အောင်သွယ်တော်
Vol. 2 Ch. 21
အခန်း(၂၁) - အောင်သွယ်တော်
အင်မော်တယ် မုန်လာဥများအားလုံးကို လနတ်သမီးအား ရောင်းချပြီးပြီဖြစ်သည်။ သြော်... ဟုတ်သား၊ ယဲ့ရှောင်ချန်းတစ်ယောက် လှီးဖြတ်ကြည့်ထားသည့် မုန်လာဥတစ်လုံးတော့ ကျန်နေသေးသည်။
ယဲ့ရှောင်ချန်း မြေပေါ်က အင်မော်တယ် မုန်လာဥ ပင်စည်နှင့် အရွက်များကို ကြည့်လိုက်သည်။ သူ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ မသိပါ။
ယဲ့ရှောင်ချန်းသည် လနတ်သမီးအား မေးကြည့်ခဲ့၏။ ထိုအင်မော်တယ် မုန်လာဥပင်စည်နှင့် အရွက်များက တန်ဖိုးနည်းပါးသည်။
"ဟုတ်မယ်၊ အင်မော်တယ် မုန်လာဥအရွက်နဲ့ ပင်စည်တွေက နတ်ဘုရားတွေအတွက် တန်ဖိုးသိပ်မရှိဘူး၊ ဒါပေမယ့် ငါ့အတွက်တော့ ဒီလိုမဟုတ်ဘူး။ အင်မော်တယ် မုန်လာဥ ပင်စည်နဲ့ အရွက်တွေမှာလည်း အင်မော်တယ် ရောင်ဝါ ရှိတယ်လေ။ အဲ့တာတွေကိုသာ ဇီဝမြေသြဇာအဖြစ် ပြန်အသုံးပြုလိုက်ရင် အသုံးမဝင်နိုင်ဘူးလား။"
ယဲ့ရှောင်ချန်းတစ်ယောက် ရုတ်တရက် အကြံတစ်ခု ရသွားသည်။
ယခင်တုန်းက မိသားစု စိုက်ပျိုးရေးခြံများတွင် ဇီဝမြေသြဇာ အကြွင်းအကျန်များကို သုံးလေ့ရှိကြသည်။ ပတ်ဝန်းကျင်အတွက်လည်း ဘေးကင်းပြီး စီးပွားရေးအရ သက်သာကာ ငွေလည်းအများကြီး ချွေတာနိုင်သည်။
အင်မော်တယ် မုန်လာဥများ၏ အရည်အသွေးများ မတိုးလာရခြင်း၏ အကြောင်းအရင်းက အင်မော်တယ်မြေသြဇာနှင့် အင်မော်တယ်ရေတို့ကို အသုံးမပြုခြင်းနှင့် သက်ဆိုင်နေလိမ့်မည်။
ယခုတော့ သူ့တွင် အင်မော်တယ်မြေသြဇာ ဝယ်ဖို့အတွက် အင်မော်တယ် ယွမ် မရှိတော့ပါ။ ထို့အပြင် အင်မော်တယ် စမ်းရေကို ဝယ်ဖို့လည်း မရှိပါ။ ထို့ကြောင့် အင်မော်တယ် မုန်လာဥ ပင်စည်နှင့် အရွက်များကိုသာ ဇီဝမြေသြဇာအဖြစ် သုံးနိုင်သည်။
ထိုပင်စည်များနှင့် အရွက်များကို မြေကြီးထဲ တန်းထည့်လိုက်၍ မဖြစ်ပါ။ ၎င်းတို့ ဆွေးမြေ့သွားပြီး မြေသြဇာအဖြစ် ပြောင်းလဲသွားသည့်အချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ သူ အချိန်ဘယ်လောက်စောင့်ရမှန်း မသိပါ။ ဘာပဲဖြစ်ဖြစ် ဒီနေရာက လယ်ကွက်ကြီးလည်း မဟုတ်ဘဲ ဆွေးမြေ့ခြင်းဖြစ်စဥ်ကို အရှိန်မြှင့်၍လည်း မရပါ။
ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်းက အင်မော်တယ် မုန်လာဥ ပင်စည်နှင့် အရွက်များအားလုံးကို ကောက်ယူလိုက်သည်။ ဓားဖြင့် အစိတ်အပိုင်းများ ပိုင်းလိုက်ပြီး သစ်သားတူတစ်ချောင်းဖြင့် အရည်ထွက်အောင် ထုချေလိုက်ပြီး ထုံးအချိုးအစားအချို့နှင့် ရောစပ်လိုက်သည်။ နောက်ဆုံးတော့ ထုချေထားသော အင်မော်တယ် ပင်စည်နှင့် အရွက်များကို လေဝင်လေထွက်ရှိသော ဝါးခြင်းတစ်ခုများထဲသို့ ထည့်လိုက်ပြီး အင်မော်တယ် မြေအချို့ကို အပြင်ဘက်အလွှာတွင် ကျဲထားလိုက်သည်။
၎င်းက မြေဆွေးဖန်တီးခြင်း လုပ်ငန်းစဥ်ဖြစ်၏။
အင်မော်တယ် မုန်လာဥ ပင်စည်နှင့် အရွက်များကလည်း အင်မော်တယ် အပင်များနှင့် သက်ဆိုင်သည်။ သာမန်မြေသြဇာ ပြုလုပ်သည့် နည်းလမ်းများဖြင့် အလုပ်လုပ်မလားတော့ သူ မသိပါ။
အရင်ဆုံး ကြိုးစားကြည့်ရအောင်။
ထိုလုပ်ငန်းအားလုံး လုပ်ဆောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အင်မော်တယ် မုန်လာဥ မျိုးစေ့များနှင့် အဝါရောင် အင်မော်တယ် ပဲစေ့များကို တန်းမစိုက်ပါ။ ရှန်းနုန် မိတ်ဆက်လမ်းညွှန်ကို အကြာကြီး ဖတ်ပြီးသွားသည့်နောက်တွင် သူ့မှာ အကြံတစ်ချို့ ရလာ၏။ စိုက်ပျိုးထားသော အင်မော်တယ် အပင်များ၏ အထွက်နှုန်းနှင့် အရည်အသွေးကို သူ တိုးမြှင့်နိုင်လောက်သည်။
ယဲ့ရှောင်ချန်းသည် အင်မော်တယ်ပေါက်ပြားကို ထုတ်ကာ မြေကို ဂရုတစိုက် ဖွလိုက်သည်။ မြေမှုန့် အရွယ်အစားက အရမ်းသေး၍မဖြစ်ပါ။ ထိုအခါမှ ခပ်ကျဲကျဲအပေါက်များ ဖြစ်လာမည်ဖြစ်သည်။ ထိုအခါမှသာ အပင်များအတွက် လိုအပ်သည့် အောက်ဆီဂျင်နှင့် စိုထိုင်းမှုကို လုံလုံလောက်လောက်ရရှိမည်ဖြစ်သည်။
အင်မော်တယ် အပင်များကလည်း အပင်တစ်မျိုး ဖြစ်သည်။ သို့သော် အင်မော်တယ် အနှစ်သာရကို လိုအပ်သည်။
ထိုနည်းတူစွာ အင်မော်တယ် အပင်များက ဓာတ်သတ္တုမျိုးစုံကိုလည်း လိုအပ်သည်။ ဥပမာအားဖြင့် ဖော့စဖောရပ်စ်၊ ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင် အစရှိသည်တို့ဖြစ်သည်။
မြေကြီးထဲတွင် ထိုအရာများ ရှိကြသော်လည်း ယခင် အင်မော်တယ် မုန်လာဥများ စိုက်ပျိုးလိုက်ခြင်းကြောင့် မြေကြီးထဲမှ ဓာတ်သတ္တုများ သေချာပေါက် လျော့နည်းသွားလောက်ပြီဖြစ်ပြီး ပြန်ထောက်ပံ့ပေးဖို့ လိုအပ်သည်။
အင်မော်တယ်အနှစ်သာရကိုတော့ ယဲ့ရှောင်ချန်း စိုးရိမ်စရာမလိုပါ။ အင်မော်တယ်မြေက အလွန်ထူးခြားသည်။ နေရောင်ခြည်စွမ်းအင်ကို အင်မော်တယ် အနှစ်သာရအဖြစ်သို့ ကူးပြောင်းပေးနိုင်သော ထူးခြားသည့် အာနိသင်ရှိသည်။
ယဲ့ရှောင်ချန်သည် မြေသြဇာအနည်းငယ်လည်း ထည့်လိုက်သည်။
မြေဆီလွှာမြေသြဇာကို ပြန်လည်ဖြည့်တင်းခြင်းကလည်း နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်မှုတစ်ခုလည်းဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ထိုလုပ်ဆောင်ချက်ကို လေ့လာသင်ယူခဲ့ပြီး အတော်လေး တက်ကျွမ်းသည်ဟု ဆိုနိုင်သည်။ အကောင်းဆုံးအဆင့်ကို ရနိုင်ဖို့ကတော့ သေချာပေါက် မဖြစ်နိုင်ပါ။ ထို့အပြင် အင်မော်တယ် အပင်များ၏ မြေသြဇာလိုအပ်မှုက သာမန်အပင်များနှင့် ခြားနားသည်။
ကံကောင်းစွာဖြင့် ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲတွင် ထိုအကြောင်းအရာ အချက်အလက်များ ရှိသည်။ ယဲ့ရှောင်ချန်းသည် တစ်ချက်ချင်း လေ့လာနေစရာ မလိုတော့ဘဲ တိုက်ရိုက်လေ့လာနိုင်ပြီ ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အင်မော်တယ် မုန်လာဥမျိုးစေ့ ၁၅၀ကို အောင်မြင်စွာ စိုက်ပျိုးလိုက်နိုင်ပြီဖြစ်သည်။
အင်မော်တယ်မြေက အကျယ်ကြီး မဟုတ်သော်လည်း မုန်လာဥများကိုတော့ သိပ်သိပ်သည်းသည်း စိုက်ပျိုးနိုင်ပါသည်။ အင်မော်တယ် မုန်လာဥများတွင် ဆင်တူသော ဝိသေသလက္ခဏာများရှိကြသည်။ ယခင်က အင်မော်တယ်မုန်လာဥ ၅၀ ကို စိုက်ပျိုးခဲ့ခြင်းမှာ အင်မော်တယ်မြေကို ဖြုန်းတီးခြင်း သက်သက်သာ ဖြစ်ခဲ့သည်။
ယဲ့ရှောင်ချန်းသည် ထောင့်တစ်နေရာတွင် အဝါရောင် အင်မော်တယ် ပဲစေ့လေးစေ့ကိုလည်း စိုက်ပျိုးခဲ့သည်။
အဝါရောင်အင်မော်တယ် ပဲစေ့များကို သူနားလည်ထားသလောက် ဆိုလျှင် သာမန်ပဲစေ့များ၏ ကြီးထွားမှု လိုအပ်ချက်များနှင့် ဆင်တူပြီး အဝါရောင် အင်မော်တယ် ပဲစေ့များတွင် အလိုက်သင့် ပြောင်းလဲနိုင်စွမ်း ကောင်းကောင်းလည်း ရှိကြသည်။ ကြီးထွားမှု လိုအပ်ချက်များက မများပါ။ မြေကြီးထဲတွင် မြေသြဇာ လုံလုံလောက်လောက်ရှိပါက အဆင်ပြေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မြေဂုဏ်သတ္တိရှိသည့် ပဲစေ့များပင် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းသည် အဝါရောင်အင်မော်တယ် ပဲစေ့များကို အများကြီး မျှော်လင့်ထားသည်။
အရေးအကြီးဆုံးအရာက အဝါရောင်အင်မော်တယ် ပဲစေ့များကို ရိတ်သိမ်းပြီးပါက မျိုးစေ့များအဖြစ် ပြန်လည် အသုံးပြုနိုင်ခြင်းပင်။
သေချာပေါက် အရည်အသွေးတော့ နိမ့်သွားမည် ဖြစ်သော်လည်း ယဲ့ရှောင်ချန်းတွင် မျှော်လင့်ချက်အာရုံတစ်ခုရှိသည်။
စတိုးဆိုင်မှ အင်မော်တယ်အပင် မျိုးစေ့များကို ဝယ်ယူခြင်းက အင်မော်တယ် ယွမ်ကို ဖြုန်းတီးရာကျပါသည်။
အနာဂတ် ရှန်းနုန်တစ်ယောက်အနေနှင့် သူကိုယ်တိုင် ပြည့်စုံမှုရှိရမည်ဖြစ်ပြီး သူကိုယ်တိုင် အရည်အသွေးရှိ အပင်မျိုးစေ့များကို ပျိုးထောင်နိုင်ရမည်ဖြစ်သည်။
မုန်လာဥမျိုးစေ့တွေကိုထုတ်ယူရန် စိတ်ကူးမရှိရခြင်းမှာ အဓိကအားဖြင့် မျိုးစေ့များရင့်မှည့်ချိန်သည် အလွန်ကြာမြင့်ခြင်းကြောင့်ဖြစ်သည်။ သာမန်မုန်လာဥများက ၂ နှစ်အထိ ကြာမြင့်သည်။ သူ့တွင် ရှန်းနုန်ပါရမီရှိပြီး အင်မော်တယ် မုန်လာဥများ၏ သံသရာကို လျှော့ချနိုင်သော်လည်း လအနည်းငယ်လောက် ကြာဦးမည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း မုန်လာဥနီကလည်း အလကားဖြစ်သွားမည်။ အရှုံးက အမြတ်ထက် ပိုများနေပေသည်။
မျိုးစေ့အားလုံး စိုက်ပျိုးပြီးသွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် နောက်ဆုံးတော့ စိတ်အေးလက်အေး သက်ပြင်းချနိုင်ပြီဖြစ်သည်။
ယဲ့ရှောင်ချန်းတစ်ယောက် ထွက်သွားတော့မည်ကြံစဥ် သူ့ခွေးနှစ်ကောင်က သူစိုက်ပျိုးထားသော အင်မော်တယ် မြေပေါ်တွင် လှဲနေသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အလျင်အမြန် ဆူငေါက်လိုက်သည်။ "ဘေးဖယ်ကြစမ်း၊ ဒီမှာ မျိုးစေ့တွေ စိုက်ပျိုးထားတယ်ကွ။"
အင်မော်တယ်မြေက မကြီးဘဲ အရင်တစ်ခေါက်နှင့်ယှဥ်လျှင် မျိုးစေ့များကလည်း ပိုများသဖြင့် သူမြေတစ်ခုလုံးကို သုံးလိုက်ရသည်။
ခွေးနှစ်ကောင်သာ အပေါ်တွင် တက်အိပ်နေပါက အင်မော်တယ်အပင်များ၏ ဖွံ့ဖြိုးမှုကို သက်ရောက်မှု မရှိနိုင်ဘူးဟု မည်သူက ပြောနိုင်မည်နည်း။
ခွေးနှစ်ကောင်က ယဲ့ရှောင်ချန်းအား မကျေနပ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူတို့လှဲနေကျနေရာအား အင်မော်တယ် မျိုးစေ့များ စိုက်ပျိုးလိုက်ပြီဖြစ်သဖြင့် သူတို့နှစ်ကောင် ခေါင်းစိုက်ကာ လယ်ကွက်၏ ထောင့်တစ်နေရာသို့သာ သွားလှဲနိုင်တော့သည်။ သူတို့ခေါင်းကို အင်မော်တယ် မြေကွက်ဘက်သို့ ဆန့်ထုက်ကြကာ လတ်ဆတ်သော လေကိုရှဖို့ ကြိုးစားနေဟန် ပြုလုပ်နေကြသေးသည်။
ထိုမြင်ကွင်းကြောင့် ယဲ့ရှောင်ချန်းတစ်ယောက် ခေါင်းသာ ခါနိုင်တော့သည်။
တဲသို့ပြန်လာသောအခါ ယဲ့ရှောင်ချန်းသည် ရှန်းနုန်စနစ်ကို ဖွင့်လိုက်ပြီး အင်မော်တယ်ယွမ်နေရာကို ကြည့်လိုက်သည်။ သုည ဟူသော စာလုံးကြီးက နေရာယူထား၏။ ယဲ့ရှောင်ချန်းသည် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ သူ ဘယ်တော့မှ အင်မော်တယ်ယွမ် သောင်းနှင့်ချီပြီး ရရှိနိုင်မလဲ။
အတွေ့အကြုံ ဟူသောနေရာကို ကြည့်လိုက်သောအခါ အတွေ့အကြုံအမှတ် ၁ မှတ်သာ ရှိသည်။
ယဲ့ရှောင်ချန်း စိတ်ဓာတ်ကျသွားသည်။ ရှန်းနုန်စနစ်အား ဒုတိယအဆင့်သို့ မြှင့်တင်ဖို့အတွက် သူ အကြိမ် ၁၀၀ လောက်စိုက်ပျိုးဖို့လိုအပ်သည် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းသည် ခေါင်းခါလိုက်ပြီး စိတ်ပြန်ထိန်းလိုက်သည်။ သိုလှောင်နေရာကွက်မှ ဘွိုင်လာအိုးကို ထုတ်လိုက်သည်။ လေးထောင့်သဏ္ဌာန်ရှိပြီး ၀.၅ မီတာလောက် ရှည်လျားသည်။ ပုံစံကတော့ သာမန်ထက်ထူးခြားပါသည်။ ကျောက်စိမ်းကဲ့သို့ စိုစိုပြည်ပြည်ရှိသည်ဟု ခံစားရစေသောမျက်နှာပြင်ရှိပြီး ကျောက်စိမ်းကဲ့သို့ ပူနွေးနေသည်။ ပြီးတော့ လေးလည်း မလေးလံပါ။
ဘွိုင်လာအိုး၏ အတွင်းပိုင်းသည် အပြင်ဘက်နှင့် မတူညီပါ။ မထင်မှတ်လောက်စရာ လုံးဝန်းသော အနားကွပ်ရှိနေသည်။
ဘွိုင်လာတစ်အိုးလုံးကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်သည်။ အခွံနှင့် အတွင်းပိုင်း အနားကွပ်တို့ ဖြစ်ကြသည်။
အပြင်ခွံအား အမည်မသိ သတ္ထုနှင့် ပြုလုပ်ထားသည်။ ဖန်အနားကွပ်ကတော့ ကျောက်စိမ်းလို ကုန်ကြမ်းဖြင့် ပြုလုပ်ထားသည်။
အခွံနှင့် အနားကွပ်ကြားထဲတွင် နေရာလွတ်တစ်ခုရှိသည်။
ဘွိုင်လာအိုးတွင်ပါလာသည့် အညွှန်းကို အသေးစိတ်ဖတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ဘွိုင်လာအိုးကို ဘယ်လိုသုံးရမှန်း သိသွားခဲ့သည်။
ဒီဘွိုင်လာအိုးကို အသုံးပြုနိုင်သည့် နည်းလမ်းပေါင်းစုံရှိသည်။ ပထမက ဖိအားပေးခြင်း၊ ဒုတိယက လုပ်ဆောင်နေခြင်း၊ တတိယက ပျော်ဝင်ခြင်း၊ စတုတ္ထက အရည်ကျိုခြင်းတို့ဖြစ်သည်။
သူ့စိတ်ထဲတွင် အပင်သန်ဆေး၏ အညွှန်းများနှင့် ဖော်စပ်ပုံများကို ပြန်စဥ်းစားပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အပင်သန်ဆေးကို စတင်ဖော်စပ်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။
ရုတ်တရက် သူ့ဖုန်းသံမြည်လာသည်။ ယဲ့ရှောင်ချန်းတစ်ယောက် ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ သူ့အမေ ဖြစ်နေသည်။ သေချာပေါက် ထမင်းစားဖို့ လှမ်းခေါ်တာ ဖြစ်လောက်သည်။
ယဲ့ရှောင်ချန်းသည် ချက်ချင်းပဲ ဘွိုင်လာအိုးကို သိုလှောင်နေရာကွက်ထဲသို့ ပြန်ထည့်လိုက်သည်။
ထိုပစ္စည်းသည် ကမ္ဘာမြေနှင့် မသက်ဆိုင်သဖြင့် သိုလှောင်နေရာကွက်ထဲတွင် သိမ်းဆည်းထားတာက အကောင်းဆုံးဖြစ်လိမ့်မည်။
ထို့နောက် သူ အိမ်ပြန်သွားခဲ့သည်။
ထမင်းစားနေချိန်တွင် သူ့အမေက အကြောင်းကိစ္စတစ်ခုကို ထုတ်ပြောလာ၏။ "ယဲ့ရှောင်ချန်း နင့်ဒေါ်လေး ဖုန်းခေါ်တယ်။ သူ နင့်အတွက် အောင်သွယ်လုပ်ပေးထားတယ်တဲ့။ ကောင်မလေးရဲ့ဘက်က အခြေအနေကောင်းတယ်၊ ကောင်မလေးကလည်း လှတယ်၊ သူ့ပညာရေးကတော့ နည်းနည်း နည်းပါးတယ်။ အထက်တန်းကျောင်းအောင်တော့ သူက အလုပ်တန်းဝင်တယ်လေ။ အခုတော့ အသက် ၂၃ နှစ်ရှိနေပြီ။ သူက နင့်ထက် ၃နှစ်လောက်တော့ ကြီးတယ်။ နင်သဘောကျရင် နောက်ထပ် ၂ ရက်လောက်ဆိုရင် သူနဲ့တွေ့လို့ရတယ်။"