← Chapters

ငြင်းပယ်ခြင်း

Vol. 4 Ch. 58

ငြင်းပယ်ခြင်း

Vol. 4 Ch. 58

အခန်း(၅၈) - ငြင်းပယ်ခြင်း

လုပ်ကြည့်ရအောင်ကွာ။

ယဲ့ရှောင်ချန်းသည် နောက်လှည့်လိုက်ပြီး အင်မော်တယ်စမ်းရေ ပဲစေ့များ၊ အင်မော်တယ်စမ်းရေ သခွားသီးများနှင့် အင်မော်တယ်စမ်းရေ ငရုတ်သီးများကို ခူးလိုက်သည်။

အရင်ဆုံး ဒီသုံးမျိုးနဲ့ စလုပ်လိုက်ရအောင်။

အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ပြီးသွားသောအခါ ဆေးကြောလိုက်ပြီး နေရောင်အောက်တွင် အခြောက်ခံလိုက်သည်။

နေ့လည်ခင်းသို့ ရောက်လာပြီ။

အင်မော်တယ်စမ်းရေတွင်းအရှေ့တွင် ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် မှော်ဆားရည်စိမ်ပုလင်းကို ထုတ်ကာ အဖုံးကို ဖွင့်လိုက်သည်။ ပုလင်းက သန့်ရှင်းလွန်းလှသဖြင့် ဆေးကြောစရာပင် မလိုပေ။

ထို့နောက် ယဲ့ရှောင်ချန်းသည် ရေထွက်ပိုက်နှင့် ပုလင်းကို ဆက်လိုက်သဖြင့် ရေများ စတင်ဝင်လာခဲ့သည်။

မှော်ဆားရည်စိမ်ပုလင်းတွင် အထူးအာနိသင်တစ်မျိုး ရှိသည်။ ၎င်းမှာ အင်မော်တယ်ချီအား ရေမှ ခွဲထွက်မသွားစေခြင်း ဖြစ်ပါသည်။

အင်မော်တယ်စမ်းရေများ ပုလင်းထဲ တစ်ဝက်လောက် ပြည့်သည့်အထိ စောင့်ပြီး ယဲ့ရှောင်ချန်းသည် ပဲစေ့များ၊ သခွားသီးများနှင့် ငရုတ်သီးများကို ရေထဲ ထည့်စိမ်လိုက်သည်။

ထို့နောက် ဆားနှစ်ထုတ် ထည့်လိုက်သည်။

ပုံမှန်ဆို အင်မော်တယ်ဆား အသုံးပြုလျှင် အကောင်းဆုံံး ဆိုသော်လည်း မော်တယ်များက အင်မော်တယ်ဆားများကို စားသုံးလို့ မရသဖြင့် ရိုးရိုးဆားကိုသာ အသုံးပြုနိုင်သည်။

အားလုံးပြင်ဆင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ပုလင်းအဖုံးကို ပြန်ပိတ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် မှော်ဆားရည်စိမ်ပုလင်းအပေါ်မှ မျဥ်းများ အားလုံး လင်းလာသည်ကို မြင်လိုက်ရသည်။

"တကယ် မှော်ဆန်တာပဲ။"

ယဲ့ရှောင်ချန်းက အံ့အားသင့်သွားသည်။

မှော်ပုလင်း၏ လုပ်ဆောင်ချက်က အဖုံးပိတ်ပြီးပြီးချင်း အလိုအလျောက် စတင်တာ ဖြစ်သည်။

မှော်ဆားရည်စိမ်ပုလင်းက ထိုကဲ့သို့ အလုပ်လုပ်ဖို့ဆိုလျှင် အင်မော်တယ်ချီရှိရန် လိုအပ်သည်။

အင်မော်တယ်စမ်းရေနှင့် အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များမှ ချီက မှော်ဆားရည်စိမ်ပုလင်းကို အလုပ်လုပ်စေသော စွမ်းအင်များ ဖြစ်ကြသည်။

"အညွှန်းအတိုင်းဆိုရင် မှော်ဆားရည်စိမ်ပုလင်းက ၂၄နာရီအတွင်း ကုန်ကြမ်းပစ္စည်းတွေကို ဆားရည်စိမ်အဖြစ် ပြောင်းပေးနိုင်လိမ့်မယ်။"

ယဲ့ရှောင်ချန်းတစ်ယောက် ဒါကို အရမ်းမျှော်လင့်ထားသည်။

ယဲ့ရှောင်ချန်းသည် တစ်စုံတစ်ခုကို စဥ်းစားနေတုန်း ဖုန်းသံမြည်လာသည်။ သူ ဖုန်းကို ကြည့်လိုက်သောအခါ ဖန်းယွမ်ထံမှ ဖြစ်သည်။

"ယဲ့ရှောင်ချန်း၊ ငါမင်းကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်။"

ဖန်းယွမ်၏ အသံက ဖုန်းထဲမှ ထွက်လာသည်။

"ဘာသတင်းကောင်းလဲ၊ ပြောပါဦး။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။

"ဂလိုဘယ်မျိုးစေ့ကုမ္ပဏီက သူတို့ကုမ္ပဏီရဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ချင်လို့ မင်းကို တွေ့ချင်နေကြတယ်။"

ဖန်းယွမ်က ပြောလိုက်သည်။

"ဖန်းယွမ်၊ အဲ့တာ အကျိုးရနိုင်တာရှိလား။"

ယဲ့ရှောင်ချန်းက အံ့အားသင့်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်မိသည်။

ရုတ်တရက် ဂလိုဘယ်မျိုးစေ့ကုမ္ပဏီကြီးအတွက် ပြဿနာအကြီးကြီးတစ်ခုကို သူ ဖြေရှင်းပေးခဲ့သည်ကို မှတ်မိသွားသည်။ သူ ငွေမတောင်းသင့်ဘူးလား။

ဖန်းယွမ်ကို ကူညီဖို့သက်သက် လုပ်ခဲ့သည် ဆိုသော်လည်း ကိစ္စနှစ်ခုက မတူညီပါ။

အခုလောလောဆယ် သူလည်း ငွေပြတ်လပ်နေသည်။

"အကျိုးဟုတ်လား ရှိမှာပေါ့ကွာ၊ ထင်တာပဲ... မင်း အားလား၊ အားရင် ငါ တစ်ယောက်ယောက်နဲ့ အခုပဲ လာခဲ့မယ်။"

ဖန်းယွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

"ကောင်းပြီ၊ မင်း ရောက်လာရင် ငါ့ကို ဖုန်းဆက်လိုက်။"

ယဲ့ရှောင်ချန်းသည် ခဏလောက် စဥ်းစားလိုက်သေးသည်။ သူသည် ဖန်းယွမ်ကို မျက်နှာသာ ပေးရဦးမည်။ အခြားအဖွဲ့က သူ့တံခါးဝထိ ရောက်လာဖို့ အသင့်ဖြစ်နေပြီ ဖြစ်သဖြင့် သူ မငြင်းနိုင်ပါ။

ထိုက်ဖျင်မြို့တော်၊ ပရော်ဖက်ဆာကျန်းနှင့် တွေ့ဆုံခဲ့သော လက်ဖက်ရည်ဆိုင်တွင်...

ယဲ့ရှောင်ချန်းသည် ဂလိုဘယ်ကုမ္ပဏီမှ လူများနှင့် တွေ့ဆုံခဲ့သည်။

အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားသုံးယောက်။

ပထမအမျိုးသမီးက အသက် ၃၀ ဝန်းကျင်လောက် ရှိမည်။ မျက်လုံးနက်နက်ဖြင့် ပရော်ဖက်ရှင်နယ်ဆန်သော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ စမတ်ကျပြီး စွမ်းဆောင်ရည် ကောင်းမည့်ပုံပင်။

မကြာခင် ထိုအမျိုးသမီး၏ အမည်က စုယွမ်ဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။ သူမသည် ဂလိုဘယ်ကုမ္ပဏီ၏ လူထုဆက်သွယ်ရေး ဌာနခေါင်းဆောင်ဖြစ်သည်။

အခြားလေးယောက်က စုယွမ်၏ လက်ထောက်များ ဖြစ်ကြသည်။ ကျန်တာကတော့ ဂလိုဘယ်ကုမ္ပဏီ၏ နည်းပညာဝန်ထမ်းများ ဖြစ်ကြပါသည်။

ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ပြီးနောက် စုယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "မစ်စတာယဲ့၊ ပြောရမှာတော့ ရှက်ဖို့ကောင်းပါတယ်၊ ကျွန်မတို့ အရယ်ခံရလည်း ပြဿနာမရှိပါဘူး။ ကျွန်မတို့ရဲ့ ပရော်ဖက်ရှင်နယ် သုတေသနပညာရှင်တွေ တစ်ယောက်မှ မစ်စတာယဲ့ရဲ့ ဆားပျော်ရည်နည်းလမ်းနိယာမကို နားမလည်နိုင်ကြသေးဘူး။"

ဆားပျော်ရည်နည်းလမ်းက ရိုးရှင်းသည်ဟု ထင်ရသော်လည်း လုပ်ဆောင်ချက် နိယာမက မရှင်းလင်းပါ။

ဒါက ယဲ့ရှောင်ချန်း၏ အံ့အားသင့်ဖွယ်အဆင့်ကို ပြသနေသည်။

ဂလိုဘယ်ကုမ္ပဏီက စီနီယာသုတေသနပညာရှင်များစွာရှိပြီး ၎င်းတို့ထဲက အများစုက ကျွမ်းကျင်အဆင့် ပရော်ဖက်ဆာများ ဖြစ်ကြသည်။ ဒါတောင် ထိုဆားပျော်ရည် နိယာမကို နားမလည်နိုင်သည်မှာ ရယ်ချင်ဖွယ်ဖြစ်ပါသည်။

"ဟားဟား... စုမိန်းကလေး၊ တကယ်တော့ ကျွန်တော်လည်း ဒီနည်းလမ်းကို ကြက်ကန်း ဆန်အိုးတိုးပြီး တွေ့သွားတာပါ။ ကျွန်တော်လည်း နိယာမကို ရှင်းရှင်းလင်းလင်း မသိပါဘူး။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

ဒါက အဓိပ္ပာယ် မရှိပေ။ နိယာမက ရှုပ်ထွေးသည်သာ မကဘဲ တန်ဖိုးကလည်း ကြီးမားလှသည်။ ဒီလောက် လွယ်လွယ်နဲ့တော့ ထုတ်မပြောနိုင်ပါ။

စုယွမ်ကလည်း ဉာဏ်ကောင်း၏။ ယဲ့ရှောင်ချန်း ပြောသည်ကို သူမ မယုံကြည်ပါ။

ဒါက လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်မှာ သိသာပါသည်။

သို့သော်လည်း ဒါက ပုံမှန်ပဲ ဖြစ်သည်။ အသိပညာက ငွေကြေးဥစ္စာသာ ဖြစ်ပါသည်။

"မစ်စတာယဲ့က အစအနောက်သန်တယ်နဲ့ တူပါတယ်။ ဒါကို ကြက်ကန်းဆန်အိုးတိုးပြီး သိနိုင်မယ်ဆိုရင် ကျွန်မတို့ ဂလိုဘယ်ကုမ္ပဏီက ရှာတွေ့နိုင်မှာပေါ့။ မစ်စတာယဲ့သာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့ ရှင့်ကို အထူးနည်းပညာအကြံပေးအဖြစ် ငှားရမ်းချင်ပါတယ်။ နှစ်စဥ် လစာဝင်ငွေက ယွမ် ၁ သန်းပါ။ ပရီမီယမ် တိုက်ခန်းတစ်ခုနဲ့ ဇိမ်ခံကားတစ်စီးလည်း ပါဝင်ပါမယ်။”

စုယွမ်က ပြုံးကာ မက်လုံးအကြီးကြီး တစ်ခု ပေးလိုက်သည်။

တံတွေးမျိုချသည့် အသံတစ်ခု ထွက်ပေါ်လာသဖြင့် ယဲ့ရှောင်ချန်းသည် အနောက်ကို ကျော်ကြည့်လိုက်တော့ ဖန်းယွမ်ကို မြင်လိုက်သည်။ သူ့မျက်လုံးများက မယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိပ်တန်းနည်းပညာဝန်ထမ်းတစ်ယောက်က ဒီလိုအကျိုးခံစားမှုမျိုး ရသည်မှာ အံ့သြစရာမရှိပါ။

ယဲ့ရှောင်ချန်းသည် မသိမသာ တံတွေးမျိုချလိုက်၏။ ဒီမက်လုံးက သာမန်မဟုတ်ပါ။ ယခင်ကသာဆို သူ ရာနှုန်းပြည့် လက်ခံလိုက်မည်ဖြစ်သည်။

သို့သော် ပြဿနာက ယခု သူ့မှာ ရှန်းနုန်စနစ်ဖြင့် ချည်နှောင်ခံထားရပြီ ဖြစ်သည်။

သူ့အခြေခံအုတ်မြစ်က စိုက်ပျိုးရေးခြံ ဖြစ်သည်။ သူသာ စိုက်ပျိုးရေးခြံမှ ထွက်သွားပါက ရှန်းနုန်တစ်ယောက်အဖြစ် ထိုက်တန်တော့မည် မဟုတ်ပါ။

ယဲ့ရှောင်ချန်းသည် ခက်ခဲစွာ ဆုံးဖြတ်ပြီးနောက်တွင် ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်သည်။

စုယွမ် အံ့အားသင့်သွားရသည်။ ထိုကဲ့သို့ ကြီးမားသည့် အကျိုးခံစားခွင့်မျိုးက ယဲ့ရှောင်ချန်းကို မတုန်လှုပ်စေပါလား။

ထိုကဲ့သို့ အကျိုးခံစားခွင့်မျိုးမှာ ဂလိုဘယ်ကုမ္ပဏီက လူအနည်းငယ်သာ ခံစားခွင့်ရှိသည်ဖြစ်ပြီး အားလုံးကလည်း ကုမ္ပဏီ၏ ရတနာများ ဖြစ်ကြသည်။

ဖန်းယွမ်သည် မနေနိုင်တော့ဘဲ မေးလိုက်ရသည်။ "ရှောင်ချန်း၊ မင်းခြံကနေ ထွက်လို့ မရလို့လား၊ ဘာဖြစ်လို့လဲ။"

"ငါက လွတ်လွတ်လပ်လပ် နေရတာ အရမ်းအသားကျနေလို့ပါကွာ။ ကုမ္ပဏီက အစားအစာကို စားရရင် ငါ သက်တောင့်သက်သာ မရှိဘဲ အလုပ်ထွက်မိမှာပဲ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

တကယ်တော့ သူ ကုမ္ပဏီတစ်ခုတွင် အလုပ်မလုပ်ချင်သည်ကလည်း ပါသည်။ အိမ်ပြန်ပြီး လယ်သမားတစ်ယောက်သာ လုပ်မည်။ သူ့ထံတွင် ရှန်းနုန်စနစ်မရှိပါက ယခုထိ ဟင်းသီးဟင်းရွက်များ ရောင်းချဖို့ ပြဿနာရှိနေဦးမည်ဖြစ်သည်။

ဖန်းယွမ်မှာ ပြောစရာစကား ကင်းမဲ့သွားသည်။

"ကျွန်မတို့ မစ်စတာယဲ့ ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်၊ ဒါပေမယ့် ကုမ္ပဏီတံခါးကတော့ မစ်စတာယဲ့အတွက် အမြဲတမ်း ဖွင့်ထားပေးမှာပါ။"

စုယွမ်က အနည်းငယ် စိတ်ပျက်သွားမိသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းလို စွမ်းဆောင်ရည်ရှိသူက စိတ်ဓာတ်ခိုင်မာပြီး စိုက်ပျိုးရေးခြံကို လက်လွှတ်မည်မဟုတ်ကြောင်း သူမ သိနေသည်။

"ဟားဟား... အဲ့လိုနေ့မျိုး ရောက်လာရင်တော့ ကျွန်တော် သေချာပေါက် ခင်ဗျားတို့ဆီ လာခဲ့မှာပါ။"

ယဲ့ရှောင်ချန်းက အပြုံးခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

သူ ပြောဆိုဆက်ဆံနေသည့်ပုံစံက ကောင်းမွန်သည်ဟု ခံစားရသည်။

"မစ်စတာယဲ့၊ ကျွန်မတို့ရဲ့ ဂလိုဘယ်ကုမ္ပဏီကို အကူအညီပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ အခုချိန်ကစပြီး ကျွန်မတို့ကုမ္ပဏီက မစ်စတာယဲ့ရှောင်ချန်းရဲ့ စိုက်ပျိုးရေးခြံအတွက် မျိုးစေ့တွေ ထောက်ပံ့ပေးပါ့မယ်။ ဂလိုဘယ်ကုမ္ပဏီရဲ့ စတိုးဆိုင်မှာ ရှိနေတဲ့ မျိုးစေ့မှန်သမျှကို အချိန်မရွေး ယူလို့ရပါတယ်။"

စုယွမ်က မတ်တပ်ရပ်လိုက်သည်။

ယဲ့ရှောင်ချန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ လခွမ်း၊ ငါက မျိုးစေ့တွေကို ဘာလုပ်ရမှာလဲ၊ မျိုးစေ့တွေက အများကြီး တန်ဖိုးနည်းတာကို၊ ငါက ငွေသား လိုချင်တာဟ။

သို့သော်လည်း ယခုလေးတင် သူ ခုခံမှု ပြခဲ့သဖြင့် ငွေကို ပေါ်တင် တောင်းခံလို့တော့ မရပါ။ ထို့ကြောင့် သူ့မျက်နှာကို တည်တည်တံ့တံ့သာ ဆက်ထားလိုက်သည်။

သို့သော်လည်း ယဲ့ရှောင်ချန်းသည် သူ့ရင်ထဲတွင်တော့ စိတ်ဓာတ်ကျသွားသည်။

နောက်ဆုံးတော့ အရေပါးတဲ့လူတွေကပဲ အရှုံးပေါ်ရသည် မဟုတ်ပါလား။

ထားလိုက်ပါတော့။

မျိုးစေ့ဆိုလည်း ရေရှည်ဆိုလျှင်  မျိုးစေ့အတွက် ငွေအနည်းငယ် သက်သာရာရမည် ဖြစ်ပါသည်။

"ရှောင်ချန်း၊ မင်း ဘာဖြစ်လို့ ဒီလောက်တောင် မိုက်မဲရတာလဲကွ။ မင်း တစ်နှစ်လောက် အလုပ်လုပ်မယ် ဆိုရင်တောင် မင်းခြံက ယွမ် ၁ သန်း လောက် ရနိုင်လို့လား။"

စုယွမ်နှင့် အခြားသူများ လက်ဖက်ရည်ဆိုင်မှ ထွက်သွားသောအခါ ဖန်းယွမ်က ယဲ့ရှောင်ချန်းကို တီးတိုးငေါက်လိုက်သည်။

"ငါ့ခြံက မရနိုင်ဘူးလို့ ဘယ်သူပြောလဲ။"

ယဲ့ရှောင်ချန်းက ဖန်းယွမ်ကို ကြည့်ကာ ရယ်မောလိုက်သည်။

"မင်းကတော့ တကယ့်ကောင်ပဲ။"

ဖန်းယွမ်က မျက်လုံးလှည့်လိုက်မိသည်။

ရုတ်တရက် သူသည် ယဲ့ရှောင်ချန်းအကြောင်း ပထမဆုံးအကြိမ်အဖြစ် သိလာရသည်ဟု ခံစားရသော်လည်း သူ့စိတ်ကိုတော့ ဖောက်ထွင်းမမြင်နိုင်သေးပါ။

All Chapters