ကံစမ်းမဲ
Vol. 4 Ch. 52
အခန်း(၅၂) - ကံစမ်းမဲ
အင်မော်တယ် စမ်းရေ၏ အညွှန်းအရ အင်မော်တယ် စမ်းရေမှ ရေကို ခပ်လိုက်တာနှင့် အင်မော်တယ် ချီက တဖြည်းဖြည်း စတင်ပြီး ထွက်ခွာသွားမည်ဖြစ်သည်။
အဓိကအကြောင်းအရင်းမှာ အင်မော်တယ်ချီက စမ်းရေတွင် တွယ်ကပ်နေခြင်းသာ ဖြစ်ပြီး လုံးဝ နစ်မြုပ်ပျော်ဝင်နေခြင်း မဟုတ်ပေ။
အထူးရေဖြန်းဗူးတစ်ဗူးကသာ အင်မော်တယ်ချီကို အချိန်အကြာကြီး ထိန်းပေးထားနိုင်မည်ဖြစ်သည်။
ထိုအထူးရေဖြန်းဗူး၏ စျေးနှုန်းက စျေးမနည်းပါ။ အင်မော်တယ်ယွမ် ၃၀ ကုန်ကျသည်။
စုစုပေါင်း အင်မော်တယ်ယွမ် ၂၈၃ ယွမ် သုံးလိုက်ရပြီး နောက်ဆုံးတော့ ယဲ့ရှောင်ချန်းမှာ ဝိညာဥ်ယွမ် ၃၄ ယွမ်သာ ကျန်ခဲ့တော့သည်။
"ငါမွဲသွားပြန်ပြီ။"
ယဲ့ရှောင်ချန်းသည် နာကျင်စွာ သက်ပြင်းချလိုက်သည်။
သို့သော်လည်း သူက ဒီလိုဝယ်ယူနိုင်ဖို့ မျှော်လင့်နေခဲ့ပါသည်။
အထူးသဖြင့် အင်မော်တယ်စမ်းရေကို ဖြစ်သည်။
"ဒင်... ဂုဏ်ယူပါတယ်။ အင်မော်တယ်ယွမ် ၁၀၀ ကျော် ဝယ်ယူအားပေးမှုကြောင့် စတိုးဆိုင်မှ အထူးကံစမ်းမဲတစ်ခု နှိုက်ခွင့်ရှိပါတယ်။ ကံစမ်းမဲနှိုက်ချင်ပါသလား။"
ရုတ်တရက် စနစ်အသံက သူ့အာရုံထဲ ဝင်လာခဲ့ပြန်သည်။
...
"ဘာဖြစ်တယ်၊ ကံစမ်းမဲနှိုက်ခွင့် ရှိတယ် ဟုတ်လား။"
ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း ချက်ချင်း စိတ်ကျေနပ်သွား၏။
ဤသည်မှာ ကောင်းမွန်သော အရာဖြစ်ပါသည်။
သူ့စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သောအခါ အမှန်ပင် သူသည် အင်မော်တယ် ယွမ် ၁၀၀ ကျော်ဖိုး ဝယ်ယူခဲ့ပြီးပါပြီ။
စိုက်ပျိုးရေး တည်ဆောက်မှုများ ဖြစ်သော အင်မော်တယ်မြေနှင့် အင်မော်တယ်စမ်းရေတို့က စတိုးဆိုင်နှင့် မသက်ဆိုင်ပါ။ ထို့ကြောင့် ထိုပစ္စည်းများကြောင့် အင်မော်တယ်ယွမ် ကုန်ဆုံးခြင်းကိုတော့ စတိုးဆိုင်က ထည့်မတွက်ပါ။
အရင်တစ်ခေါက်က သူသည် အင်မော်တယ် မုန်လာဥမျိုးစေ့ တစ်အိတ်၊ အထူးဘွိုင်လာအိုး တစ်လုံးနှင့် အဝါရောင်အင်မော်တယ် ပဲစေ့ ၃စေ့တို့ကို ဝယ်ယူခဲ့သည်။ စုစုပေါင်း အင်မော်တယ်ယွမ် ၄၈ ယွမ် ဖြစ်သည်။
ဒီတစ်ခါတွင်တော့ သူသည် အင်မော်တယ် မုန်လာဥမျိုးစေ့ ၂ အိတ်၊ အင်မော်တယ် အဝါရောင်ပဲမျိုးစေ့ ၃၃စေ့၊ အထူးရေဖြန်းဗူးတို့ကို ဝယ်ယူခဲ့ပြီး စုစုပေါင်း အင်မော်တယ်ယွမ် ၈၃ ယွမ် ကျသင့်ခဲ့ပါသည်။
ဤနည်းလမ်းဖြင့် သူ အင်မော်တယ်ယွမ် ၁၃၁ ယွမ်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် အင်မော်တယ်ယွမ် ၁၀၀ ကျော်သွားပြီဖြစ်သည်။
"ဒီလို အထူးမဲနှိုက်တာမျိုး ရှိမယ်လို့ မထင်ထားဘူး။ အံ့သြစရာပဲ။"
ယဲ့ရှောင်ချန်းသိချင်သွားသည်။ သူစတိုးဆိုင်မှ ဘယ်လို ဆုကောင်းကောင်းများ ရနိုင်မလဲ မသိပါ။
သာမန် စူပါမားကတ် မဲများလိုပင် ပစ္စည်းကောင်းများဖြစ်နိုင်သလို သာမန် အခြေခံ ပစ္စည်းများ ဖြစ်နိုင်ချေလည်း ရှိသည်ဟု သူခန့်မှန်းလိုက်မိသည်။
ဒီစတိုးဆိုင်ကတော့ အရမ်းမဆိုးဖို့ သူမျှော်လင့်မိပါသည်။
"နှိုက်မယ်! ဘာလို့မနှိုက်ရမှာလဲ! စနစ်စတိုးဆိုင်က ပစ္စည်းတွေဖို့ ဒီလိုအခွင့်အရေး ထပ်ရမှာမှ မဟုတ်တာ"
ယဲ့ရှောင်ချန်း အလွန်စိတ်လှုပ်ရှားနေမိသည်။ သူရင်ထဲတွင် အော်ဟစ်လိုက်ပြီး လက်ကို ပွတ်လိုက်သည်။
မကြာမီ သူ့အာရုံထဲတွင် လှည့်ဘီးအကြီးကြီး တစ်ခုပေါ်လာသည်။ လောင်းကစား လှည့်ဘီးကြီးနှင့် ဆင်တူပါသည်။
အခန်းကဏ္ဍစုစုပေါင်း ၃၆၅ ကဏ္ဍရှိသည်။
ဤကဏ္ဍများသည် အရွယ်အစား အမျိုးမျိုးရှိသည်။ သေးသေးလေးတွေ မျဥ်းတစ်ကြောင်း အရွယ်အစားမျှသာရှိပြီး အကြီးတွေက လက်ဖဝါးလောက်ကျယ်သည်။
ယဲ့ရှောင်ချန်းသည် အခန်းကဏ္ဍတစ်ခုကို ကြည့်လိုက်တာနဲ့ အချက်အလက်တွေက သူ့အာရုံထဲကို အလိုလျောက် ဝင်ရောက်လာသည်။
"အခန်းကဏ္ဍတစ်ခုချင်းစီက ပစ္စည်းတစ်မျိုးကို ကိုယ်စားပြုတယ်၊ ပိုကျယ်ဝန်းတဲ့ အခန်းကဏ္ဍက ကျဖို့ အခွင့်အလမ်း ပိုများပြီး တန်ဖိုးအနည်းဆုံးတွေ ဖြစ်တတ်တယ်။ အကျဥ်းဆုံး အခန်းကဏ္ဍကတော့ တန်ဖိုးအကြီးဆုံးဖြစ်ပြီး ကျဖို့ အရမ်းခက်လိမ့်မယ်။"
ယဲ့ရှောင်ချန်းသည် ခပ်မြန်မြန်ပဲ သဘောပေါက်သွားသည်။
ပစ္စည်းအများစုက စိုက်ပျိုးရေးခြံနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဆက်နွယ်နေပြီး တစ်ချို့ကတော့ အင်မော်တယ်ယွမ်နှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။
ဥပမာအားဖြင့် အင်မော်တယ်ယွမ် ၁၀၀ အပြည့်နှင့် အပိုင်းတစ်ပိုင်းရှိသည်။ သို့သော် ထိုအပိုင်းက အလွန်ကျဥ်းမြောင်းပြီး မျဥ်းတစ်ကြောင်းစာမျှသာ ရှိသည်။
ယဲ့ရှောင်ချန်း၏ အာရုံကို မျဥ်းကြောင်းတစ်ခုဖြင့် စွဲဆောင်သွားခြင်းခံခဲ့ရသည်။
"အပင်နည်းဗျူဟာ၊ အပင်စိုက်ပျိုးသူများအတွက် အခြေခံချီကုန်းနည်းလမ်းဖြစ်သည်။ ၎င်းသည် အပင်များ၏ စွမ်းအင်ကို စုပ်ယူနိုင်သည်...”
ယဲ့ရှောင်ချန်းသည် ထိုကဏ္ဍကို စိုက်ကြည့်ကာ အသက်ရှူသံများ ပြင်းထန်လာသည်။
ဖတ်စ်၊ ဒါဟာ တကယ်တော့ ကျင့်ကြံခြင်းနည်းလမ်း ဖြစ်နေသည်။
ထို့အပြင် ၎င်းသည် အပင်စိုက်ပျိုးသူများအတွက် ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ရှန်းနုန်စနစ်ကို ပိုင်ဆိုင်ထားပြီး ရှန်းနုန်စနစ် ပါရမီများလည်း ပွင့်ထားပြီဖြစ်သည်။ သူသည် အပင်စိုက်ပျိုးပြီး ကျင့်ကြံသူ ဖြစ်လာရန်မှာ သဘာဝကျသည်။ ထို့ကြောင့် ထိုကျင့်ကြံခြင်းနည်းလမ်းက သူ့အတွက် အလွန်သင့်လျော်ပါသည်။
အခြေခံသာ ဖြစ်သော်လည်း သူ လေ့ကျင့်ဖို့အတွက် အလွန်သင့်လျော်လှပါသည်။
ဒါပေမယ့် ငါရနိုင်ပါ့မလား။
ယဲ့ရှောင်ချန်းသည် ကံစမ်းမဲကို စိုက်ကြည့်ပြီး ရနိုင်ခြေကို တွက်ချက်ကြည့်လိုက်သည်။
နောက်တစ်ခါ ကံစမ်းမဲမှာ ထပ်ရှိလာဦးမည်ဟု မပြောနိုင်ပေ။ ရှိလာခဲ့လျှင်တောင် ကံစမ်းမဲလှည့်ဘီးတွင် ပါဝင်လာဖို့ မဖြစ်နိုင်လောက်ပေ။
အပင်နည်းဗျူဟာသည် စတိုးဆိုင်တွင် ဝယ်ယူနိုင်ပါသည်။ သို့သော် အလွန်စျေးကြီးသည်။ အင်မော်တယ်ယွမ် ၁၀၀၀ လောက် ကုန်ကျလိမ့်မည်။ ယဲ့ရှောင်ချန်းတစ်ယောက် အခုဝယ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။
နောက်ထပ် မျဥ်းကြောင်းအရွယ် ကဏ္ဍတစ်ခု ရှိသည်။ ၎င်းမှာ တိမ်ဖုံးခြင်းဟုခေါ်သော မှော်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းမှာ အင်မော်တယ်မိုးရေများဖြင့် ပြည့်နှက်နေသော တိမ်တိုက်များကို ဖြစ်ပေါ်စေပြီး ကောက်ပဲသီးနှံများ၏ ဖွံ့ဖြိုးနှုန်းကို တိုးမြှင့်စေလိမ့်မည်။
ကံမကောင်းစွာဖြင့် မှော်လက်နက်တစ်ခု ဖြစ်နေပြီး ၎င်းကို အသုံးပြုဖို့အတွက် သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေဖို့ လိုအပ်ပါသည်။
တိမ်ဖုံးခြင်းတူရိယာကို ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ်သာ စိတ်ဝင်စားပါသည်။
အင်မော်တယ်တီကောင်ကဲ့သို့သော အခြားသော ကောင်းမွန်သည့်အရာများလည်း ရှိခဲ့ပါသည်။ ထိုအင်မော်တယ်တီကောင်က သာမန်မြေတီကောင်နှင့် ဆင်တူပါသည်။ အာနိသင်လည်း အတူတူဖြစ်သည်။ သို့သော် သူက ပိုမို အားကောင်းသည်။ သူတို့သည် အင်မော်တယ်မြေကို တူးဆွရာတွင် ကူညီပေးနိုင်ပြီး မြေဆီမြေသြဇာတို့၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။
ထိုအခါ ယဲ့ရှောင်ချန်းလည်း အင်မော်တယ်မြေကို ကြိုးစားပမ်းစား တူးဆွဖို့ လိုအပ်တော့မည် မဟုတ်ပေ။
အင်မော်တယ်တီကောင်ရဲ့ တန်ဖိုးကလည်း မနည်းပါဘူး။
ဒါပေမယ့် ယဲ့ရှောင်ချန်း စိတ်အဝင်စားဆုံးက အပင်နည်းဗျူဟာပဲဖြစ်သည်။
ကျန်တာတွေကတော့ သာမန်ပစ္စည်းများသာ ဖြစ်ကြပါသည်။
နောက်ဆုံးတော့လည်း ဒီကံစမ်းမဲက စူပါမားကတ် ကံစမ်းမဲနှင့် အတူတူပဲဖြစ်သည်။
အမှန်ပင်။ လောလောဆယ် ကံစမ်းမဲထဲက အရိုးရှင်းဆုံးပစ္စည်းများကပင် ယဲ့ရှောင်ချန်းအတွက် အသုံးဝင်နေပါသည်။
သူ့မှာ ကံစမ်းမဲ တစ်ခါပဲ လှည့်ခွင့်ရတာကတော့ နှမြောဖို့ကောင်းသည်။
ကံကောင်းစွာဖြင့် ဤကံစမ်းမဲတွင် ဗလာမပါဝင်ပါ။ မဟုတ်လျှင် ဗလာကျပါက သူ ငိုရပေဦးမည်။
ပြောရမည်ဆိုလျှင် ဒီတစ်ချက်ကိုတော့ စတိုးဆိုင်အား ချီးကျူးရမည်။
ယဲ့ရှောင်ချန်းသည် အသက်ဝဝရှူလိုက်ပြီး အသုံးတည့်တာ တစ်ခုခုရဖို့ ဆုတောင်းလိုက်သည်။
ချက်ချင်းပင်၊ ယဲ့ရှောင်ချန်းသည် လှည့်ပတ်နေသော ကံစမ်းမဲလှည့်ဘီးကြီးကို ရပ်ရန် သူ့စိတ်ကို အသုံးချလိုက်သည်။ ချက်ချင်းပင်၊ လှည်နေသောဘီးသည် အရှိန်ပြင်းပြင်းဖြင့် စတင်လည်ပတ်တော့သည်။
တစ်မိနစ်ကျော်ကြာ လည်ပတ်ပြီးသွားသောအခါ လှည့်ဘီး၏ အမြန်နှုန်းက တဖြည်းဖြည်း လျော့ကျသွားသည်။
မြှားတံက အခန်းကဏ္ဍများကို ဖြတ်သန်းသွားလိုက်တိုင်း သူ ရင်ခုန်နေရသည်။
"ဘုရားဘုရား၊ အပင်နည်းဗျူဟာ ဖြစ်ပါစေ။"
ယဲ့ရှောင်ချန်း၏ မျက်လုံးတွေက မြှားပေါ်တွင် ပုံသေရှိနေသည်။
မြှားတံက အပင်နည်းဗျူဟာကို ကျော်ဖြတ်သွားသောအခါ သူ စိတ်ပျက်သွားခဲ့ရသည်။
လှည့်ဘီး၏ အမြန်နှုန်းအရဆိုလျှင် ထိုနေရာသို့ ထပ်မရောက်လာနိုင်တော့မည်ကို သူစိုးရိမ်မိသည်။
ပြောရမည်ဆိုလျှင် ယဲ့ရှောင်ချန်းသည် အပင်နည်းဗျူဟာကို လွတ်သွားပြီဖြစ်သည်။
မြှားတံ ရပ်တန့်သွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် သက်ပြင်းမောကို မှုတ်ထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
သေချာပေါက် သူ့ကံက အဲ့လောက်မကောင်းမွန်ခဲ့ပါ။
အခန်းကဏ္ဍ၏ အကျယ်က မသေးသော်လည်း အကြီးဆုံးလည်း မဟုတ်ပေ။ ထိပ်တန်း အခု ၂၀ အတွင်း ပါနိုင်သည်ဟု ခန့်မှန်းရသည်။
"ဒင်၊ မှော်ဆားရည်စိမ်ပုလင်းကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါတယ်။"
ယဲ့ရှောင်ချန်းသည် စနစ်သတိပေးချက်ကို ကြားလိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။
"လခွမ်း၊ အဲ့တာကို ငါ ဘယ်မှာ သုံးရမှာလဲ။"
ယဲ့ရှောင်ချန်းတစ်ယောက် ပြောစရာစကား ပျောက်ရှသွားပါသည်။
သူက ဒီမှော်ဆားရည်စိမ်ပုလင်းကို ဘာလုပ်ရမည်နည်း။ ဂေါ်ဖီထုပ် ဆားရည်စိမ် လုပ်ရမှာလား။
မနောက်စမ်းပါနဲ့ကွာ။
ထိုသို့တွေးပြီး သိုလှောင်နေရာကွက်ထဲမှ မှော်ဆားရည်စိမ်ပုလင်းကို ထုတ်ယူလိုက်သည်။
သာမန်ဆားရည်စိမ်ပုလင်းနှင့် သိပ်ပြီး မခြားနားပေ။
တစ်ခုတည်းသော ခြားနားချက်မှာ ပုလင်း၏ မျက်နှာပြင်တွင် ထူးခြားသော ဖွဲ့စည်းပုံများ ရှိနေခြင်းဖြစ်သည်။
"မှော်ဆားရည်စိမ်ပုလင်း၊ အထူးကိရိယာတစ်ခုဖြစ်သည်။ ကုန်ကြမ်းတွေကို ဒီအိုးထဲသို့ ထည့်လိုက်ပါက အရသာရှိသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်များအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။"
(မှတ်ချက်: အင်မော်တယ်ချီ မပါဝင်သော သာမန်ရေနှင့် ကုန်ကြမ်းများကို အသုံးပြုပါက၊ မှော်ဆားရည်စိတ်ပုလင်းကို အရင်ဆုံး ချီကိုထည့်သွင်းပေးပါ သို့မဟုတ် မှော်ဆားရည်စိမ်ပုလင်းထဲတွင် အင်မော်တယ်ချီကျောက်တုံးကို ထည့်ပေးရပါမည်။)
"လခွမ်းပဲကွာ။ ဆားရည်စိမ်လုပ်ဖို့ အင်မော်တယ်အပင်တွေ လိုတယ်တဲ့။ ငါမှစားလို့မရတာ၊ ဒါက ဘာအသုံးဝင်မှာလဲ၊ အလကားဟာပဲကွာ။"
အညွှန်းကို ဖတ်ကြည့်ပြီးနောက် ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ပျက်သွားသည်။
ယဲ့ရှောင်ချန်းသည် ခေါင်းခါလိုက်ပြီး မှော်ဆားရည်စိမ်ပုလင်းကို သိုလှောင်နေရာကွက်ထဲ ပြန်ထည့်ထားလိုက်တော့သည်။
သူ့ခြံထဲက ဟင်းသီးဟင်းရွက်များတွင်လည်း အင်မော်တယ်ချီ မရှိပါ။
အမှန်ပင် သူဝယ်ယူထားသော အင်မော်တယ်စမ်းရေတော့ ရှိပြီး သုံးစွဲဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် အင်မော်တယ်စမ်းရေမှ ရေများမှာ အလွန်အဖိုးတန်ပြီး ပမာဏကလည်း မများပြားပါ။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ပြုလုပ်ဖို့အတွက် သုံးလျှင် ဖြုန်းတီးရာ ကျလိမ့်မည်။
ဆိုးဝါးလိုက်တဲ့ ပစ္စည်း။
ယဲ့ရှောင်ချန်းသည် မှော်ဆားရည်စိမ်ပုလင်းကို ကောက်ချက်ချလိုက်သည်။
"နောက်တစ်ခါ စတိုးဆိုင်က မဲနှိုက်ဖို့ အခွင့်အရေး ပေးပါဦးမလား မသိဘူး။"
ယဲ့ရှောင်ချန်းက သူ့စိတ်ထဲမှာ စဥ်းစားနေမိသည်။
သူသည် ဒီလိုအသုံးမဝင်သော ပစ္စည်းကို ရပြီးနောက်တွင် မကျေမချမ်း ဖြစ်နေခဲ့သည်။
ယဲ့ရှောင်ချန်းသည် အပင်နည်းဗျူဟာအား လက်လွတ်သွားခဲ့ရသည်ဟူသော အတွေးက သူ့ကို သွေးအန်ချင်စိတ် ဖြစ်ပေါ်သွားစေသည်။
"ဒင်... အထူးအကြံပြုချက်၊ စတိုးဆိုင်တွင် သုံးစွဲသည့် ပမာဏက အင်မော်တယ် ယွမ် တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ ဆယ်သိန်း၊ သိန်းတစ်ရာတို့ကို ရောက်ရှိပါက မဲနှိုက်ခွင့်ရှိပါမည်။ ထို့အပြင် တစ်နှစ်တာတွင် သုံးစွဲသည့်ပမာဏက ယွမ် ၅၀၀၀၊ ၅၀,၀၀၀၊ ၅၀၀,၀၀၀၊ ၅သန်း၊ ၅၀ သန်း၊ ရောက်ရှိပါက မဲနှိုက်ဖို့ နောက်ထပ် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။"
ရုတ်တရက်ဆိုသလို စနစ်သတိပေးချက် ထွက်ပေါ်လာခဲ့သည်။
ရှန်းနုန်စနစ်က ယဲ့ရှောင်ချန်း၏ မေးခွန်းကို ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
"တကယ် နှိုက်လို့ရသေးတာပဲ။”
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်လှုပ်ရှားသွားသည်။
ကံစမ်းမဲက အကန့်အသတ်ရှိသော်လည်း ဘာမှမရှိသည်ထက်တော့ ပိုကောင်းပါသေးသည်။
လက်ရှိ ငါသုံးစွဲနေတဲ့နှုန်းနဲ့ဆို ဒီနှစ်ထဲ အင်မော်တယ်ယွမ် ၁၀၀၀ လောက် သုံးမိဖို့က လွယ်ပါတယ်၊ ယွမ် ၅၀၀၀ ကတော့ မသေချာဘူး၊ ပြောရမယ်ဆိုရင် ဒီနှစ်ထဲ အနည်းဆုံး တစ်ခေါက်လောက်တော့ ကံစမ်းလို့ရဦးမှာပေါ့။"
ယဲ့ရှောင်ချန်းက တွေးလိုက်မိသည်။
အင်မော်တယ် စမ်းရေ၊ အင်မော်တယ် မြေကွက်နှင့် အစရှိသည်တို့က စတိုးဆိုင်မှ ဝယ်ယူ၍မရပါ။ ထို့ကြောင့် စတိုးဆိုင်မှ ဝယ်ယူမှုထဲ ထည့်တွက်ခံရမည်မဟုတ်ပါ။
ထိုအရာများသည် ယဲ့ရှောင်ချန်းတစ်ယောက် အင်မော်တယ်ယွမ် သုံးစွဲသည့် အဓိကအရာများ ဖြစ်ကြသည်။
ယဲ့ရှောင်ချန်းသည် ချက်ချင်းဆိုသလိုပင် ကံစမ်းမဲကိစ္စကို ခေါင်းထဲမှ ထုတ်ပြစ်လိုက်ပြီး စိုက်ပျိုးရေးခြံ အကွက်ကို ဖွင့်လိုက်သည်။
အကွက်ထဲမှ သင်္ကေတနှစ်ခုက ရုတ်တရက် ပေါ်လာ၏။
အင်မော်တယ် မြေကွက်နဲ့ အင်မော်တယ် စမ်းရေ။
"ဟုတ်ပြီ၊ အရင်ဆုံး အင်မော်တယ် စမ်းရေကို နေရာချလိုက်ရအောင်။"
ထိုသို့တွေးပြီး ယဲ့ရှောင်ချန်းသည် အင်မော်တယ် စမ်းရေကို လက်တွေ့ စိုက်ပျိုးရေးခြံတည်နေရာသို့ ချက်ချင်းပြောင်းရွှေ့လိုက်တော့သည်။