← Chapters

အံ့အားသင့်ဖွယ်ကောင်းသော

Vol. 2 Ch. 24

အံ့အားသင့်ဖွယ်ကောင်းသော

Vol. 2 Ch. 24

အခန်း(၂၄) - အံ့အားသင့်ဖွယ်ကောင်းသော

မနက်စောစောတွင် ယဲ့ရှောင်းချန်းသည် ရေငတ်သလိုခံစားရပြီး ဖြေးဖြေးချင်း နိုးလာပြီး သူ့ဘေးနားရှိ ရေဖန်ခွက်ကို ကောက်ယူလိုက်သည်။

အား...

ရေတစ်ခွက် သောက်ပြီးသွားသောအခါ သူအသက်ရှူထုတ်ပြစ်လိုက်သည်။ ထို့နောက် ဖန်ခွက်ကို ချလိုက်ကာ ဖုန်းအားသွင်းကြိုးကို ကောက်လိုက်ပြီး ပလပ်ထိုးလိုက်သည်။

"အမ်..."

ယဲ့ရှောင်ချန်းသည် မစ်စ်ကောတစ်ချို့နှင့် ဝီချက်တွင်လည်း မက်ဆေ့တစ်ချို့ ဝင်နေသည်ကို မြင်လိုက်ရသည်။

ဝမ်ရှင်းယီထံမှ ဖြစ်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် သိချင်မိသွား၏။ ညကြီးမင်းကြီး ဘာကြောင့် သူမ ဖုန်းခေါ်ခဲ့သနည်း။

ထို့နောက် ဝီချက်အား ဖွင့်ကြည့်လိုက်သောအခါ သူနားလည်သွားသည်။ နှင်းပန်းနှစ်ခိုင်ပေါ်တွင် အဖူးငယ်လေးများ နောက်ဆုံးတော့ ဖူးလာပြီတဲ့။

အဖူးဖူးလာခြင်းက နှင်းပန်းနှစ်ခိုင် အဖူးဖူးသည့် ကာလသို့ ဝင်ရောက်နေပြီဖြစ်သည့် သဘောပင်။

"သတင်းကောင်းပါလား။"

"ဟားဟား ကြည့်ရတာ အပင်သန်ဆေးအာနိသင်က တော်တော်ကောင်းတဲ့ပုံပဲ။”

အခုတော့ ယဲ့ရှောင်ချန်းတစ်ယောက် အောင်မြင်မှုတစ်ခုကို ရလိုက်သလို ခံစားနေရပြီဖြစ်သည်။

အနည်းငယ် စဥ်းစားပြီးနောက် ဝီချက်ထဲတွင် ဝမ်ရှင်းယီအား အလျင်အမြန် စာပြန်လိုက်သည်။ သူ ညကအိပ်မောကျနေသဖြင့် ဖုန်းခေါ်သည်နှင့် ဝီချက်ထဲမှ မက်ဆေ့ချ်များကို မမြင်ခဲ့ကြောင်း ရေးလိုက်သည်။

ယဲ့ရှောင်ချန်းသည် ခဏလောက် စောင့်ဆိုင်းခဲ့သော်လည်း ဝမ်ရှင်းယီထံမှ အကြောင်းပြန်စာ မရောက်လာခဲ့ပေ။

ယဲ့ရှောင်ချန်းသည် ခေါင်းခါလိုက်ပြီး သူ့အဝတ်အစားတွေကို ဝတ်ဆင်ပြီးနောက် မျက်နှာသွားသစ်လေသည်။

ဝမ်ရွှေရှန့်၏ ဗီလာတွင်...

"ဟေ့ ဒီနေ့ ဘာဖြစ်လို့ ရှင်းယီ အိပ်ရာမထသေးတာလဲ။"

ကြိမ်ထိုင်ခုံတွင်ထိုင်ရင်း ဝမ်ရွှေ့ရှန်က မနက်စာစားနေကာ တစ်ချိန်တည်းမှာပဲ သတင်းစာလည်း ဖတ်နေသည်။

ပုံမှန်ဆိုလျှင် သူ့ညီမက အိပ်ယာထလောက်ပြီဖြစ်ပြီး မနက်စာ စားနေသင့်ပြီ ဖြစ်သည်။

"သား ဒေါ်လေးကို သွားခေါ်လိုက်မယ်။"

ရှီပေါင်းလေးက ထိုင်ခုံမှထကာ ခြံဝန်းထဲသို့ ပြေးသွားလိုက်သည်။

"ရှီပေါင်းလေး ဖြေးဖြေးပြေးပါ။"

ကျူးချင်းချင်းက အနောက်မှ သတိပေးလိုက်သည်။

သိပ်မကြာခင်မှာပဲ ရှီပေါင်းလေးက ဝမ်ရှင်းယီနှင့်အတူ ပြန်ရောက်လာသည်။ ဒီနေ့ ဝမ်ရှင်းယီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုအချို့ကို တွေ့မြင်နေရသည်။ သို့သော် မျက်လုံးပတ်လည်တွင်တော့ ညိုမည်းလျက်ရှိသည်။ သူမ ကောင်းကောင်း အနားမယူရသေးပုံပေါ်သည်။

"ရှင်းယီ ကောင်းကောင်း အိပ်မပျော်ဘူးလား။"

ဝမ်ရွှေရှန့်က သတင်းစာကို ချလိုက်သည်။ သူ့ညီမ၏ ပုံစံကို မြင်သောအခါ သူအနည်းငယ် စိတ်မချမ်းသာဖြစ်သွားသည်။

သူ့ညီမက နှင်းပန်းများကြောင့် ဝမ်းနည်းနေဆဲဟု သူထင်နေခြင်းဖြစ်သည်။

ဝမ်ရှင်းယီက လက်ဟန်သင်္ကေတအချို့ လုပ်ပြလိုက်သည်။

"ဘာဖြစ်တယ်၊ နှင်းပန်းမှာ အဖူးတွေထွက်လာလို့ တစ်ညလုံး မအိပ်ခဲ့တာ ဟုတ်လား။"

ဝမ်ရွှေရှန့်က ဒါကိုမြင်ပြီးသောအခါ သူသည် လက်ဟန်ဘာသာစကားသုံးကာ အလျင်အမြန် ဆက်သွယ်လိုက်သည်။ သို့သော် ဝမ်ရှင်းယီ၏ စကားများကြောင့် သူအလွန်ထိတ်လန့်သွားရသည်။ ဧကန္တ တကယ်ပဲ ယဲ့ရှောင်ချန်းက နှင်းပန်းတွေကို ကုသပေးနိုင်ခဲ့တာလား။

လွန်ခဲ့သော ရက်အနည်းငယ်အထိ သူသည် ထိုအကြောင်းကို မမေးဖြစ်ခဲ့ပါ။

ဝမ်ရှင်းယီက ခေါင်းငြိမ့်လိုက်ပြီး လက်ဟန်များ စတင်လုပ်ပြလေသည်။

"ယဲ့ရှောင်ချန်းက သုံးရက်အတွင်း ဆေးတစ်မျိုးသုံးပြီး နှင်းပန်းတွေဖူးအောင် လုပ်လိုက်တယ် ဟုတ်လား။"

ဝမ်ရွှေရှန့်သည် သူ့ညီမ၏ လက်ဟန်ဘာသာစကားကို မြင်သောအခါ ယဲ့ရှောင်ချန်းမှ နှင်းပန်းကို ကုသပေးခဲ့သည်မှာ အမှန်တကယ် ယုံကြည်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ ဘယ်လောက်တောင် အံ့အားသင့်သွားမလဲ ဘယ်သူမှ မတွေးနိုင်လောက်ပါ။ ကျန်းခဲ့ချင်းလို နာမည်ကြီး ရုက္ခဗေဒ ပညာရှင်တစ်ယောက်ကတောင် ထိုပြဿနာကို အကူအညီ မပေးနိုင်ခဲ့သော်လည်း ယဲ့ရှောင်ချန်းက တကယ်ပဲ ဖြေရှင်းပေးနိုင်ခဲ့သည်။

မယုံနိုင်စရာ မကောင်းလွန်းဘူးလား။

သူ့ညီမပြောပုံအရ ယဲ့ရှောင်ချန်းသည် အလွန်ထူးခြားသော ဆေးတစ်မျိုးကို အသုံးပြုခဲ့သည့်ပုံပင်။

ဘယ်လိုဆေးမျိုးပါလိမ့်။

ဘာပဲဖြစ်ဖြစ် သူ့ညီမ ဘယ်လောက်တောင် ပျော်နေသလဲ မြင်လိုက်ရသောအခါ မသိမသာ စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဒီအချိန်တောအတွင်း သူ့ညီမသည် ပိုမိုတိတ်ဆိတ်လာကာ မျက်တွင်းများပင် ကျလာသည်။ သူမမျက်နှာပင် ဖြူဖတ်ဖြူရော်ဖြစ်ကာ ယခင်ကလောက် မကျန်းမာတော့ပါ။

"ဟားဟား ကြည့်ရတာ ယဲ့ရှောင်ချန်းက ငါတို့ဝမ်မိသားစုရဲ့ ကံကောင်းတဲ့ကြယ်ပွင့်လေး ထင်တယ်။”

ဝမ်ရွှေရှန့်က ပြုံးကာ သူ့မိန်းမ ကျူးချင်းချင်းကို ပြောလိုက်သည်။

ကျူးချင်းချင်းမှာ ပြောစရာ စကားမရှိတော့ချေ။ ပထမဆုံး သူတို့၏ အဖိုးတန်သားလေးကို ကယ်တင်ပေးခဲ့ပြီး အခုလည်း နှင်းပန်းကို ကုသပေးခဲ့ကာ သူ့ယောင်းမ၏ စိတ်ကျန်းမာရေးကို ကုသပေးခဲ့သည်။ ယခု ဝမ်မိသားစု ယဲ့ရှောင်ချန်းအပေါ်တွင် ကျေးဇူးကြွေး ပိုမိုတင်သွားပြီဖြစ်သည်။

မနက်ရောက်တော့ ယဲ့ရှောင်ချန်းသည် ကားမောင်းကာ ရောက်လာခဲ့သည်။

ဝမ်ရွှေရှန့်ကလည်း တမင်သက်သက် ချိန်းထားသည့် ကိစ္စတစ်ချို့ကို ဖျက်ကာ အပြင်မသွားခဲ့ပါ။ အိမ်တွင် ယဲ့ရှောင်ချန်းကိုသာ စောင့်နေခဲ့သည်။

"ညီလေးယဲ့၊ မင်းရဲ့ပုံစံအမှန်ကို တကယ်မပြခဲ့ဘူးပဲ။ မင်းမှာ ဒီလိုအစွမ်းအစတွေ ရှိနေတာကိုး။"

ဝမ်ရွှေရှန့်က သက်ပြင်းချပြီး ပြောလိုက်သည်။

"ဟားဟား၊ ကျွန်တော် ကံကောင်းသွားတာပါ။ အပင်တွေ စွမ်းရည်ကျတာကို ကုစားနိုင်တဲ့ ဆေးတစ်မျိုးကို ကျွန်တော်သိနေတာနဲ့ တိုက်ဆိုင်သွားတာလည်း ပါပါတယ်ဗျာ။ ကျွန်တော် ယုံကြည်ချက် အပြည့်အဝမရှိခဲ့ဘူး၊ အခုတော့ အာနိသင်တွေက သိပ်မဆိုးတဲ့ ပုံပါပဲ။ ဒါပေမယ့်လည်း အစ်ကိုကြီးဝမ် ဒီဆေးက အပင်စွမ်းရည်ကျဆင်းတာကို နှေးပဲနှေးကွေးစေတာ၊ အပြီးပြတ် မကုသနိုင်ဘူး။ ကျွန်တော်ဖော်စပ်ထားတဲ့ အပင်သန်ဆေးကို အချိန်အကြာကြီး သုံးရလိမ့်မယ်။"

ယဲ့ရှောင်ချန်းက ခေါင်းကုတ်ကာ ပြောလိုက်သည်။

"စွမ်းရည်ကျတာကို နှောင့်နှေးစေတာနဲ့တင် ကောင်းလွန်းနေပါပြီကွာ။ ညီလေးယဲ့၊ ငါဘယ်လောက် မကြာခဏ သုံးရမှာလဲ။"

ဝမ်ရွှေရှန့်သည် ဒါကို ကောင်းကောင်း နားလည်ပါသည်။ အပင်များ၏ စွမ်းရည်ကျဆင်းမှုကို လုံးဝကုသနိုင်ပါက သဘာဝလွန် ဖြစ်သွားနိုင်သည်။ ထာဝရနုပျိုခြင်းနှင့်ပင် ဆင်တူသွားနိုင်သည်။

ထိုကဲ့သို့သော အရာမျိုးက မဖြစ်နိုင်ပါချေ။ စွမ်းရည်ကျဆင်းခြင်းကို နှောင့်နှေးစေခြင်းကလည်း အတော်လေး မှော်ဆန်သော်လည်း လက်သင့်ခံနိုင်ပါသေးသည်။

"အချိန်တစ်ခုလောက်ထိတော့ သုံးပေးရမယ်။ ကျွန်တော် နှင်းပန်းတွေရဲ့ အခြေအနေကို အရင်စစ်ကြည့်ဦးမယ်လေ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ယဲ့ရှောင်ချန်း ရောက်နေသည်ကို ဝမ်ရှင်းယီက သိပြီးသားဖြစ်သည်။ သူ့ကိုကြိုဆိုဖို့အတွက် သူမထွက်လာခဲ့သည်။ ယခု သူမသည် ယဲ့ရှောင်ချန်းကို အလွန်ကျေးဇူးတင်နေသည်။ သူမ၏ လှပသောမျက်နှာလေးက ချိုမြိန်သော အပြုံးတစ်ခုဖြင့် ပြည့်နှက်လို့နေသည်။

ဝမ်ရွှေရှန့်သည် သူ့ညီမ၏ မျက်နှာထားကို မြင်သောအခါ မသိမသာ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။ သူ့ညီမကို ဒီလောက် ပျော်ပျော်ရွှင်ရွှင်နှင့် မမြင်ရတာ တော်တော်ကြာပြီဖြစ်သည်။

သူတို့ ဝမ်ရှင်းယီ၏ ခြံဝန်းထဲသို့ ရောက်လာသောအခါ နှင်းပန်းနှစ်ခိုင်မှာ အလွန်စိမ်းစိုလျက်ရှိလှသည်။ ပန်းဖူးများစွာကလည်း အကိုင်းနှင့် အရွက်များပေါ်တွင် ဖူးပွင့်လာကြသည်။ ညဘက် ပန်းပွင့်ဖို့ သိပ်မလိုတော့ပါချေ။

လူအနည်းငယ်၏ စောင့်ကြည့်မှုအောက်တွင် ယဲ့ရှောင်ချန်းက နှင်းပန်းခိုင်ရှေ့သို့ လျှောက်သွားပြီး နူးညံ့စွာထိတွေ့လိုက်ကာ နှင်းပန်း၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်သည်။

ဒီတစ်ခါ နှင်းပန်း၏ အသိစိတ်က အရင်အချိန်များနှင့် ခြားနားနေခဲ့သည်။ အပင်သန်ဆေးအား ထပ်မံလိုချင်နေသော ဆန္ဒရှိနေသည့်ပုံပင်။

ဟုတ်သည် အမှန်ပင်။ ယဲ့ရှောင်ချန်းက နှင်းပန်း အပင်သန်ဆေးကို စွဲလမ်းမှုဖြစ်ပေါ်နေမှန်း သိလိုက်ရသည်။

တစ်နည်းအားဖြင့် အပင်သန်ဆေးကို ထပ်မံဖြန်းဖို့ အချိန်ကျပြီဖြစ်သည်။

ယဲ့ရှောင်ချန်းသည် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ အပင်သန်ဆေးကို လေးရက်ငါးရက် တစ်ခါ ဖြန်းဖို့လိုအပ်လိမ့်မည်။

အမှန်ပင်။ ဒါက စဦးအသုံးပြုခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့် အသုံးပြုရမည့် အကြိမ်အရေအတွက် တိုးမြင့်လာနိုင်သည်။

တစ်ကြိမ်လျှင် ၂၀ မီလီလီတာခန့် လိုအပ်မည်။ တစ်လကို ၅ ကြိမ် ၆ ကြိမ် ဖြန်းမည်ဆိုပါက ၁၀၀ မီလီလီတာခန့် လိုအပ်လိမ့်မည်။ အရင် ယဲ့ရှောင်ချန်းတစ်ယောက် အပင်သန်ဆေး ဖော်စပ်ခဲ့စဥ်က သူသည် ၁၀၀၀ မီလီလီတာခန့် ဖော်ခဲ့သည်။ တစ်နှစ်ကျော် အသုံးပြုနိုင်ပြီး ကုန်ကျစရိတ်က ယွမ် ၅၀၀၀ -၆၀၀၀ ခန့် ရှိသည်။

ယဲ့ရှောင်ချန်းတစ်ယောက် စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။ သူတတ်နိုင်သော ပမာဏဖြစ်နေပါသေးသည်။

ယဲ့ရှောင်ချန်းသည် သူမပြန်ခင် ဝမ်ရှင်းယီအတွက် အပင်သန်ဆေးဗူးငယ်လေး တစ်ဗူး ထားပေးခဲ့သည်။ ၁၀၀ မီလီလီတာခန့်ရှိပြီး တစ်လလောက် အသုံးပြုနိုင်ပါသည်။

အစက ဝမ်ရွှေရှန့်သည် သူ့ကို နေ့လည်စာ ကျွေးလိုက်ချင်သော်လည်း ယဲ့ရှောင်ချန်းကို သူ့ဒေါ်ကြီးဖုန်းဆက်လာသည်။ မျက်မမြင် ချိန်းဆိုမှုးအား စီစဥ်ပြီးပြီ ဖြစ်သဖြင့် သူမြန်မြန်သွားရတော့သည်။

အစကတော့ နှစ်ရက်အကြာတွင် တွေ့ဆုံဖို့ သဘောတူထားသော်လည်း ကောင်မလေးဘက်မှ ရက်နည်းနည်းလောက် နောက်ဆုတ်မည်ပြောသဖြင့် ဒီနေ့မတိုင်ခင်အထိ နောက်ဆုတ်ခဲ့သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ထွက်ခွာသွားသည်နှင့် ဝမ်ရွှေရှန့်သည် သူ့ညီမ၏ ခြံဝန်းဆီသို့ သွားရောက်ခဲ့သည်။

“ရှင်းယီ၊ အစ်ကိုကြီးကို အပင်သန်ဆေး နည်းနည်းလောက် ပေးပါဦး၊ အစ်ကိုကြီးရုံးခန်းက ပန်းပင်မှာ ပြဿနာနည်းနည်းရှိနေပုံပေါ်တယ်၊ အစ်ကိုကြီး နည်းနည်းလောက် စမ်းကြည့်ချင်လို့။” ဟု ဝမ်ရွှေရှန့်က ဝမ်ရှင်းယီကို ပြောလိုက်သည်။

ဝမ်ရှင်းယီက သူ့ကို သံသယမဝင်ဘဲ ဝမ်ရွှေရှန့်အား အပင်သန်ဆေး အနည်းငယ် ခွဲထည့်ပေးလိုက်သည်။

“ရှင်းယီ၊ ဒီအကြောင်းကို ယဲ့ရှောင်ချန်းကို ပြန်မပြောဖို့ အမှတ်ရပါ။”

ဝမ်ရွှေရှန့်သည် ထိုသို့မှာကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။

ဝမ်ရှင်းယီက ခေါင်းညိတ်ပြလိုက်သည်၊ သူမသည် အခြားအကြောင်းများကို မတွေးမိပါချေ။ သူမအတွက် နှင်းပန်းနှစ်ပင် အဖူးတွေပွင့်လာတာကပင် အလွန်ပျော်ရွှင်နှင့်နေပြီးဖြစ်သည်။

“‌ယောကျာ်း၊ ရှင် ဒါကို ဘာလုပ်မလို့လဲ။”

ကျူးချင်းချင်းသည် သူမခင်ပွန်းသည်က အပင်သန်ဆေး အနည်းငယ် ထည့်ထားသည့် ပုလင်းကို ယူလာတာကိုမြင်တော့ ဇဝေဇဝါ မေးလိုက်မိသည်။

“ဟားဟား၊ ချင်းချင်း၊ မင်း ဒီအပင်သန်ဆေးကို ဘယ်လိုမြင်လဲ။” ဟု ဝမ်ရွှေရှန့်က ရယ်ကာမောကာ မေးလိုက်သည်။

“အရမ်းထူးခြားတယ်လို့ မြင်တာပေါ့။”

ကျူးချင်းချင်းသည် အလွန်ထက်မြက်သော အမျိုးသမီးဖြစ်သဖြင့် သိပ်မကြာခင်မှာပင် နားလည်သဘောပေါက်သွားခဲ့သည်၊ “ယောကျာ်း၊ ရှင် ဒီအပင်သန်ဆေးကို စျေးကွက်တန်ဖိုး မြင့်မားလိမ့်မယ်လို့ ရှင်ထင်နေတာလား။”

ကျူးချင်းချင်းသည် သူမခင်ပွန်းသည်၏ စီးပွားရေးလုပ်ငန်းကို ဝင်ရောက်စွက်ဖက်လေ့မရှိပေ။ သူမသည် သာမန်အိမ်ရှင်မတစ်ဦးဖြစ်သော်လည်း ထက်မြက်သူတစ်ဦးဖြစ်ပြီး ဤအချက်ကို သဘာဝကျကျ တွေးတောနိုင်သူဖြစ်သည်။

“ကောင်းပြီ၊ ဒီအပင်သန်ဆေးကို စျေးကြီးတဲ့ ပန်းပင်တွေနဲ့ အပင်တွေမှာ အသုံးပြုနိုင်ရင် ဘာဖြစ်နိုင်မလဲ။ အဖိုးတန်ပန်းပင်တွေကလည်း တစ်နေ့မှာ အိုမင်းရင့်ရော်မှုကို ခံစားရမှာပဲ၊ တကယ်လို့ ဒီဆေးကသာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်တယ်ဆိုရင်၊ ဒီဆေးရဲ့တန်ဖိုးက မြင့်မားသွားလိမ့်မယ်လို့ မင်း မထင်ဘူးလား။” ဟု ဝမ်ရွှေရှန့်က ပြုံးပြုံးလေး ပြောလိုက်သည်။

သူသည် စီးပွားရေးသမားဖြစ်ပြီး အခွင့်အလမ်းများအတွက် အလွန်အကဲဆတ်လွယ်ကာ အပင်သန်ဆေး၏ လျှို့ဝှက်ဆန်းကြယ်သော အကျိုးသက်ရောက်မှုကို မြင်ပြီးနောက် ဤအရာများကို ဦးစွာ တွေးလိုက်မိသည်။

“ယောကျာ်း၊ ရှင် သူ့ရဲ့မူရင်းဆေးညွှန်းကို ရှာဖွေဖို့ လုပ်ချင်နေတာလား။ ဒါဆိုရင်...”

ကျူးချင်းချင်းသည် ချက်ချင်းဆိုသလိုပင် သူမခင်ပွန်းသည်၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားသည်။

တကယ်လို့ မူရင်းဆေးညွှန်းကိုသာ ဆုပ်ကိုင်နိုင်ရင် အံ့သြစရာကောင်းတဲ့ အမြတ်အစွန်းတွေကို ဖန်တီးနိုင်မှာ သေချာပေါက်ပင်။

သို့သော် ဤနည်းအားဖြင့် မိမိကိုယ်ကျိုးစီးပွားအတွက် အပင်သန်ဆေး ဆေးနည်းကို အသုံးပြုလျှင် ကြင်နာမှုကို ကျေးဇူးကန်းခြင်းဖြင့် ပြန်ပေးလိုက်တာ မဟုတ်ပါလော။

ကျူးချင်းချင်းသည် ဒါကို လက်ခံဖို့ အနည်းငယ် ခက်ခဲသလို ခံစားလိုက်ရသည်။

“အိုး... ချင်းချင်း၊ မင်းထင်သလို မဟုတ်ပါဘူး။ တကယ်လို့ တခြားသူဆိုရင် ငါ သေချာပေါက် လုပ်မိလိမ့်မယ်။ ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးကို ထိခိုက်နစ်နာစေတတ်တာက စီးပွားရေးလုပ်ရိုးလုပ်စဥ်တစ်ခု ဖြစ်ပေမယ့် ငါ ဝမ်ရွှေရှန့်က တစ်စုံတစ်ဦး၏ ကြင်နာမှုကို စေတနာဆိုးဖြင့် ပြန်ပေးမယ့်သူမဟုတ်ပါဘူး။ ဒီရက်ပိုင်း ယဲ့ရှောင်ချန်းရဲ့ ကြင်နာမှုကို ဘယ်လိုနည်းနဲ့ ပြန်ဆပ်ရမလဲလို့ ကိုယ် သေချာစဥ်းစားနေမိတယ်။ ခေါင်းခြောက်အောင် စဥ်းစားနေပေမယ့် ဘယ်လိုလုပ်ရမှန်း ကိုယ်မသိဘူး၊ ဒါပေမယ့် အခု ဒီအပင်သန်ဆေးကိုမြင်တော့ ကိုယ် နောက်ဆုံးတော့ ဘာလုပ်ရမှန်း ဆုံးဖြတ်လိုက်နိုင်တယ်။” ဟု ဝမ်‌ရွှေရှန့်က ပြုံးပြုံးလေး ပြောလိုက်သည်။

ကျူးချင်းချင်းသည် အနည်းငယ် စိတ်အေးလက်အေး ခံစားရပြီး ခင်ပွန်းဖြစ်သူ၏ ရည်ရွယ်ချက်ကို ဖျတ်ခနဲ နားလည်သွားခဲ့သည်။

...

ယဲ့ရှောင်ချန်းတွင် အဒေါ်နှစ်ယောက်ရှိသည်။ ဒေါ်ကြီး ယဲ့ချွန်းရှန် နှင့် ဒေါ်လေး ယဲ့ချွန်းရှီတို့ဖြစ်ကြသည်။

ဝမ်းကွဲအစ်ကို ချန်ယောက်က ဒေါ်ကြီး၏ သားဖြစ်သည်။

အစက ယဲ့ရှောင်ချန်း၏ မိသားစုသည် ဒေါ်ကြီး၏ မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သည်။ သို့သော် ဝမ်းကွဲအစ်ကို ချန်ဟောက်က လီယန်နှင့် လက်ထပ်ပြီး‌နောက် နာမည်ကြီးတက္ကသိုလ်ကို တက်ရောက်ခဲ့သဖြင့် သူတို့၏ ဆက်ဆံရေးတွေ ကွာဝေးလာကြသည်။ ယဲ့ရှောင်ချန်း၏ မိသားစုတင်မဟုတ်ဘဲ အခြားဆွေမျိုးများဖြင့်ပါ ဝေးကွာလာခြင်းဖြစ်သည်။ ယခုတော့ မိသားစု နောက်ခံအရဆိုလျှင် ဒေါ်ကြီးမိသားစုက အကောင်းဆုံးဖြစ်နေသည်။

ဒေါ်ကြီး၏ စရိုက်က ဆိုးရွားသည်ဟု မဆိုနိုင်သော်လည်း သူမက ကြွားဝါရတာ သဘောကျသော လူမျိုးဖြစ်သည်။ သူတို့မိသားစုတွေ စုဆုံမိကြသည့်အချိန်တိုင်း သူ့သားနှစ်ယောက် ဘယ်လောက်တော်ကြောင်း အမြဲတမ်း ပြောလေ့ရှိသည်။ ထိုကြောင့် အခြားယဲ့မိသားစုဝင်များက မပျော်ရွှင်ဖြစ်ကြရသည်။ အချိန်များ ကျော်လွန်လာသောအခါ လူအတော်များများက သူမကို မုန်းတီးလာပြီး ဆက်သွယ်မှုလည်း လျော့နည်းလာကြသည်။

အမှန်တကယ်တော့ ဒေါ်ကြီးက သူ့အပေါ် အတော်လေး ကောင်းဖူးပါသည်။ သူအထက်တန်းကျောင်းသားဘဝတုန်းက ယဲ့ရှောင်ချန်းနှင့် ဒေါ်ကြီးသား ချန်းဖန်တို့က ဂျေပထမအထက်တန်းကျောင်းကို အတူတူသွားခဲ့ကြသည်။

သူတို့ကျောင်းမှပြန်လာသည်ဖြစ်စေ ကျောင်းသို့သွားသည်ဖြစ်စေ ဒေါ်ကြီးမောင်းနှင်သော ဘတ်စ်ကားဖြင့် လိုက်ပို့ခဲ့သည်။ ဒေါ်ကြီးက သူတို့နှစ်ယောက်အတွက် အရသာရှိသော အစားအစာများ အမြဲတမ်း ချက်ပြုတ်ပေးလေ့ရှိပါသည်။

သို့သော်လည်း နောက်ပိုင်း သူ့မိဘများနှင့် ဆွေမျိုးများ ဒေါ်ကြီးအပေါ် မကျေနပ်ချက်များကြောင့် ဒေါ်ကြီးအပေါ် ယဲ့ရှောင်ချန်း၏ သဘောထားလည်း ၃၆၀ ဒီဂရီ ပြောင်းလဲသွားရတော့သည်။

All Chapters