အဆိပ်ဘုရင်
Vol. 6 Ch. 72
ဗိုလ်ချုပ်ကြီးအိမ်တော်ဝင်းအတွင်း တိတ်ဆိတ်အေးချမ်းသည့်နေရာတစ်ခုတွင်...
စုယုဝေက ကျောက်တုံးတစ်တုံးပေါ်တွင် ဆိတ်ငြိမ်စွာထိုင်နေလျက်ရှိသည်။ သူမကခပ်မတ်မတ်ထိုင်နေခဲ့သလို သူမရဲ့ရင်သားအမို့အရှိုက်ကိုလည်း ခပ်ယောင်ယောင်မြင်တွေ့နေရပြီး သူမရဲ့သေးကျဉ်ကာနွဲ့နှောင်းသည့်ခါးလေးက ဘယ်သူ့ကိုမဆို ပွေ့ဖက်ထားချင်စိတ်ဖြစ်ပေါ်လာအောင် ဆွဲဆောင်မှုရှိလွန်းလှသည်။
မူလချီတွေက သူမခန္ဓာကိုယ်ပတ်လည်မှာ စီးဆင်းနေလျက်ရှိပြီး ပတ်ဝန်းကျင်ရှိမူလချီတွေက အမျှင်တန်းတွေတစ်ခုပြီးတစ်ခု သူမထံတစ်ဟုန်ထိုးတိုးဝင်လာခဲ့ကာ နောက်ဆုံးမှာ သူမ၏ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားခဲ့ရသည်။
တစ်ဆက်တည်းမှာ သူမခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံအလား ခပ်သဲ့သဲ့အသံတစ်ခု ပဲ့တင်ရိုက်ခတ်ထွက်ပေါ်လာခဲ့သည်။
စုယုဝေရဲ့ ရေလိုကြည်လင်ကာတည်ငြိမ်သည့်မျက်လုံးအစုံက ရုတ်ချည်းပွင့်လာခဲ့ရပြီး အနီရောင်လျှပ်စီးတစ်ခု ဖြတ်ခနဲတောက်ပသွားခဲ့ရသည်။ ထို့နောက်မှာ သူမရဲ့လက်တစ်ဖက်ကို ရှေ့သို့ဖြည်းညှင်းစွာဆန့်ထုတ်ခဲ့လိုက်သည်။
ဝုန်း...
အနီရောင်မူလချီတစ်ခုက သူမညာလက်ထံမှ မြင့်တက်လာခဲ့သည်။ ၎င်း၏ပုံစံက လျှပ်စီးတစ်ခုကခုန်နေဟန်ရှိကာ ၎င်းရဲ့အထဲမှာ မီးလောင်ကျွမ်းနေသကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသည့်အရှိန်အဝါတစ်ခု ပျံ့နှံ့ထွက်ပေါ်စေသည်။
ထို့နောက်မှာ သူမရဲ့ဘယ်လက်က ဆန့်ထွက်လာခဲ့ပြီး အပြာရောင်ရေခဲမူလချီတစ်ခုကလည်း ၎င်းထံမှထွက်ပေါ်လာခဲ့ရပေသည်။ အဆိုပါမူလချီက အလွန်အမင်းအေးစက်လှသည့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကာ ၎င်းမြင့်တက်သွားသည့်လမ်းကြောင်းတစ်လျှောက်ရှိ လေထုကိုပင်အေးခဲသွားစေခဲ့ရသည်။
အဆင့် ၄မူလချီ... မီးလျှံလျှပ်စီးချီ...
အဆင့် ၄မူလချီ... ရေခဲမြူချီ...
စုယုဝေကနောက်ဆုံးမှာ မီးလျှံလျှပ်စီးအလင်္ကာနှင့် ရေခဲမြူကျင့်စဉ်တို့ကို တစ်ပြိုင်နက်တည်းအောင်မြင်သွားခဲ့ပြီဖြစ်သည်။
စုယုဝေရဲ့တောက်ပတဲ့မျက်လုံးတွေထဲမှာ အပျော်တွေနဲ့ပြည့်နှက်နေခဲ့ရသလို သူမရဲ့လက်တွေမှထွက်ပေါ်နေသည့် မတူညီတဲ့မူလချီနှစ်ခု၏စွမ်းရည်ကိုကြည့်နေရင်းမှ သူမမျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်လာခဲ့ရသည်။ ဒီမူလချီကျင့်စဉ်နှစ်ခုကို ကျွမ်းကျင်သွားခဲ့ပြီးနောက်မှာ သူမရဲ့ခွန်အားက သိသိသာသာမြင့်တက်လာခဲ့သည်ကို သူမအနေဖြင့်ကောင်းစွာခံစားနိုင်ခဲ့ရသည်။
သူမချီစုဆောင်းမှုအဆင့်ကို စတင်ရောက်ရှိခဲ့စဉ်ကာလက သူမအနေဖြင့် မည့်သည့်ချီကျင့်ကြံခြင်းနည်းလမ်းကိုမျှလေ့လာလေ့ကျင့်ထားခဲ့ခြင်းမရှိသည့်အတွက်ကြောင့် သူမကိုယ်တွင်းရှိ မူလချီတွေက စွမ်းရည်ကင်းမဲ့လှသည့် အခြေခံအကျဆုံးမူလချီအဖြစ်သာရှိနေခဲ့သည်။ ဒါက သူမရဲ့တိုက်ခိုက်မှုတွေမှာ ထူးခြားတဲ့အကျိုးသက်ရောက်မှုတွေပါဝင်နေခြင်းမရှိဘဲ အခြားလူတွေထက်ပိုပြီးအားနည်းသည်လို့ ဆိုလိုခြင်းပင်ဖြစ်သည်။
ဖြောင်း... ဖြောင်း...
စုယုဝေတစ်ယောက် မတူညီတဲ့မူလချီနှစ်မျိုးကို ပျော်ရွှင်စွာဖြင့်ကြည့်နေစဉ်မှာပင် လက်ခုပ်ဩဘာပေးသံတစ်ခုကို အမှတ်မထင်ကြားလိုက်ရသည်။ သူမရဲ့ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ သူမအနားတွင်ရပ်နေလျက်ရှိပြီး အလွန်အမင်းပြုံးရွှင်နေသည့်မျက်နှာထားဖြင့် လက်ခုပ်တီးနေသည့်ဇူယွမ်ကို မြင်လိုက်ရ၏။
"မင်းသားလေး..." စုယုဝေ၏မျက်နှာထက်တွင် ခပ်ဖွဖွအပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
"ဂုဏ်ယူပါတယ်... နင်ကအခုဆိုရင် နတ်ဘုရားကျင့်စဉ်နှစ်ခုကိုလေ့ကျင့်အောင်မြင်သွားခဲ့ပြီးတော့ ကမ္ဘာကြီးကိုပေါင်းစည်းနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်လာခဲ့ရပြီ..." ဇူယွမ်ကစနောက်လိုက်၏။
စုယုဝေက ဇူယွမ့်ကိုမျက်လုံးလှန်၍ အနည်းငယ်ဆွဲဆောင်မှုရှိစွာကြည့်လိုက်သည်။ ထို့နောက်မှာ သူမရဲ့လက်ကိုမြှောက်ပြလိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာပြောသည်... "ဒါရဲ့စွမ်းအားကို နင်စမ်းကြည့်ချင်လား..."
ဇူယွမ်ကို့ရို့ကားရားနိုင်စွာဖြင့်ပင် ပြုံးလိုက်မိသည်။ အဆင့် ၄မူလချီနှစ်ခုကို အောင်မြင်စွာလေ့ကျင့်နိုင်ခဲ့ပြီးနောက်မှာ စုယုဝေရဲ့စွမ်းအားက သံသယရှိစရာမလိုလောက်အောင်ပင် တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရပေမည်။ သူမက ချီစုဆောင်းမှုစဦးအဆင့်မှာသာရှိနေပေမဲ့လည်း အမှန်တကယ်ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင် ချီစုဆောင်းမှုအလယ်အဆင့်မှာရှိနေသည့်ကျင့်ကြံသူတွေတောင်မှ သူမကိုအနိုင်ယူနိုင်ဖို့ ခက်ခဲမှုရှိပေလိမ့်မည်။
ဒါ့အပြင် မူလချီနှစ်မျိုးကိုလေ့ကျင့်အသုံးပြုနိုင်မှုက သူမပြိုင်ဘက်ကို ကြီးစွာခေါင်းခဲစေနိုင်ပေသည်။
စုယုဝေတစ်ယောက် ချီစုဆောင်းမှုအဆင့်ကို စတင်ခြေချနိုင်ခဲ့စဉ်အခါက ဇူယွမ့်အနေဖြင့်သူ့ကိုယ်သူ စုယုဝေထက်အားနည်းမှုမရှိဘူးလို့ ယုံကြည်မှုရှိပေသည်။ သို့ပေမဲ့လည်း အခုအချိန်တွင်တော့ သူက စုယုဝေ၏ပြိုင်ဘက်တစ်ယောက်မဟုတ်တော့ပေ။ သူကချီစုဆောင်းမှုအဆင့်ကိုရောက်ရှိပြီး မူလမှော်စာလုံးတွေရဲ့စွမ်းအားကို အသုံးပြုခဲ့မယ်ဆိုရင်တော့ စုယုဝေကိုယှဉ်နိုင်ဖို့ အခွင့်အရေးရနိုင်ပေလိမ့်မည်။
တစ်ကယ်တော့ဒီအရာက ဘိုးဘေးနဂါးပုရပိုက်ပထမအဆင်ဖြစ်သည့် စပါးအုံးဘုရင်ချီကို သူ့အနေဖြင့် လေ့ကျင့်နိုင်ခြင်းမရှိသေးစဉ်မှာ ကြိုတင်သတ်မှတ်ချက်တစ်ခုသာဖြစ်သည်။
"ဘိုးဘေးနဂါးပုရပိုက်က တကယ့်ကိုခက်ခဲတာပဲ..." ဒီအတွေးတွေသူ့ရဲ့ခေါင်းထဲဝင်ရောက်လာသည့်အခါ ဇူယွမ်တစ်ယောက် သက်တောင့်သက်သာမရှိစွာ သင်ပြင်းကိုသာချလိုက်မိ၏။ စုယုဝေရဲ့ မီးလျှံလျှပ်စီးအလင်္ကာနဲ့ ရေခဲမြူကျင့်စဉ်လေ့ကျင့်ရာမှာ မူလအရင်းအမြစ်တွေများစွာလိုအပ်သော်လည်း ၎င်းအရင်းအမြစ်တွေက မူလပုံဆောင်ခဲတွေအသုံးပြုကာ ဝယ်ယူ၍ရနိုင်ပေသည်။ ဒါ့ကြောင့်ပင် စုယုဝေရဲ့ပါရမီရှိမှုနှင့်အတူ ထိုကျင့်စဉ်နှစ်ခုကို ဆယ်ရက်အတွင်းမှာပင် အောင်မြင်စွာလေ့ကျင့်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘိုးဘေးနဂါးပုရပိုက်ရဲ့ပထမအဆင့်ကိုလေ့ကျင့်ဖို့ လိုအပ်သည့်မူလအရင်းအမြစ်တွေကို စုဆောင်းနိုင်ခြင်းမရှိသေးသည့် သူနှင့်ယှဉ်လိုက်လျှင် ဒါကသူ့ကို အမှန်တကယ်ငိုချင်သွားမိစေသည်။
ကံကောင်းတာတစ်ခုက သူ့ရဲ့မနားမနေကြိုးစားအားထုတ်မှုကြောင့် သူ၏ရှစ်ခုမြောက်ဝင်ပေါက်အတားအဆီးက လွန်စွာလျော့ပါးလာခဲ့ရပြီဖြစ်သည်။ ၎င်းကိုအလုံးစုံချိုးဖျက်နိုင်ဖို့က အချိန်ကြာမြင့်စွာလိုအပ်လိမ့်တော့မည်မဟုတ်ပေ။
"သွားကြစို့... ငါတို့တွေ အဆိပ်ရေအိုင်ကို ဒီနေ့စထွက်ကြမယ်..." ဇူယွမ်က သူ့ရဲ့စိတ်ပျက်လက်ပျက်ဖြစ်နေမှုတွေကို ပြန်လည်သိမ်းဆည်းလိုက်ကာ စုယုဝေကိုပြုံး၍ပြောလိုက်သည်။
စုယုဝေက ပေါ့ပါးစွာပင်ခေါင်းညိတ်ပြလိုက်ပြီး သူမကိုယ်သူမ အနည်းငယ်သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီးနောက်မှာ ဇူယွမ်နဲ့အတူ ဗိုလ်ချုပ်ကြီးအိမ်တော်အပြင်ဘက်သို့ လိုက်ပါလာခဲ့သည်။
ဝေကန်းလန်တို့က အိမ်တော်အပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေလျက်ရှိကြသည်။ သူ၏ဘေးတွင် သွယ်လျလျခန္ဓာကိုယ်နှင့် ကြော့ရှင်းလှပသည့်ဝေချင်းချင်းက အနီရောင်ချပ်ဝတ်၊ တိုက်ခိုက်ရေးဝတ်စုံ၊ တိုက်ခိုက်ရေးဖိနပ်တို့ကိုဝတ်ဆင်ထားလျက်ရှိသည်။
သူမဝတ်ဆင်ထားသည့် အနည်းငယ်မြင့်မားတဲ့တိုက်ခိုက်ရေးဖိနပ်က သူမရဲ့ရှည်လျားသေးသွယ်သည့်ခြေတံတစ်စုံနှင့် လွန်စွာမှပင်ပနံသင့်လှပေသည်။ ဇူယွမ်တောင်မှပင် နောက်ထပ်တစ်ကြိမ်ထပ်ကြည့်လိုက်မိရသည်။
ဝေချင်းချင်းက စုယုဝေနဲ့ယောင်ယောင်တို့လောက် လှပခြင်းမရှိပေမဲ့ သူမရဲ့ခြေထောက်လေးတွေက လွန်စွာလှပလို့နေရကာ ဘယ်သူမဆို ဒီအရာကိုမေ့ပျောက်သွားစေနိုင်ဖို့စွမ်းနိုင်လိမ့်မည်မဟုတ်ပေ။
ဝေကန်းလန်နှင့်ဝေချင်းချင်းတို့၏နောက်တွင် လူငါးယောက်ရှိနေသည်။ စွမ်းအားပြည့်ဝလှသည့်မူလချီတွေက သူတို့အနီးတစ်ဝိုက်တွင်လှည့်ပတ်နေရကာ ဒီအရာကပင် သူတို့ငါးယောက်စလုံးက ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေဖြစ်ကြောင်းဖော်ပြနေပေသည်။
သူတို့ရဲ့နောက်မှာ ကြမ်းတက်ခက်ရော်သည့် စွမ်းအားမြင့်ကျင့်ကြံသူဆယ်ယောက်ကျော်လည်းရှိလို့နေသည်။ သူတို့ထဲကတစ်ယောက်ချင်းစီတိုင်းက ချီစုဆောင်းမှုအဆင့်ကိုရောက်ရှိနေကြသည့် ကျင့်ကြံသူတွေပင်ဖြစ်ကြသည်။
ဒီအစုအဖွဲ့က ကန်းလန်စီရင်စု၏ စွမ်းအားအမြင့်ဆုံးအစုအဖွဲ့ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဝေကန်းလန်တို့လူစုရဲ့ဘေးမှာတော့ နန်းတော်အစောင့်အရှောက်တပ်ဖွဲ့ရှိလေသည်။ ဒီတစ်ကြိမ်လာရောက်ရာမှာ လုတိန်ရှန်းက ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူသုံးယောက်နှင့် ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူ ၁၂ယောက်ခေါ်ဆောင်လာခဲ့သည်။
ဒီအင်အားစုနှစ်ခုပေါင်းစည်းထားသည့်အင်အားက လွန်စွာမှပင်ဟိတ်ဟန်ကြီးမားလှပေသည်။
"အဆင်သင့်ဖြစ်ပြီလား မင်းသားလေး..." ဇူယွမ်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ဝေကန်းလန်ကပြုံး၍မေးသည်။
ဇူယွမ်ခေါင်းညိတ်ပြလိုက်၏။
ဝေကန်းလန်က လျင်မြန်သွက်လက်မှုရှိသလို ဆုံးဖြတ်ချက်တိကျပြတ်သားသူတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့်ပင် ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်ကိုမြင်သည်နှင့်တစ်ပြိုင်နက် သူကလက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်... "ဒါဆိုရင် ငါတို့တွေစထွက်ကြမယ်..."
သူ့ရဲ့အမိန့်သံထွက်ပေါ်လာသည်နှင့် တပ်ဖွဲ့နှစ်ခုစလုံးက စတင်ရွေ့လျားလိုက်ကြသည်။ သူတို့တွေက မြို့တော်အပြင်ဘက်ကိုရောက်ရှိလာပြီးနောက်တွင် အဆိပ်ရေအိုင်သို့ဦးတည်ကာ အပြင်းချီတက်သွားလိုက်ကြသည်။
...
အဆိပ်ရေအိုင်၊ အဆိပ်မြို့တော်၊ မြို့တော်အရှင်သခင်၏ အိမ်တော်အတွင်းဝယ်...
ရင်းရင်းနှီးနှီးရှိလှသည့်လူတစ်ယောက်က ဧည့်ခန်းအတွင်းထိုင်နေလျက်ရှိပေသည်။ ၎င်းက လွန်ခဲ့သည့်ရက်ပိုင်းကမှ ကန်းလန်စီရင်စုကနေ တိမ်းရှောင်ထွက်ပြေးလာခဲ့သည့် ချီဟောင်ပင်ဖြစ်သည်။
"အိုး... ချီအိမ်တော်က ငါ့ကိုအတူပူးပေါင်းစေချင်တာလား..."
ထိတ်လန့်စရာကောင်းလှသည့်အသံတစ်ခုက ဧည့်ခန်းအတွင်း၌ ပဲ့တင်ရိုက်ခတ်ထွက်ပေါ်လာခဲ့သည်။ ထိုစကားကိုပြောလိုက်သူက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားလျက် မျက်နှာထက်တွင် အပြုံးတုတစ်ခုဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပင်ဖြစ်သည်။ သူ့ရဲ့နှာခေါင်းကချွန်ထက်နေကာ သူ့ရဲ့မျက်နှာပေါ်မှာ အနက်ရောင်အစက်အပြောက်များစွာရှိနေသည်။ အနက်ရောင်ချီအမျှင်တန်းတွေက သူ့ပတ်ပတ်လည်မှာမြင့်တက်နေသလို ဆိုးရွားလှသည့်အနံ့အသက်တစ်ခုကလည်း ခပ်သဲ့သဲ့ပျံ့နှံ့နေလျက်ရှိသည်။
ထိုအနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူက အဆိပ်မြို့တော်၏ နာမည်ဆိုးဖြင့်ကျော်ကြားနေသည့်အရှင်သခင်ဖြစ်သူ အဆိပ်ဘုရင်ပင်ဖြစ်သည်။
နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် အဆိပ်ဘုရင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံနေရခြင်းက ချီဟောင်၏နဖူးပြင်ထက်မှာ အေးစက်တဲ့ချွေးတွေထွက်ပေါ်နေစေခဲ့သည်။ သို့ပေမဲ့လည်း ချီဟောင်က သူ့ရဲ့ကြောက်ရွံ့ထိတ်လန့်မှုကို ထိန်းသိမ်းလိုက်ပြီး ခေါင်းညိတ်ပြလျက် လက်နှစ်ဖက်ဆုပ်ကာ တလေးတစားပင်ပြောလိုက်သည်... "ဒီတစ်ကြိမ်အဆိပ်ရေအိုင်မှာပေါ်ပေါက်လာခဲ့တဲ့ ရှေးဟောင်းနယ်မြေအရေးမှာ တော်ဝင်ကလန်နဲ့ ဝေကန်းလန်တို့ရဲ့အင်အားတွေ ပူးပေါင်းသွားခဲ့ကြပြီ... အဆိပ်မြို့တော်က အဆိပ်ရေအိုင်ရဲ့အရှင်သခင်လို့ပြောနိုင်ပေမဲ့လည်း သစ်ပင်တစ်ပင်တည်းက တောအုပ်တစ်ခုလုံးကိုထောက်ပံ့မပေးနိုင်ဘူးဆိုတဲ့ ဆိုးရိုးစကားရှိတယ်မလား... တကယ်လို့ခင်ဗျားကသာ ချီအိမ်တော်နဲ့ပူးပေါင်းမယ်ဆိုရင် ကျုပ်တို့က သူတို့တွေကို ကြီးကြီးမားမားဆုံးရှုံးသွားအောင် ပြုလုပ်နိုင်စွမ်းရှိလိမ့်မယ်..."
"ငါက ဝေကန်းလန်ကိုမကြောက်ဘူး..." အဆိပ်ဘုရင်က ရယ်မောကာပြောလိုက်သလို ချီဟောင်ကိုကြည့်နေသည့် သူ့ရဲ့အမူအယာကလည်း ချောက်ချားစရာကောင်းလှပေသည်။
"ဒါ့အပြင် ဇူချင်ကိုယ်တိုင်မလာဘူးဆိုတာ ငါမသိဘူးလို့များ မင်းကထင်နေတာလား... သူ့လိုမျိုးအခြားမူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက် ရှိမနေဘူးဆိုရင် ဝေကန်းလန်က ငါ့ကိုအနိုင်ယူနိုင်လိမ့်မှာမဟုတ်ဘူး..."
"ဒါ့အပြင် ငါ့ရဲ့လက်ကိုငှါးပြီး ဝေကန်းလန်ကိုရင်ဆိုင်စေဖို့မျှော်လင့်ချက်နဲ့ မင်းရောက်လာတာလို့ ငါသုံးသပ်မိတယ်..."
"ဒီလိုဆိုမှတော့ ငါ့ရဲ့သဘောထားအမှန်ကိုပြရတော့မှာပေါ့... ဒီလိုမှမဟုတ်ရင်..."
အဆိပ်ဘုရင်၏အနီးဝန်းကျင်မှာ အနက်ရောင်ချီတွေမြင့်တက်လာမှုက ချီဟောင့်ကိုစက္ကန့်အနည်းငယ်ကြာ အေးခဲသွားစေခဲ့သည်။ မကြာမီမှာပင် သူကလေသံတိုးတိုးဖြင့်ပြောလိုက်သည်... "အဆိပ်ဘုရင်... ဝေကန်းလန်က ခင်ဗျားကိုသူ့ရဲ့ရင်ထဲမှာ အကြီးမားဆုံးဆူးတစ်ချောင်းအဖြစ်မြင်နေပြီးတော့ ခင်ဗျားကိုအချိန်မရွေးရှင်းထုတ်ပြစ်ဖို့စောင့်ကြည့်နေတယ်ဆိုတာကို ခင်ဗျားသိထားသင့်တယ်..."
"ခင်ဗျားကလည်း ဒီကြီးမားတဲ့အန္တရာယ်ကို ဖယ်ရှားပြစ်ဖို့ဆန္ဒရှိမယ်လို့ ကျွန်တော်ထင်တယ်... ကျွန်တော်ပြောတာမှန်ရဲ့လား..."
အဆိပ်ဘုရင်ရဲ့မျက်လုံးတွေ အနည်းငယ်မှေးစင်းသွားခဲ့ရ၏။ ဝေကန်းလန်က သူကိုယ်တိုင်ကန်းလန်စီရင်စုအတွင်းမှာပဲနေထိုင်နေခဲ့ပေမဲ့ အဆိပ်မြို့တော်ရဲ့လှုပ်ရှားမှုတိုင်းကို သတိကြီးစွာထား၍စောင့်ကြည့်နေခဲ့သည်။ သူတို့တစ်ကြိမ်လှုပ်ရှားလိုက်တိုင်းမှာ ဝေကန်းလန်ကချက်ချင်းပင်လှုပ်ရှားလာခဲ့ပြီး သူတို့ကိုရပ်တန့်ခဲ့ကာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အဆိပ်ရေအိုင်အတွက် ပြဿနာပေါင်းများစွာဖြစ်စေခဲ့သည်။ ထို့ကြောင့်ပင် အဆိပ်ဘုရင်က ဝေကန်းလန်ကို ဖြေရှင်းဖို့လိုအပ်သည့် ကြီးမားသည့်ပြဿနာတစ်ခုအဖြစ် ထင်မှတ်ထားခဲ့သည်။
"အဆိပ်ဘုရင်ကသာ ချီအိမ်တော်ကို မီးဝိညာဉ်အစေ့ရရှိအောင် ကူညီပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ကတော်ဝင်ကလန်ကို ဖြုတ်ချနိုင်လိမ့်မယ့်အပြင် အဆိပ်ရေအိုင်ကလည်း ကန်းလန်စီရင်စုကို ပိုင်ဆိုင်ရလိမ့်မယ်..." ချီဟောင်ကပြောသည်။
"အိုး..." အဆိပ်ဘုရင်၏မျက်ခုံးတွေ မြင့်တက်သွားခဲ့ရပြီး... "ဒီလိုဆိုရင်မင်းတို့က တော်ဝင်ကလန်ကို သေချာပေါက်ဖြုတ်ချနိုင်လိမ့်မှာလား..."
ချီဟောင်ကအေးစက်စွာရယ်မောကာ ပြောလိုက်သည်... "ချီအိမ်တော်မှာ ဝူအင်ပါယာရဲ့ကျောထောက်နောက်ခံရှိတယ်... တော်ဝင်ကလန်ရဲ့ သနားစရာကောင်းတဲ့လှုပ်ရှားမှုတွေက ဝူအင်ပါယာကိုယှဉ်နိုင်လိမ့်မယ်လို့ အဆိပ်ဘုရင်က ယုံကြည်နေတာလား..."
အဆိပ်ဘုရင်က အချိန်အနည်းငယ်ကြာတိတ်ဆိတ်သွားခဲ့ရပြီးနောက်မှာ ဖြည်းညှင်းစွာပဲပြောလိုက်သည်... "မီးဝိညာဉ်အစေ့လိုရတနာတစ်ခုက အဆိပ်မြို့တော်အတွက် အရမ်းကိုတန်ဖိုးရှိတယ်..."
ချီဟောင်က တည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်... "ဒါပေမဲ့ အဆိပ်မြို့တော်က ဒါကိုရနိုင်လိမ့်မှာမဟုတ်ဘူး... တကယ်လို့သာခင်ဗျားက ဒါကိုအတင်းအဓမ္မယူခဲ့မယ်ဆိုရင် ချီအိမ်တော်က ဒီအတိုင်းလွှတ်ပေးထားမှာမဟုတ်သလို ချီအိမ်တော်ရဲ့နောက်မှာရှိတဲ့ ဝူအင်ပါယာကလည်း ခွင့်ပြုလိမ့်မှာမဟုတ်ဘူး..."
အဆိပ်ဘုရင်က ချီဟောင်ရဲ့အစောပိုင်းစကားတွေကို ကြားလိုက်ရတဲ့အခါ အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်မိပေမဲ့ ဝူအင်ပါယာဆိုသည့်အသံကိုကြားလိုက်ရသည့်အခါ သူ့ရဲ့မျက်နှာကပြောင်းလဲသွားခဲ့ပြီး သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေဖြတ်ပြေးသွားခဲ့ရသည်။
လက်ရှိဝူအင်ပါယာက ဇူအင်ပါယာနှင့်မတူပေ။ ဝူအင်ပါယာက တိုးတက်နေသည့်နိုင်ငံတစ်ခုဖြစ်ပြီး များစွာသောကျင့်ကြံသူတွေကိုလည်းပိုင်ဆိုင်ထားရကာ ၎င်းရဲ့တည်ရှိမှုက သူ့ရဲ့အဆိပ်မြို့တော်ထက် များစွာသာလွန်မှုရှိပေသည်။ သူတို့ကသာဝူအင်ပါယာကို စော်ကားမိခဲ့မယ်ဆိုရင် သူဆိုသည့်အဆိပ်ဘုရင်ရဲ့အဆုံးသတ်က လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ အဆုံးသတ်သွားရပေလိမ့်မည်။
အဆိပ်ဘုရင်က ဘယ်လိုဖြစ်လာမည်ဆိုတာကိုမသိပေမဲ့လည်း ဝူအင်ပါယာကလက်ရှိအချိန်မှာ အခြားအင်ပါယာနှစ်ခုနှင့် စစ်ပွဲရင်ဆိုင်နေရသည့်အတွက် ဒီလိုဝေးလံလှသည့်အဆိပ်ရေအိုင်လိုနေရာမျိုးအတွက် အာရုံစိုက်နိုင်လိမ့်မည်မဟုတ်ပေ။
အဆိပ်ဘုရင်ရဲ့မျက်လုံးတွေထဲမှာ အတွေးတွေဖြင့်ပြည့်နှက်နေခဲ့ရပြီး တစ်ခဏအကြာမှာပင် သူကဖြည်းညှင်းစွာပြောလိုက်၏... "ငါ မင်းတို့နဲ့အတူပူးပေါင်းနိုင်တယ်..."
ချက်ချင်းဆိုသလိုပင် ချီဟောင်၏မျက်နှာထက်တွင် အပျော်တွေမြင့်တက်လာခဲ့ရသည်။
"ဒါပေမဲ့..." အဆိပ်ဘုရင်က ခဏရပ်တန့်လိုက်ပြီးနောက်မှာ အေးစက်စွာပင်ပြောသည်... "ကန်းလန်စီရင်စုတစ်ခုတည်းက ငါ့ကိုလှုပ်ရှားစေဖို့မလုံလောက်သေးဘူး... အဆိပ်ရေအိုင်အနီးမှာရှိတဲ့ မြို့တော်နှစ်ခုကိုလည်း ငါလိုချင်တယ်..."
အဆိပ်ဘုရင်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ချီဟောင်၏အမူအယာက ရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။ ဇူအင်ပါယာအတွင်းမှာ မြို့တော်ပေါင်း ၁၃ခုရှိနေပြီး အဆိပ်ဘုရင်က အဲ့ဒီအထဲကမှ ကန်းလန်စီရင်စုအပါအဝင် မြို့တော်သုံးခုကိုအလိုရှိနေပေသည်။ ဒီအရာက ဇူအင်ပါယာနယ်မြေ၏ လေးပုံတစ်ပုံအကျယ်အဝန်းဖြစ်သည်။ ဒီလိုလိုချင်တပ်မက်မှုမျိုးက အလွန်ပင်ကြီးမားလှသည်လို့သာ ပြောနိုင်ပေတော့မည်။
အဆိပ်ဘုရင်က ဂရုမစိုက်သည့်လေသံဖြင့်ပြောသည်... "တကယ်လို့မင်းကသဘောမတူဘူးဆိုရင် မင်းလာခဲ့တဲ့နေရာကိုပဲ ပြန်သွားလိုက်တော့..."
ချီဟောင်ရဲ့မျက်လုံးတွေက ခပ်မြန်မြန်လှုပ်ရှားသွားခဲ့ရပြီး နောက်ဆုံးမှာသူကအံကိုတင်းတင်းကြိတ်လိုက်ကာ အဖြေပြန်ပေးလိုက်သည်... "ကောင်းပြီ... တကယ်လို့ ခင်ဗျားကသာ မီးဝိညာဉ်အစေ့ကိုရရှိဖို့ ကူညီပေးနိုင်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာအဆိပ်မြို့တော်က အဲ့ဒီမြို့တော်သုံးခုကို ပိုင်ဆိုင်ရလိမ့်မယ်..."
ဒီစကားကိုကြားလိုက်ရသည့်အခါ နောက်ဆုံး၌ အဆိပ်ဘုရင်၏ကြောက်မက်ဖွယ်ရာကောင်းလှသည့်မျက်နှာထက်မှာ အပြုံးတစ်ခုပေါ်ထွက်လာခဲ့ရပေသည်။
"ဒီလိုဆိုမှတော့ အဆိပ်ရေအိုင်က ဒီကိစ္စကိုလက်ခံရတော့မှာပေါ့..."
ချီဟောင်တိတ်တဆိတ်ပင် သက်ပြင်းချလိုက်မိသည်။ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး အဝေးတွင်ရှိသည့် ကန်းလန်စီရင်စုရှိရာအရပ်ကို ရက်စက်မှုတွေပြည့်နှက်နေသည့်မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်မိသည်။
ဇူယွမ်... မင်းက ဝေကန်းလန်ကိုစည်းရုံးနိုင်ခဲ့တယ်ဆိုပြီး အရမ်းကြီးပျော်မနေနဲ့ဦး... ရှေးဟောင်းနယ်မြေအတွက်တိုက်ပွဲမှာ အနိုင်ရမယ့်သူကို ဆုံးဖြတ်ပြီးသွားခဲ့ပြီ...
========================================
ဒီနေ့ကစပြီး တစ်ရက်နှစ်ပိုင်းတင်ပေးပါ့မယ်နော်...