← Chapters

ရိုးရှင်းသော

Vol. 4 Ch. 48

ရိုးရှင်းသော

Vol. 4 Ch. 48

အခန်း(၄၈) - ရိုးရှင်းသော

ဖန်လုံအိမ် ပတ်လည်တွင် ရေမြောင်းများတူးပြီး ဤအခြေအနေကို မရှောင်လွှဲနိုင်ပါ။

မြေဆီလွှာ၏ ရေစုပ်ယူမှုနှုန်းနှင့် သိုလှောင်နိုင်စွမ်းသည် အလွန်အားကောင်းသည်။ ရေကုန်သွားလျှင်တောင် ဖန်လုံအိမ်ရှိ မြေဆီလွှာသည် ပန်းဂေါ်ဖီစိမ်းများ၏ အမြစ်များအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုဖြစ်စေသည့် လုံလောက်သောရေကို စုပ်ယူဆဲဖြစ်သည်။

၎င်းမှာ သေချာပေါက် မျိုးဗီဇဆိုင်ရာ ပြဿနာတစ်ခု ဖြစ်နိုင်ပါသည်။

ယနေ့ခေတ်တွင် မျိုးဗီဇနည်းပညာကို အသုံးပြု၍ ဟင်းသီးဟင်းရွက် အများအပြားကို စိုက်ပျိုးကြပါသည်။ အထွက်နှုန်း မြင့်မားသော်လည်း ထူးထူးခြားခြား ပြဿနာများစွာကိုလည်း ဖြစ်ပေါ်စေပါသည်။

"ဖန်းယွမ်၊ မင်းမှာ ပန်းဂေါ်ဖီစိမ်းတွေရဲ့ အမြစ်တွေ ပုပ်လာတဲ့ နောက်ပိုင်း အချက်အလက်တွေရှိလား။"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

အမြစ်ပုပ်ခြင်းသည် ခန္ဓာကိုယ်တွင်း အာဟာရဓာတ် မညီမျှခြင်းကြောင့် ဖြစ်နိုင်သည်။

ပြင်ပအခြေအနေများ၏ လှုံ့ဆော်မှုအောက်တွင် အပင်ကိုယ်ထည်၏ အာဟာရစုပ်ယူနှုန်းက ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။

သက်ဆိုင်ရာ အချက်အလက်ကို ရှာဖွေတွေ့ရှိပါက သူတွေးထားသည့် ဖြေရှင်းနည်းနှင့် ကာကွယ်နည်းတို့ကို အသုံးချနိုင်မည်ဖြစ်ပါသည်။

"ရှောင်ချန်း၊ မင်းက ဒါကို ဘာလို့ လိုချင်တာလဲ။ မင်း ပန်းဂေါ်ဖီစိမ်းရဲ့ ချို့ယွင်းချက်ကို ဖြေရှင်းပေးဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်။"

ဖန်းယွမ်က ရယ်မောလိုက်သည်။

သူသည် ယဲ့ရှောင်ချန်းက စွမ်းရည်ကို မယုံကြည်ခြင်း မဟုတ်ရပါ။ ရိုးရိုးသားသားပြောရရင် သူတို့ကောလိပ်တက်တုန်းက ယဲ့ရှောင်ချန်း၏ အောင်မြင်မှုက အမြဲတမ်း ထိပ်ဆုံးတွင် ရှိနေတတ်သည်။ ယဲ့ရှောင်ချန်းသည် ဘွဲ့ရပြီး အလုပ်ဝင်ဖို့ မရွေးချယ်ခဲ့ဘူးဆိုပါက သူသည် ဘွဲ့လွန်ကျောင်းသားတစ်ဦး ဖြစ်လာနိုင်သည်။

ဂလိုဘယ်အုပ်စုကဲ့သို့ ကုမ္ပဏီကြီးတောင်မှ ဒါကို မဖြေရှင်းနိုင်သဖြင့် လူတစ်ဦးတစ်ယောက်တည်းက ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။

"စိတ်မပူပါနဲ့၊ မင်းရနိုင်လားသာပြော။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"မင်းကိုကြီးက ပြဿနာနည်းနည်း တက်နေပေမယ့်လည်း ဒါက ငါ့အတွက်တော့ ကိစ္စသေးသေးလေးပါကွာ။ အဲ့တာက လျှို့ဝှက်ထားတဲ့ အချက်အလက်မှ မဟုတ်တာ။"

ဖန်းယွမ်က ပြောလိုက်သည်။

လောလောဆယ် သူ အလွန်စိတ်ဓာတ်ကျနေသည်။ သူ့အတွက် ပြဿနာများက အနည်းငယ် တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ယာယီသာဖြစ်သည်။ ထိုပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းနိုင်ပါက လယ်သမားများ သောင်းကျန်းကြလိမ့်မည်။

ဒီရက်ပိုင်း သူသည် နေရာစုံသွားကာ လယ်သမားများကို စိတ်ကျေနပ်စေရန် လှည့်ပတ်ပြေးလွှားရင်း အလွန်အလုပ်များနေခဲ့သည်။

"အေး ကျေးဇူးကွာ။ ငါ ဒီပြဿနာကို တကယ်ဖြေရှင်းနိုင်လောက်တယ်။ မင်းလည်း ကုသိုလ်ရတာပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"အေးပါကွာ၊ အခုလောလောဆယ် မင်းကို စကားပြောလို့မရတော့ဘူး။ ဖုန်းတစ်ကော ဝင်လာပြန်ပြီ။ ညကျရင် အချိန်ရအောင်ယူပြီး အချက်အလက်တွေ ပို့လိုက်မယ်။"

ဖန်းယွမ်က သူပြောတာကို မယုံကြည်ဘဲ ယဲ့ရှောင်ချန်းတစ်ယောက် နောက်နေသည်ဟုပင် ထင်နေသည်။

ဖုန်းချပြီးနောက် ယဲ့ရှောင်ချန်းသည် ဖန်းယွမ်ကို ကူညီနိုင်မည် ဆိုတာကို မသိရသေးသော်လည်း၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက သေးငယ်သော ပြဿနာမဟုတ်ပေ။

သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးကြောင့် နည်းလမ်းတစ်ခုခုတော့ ရှာဖွေရမည်ဖြစ်သည်။

ထို့အပြင် သူကိုယ်တိုင်ကလည်း အလွန်သိချင်နေသည်။

ညနေပိုင်းတွင် ဖန်းယွမ်က အချက်အလက်တွေကို ပေးပို့လာခဲ့သည်။

ယဲ့ရှောင်ချန်းက ဂရုတစိုက် လေ့လာခဲ့သည်။

ရေများသော မြေဆီလွှာ၏ နှိုးဆွမှုအောက်တွင် ဤပန်းဂေါ်ဖီစိမ်းများသည် ၎င်း၏ အာဟာရစုပ်ယူမှာ အခြေခံပြောင်းလဲမှုတချို့ ကြုံတွေ့ခဲ့ရပါသည်။ ထို့အပြင် သူ့အား အံ့အားသင့်သွားရသည်က အလင်းမှီစုအစာချက်လုပ်ခြင်းလုပ်ငန်းကလည်း နှေးကွေးသွားသည့်ပုံပင်။

"ထူးဆန်းတယ်၊ ဘယ်လိုဖြစ်တာလဲ။"

ယဲ့ရှောင်ချန်း ပိုမိုသိချင်လာသည်။

ညဘက်တွင် ယဲ့ရှောင်ချန်းသည် ဖန်းယွမ် ပေးပို့ထားသော အချက်အလက်များကို လေ့လာပြီး သူ့ရဲ့ ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်မှ အဖိုးတန်သော အသိပညာများကို ရှာဖွေရင်း အလွန်နောက်ကျမှ အိပ်ရာဝင်ခဲ့သည်။

ယဲ့ရှောင်ချန်းသည် နှစ်ရက်ဆက်တိုက် ထိုအချက်အလက်တွေထဲ နှစ်မြှုပ်နေခဲ့ပြီး ပြင်းထန်စွာ အိပ်ရေးပျက်ခြင်းကြောင့် မျက်ကွင်းများလည်း ညိုနေလေပြီ။

ကံကောင်းစွာဖြင့် ဟင်းသီးဟင်းရွက်များကို အစားထိုးစိုက်ပျိုးခြင်း ဆောင်ရွက်ပြီးပြီ ဖြစ်သဖြင့် သူ့တွင် အချိန်ပိုများ ရှိနေခဲ့ပါသည်။ မဟုတ်လျှင် သူ့ကိုယ်သူ ဒီလောက် အချိန်ပေးနိုင်မည် မဟုတ်ပါ။

ဒီနေ့ည ယဲ့ရှောင်ချန်းသည် အချက်အလက်တွေကို လေ့လာနေရင်း ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

"ဟားဟား၊ ငါသိပြီ၊ ဒါက ဒီလိုကိုး။"

ယဲ့ရှောင်ချန်းသည် သူ့မှတ်စုစာအုပ်ကို အမြန်ထုတ်ကာ ဖောင်တိန်ဖြင့် စတင်ရေးသားလိုက်သည်။

"ပန်းဂေါ်ဖီစိမ်းပျိုးပင်တွေရဲ့ အမြစ်တွေ ပုပ်ရတဲ့ အကြောင်းရင်းက ပျိုးပင်တွေဟာ ရေများတဲ့ မြေဆီလွှာနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တယ်။ ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ချက်အရ ဓာတ်မတည့်မှု တုံ့ပြန်မှုကို အဓိအားဖြင့် သတ်မှတ်ထားတယ်။ ရေမှာ ဟိုက်ဒရိုဂျင် ပါဝင်တယ်။ အောက်ဆီဂျင် ဓာတ်မတည့်မှု တုံ့ပြန်မှုဟာ အလင်းဓာတ်များ ပေါင်းစပ်မှုကို အားနည်းစေပြီး အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အသွင်ပြောင်းမှုကို ထိခိုက်စေတယ်။ ၎င်းတွင် ကာဗွန်နှင့် အောက်ဆီဂျင် ပါဝင်တယ်။ ဆိုလိုတာက အောက်ဆီဂျင်သည် ဓာတ်မတည့်မှုဖြစ်စဥ် တစ်ခုလုံးတွင် အရေးကြီးဆုံး တုံ့ပြန်မှုကြားခံဖြစ်တယ်။”

ယဲ့ရှောင်ချန်းသည် ခဏလောက် ခေတ္တရပ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

တကယ်တော့ ဒါဟာ ရုက္ခဗေဒနယ်ပယ်တွင် ရှာဖွေတွေ့ရှိမှု မရှိသေးသော ဥပဒေတစ်ရပ်ဖြစ်သည်။ ဓာတ်ပြုမှုကြားခံ၏ ဒြပ်စင်တစ်ခုကို ချိန်ညှိခြင်းဖြင့်၊ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၏ ပန်းတိုင်ကို အောင်မြင်နိုင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် မည်သည့် အပင်ဓာတ်မတည့်မှု ပြဿနာမျိုးကိုမဆို ဒီနည်းလမ်းဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

အင်မော်တယ်အပင်စိုက်ပျိုးရာတွင် ဒီနည်းလမ်းက အလွန်အသုံးများသော နည်းလမ်းတစ်ခု ဖြစ်သည်။

သို့သော်လည်း ဤနည်းလမ်းကို ကမ္ဘာမြေပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါ။

ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းသည် ပိုမိုနက်နဲသော အနှစ်သာရရှိပြီး ၎င်းသည် လက်ရှိနည်းပညာမျိုးနှင့် ရှာတွေ့နိုင်မည့် အရာမျိုးမဟုတ်ပါ။

ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ကြောင့်သာ မဟုတ်လျှင် ယဲ့ရှောင်ချန်းလည်း ထိုအကြောင်း ဘာမှ မသိနိုင်ပါချေ။

ထိုညတွင် ယဲ့ရှောင်ချန်းသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် အိပ်၍ပင် မပျော်ခဲ့ပါ။

နောက်တစ်နေ့မနက်စောစော ယဲ့ရှောင်ချန်းသည် သန်းဝေကာ အိပ်ရာနိုးလာခဲ့သည်။

သူ အိပ်ရေးပျက်လှပါသည်။

ဒါပေမယ့် သူ့မှာ လုပ်စရာတွေ ရှိနေသဖြင့် သူဆက်အိပ်နေ၍ မဖြစ်ပါ။

ဟင်းသီးဟင်းရွက်များကို ပို့ဆောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် မြစိမ်းရောင်ဘုရင် ပန်းဂေါ်ဖီစိမ်းမျိုးစေ့များကို ဝယ်ယူရန် အထူးမျိုးစေ့ဆိုင်တစ်ဆိုင်ကို သွားခဲ့သော်လည်း ထိုမျိုးစေ့များ ရောင်းချခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကြားခဲ့ရ၏။

ယဲ့ရှောင်ချန်းသည် ဆိုင်တော်တော်များများကို လိုက်မေးကြည့်ခဲ့သော်လည်း အဖြေကတော့ အတူတူပင်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းသည် ဖန်းယွမ်ကို ဖုန်းဆက်ပြီး မြစိမ်းဘုရင် ပန်းဂေါ်ဖီစိမ်းမျိုးစေ့ရရှိရန် အကူအညီတောင်းရတော့သည်။

"ပြောပါဦး ယဲ့ရှောင်ချန်း၊ မင်းခေါင်းကို တံခါးနဲ့ ရိုက်မိထားတာတော့ မဟုတ်ဘူးမလား။ ဒီလိုအချိန်ကြီးမှာ မြစိမ်းဘုရင်မျိုးစေ့ကို ဝယ်ဖို့ တွေးနေသေးတယ်။ ငါ အခုလေးတင် အဲ့ဒီမျိုးစေ့တွေအားလုံးကို ပြန်လည်သိမ်းဆည်းပြီး ဖျက်ဆီးလိုက်ပြီလို့ သတင်းရထားတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးကွ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ငါတကယ်အလုပ်ပြုတ်တော့မယ်ကွ။"

ဖန်းယွမ်က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်သည်။

"ဖန်းယွမ်၊ အဲဒါကို စိတ်မပူပါနဲ့၊ တစ်ခွန်းတည်း ပြောကွာ၊ မင်း မျိုးစေ့တွေ ရနိုင်မလား။”

ယဲ့ရှောင်ချန်းသည် ဖန်းယွမ်က သူ့ကို မယုံမှန်း သိပါသည်။ အောင်မြင်သွားသည့်အခါမှ သူ့ကို ပြောပြလိုက်မည်။

"ငါ့မှာ မျိုးစေ့တွေ အများကြီးရှိတယ်။ မင်း ကြိုက်သလောက်သာ ယူသွားကွာ။ ဘာပဲဖြစ်ဖြစ် ဖျက်ဆီးခံရတော့မှာပဲကို။"

ဖန်းယွမ်က ပြောလိုက်သည်။

"ဒါဆို ငါလာယူလိုက်မယ်။"

ယဲ့ရှောင်ချန်းက အလျင်စလို ပြောလိုက်သည်။

ဖန်းယွမ်ကို မြင်သောအခါ ယဲ့ရှောင်ချန်းသည် သူ့ကို မမှတ်မိတော့သလို ခံစားလိုက်ရသည်။ ဒီကောင် ကိုယ်အလေးချိန် အများကြီးကျသွားတယ်။

"အောင်မယ်လေး၊ မင်းကွာ၊ မင်းရဲ့ ဝိတ်တွေ ဘာဖြစ်လို့ ဒီလောက် ခပ်မြန်မြန် ကျသွားတာလဲ၊ မဟုတ်မှလွဲရော မင်း ဝိတ်ချနေတာလား။”

ယဲ့ရှောင်ချန်းက နောက်ပြောင်လိုက်သည်။

“မင်း ငါဝိတ်ချနေတယ်လို့ ဘယ်လိုများ မြင်ရတာလဲကွာ၊ ဒါက စိတ်ဖိစီးမှုများပြီး ကျသွားတာကွ၊ မင်း ဒီစကားကို ဆက်ပြောရင် ငါ မျက်ရည်ကျမိတော့မယ်။”

ဖန်းယွမ်က သက်ပြင်းချသည်။

"အားတင်းထားစမ်းပါကွာ။ တိမ်မည်းတွေ လွင့်သွားတဲ့အခါ လသာလာမှာပါကွ။"

ယဲ့ရှောင်ချန်းက သူ့ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ လဲကျသွားမှာ မဟုတ်ပါဘူး။”

ဖန်းယွမ်သည် ကားနောက်ဖုံးကို ဖွင့်လိုက်သောအခါ ပန်းဂေါ်ဖီ မျိုးစေ့အိတ်များနှင့် ပြည့်နှက်နေသည်။

"အများကြီးပါလားကွ။"

ယဲ့ရှောင်ချန်းသည် ကားနောက်ဖုံး တစ်ခန်းလုံးတွင် မျိုးစေ့များဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ ထိတ်လန့်သွားသည်။

"ဘာပဲဖြစ်ဖြစ် ဖျက်ဆီးခံရမှာပဲလေ။ အများကြီးရှိလို့ မင်းကိုအများကြီးပေးတာ၊ ဒါပေမယ့် ငါမင်းကို ကြိုပြောထားမယ်နော်။ ဒါကို အပြင်ကိုတော့ မပေါက်ကြားစေနဲ့။ ပေါက်ကြားသွားရင် ပြဿနာအကြီးကြီးတက်ပြီပဲ။ ငါမင်းကို ဒီမျိုးစေ့ပေးတာတောင် အရမ်းစွန့်စားလွန်ရာကျနေပြီ။"

ဖန်းယွမ်က သတိပေးသည်။

"ငါသိပါတယ်ကွ၊ စိတ်ချစမ်းပါ။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ပြီး မျိုးစေ့အားလုံးကို ထရပ်ကားပေါ်သို့တင်လိုက်သည်။

အိမ်ပြန်ရောက်သောအခါ အလုပ်စလေပြီ။

ရက်ပိုင်းများစွာ သူသည် ပန်းဂေါ်ဖီစိမ်းမျိုးစေ့များကို လေ့လာရင်း အချိန်ကုန်ဆုံးစေခဲ့သည်။

ရက်အနည်းအကြာတွင် မျိုးစေ့များက အညှောက်ပေါက်လာပြီး ပျိုးပင်ပေါက်များအဖြစ် ပြောင်းလဲသွားကြသည်။ မျိုးစေ့များကို လယ်ကွင်းထဲတွင် အသုတ်လိုက် စိုက်ပျိုးထားသည်။

ယဲ့ရှောင်ချန်းသည် စမ်းသပ်မှုအတွက် အောက်ဆီဂျင်ဆလင်ဒါများကို အထူးဝယ်ယူခဲ့သည်။

တစ်ပတ်နီးပါးလောက် ယဲ့ရှောင်ချန်းသည် ကောင်းကောင်း အိပ်စက်အနားမယူနိုင်ဘဲ ထိုစမ်းသပ်ချက်အပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးခဲ့သည်။

သို့သော်လည်း သူ့ရဲ့ အလုပ်ကြိုးစားမှုက တကယ့်ကို ထိုက်တန်ပါသည်။

သူသည် ပန်းဂေါ်ဖီစိမ်းမျိုးစေ့များနှင့် ပတ်သက်၍ သူ့ရဲ့ သုတေသနပြုချက်က အသီးပွင့်ဖူးခဲ့သည်။

သူ အရင်က ကောက်ချက်ချခဲ့တဲ့ ကောက်ချက်တွေအားလုံး မှန်ကန်နေခဲ့သည်။ အောက်ဆီဂျင်ရဲ့ တုံ့ပြန်မှုကြားခံက ပန်းဂေါ်ဖီစိမ်းများ၏ ဓာတ်မတည့်မှု ပြဿနာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ဒီပြဿနာကို ဖြေရှင်းဖို့က မခက်ခဲပါဘူး။

ဥပမာအားဖြင့် ဖန်လုံအိမ်အတွင်းရှိ အောက်ဆီဂျင်ပါဝင်မှုကို တိုးမြှင့်ခြင်းဖြင့် ဓာတ်မတည့်မှု ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်။

သို့သော်လည်း လယ်သမားတိုင်းတွင် အခက်အခဲရှိပြီး ငွေကုန်ကြေးကျများစွာ ကျခံနိုင်သော အခြေအနေမျိုး မရှိကြပါ။

သို့သော်လည်း ယဲ့ရှောင်ချန်းသည် ရိုးရှင်းပြီး ပိုမိုအဆင်ပြေနိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းမှာ ပန်းဂေါ်ဖီစိမ်းပျိုးပင်များပေါ်တွင် ပုံမှန်ဆားပျော်ရည်များကို လောင်းချပေးခြင်း ဖြစ်သည်။

ဒါက အရမ်းရိုးရှင်းလောက်တယ် မဟုတ်လား။

တကယ်တော့၊ အပင်၏ မလိုလားအပ်သော ပြဿနာအချို့ကို ဟန့်တားနိုင်ဖို့ အပင်မှာရှိတဲ့ ရေရဲ့ ပြင်အားထက် ပိုများစေရန် မြေဆီလွှာ၏ ဆားငန်ဓာတ်ကို အသုံးပြုရန် ဖြစ်သည်။

ဒါကို အဆိပ်ကို အဆိပ်ဖြင့် တိုက်သည်ဟု ခေါ်နိုင်ပါသည်။

ဒါပေမယ့် ဒါက တကယ် ထိရောက်မှုရှိသည်။

တစ်ခါတစ်ရံတွင် ပြဿနာများက ရှုပ်ထွေးသည့် ပုံပေါ်သော်လည်း အလွယ်တကူ ဖြေရှင်းနိုင်သည်။

ဖြေရှင်းဖို့ နည်းလမ်း။

ဒါဟာ ဒီလောက်ကို ရိုးရှင်းပါသည်။

All Chapters