← Chapters

စိတ်ခံစားချက်

Vol. 4 Ch. 55

စိတ်ခံစားချက်

Vol. 4 Ch. 55

အခန်း(၅၅) - စိတ်ခံစားချက်

ဖန်းယွမ်က ခုတလော အလွန်စိတ်ရှုပ်နေပြီး အလုပ်များနေခဲ့သည်။ အလွန်ပင်ပန်းလွန်းလှသဖြင့် ဝိတ်များလည်း အတော်ကျသွားသည်။ အလုပ်အရမ်းများသဖြင့် ကောင်မလေးကိုတောင် အချိန်မပေးနိုင်တော့ပေ။

"ဖန်းယွမ် အဲဒီတုန်းက ငါ မင်းစကားနားထောင်ပြီး ဒီပန်းဂေါ်ဖီမျိုးစေ့တွေကို ဝယ်ခဲ့တာကွ အခု ငါ့ပျက်စီးမှုတွေအတွက် ဂလိုဘယ်ကုမ္ပဏီက ဘာလုပ်ပေးမလဲ စုံစမ်းဖို့ ငါ့ကိုကူညီပေးတော့"

ဖန်းယွမ်က သက်လတ်ပိုင်းအရွယ် ပါးပါးနပ်နပ် မျက်နှာထားရှိသော လူတစ်ယောက်နှင့် အတူတူရှိနေသည်

ထိုလူက သူ့၏ ဆွေမျိုးများထဲမှ တစ်ဦးဖြစ်ပြီး ဟင်းသီးဟင်းရွက် ဖန်လုံအိမ်များလည်း ဆောက်လုပ်ထားသည်။

"မင်းကြည့်စမ်းပါဦး ဒီအိမ်ကြီးဆယ်လုံးစလုံးမှာ ပန်းဂေါ်ဖီတွေပဲ ရှိတာကွ ငါအလျော်မရရင် ဒီကုန်ကျစရိတ်တွေအတွက် ငါပဲပေးရမှာ"

သက်လတ်ပိုင်း ယောက်ျားကြီး၏ မျက်နှာ တစ်ခုလုံး နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

သူ့တူ ဖန်းယွမ်ကြောင့်သာ မဟုတ်လျှင် မျိုးစေ့ဝယ်တုန်းက လျှော့စျေး ရခဲ့မှာ မဟုတ်ပေ။ အခုတော့ သူ့ကို ဆဲဆိုဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။

အမှန်ပင်။ သူက ပုံမှန်လေသံဖြင့်သာ ပြောနေခြင်း ဖြစ်သည်။ လျော်ကြေးငွေ အမြန်ဆုံး ပြန်ရနိုင်အောင် ဖန်းယွမ် သူ့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေခြင်းဖြစ်သည်။

"ဦးလေးအန်း စိတ်ချပါ ကျွန်တော့်ကို ယုံလိုက် ဦးလေးကို သေချာပေါက် မထိခိုက်စေရပါဘူး လျော်ကြေးကိစ္စကို အထက်လူကြီးတွေက ဆွေးနွေးပြီးကြပြီ၊ မကြာခင် အစီအစဥ်ကို လှုပ်ရှားကြတော့မယ်ထင်တယ်"

ဖန်းယွမ်က နှစ်သိမ့်သော လေသံဖြင့် ပြောလိုက်သည်။

တကယ်တော့ သူ့မှာလည်း ဘာယုံကြည်ချက်မှ မရှိပေ။ လျော်ကြေးက ဘယ်လောက်ဖြစ်မည်မှန်း၊ ဘယ်တော့ပေးမည်မှန်းမသိပေ။ ကိစ္စများက များပြားလွန်းလှသည်။

"ဒါပေမဲ့ ဦးလေးအန်း ဘာလို့ ပန်းဂေါ်ဖီတွေကို မနုတ်သေးတာလဲ"

ဖန်းယွမ်က ပန်းဂေါ်ဖီ အပင်ပေါက်များဖြင့် ပြည့်နှက်နေသော ဖန်လုံအိမ်ကို ကြည့်လိုက်သည်။ အရွက်ဝါများ ဘယ်လောက်တောင် ရှိနေသလဲ သူမမှတ်မိတော့ပါ။

အမြစ်များကို တူးကြည့်ပါက အမြစ်များမှာ အနည်းငယ် ပုပ်နေကြောင်း မြင်နိုင်သည်။

ရက်အနည်းငယ်အတွင်း အပင်တစ်ပင်လုံး သေသွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

"တမင်တကာကို မနုတ်တာ အဲဒီဂလိုဘယ် ကုမ္ပဏီက အရှက်မရှိငြင်းရင် ဒါကို သက်သေအဖြစ် သုံးမလို့ သူတို့ ရှောင်လို့ရမှာ မဟုတ်ဘူး"

သက်လတ်ပိုင်း ဦးလေးအန်းက ပြောလိုက်သည်။

ဖန်းယွမ် ဘာပြောရမှန်း မသိတော့ပေ။ ဒီနေ့ လယ်သမားများကို ပန်းဂေါ်ဖီများ နုတ်ဖို့ သွေးဆောင်ရန် တာဝန်ကြောင့် လာခဲ့ခြင်းဖြစ်သည်။

ယခု သတင်းမီဒီယာများက ငါးမန်းတစ်ကောင်လို အနံ့ခံနေကြပြီဖြစ်ကာ နေရာတိုင်းတွင် သတင်းများကို လိုက်ရှာနေကြသည်။ ထို့အပြင် ပန်းဂေါ်ဖီမျိုးစေ့များ၏ ပြဿနာများကို ထုတ်ဖော်သည့် မီဒီယာများပင် ရှိနေပြီဖြစ်သည်။

လယ်သမားများက အရူးများ မဟုတ်ပေ။ ထို့အပြင် အများစုကလည်း ပန်းဂေါ်ဖီအပင်ပေါက်များကို မနုတ်ချင်ကြပေ။ သူတို့အားလုံး ဤပန်းဂေါ်ဖီအတွက် ဖြေဆေးကို ရှာနိုင်မလားဟု မျှော်လင့်နေကြသည်။

ဖြစ်ချင်တော့ ဦးလေးအန်းကလည်း ထိုနည်းတူစွာ တွေးနေလေသည်။ သူမျိုးစေ့များကို နုတ်လိုက်လျှင် ဂလိုဘယ်ကုမ္ပဏီက လှည့်ကွက်သုံးသွားမည်ကို စိုးရိမ်နေသည်။

အခြေအနေက ဖြစ်မလာသေးသော်လည်း လယ်သမားများက ပါးနပ်ကြသည်။

"ဟုတ်ပြီ ဖန်းယွမ် ပြောစမ်းပါဦး ဒီပန်းဂေါ်ဖီတွေကို ဖြေရှင်းဖို့ တကယ်ပဲနည်းလမ်း မရှိတော့ဘူးလား"

ဦးလေးအန်းက အနည်းငယ် စိတ်မပါလက်မပါဖြစ်နေသည်။

သူလျော်ကြေးရခဲ့လျှင်တောင် အများဆုံး မျိုးစေ့ ကုန်ကျစရိတ်လောက်သာ ကာမိမည်။ သို့သော်လည်း အလုပ်သမားကြေးနှင့် အခြားကုန်ကြစရိတ်များလည်း ရှိသေးသည်။ ထို့ကြောင့် အရှုံးပေါ်မည်ကိုတော့ သေချာပေါက် ကာမိမည်မဟုတ်ပေ။

"အဲဒါက..."

ဖန်းယွမ်က နည်းလမ်းမရှိဘူးဟု ပြောရန်ကြံလိုက်သော်လည်း ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲသို့ ယဲ့ရှောင်ချန်း ပြောပြထားသော နည်းလမ်းက ဝင်ရောက်လာသည်။

ငါကြိုးစားကြည့်လိုက်ရမလား။

ဘာပဲဖြစ်ဖြစ် အကြံကောင်းတစ်ခု ဆိုတော့ ကြိုးစားကြည့်ရအောင်လား။

ဖန်းယွမ်က အံကြိတ်ကာ သူ့ဦးလေးကို ပြောလိုက်သည်။ "ဦးလေး နည်းလမ်းတစ်ခုတော့ ရှိတယ် အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး"

"ဘာနည်းလမ်းလဲ"

ဦးလေးအန်း၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ သူအလျင်အမြန် မေးလိုက်သည်။

ယခု သူ့ပုံစံက ရေနစ်သူတစ်ယောက် လေရှူရန် ပိုက်တစ်ချောင်း ရလိုက်သလိုပင်။ မျှော်လင့်ချက်ရောင်ခြည်တချို့ မြင်နေရပြီး သူကြိုးစားကြည့်ချင်သည်။ ဒီအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပါ။

ချက်ချင်းပဲ ဖန်းယွမ်က ယဲ့ရှောင်ချန်း ပြောပြခဲ့သမျှကို ပြန်ပြောလိုက်သည်။

ဦးလေးအန်းက အများကြီး သိပ်မစဥ်းစားပေ။ စိတ်လှုပ်ရှားနေကာ ပစ္စည်းများကို သွားပြင်ဆင်လိုက်သည်။

ဖန်းယွမ်တွင် အာမခံချက် မရှိသော်လည်း သူ့ဦးလေးကို ကူညီကာ အလုပ်စတင်လုပ်ခဲ့တော့သည်။

.....

စိုက်ပျိုးရေးခြံတွင် ယဲ့ရှောင်ချန်းက ဟင်းသီးဟင်းရွက်များ သစ်သီးဝလံများ အားလုံးကို ရေလောင်းနေသည်။

သူ့စိုက်ပျိုးရေးခြံတွင် ဆည်မြောင်းစနစ် ထည့်သွင်းထားပြီးဖြစ်သည်။ ရေပိုက်များကို မြေအောက်တွင် မြှုပ်ထားပြီး တစ်ခုချင်းစီက ဖန်လုံအိမ်တစ်ခုနှင့် ဆက်သွယ်ထားသည်။

သို့သော်လည်း ရေဖျန်းဘူးတွင် အလိုလျောက်ထိန်းချုပ်မှုမပါပေ။ ထို့ကြောင့် ရေပိုက်ခေါင်းများနှင့် ချိတ်ဆက်ထားသော ရေပိုက်များကိုအသုံးပြုပြီး ဟင်းသီးဟင်းရွက်များကို ရေလောင်းရသည်။

အင်မော်တယ်မြေအတွက်တော့ အထူးရေဖျန်းဘူးထဲ အင်မော်တယ် စမ်းရေကိုထည့်ကာ ရေလောင်းရပါသည်။

သည်တစ်ခါလည်း ယဲ့ရှောင်ချန်း အင်မော်တယ် စမ်းရေပမာဏအနည်းငယ် ချန်ထားသည်။ သို့သော်  မုန်လာဥများကို ရေလောင်းမည့်အစား ဟင်းသီးဟင်းရွက်မျိုးစုံကို လောင်းခဲ့သည်။

အင်မော်တယ် စမ်းရေမှ ရေပမာဏက အကန့်အသတ်ရှိသဖြင့် ဟင်းသီးဟင်းရွက်များကို ပမာဏအနည်းငယ်သာ လောင်းနိုင်သည်။

မနက်ခင်းတွင်

ယဲ့ရှောင်ချန်း ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပြီးသွားသောအခါ ဝမ်ရွှေရှန့်၏ ဗီလာသို့ တန်းမောင်းသွားလိုက်၏။

မသွားတာကြာပြီဖြစ်သည်။

အရင်တုန်းက ဝမ်ရှင်းယီကို အပင်သန်ဆေး ပေးဖို့အတွက်သာ အဓိက လာခဲ့သည်။

သူအရင်တစ်ခေါက်က ပေးခဲ့သော အပင်သန်ဆေးလည်း ကုန်သွားပြီဖြစ်၏။

ဝမ်ရွှေရှန့်၊ သူ့ဇနီးနှင့်သားတို့ အိမ်တွင်မရှိကြချေ။ ဝမ်ရှင်းယီနှင့် အဘွားတစ်ယောက်တို့သာ ဗီလာထဲတွင်ရှိသည်။

ယဲ့ရှောင်ချန်းက ဝမ်းရှင်းယီနေထိုင်သော ခြံဝန်းထဲသို့ တန်းသွားခဲ့သည်။

ဝမ်ရှင်းယီက အဖြူရောင် ဝတ်ဆင်ထားပြီး ရေလို သန့်စင်ရှင်းလင်းလှသည်။

ဝမ်ရှင်းယီ၏ အေးစက်သော မျက်နှာပေါ်တွင် တောက်ပမှုတချို့ မြင်လိုက်ရသည်ဟု ယဲ့ရှောင်ချန်း ရုတ်တရက် ခံစားလိုက်ရသည်။

လူများကို ငြင်းဆန်တတ်သော အေးစက်ပြီး သူစိမ်းဆန်သည့် စိတ်မှာ အများအပြား လျော့နည်းသွားသည့်ပုံပင်။

စကားပြောဆက်သွယ်ရန်အတွက် စာရေးဘုတ်ပြားနှစ်ခုလည်း ရှိသည်။ ယဲ့ရှောင်ချန်းက ထိုအပေါ်တွင် မကြာခဏ ရူးကြောင်ကြောင် ပုံများဆွဲတတ်သည်။

သည်အချိန်တောအတွင်း လက်ဟန်ဘာသာစကားကို သင်ယူဖို့ အတွေးတချို့လည်း ဝင်လာမိသေးသည်။

ရိုးရှင်းသော ဆက်သွယ်မှုများက သူ့အတွက် ပြဿနာမရှိသော်လည်း ရှုပ်ထွေးသော ဆက်သွယ်မှုများ အတွက်တော့ စာရေးဘုတ်ပြားကို အသုံးပြုရသည်။

"ဝမ်ရှင်းယီ အိမ်မှာ နေ့တိုင်းနေတာလား"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်းရေးပြသည့် စာကိုမြင်ပြီး သိမ်မွေ့စွာ ခေါင်းညိတ်ဖြေလိုက်သည်။

"အပြင်မသွားချင်ဘူးလား"

ယဲ့ရှောင်ချန်းက ဘုတ်ပြားပေါ်တွင် ဆက်ရေးလိုက်သည်။

ဝမ်ရှင်းယီက အနည်းငယ် တွန့်ဆုတ်သွား၏။

သို့သော်လည်း သူမမျက်လုံးထဲတွင် အပြင်ဘက် ကမ္ဘာကို တောင့်တနေသော ဆန္ဒတစ်ခုကို ယဲ့ရှောင်ချန်း မြင်နိုင်သည်။

ဝမ်ရှင်းယီက နှုတ်ခမ်းကိုက်လိုက်၏။ သူမ မျက်နှာပေါ်တွင် ဝမ်းနည်းသော ပုံရိပ်များ ပေါ်နေသည်။ ထို့နောက် ဘုတ်ပြားပေါ်တွင် ရေးလိုက်သည်။

"သက်ဝင်လှုပ်ရှားနေတဲ့ ရှုခင်းတွေ ဆိုရင်တောင် ကျွန်မအတွက် အတူတူပါပဲ"

ယဲ့ရှောင်ချန်းက သူမ၏ အဖြေမှ အထီးကျန်ပြီး ညှိုးငယ်သော ခံစားချက်တစ်ခုကိုရနေသည်။

အပြင်ပိုင်းတွင် ဝမ်ရှင်းယီက တည်ငြိမ်ပုံ ပေါ်သော်လည်း ရင်ထဲတွင်တော့ သာမန်လူတစ်ယောက်သဖွယ် နေထိုင်လိုစိတ် ပြင်းပြမှန်း သူသိသည်။

သူဘာပြောရမှန်း မသိတော့ပေ။

ခေတ်သစ်ဆေးပညာက တိုးတက်လာပြီဖြစ်သော်လည်း ဖြေဆေး မရှိသည့် ရောဂါများကတော့ ရှိနေဆဲဖြစ်ပါသည်။

ဝမ်ရွှေရှန့် ပိုင်ဆိုင်ထားသော ငွေပမာဏဖြင့် ဝမ်ရှင်းယီအတွက် ကုသမှုတစ်ခုခု ဆောင်ရွက်နိုင်လျှင် သူလုပ်ပြီးတာ ကြာလောက်ပြီဖြစ်သည်။

"မဟုတ်သေးဘူး ငါ့မှာ ရှန်းနုန်စနစ်ရှိတာပဲ နောက်ပိုင်း ဝမ်ရှင်းယီအတွက် ကုသနည်း တစ်ခုခုတွေ့ရင်တွေ့မှာပေါ့"

ယဲ့ရှောင်ချန််း ရုတ်တရက် မျှော်လင့်ချက် ရှိသွားသည်။

"ဝမ်ရှင်းယီ ကျွန်တော့်ကို ယုံလား"

ဝမ်ရှင်းယီကို သူကြည့်လိုက်ပြီး စာရေးဘုတ်ပြားပေါ်တွင် ရေးလိုက်သည်။

ဝမ်ရှင်းယီက ရှေးဦးစွာ စာရေးဘုတ်ပြားကို ကြည့်လိုက်သည်။ ထို့နောက် ယဲ့ရှောင်ချန်း မျက်လုံးကို ကြည့်လိုက်၏။ မျက်လုံးများတွင် အတွေးများပေါ်နေပြီး သူမ ခေါင်းညိတ်လိုက်သည်။

ဤသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း ရင်ထဲ ကျေနပ်သွား၏။ ဝမ်ရှင်းယီက သူ့ကို ယုံသည်ဟု ဆိုသဖြင့် လိမ်နေတာတော့ မဖြစ်နိုင်ပေ။

ဝမ်ရှင်းယီက အထီးကျန်သော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမက လူတစ်ယောက်ကို ယုံကြည်သည်ဟု ဆိုလျှင် အလိမ်အညာ မဟုတ်ဘဲ တကယ်ယုံကြည်၍ ဖြစ်ပါသည်။ သူမ အမှန်တကယ် ယုံကြည်ရသည့် လူများကိုသာ ယုံသည်။

"နှင်းပန်းနှစ်ခိုင်ကို ကုသပေးခဲ့သလိုမျိုး ဝမ်ရှင်းယီကိုလည်း ကျွန်တော်ကုသပေးမယ်"

ယဲ့ရှောင်ချန်း၏ မျက်နှာက တည်တံ့သွားပြီး သစ္စာဆိုသကဲ့သို့ ဘုတ်ပြားပေါ်တွင် စာလုံးများကို ယုံကြည်မှု ပြင်းထန်စွာ ရေးလိုက်သည်။

ဝမ်ရှင်းယီက အံ့အားသင့်သွား၏။

မျက်ခုံးများ တုန်ယင်လာပြီး  သူမ မျက်လုံးများလည်း အနည်းငယ် စိုစွတ်လာသည်။

သူမက မကြားနိုင်၊ မပြောနိုင်သော်လည်း သူမနှလုံးသားက နိုးကြားလွယ်ပြီး ယဲ့ရှောင်ချန်း၏ ရင်ထဲက ကတိသစ္စာကို ခံစားမိနေသည်။

မသိစိတ်ထဲမှ သူမ၏ မလုံခြုံမှုများနှင့် အထီးကျန်မှုများက လုံခြုံသော ခိုလှုံရာအရပ်တစ်ခုကို ရှာတွေ့သွားသလိုပင်။ ထို့ကြောင့် သူမ ယဲ့ရှောင်ချန်းနှင့် နီးစပ်လာသလို ခံစားမိသည်။

ရုတ်တရက် သူမ၏ ပါးပြင်ပေါ်က အနည်းငယ် ရှက်သွေးဖြာလာသည်။

သူမ၏ ပုံစံကိုကြည့်ပြီး ယဲ့ရှောင်ချန်း နှလုံးခုန်တာပင် ရပ်သွားသလို ခံစားလိုက်ရသည်။

ဝမ်ရှင်းယီလည်း ယဲ့ရှောင်ချန်း၏ မျက်လုံးများကို သတိထားမိသဖြင့် ခေါင်းငုံ့ချလိုက်မိသည်။ ထို့နောက် ဘုတ်ပြားပေါ်တွင် စာလုံးများကို ရေးသားလိုက်၏။

"ကျေးဇူးတင်ပါတယ်"

ယဲ့ရှောင်ချန်း ကားမောင်းပြီး အိမ်ပြန်လာစဥ် စိတ်က အလွန်ရွှင်လန်းလျက်ရှိသည်။ မျက်နှာပေါ်မှ အပြုံးကိုလည်း အတောမသတ်နိုင်တော့ပါ။

ဝမ်ရှင်းယီက အလွန်ပြောင်းလဲသွားပြီး သူနှင့် နီးစပ်လာသည်ကို ခံစားမိသည်။

တကယ်တော့ ယဲ့ရှောင်ချန်း အမြဲလိုလို ဝမ်ရှင်းယီအကြောင်း စဥ်းစားနေမိခဲ့ပါသည်။

သူ့ကိုဆွဲဆောင်နေသည့်အရာတစ်ခုခု ဝမ်ရှင်းယီတွင် ရှိနေသလိုပင်။

ဒါအချစ်၏ အစပထမဖြစ်နိုင်သည်။ အချစ်ဦး၏ ခံစားချက်ဖြစ်နိုင်သည်။

တစ်ခါမှမချစ်ဖူးသည့် လူတစ်ယောက်အတွက်တော့ ရေကာတာကျိုးပေါက်၍ တားဆီး၍မရနိုင်သလို ဖြစ်သွားပါလိမ့်မည်။

All Chapters