည်။

ညစာစားပြီးနောက်တွင် ဝမ်ရွှေရှန့်က လူနှစ်ယောက်ကို သွားခေါ်ရမည်ဖြစ်ကြောင်း ပြောကာ ထွက်သွားသည်။ ယဲ့ရှောင်ချန်းလည်း ပြန်ချင်ပြီဖြစ်သော်လည်း ရှီပေါင်းလေးက ယဲ့ရှောင်ချန်းကို သွားခွင့်မပေးဘဲ ပုံပြင်များကိုသာ ဆက်ပြောနေသည်။

ဝမ်ရှင်းယီကတော့ ညစာစားပြီးနောက် ထွက်သွားသည်။

ယဲ့ရှောင်ချန်းက ထိုကောင်မလေးအကြောင်း အနည်းငယ် စိတ်ဝင်စားနေသေးသည်။

သို့သော်လည်း သူလက်ဟန်ဘာသာစကား တစ်လုံးမှမတတ်သဖြင့် သူမနှင့် မဆက်သွယ်နိုင်ပါ။

ရှီပေါင်းလေး ပြောပြသောပုံပြင်ကို နားထောင်နေတုန်း ဝမ်ရွှေရှန့်က လူနှစ်ယောက်နှင့် ပြန်ရောက်လာသည်။

ယဲ့ရှောင်ချန်းသည် လူငယ်တစ်ယောက်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

"ယဲ့ရှောင်ချန်း မင်းဒီကို ဘယ်လိုရောက်နေတာလဲ။"

ထိုလူငယ်က သေတ္တာတစ်လုံးကိုင်ထားပြီး သူ့ဘေးတွင် အဘိုးကြီးတစ်ယောက် ရှိနေသည်။ သူက ယဲ့ရှောင်ချန်းကို မြင်သောအခါ အံ့ာအားသင့်သွားရသည်။

"ဝမ်ယွမ်တုန်း၊ မတွေ့ရတာ ကြာပြီကွာ။"

ယဲ့ရှောင်ချန်းက နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ယောက်က တက္ကသိုလ် ကျောင်းသားများ ဖြစ်ခဲ့ကြပြီး အတန်းဖော်များလည်း ဖြစ်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ဆက်ဆံရေးက သိပ်မကောင်းပါ။ ဝမ်ယွမ်တုန်းက နာမည်ကြီးပြီး ရွှင်ရွှင်ပျပျ နေတတ်သောလူမျိုးဖြစ်ပြီး သူ့မိသားစု အခြေအနေကလည်း ကောင်းမွန်သည်။ ယဲ့ရှောင်ချန်းကတော့ အနည်းငယ် လူကြောက်တတ်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ စရိုက်နှစ်မျိုးရှိသည့် လူနှစ်ယောက်က သူငယ်ချင်းဖြစ်လာဖို့ ခက်ခဲပါသည်။

ဝမ်ယွမ်တုန်းသည် ကောလိပ်မှ အောင်သွားသောအခါ သူသည် ဗဟိုတောင်ပိုင်းတက္ကသိုလ်တွင် လျှောက်ထားခဲ့သည် မဟုတ်ပါလား။ ရှားရှစ်တွင် ရှိသင့်သည်မဟုတ်လား။ ဘာကြောင့် ယန်ရှစ်မြို့တော်တွင် ရှိနေသနည်း။

ရုတ်တရက် သူ သတိရသွားသည်။ ဝမ်ယွမ်တုန်း၏ မျိုးရိုးအမည်ကလည်း ဝမ်ဖြစ်နေသည်။ ဧကန္တ သူက အစ်ကိုကြီးဝမ်ရဲ့ ဆွေမျိုးများလား။

"ဟားဟား ယွမ်တုန်းနဲ့ ညီလေးယဲ့ မင်းတို့နှစ်ယောက် အချင်းချင်းသိကြတယ်ပေါ့၊ ကောင်းလိုက်တာ။"

ဝမ်ရွှေရှန့်က ရယ်မောကာ ပြောလိုက်သည်။

ဝမ်ယွမ်တုန်းသည် အမှန်တကယ် ဝမ်ရွှေရှန့်၏ တူဖြစ်နေကြောင်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။

ဝမ်ယွမ်တုန်းကလည်း ယဲ့ရှောင်ချန်းတစ်ယောက် ဘာကြောင့် သူ့ဦးလေးအိမ်တွင် ရောက်နေကြောင်း သိချင်နေသည်။ ယဲ့ရှောင်ချန်းက ရှီပေါင်းလေးအား ကယ်ဆယ်ခဲ့ကြောင်း သိလိုက်ရသောအခါ သူ ဂရုမစိုက်တော့ပါ။

အဘိုးကြီး၏ အမည်က ကျန်းခဲ့ချင်းဖြစ်ပြီး ဝမ်ယွမ်တုန်းနှင့်အတူ လိုက်လာသောသူ ဖြစ်သည်။ သူက ပြည်နယ်တွင် အတော်လေး နာမည်ကြီးသော ရုက္ခဗေဒ ပညာရှင်ဖြစ်ပြီး ဗဟိုတောင်ပိုင်းတက္ကသိုလ်၏ နာမည်ကျော် ပရော်ဖက်ဆာတစ်ဦးလည်း ဖြစ်ပါသည်။ ပြီးတော့ ဝမ်ယွမ်တုန်း၏ ဆရာလည်းဖြစ်သည်။ သူသည် ဆေးဖက်ဝင်အပင်များအား ပိုးမွှားအန္တရာယ်မှ ကာကွယ်ခြင်းနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန် ယန်ရှစ်မြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဝမ်ယွမ်တုန်းက ဝမ်ရွှေရှန့်နှင့် ကျန်းခဲ့ချင်းတို့၏ ရင်းနှီးမှုကြောင့် သူ့လက်အောက်တွင် ပညာသင်ယူကာ ဘွဲ့ရခဲ့ခြင်းဖြစ်သည်။

ဒီတစ်ခေါက် ဝမ်ရွှေရှန့်၏ ဖိတ်ခေါ်မှုကြောင့် ကျန်းခဲ့ချင်းက ရောက်လာခဲ့သည်။ ဝမ်ရှင်းယီတွင် နှင်းပန်းနှစ်ပင် ရှိနေပြီး ဘာကြောင့်မှန်းမသိ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပန်းမပွင့်ခဲ့ပေ။

တကယ်တော့ နှင်းပန်းများ ပွင့်ဖူးသည့်ရာသီက ခပ်စောစော ရောက်လာခဲ့ပြီးသားဖြစ်သည်။

သာမန် နှင်းပန်းနှစ်ပင် ဖြစ်သော်လည်း ထိုနှစ်ပင်က ဝမ်ရှင်းယီ၏ အမေချန်ရစ်ထားခဲ့သော အပင်များဖြစ်သည်။ သူမက ထိုနှင်းပန်းနှစ်ပင်ကို တကယ်ချစ်ခင်သည်။

ဝမ်ရွှေရှန့်က ထိုအကြောင်း သိသောအခါ ကျန်းခဲ့ချင်းကို သူဖိတ်ကြားခဲ့၏။ နှင်းပန်းများ မပွင့်ဖူးရသည့် အကြောင်းအရင်းကို သိလိုသော မျှော်လင့်ချက်ဖြင့်ဖြစ်သည်။

ဝမ်‌ရွှေရှန့်က သူ့ညီမဖြစ်သူကို အလွန်ဂရုစိုက်သည်။ သူ့မိဘများက ခပ်စောစော ဆုံးပါးသွားကြပြီး အသက်အရွယ် ကွာခြားမှုကြောင့် သူ့ညီမကိုသူ ပြုစုပျိုးထောင်ခဲ့ရသည်။

"မစ္စတာဝမ် ကျုပ်ကို နှင်းပန်းပင်နှစ်ပင်ကြည့်ဖို့ လမ်းပြပေးပါဦး။"

ကျန်းခဲ့ချင်းက လက်ဖက်ရည် သောက်ပြီးသွားသောအခါ မတ်တပ်ရပ်လိုက်သည်။

"ကောင်းပြီ"

ဝမ်ရွှေရှန့်က ခေါင်းငြိမ့်လိုက်၏။

ချက်ချင်းဆိုသလို အားလုံး နောက်ဖေးခြံသို့ သွားခဲ့ကြ၏။

ရှီပေါင်းလေးလည်း အပျော်သဘောဖြင့် သူတို့နှင့်လိုက်သွားသည်။ ပုံပြင်ပြောရသည်ကို စိတ်မဝင်စားတော့ဘဲ ယဲ့ရှောင်ချန်းကိုလည်း ဆွဲခေါ်သွားသည်။

သူတို့သည် အေးချမ်းသော ခြံဝန်းဝိုင်းငယ်လေးထံသို့ ရောက်ရှိလာသည်။

အရောင်အသွေးစုံလင်လှသော ပန်းပင်များ၊ သစ်ပင်များနှင့် အပင်များရှိနေပြီး ဆံပင်ရှည်ရှည် ကောင်မလေးက ရေဖြန်းဗူးဖြင့် နှင်းပန်းနှစ်ပင်ကို ရေဖြန်းနေသည်။

နှင်းပန်းနှစ်ပင်က အလွန်ရှည်လျားစွာ ကြီးထွားနေပြီဖြစ်ပြီး နံရံထိပ်ကိုပင် တွယ်တက်နေလေပြီ။

သို့သော်လည်း ထိုနှင်းပန်းများတွင် အဖူးမတွေ့ရပါ။ ယခုရာသီက နှင်းပန်းများ ဖူးပွင့်ရမည့် ရာသီဖြစ်သဖြင့် သေချာပေါက် အဖူးများဖြင့် ဖုံးအုပ်နေရတော့မည်ဖြစ်သည်။ ညဘက်တွင် ပန်းပွင့်ပြီး သင်းပျံ့သော ရနံ့တစ်ခုကို ထုတ်လွှင့်ပေးတတ်၏။

ကောင်မလေးက အာရုံလေးနက်စွာဖြင့် ရေဖြန်းနေပြီး လူအုပ်ရောက်လာသည်ကိုပင် သတိမထားမိပါ။

ဘာပဲဖြစ်ဖြစ် သူမက နားလည်းမကြား၊ စကားလည်း မပြောနိုင်သည် မဟုတ်ပါလား။ သူမသည် မျက်လုံးနှစ်လုံးနှင့်သာ မြင်နိုင်ပြီး ဘာအသံမှမကြားနိုင်ချေ။

ဝမ်ရွှေရှန့်က ရှေ့သို့လျှောက်သွားပြီး သူ့ညီမကို လက်ဟန်ဘာသာစကားဖြင့် ဆက်သွယ်လိုက်သည်။

ဝမ်ရှင်းယီက လှည့်ကြည့်လိုက်ကာ နူးညံ့စွာ ခေါင်းငြိမ့်လိုက်သည်။ သူမ၏ သန့်ရှင်းကြည်လင်သော မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

နှင်းပန်းရနံ့များသည် နွေရာသီညများစွာအတွက် သူမကို အဖော်ပြုပေးခဲ့သည်။

သူမရဲ့ ကလေးဘဝက ညစာစားပြီးသွားသောအခါ ခြံထဲရှိ ဝါးကုတင်ပေါ်သို့ သူမ အမေနှင့်အဖေတို့နှင့် အတူတူသွားပြီး ဝါးကုတင်ပေါ်တွင် လှဲလျောင်းကာ နှင်းပန်းရနံ့အား ရှူရှိုက်ရင်း အိပ်ပျော်သွားတတ်သည်။

နှင်းပန်းရနံ့က အလွန်ထူးခြားသည်။ အိမ်ထဲတွင်တော့ စိုက်၍မရပါ။ အသက်ရှူ အခက်အခဲများ ဖြစ်စေနိုင်သည်။

ဝမ်ရှင်းယီက ထိုရနံ့ကို အလွန်ချစ်ခင်နှစ်သက်သည်။ နွေညများတွင် နှင်းပန်းများ၏ ရနံ့ကို မရလျှင် သူမ အိပ်မပျော်ပါ။

"ဒီနှင်းပန်းနှစ်ပင်က အတော်သန်တာပဲ၊ မစ္စတာဝမ် သူတို့ ဘယ်လောက် သက်တမ်းရှိပြီလဲ။"

ကျန်းခဲ့ချင်းက နှင်းပန်းနှစ်ပင်အနားသို့ လျှောက်လာပြီး ခေတ္တလေ့လာကာ မေးလိုက်သည်။

ထိုအပင်များသည် သေချာပေါက် ပေါများသော နှင်းပန်းမျိုးစိတ်တစ်ခုဖြစ်ပြီး တန်ဖိုးသိပ်မရှိပေ။ သို့သော်လည်း သူ အာရုံမစိုက်လို့မရပါ။ သူ့ကို ဝမ်ရွှေရှန့်ကိုယ်တိုင် ဖိတ်ကြားခဲ့သည်ကိုး။

"ဒီနှင်းပန်းပင် နှစ်ပင်က ကျွန်တော့်အမေစိုက်ခဲ့တာ နှစ် ၂၀ နီးပါးလောက်ရှိနေပြီ။”

ဝမ်ရွှေရှန့်က ပြောလိုက်သည်။

"နှစ် ၂၀ တောင်လား၊ အံ့သြစရာမရှိပါဘူး၊ နှင်းပန်းသက်တမ်းက နှစ် ၂၀ လောက်ပဲလေ။ ပုံမှန် ဒီအချိန်လောက်ဆို နှင်းပန်းတွေက အရည်အသွေးကျဆင်းသွားပြီး ပန်းပွင့်ဖို့ ခက်သွားပြီ။"

ကျန်းခဲ့ချင်းက ပြောလိုက်သည်။

ဝမ်ရွှေရှန့်က ကြောင်စီစီဖြစ်သွားသည်။ "ဆရာကြီးကျန်း နှင်းပန်းနှစ်ပင်က အရမ်းသန်တဲ့ပုံပေါက်တယ်နော်၊ အရည်အသွေး ကျဆင်းတဲ့အချိန်ကို ရောက်တဲ့ပုံတော့ မပေါ်ဘူးဗျ။"

"ဇီဝဖြစ်စဥ်တွေက အရမ်းထူးဆန်းတယ်။ လူတွေလိုပဲ သူတို့လည်း အသက်ကြီးကြတယ်။ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စက်ဝန်းလည်း ပြောင်းလဲသွားတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ မပြသပေမယ့် တကယ်တော့ သူတို့လည်း ပြောင်းလဲတတ်ပါတယ်။ နှင်းပန်းနှစ်ပင် ပန်းမပွင့်တော့တာက ပင်ကိုပြောင်းလဲခြင်းကို ဖော်ပြနေတာ နှစ်အနည်းငယ်အတွင်း လုံးဝ ညှိုးနွမ်းသွားကြတော့မှာ။"

ကျန်းခဲ့ချင်းက ပြောလိုက်သည်။

ထိုစကားကြားပြီးသွားသောအခါ ဝမ်ရွှေရှန့် စိတ်ညစ်သွားသည်။ ထိုနှင်းပန်းနှစ်ပင် တကယ်ပဲ ညှိုးနွမ်းသွားပါက သူ့ညီမလေး ပိုပြီး ဝမ်းနည်းသွားမည် မဟုတ်ပါလား။

သူ့ညီမလေးက မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို သူ တွေ့ရပေမယ့် သူ ဘယ်လိုပြန်ဖြေရမှန်း မသိခဲ့ပါ။

"မစ္စတာကျန်း အခြားနည်းလမ်း မရှိတော့ဘူးလားဗျာ။"

ဝမ်ရွှေရှန့်က လက်မခံချင်ဘဲ မေးလိုက်သည်။

"ဇီဝဖြစ်စဥ်က ရှောင်ရှားလို့မရဘူး။ ကပ်ရောဂါတွေ၊ ပိုးမွှားတွေနှင့် အခြားပြင်ပ ပြဿနာတွေဆိုရင်တော့ ကျုပ်မှာ နည်းလမ်းရှိပေမယ့် အခုလို သက်တမ်းကုန်ဆုံးတာမျိုးဆို ကျုပ်လည်း မကူညီနိုင်ပါဘူး။"

ကျိုးခဲ့ချင်းက ခေါင်းခါသည်။

သူလည်း ကူညီချင်ပါသည်။ သို့သော် သဘာဝတရားကြီးကို တုပဖို့ သူ့တွင် စွမ်းအားမရှိပါ။

ထိုအချိန်တွင် ယဲ့ရှောင်ချန်း ဒီတိုင်း ရပ်မနေပါ။ သူနှင််းပန်းနှစ်ပင်အနားသို့ လျှောက်သွားပြီး ၎င်းတို့၏ အရွက်များ၊ ပင်စည်နှင့် ကိုင်းများကို ညင်သာစွာ ထိတွေ့လိုက်သည်။

ငယ်စဥ်ကတည်းက ယဲ့ရှောင်ချန်းသည် အပင်များကို သဘောကျပြီး မျိုးစုံသောအပင်တို့နှင့် ကစားရတာကို သဘောကျသည်။

ဧကန္တ သူ့ထံသို့ ရှန်းနုန်စနစ်ရောက်လာသည်က ဤအကြောင်းအရင်းကြောင့် ဖြစ်လောက်သည်။

ရှန်းနုန်စနစ်ကို ရရှိခဲ့ကတည်းက အပင်များကို သူအာရုံခံနိုင်စွမ်း ပိုမိုမြင့်မားလာပြီး အပင်များနှင့် ဆက်သွယ်နိုင်ကာ ၎င်းတို့၏ ခံစားချက်များကိုပင် ခံစားနိုင်သည်။

All Chapters