အင်မော်တယ်စမ်းရေ
Vol. 4 Ch. 53
အခန်း(၅၃) - အင်မော်တယ်စမ်းရေ
အင်မော်တယ် စမ်းရေကို နေရာချရန်အတွက် လိုအပ်ချက်တစ်ခုတော့ရှိသည်။ တူးဖော်ထားသော ရေတွင်းတစ်တွင်း ရှိဖို့ လိုအပ်ခြင်းဖြစ်ပါသည်။
တကယ်တော့ ဖုံးကွယ်ထားဖို့အတွက်သာ ဖြစ်ပါသည်။
မည်သည့်နေရာကမှန်းမသိ ရေတွင်းတစ်တွင်းသာ ရုတ်တရက် ပေါ်လာခဲ့မယ်ဆိုလျှင် လူတိုင်း သံသယဖြစ်သွားမှာကို စိုးရိမ်မိပါသည်။
ခပ်မြန်မြန်ပင် ယဲ့ရှောင်ချန်း အင်မော်တယ် စမ်းရေ သင်္ကေတကို စိုက်ပျိုးရေးခြံ မြေပုံသို့ ရွှေ့လိုက်သည်။ ထို့နောက် အင်မော်တယ် စမ်းရေ သင်္ကေတက ရေတွင်းနှင့် ပေါင်းစပ်သွားသောအခါ အစိမ်းရောင် ပြောင်းသွားလေသည်။
အစိမ်းရောင်၏ သဘောက အင်မော်တယ် စမ်းရေကို ထိုနေရာတွင် ချနိုင်သည်ဟု ဆိုလိုသည်။
သူ့အတွေးကို ဖယ်လိုက်ပြီး အင်မော်တယ် စမ်းရေ သင်္ကေတကို နေရာချလိုက်သည်။
ရုတ်တရက် စိုက်ပျိုးရေးခြံ မြေပုံထဲတွင် ရေတွင်းက ပြောင်းလဲမှုတချို့ ဖြစ်သွားသည်။
ရေတွင်းဝတွင် ဘိလပ်မြေနှင့်တူသော အဖုံးတစ်ဖုံး ရုတ်တရက် ပေါ်လာပြီး အဖုံးသည် ရေထွက်ပေါက်တစ်ခုနှင့် ချိတ်ဆက်ထားသည်။
၎င်းသည် တိုက်ရိုက်မြေပုံဖြစ်သော်လည်း အရာရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
ရှန်းနုန်စနစ်က ရေတွင်းအား ပြန်လည် ပြုပြင်နိုင်သည်ကို ယဲ့ရှောင်ချန်းတစ်ယောက် မအံ့သြတော့ပါ။
ရုတ်တရက် အင်မော်တယ် စမ်းရေ၏ တည်နေရာသို့ သူ သွားလိုက်သည်။
တိုက်ရိုက်မြေပုံပေါ်မှာ ပြထားသည်နှင့် အတူတူပဲ ဖြစ်သည်။
ရေထွက်ပေါက်၏ တည်နေရာတွင် အထူးရေဖြန်းဗူးအား တင်နိုင်မည့် နေရာတစ်ခု ရှိနေသည်။
ယဲ့ရှောင်ချန်းသည် မေးစေ့ကိုပွတ်ပြီး ချက်ချင်းဆိုသလိုပင် အထူးရေဖြန်းဗူးကို ထုတ်ယူလိုက်သည်။
အထူးရေဖြန်းဗူးက သာမန်ပိုးသတ်ဆေးဖြန်းဖူးနှင့် ဘာမှသိပ်မကွာသော်လည်း ပိုမိုခေတ်မီသည့်ပုံပေါက်ပါသည်။ သေးငယ်သော နှုတ်သီးချွန်တစ်ခုနှင့် ရေဝင်ပေါက်တစ်ခုလည်း ရှိနေသည်။ ရေဝင်ပေါက်ကို အင်မော်တယ်စမ်းရေ ထွက်ပေါက်နှင့် ချိတ်ဆက်ထားသည်။
ရေဖြန်းဗူးပေါ်တွင် ခလုတ်တစ်ခုလည်း ရှိပါသည်။ ခလုတ်ကို နှိပ်လိုက်သည်နှင့် အင်မော်တယ် စမ်းရေများ ထွက်လာမည်ဖြစ်သည်။
ရေဖြန်းဗူး၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံစံကွက်များလည်း ရှိနေပါသည်။ အလှဆင်ရုံသက်သက် မဟုတ်ဘဲ အထူးအင်မော်တယ်ပုံစံကွက်များ ဖြစ်ပါသည်။
"ငါ အင်မော်တယ် စမ်းရေကို သုံးလို့ မရသေးတာ နှမြောစရာပဲ။"
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။
အင်မော်တယ် စမ်းရေသည် သာမန်ရေတွင်းများနှင့် မတူညီပါ။ ရေကို ကြိုက်တဲ့အချိန် ထုတ်လို့မရပါ။
ကြီးကျယ်သော အကန့်အသတ်ကြီး တစ်ခုရှိနေသည်။ ပုံမှန်ဆို အင်မော်တယ် စမ်းရေ တစ်ပုံး ရဖို့အတွက် 6 နာရီလောက် စုဆောင်းရသည်။
ထို့အပြင် အင်မော်တယ်စမ်းရေမှ ရေများကို မထုတ်လွှင်လျှင်ပင် သိုလှောင်ထားနိုင်သေးသည်။
ရေပြည့်ပြီး ဖိအားများသောကြောင့် အင်မော်တယ် စမ်းရေ လျှံထွက်နိုင်သလား။ သူ ရေကို ဘယ်တော့မှ မထုတ်လျှင်တောင် စိုးရိမ်စရာမလိုပါ။
အင်မော်တယ် စမ်းရေက အဲ့လောက် ကောင်းမွန်ပါသည်။
ယခုတော့ ပထမအဆင့် အင်မော်တယ် မြေကွက် နှစ်ကွက်သာ ရှိသေးသဖြင့် အင်မော်တယ် စမ်းရေ တစ်တွင်းက လုံလောက်ပါလိမ့်မည်။
အင်မော်တယ် မြေကွက် တိုးလာလျှင်တော့ အဆင်မပြေနိုင်ပါ။
ယဲ့ရှောင်ချန်းသည် အင်မော်တယ် စမ်းရေ နောက်တစ်တွင်း ထပ်တိုးရင်တိုး သို့မဟုတ်ပါက ပထမအဆင့် အင်မော်တယ် စမ်းရေကို ဒုတိယအဆင့်သို့ တိုးမြှင့်ရမည်ဖြစ်သည်။ ထိုအခါ အင်မော်တယ်စမ်းရေ၏ အရည်အသွေးနှင့် ပမာဏ တိုးမြင့်လာမည်ဖြစ်၏။
ယဲ့ရှောင်ချန်းသည် မိနစ်ပိုင်းလောက် ကြည့်ရှုပြီးနောက် သူ့ရဲ့ စိတ်ဝင်စားမှုများ လျော့နည်းသွားသည်။ ဘာပဲဖြစ်ဖြစ် လောလောဆယ် အင်မော်တယ် စမ်းရေ မရှိသေးပါ။ မြင်ရဖို့လည်း အချိန်ကြာဦးမည်။
ယခုတော့ နောက်ထပ် အဆင့်တစ် အင်မော်တယ် မြေကွက်ကို နေရာချဖို့ အချိန်ကျပြီဖြစ်သည်။
အင်မော်တယ်မြေကွက် ဒုတိယတစ်ကွက်ကို မြေပေါ်တွင်နေရာချဖို့အတွက် ယဲ့ရှောင်ချန်းတစ်ယောက် အချိန်သိပ်မယူလိုက်ရပါ။ ၎င်းကို ယခင် အင်မော်တယ် မြေကွက်၏ နယ်နိမိတ်နှင့် ဆက်ထားသည်။
အခုတော့ အင်မော်တယ်မြေနှစ်ကွက်တွင် အဝါရောင် အင်မော်တယ် ပဲပင် သုံးပင်ကလွဲပြီး ဘာမှမရှိတော့ပါ။ ထို့ကြောင့် စိုက်ပျိုးဖို့ လိုအပ်လာပြီဖြစ်သည်။
ယခု အင်မော်တယ် စမ်းရေပင် ရှိနေပြီဖြစ်သဖြင့် သူသည် အင်မော်တယ် မြေကွက်ကို ဒီအတိုင်း ရှိနေခွင့် ပေးလို့မဖြစ်တော့ပါ။
ချက်ချင်းဆိုသလိုပင် အင်မော်တယ် ပေါက်ပြားကို ထုတ်ကာ မြေကို စတင်တူးဆွပြီး အလုပ်လုပ်တော့သည်။
အင်မော်တယ် မြေနှစ်ကွက်ကို တူးဖို့က အလွန်အလုပ်များလှသော အလုပ်ဖြစ်ပါသည်။
နေ့လည်စာစားပြီးနောက် ညနေ ၄ နာရီတိုင်သည့်အထိ ယဲ့ရှောင်ချန်းသည် အင်မော်တယ် မြေကွက်များကို တူးဆွလိုက်ပြီး အင်မော်တယ် မြေကွက်နှစ်ကွက်ကို တူးဆွခြင်းပြီးဆုံးသွားပြီ ဖြစ်ပါသည်။
အင်မော်တယ် မြေက မပူအိုက်ဘဲ အလျင်အမြန် ပြန်သက်သာသည် ဆိုသော်လည်း ယဲ့ရှောင်ချန်းတစ်ယောက် အလွန်ပင်ပန်းနေပါသေးသည်။
သူ့ရလဒ်များကိုတော့ ကျေနပ်နေ၏။
နောက်တစ်နေ့ ဒုတိယ လုပ်ငန်းစဥ်အတွက် အင်မော်တယ်မြေကို ထပ်မံတူးဆွလိုက်သည်။ အင်မော်တယ် မြေခဲများကို ထုခြေပြီး တွင်းငယ်လေးများ တူးလိုက်သည်။
အင်မော်တယ် မုန်လာဥ မျိုးစေ့တစ်အိတ်နှင့် အင်မော်တယ် မုန်လာဥဖြူလုံး မျိုးစေ့တစ်အိတ်၊ စုစုပေါင်း မျိုးစေ့ ၂၀၀ ရှိသည်။
ထို့နောက် အဝါရောင် အင်မော်တယ် ပဲစေ့ ၃၃ စေ့ ရှိသည်။
ထို့ကြောင့် အားလုံး စုစုပေါင်း ၂၃၃ တွင်း တူးလိုက်ရသည်။
အင်မော်တယ် မုန်လာဥများ၏ တွင်းများက တစ်ခုနှင့်တစ်ခု အလွန်နီးကပ်သည်။
အင်မော်တယ် စမ်းရေကြောင့် အင်မော်တယ် ချီကို စိတ်ပူစရာမလိုတော့ပါ။ ထို့ကြောင့် အာဟာရများ သေချာပေါက်ရရှိပါက အဆင်ပြေလိမ့်မည်။ သဘာဝမြေသြဇာကလည်း အသုံးပြုရန် အဆင်သင့် ဖြစ်နေပြီ။
အင်မော်တယ် မုန်လာဥဖြူလုံးများနှင့် အဝါရောင် အင်မော်တယ် ပဲစေ့များကို သေချာ နေရာခြားထားဖို့ လိုအပ်သည်။ အရမ်းလည်း မနီးရသလို အရမ်းလည်း ဝေးလို့မဖြစ်ပါ။ နေရာ ဖြုန်းတီးရာ ကျလိမ့်မည်။
အထူးသဖြင့် အဝါရောင်အင်မော်တယ် ပဲပင်များက စိတ်ဝိညာဥ် သိမ်းယူသော ဝိသေသလက္ခဏာရှိသည်။
ယဲ့ရှောင်ချန်းသည် မြေသြဇာများ ထားသော တဲထောင့်သို့ ရောက်လာခဲ့သည်။
တဲကို မဖြိုဘဲ ထိုအနီးအနားတွင်သာ သွပ်အိမ်ကို ဆောက်ထားသည်။
မြေသြဇာများ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။
"အင်း ထူးဆန်းတဲ့ အနံ့ပိုပြင်းလာပြီပဲ။"
ယဲ့ရှောင်ချန်းသည် ထိပ်ပိုင်းရှိ အမှိုက်စည်းကြိုးကို ဖြည်လိုက်ပြီး အင်မော်တယ် မြေလွှာဖြင့် ဖုံးအုပ်ထားသော မြေသြဇာပုံကို တွေ့လိုက်သည်။
သူဖွင့်ကြည့်လိုက်တော့ အတွင်းမှာ အစိမ်းရင့်ရောင် ပစ္စည်းများကို တွေ့လိုက်ရပြီး အလွန်ထူးဆန်းသောအနံ့များကို ထုတ်လွှတ်နေ၏။
ထိုအနံ့က မွှေးလည်းမွှေး စူးလည်းစူးရှသည်။
ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းသည် ထိုအစိမ်းရင့်ရောင် ပစ္စည်းများကို ပလတ်စတစ်ပုံးထဲသို့ ထည့်လိုက်သည်။
ပုံးနှစ်ပုံးစာ အပြည့်ရပြီး အင်မော်တယ်မြေသို့ တန်းယူသွားကာ မြေသြဇာအဖြစ် တွင်းငယ်လေးများထဲသို့ ထည့်ကာ အသုံးပြုခဲ့သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းသည် သဘာဝမြေသြဇာကို တွင်းတချို့တွင်သာ ထည့်သည်။ တချို့တွင်းများတွင် ယူရီးယား ကွန်ပေါင်း ဓာတ်မြေသြဇာကို အသုံးပြုသည်။ တချို့တွင်းများတွင် နှစ်မျိုးစလုံးကို သုံးပြီး တချို့တွင်းများမှာတော့ ဘာမှမသုံးပါ။
ယဲ့ရှောင်ချန်းသည် နှိုင်းယှဥ်ကြည့်ဖို့အတွက် လုပ်ခဲ့ခြင်းဖြစ်ပါသည်။
သူ အကုန်လုပ်ပြီးသွားသောအခါ သူ့မှတ်စုစာအုပ်ထဲတွင် အားလုံးကို မှတ်တမ်းတင်လိုက်သည်။
အင်မော်တယ်မုန်လာဥ စိုက်ပျိုးထားသည့် တွင်း ၁၀၀ နှင့် အဝါရောင် အင်မော်တယ် ပဲစေ့ ၁၀ တွင်း မှာ သဘာဝဓာတ်မြေသြဇာကို အသုံးပြုထားသည်။
အင်မော်တယ်မုန်လာဥ စိုက်ပျိုးထားသည့် တွင်း ၅၀ နှင့် အဝါရောင် အင်မော်တယ် ပဲစေ့ ၁၀ တွင်းမှာ ယူရီးယား ကွန်ပေါင်း ဓာတ်မြေသြဇာကို အသုံးပြုသည်။
အင်မော်တယ်မုန်လာဥ စိုက်ပျိုးထားသည့် ၂၅ တွင်းနှင့် အဝါရောင် အင်မော်တယ် ပဲစေ့ ၁၀တွင်းမှာ သဘာဝမြေသြဇာကော ယူရီးယား ဓာတ်မြေသြဇာပါ အသုံးပြုသည်။
အင်မော်တယ်မုန်လာဥ စိုက်ပျိုးထားသည့် ၂၅လုံးနဲ့ အဝါရောင်အင်မော်တယ်ပဲစေ့ ၃ တွင်းမှာတော့ ဘာမှသုံးမထားဘူး။။
ယဲ့ရှောင်ချန်းသည် တွင်းများ အားလုံးကို ဖြည့်ပြီးခါမှ အင်မော်တယ် မျိုးစေ့များ စတင်ထည့်သည်။
"ကံမကောင်းတာက ငါ အင်မော်တယ် အပင်အားဆေးရည်ကို ဝယ်မထားလိုက်ဘူး။ မဟုတ်ရင် ပထဆုံး ဒီမျိုးစေ့တွေကို အပင်အားဆေးရည်နဲ့ အချိန်ခဏလောက် စိမ်ထားလို့ရတယ်။ အဲ့တာဆို အင်မော်တယ် မျိုးစိတ်တွေရဲ့အလားအလာလည်း လုံးဝကောင်းလာပြီး အထွက်နှုန်းနဲ့ အရည်အသွေးလည်း ပိုကောင်းလာလိမ့်မယ်"
ယဲ့ရှောင်ချန်းက စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။
ကံမကောင်းစွာဖြင့် ထိုပုလင်းများက စျေးကြီးလွန်းသည်။ စျေးအပေါဆုံး ပုလင်းကပင် အင်မော်တယ်ယွမ် ၅၀ ရှိသည်။
ယဲ့ရှောင်ချန်းသည် ယခင်က ဒါကို ဝယ်ဖို့ စဥ်းစားကြည့်ဖူးသော်လည်း စဥ်းစားပြီးနောက် လက်လျှော့လိုက်ပါသည်။
အခု မျိုးစေ့တွေကို အရှိန်မြှင့်ပြီး စိုက်ပျိုးစရာမလိုသည့်အတွက် ဘာပြဿနာမှလည်း မရှိသေးပေ။ ထို့အပြင် အရေးအကြီးဆုံးအရာများကို သူ ဝယ်ဖို့ လိုအပ်ခဲ့သည်။
ယဲ့ရှောင်ချန်းသည် အင်မော်တယ် စမ်းရေတွင်း ရှိရာသို့ သွားလိုက်သည်။
အင်မော်တယ် စမ်းရေတွင်းကို နေရာချပြီးတာ ၁၀ နာရီကျော်ကြာပြီဖြစ်သည်။ ပုံမှန်အခြေအနေမှာ ဆိုလျှင် အင်မော်တယ် စမ်းရေမှာ အင်မော်တယ် ရေ ၂ပုံးစာလောက် ပြည့်နေလောက်ပြီဖြစ်သည်။
ယခု မျိုးစေ့များကို ရေလောင်းဖို့ အချိန်ကျပြီ ဖြစ်သည်။
ရေလောင်းရမည် ဆိုသဖြင့် အင်မော်တယ် စမ်းရေမှ ရေဖြင့် လောင်းရမည်။
ယဲ့ရှောင်ချန်းသည် ဒါကို အလွန်မျှော်လင့်နေမိသည်။ အင်မော်တယ်စမ်းရေက ဘယ်လိုပုံစံမျိုးလဲ ဆိုတာကိုတောင် သူ မသိသေးပါ။
ယဲ့ရှောင်ချန်းသည် အင်မော်တယ် စမ်းရေတွင်းရှိရာသို့ ရောက်လာသည်။
ယဲ့ရှောင်ချန်းသည် အထူးရေဖြန်းဗူးကို ထုတ်ယူလိုက်ပြီး တုံးပေါ်တွင် တင်လိုက်သည်။ ထို့နောက် ရေဖြန်းဗူးကို ရေထွက်ပေါက် ပိုက်နှင့် ချိတ်လိုက်၏။
ချက်ချင်းဆိုသလို အလင်းဖောက်ပြွန်မှတဆင့် ကြည်လင်နေသော ရေများသည် ရေဖြန်းဗူးထဲသို့ ဝင်လာသည်ကိုမြင်လိုက်ရသည်။
သာမန်တွင်းရေနှင့် အများကြီး သိပ်မခြားနားပေ။
သို့သော်လည်း ထိုရေတွင် အလွန်သန်မာသော စိတ်ဝိညာဥ်ရှိနေသည်ကို ယဲ့ရှောင်ချန်းတစ်ယောက် သိနေပါသည်။
"အင်း၊ ဒီအတိုင်းသာဆို အင်မော်တယ်ချီ ထုတ်ယူဖို့ မုန်လာရွက်တွေကို သုံးစရာမလိုတော့ဘူး။ အင်မော်တယ်ချီကို ရေထဲကနေ ထုတ်လို့ရပြီ။"
ယဲ့ရှောင်ချန်းက တွေးလိုက်သည်။
အင်မော်တယ်စမ်းရေကို ဖြုန်းတီးရာကျသော်လည်း ပိုမိုအဆင်ပြေချောမွေ့ပါသည်။
ထိုအင်မော်တယ်အရွက်များကို ဖြုန်းတီးစရာ မလိုတော့ဘဲ သဘာဝ ဓာတ်မြေသြဇာ ဖန်တီးရန် ကုန်ကြမ်းများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။