← Chapters

အကဲဖြတ်ခြင်း

Vol. 4 Ch. 50

အကဲဖြတ်ခြင်း

Vol. 4 Ch. 50

အခန်း(၅၀) - အကဲဖြတ်ခြင်း

လနတ်သမီးကတော့ သူ့ကို စာမပြန်သေးပေ။

ယဲ့ရှောင်ချန်းကလည်း အလျင်မလိုချေ။ ထို့နောက် အင်မော်တယ် ယွမ်များ ရရှိပြီးလျှင် ဘယ်လိုသုံးရမလဲဟူ၍ စိတ်ကူးယဥ်နေမိသည်။

အင်မော်တယ် မြေဝယ်ရမလား၊ အင်မော်တယ် စမ်းရေဝယ်ရမလား။

အင်မော်တယ် မုန်လာဥ ၁၄၉လုံး၊ တစ်လုံးကို အင်မော်တယ်ယွမ် ၂ ယွမ်၊ ထို့ကြောင့် အင်မော်တယ်ယွမ် ၂၉၈ ယွမ် ရမည်ဖြစ်သည်။

သူ အင်မော်တယ် မြေကွက် နှစ်ကွက်ခန့် ထပ်ဝယ်လိုက်ပါက အထွက်နှုန်းကို ၂ ဆလောက် ပိုတိုးနိုင်မည်ဖြစ်သည်။

သူအင်မော်တယ် မြေကွက်နှင့် အင်မော်တယ် စမ်းရေကို ဝယ်မည်ဆိုလျှင် အင်မော်တယ် အပင်စိုက်ပျိုးရေး၏ အရည်အသွေးကို တိုးမြှင့်နိုင်မည်ဖြစ်သည်။

အင်မော်တယ် စမ်းရေ၏ အင်မော်တယ် စိုက်ပျိုးရေးအပေါ် သက်ရောက်သည့် အာနိသင်က ကြီးမားလှသည်။

ထို့အပြင် သူ အင်မော်တယ် မြေသြဇာကော ဝယ်သင့်သေးသလား။

"ဟာကွာ တကယ် စိတ်ရှုပ်လာပြီ မလွယ်ဘူးပဲ"

ယဲ့ရှောင်ချန်းသည် ဘာမဆိုဆုံးဖြတ်ရန် ခက်ခဲလှသည်ဟု ခံစားမိသည်။

အင်မော်တယ် မြေကွက်အရေအတွက်ကို တိုးမြှင့်ခြင်းက အထွက်နှုန်းကို တိုးစေပြီး အင်မော်တယ် ယွမ်များလည်း တိုးစေသည် ဟုသည့်သဘောပဲ ဖြစ်သည်။

အင်းလေ အဲဒါကို မေ့ထားပြီး အရင်ဆုံး လနတ်သမီးကိုပဲ ရောင်းကြည့်ရအောင်။

ထိုသို့ စဥ်းစားပြီး ယဲ့ရှောင်ချန်း ပိုမိုမျှော်လင့်နေမိသည်။

အချိန်အကြာကြီး စောင့်ပြီးသည့်တိုင်အောင် လနတ်သမီးက စာမပြန်သေးပေ။

"လနတ်သမီး လိုင်းပေါ်မှာ မရှိဘူးထင်တယ် အခြားအလုပ်တွေလုပ်နေလို့ ငါ့မက်ဆေ့ချ်ကို သတိမထားမိတာ ထင်တယ်"

ယဲ့ရှောင်ချန်း စိတ်ပျက်သွားပြီး ထိုအကြောင်းပြချက်ကို သုံးကာ သူ့ကိုယ်သူ အားပေးလိုက်တော့သည်။

အရင်တစ်ခေါက်က လနတ်သမီးမှာ သူ့မုန်လလာဥများ အရွယ်ရောက်သည်နှင့် သူမကို အသိပေးရန် ပြောထားသဖြင့် သေချာပေါက် သူ့ကိုလှည့်စားသွားမည်တော့ မဟုတ်ပေ။

ထို့အပြင် သူတို့ အင်မော်တယ် စာချုပ်လည်း ချုပ်ခဲ့ကြသေးသည်။

ရုတ်တရက် သူ့အာရုံထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ယခုသူ့မှာ အင်မော်တယ် မုန်လာဥ ၁၄၉  လုံး ရှိပြီဖြစ်၍ သူ စတိုးဆိုင်တွင် တင်ကာ ရောင်းသင့်ပြီလော။

စတိုးဆိုင်တွင် ၁၀၀ ရောင်းလိုက်ပြီး ကျန် ၄၉ လုံးကို လနတ်သမီးအား ရောင်းလိုက်မည်။

ဒီလိုဆို အဆင်ပြေသည်။

သို့သော်လည်း သူချက်ချင်း မတင်သေးဘဲ ခဏလောက် စောင့်လိုက်သေးသည်။

လနတ်သမီးက သူ့ကိုမေးလျှင် အကြောင်းပြချက် ပေးရမည်။

"ဒါနဲ့ ငါစတိုးဆိုင်မှာ တင်ရင် စျေးက ဘယ်လောက်ရှိမလဲ မသိဘူး။"

ယဲ့ရှောင်ချန်းက အလွန်အရေးကြီးသော ပြဿနာကို တွေးလိုက်သည်။

အ...အကယ်၍ စျေးက အရမ်းနည်းနေရင် ဘယ်လိုလုပ်မလဲ။

ဥပမာအားဖြင့် အင်မော်တယ်မုန်လာဥ တစ်လုံးကို အင်မော်တယ် ၁ ယွမ် ဆိုပါက သူအရှုံးကြီးရှုံးမည် မဟုတ်ပါလော။

အမှန်ပင်။ စတိုးဆိုင်၏ စျေးနှုန်းမြင့်ပြီး ယွမ်ပိုရနိုင်လည်း ရှိပါသည်။

ဖြစ်နိုင်ခြေများက များပြားလွန်းသည်။

ယဲ့ရှောင်ချန်း ဇဝေဇဝါ ဖြစ်သွားမိသည်။

သူ့ရင်ထဲတွင်တော့ လနတ်သမီးနှင့် တိုက်ရိုက်  ကုန်သွယ်ဖို့ ဆန္ဒမရှိပေ။ စျေးက မြင့်နိုင်သည်ဟု တွေးသော်လည်း စျေးနိမ့်မည်ကို စိုးရိမ်မိသည်။ ထို့အပြင် သူအကြီးအကျယ် အရှုံးပေါ်နိုင်သည်။

လောလောဆယ် ယဲ့ရှောင်ချန်းအတွက် အင်မော်တယ် ယွမ် ၁ ယွမ်တိုင်းက တန်ဖိုးရှိသည်။ ဖြုန်းတီးပြစ်၍ မရပါ။

"မဟုတ်သေးဘူး အရှုံးပေါ်ရင်တောင် အနည်းဆုံး စတိုးဆိုင်မှာ တစ်ခါလောက် တင်ကြည့်ရမယ် ဒါမှ ပစ္စည်းရဲ့ စျေးနှုန်းကို ငါတကယ် နားလည်နိုင်မှာပေါ့"

ယဲ့ရှောင်ချန်း ထိုအကြောင်း ထပ်ခါထပ်ခါ တွေးလိုက်သည်။ နောက်ဆုံးတော့ အံကြိတ်ကာ တင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ခေတ်သစ် လူမှုပတ်ဝန်းကျင်မှာ အရေးအကြီးအဆုံးက ဘာလဲ။ သေချာပေါက် အချက်အလက် ဖြစ်သည်။ အချက်အလက်အကြောင်း ကြိုနားလည်ထားသူက အခွင့်အရေးကို အရင်ဆုံး ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေး၏ စျေးနှုန်းများကို မသိလျှင် သူ တုံးရာ ကျလိမ့်မည်။

ထိုအချိန်တွင် ယဲ့ရှောင်ချန်း စိတ်အေးသွားပြီး ယခင်ကကဲ့သို့ ဇဝေဇဝါဖြစ်မှု မရှိတော့ပေ။

အရှုံးပေါ်ခဲ့လျှင်တောင် တန်သည်။

ထိုအထိ စဥ်းစားပြီးသွားသောအခါ ယဲ့ရှောင်ချန်း လက်မတွန့်တော့ပေ။ သူစတိုးဆိုင်ကို ဖွင့်လိုက်ပြီး ရောင်းချရန် ရွေးချယ်လိုက်သည်။

"ဒင် ရောင်းချရန် ပစ္စည်းကို ရွေးချယ်ပါ"

စနစ်၏ သာယာသော အသံထွက်လာသောအခါ ယဲ့ရှောင်ချန်း မုန်လာဥ အလုံး ၁၀၀ကို ထည့်လိုက်သည်။

"ရောင်းချမှာပါလား"

စနစ်အသံမြည်လာပြန်သည်။

"ဟုတ်ပါတယ်"

ယဲ့ရှောင်ချန်းက တိုက်ရိုက် အတည်ပြုလိုက်သည်။

"ဒင် ယခု ပစ္စည်း၏ စျေးနှုန်းကို တွက်ချက်နေပါသည်။ ကျေးဇူးပြုပြီး ခေတ္တ စောင့်ပေးပါ..."

ယဲ့ရှောင်ချန်း မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားနေသည်။

ရောင်းချသည့်ခလုတ်ကို နှိပ်လိုက်သည်နှင့် လုပ်ငန်းစဥ်ကို ရုပ်သိမ်း၍ မရတော့ပေ။

ကုန်ပစ္စည်း စစ်ဆေးခြင်းက တန်ဖိုးကို သတ်မှတ်ပေးလိမ့်မည်။

စက္ကန့်အနည်းငယ် ကြာသောအခါ...

စနစ်၏ အသံ ထွက်ပေါ်လာပြန်သည်။

"ဒင် စစ်ဆေးခြင်း ပြီးဆုံးသွားပါပြီ ကုန်ပစ္စည်း၏ စျေးနှုန်းစာရင်းကို ကြည့်ရှုလိုပါသလား"

"ဟုတ်ကဲ့"

ယဲ့ရှောင်ချန်းက သူ့စိတ်လှုပ်ရှားမှုကို ဖိသိပ်လိုက်ပြီး အမြန် အတည်ပြုလိုက်သည်။

ချက်ချင်းဆိုသလို သူ့စိတ်ထဲတွင် မျက်နှာပြင်တစ်ခု ပေါ်လာ၏။ မုန်လာဥ အလုံး ၁၀၀ ၏ စမ်းသပ်စစ်ဆေးမှု အချက်အလက်များ ဖြစ်သည်။

"မူးလိုက်တာ ဒီလိုမျိုး စစ်ဆေးလို့ရတာလား"

ယဲ့ရှောင်ချန်းက စာရင်းကို ကြည့်ရင်း အံ့အားသင့်သွားသည်။

စနစ်က မုန်လာဥတစ်လုံးချင်းစီတိုင်းကို သီးသန့် စစ်ဆေးပြီး စစ်ဆေးမှုအချက်အလက် အသေးစိတ်များဖြင့် မတူညီသော စျေးနှုန်းများကို ဖော်ပြထားသည်။

စျေးနှုန်းတူသည့် အင်မော်တယ် မုန်လာဥ ၂ ခုပင်မရှိပါ။

"နံပါတ် ၁၊ အင်မော်တယ်မုန်လာဥ၊ အဝါရောင်အတန်းအစား ပထမအဆင့်၊ ပုံသဏ္ဌာန်: ၁.၁၇၊ အရသာ: ၁.၁၄၊ အာဟာရ: ၁.၁၂၊ အင်မော်တယ် မျဥ်း: ၁.၁၅၊ ချွတ်ယွင်းသည်၊ ထပ်ဆောင်း သန့်စင်မှု: ၀.၇၉၊ စျေး: ၁.၉၇ အင်မော်တယ် ယွမ်"

"နံပါတ် ၂၊ အင်မော်တယ်မုန်လာဥ၊ အဝါရောင်အတန်းအစား ပထမအဆင့်၊ ပုံသဏ္ဌာန်: ၁.၁၆၊ အရသာ: ၁.၁၅၊ အာဟာရ: ၁.၁၆၊ အင်မော်တယ် မျဥ်း: ၁.၁၆၊ ချွတ်ယွင်းသည်၊ ထပ်ဆောင်း သန့်စင်မှု: ၀.၇၉၊ စျေး: ၁.၉၉ အင်မော်တယ် ယွမ်"

"နံပါတ် ၉၄၊ အင်မော်တယ်မုန်လာဥ၊ အဝါရောင်အတန်းအစား ပထမအဆင့်၊ ပုံသဏ္ဌာန်: ၁.၂၁၊ အရသာ: ၁.၂၁၊ အာဟာရ: ၁.၂၁၊ အင်မော်တယ် မျဥ်း: ၁.၂၃၊ ချွတ်ယွင်းသည်၊ ထပ်ဆောင်း သန့်စင်မှု: ၀.၇၉၊ စျေး: ၂.၁ အင်မော်တယ် ယွမ်"

ယဲ့ရှောင်ချန်းသည် စာရင်းတစ်ခုလုံးကို မြင်ပြီးသွားသောအခါ မျက်ခုံးတွန့်သွားသည်။

ပြောရမည်ဆိုလျှင် အင်မော်တယ် မုန်လာဥ ၁၀၀ ၏ ပျမ်းမျှစျေးက အင်မော်တယ် ၂ ယွမ်အောက် နည်းသည်။

တစ်နည်းအားဖြင့် သူအရှုံးပေါ်သွားသည်။

သို့သော်လည်း နောက်ဆုံးတော့ စတိုးဆိုင်က ပစ္စည်းများကို မည်ကဲ့သို့စံနှုန်းမျိုးနှင့် တိုင်းတာမှန်း သိခဲ့ရပြီးဖြစ်သည်။

ဥပမာအားဖြင့် အဝါရောင်အတန်းအစား ပထမအဆင့် အင်မော်တယ် မုန်လာဥများက ချွတ်ယွင်းပါက တန်ဖိုးဖြတ်ခြင်း လေးမျိုး၏ စမှတ်များက ၁ ဖြစ်ပြီး အများဆုံး ၁.၉၉ ဖြစ်သည်။ အဆင့်နိမ့်ဖြစ်ပါက ၁၀ မှစကာ အမြင့်ဆုံးက ၁၉.၉၉ ဖြစ်လိမ့်မည်။

အဝါရောင်အတန်းအစား ဒုတိယအဆင့်များအတွက် ချွတ်ယွင်းပါက တန်ဖိုးဖြတ်ခြင်း လေးမျိုး၏ စမှတ်များမှာ ၁ ဖြစ်ပြီး အများဆုး ၂.၉၉ ဖြစ်သည်။ အဆင့်နိမ့်ဖြစ်ပါက ၂၀မှစပြီး ၂၉.၉၉ တွင်အဆုံးသတ်သည်။

အဝါရောင်အတန်းအစား နဝမအဆင့်ကို ရောက်ပြီး ချွတ်ယွင်းပါက တန်ဖိုးဖြတ်ခြင်း လေးမျိုး၏ စမှတ်မှာ ၉ဖြစ်ပြီး အများဆုံး ၉.၉ဖြစ်သည်။ အဆင့်နိမ့်များကတော့ ၉၉.၉၉မှစမည်။

တန်ဖိုးဖြတ်ခြင်း လေးမျိုး၏ အကူအညီဖြင့် စျေးကို သတ်မှတ်နိုင်သည်။

သို့သော် ယဲ့ရှောင်ချန်း၏ အပင်များတွင်  သန့်စင်ခြင်း ပါနေသည်။

၎င်းမှာ ရှန်းနုန်ပါရမီကြောင့် ဖြစ်သည်။

သန့်စင်မှုက ၁ အောက် လျော့ပါက ပျောက်နေမည်ဖြစ်သည်။

ပေါင်းထည့်ထားသော သန့်စင်ခြင်းက ၁ ရောက်ပြီဆိုပါက သူ့ကိုယ်ပိုင် ရှန်းနုန်ပါရမီ စွမ်းရည်များတွင် +၁ သန့်စင်မှု ဟူ၍ပေါ်လာမည်ဖြစ်သည်။

သန့်စင်မှုက ယဲ့ရှောင်ချန်း၏ အပင်များကို ပုံမှန်စျေးဖြင့် ပိုမိုစျေးကြီးသွားစေသည်။

သူ့လက်ရှိ သန့်စင်မှုက ၀.၇၉ အောက်လျော့နည်းသည်။ စစ်ဆေးမှု ရလဒ်စျေးနှင့် သန့်စင်မှုတို့ပေးသည့် တန်ဖိုးတို့ ပေါင်းကာ နောက်ဆုံးစျေးကို သတ်မှတ်မည်ဖြစ်သည်။

၎င်းတို့အနက် ထပ်ဆောင်း သန့်စင်မှု (အင်မော်တယ် စိုက်ပျိုးရေး အဆင့်) ၀.၇၉*၁၀ ပါဝါက အင်မော်တယ်အပင်များ၏ အရည်အသွေးကို ဖော်ပြနေသည်။ ချွတ်ယွင်းအဆင့် ပစ္စည်းများက ၀၊ အဆင့်နိမ့်က ၁၊ အလယ်ဆင့်က ၂၊ ထိပ်တန်းအဆင့်က ၃နှင့် အကောင်းဆုံးအဆင့်က ၄ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ကြည့်လိုက်ကာ ရုတ်တရက် ပြုံးလိုက်မိသည်။

အချိန်ကြာလာသည်နှင့် သူ့သန်စင်မှုက တဖြည်းဖြည်း တိုးလာမည်သာဖြစ်ပြီး သန့်စင်မှု +၁ မှတ်ကို ရပါက အင်မော်တယ် အပင်များ၏ စျေးကိုတိုးစေလိမ့်မည်။

"ဒါပေမဲ့ လနတ်သမီးနဲ့ အခုလက်ရှိ အပေးအယူက စျေးပေါပေါနဲ့ ရထားတာပဲ ငါ့စိုက်ပျိုးရေး နည်းပညာက အားကောင်းလာပြီး ထွက်ကုန်အရည်အသွေးတွေ တိုးလာတာနဲ့ အဲ့ဒီအချိန်ကျရင် တစ်လုံးကို အင်မော်တယ် ၂ ယွမ်ဆိုတာ ငါ့အတွက် မမျှတတော့ဘူးလေ။

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။

ရေရှည်တွင် သူငွေဆုံးရှုံးရဦးမည်မှာ အသေအချာပင်။

All Chapters