တုန်းဟူ
Vol. 6 Ch. 71
တာ့ချင်းတောင်နှင့် မနီးမဝေး ဝေးလံခေါင်သီသောတော၌ မန်ဟိုသည် ကျင့်ကြံခြင်းဂူအတွင်း၌ ထိုင်နေပြီး သူ့ခန္ဓာကိုယ်ကား လှုပ်ခါနေသည်။ အလွန်ပူသော အပူများထွက်နေသည့်အတွက် ချွေးများနှင့် ရွှဲရွှဲစိုနေသည်။ အပူငွေ့များသည်မြူမှုန်များအဖြစ် ပြောင်းလဲသွားပြီး ဂူပတ်၀န်းကျင်သို့ပျံ့နှံ့သွား၍ ချွေးနံ့များဖြင့် ပြည့်နှက်နေသည်။
မန်ဟို၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင်တောက်ပနေပြီး ကြီးမားသော မီးတောက်ကြီးသည် သူ၏ ခန္ဓာကိုယ်ထဲ၌ လောင်ကျွမ်းလျက် သူ၏အသွေးအသားများကို သွေ့ခြောက်စေပြီး ပြာပုံတစ်ပုံအဖြစ် ပြောင်းလဲစေသကဲ့သို့ ခံစားခဲ့ရသည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် လုံးဝတောင့်တင်းပြီး အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိ။
အမှန်တကယ်တွင် ၎င်းသည်ချီအခြေတည်ဆေးလုံးကို စားသုံးခြင်း၏ ဆိုးကျိုးတစ်ခုဖြစ်သည်။ ၎င်းကို မျိုချလိုက်ပြီးနောက် ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ပေ။ ဆေးလုံး၏စွမ်းအားပြန့်ပွားသည်အထိ ရေကြီးကြီး မုန်တိုင်းဖြစ်နေပါစေ သို့မဟုတ် လူတစ်ဦးက ဓားတစ်ချောင်းနဲ့ သင့်အားထိုးရန် အဆင်သင့် ဖြစ်နေပါစေ သင်၏ကြွက်သားများသည် မလှုပ်ရှားနိုင်ချေ။ ထို့ကြောင့် ကျင့်ကြံသူများသည် ချီအခြေတည်ဆေးလုံးကိုစားသုံးမည့်နေရာကိုရွေးချယ်သောအခါအလွန်ပင်သတိကြီးစွာထားကြသည်။
အံ့ဖွယ်ဆေးလုံး၏ ဘေးထွက်ဆိုးကျိုး နောက်ဆုံးရလဒ်သည် သေခြင်းပင်ဖြစ်သည်။
မန်ဟိုသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၈ နှင့် ချီအခြေတည်ဆေးလုံးကို ပထမဆုံးသုံးစွဲဖူးသူဖြစ်သည်။ ထို့အပြင် ဤဆေးလုံးသည် ဆေးလုံးမိစ္ဆာကိုယ်တိုင် ပြုလုပ်ထားသောဆေးလုံး ဖြစ်လေသည်။
သို့သော် သူ့မှာအခြားရွေးချယ်စရာမရှိချေ။ ကံကောင်းခြင်းနှင့်ကြုံကြိုက်ခြင်း သို့မဟုတ် အထူးဆေးဖက် ၀င် ဆေးလုံး၏ အကူအညီမပါဘဲနှင့် သူ၏ စဦးချီဖွဲ့စည်းခြင်းအဆင့်၈၏ အတားအဆီးကို ကျော်လွှားရန် ခက်ခဲလွန်းလှသည်။
လွင်ပြင်အားဖြည့်ဆေးလုံးများသည် ထိရောက်မှုမရှိခဲ့ချေ။ ယခု သူ့ထံတွင် ချီအခြေတည်ဆေးလုံး များသာ ကျန်တော့သည်။ သူတစ်ကြိမ်တည်းနှင့် များများစားစားသုံးရန် မလုပ်၀ံ့ချေ။ ထိုဆေးလုံးများက မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး သူတို့ကိုစားသုံးခြင်းသည် သူ့ဘဝနှင့်ပင် အလဲအထပ်ပြုခြင်း ဖြစ်သည်။
ယခုအချိန်တွင် မန်ဟိုသည် ဤ စဦးချီဖွဲ့စည်းခြင်းအဆင့်၈၏ အတားအဆီးကို ကျော်လွှားရန် အဘယ်ကြောင့်ခက်ခဲရသည်ကို သူ သေချာစွာသိခဲ့သည်။ ထိုအရာသည် သူနှစ်ပေါင်းများစွ မိစ္ဆာသားရိုင်းအမြုတေများကို စားသုံးခဲ့ခြင်းနှင့် ပက်သက်နေလေသည်။ သူ မြောက်ပင်လယ်၌ ပြန်လည်မွေးဖွားခဲ့သော်လည်း သူ၏အရိုးများအတွင်းရှိ မိစ္ဆာစွမ်းအားကို အလွယ်တကူ ဖယ်ရှားနိုင်ခြင်း မရှိခဲ့ပေ။
ဤအကြောင်းကြောင့် အတားအဆီး၏ ပိတ်ဆို့မှုသည် တခြားသူတို့၏ပျမ်းမျှအတွေ့အကြုံထက် ပိုများ ခဲ့သည်။ အမှန်ပင် ဒီအခြေအနေတွင် အားသာချက်များလည်းရှိခဲ့သည်။ သူသည် အတားအဆီးကို ကျော်ဖြတ်ပြီးသောအခါ စဦးချီဖွဲ့စည်းခြင်း၏နဝမအဆင့်အလယ်သို့ ရောက်ရှိလိမ့်မည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်သည် အားနည်းပုံရသော်လည်း ယခင်က စာပေသမား ဘဝတုန်းကနှင့် ယှဉ်လျှင်တော့ ယခုအခါတွင် ပိုသန်မာလာသည်။ အပြောင်းအလဲကနှေးသော်လည်း သေချာပါသည်။
ဤပြောင်းလဲမှုသည် သူ၏ကျင့်ကြံမှုကြောင့်မဟုတ် ၊ သူ့အမြုတေပင်လယ်၏မိစ္ဆာသားရိုင်းအမြုတေ ကြောင့်ဖြစ်သော သူ၏ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအားကြောင်ဖြစ်သည်။
တရက်ပြီးတရက် ကုန်လွန်သွားသည်။ နှစ်လကုန်လွန်သွားသောအခါ မန်ဟိုသည် သူ၏ချီအခြေတည် ဆေးလုံးများ ဆက်လက်သုံးစွဲနေသည်။ အခုတော့ သူသည် ဆေးလုံး၏စွမ်းအားကိုအပြည့်အ၀ ရရှိလေပြီ။ ရုတ်တရက် သူ မျက်စိဖွင့်လိုက်သည်။ သူလှုပ်ရှားနိုင်ပြီ။ သူသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအမျိုးမျိုး ကွဲနေသကဲ့သို့ခံစားရပြီး ပြင်းထန်သော နာကျင်မှုနှင့်အတူ သူ့ကိုယ်ထဲ၌ ဆူညံနေသည်။ သူသည် သွေးမည်းများကို ထွေးထုတ်လိုက်သည်။
သူသည် သွေးမည်းများကို ထွေးထုတ်လိုက်ပြီးနောက် သတိဆုံးရှုံးသွားတော့မည့်ကဲ့သို့ သူ၏ မျက်လုံးများ မှေးမှိန်လာခဲ့သည်။ ထိုအခါ သူသည် သူ့လျှာကိုကိုက်ပြီး နိုးနိုးကြားကြားရှိအောင် လုပ်လိုက်သည်။ သူ၏ ကျင့်ကြံမှုအခြေခံအား လည်ပတ်လိုက်၍ သူသည် စဦးချီဖွဲ့စည်းခြင်း၏ နဝမအဆင့်ဆီသို့ ရောက်အောင် ကျင့်ကြံလိုက်သည်။
သူ၏ မျက်လုံးများမှာ စိတ်ဆုံးဖြတ်ထားပြီးသား ထင်ရှားသည်။ သူ့တွင်ရှိသော စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အတူတကွစုစည်းကာ သူသည် ရှေ့သို့တွန်းတင်ခဲ့သည်။
ခဏလေးတွင်း၌ စိတ်ဝိညာဉ်စွမ်းအားသည် ရှေ့သို့အားဖြည့်သွားပြီး သူ၏ခေါင်းကိုမိုးကြိုးပစ်သကဲ့သို့ အသံကြီး မြည်ဟီးသွားသည်။ သူ့ခန္ဓာကိုယ်ဟာပေါက်ကွဲလုနီးပါးဖြစ်နေပြီလို့ခံစားလိုက်ရ၏။ ထို့နောက် ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအားသည် သူ့အတွင်း၌ နယ်ပယ်သစ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ချက်ချင်းပင်သူသည် ဖော်ပြရန်ခက်ခဲသော တစ်စုံတစ်ဦးက သူ့ကို မရေမတွက် နိုင်အောင်များပြားသော အမွေးများဖြင့်သူ့ကို ကိုင်တွယ်နေသလိုမျိုး အံ့သြဖွယ် ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်။
သူသည်ခံစားချက်ထဲ၌ နစ်မျောနေပြီး မျက်လုံးများကို မဖွင့်ဘဲအချိန်အတန်ကြာ ကုန်လွန် သွားစေခဲ့သည်။ သူ၏မျက်လုံးများက တောက်ပနေသည်။ လိုဏ်ဂူ၏မှောင်မိုက်မှုသည် တောက်ပသော လျှပ်စီးသံဖြင့် ကွဲထွက်သွားသလိုဖြစ်သွားသည်။
မန်ဟိုသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ဂူ၏ စိတ်ဝိညာဉ်စွမ်းအားသည် သူ့အား အမျှင်တန်း၍ စုပ်ယူနေပုံရသည်။ ထို့နောက် သူ့အား ဖြတ်တောက်လိုက်ပြီး အလွန်ဆိုး၀ါးသော အညစ်အကြေးများ သည် သူ၏ အပေါက်ငယ်လေးများမှ စွန့်ထုတ်ပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ပို၍ ပေါ့လာပြီး သူ့မျက်လုံးများသည်လည်း ကြည်လင်တောက်ပလာသည်။
သူ့အတွင်း၌ ရှိသော ကန့်သတ်မဲ့အမြုတေပင်လယ်သည် ယခင် အရွယ်အစား၏နှစ်ဆဖြစ်ခဲ့သည်။ ၎င်းသည် တဖက်မှ အခြားတဖက်အား မမြင်နိုင်ပေ။
ရွှေရောင်ရေလှိုင်းကြီးက ဟုန်းဟုန်းမြည်နေသည်။ နက်ရှိုင်းသောအတွင်း၌ မိစ္ဆာစွမ်းအား တည်ရှိနေပြီး မလှုပ်ရှားဘဲ ကြီးမားသောပမာဏရှိသောစိတ်ဝိညာဉ်စွမ်းအား အားထုတ်ပေးနေသည်။ မန်ဟို၏ ခန္ဓာကိုယ်သည် ပို၍ ပို၍ ရွှေရောင်လင်းလာသည်။ သူသည် ခေါင်းကိုမော့၍ ကျယ်လောင်စွာ ငိုကြွေးအော်ဟစ်နေသလိုခံစားနေရသည်။
“စဦးချီဖွဲ့စည်းခြင်း၏နဝမအဆင့်! ကျုပ် မန်ဟို နောက်ဆုံးတော့ အဆင့်၉ကိုရောက်ပြီ! ကျုပ်ရဲ့ နောက်ခြေလှမ်းကတော့ ချီအခြေတည်ဆီပဲ!” စိတ်ဓာတ်တက်ကြွသော မျက်လုံးများဖြင့် အသက် ပြင်းပြင်း ရှူရှိုက်လိုက်သည်။
“မြင့်မြတ်သောဝိညာဉ်ကျမ်းစာနဲ့ မပြည့်စုံတဲ့ အခြေတည်အဆင့် ထက်ပိုပြီး သာလွန်တဲ့ ပြီးပြည့်စုံတဲ့ အခြေတည်အဆင့် ကိုတည်ဆောက်နိုင်ပြီ။” အနာဂတ်နှင့်ပတ်သက်၍ ယုံကြည်မှု နှင့်မျှော်လင့်ချက် များဖြင့် သူမတ်တပ်ရပ်လိုက်သည်။
သူသည် တောင်ဘက်ကုန်းမြေဘက်သို့သွားပြီး ထိုမြေများကိုတွေ့မြင်ရန် မျှော်လင့်ခဲ့သည်။ ချီအခြေတည်ဆီသို့ ရောက်ရှိမည့်နေ့ထက်ပင် ပို၍ မျှော်လင့်ထားခဲ့သည်။ သူ ပြီးပြည့်စုံသည့် အခြေတည်အဆင့်ကို ရရှိခဲ့သည်မှာ အံအားသင့်ဖို့ကောင်းသည်။ တခြားကျင့်ကြံသူတို့ကော သူ့အကြောင်းကို ဘယ်လိုထင် ကြမလဲ?
အမှန်တကယ် ချီအခြေတည်ဆီသို့ မရောက်ဘဲနှင့် ပြီးပြည့်စုံသည့် အခြေတည်အဆင့် ဘယ်လောက်ထူခြားကြောင်း သူနားမလည်နိုင်ခဲ့ပေ။ သူမသိသော်လည်း စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။
သူသည် သူ၏အင်္ကျီလက် ဝှေ့ယမ်းလိုက်သောအခါ လက်သီးအရွယ်အစားရှိသည့် ရေဖန်လုံးတစ်ခု ပေါ်လာသည်။ ၎င်းသည် ဆန့်ထွက်လာပြီး သူ၏ခန္ဓာကိုယ်အရွယ်အစားရှိ ရေအလွှာတစ်ခု ဖြစ်ပေါ်စေသည်။ သူဟာရေကိုဖြတ်ပြီး ရှေ့ကိုလျှောက်လာခဲ့သည်။ သူသည် အခြားတစ်ဖက်သို့ ရောက်သောအခါ သူ့အားဖုံးအုပ်ထားသည့် အညစ်အကြေးများ ပျောက်ကွယ်သွားပြီး ၎င်းအစား မွှေးကြိုင်သောရနံ့များ သူဆီမှထွက်ပေါ်လာသည်။
ကျင့်ကြံခြင်းဂူ၏ တံခါးသည် ရုတ်တရက် အစိတ်စိတ်အမွှာမွှာကွဲသွားသည်။ အပြင်ဘက်တွင် မွန်းတည့်ချိန်ဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းသည်ကြာမြင့်ခဲ့ပြီ။ မန်ဟိုသည် ပူပြင်းခြောက်သွေ့သော လေကိုခံစားရန် အပြင်သို့ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သက်တောင့်သက်သာရှိပြီး လန်းဆန်းနေသည်။
‘ငါ ချီအခြေတည်အဆင့်ကို ရောက်ရှိပြီဆိုရင် အမှန်တကယ်ပျံသန်းနိုင်ပြီ။” သူ ကောင်းကင်ပြာပြာကို မော့ကြည့်ပြီးနောက် အားပါးတရ ပြုံးလိုက်သည်။ သူရှေ့ကိုနည်းနည်းလမ်းလျှောက်သွားပြီး သူ၏ ရတနာယပ်တောင်ပေါ်သို့ ခုန်တက်လိုက်သည်။
သူသည် တာ့ချင်းတောင်မှ အဝေးသို့ ပျံသန်းလာစဉ် သူ့လမ်းကြောင်း၌ တစ်ယောက်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည်။ ဤလူသည် တတ်နိုင်သလောက်မြန်မြန် လှုပ်ရှားနေပြီး မကောင်းသော လူဆီမှ ထွက်ပြေးနေသည်။
လိုက်လံဖမ်းဆီးခံရသူမှာအဖြူရောင်မျက်နှာရှိပြီး မျက်လုံးများက ခက်ထန်နေသည်။ သူသည် အရမ်း အရပ်မရှည်သော်လည်း ပိန်ပိန်နှင့် ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ်ရှိသည်။ ဤသို့ဖြစ်လင့်ကစား သူ၏ ကျင့်ကြံမှုအခြေခံသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၅တွင်ရှိသည်။
သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၆၏ လိုက်လံဖမ်းဆီးမှုကို ခံနေရသည်။ ထိုလူသည် စိမ်းပြာရောင် အ၀တ်ကို ဝတ်ဆင်ထားပြီး သူသည် ဒဏ်ရာရထားပုံရသည်။ သူ့မျက်လုံးများသည် အလွန်အမင်း ဒေါသထွက်နေသည်။
“ဘယ်နေရာကိုပြေးဖို့ကြိုးစားနေတာလဲ! တုန်းဟူ။ မင်းရဲ့ပုလဲကျုပ်ကိုပေးရင် ဖန်းယဲ့ဂိုဏ်းက ကျုပ်အဆင့်အတန်းကို စဉ်းစားပြီး မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ မင်း သေရလိမ့်မယ်!” လူထွားကြီးသည် သူ၏ညာဘက်လက်ကို မြှောက်လိုက်သောအခါ တောက်ပနေသော လခြမ်းကွေးဓားကောက်ရှည် တစ်ခုပေါ်လာသည်။ သူသည် ထိုဓားအား လူငယ်ဆီသို့ လှည့်၍ ပစ်လွှတ်လိုက်သည်။
ထိုလူငယ်သည် မန်ဟိုတို့နှင့်အတူ မှီခိုရာဂိုဏ်းထံ အစ်မရှု ခေါ်ဆောင်လာခဲ့သည့် တုန်းဟူ ပင်ဖြစ်လေ သည်။
ဂိုဏ်းအားဖျက်သိမ်းပြီးနောက် သူသည် ဖယ်ရှားခြင်းခံခဲ့ရပြီး ပျောက်ကွယ်ခဲ့သည်။ မန်ဟိုသည် ပျံ၀ဲပြီး ရှောင်းဟူအား ကြည့်နေသည်။
ရှောင်းဟူ၏ မျက်နှာသည်ဖျော့တော့နေသော်လည်း သူ့မျက်လုံးများက သတ်ဖြတ်လိုခြင်းများဖြင့် ပြည့်နေသည်။ သူသည် သူ၏အင်္ကျီလက်အား ဝှေ့ယမ်းလိုက်သောအခါ အလင်းတန်းအများကဲ့သို့ တောက်ပနေသော မြားများထွက်ပေါ်လာပြီး ပစ်လွတ်လိုက်သည်။ မြားများ၏ ဖျော့တော့တော့ အရောင်အရ မြားကား အဆိပ်များဖြင့် ဖုံးအုပ်ထားပုံရသည်။ မြားများသည် လူကြီဆီသို့ လျင်မြန်စွာ ထွက်သွားသည်။
ထိုသူက ရယ်မောရင်း အင်္ကျီလက်အားဝှေ့ယမ်းလိုက်သောအခါ လေပွေတစ်ခုဖြစ်ပေါ်လာပြီး မြှားများကို ဖယ်ထုတ်ပစ်လိုက်သည်။ သူ၏လက်များသည် မှော်အတတ်ပုံစံဖြင့် တောက်ပနေပြီး သူ၏ ဓားကောက်ရှည်သည် ရှောင်းဟူထံ ဦးတည်သွားသည်။ ထိုအရာသည် မျက်တောင်တခပ်အတွင်း ဖြစ်ပွားသွားသည်။ ရှောင်းဟူ၏ နီရဲနေသော မျက်လုံးများသည် လျင်မြန်စွာ လည်ပတ်သွားသည်။ ရုတ်တရက် သူ့လက်၌ ရေပြာရောင်ပုလဲတစ်လုံး ပေါ်လာသည်။ ၎င်းသည် ထုတ်ချင်းပေါက် လွယ်ကူစွာမြင်နိုင်ပြီး တိမ်လွှာများဖြင့် ပြည့်နေသည်။ ပုလဲအတွင်းမှ တိမ်များ စီးထွက်လာပြီး မတိကျသောပုံသဏ္ဌန်အဖြစ် ပေါင်းစည်း၍ ဓားကောက်ရှည်ထံ ပစ်လွတ်လိုက်သည်။
ထိုနှစ်ခု တိုက်မိသောအခါ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဓားကောက်ရှည်သည် အပိုင်းပိုင်း ပျက်စီးသွားသည်။
ထိုလူထွားကြီးသည် သွေးအချို့ကို အန်ထုပ်လိုက်ပြီး သူ၏မျက်လုံးများသည် လောဘရိပ်များပို၍ လွမ်းမိုး လာသည်။ သူသည် တုန်းဟူနောက်ကို ဆက်လက်လိုက်လံဖမ်းစီးသည်။
ရှောင်းဟူ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်နေသည်။ ယခုတိုက်ခိုက်မှုကို ရှောင်ရှားရန် အတော်လေး ခက်ခဲခဲ့ပုံရသည်။ သူသည် ရှေ့သို့ ဒယီဒယိုင်လျှောက်သွားဖြစ်သွားပြီး မြေပေါ်သို့ လဲမကျခင် အရှိန်အဟုန်အနည်းငယ်ဖြင့် ပြေးသွားသည်။
“မင်း ငါ့လက်ကမလွတ်နိုင်ပါဘူး!” လူထွားကြီးသည်ပြင်းထန်စွာရယ်လိုက်ပြီး ရှောင်းဟူ ထံသို့ အလျင်အမြန် ပြေးလိုက်သွားသည်။ သူ၏မျက်လုံးများသည် ကြမ်းတမ်းလွန်းနေသည်။ အဝေးမှနေ၍ မန်ဟိုသည် မြင်ကွင်းကို ပြန်ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် သူသည် ညာလက်ကိုဆုပ်ပြီး သစ်တောအတွင်း ပြင်းထန်သောလေကို ဖန်တီးလိုက်သည်။ စဦးချီဖွဲ့စည်းခြင်းနဝမအဆင့်၏ ဖိစီးနှိပ်စက်မှုသည် လူထွားကြီးအား ချက်ချင်း လွှမ်းမိုးသွားသည်။ မန်ဟို သူ့ထံ ပျံသန်းလာသည်ကို မြင်လိုက်သောအခါ သူ တုန်လှုပ်သွားသည်။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ရှိနေသော ရှောင်းဟူသည် သူ၏ အဆိပ်ဓားမြှောင်အား ဆွဲထုတ်လိုက်သည်။ သူသည် လျင်မြန်လွန်းသောအရှိန်ဖြင့် ခုန်လိုက်သည်။ လူထွားကြီးသည် မန်ဟိုအား ကြည့်ပြီးအံ့အားသင့်နေချိန်တွင် ဓားမြှောင်သည် သူ၏လည်ပင်းအားဖြတ်လိုက်သည်။
သွေးများသည် နေရာတိုင်းတွင် ဖုံးလွှမ်းနေပြီး ရှောင်းဟူကိုလည်း ပေကျံနေသည်။ ရှောင်းဟူသည် မောပန်းပြီးအားနည်းနေသော်လည်း စောစောက လဲကျသွားခြင်းသည်ကား အမှန်တကယ်ပင် လှည့်ကွက် တစ်ခုဖြစ်ခဲ့သည်။ လူထွားကြီး သူ့အနားကပ်လာပြီး သတိမထားလိုက်မိသည့် အချိန်တွင် သူလှုပ်ရှားရန် စီစဉ်ထားသည်။
လူထွားကြီးသည် မြေပြင်ပေါ်သို့ ရုတ်တရက် ပြိုလဲကျသွားသည်။ သူ၏လည်ပင်းမှ ဒဏ်ရာအား ဖုံးအုပ်ရန် ကြိုးစားသော်လည်း သွေးများထွက်ကျနေသည်။ အချိန်လေးအတွင်းမှာပဲ သူသေဆုံး သွားလေသည်။ သူ့မျက်လုံးများက အဝေးကို ငေးကြည့်နေသည်။
ရှောင်းဟူ ခြေလှမ်းအနည်းငယ်ဆုတ်ထားပြီး မန်ဟိုအား လှမ်းကြည့်နေသည်မှာ ဘယ်အချိန်မဆို ထွက်ပြေးရန် အဆင်သင့်ဖြစ်နေသည့်ပုံဖြစ်သည်။ ထို့နောက် မန်ဟို၏ ကျင့်ကြံမှုအခြေခံစွမ်းအားကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။
မန်ဟိုသည် ဘာမှမပြောဘဲ လမ်းလျှာက်သွားပြီး အလောင်းကိုကျော်ရပ်လျက် ဆန်းစစ်နေသည်။ ထို့နောက် သူသည် သူ့ကိုတိတ်တဆိတ်ငေးကြည့်နေသော စိတ်လှုပ်ရှားနေသည့်ရှောင်းဟူကို လှမ်းကြည့် လိုက်သည်။
ရှောင်းဟူသည် လည်း တစ်စုံတစ်ရာမျှမပြောပေ။ စိတ်ရှုပ်ထွေးနေပုံရသော မျက်လုံးများဖြင့် မန်ဟိုအား ကြည့်နေသည်။
အချိန်အနည်းငယ်ကြာသည့်အခါ မန်ဟို စကားစပြောလိုက်သည်။ “ဒီပုလဲကြောင့်မင်း ဝမ်ယိုချိုင် ကို သတ်လိုက်တာလား” သူအေးဆေးစွာပြောလိုက်သည်။ သူတစ်ကယ်မသိဘဲ ခန့်မှန်းပြောဆို နေကြောင်း သူ့မျက်လုံးများက ဖော်ပြနေသော်လည်း ရှောင်းဟူမမြင်ခဲ့ပေ။
ရှောင်းဟူ စကားတစ်ခွန်းမျှမပြောဘဲ တိတ်စိတ်စွာ ရပ်နေသည်။ သူသည် အရပ်ပုပု အသားညိုညို ပိန်ပိန်ပါးပါးဖြစ်သည်။ သူ၏အဝတ်များသည်ဟောင်းနွမ်နေပြီး သူသည်ခက်ခဲသောအခြေအနေတွင် ရှိနေသည်။ သူတောင်းစားနှင့်ပင် တူနေသေးသည်။ သို့သော် ယခုလို အေးဆေးစွာ လူသတ်ပုံအားဖြင့် သူသည် အရာရာအားအလွယ်တကူ သိမြင်နိုင်ပုံရသည်။
မန်ဟို သူ့ခေါင်းအား မယမ်းလိုက်ခင်အထိ ရှောင်းဟူကို ခဏကြာ ကြည့်နေသည်။ သူသည် သက်ပြင်းချကာ ထွက်ခွာရန် လှည့်လိုက်သည်။
မန်ဟို ထိုသို့လှည့်လိုက်သည့်အချိန်မှာပင် ရှောင်းဟူ၏မျက်လုံးများက တွေဝေနေသည့်ပုံ ပေါ်နေသည်။ ရုတ်တရက် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကျယ်လောင်စွာ စကားပြောလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီးမန်ဟို! မင်း လူတွေကိုကယ်တင်ဖို့ တာ့ချင်ဆီ သွားနေတာလား”
မန်ဟိုသည် သွားနေရာမှ ရပ်လိုက်ပြီး တုန်းဟူအား လှည့်ကြည်လိုက်သည်။ “မင်းဘာပြောနေတာလဲ” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။
***