← Chapters

ချို့ယွင်းချက်များ

Vol. 2 Ch. 27

ချို့ယွင်းချက်များ

Vol. 2 Ch. 27

အခန်း(၂၇) – ချို့ယွင်းချက်များ

အချိန်အတော်ကြာ ရှာဖွေပြီးနောက် ယဲ့ရှောင်ချန်းသည် နောက်ဆုံးတော့ သူလိုအပ်နေသည့် အချက်အလက်ကို ရှာတွေ့သွားသည်။

"အမှန်ပဲ၊ ငါထင်တဲ့အတိုင်း အပင်သန်ဆေးကို မျိုးစေ့စိုက်တဲ့အချိန်မှာလည်း သုံးလို့ရတယ်။ ပုံမှန်ဆိုရင် သုတေသနလုပ်တုန်းက ပြဿနာမျိုးစုံကြောင့် မျိုးစေ့ရဲ့ အသိစိတ်က ပြည့်စုံမှုရှိမနေဘူး။ ပျိုးထောင်မှု လုပ်ငန်းစဥ်မှာသာ မျိုးစေ့ရဲ့အသိစိတ်ကို တိုးမြှင့်နိုင်မယ်ဆိုရင် မျိုးစေ့က သူ့ရဲ့အပြစ်အနာအဆာကို အလိုလျောက် ကုသနိုင်တယ်။ အပင်သန်ဆေးမှာ ဒီလို ထူးခြားတဲ့ အာနိသင်ရှိနေတာပဲ။"

ယဲ့ရှောင်ချန်းသည် ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်မှာ ဖော်ပြထားသော အချက်အလက်ကို ကြည့်ကာ ပြုံးလိုက်သည်။

အပင်များကို ပျိုးထောင်ရာတွင် သေချာပေါက် သူသည် အပင်သန်ဆေးကို သုံးနိုင်သည်။ အပြစ်အနာအဆာ မရှိရင်တောင် အလွန်အားသာသော အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။

မျိုးစေ့များကို ပျိုးထောင်ရန် အပင်သန်ဆေးကို သုံးပါက အရင်အခါများထက် ဟင်းသီးဟင်းရွက်များ ပိုမိုသန်မာပြီး အပင်သန်ဆေး အများကြီး အသုံးပြုသဖြင့် ငွေကြေးကုန်ကျမယ်ကိုလည်း စိုးရိမ်စရာမလိုပေ။ အပင်သန်ဆေး၏ ကဏ္ဍက ဓာတ်ကူပစ္စည်းအဖြစ် ဆောင်ရွက်ခြင်းကြောင့်သာဖြစ်သည်။

ထိုအတိုင်းအတာအထိ စဥ်းစားပြီး ယဲ့ရှောင်ချန်းသည် အပင်သန်ဆေးကို အလျင်အမြန် အသုံးပြုလိုက်သည်။

အရင်မျိုးစေ့များက စိုက်ပျိုးရန်အသင့်ဖြစ်နေပြီဖြစ်ပြီး ၎င်းတို့ကို ဓာတ်ကူပစ္စည်းဖြင့် စိမ်ရန်မလိုအပ်ပါ။

အညှောက်ပေါက်ခြင်းအပေါ် အပင်သန်ဆေး၏ အာနိသင်ကို စမ်းသပ်ရန်အတွက် ယဲ့ရှောင်ချန်းသည် မျိုးစေ့ကို အုပ်စုနှစ်ခုခွဲပြီး သုတေသန စမ်းသပ်လိုသည်။

တောင်ပိုင်းဂလိုဘယ်စိုက်ပျိုးရေး မျိုးစေ့နည်းပညာ ကုမ္ပဏီလစ်မစ်တက်

၎င်းမှာ စိုက်ပျိုးရေးလုပ်ငန်းတွင် ဦးဆောင်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ထျန်းလုံအုပ်စုမှ ရန်ပုံငွေဖြင့် တည်ထောင်ထားပြီး ၎င်းသည် သိပ္ပံပညာ သုတေသနလုပ်ငန်းများဖြစ်သည့် မျိုးစေ့အသစ်တီထွင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ပြည်နယ်အတွင်းရှိ ကျယ်ပြန့်သော လုပ်ငန်းကော်ပိုရေးရှင်းကြီးဖြစ်ပြီး အဆင့်မြှင့်တင်ထားသော ဟင်းသီးဟင်းရွက်မျိုးစေ့မျိုးစုံကို ရောင်းချသည်။

ထိုကုမ္ပဏီ၏ ဟင်းသီးဟင်းရွက်မျိုးစေ့များက အလွန်ကောင်းမွန်ပြီး တောင်ပိုင်းပြည်နယ်၏ မျိုးစေ့စျေးကွက်တွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့က နာမည်လည်း အတော်ကြီးပြီး အထူးသဖြင့် ယန်ရှစ်မြို့တော်ကြီး၏ စီရင်စု သုံးစု၊ ကောင်စီ ငါးခုတွင် နာမည်ကြီးသည်။

လက်ရှိအချိန်မှာ ညနေစောင်းနေပြီဖြစ်ပါသည်။

ကြီးကျယ်ခမ်းနားသော အစည်းအဝေးခန်းမကြီးထဲတွင် မီးရောင်များလင်းနေပြီး အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပနေကြသည်။

"ဒီကိစ္စက အရမ်းအရေးကြီးလို့ လူတိုင်းကို ဒီလောက် အချိန်နောက်ကျနေတာကိုတောင် ခေါ်လိုက်ရတာပါ။"

ထိပ်ဆုံးတွင် ထိုင်နေသူက အထွေထွေမန်နေဂျာ ဟယ်ဟောက်မင် ဖြစ်သည်။

သူက မျက်မှောင်ကြုတ်နေပြီး စိုးရိမ်နေပုံရသည်။

အစည်းအဝေးပွဲကို တက်ရောက်သော အခြားသူများကလည်း အာဏာရှိသူများဖြစ်ပြီး ဒီလိုအချိန်တွင် အစည်းအဝေးပွဲပြုလုပ်ခြင်းက ပြဿနာ မသေးသည်ဟူသော သဘောသက်ရောက်မှန်း သိကြသည်။

"ဝန်ကြီးလီ ကျေးဇူးပြုပြီး အခြေအနေကို ရှင်းပြပေးပါဦး။"

ဟယ်ဟောက်မင်က အနီးအနားရှိ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးကို ပြောလိုက်သည်။

ထိုလူက လီချွမ်း ဖြစ်သည်။ သူက သိပ္ပံသုတေသနဌာနကို တာဝန်ယူထားရပြီး သိပ္ပံသုတတေသနဆိုင်ရာ နောက်ခံလည်းရှိသည်။

လီချွမ်းက ခေါင်းငြိမ့်ကာ မတ်တပ်လိုက်ပြီး ပြောလိုက်သည်။ "မကြာသေးခင်က အသစ်ထုတ်လုပ်ထားတဲ့ ပန်းဂေါ်ဖီမျိုးစေ့ မြစိမ်းဘုရင်တွေမှာ အရမ်းကြီးမားတဲ့ ချွတ်ယွင်းချက်ရှိနေပါတယ်။ မျိုးစေ့အားလုံးကို ပြန်ရုတ်သိမ်းဖို့ ကျုပ် အကြံပြုလိုပါတယ်။"

"ဘာ"

"ကြီးမားတဲ့ ချွတ်ယွင်းချက်တဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ဒီမြစိမ်းဘုရင် ပရောဂျက်ကို စစ်ဆေးခဲ့ကြတယ် မဟုတ်ဘူးလား။"

"ဒါက ဒီနှစ်ရဲ့ ပထမဆုံးထုတ်ကုန်လေ၊ ဘယ်လိုဖြစ်ရတာလဲ။"

"မြစိမ်းဘုရင်ကို ကျိုးဟွေ့ကိုယ်တိုင် အတည်ပြုပေးထားတာ မဟုတ်ဘူးလား။"

"ပြသနာတက်နိုင်တယ်၊ မျိုးစေ့စျေးကွက်ထဲမှာ ကုမ္ပဏီအတွက် ထိခိုက်မှုရှိနိုင်တယ်။”

"ပြဿနာပဲ၊ ကုမ္ပဏီက လူထုရှေ့ချပြဖို့ ပြင်ဆင်နေတာကို ထိခိုက်မှုက အရမ်းများတော့မှာပဲ။”

.........

ထိုနေရာတွင် ရှိနေသော အာဏာပိုင်အားလုံး ထိတ်လန့်သွားကြသည်။

လူအများစုက အခြားလူတစ်ယောက်ကို ဝိုင်းကြည့်လိုက်ကြသည်။ ထိုလူက ကျိုးဟွေ့ဖြစ်သည်။ သူက ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပြီး ကော်ပိုရေးရှင်းနှင့် နယ်မြေများတွင် အလွန်လေးနက်သော နောက်ခံရှိသည်။

ကျိုးဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။

သူက အောင်မြင်မှုကို လိုချင်ဇောကြီးသွားသဖြင့် ထုတ်ကုန်ကို စျေးကွက်ထဲ မတင်သွင်းခင် အပြည့်အဝ မစမ်းသပ်မိခဲ့ပေ။

ပုံမှန်ဆို နောက်နှစ်မှ စျေးကွက်ထဲ တင်သွင်းရမည် ဖြစ်သည်။

ယခုတော့ ပြဿနာပေါ်လာပြီး သူအပြစ်တင်ခံရတော့မည်။

"ကျုပ်တို့ လုံးဝ မျိုးစေ့တွေကို ပြန်သိမ်းလို့ မဖြစ်ဘူး။ မစ္စတာလီ၊ မင်းရဲ့တင်ပြချက်ကို ဖတ်ပြီးပြီ။ သာမန်အခြေအနေမှာဆို အဲ့ဒီအပြစ်အနာအဆာကို တွေ့ဖို့က ခက်ခဲလွန်းတယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကုမ္ပဏီ လူထုရှေ့ချပြတော့မှာကို သိကြတယ်မလား။ မျိုးစေ့တွေကို ပြန်သိမ်းလိုက်တာနဲ့ ကုမ္ပဏီကို ဘယ်လောက် ထိခိုက်မှုရှိသွားနိုင်လဲ သိကြရဲ့လား။"

ကျိုးဟွေ့က အသက်ဝဝရှူလိုက်သည်။

ဇဝေဇဝါဖြစ်စရာ မလိုပါ။

ကုမ္ပဏီက စျေးကွက်ထဲ ဝင်တော့မည်။ အရေးကြီးသော ကိစ္စဖြစ်ပြီး အနုတ်သဘောဆောင်သော တင်ပြချက်များ ပေါ်လာလို့မရပါ။

ထိုမျိုးစေ့တွင် အပြစ်အနာအဆာရှိသည်ဟု ဆိုကာ ပြန်သိမ်းမည်ဆိုလျှင် သူတို့အတွက် ကြီးမားသော ပြဿနာတစ်ခုဖြစ်လာနိုင်သည်။

သူ့အစီအစဥ်များကို ဘယ်သူ့ကိုမှ နှောင့်ယှက်ခွင့်ပြုမည်မဟုတ်ပါ။

လီချွမ်းက ကျိုးဟွေ့ကိုကြည့်ပြီး တစ်ခုခု ပြောချင်နေသော်လည်း ရပ်တန့်လိုက်သည်။ လီချွမ်းသည် သက်ပြင်းသာ ချလိုက်မိတော့သည်။

သူက ကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်သော်လည်း တစ်ခါတစ်ရံ ကျိုးဟွေ့၏ အမြင်ကို လေးစားရသည်။

စျေးကွက်အတွင်း ဖြစ်ပျက်နေသော ဒီကိစ္စအတွက်တော့ သူစဥ်းစားရဦးမည်။

နောက်ဆုံးတော့ အတွင်းပိုင်း ဆွေးနွေးမှု ပြီးသောအခါ သူတို့မျိုးစေ့ကို ပြန်သိမ်းဖို့ မထုတ်ပြန်ဘဲ မျိုးစေ့များကို စစ်ဆေးပြီး ကုသမှုလုပ်ငန်းစဥ်များနှင့် အရေးပေါ်လုပ်ငန်းများကိုလည်း ဖန်တီးဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

......

အလုပ်များသော နေ့တစ်နေ့အပြီးတွင် ယဲ့ရှောင်ချန်းသည် အနည်းငယ် ပင်ပန်းသွားပြီဖြစ်သည်။

ရေချိုးပြီးသွားသောအခါ သူသည် ဝါးကုတင်အား အင်မော်တယ်မြေသို့ ရွှေ့ကာ အိပ်ဖို့ကြံနေစဥ်ဖြစ်သည်။ ထိုအခါ သူထောင့်နားတွင် သိမ်းထားသော မြေသြဇာအကြောင်း မှတ်မိသွားသည်။ ရက်အနည်းငယ်ကြာနေပြီဖြစ်ပြီး သူ မကြည့်ရသေးပေ။ ယခုတော့ ဘယ်လိုပုံစံ ဖြစ်နေပြီလည်း သူ မသိရသေးပါ။

ယဲ့ရှောင်ချန်းသည် ချက်ချင်း ဓာတ်မီးကိုယူပြီး သွားလိုက်သည်။

ခြင်းထဲက အင်မော်တယ်မုန်လာဥရွက်များသည် အရောင်ပြောင်းသွားပြီဖြစ်ပြီး ထူးဆန်းသော အနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ အပုပ်နံ့တော့ မဟုတ်ပေ။ အနံ့က မပြင်းဘဲ အနည်းငယ် ဖျော့တော့သည်။

ရိုးရိုးသားသား ပြောရလျှင် အင်မော်တယ်အရွက်များနှင့် ပင်စည်များကို ဘယ်လို မြေသြဇာ လုပ်ရမှန်းမသိပါ။

အင်မော်တယ် အပင်များတွင် အဏုဇီဝသက်ရှိများ တိုးပွားမှုကို ခွင့်မပြုသော ရောင်ဝါတစ်ခု ရှိနေသည်။ ပြီးတော့ အပင်အရွက်များ ဆွေးမြေ့မလား ဆိုတာကိုပင် မသိနိုင်ပါ။

လူသားတွေက အင်မော်တယ်ရောင်ဝါ ရှိနေသည့် အင်မော်တယ် အပင်များကို မစားသုံးနိုင်ပါ။ မဟုတ်လျှင် အလွန်အဆိပ်ရှိသော အရာတစ်ခုကို စားသုံးလိုက်သလို ဖြစ်သွားမည်။

ဒီကမ္ဘာကြီးထဲက အဏုဇီဝပိုးမွှားများက အင်မော်တယ်ရောင်ဝါကို ဖြိုခွဲနိုင်ပါ့မလား သူ မသိပါ။

"ဒီမြေသြဇာမှာ အဏုဇီဝပိုးမွှားတွေရှိလား။"

ယဲ့ရှောင်ချန်း၏ စိတ်က အရမ်းစိတ်အားထက်သန်နေသောကြောင့် ဒီမြေဆွေးမှာရှိတဲ့ အလွန်မှေးမှိန်သော အသိစိတ်များကိုပင် အာရုံခံနိုင်ပါသည်။

ရှန်းနုန်တစ်ယောက်အနေနှင့် အပင်များအတွက်သာမကဘဲ အခြား သတ္တဝါများအတွက်ပါ အသုံးပြုနိုင်သော စိတ်စွမ်းအင် ပါရမီကို နိုးထနိုင်ခဲ့သည်။

အချိန်အတော်ကြာသည့်အထိ ယဲ့ရှောင်ချန်းသည် ပြဿနာတစ်ခုအကြောင်း စဥ်းစားနေခဲ့သည်။

အင်မော်တယ်ရောင်ဝါ၏ ကမ္ဘာပေါ်က သတ္တဝါများအပေါ် သက်ရောက်မှုအကြောင်းဖြစ်သည်။

အင်မော်တယ်မြေက ခွေးနှစ်ကောင်ကို အလွန်ဆွဲဆောင်သည်။ နေ့တိုင်း သူတို့နှစ်ကောင်သည် အင်မော်တယ်မြေထဲတွင်နေကာ သူတို့အတွက် အကျိုးရှိသော လေကိုလည်း ရှူသည်။

သို့သော်လည်း သူတို့သည် အင်မော်တယ် မုန်လာဥ၏ အရွက်နှင့် ပင်စည်များကို မစားရဲကြပါ။

ဒါမှမဟုတ် စိုက်ပျိုးပြီးသောအခါ အင်မော်တယ် အပင်များကို ပြောင်းလဲစေခဲ့သည်က အင်မော်တယ် ရောင်ဝါပဲလား။

အင်မော်တယ်မြေရဲ့ ရောင်ဝါကိုပဲ သတ္တဝါတိုင်း စုပ်ယူနိုင်တာလား။

တကယ်တော့ ဤအချက်ကို နားလည်ဖို့ အလွန်လွယ်ကူပါသည်။ အောက်ဆီဂျင်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုင်နှင့် အခြားအရာများစွာလိုအပ်ပြီး အပင်များ၏ အစာချက်လုပ်ခြင်း လုပ်ငန်းစဥ်တွင် အပင်ကိုယ်ထဲရှိ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နှင့် ကာဗွန်များက ပစ္စည်းအသစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားကြသည်။ မတူညီသော အပင်ကိုယ်ထည်များထဲက တူညီသော ပစ္စည်းများမှ မတူညီသော အာနိသင်နှင့် လုပ်ဆောင်ချက်များရှိသည့် ပစ္စည်းများကို ထုတ်လုပ်ကြသည်။

ထိုကဲ့သို့ ဆင်တူသော အသွင်ပြောင်းခြင်းမျိုးက အင်မော်တယ်အပင်များ အင်မော်တယ်ရောင်ဝါကို စုပ်ယူသောအခါတွင်လည်း ဖြစ်ပွားတတ်သလား။

အမှန်ပင်။ ၎င်းက ယဲ့ရှောင်ချန်း၏ အတွေးသက်သက်သာဖြစ်သည်။ သို့သော် လေထဲမှ အင်မော်တယ်ရောင်ဝါပြင်းအားက နည်းပါးသည့် ဖြစ်နိုင်ချေရှိသည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှု မရှိခြင်းဖြစ်သည်။

လောလောဆယ်တော့ ဘယ်လိုအလုပ်ဖြစ်သလဲ သူ မသိသေးပါ။

မြေသြဇာထဲတွင် အဏုဇီဝသက်ရှိများကို မြင်ရသဖြင့် ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်သွားရသည်။

ဘာကြောင့် အဏုဇီဝသက်ရှိများက ရှင်သန်ပွားများနိုင်တာလဲ။

ထိုအဏုဇီဝပိုးမွှားများက အင်မော်တယ်မုန်လာဥရဲ့ အရွက်နဲ့ ပင်စည်ထဲက အင်မော်တယ်ရောင်ဝါကို မကြောက်ကြဘူးလား။

"ကြည့်ရတာ ဒီအဏုဇီဝပိုးမွှားတွေအကြောင်း လေ့လာပြီး ဘာဖြစ်သွားသလဲဆိုတာ သိအောင်လုပ်ဦးမှပဲ။"

ယဲ့ရှောင်ချန်းသည် သူ့စိတ်ဝိညာဥ်မှတစ်ဆင့် အဏုဇီဝပိုးမွှားများ၏ အသိစိတ်မှ လှိုင်းအသေးစားငယ်များကို အာရုံခံမိသည်။ သူတို့သည် အင်မော်တယ်ပင်စည်နှင့် အရွက်များကို တောင့်တနေသည့်ပုံပင်။

ဒင်းဒေါင်...

ယဲ့ရှောင်ချန်းတစ်ယောက် စဥ်းစားနေတုန်း သူ့အာရုံထဲတွင် စနစ်အသံတစ်ခု ထွက်ပေါ်လာသည်။

"မိတ်ဆွေ မက်ဆေ့ချ်တဲ့လား။"

ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် အံ့သြသွားသည်။

ရှန်းနုန်စနစ်ထဲက မိတ်ဆွေများက နတ်ဘုရားများ ဖြစ်ကြသည်။

အခုချိန်ထိ ယဲ့ရှောင်ချန်းသည် လနတ်သမီးတစ်ပါးတည်းနှင့်သာ ဆက်သွယ်ခဲ့ဖူးသေးသည်။

All Chapters