← Chapters

ဖြစ်စဥ်

Vol. 4 Ch. 49

ဖြစ်စဥ်

Vol. 4 Ch. 49

အခန်း(၄၉) - ဖြစ်စဥ်

ယဲ့ရှောင်ချန်း ဖန်းယွမ်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"ယဲ့ရှောင်ချန်း ဘာကိစ္စလဲကွ ငါအလုပ်များနေလို့"

ဖန်းယွမ်၏ အသံက ဖုန်းထဲမှ ဆူညံနေသော အသံများနှင့် အတူတူထွက်လာခဲ့သည်။ ကြည့်ရတာ သူ့ဘေးတွင် လူများစွာရှိနေသည့်ပုံပင်။

"မျိုးစေ့ပြဿနာ ဘာဖြစ်သွားပြီလဲ"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

"မင်းခဏလောက် စောင့်အုံး"

ဖန်းယွမ်က ပြောလိုက်ပြီး အခြားသူများကို အသံတိုးတိုးဖြင့် စကားပြောနေသည်။

"အဘိုးဆန် စိတ်ပူစရာမလိုပါဘူး ဖြေရှင်းဖို့နည်းလမ်းရှိမှာ သေချာပါတယ်ဗျ လောလောဆယ် ကျွန်တော်လည်း ဘာသတင်းမှ ရမထားသေးဘူး တောင်းပန်ပါတယ် ကျွန်တော်ဖုန်းပြောရအုံးမယ်"

ခဏလောက်ကြာပြီးနောက် ဖန်းယွမ်၏ ဘေးပတ်လည်က အများကြီး ပိုတိတ်ဆိတ်သွားသည်။

"ဟယ်လို ရှောင်ချန်း အခု ငါတော်တော် စိတ်ပျက်ဖို့ကောင်းတဲ့နေ့တွေနဲ့ ရင်ဆိုင်နေရတယ်ကွာ။ နေ့တိုင်း တူတူပုန်းတမ်း ကစားနေရသလိုမျိုးပဲ မျိုးစေ့ထဲမှာ အနာအဆာ ရှိနေတယ်ဆိုတဲ့ သတင်း ဘယ်ကောင် လွှင့်လိုက်လဲ မသိဘူး အဲဒါကြောင့် အခု လယ်သမားတွေ တော်တော် ဒေါသဖြစ်နေကြပြီကွ"

ဖန်းယွမ်က အလွန်စိတ်မချမ်းမြေ့စရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။

"ဖန်းယွမ် ငါပြောတာ အရင်နားထောင် ငါ့ကိုယုံလား"

ယဲ့ရှောင်ချန်းက အတည်ပေါက် မေးလိုက်သည်။

"အမ် ရှောင်ချန်း မင်းဘာကို ဆိုလိုချင်တာလဲ"

ဖန်းယွမ်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"မြစိမ်းဘုရင် မျိုးစေ့ကိစ္စအတွက် ဖြေရှင်းဖို့ ငါကူညီပေးနိုင်တယ်လို့ ပြောရင် ယုံမှာလား"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ငါ... ငါယုံပါတယ် ဒါပေမဲ့ ယဲ့ရှောင်ချန်း ငါ့ကိုမနောက်ပါနဲ့ကွာ ငါတကယ် ပြဿနာ ပတ်လည်ဝိုင်းနေလို့ပါ"

ဖန်းယွမ်က မဲ့ပြုံးပြုံးလိုက်သည်။

"ငါနောက်တာမဟုတ်ဘူး ထပ်ပြောမယ်။ မြစိမ်းဘုရင် မျိုးစေ့ပုပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့က တကယ်တော့ ရိုးရိုးလေးပဲကွ မင်း ဆားပျော်ရည် ပြင်းအား ၀.၅ ကနေ ၀.၆ ရာခိုင်နှုန်းအတွင်း သုံးမယ်ဆိုရင် ပြဿနာကို ရှင်းနိုင်လိမ့်မယ်၊ နေဦး ငါအသေးစိတ် လုပ်နည်းကို ပို့လိုက်မယ်"

ယဲ့ရှောင်ချန်းက ဖန်းယွမ် သူ့ကိုမယုံမှန်း သိသည်။ ယဲ့ရှောင်ချန်းကလည်း သူကိုယ်တိုင် သူ့ကို ကူညီချင်ရုံသက်သက်ပဲ ဖြစ်သည်။

ဖုန်းချပြီးနောက် သူဖန်းယွမ်ကို ဝီချက်မှ မက်ဆေ့ချ်ချ်ပို့လိုက်သည်။

တစ်ဖက်တွင် ဖန်းယွမ် ခေါင်းခါလိုက်သည်။ ယဲ့ရှောင်ချန်း နောက်နေသည်ဟု သူထင်နေဆဲ ဖြစ်သည်။

မြစိမ်းဘုရင်၏ အနာအဆာကို ဆားပျော်ရည်လောက်နဲ့ ကုသနိုင်တာက ဖြစ်နိုင်ပါ့မလား။ နောက်နေတာပဲ ဖြစ်ရမယ်။

သို့သော်လည်း ယဲ့ရှောင်ချန်းပို့ထားသော စာကိုကြည့်ပြီး သူဖွင့်ကြည့်လိုက်သေးသည်။

"အရေးအသား ကောင်းသားပဲ"

ဖန်းယွမ်က မဲ့ပြုံးပြုံးလိုက်၏။

ယဲ့ရှောင်ချန်း ပို့ထားသောစာတွင် အလွန်အသေးစိတ်ကျသောာ လုပ်ငန်းစဥ်ပါပြီး တစ်ချိန်တည်းမှာပင် နားလည်ဖို့ရော လိုက်လုပ်ဖို့ပါ လွယ်ကူလှသည်။

လွယ်ကူလွန်းလှသဖြင့် ဖန်းယွမ် မယုံကြည်နိုင်ပါ။

ယဲ့ရှောင်ချန်းသာ ရုက္ခဗေဒ ပညာရှင်ကြီးဖြစ်ပြီး မျိုးစေ့သုတေသနအကြောင်း အသိပညာ နက်ရှိုင်းပါက သူယုံကြည်နိုင်သေးသည်။

ပြဿနာက ယဲ့ရှောင်ချန်း ဘွဲ့လွန်ပညာ ဆက်မသင်ခဲ့ဘဲ မျိုးစေ့ ပညာရှင်လည်း မဟုတ်ပေ။ သူ့အသိပညာက သူနှင့်သိပ်မကွာ။ သာမန်စိုက်ပျိုးရေးသမား တစ်ယောက်သာ ဖြစ်သည်။

သူက ပန်းဂေါ်ဖီ၏ အနာအဆာကို ကုသနိုင်ပါ့မလား။

ဖန်းယွမ် ခေါင်းခါလိုက်မိသည်။ အပြင်ဘက်တွင် သူ့ကိုစောင့်နေသော ပြဿနာများအကြောင်း စဥ်းစားမိသောအခါ သူခေါင်းကိုက်သွားမိသည်။ သူ့မျက်ခုံးများကို ပွတ်လိုက်ပြီး စကားပြောခန်းကို ပိတ်ကာ အပြင်ထွက်သွားလိုက်၏။

ယဲ့ရှောင်ချန်းက ဖန်းယွမ် သူ့နည်းလမ်းအတိုင်း လုပ်မလုပ်တော့ မသိပေ။ မည်သို့ပင်ဆိုစေ သူ့ကိုကူညီရန် သူ အကောင်းဆုံး လုပ်ပေးခဲ့ပြီးဖြစ်သည်။

သူ အင်မော်တယ် မြေသို့ သွားလိုက်သည်။

အချိန်ကို တွက်ချက်ကြည့်သောအခါ အင်မော်တယ် မုန်လာဥများက ရိတ်သိမ်းရန် အသင့် ဖြစ်နေလောက်ပြီ။

အဝါရောင် အင်မော်တယ် ပဲပင် သုံးပင်ကတော့ စိမ်းပြာရောင် ပဲစေ့အလိပ်များဖြင့် ပြည့်နှက်နေကြသည်။ ပဲစေ့များမှာ ခန်းခြောက်နေပြီး စွမ်းအင်မရှိသလို ခံစားနေရသည်။

သို့သော်လည်း သူသိပ်ပြီး မစိုးရိမ်ခဲ့ပါ။

"ဟားဟား နောက်ဆုံးတော့ ငါ့မုန်လာဥ ကလေးလေးတွေ အရွယ်ရောက်လာပြီပေါ့"

ယဲ့ရှောင်ချန်းက လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း မစောင့်နိုင်တော့ပေ။

သိုလှောင်နေရာကွက်မှ အင်မော်တယ် ပေါက်ပြားကို သူထုတ်လိုက်သည်။

ခဏကြာသောအခါ ပထမဆုံး အင်မော်တယ် မုန်လာဥကို တူးဆွပြီးဖြစ်သည်။

"အရင်တစ်ခုနဲ့ တော်တော်လေးတူတယ်"

ယဲ့ရှောင်ချန်းက မေးကိုင်လျက် ရင်ထဲတွင် နှိုင်းယှဥ်ကြည့်လိုက်သည်။

အင်မော်တယ် မုန်လာဥထဲက မျဥ်းကြောင်းများကိုတော့ သူ မလှီးရသေးခင် အတည်ပြုနိုင်မှာ မဟုတ်ပေ။

သို့သော်လည်း မုန်လာဥများက ချွတ်ယွင်းသည့် အရည်အသွေးဖြစ်နေဆဲဟု သူခန့်မှန်းမိသည်။

အဘယ့်ကြောင့်ဆိုသော် အဆင့်နိမ့်ဖြစ်မည် ဆိုလျှင် ခြားနားချက်တချို့ကို တွေ့ရမည် ဖြစ်သောကြောင့်ပင်တည်း။

ထိုကဲ့သို ပြောင်းလဲမှုကြီးကို ရရှိဖို့ မဖြစ်နိုင်ပေ။

ယဲ့ရှောင်ချန်း မုန်လာဥ ၁၅၀ လုံးကို တူးရန် နေ့တစ်ဝက်ခန့် အချိန်ကြာခဲ့သည်။

ထို့နောက် မုန်လာဥအရွက်အားလုံးကို စုဆောင်းလိုက်သည်။

သည်တစ်ခါတွင်တော့ အားလုံးကို မြေသြဇာအဖြစ် မသုံးပေ။ တချို့အပင်များကို အင်မော်တယ်ချီ ထုတ်လွှတ်ရန်အတွက် ချန်ထားဦးမည်ဖြစ်သည်။

အရင်တစ်ခေါက်က သူမုန်လာဥအရွက်များမှ ထုတ်ယူခဲ့သော အင်မော်တယ်ချီတွေက ထိုမျှ မများသော်လည်း အချိန်အများကြီး ကုန်ခဲ့သည်။

အင်မော်တယ်မုန်လာဥ ၁၅၀ လုံးကို မြေပေါ်တွင် ပုံထားလိုက်သည်။ နီရဲပြီး ပုံစံကလည်း ကောင်းမွန်သည်။

တစ်ခုတည်းသော အားနည်းချက်က အနည်းငယ် သေးငယ်နေခြင်း ဖြစ်သည်။

အရင်တစ်ခေါက်ကကဲ့သို့ မုန်လာဥတိုင်းက အရွယ်အစားတူနေခြင်းမဟုတ်ပေ။ ဤ မုန်လာဥ အလုံး ၁၅၀ တွင် အရွယ်အစား ကွဲပြားမှုများ ရှိနေသည်။

အရွယ်အစားကြီးသော မုန်လာဥများရှိသည်။

အခြားမုန်လာဥများထက် သေးငယ်သော မုန်လာဥအနည်းငယ်လည်းရှိသည်။

သေးငယ်သော မုန်လာဥများက အဝါရောင် အင်မော်တယ် ပဲပင်အနီးတွင် စိုက်ပျိုးထားခဲ့မှန်း ယဲ့ရှောင်ချန်း မှတ်မိသွားသည်။

အဝါရောင် အင်မော်တယ် ပဲပင်၏ သိမ်းယူသော ဝိသေသလက္ခဏာက မုန်လာဥများ၏ အရည်အသွေးကို လျော့ကျသွားစေသည်မှာ သိသာသည်။

"ငါ လှီးပြီး အထဲက မျဥ်းတွေကို စစ်ကြည့်ရင် ကောင်းမလား"

ယဲ့ရှောင်ချန်းက အကြီးဆုံး အင်မော်တယ် မုန်လာဥများထဲက တစ်လုံးအပေါ် မျက်စိကျသွားသည်။ သို့သော် သူအနည်းငယ် တွန့်ဆုတ်နေမိသည်။

မုန်လာဥကြီးများ၏ အင်မော်တယ် မျဥ်းများက ခြားနားမှုရှိ၊ မရှိ သူသိချင်နေသည်။

မုန်လာဥကို လှီးလိုက်လျှင် ရောင်းချ၍ ရတော့မှာ မဟုတ်ပေ။

တစ်လုံးကို အင်မော်တယ် ၂ ယွမ်တန်သည်။

လောလောဆယ် ၁ ယွမ်ကပင် အလွန်အသုံးဝင်သည်။

"လခွမ်း ဘာပဲဖြစ်ဖြစ် ငါကြည့်ရမှာပဲ ငါကိုယ်တိုင်စိုက်ထားတဲ့ အင်မော်တယ် အပင်ရဲ့ အရည်အသွေးကို မသိဘူးဆိုရင် ရှက်ဖို့ကောင်းတယ် အင်မော်တယ် ၂ ယွမ်ပဲကို နောက်ပိုင်း အင်မော်တယ်ယွမ်တွေ ပိုရဖို့ အခွင့်အရေးကြုံလာမှာပါကွာ ငါက ရှန်းနုန်တစ်ယောက်ပဲကို"

ယဲ့ရှောင်ချက် ဆက်တိုက်အားတင်းပြီး နောက်ဆုံးတော့ ရက်စက် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။

လှီး

လှီးမှဖြစ်မယ်။

ယဲ့ရှောင်ချန်းသည် သစ်သီးဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

"ချီးပဲ ငါ့အင်မော်တယ် ၂ ယွမ်လေး"

ယဲ့ရှောင်ချန်းက မျက်ရည်ဝဲကာ မုန်လာဥကို လှီးချလိုက်သည်။

အင်မော်တယ် မုန်လာဥကို လှီးလိုက်သည့် နေရာမှ အနံ့ပျော့ပျော့လေးတစ်ခု ထွက်လာသည်။

ယခင်အလုံးနှင့် ခြားနားနေ၏။ ယခင်အလုံးတုံးက အနံ့မရှိခဲ့ပေ။

ယဲ့ရှောင်ချန်း၏ အာရုံငါးပါးမှာ ရှန်းနုန်စနစ်ကို ရပြီးကတည်းက အလွန်ထက်မြက်လာခဲ့သည်။

မတူညီသော အပင်များထံမှ မတူညီသော အနံ့များကို ခံနိုင်သည်။

မျက်လုံးများက သာမန်လူများ မမြင်နိုင်သော အသေးစိတ်များစွာကို မြင်နိုင်သည်။

ထိတွေ့လိုက်ရုံနှင့် အသေးစိတ်ကျသော အထိအတွေ့မျိုးကို ခံစားရသည်။

လျှာအရသာ၊ နားအကြားတို့လည်း အလွန်ပြောင်းလဲသွားသည်။

ထိုရနံ့ကို ရှူလိုက်သောအခါ ယဲ့ရှောင်ချန်း၏ စိတ်ဝိညာဥ်က တုန်လှုပ်သွားရသည်။ လန်းဆန်းသော ခံစားချက်ကို ပေးစွမ်းနေ၏။

သူ့ကို သွားရည်ပင် ကျစေသည်။

သူသာ အင်မော်တယ်မုန်လာဥများက မော်တယ်များအတွက် အဆိပ်ပမာ ဖြစ်မှန်းသာ မသိထားလျှင် သူ တန်းပြီး စားသောက်မိနိုင်သည်။

သူအသက်ဝဝ ရှူလိုက်ပြီး ရနံ့ကို သူ့အာရုံထဲမှ ဖယ်ထုတ်လိုက်သည်။ အင်မော်တယ် မုန်လာဥကို ကောက်ယူလိုက်ပြီး သေသေချာချာ ကြည့်လိုက်သည်။

မုန်လာဥအထဲရှိ အသားအရောင်က အပြင်ဘက်ထက် ပိုမိုအားကောင်းသည်။

ယဲ့ရှောင်ချန်း အံ့အားသင့်သွားရသည်က အင်မော်တယ်ပုံစံကွက် ဒုတိယစက်ဝိုင်း တစ်ခု ရှိနေခြင်းပင်။

စက်ဝိုင်းနှစ်ခု။

ချွတ်ယွင်းသော အရည်အသွေးဖြစ်နေဆဲ ဖြစ်သော်လည်း ယင်းက သူ့တိုးတက်မှုကို ပြသနေသည်။

ယဲ့ရှောင်ချန်းက ရင်ထဲတွင် အလွန်ပျော်ရွှင်သွားသည်။

ကြည့်ရတာ အင်မော်တယ် မုန်လာဥများကို သူဂရုစိုက်ခဲ့ရခြင်းက အလကားမဟုတ်ခဲ့ပေ။

ထိုကဲ့သို့တွေးပြီး ယဲ့ရှောင်ချန်း၏ ယုံကြည်မှုများ တိုးမြင့်သွားတော့သည်။ သူ့မျက်နှာပေါ်တွင် နေမင်းပမာ တောက်ပသော အပြုံးတစ်ခု ရှိနေသည်။

"လနတ်သမီး အင်မော်တယ်မုန်လာဥ ဒုတိယ အသုတ် ရိတ်သိမ်းပြီးပါပြီ"

ယဲ့ရှောင်ချန်းတစ်ယောက် ရှန်းနုန်စနစ်ကို စိတ်ကျေနပ်စွာ သုံးကာ သူ့မိတ်ဆွေ  လနတ်သမီးကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်တော့သည်။

All Chapters