← Chapters

နည်းလမ်း

Vol. 2 Ch. 17

နည်းလမ်း

Vol. 2 Ch. 17

အခန်း(၁၇) - နည်းလမ်း

နောက်တစ်နေ့ ယဲ့ရှောင်ချန်းသည် ယန်ရှစ်မြို့တော်သို့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ တင်ထားသော ကားဖြင့်မောင်းသွားခဲ့သည်။

ပစ္စည်းများ ပို့ဆောင်ပြီးသွားသောအခါ ဝမ်ရွှေရှန့်၏ ဗီလာသို့ မောင်းသွားလိုက်သည်။

ဗီလာ၏ ဂိတ်အနားသို့ ရောက်သောအခါ ယဲ့ရှောင်ချန်း၏ထရပ်ကားကို အစောင့်များက တားလိုက်သည်။

ထိုကဲ့သို့ နေရာမျိုးတွင် အိမ်ရှင် သို့မဟုတ် အိမ်ရှင်များခေါ်လာသော လူမဟုတ်ပါက အထဲဝင်ဖို့ ခက်ခဲသည်။ အလွန်တင်းကြပ်သော စစ်ဆေးမှုကို ခံရမည် ဖြစ်သည်။ ဤသည်ကလည်း ဗီလာမှာ နေထိုင်သူများ၏ လုံခြုံရေးအတွက်ဖြစ်ပါသည်။

ထိုနေရာတွင် နေထိုင်နိုင်ဖို့က ယန်ရှစ်မြို့တော်တွင် ချမ်းသာသောသူ သို့မဟုတ် အာဏာရှိသောသူ ဖြစ်မှရလိမ့်မည်။

ထိုကဲ့သို့နေရာမျိုးတွင် လုံခြုံရေးတင်းကြပ်ခြင်းက ပုံမှန်ပါပင်။

"အမည် ယဲ့ရှောင်ချန်း ထရပ်ကား ဘရန်း ***၊ ဟုတ်ပြီ မစ္စတာ ဝမ်က မှတ်တမ်းထားခဲ့ပေးတယ်၊ မင်းဝင်လို့ရပါပြီ။"

အစောင့်က ယဲ့ရှောင်ချန်း၏ အိုင်ဒီကတ်ကို ကြည့်ကာ မှတ်တမ်းကို ဖတ်လိုက်သည်။ စာရင်းထည့်ပြီးသွားသောအခါ သူ့ကို ဝင်ခွင့်ပေးလိုက်ကြသည်။

ယဲ့ရှောင်ချန်းတစ်ယောက် နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိသည်။ အဆင့်မြင့်ဗီလာကြီး ဆိုသည့်အတိုင်း လုံခြုံရေးစစ်ဆေးမှုကလည်း ခြားနားလှသည်။

သို့သော်လည်း သူသည် ဗီလာကို စိတ်မဝင်စားပါ။ ငွေအများကြီး ရှာပြီးလျှင်ပင် ထိုပိုက်ဆံနှင့် မြို့ပေါ်တွင် ဗီလာတစ်လုံးဝယ်မည် မဟုတ်ပါ။ ကျေးရွာဘက်တွင် ဇိမ်ခံဗီလာတစ်လုံးလောက် ဆောက်လျှင် လုံလောက်ပါပြီ။

သူ့အခြေခံအုတ်မြစ်က သူ့စိုက်ပျိုးရေးခြံဖြစ်သဖြင့် စိုက်ပျိုးရေးခြံနှင့် ဝေးသောာ နေရာတွင် နေလို့မရပေ။

ယဲ့ရှောင်ချန်းသည် ထရပ်ကားကို မောင်းလာပြီး ဝမ်ရွှေရှန့်၏ ဗီလာအပြင်ဘက်သို့ လွယ်လွယ်ကူကူ ရောက်လာခဲ့သည်။ သူ တစ်စုံတစ်ရာကို ထုတ်ဖို့လုပ်နေစဥ်မှာပင် ဝမ်ရွှေရှန့်မိန်းမ ကျူးချင်းချင်းက ရှီပေါင်းလေးကို ချီကာ ထွက်လာသည်။

"ဦးလေးယဲ့"

ရှီပေါင်းလေးက ပြေးလာသည်။

ယဲ့ရှောင်ချန်း လက်တစ်ဖက်တွင် သူ့ခြံထွက် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို ကိုင်လျက် နောက်လက်တစ်ဖက်တွင် ရှီပေါင်းလေးကို ချီကာ ကျူးချင်းချင်း ကို နှုတ်ဆက်လိုက်သည်။

ကျူးချင်းချင်းက ယဲ့ရှောင်ချန်းတစ်ယောက် ဘာကြောင့်လာသလဲဆိုတာကို သိသဖြင့် ပြုံးကာ ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။ "ဝင်ခဲ့ပါ၊ ဘာတွေ ယူလာတာလဲ။"

"မရီး ဒါကျွန်တော့်ခြံထွက်သီးနှံတွေပါ၊ အရမ်းအရသာရှိတယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ကျူးချင်းချင်းက ဂရုသိပ်မစိုက်ပါ။ သူတို့အတွက် ဖရဲသီးနှင့် သခွားမွှေးသီးလို အသီးများက အဆင့်နိမ့်အသီးများဖြစ်ပြီး သိပ်မစားကြပေ။

ဗီလာထဲဝင်လာပြီး ပစ္စည်းများ ချပြီးသွားသောအခါ ကျူးချင်းချင်းက သူ့ကို ဝမ်ရှင်းယီရှိနေသော ခြံဝင်းထဲ ခေါ်သွားသည်။

ခြံဝင်းထဲတွင် အရင်အတိုင်းပဲဖြစ်ပြီး အသားဖြူဖြူ တစ်စုံတစ်ယောက်က ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေပြီး နှင်းပန်းများကို ကြည့်နေကာ တွေဝေနေသည့်ပုံပင်။

ကျူးချင်းချင်းက ထိုနေရာသို့ လျှောက်သွားပြီး ဝမ်ရှင်းယီကို လက်ဟန်အမူအယာများ လုပ်ပြလိုက်သည်။ အလျင်အမြန်ပင် ဝမ်ရှင်းယီ မတ်တပ်ထရပ်ကာ လှည့်ကြည့်လိုက်သည်။ သူမသည် ယဲ့ရှောင်ချန်းကို မြင်လိုက်ရသောအခါ အံ့သြသွားပြီး မျှော်လင့်ချက်များ ပြည့်ဝလာသည်။

ဝမ်ရှင်းယီသည် အရင်တစ်ခေါက်ကထက် ပိုမို ပိန်ပါးလာသည်။ သူမရဲ့ မျက်လုံးများလည်း စိတ်ဒုက္ခကြောင့် တိမ်လာသည်။

ဝမ်ရှင်းယီသည် တစ်စုံတစ်ခုကို ပြောချင်နေသည့် ပုံစံဖြင့် ယဲ့ရှောင်ချန်းကို လက်ဟန်ပြလိုက်သည်။

ယဲ့ရှောင်ချန်းက နားမလည်ပါ။

"ယဲ့ရှောင်ချန်း ရှင်းယီက မင်းကိုတကယ်ပဲ နှင်းပန်းတွေ ပြန်ပွင့်အောင် လုပ်နိုင်မှာလားလို့မေးနေတာ။"

ကျူးချင်းချင်းက ယဲ့ရှောင်ချန်းကို အလျင်အမြန် ဘာသာပြန်ပေးလိုက်သည်။

"ဒါပေါ့"

ယဲ့ရှောင်ချန်းက ၇၀ - ၈၀ ရာခိုင်နှုန်းဟု ပြောချင်သော်လည်း ဝမ်ရှင်းယီ၏ စိတ်လှုပ်ရှားပြီး သောကများသော အကြည့်ကြောင့် သူ ခဏတာ တုံ့ဆိုင်းသွားပြီး ယုံကြည်ချက်ပြည့်ဝသော လေသံဖြင့် ချက်ချင်းပြောလိုက်သည်။

ကျူးချင်းချင်းက ယဲ့ရှောင်ချန်းကို သံသယတစ်ချို့ဖြင့် ကြည့်လိုက်သည်။ ကျန်းခဲ့ချင်းလို ရုက္ခဗေဒပညာရှင်တစ်ယောက်ပင် နည်းလမ်းမရှိခဲ့ပေ။ ယဲ့ရှောင်ချန်းက ဘာကြောင့် ယုံကြည်ချက်တွေ ပြည့်ဝနေသနည်း။

ယဲ့ရှောင်ချန်းသည် ဝမ်ရွှေရှန့်ကို ကျေနပ်အောင် လုပ်ချင်သည်ဆိုပါကလည်း ဒီလိုနည်းလမ်းသုံးစရာ မလိုပါ။ ယဲ့ရှောင်ချန်းသည် နှင်းပန်းများ မပွင့်သည့်ပြဿနာကို မဖြေရှင်းနိုင်ပါက သူများကို ပိုမို ဝမ်းနည်းသွားစေမည်သာ ဖြစ်သည်။ ဤသည်က ဘယ်သူမှ အသိအမှတ်မပြုသော တာဝန်တစ်ခုဖြစ်နေသည်။

ကျိုးချင်းချင်းက ယဲ့ရှောင်ချန်း၏ စကားများကို ဝမ်ရှင်းယီအား လက်ဟန်များဖြင့် ဘာသာပြန်ပေးလိုက်သည်။

ညှိုးငယ်နေသော ဝမ်ရှင်းယီ၏ မျက်နှာပေါ်တွင် ရုတ်တရက် ပျော်ရွှင်မှုများ ပေါ်လာသည်။ ပထမဆုံးအကြိမ်အဖြစ် သူမသည် အံ့အားဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြသခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်နေရသော ကျူးချင်းချင်းကတော့ ရင်ထဲတွင် သက်ပြင်း လေးလံစွာ ချလိုက်မိသည်။။ ယဲ့ရှောင်ချန်း နှင်းပန်းပြဿနာကို တကယ်ပဲ ဖြေရှင်းနိုင်ပါစေဟု မျှော်လင့်မိ၏။ မဟုတ်လျှင် ဝမ်ရှင်းယီ၏ အခြေအနေက စိတ်ချရသည်မဟုတ်ပါ။ သူမ ခင်ပွန်းဖြစ်သူက သူ့ညီမကို ဘယ်လောက် တန်ဖိုးထား အရေးပေးမှန်းသိသည်။ ခုတလော သူစိတ်ပင်ပန်းနေကာ သက်ပြင်းများ ချနေတာ ဘယ်နှကြိမ်ပင် ရှိနေပြီလဲ သူမ မသိတော့ပါ။

ဝမ်ရှင်းယီထံမှ ခွင့်ပြုချက်တောင်းပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အိုးထဲမှ မြေကြီးနှင့် နှင်းပန်းများ၏ သစ်ရွက်များ၊ ကိုင်းများတစ်ချို့ကို ယူလိုက်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ဝမ်မိသားစုအိမ်မှ ထွက်လာခဲ့သည်။ ဝမ်ရှင်းယီ၏ မျက်လုံးထဲတွင်တော့ မျှော်လင့်ချက်များ ပြည့်ဝလျက်။

အစကတော့ ကျူးချင်းချင်းက ယဲ့ရှောင်ချန်းအား နေ့လည်စာကျွေးဖို့ ကြံထားသော်လည်း ယဲ့ရှောင်ချန်းက ငြင်းခဲ့သည်။ ဝမ်ရွှေရှန့်လည်း အိမ်မှာမရှိသောကြောင့် သိပ်ပြီး မသင့်တော်ပေ။

ထို့အပြင် သူသည် မြေကြီး၊ ကိုင်းများနှင့် သစ်ရွက်များ၏ ဖွဲ့စည်းပုံကို စစ်ဆေးရန်အတွက် မြို့တော်ရှိ စိုက်ပျိုးရေးနည်းပညာ တိုးချဲ့စခန်းသို့ သွားရဦးမည်။ သူ့တွင် ကိရိယာ စုံစုံလင်လင်မရှိဘဲ ကျွမ်းကျင်သူလည်း မဟုတ်ပေ။ ထိုကဲ့သို့ မဟုတ်ပါက မြေကြီးနှင့် ကိုင်းများ၏ အတွင်းဖွဲ့စည်းပုံများကို သူ့အတွေးများဖြင့် တိုက်ရိုက် လေ့လာနိုင်သည်။

သူ့တွင် ရှိနေသည့် ရှန်းနုန်စနစ်က အစစ်အမှန်ထက် ပိုပြီးသေချာသည်။

အင်မော်တယ် မုန်လာဥဝါများ ရိတ်သိမ်းရမည့် အချိန်အထိ စောင့်ပြီး ရောင်းချပြီးပါက အင်မော်တယ်ယွမ်များ ရကာ ထိုအခါမှ အခွင့်အလမ်းများ ပိုပေါ်လာလိမ့်မည်။

ယဲ့ရှောင်ချန်းက ယန်ရှစ် စိုက်ပျိုးရေးနည်းပညာ တိုးချဲ့စခန်းထံသို့ မောင်းသွားလိုက်သည်။ သူ စုံစမ်းပြီးသွားသောအခါ အနည်းငယ် စိတ်ပျက်သွား၏။ သူတို့သည် မြေကြီးနှင့် ကိုင်းများ၏ ပါဝင်ပစ္စည်းများကို စစ်ဆေးပေးနိုင်သော်လည်း ချက်ချင်း မလုပ်ပေးနိုင်ပါ။ ရလဒ်ထွက်လာဖို့ အနည်းဆုံး ၃ရက်မှ ၅ရက်အထိ ကြာနိုင်သည်။ ဒီနေ့က သောကြာနေ့ဖြစ်ပြီး သဘက်ခါက အားလပ်ရက် ဖြစ်သည်။

အချိန်က ကြာလွန်းသဖြင့် ယဲ့ရှောင်ချန်းစာ် မြို့တော်တွင် ထိုကဲ့သို့ ရုံးများရှိသေးသလား သိချင်သော်လည်း နည်းပညာကိရိယာများက ဒီနေရာနှင့် မယှဥ်နိုင်ပါ။ သူသည် စိုက်ပျိုးရေး နည်းပညာ အထူးပြု ကောလိပ်တစ်ခုသို့ သွားလျှင်တော့ တစ်မျိုးပေါ့ သို့သော်လည်း ယဲ့ရှောင်ချန်း မျှော်လင့်ချက် ပိုနည်းပါးသွားနိုင်သည်။

သူ စောင့်နေဖို့ပဲ ရှိတော့တာလား။

ယဲ့ရှောင်ချန်း ထိုသို့တွေးနေချိန်တွင် ဘေးမှ လူတစ်ဦး ဖြတ်သွားသည်။ ထိုလူက ခဏတာ တွန့်ဆုတ်သွားပြီး ရပ်လိုက်ကာ ယဲ့ရှောင်ချန်းကို အံ့သြတကြီး ကြည့်လိုက်သည်။ "ယဲ့ရှောင်ချန်း မင်းဘာလို့ဒီရောက်နေတာလဲ။"

"ဖန်းယွမ် သြော် မင်းပါလား။"

ယဲ့ရှောင်ချန်းက မျက်မှန်တပ်ထားသော လူတစ်ယောက်ကို မြင်လိုက်သည်။ သူက ၅ပေ ၂လက်မ လောက်သာ အရပ်ရှည်ပြီး ဘောလုံးတစ်လုံးလို ဝသည်။ သူ အံ့သြသွားမိသည်။

ဖန်းယွမ်သည်သူ့ကောလိပ်အတန်းဖော်ဖြစ်ပြီး သူတို့ဆက်ဆံရေးက ဝမ်ယွမ်တုန်းလို မဟုတ်ပေ။ အတော်လေး ကောင်းမွန်ပြီး ကောလိပ်တွင် ရင်းနှီးခဲ့ကြပြီး ဘွဲ့ရပြီးသွားသောအခါ ဆက်သွယ်မှု နည်းပါးသွားခဲ့ကြသည်။

သူတို့နှစ်ယောက် ထိုင်ကာ စကားပြောခဲ့ကြသည်။ ဖန်းယွမ်တစ်ယောက် ဘွဲ့ရပြီးသွားသောအခါ ယန်ရှစ်မြို့သို့ပြန်ပြီး မိသားစု အဆက်အသွယများဖြင့် စိုက်ပျိုးရေးနည်းပညာ တိုးချဲ့စခန်းတွင် အလုပ်ရခဲ့မှန်း သိလိုက်ရသည်။

"ဒီမှာ အလုပ်ရတာကောင်းတာပဲ၊ မင်း လိမ္မာပါးနပ်ဟန်ဆောင်ရမှာပေါ့။"

ဖန်းယွမ်က ချီးကျူးကာ ပြောလိုက်သည်။ "မင်းရဲ့ကိုယ်ပိုင်လုပ်ငန်းကိုတော့ ယှဥ်လို့ မရဘူးပေါ့ကွာ။ အခု မင်းကလယ်သမား တစ်ယောက်ဖြစ်နေပြီပဲ။ နောက်ပိုင်းကျရင် အခွင့်အရေးတစ်ခု ရလာနိုင်တယ်။ ငါကတော့ နေ့တိုင်း ရုံးမှာပဲထိုင်နေရတာ မင်းငါ့ပုံစံကို မမြင်ဘူးလား။ လုံးဝိုင်းပြီး ကောင်မလေးရှာဖို့တောင် ခက်လာပြီ။"

ဖန်းယွမ်က တက်ကြွပြီး အစနောက်သန်သော လူတစ်ယောက်မှန်း ယဲ့ရှောင်ချန်း သိသည်။ သူပြောသမျှကိုလည်း မယုံနိုင်ပေ။ သူသည် ဒီနေရာတွင် အခြေအနေ ကောင်းလောက်ပါသည်။

"ယဲ့ရှောင်ချန်း မင်းမြေကြီးနဲ့ နှင်းပန်းကိုင်း ပါဝင်ပစ္စည်းတွေကို စစ်ဆေးချင်ရင် ငါ့တာဝန်သာထားလိုက်၊ မင်းဒီနေ့ပဲ ရလဒ်ရအောင် သေချာပေါက် လုပ်ပေးမယ်။"

ဖန်းယွမ်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး အာမခံကာ ပြောလိုက်သည်။

ရင်းနှီးမှုတစ်ခုတွင် အကျိုးကျေးဇူးရှိသည် ဟူသော ဆိုရိုးစကားအတိုင်းပင်။

ညနေခင်း၌ ယဲ့ရှောင်ချင်းသည် အိမ်သို့ ထရပ်ကားကို ပြန်မောင်းလာခဲ့သည်။ မြေကြီးနှင့် နှင်းပန်းကိုင်းများ၏ ပါဝင်ပစ္စည်းများ၏ အချက်အလက်များလည်း သူ့လက်ထဲ ရောက်နေလေပြီ။ ဖန်းယွမ်၏ စွမ်းဆောင်နိုင်စွမ်းက မြင့်မားလှသည်။

သူတို့နှစ်ယောက်သည် ဖုန်းနံပါတ်များ ဖလှယ်ခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးက မြို့နယ်တစ်ခုတည်းတွင် ရှိကြသဖြင့် တွေ့နိုင်ချေက အလွန်မြင့်မားပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းက စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သဖြင့် အနာဂတ်တွင် ဖန်းယွမ်၏ ဌာနနှင့် လုပ်ငန်းများ လုပ်ကိုင်ရနိုင်ချေရှိသည်။ ထိုကဲ့သို့ မိတ်ဆွေမျိုးနှင့် အလုပ်များကလည်း ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်သည်။

ဖန်းယွမ်မရှိပါက ယဲ့ရှောင်ချန်း ရလဒ်များကို ရဖို့အတွက် နောက်တစ်ပတ်အထိ စောင့်ရနိုင်သည်။ ထို့အပြင် ငွေလည်းသုံးဖို့ လိုအပ်သည်။

ဒီတစ်ခေါက်က ဖန်းယွမ်ကြောင့် အခမဲ့ လုပ်ပေးလိုက်ခြင်းဖြစ်သည်။

အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းသည် အချက်အလက်များကို စတင်လေ့လာသည်။

နှိုင်းယှဥ်ကြည့်ပြီးသွားသောအခါ နှင်းပန်းရွက်များတွင် ပြောင်းလဲသွားသည့် ပစ္စည်းနှစ်မျိုး တကယ်ရှိနေကြောင်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။ တစ်ခုက ဓာတ်သတ္တုပြင်းအားက သာာမန်ထက် ပိုနည်းပါးလာသည်။ နောက်တစ်ခုက ဓာတုဒြပ်ပေါင်းများ လုံးဝမရှိခြင်း ဖြစ်သည်။ ထိုပစ္စည်းနှစ်မျိုးက နှင်းပန်းများ၏ ပန်းပွင့်မှုကို တိုက်ရိုက်သက်ရောက်မှု ရှိနေသည်။

"နှင်းပန်းတွေက စွမ်းရည်ကျတဲ့ အချိန်ကို ရောက်နေပြီဆိုတော့ ဓာတ်သတ္တုတွေကို စုပ်ယူတဲ့ ပမာဏက အများကြီး လျော့နည်းသွားပြီ။ အဲ့တာကြောင့် ဓာတုဒြပ်ပေါင်းတွေ ချက်လုပ်မှုအပေါ်မှာလည်း သက်ရောက်မှုရှိသွားတယ်။ အခု ငါလုပ်ဖို့လိုတာက နှင်းပန်းတွေရဲ့ ဓာတ်သတ္တုစုပ်ယူနိုင်စွမ်းကို တိုးတက်အောင် လုပ်ပေးဖို့ပဲ။"

ယဲ့ရှောင်ချန်းသည် သူ့မေးစေ့ကို ပွတ်သပ်ကာ စဥ်းစားလိုက်သည်။

ဤအခြေအနေသည် လက်ရှိနည်းပညာများနှင့် တိုးမြင့်ဖို့ အလွန်ခက်ခဲလှသည်။ အပင်ကလည်း မတားဆီးနိုင်သော ဖြစ်စဥ်ဖြစ်သည့် သက်တမ်းရင့်သော အခြေအနေကို ရောက်နေပြီဖြစ်သည်။

သို့သော်လည်း "ရှန်းနုန်မိတ်ဆက်လမ်းညွှန်" ထဲတွင် ပုံမှန်မဟုတ်သော ပြဿနာများအကြောင်းအရာကို ဖတ်ကြည့်ပါက အဖြေတစ်ခုရှိသည်။

"အခုတော့ သက်တမ်းရင့်ခြင်းက အာဟာရ စုပ်ယူမှုကို သက်ရောက်မှုရှိစေပြီး အပင် သက်တမ်းရင့်လာတာနဲ့ အာဟာရ ရရှိမှုလျော့နည်းလာတယ်။ ရေ၊ အပူချိန်နဲ့ အလင်းရောင် လိုအပ်ချက်လည်း ပြောင်းလဲသွားကြတယ်။ အကုန်လုံးပေါင်းကြည့်လိုက်တော့ အပင်က ဒီလိုမျိုး ထူးခြားတဲ့ လှိုင်းအတက်အကျတစ်ခုကို ထုတ်လွှတ်တာပဲ။"

ယဲ့ရှောင်ချန်းသည် ဂရုတစိုက် ဆန်းစစ်လိုက်သည်။ "ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်" ရဲ့ အဖြေအရဆိုရင် ဗဟိုချက်က အာဟာရတွေ လိုအပ်နေတယ်။ ငါ ဒီပြဿနာကိုသာ ဖြေရှင်းနိုင်ရင် အပင်သက်တမ်းရင့်မှုက နှေးသွားလိမ့်မယ်။ ကံမကောင်းစွာနဲ့ ငါ့မှာ အင်မော်တယ်ယွမ်လည်း မရှိဘူး။ ငါက ကျွမ်းကျင်သူလည်း။ မဟုတ်ဘူး ရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ အများကြီးရှိပေမယ့် ငါမလုပ်နိုင်ဘူး။"

ယဲ့ရှောင်းချန်းသည် သက်ပြင်းသာ ချလိုက်မိသည်။

"ကြည့်ရတာ အရူးသွပ်ဆုံးဖြတ်တဲ့ အရှုပ်ထွေးဆုံး နည်းလမ်းကိုပဲ သုံးရတော့မယ် ထင်တယ်။"

ယဲ့ရှောင်ချန်းက သူ့မေးစေ့ကို ပွတ်သပ်ကိုင်ကာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

All Chapters