← Chapters

စစ်မှန်သောယောက်ျားသား

Vol. 6 Ch. 72

စစ်မှန်သောယောက်ျားသား

Vol. 6 Ch. 72

ရှောင်းဟူ မန်ဟိုအား အနီးကပ်ကြည့်လိုက်သည်။ သူသည် ကလေးတစ်ယောက်ဘ၀တွင် ရိုးရှင်ခဲ့သော်လည်း မှီခိုရာဂိုဏ်းသို့၀င်ပြီးနောက် စိတ်ကူးလိုပင်မရနိုင်သော ကံကြမ္မာဆိုးများနှင့် ကြုံခဲ့ရသည်။ သူ၏ နှလုံးသားသည် သံကဲ့သို့ မာကြောနေခဲ့ပြီ။ သူလျှို့ဝှက်စွာသတ်ဖြတ်ခဲ့သော ကျင့်ကြံသူများ မည်မျှရှိသည်ကို မည်သူမျှမသိရှိခဲ့ပေ။

သူသည် မန်ဟိုအားငေးကြည့်ရင်း မကြာသေးခင်က ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို သူတကယ်ပင် မသိသေးကြောင်း သဘောပေါက်သွားသည်။

“အစ်ကိုကြီမန်ဟို သိပ်မကြာခင်ကပဲ ကျိုးပြည်နယ်ရဲ့ ကျင့်ကြံသူတွေ အကုန်လုံးက အစ်ကို့ ကိုရှာဖွေနေ ကြတယ်။ ဂိုဏ်းကြီးသုံးခုက အစ်ကို့ကို ဖမ်းဆီးဖို့ ပူးတွဲအမိန့်ထုတ်ပြန်ခဲ့တယ်။ အလွန်များပြားလှတဲ့ ကျင့်ကြံသူတွေက အစ်ကို့ကို နေရာအနှံမှာလိုက်ရှာနေကြတယ်။” သူဆက်မပြောဘဲ တုံချီတုံချ ဖြစ်နေ သည်။

မန်ဟိုမျက်နှာထားသည် နည်းနည်းမျှမပြောင်းလဲသွားပေ။ သူလေထဲတွင်ပျံသန်းနေပြီး စကားတစ်လုံးမျှ မပြောဘဲ ရှောင်းဟူအားကြည့်နေသည်။

“ဂိုဏ်းကြီးသုံးခုက အစ်ကို့ကို မသတ်ရဘူးလို့တော့ အမိန့်ပေးထားတယ်။” သူဖြေးဖြေးချင်း ပြောလိုက် သည်။ “အစ်ကို့ကို တိုက်ခိုက်လို့ရတယ်။ အကြီးအကျယ် ထိခိုက်အောင်လုပ်လို့ရပေမဲ့ မသေစေနဲ့လို့ ပြောထားတယ်။” သူ တစ်ချိန်လုံး မန်ဟို့အားကြည့်နေပေမဲ့ သူဘာတွေးနေလဲ ဆိုတာကိုတော့ မပြောနိုင်ခဲ့ပါ။

“မင်းပြောနေတာတွက မှားနေမယ်ဆိုရင်…” မန်ဟို မပြောင်းလဲသော မျက်နှာနှင့် အေးဆက်စွာ ပြောလိုက်သည် “ငါတို့ရဲ့ အတိတ်ဆက်ဆံရေးကိုမေ့သွားတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့”

ထိုစကားကိုကြားလိုက်သောအခါ ရှောင်းဟူ အမှတ်မထင် ခြေနှစ်လှမ်းလောက် နောက်ဆုတ်သွားပြီး သူ့မျက်နှာသည် မျှော်လင့်ချက် ကင်းမဲ့သွားသည်။

“အစ်ကိုကြီးမန်ဟို အတွင်းစည်းဂိုဏ်းရဲ့ ဆရာဦးလေးရှန့်ကွမ်း ကိုတော့ သေချာပေါက်မှတ်မိ မှာပါ။ လွန်ခဲ့တဲ့ ၂ လက တာ့ချင်းတောင်အနီးက ခရိုင်သုံးခုကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကြီးတဲ့ မန္တန်နဲ့ ၀န်းရံထားတယ်။” သူ့အသံသည် ကျယ်လောင်သွားပြီး သူ့လက်သီးအား တင်းကြပ်စွာ ဆုပ်ထားသည်။ “သူက ချီအခြတည်အဆင့်ရောက်အောင် ကျင့်ကြံဖို့ သာမန်လူသားတွေးရဲ့ သွေးနဲ့ သွေးဆေးလုံးဖော်စပ်ချင်နေတာ။  အခုဆို၂ လရှိသွားပြီ။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်က သူ့ကိုမယှဉ်နိုင်ပေမဲ့ ကျွန်တော့်အဖေနဲ့အမေကို ကယ်ဖို့ ကျွန်တော်လာခဲ့တာ။”

မန်ဟိုသည် ဒေါသထွက်သွားပြီး လှည့်ကြည့်လိုက်သည်။ လက်စားချေခြင့်သည့် စိတ်တွေပေါ်လာပြီး လူသတ်ချင်နေသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ရှန့်ကွမ်းရှိုး၏ တကယ့် ရည်ရွယ်ချက်မှာ သွေးဆေးလုံးဖော်စပ်ရန် မဟုတ်ဘဲ သူ့ကိုသွေးဆောင်ဖြားယောင်းရန်ဖြစ်ကြောင်းသူသိသည်။

သူ၏မျက်နှာသည် မယုံနိုင်လောက်အောင်ခက်ထန်လာသည်။

“ရှန့်ကွမ်းရှိုးက ခရိုင်သုံးခုရဲ့ သေမျိုးတွေကိစ္စမှာ ပါဝင်နေတာကို ကျိုးပြည်နယ်က တားဆီးဖို့ ဘာမှ မလုပ်ကြဘူးလား” ရေခဲကဲ့သို့အေးဆက်နေသော အသံဖြင့် မန်ဟို ပြောလိုက် သည်။ “သူ့ရည်ရွယ်ချက်ကချီအခြေတည်ဖို့ဆိုတာ အားလုံးက ယုံနေကြတာလား?”

“ရှန့်ကွမ်းရှိုးက ချီအခြေတည်အဆင့်ရောက်ချင်နေတာလို့ပဲ လူတိုင်းကပြောနေကြတာ” ရှောင်းဟူက ပြောလိုက်သည်။ “ပြီးတော့ သူက ပြီးခဲ့တဲ့နှစ်တွေက နိမိတ်လက္ခဏာ ပေါ်ထွက်လာတဲ့ တာ့ချင်းတောင်တစ်၀ိုက်က ခရိုင်သုံးခု ရည်ရွယ်ချက်ရှိရှိနဲ့ သေသေချာချာရွေးချယ်ထားတာ။ သွေး၀ိညာဉ်ဆေးနဲ့ဆို သူ ချီအခြေတည်အဆင့်ကို အလွယ်တကူ ၀င်ရောက်နိုင်တယ်။ အရင်ကဆိုရင်တော့  ဂိုဏ်းကြီးသုံးခုက ဒီလို လုပ်တာကို လုံး၀ခွင့်ပြုမှာ မဟုတ်ပေမဲ့အခု မှီခိုရာ ဂိုဏ်းချုပ် ရဲ့ ကျင့်ကြံခြင်း နယ်မြေကို ရှာဖွေနေကြတာ။ ဒါကြောင့် သူတို့က အစ်ကို့ကို ရှာဖို့ လူတိုင်းကို လွှတ်လိုက်ပြီး ဒီမှာဘာတွေဖြစ်နေတယ်ဆိုတာကို လျစ်လျူရှုထားကြတာ။ သူတို့က ဒုက္ခအပို မရှာချင်ကြဘူးလေ။ ပြီးတော့ ရှန့်ကွမ်းရှိုးက သာမန်လူတစ်ယောက်မဟုတ်ဘူး။ ကျွန်တော် စုံစမ်းကြည့်သလောက် သူက ထျန်းဟယ်ဖန်းမြို့ကပဲ။  ဂိုဏ်းကြီးသုံးခုက အစပိုင်းတွင် ၀င်ရောက် စွက်ဖက်ခဲ့ပေမယ့် အကြောင်းပြချက်တစ်ချို့နဲ့ နောက်ဆုတ်သွားခဲ့ကြတာ။”

မန်ဟိုသည် တိတ်ဆိတ်စွာနားထောင်ပြီးနောက် အေးစက်စက်ပြုံးလိုက်သည်။ သူ၏ နှလုံးသားထဲတွင် တည်ရှိနေသော လူသတ်ချင်သည့် ရည်ရွယ်ချက်သည် အရင်တုန်းက ဝမ်တန်ဖေး သို့မဟုတ် တင်းရှင့်တို့အား သတ်ပစ်လိုသောဆန္ဒထက်ပင် ပိုလွန်းသည်။ သတ်ဖြတ်လိုသောဆန္ဒ ပြင်းထန် သောကြောင့် အမြုတေပင်လယ်သည် တုန်လှုပ်သွားသည်။ ၂၁နှစ် တာကာလအတွင်း သူခံစားခဲ့ရသည့် အရာအားလုံးထက် ဆန္ဒပြင်းပြနေသည်။

“ရှန့်ကွမ်းရှိုး...”မန်ဟိုသည် တဖက်သို့လှည့်လိုက်ပြီး တာ့ချင်းတောင်ကို လှမ်းကြည့်လိုက်သည်။  သူ့အင်္ကျီလက်အား ဝှေ့ယမ်းလိုက်သည့်အခါ ရှောင်းဟူလည်း ရတနာယပ်တောင်ပေါ်ရောက်သွားခဲ့ပြီး သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေလေသည်။

“အစ်ကိုကြီးမန်... ဘာဖြစ်နေတာလဲ” ရှောင်းဟူ အလန့်တကြားပြောလိုက်ပြီး သူအသက်ရှုသံတွေ မြန်ဆန်နေသည်။

“ငါတို့ တာ့ချင်းတောင်ကို သွားနေတာ။ မင်းပြောတာအမှန်ဆိုရင်တော့ အရမ်းကောင်းတာပဲ။ ဒါပေမယ့် မင်းကငါ့ကို လိမ်ပြောရင် မင်းရဲ့ရတနာရဖို့ မင်းကိုလိုက်ဖမ်းနေတဲ့ လူတွေအတွက် ဘယ်တော့မှ စိတ်ပူစရာမလိုတော့ဘူး။” ရတနာယပ်တောင်သည် လှုပ်ရှား၍ ပျံသန်း သွားသည်။

ရှောင်းဟူ စကားမပြောနိုင်ဘဲ တိတ်ဆိတ်နေသည်။ သူ ရတနာယပ်တောင်ပေါ်၌ မန်ဟို၏ ဘေးတွင်ရှိနေပြီး ‌ခွဲမရဖြစ်နေသည်။ မကြာခင်မှာပဲ ထိုစိတ်ပျောက်သွားပြီး ခိုင်မာသော ဆုံးဖြတ်ချက် ပေါ်လာသည်။

သိပ်မကြာခင်မှာပင် တာ့ချင်းတောင်ကား သူတို့၏ရှေ့၌ ၀ိုးတို့၀ါးတားပေါ်လာသည်။ မန်ဟို တိုက်ရိုက် မသွားခဲ့ဘဲ ရတနာယပ်တောင်အား နိမ့်ချလိုက်ပြီး မြေပေါ်သို့ဆင်းသက်လိုက်သည်။ အရှေ့ တွင် ပတ်၀န်းကျင်သည်တောက်ပနေပြီး နီမြန်းကာ ထူးခြားနေသည်။ ထိုထူးခြားသောပတ်၀န်းကျင်၏ ကီလိုမီတာငါးရာအကွာလောက်တွင် အနက်ရောင်ဝတ်ရုံကို၀တ်ထားသော ကျင့်ကြံသူတစ်ယောက် တင်ပလင်ခွေထိုင်လျက် ကျင့်ကြံအားထုတ်နေသည်။

ခရိုင်သုံးခုအား ၀န်းရံထားသော မန္တန်၏အခြေခံအား ဝတ်ရုံနက် တစ်ဒါဇင်ကျော် လောက်က ထိန်းပေး ထားပုံရသည်။

တောင်ထိပ်တွင်တစ်စုံတစ်ယောက်သည် တင်ပလင်ခွေထိုင်လျက် ကျင့်ကြံအားထုတ်နေသည်။

တောင်၏အောက်တွင်ရှိသော ခရိုင်အားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ သူတို့ထံမှ သီးသန့်ဖြစ်သော ချီသွေးမျှင်တန်းများ မြစ်ဖျားခံလာသည်။

မန်ဟို၏ သတ်ချင်စိတ်သည် ပိုသန်မာလာသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး ရှောင်းဟူအား ချည်နှောင်ထားသော ကြိုးများကို ဖြေလျော့လိုက်သည်။

“မင်းနာမည်ကို ငါခေါ်လိုက်ရင် ထွက်လာခဲ့” မန်ဟိုဖြည်းဖြည်းပြောလိုက်သည်။ ရှေ့သို့ လမ်းလျှောက် ထွက်သွားပြီး သူ၏ကိုယ်ခန္ဓာသည် လေထဲသို့ အသံလွတ်ပေးလိုက်ပြီး အေးမြသောလေ ဖြစ်ပေါ်လာစေသည်။

“ဝမ်ယိုချိုင် မသေသေးဘူး” ရှောင်းဟူ အော်ပြောလိုက်သည်။ မန်ဟိုသည် သူ့အား လျစ်လျူရှုပြီး ‌ရှေ့သို့ပြေးသွားသည်။

ရှောင်းဟူ မန်ဟိုပျောက်ကွယ်သွာသည်အထိကြည့်နေပြီး သက်ပြင်းချကာ ကျင်ကြံရန်အတွက် တိတ်ဆိတ်စွာထိုင်ချလိုက်သည်။ သူ မန်ဟိုနှင့်ရှန့်ကွမ်းရှိုးအား ကြည့်နေမိသည်။ မန်ဟိုတွင် ယွင်ကျဲ့စီရင်စု၌ မိသားစုမရှိကြောင်းနှင့် ရှန့်ကွမ်းရှိုးသည် ဒီသွေးမှော်ကိုသုံးပြီး မန်ဟိုကို မျှားခေါ်ခြင်း ဖြစ်နိုင်ကြောင်း သူသိသည်။

“အစ်ကိုကြီး မန်ဟို ကျွန်တော်က အဖေနဲ့အမေကိုကယ်တင်ချင်တာပါပဲ။ အစ်ကို ဒီလိုလုပ်ရင်တော့ အစ်ကို့အပေါ် ကျွန်တော် အကြွေးတင်သွားပြီ” သူသည် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး မျက်လုံးများက မငြိမ်မသက်ဖြစ်နေသည်။

မန်ဟို ထူးခြားသောအနီရောင် ပတ်၀န်းကျင်သို့ ၀င်လိုက်သည်။ ရှောင်းဟူက ငယ်ရွယ်သော်လည်း လိမ္မာပါးနပ်ပြီး သူ၏ထင်မြင်ယူဆချက်များ မှန်ကန်ခဲ့သည်။ မန်ဟိုကတော့ အမြဲ လိမ္မာပါးနပ်ခဲ့လေ သည်။  စာပေပညာရှင်တစ်ဦးအနေနဲ့ ကျရှုံးခဲ့သော်လည်း မှီခိုရာဂိုဏ်း၏ အဖွဲ၀င် အဖြစ် ခံနိုင်ရည်ရှိ ခဲ့သည်။ သူအဲဒီမှာ အတွေ့အကြုံများရရှိပြီးနောက် ယခုတွင် သူသည် ဘာကြောင့်များ သူပြိုင်ဘက်၏ စစ်မှန်တဲ့ရည်ရွယ်ချက်ကို မမြင်နိုင်ဖြစ်ရမည်လဲ။

ရှန့်ကွမ်းရှိုးသည် သူ့အတွက်ထောင်ချောက်ဆင်ထားသည်။ ဒါပေမယ့်သူ ဘာလို့ မသွားဘဲနေနိုင်မည်လဲ။ သူ့မှာမိသားစုမရှိသော်လည်း ယွင်ကျဲ့စီရင်ကား သူ၏ အိမ်ဖြစ်လေသည်။ သူ၏ကလေးဘဝ အမှတ်တရ များ ရှိနေပြီး သူတို့သည်လှပဖြစ်သည်။

ရှန့်ကွမ်းရှိုးသည် အသိဉာဏ်ကင်းလုံး၀ ကင်းမဲ့နေပြီး သူ့အပြုအမှုများသည် မန်ဟိုအား စိတ်အနှောက် အယှက်ဖြစ်စေသည်။ လူရှန့်ကွမ်းရှိုးကို သတ်ချင်နေသော သူ့ဆန္ဒများက ပြောမပြနိုင်လောက်အောင်ပင် ဖြစ်နေသည်။

သူသည် အသက်အန္တရာယ်ရှိနေသော်လည်း ရှန့်ကွမ်းရှိုး၏ လက်ထဲတွင် ကစားခံနေရသော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် လုပ်ဆောင်ရမည့်အရာအား မန်ဟိုကောင်းကောင်းသိပြီး အန္တရာယ်ရှိ လျင်တောင် သူသွားနိုင်သည်။

တကယ့်ယောက်ကျားတွေမှာ ကြောက်ရွံခြင်းနဲ့ သံသယဆိုတာ မရှိပေ။

သူ၏ သတ်ဖြတ်လိုခြင်းကား ယခုလောက် ဘယ်တုန်းကမှ မခိုင်မာ မပြင်းထန်ခဲ့ဖူးပေ။၊ ထိုဆန္ဒကား တစ်စုံတစ်ယောက်ကို သတ်ရုံနှင့် ဖြေဖျောက်နိုင်မည် မဟုတ်ဘဲ သွေးမန္တန်တွင် ပါဝင်သူတိုင်းကို သတ်ရမှသာ ပြေပျောက်နိုင်မည် ဖြစ်လေသည်။

“ကျင့်ကြံနေတဲ့နှစ်တွေမှာ ငါမသတ်ခဲ့တဲ့သူတွေရှိတယ်။ မသတ်နိုင်လို့မဟုတ်ဘဲ မသတ်ချင်လို့ မသတ်ခဲ့ တာ။” သူ၏ အမြန်နှုန်းအား မြင့်တင်လိုက်သည်။ သူမျက်လုံးများက သတ်ဖြတ်လိုခြင်းများဖြင့် တောက်ပနေသောလည်း သူ့နှလုံးသားကတော့ တည်ငြိမ်နေသည်။ ယခုအချိန်တွင်သူသည် သွေးမန္တန်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး စဦးချီဖွဲ့စည်းခြင်းအဆင့်၆ ရှိသော ကျင့်ကြံနေသူထံသို့ ပြေး၀င်လို က်သည်။

ထိုသူသည် အနက်ရောင်၀တ်ရုံအား ၀တ်ဆင်ထားပြီး အသက် ၂၆ နှစ် သို့မဟုတ် ၂၇ နှစ်လောက်ရှိ ပုံရသည်။ မန်ဟို သူ့ထံသို့ ပြေးလာသောကြောင့် သူ့မျက်လုံးအားဖွင့်လိုက်သည်။ ထိတ်လန့် တုန်လှုပ်စွာဖြင့် သူ့လက်အားမြှောက်လိုက်သော်လည်း မန်ဟို၏ မျက်နှာသည် အေးဆေး၍ လူသတ် တော့မည့်ပုံ ပေါ်နေပြီး သူ့ဆီပြေး၀င်လာနေသည်။

မန်ဟို၏လက်ထဲတွင် ဓားတစ်ချောင်းရှိသည်။ သူ့နောက်တွင်တော့ စိတ်ရှုပ်နေဟန်ပေါ်သည့် ဦးခေါင်းတစ်လုံးသည် လေထဲသို့ ပျံတက်သွားပြီး ခန္ဓာကိုယ်သည် မြေပေါ်သို့ ကျသွားသည်။

သွေးစက်များက လေထဲသို့ ဖြာထွက်သွားသည်။ အလောင်းသည် တချက်မျှတွန့်သွားသည်။

နာကျင်မှုလည်းမရှိ၊ ရုန်းကန်ခြင်းလည်းမရှိ။ မန်ဟိုအတွက်ကတော့ ကြက်တစ်ကောင်ကို သတ်သကဲ့သို့ ရိုးရှင်းလွန်းပါသည်။ သူပြောခဲ့သလိုပင် သူမသတ်နိုင်တာမဟုတ် မသတ်ချင်တာပင် ဖြစ်သည်။

“မင်း ကြက်တစ်ကောင်ရဲ့ခေါင်းကိုဖြတ်ဖို့ကြိုးစားတဲ့အခါ” မန်ဟိုသူ့ကိုယ်သူပြောနေသည် “များသော အားဖြင့်တော့ ရုန်းကန်မှုနည်းနည်းလေး ဖြစ်သွားလိမ့်မယ်။ လူဆိုရင်တော့ နည်းနည်းပိုခက်မယ်။” သူ့နောက်တွင်ရှိသော အလောင်းကိုတောင် ပြန်မကြည့်ခဲ့ချေ။

သူသည်လျင်မြန်စွာရွေ့လျားသွားပြီး မကြာမီတွင် သူ၏ရှေ့တွင် တင်ပလင်ခွေလျက်ထိုင်နေသော သူအား တွေ့လိုက်သည်။ ထိုလူသည် သူ၏အဖွဲ၀င်တစ်ယောက် သေသွားသည်ကိုပင်သိပုံမရေချေ။ သူသည် မန္တန်အားထိန်းသိမ်းထားပြီး ကျင့်ကြံနေဆဲပင်။

သူသည် သူ၏ဦးခေါင်းလွင့်မသွားမှီ သူ၏မျက်လုံးများကိုပင် ဖွင့်ကြည့်ချိန်မရခဲ့လိုက်ပေ။

“ရှန့်ကွမ်းရှိုး ခင်ဗျား ကျုပ်ကို လူသတ်ဖို့ တွန်းအားပေးနေတာပဲ။ ကောင်းပြီလေ.....ဒီတော့ ကျုပ်ရှေ့မှာ ရှိသမျှလူ အကုန်လုံးကို သတ်ပစ်မယ်။” သူ၏ သစ်သားဓားအားဆွဲထုတ်လိုက်သောအခါ လေထဲမှ သွေးစက်များအားလုံး ပျောက်ကွယ်သွားသည်။

ကျင့်ကြံသူနှစ်ယောက်သေဆုံးသွားသောကြောင့် အနီရောင်မန္တန်ထဲတွင် လှိုင်းထသွားသည်။ မန္တန်ကို ထိန်းသိမ်းနေသောအခြားသူများသည် ထိတ်လန့်သွားကြပြီး  တစ်ဦးပြီးတစ်ဦး သူတို့၏မျက်လုံးများကို ဖွင့်၍ ထရပ်လိုက်ပြီး သတိဖြင့်ပတ်ပတ်လည်အား ကြည့်နေသည်။

ထိုအချိန်တွင် တောင်ထိပ်ပေါ်ရှိ ရှန့်ကွမ်းရှိုးသည် မျက်လုံးများအားဖွင်လိုက်ပြီး အောက်တွင်ဖြစ်ပျက် နေသည်ကို ငုံ့ကြည့်လိုက်သည်။

ချီသွေးကြောသည် ပို၍ထူလာပုံရသော်လည်း ဘာဖြစ်နေသည်ကို သူသေချာစွာမမြင်ရချေ။ သူ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ညာဘက်လက်ကို မြောက်လိုက်သောအခါ လူဦးခေါင်း၏ အရွယ်အစားရှိသော သွေးလုံးတစ်ခု ပေါ်လာသည်။ ချီသွေားကြောများသည် အထဲတွင် လှုပ်ရှားနေသည်။ သူ၏အင်္ကျီလက်အား‌ ဝှေ့ယမ်းလိုက်ပြီး သွေးလုံးအား သွေးရောင်မန္တန်များ ရောင်ပြန်နေသော တာ့ချင်းတောင်ဆီသို့ ပစ်လွတ်လိုက်သည်။

သွေးရောင်မန္တန်များသည် အားနည်းလာသည်။ ရုတ်တရက် မန္တန်ထဲမှပဲတင်လာသော စူးရှကျယ်လောင်သောအသံတစ်ခု ကြားလိုက်ရသည်။ ဖော်ပြရန်ခက်ခဲသောလည်း နာကျင်မှုနှင့် ပြည့်နှက်နေပုံရသည်။

ခဏအကြာတွင် နောက်ထပ်အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဤအော်သံသည် အခြားသူတစ်ဦး ထံမှ လာသည်မှာသေချာသည်။ ရှန့်ကွမ်းရှိုးသည် မျက်မှောင်ကြုတ်လျက် သွေးရောင်မန္တန်ကို ကြည့်လိုက်သောအခါ ၎င်းသည် တစ်ဝက်နီးပါးကျုံ့သွားပြီး အနည်းငယ်မှေးမှိန်သွားသည်။

တတိယလူတစ်ယောက်အော်လိုက်သည့် အချိန်မှာပင် လေးယောက်မြောက်လူကအော်လိုက်သည်။ အော်သံ ပဲတင်သံများ ပို၍ပို၍ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သွေးရောင်မန္တန်သည် လုံး၀ကြည်လင်သွားပြီး ဖောက်မြင်နိုင်သွားသည်။ ရှန့်ကွမ်းရှိုးသည် ဒါဇင်လောက်ရှိသော ဦးခေါင်းများ မပါတော့သည့် လူသေကောင်များက တွေ့လိုက်ရသည်။

သူမျက်စိများ ကျဉ်းမြှောင်းသွားပြီး ခန္ဓာကိုယ်ကလည်း လည်ထွက်သွားသည်။ တောင်ကြားလမ်း‌တွင် အပြာရောင်စာပေပညာရှင်၀တ်ရုံကို၀တ်ထားသူသည် မန်ဟိုပင်ဖြစ်သည်။ သူသည် သွေးစက်များ ပေကျံနေပြီး အားနည်းနေပုံရသော်လည်း ခံစားမှုကင်းမဲ့နေသည့်မျက်နှာဖြင့် တောင်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

သူလက်ထဲတွင် ဒါဇင်လောက်ရှိသောဦးခေါင်းများအား သယ်‌ဆောင်လာသည်။ ရှန့်ကွမ်းရှိုးသည် သူ့ထံလျှောက်လာသည့် မန်ဟို့အား ကြည်နေမိသည်။ မန်ဟိုသည် ဦးခေါင်းပြတ်များအား ရှန့်ကွမ်းရှိုး၏အရှေ့မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

“မင်းအလှည့်ပဲ” ဟု မန်ဟိုက ကြမ်းတမ်းသောအသံဖြင့်ပြောလိုက်သည်။ သူသည် ပုံမှန်အားဖြင့် လူသတ်ရန်ဆန္ဒမရှိသော်လည်း ယနေ့တွင် သူလုပ်ခဲ့လေသည်။

***

All Chapters