← Chapters

အွန်လိုင်းရှော့ပ်

Vol. 4 Ch. 60

အွန်လိုင်းရှော့ပ်

Vol. 4 Ch. 60

အခန်း(၆၀) - အွန်လိုင်းရှော့ပ်

ဆားရည်စိမ် ဟင်းသီးဟင်းရွက် ပန်းကန်လုံးကြီး တစ်လုံးစာ ယူပြီးနောက် ယဲ့ရှောင်ချန်းသည် မှော်ဆားရည်စိမ်ပုလင်းကို သိုလှောင်နေရာကွက်ထဲ ပြန်ထည့်လိုက်ပြီး အိမ်သို့ အမြန်ပြန်လာခဲ့သည်။

ယဲ့ရှောင်ချန်းသည် တစ်လမ်းလုံး သွားရည်ကျနေခဲ့သည်။

သူ စားချင်စိတ်ကို မထိန်းနိုင်ပါ။ အနံ့က မွှေးလွန်းသည်။

အမျိုးသမီးဟွေ့၏ အိမ်။

"ဘာဖြစ်လို့ ကြက်သားဟင်းပဲ ထပ်ချက်ရပြန်တာလဲ။"

အမျိုးသမီးဟွေ့၏ ယဲ့ဝေလုံက မျက်မှောင်ကြုတ်ပြီး သူ့အမေကို ပြောလိုက်သည်။

သူက အသားနှင့် ပတ်သက်လာလျှင် အလွန်ချေးများပြီး အမဲသားသာ စားသည်။ ဝက်သား၊ ကြက်သား၊ ငါးနှင့် သိုးသားများကို မစားတတ်ပါ။

သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း သစ်ကိုင်းခြောက်လို ပိန်လှီလှသည်။

အမျိုးသမီးဟွေ့က တစ်စုံတစ်ခုကို ပြောဖို့ ကြံလိုက်သည်။

ရုတ်တရက် အိမ်အပြင်ဘက်မှ လူတစ်ယောက် ဖြတ်ပြေးသွားပြီး သူတို့နှစ်ယောက်လည်း ဖော်မပြနိုင်လောက်သော ရနံ့တစ်ခုကို ရသွားသည်။

"ဒါ ဘာအနံ့လဲ။"

ယဲ့ဝေလုံက နှာခေါင်းရှုံ့လိုက်ပြီး ပါးစပ်မှ သွားရည်များ ကျလာသည်ကို ခံစားလိုက်ရသည်။

နဂိုက စားချင်စဖွယ် မရှိလှသည့် ညစာဝိုင်းမှာ ရုတ်တရက် ပြင်းထန်သော ဆာလောင်စိတ်ကို ဖြစ်ပေါ်လာစေသည်။

"ဟုတ်တယ်၊ ဘာဖြစ်လို့ အရမ်းမွှေးနေတာလဲ။"

အမျိုးသမီးဟွေ့သည်လည်း အံ့သြသွားသည်။

"ခုနက ယဲ့ရှောင်ချန်းနဲ့ မတူဘူးလား။"

သူ မတ်တပ်ရပ်ပြီး အပြင်ဘက်သို့ ထွက်ကြည့်လိုက်သည်။ သို့သော်လည်း ယဲ့ရှောင်ချန်း၏ နောက်ကျောကိုသာ မြင်လိုက်ရသည်။ သို့သော်လည်း ရနံ့က ပို၍ ပြင်းပြလာခဲ့သည်။

သူ မထိန်းနိုင်တော့ပါ။

ယဲ့ဝေလုံက အလွန်ဗိုက်ဆာလာပြီး အမျိုးသမီးဟွေ့၏ အံ့အားသင့်နေသော အကြည့်‌အောက်တွင် အလျင်စလို စတင်စားသောက်တော့သည်။

ပုံမှန်ဆို သူ မကြိုက်တတ်သည့် ကြက်သားဟင်းကိုတောင် အံ့အားသင့်ဖွယ် အကုန်ပြောင်စင်အောင် စားသွားခဲ့သည်။

သို့သော် အမျိုးသမီးဟွေ့က အများကြီး သိပ်မတွေးခဲ့ပါ။ သူမလည်း ရုတ်တရက်ကြီး အလွန်ဗိုက်ဆာလာသလို ခံစားမိသောကြောင့်ပင်။

"ဒီအနံ့မွှေးမွှေးလေးက ဘာပါလိမ့်။"

ယဲ့ရှောင်ချန်းသည် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များဖြင့် အိမ်ပြန်ရောက်လာခဲ့သည်။ သူ့အဖေ၏ နှာခေါင်းက အလွန်ကောင်းသည်။ သူ့အဖေက နှာခေါင်းရှုံ့လိုက်ပြီး ယဲ့ရှောင်ချန်း၏ လက်ထဲမှ ပန်းကန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ပဲသီး၊ ငရုတ်သီးနဲ့ သခွားသီးတွေလား။"

သူ့အမေကလည်း အနံ့ရသည်။

ပန်းကန်လုံးထဲတွင် ဟင်းသီးဟင်းရွက် အများအပြားကို သူမ တွေ့သွားသည်။ အားလုံးက အစိမ်းလို ဖြစ်နေပြီး ဆားရည်စိမ်ထားသည့် ပုံစံလည်း မပေါ်ပါ။

သူတို့နှစ်ယောက်စလုံးက ဆားရည်စိမ်မှန်း မသိခဲ့ကြပါ။

သူတို့ကို အံ့အားသင့်သွားစေသည်က ဆားရည်စိမ်များ၏ မွှေးရနံ့ပင်။

"အဖေနဲ့ အမေ၊ ဒီမှာ ဟင်းကောင်းတစ်ပွဲလာပြီ။ ဒါက အထူးအရည်အသွေးမြင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်လို့ခေါ်တယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ငါ စားကြည့်ဦးမယ်။"

အဖေဖြစ်သူက အစားသောင်းကျန်းသူ ဖြစ်ပြီး မနေနိုင်တော့ဘဲ ချက်ချင်းဆိုသလို ငရုတ်သီးတစ်တောင့်ကို လမ်းလှမ်းလိုက်သည်။

ငရုတ်သီးက နီရဲပြီး အစိမ်းလို ဖြစ်နေခဲ့သည်။

သူ့အဖေက အနည်းငယ် တွန့်ဆုတ်စွာဖြင့် တစ်ကိုက်ကိုက်လိုက်သည်။

ငရုတ်သီးထဲမှ အရည်များက ပိုမိုမွှေးပျံ့သော ရနံ့ကို ပေးစွမ်းနေသည်။

တစ်အိမ်လုံးကို မွှေးကြိုင်သွားလေပြီ။

"ကောင်းလိုက်တာ ကောင်းလိုက်တာ..."

သူ့အဖေက စကားပင် ဆက်မပြောနိုင်တော့ဘဲ အငမ်းမရ စားသောက်လိုက်သည်။

ငရုတ်သီးတစ်တောင့် စားပြီးနောက် သူ့မျက်နှာပေါ်တွင် စွဲလမ်းသွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

သူ့အမေကလည်း မနေနိုင်ဘဲ တစ်ကိုက်ကိုက်လိုက်သည်။

"ဘယ်လိုနေလဲ။"

"အရသာရှိတယ်။"

"အရမ်းအရသာရှိတယ်။"

"သား၊ ဒီလို ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ ထပ်ရှိသေးလား။"

"ငါ့သား ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုလုပ်လိုက်တာလဲ။"

"အေး၊ ဆားရည်စိမ် ဟင်းသီးဟင်းရွက်နဲ့တောင် မတူဘူး။"

"ဒီလောက်ကောင်းမယ် မထင်ထားဘူး။"

သူ့အဖေနှင့် သူ့အမေတို့ စားသောက်ပြီးသွားသောအခါ သူတို့မျက်နှာများက ထပ်စားချင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေပြီး ယဲ့ရှောင်ချန်းကို ကြည့်လိုက်ကြသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက် ပန်းကန်လုံးကြီးတစ်လုံးကို ယဲ့ရှောင်ချန်းပင် မစားလိုက်ရပါ။ ယဲ့ရှောင်ချန်းသည် စိုက်ပျိုးရေးခြံတွင် အနည်းငယ် စားခဲ့ပြီးပြီဖြစ်သည်။

ယဲ့ရှောင်ချန်းသည် အလွန်စားချင်နေသော်လည်း တံတွေးမျိုချပြီး သည်းခံလိုက်သည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ဖြစ်နေသေးသဖြင့် အများကြီး စားသောက်လို့ မကောင်းပါ။

"မရှိတော့ဘူး၊ အဖေနဲ့ အမေ။"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။

"ကောင်လေး၊ မင်းမှာ ရှိဦးမှာပါ၊ လျှိုမထားစမ်းပါနဲ့။"

သူ့အဖေက သူ့ကို မယုံကြည်ပါ။

"အဖေ ကျွန်တော့်မှ ရှိနေရင်တောင် တစ်ခါတည်းနဲ့ အားလုံး စားလို့မရဘူးလေ။ ဒါက ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေလေ၊ ဒါတွေကို အများကြီး စားမိရင် ဝမ်းလျှောလိမ့်မယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"အေး၊ အဲ့တာတော့ ဟုတ်တယ်။ ဒါပေမယ့် မင်းဘယ်လိုလုပ်ထားတာလဲ။ အရသာ အရမ်းကောင်းလွန်းတယ်။ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေကို သုံးထားတာလား။"

သူ့အဖေက မေးလိုက်သည်။

သူ့အဖေ ပြောသည့် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များဆိုတာ အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များကို ရည်ညွှန်းခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်းသည် သူ့သူငယ်ချင်းတစ်ယောက်ထံမှ အထူး အရည်အသွေးမြင့် မျိုးစေ့များကို ရခဲ့သောကြောင့် ဒီဟင်းသီးဟင်းရွက်များက ဒီလောက် အရသာရှိနေသည်ဟု ဆင်ခြေပေးခဲ့သည်။

သူ့အဖေက သူ့ကို ယုံပါသည်။

"အမေကြီး၊ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေကို အမြန်သုံးပြီး ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ လုပ်လိုက်စမ်းပါကွာ။ ဒီကောင်လေးရဲ့ ဟင်းချက်စွမ်းရည်ကြောင့် အရမ်း အရသာရှိတဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို လုပ်နိုင်မှာ မဟုတ်ဘူး။ မင်းလုပ်တာက သေချာပေါက် ပိုပြီး အရသာရှိလိမ့်မယ်။

သူ့အဖေက သူ့အမေ့ကို အမြန်ပြောလိုက်သည်။

"သေချာတာပေါ့။ ကျွန်မ မနက်ဖြန် လုပ်လိုက်မယ်။"

သူ့အမေကလည်း ယုံကြည်ချက် ပြည့်ဝနေပါသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များနှင့် ပတ်သက်ပြီး သူမမှာ အတွေ့အကြုံ နှစ်ပေါင်းများစွာ ရှိနေသည်။ သူမ၏ အတွေ့အကြုံ မရှိသည့် သားထက် အများကြီး ပိုသာပါသည်။

ယဲ့ရှောင်ချန်းသည် စိတ်ထဲမှာသာ ရယ်မောလိုက်မိသည်။ အမေ့သားက အဲ့လောက် မတော်ပါဘူး။ ဒါပေမယ့် သူ့မှာ မှော်ဆားရည်စိမ်ပုလင်း ရှိနေတယ်ဗျ။

သူ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များသည် အလွန်အရသာရှိပြီး မှော်ဆားရည်စိမ်ပုလင်းဖြင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို တစ်ရက်အတွင်း ပြုလုပ်နိုင်သည်။ ထိုဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ချမ်းသာစေသည့်နည်းလမ်းအဖြစ် အသုံးပြုပါက ၎င်းသည် အလုပ်ဖြစ်လိမ့်မည်။

ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုရောင်းရင် ကောင်းမလဲ။

လမ်းပေါ်ထွက်ပြီး လမ်းသွားလမ်းလာတွေကို အလကား မြည်းစမ်းခွင့် ပေးလိုက်ရမလား။

ဒါက အကြံကောင်း ဖြစ်သည်။

သို့သော် ထိုနည်းလမ်းသည် ဤဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို အဆင့်နိမ့်သွားစေလိမ့်မည်။

ဆိုင်မျက်နှာစာ တစ်ခု ရှိနေလျှင်တော့ တစ်မျိုးပေါ့။

ထို့အပြင် သူ့မှာ အချိန်လည်း မရှိပါ။ တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်ရမလား။

ထားလိုက်ပါတော့။ ဆိုင်ဖွင့်ဖို့ကလည်း ငွေလိုပြီး ထိုလူအတွက်လည်း လစာပေးရဦးမည်။

အစောပိုင်းတွင်တော့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ပရိုမိုးရှင်းဆင်းဖို့ အချိန်ယူရမည်။

အရေးကြီးဆုံးအရာက ဆိုင်ဖွင့်မည်ဆိုလျှင်လည်း ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို အများကြီး မထုတ်လုပ်နိုင်ပါ။ သူသည် ဝယ်လိုအားကို လိုက်မမီ ဖြစ်သွားနိုင်သည်။

စျေးနှုန်းကကော။

ဒီလောက် အရသာရှိသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို စျေးပေါပေါဖြင့်တော့ မရောင်းချသင့်ပါ။

စျေးကို မြှင့်လိုက်ရမလား။

ဒါဆိုလည်း ဘယ်သူမှ ဝယ်ချင်ကြတော့မည် မဟုတ်ပါ။

"မေးခွန်းထုတ်စရာ မလိုဘူး။ စျေးက မြင့်မှကို ရမယ်။ ဆားရည်စိမ် ထုတ်လုပ်မှုက နှေးတယ်လေ။ အမြတ်အများကြီး ရဖို့ဆိုရင် စျေးနှုန်းအပေါ်မှာပဲ မူတည်နေလိမ့်မယ်။ ငါ့ရဲ့ အလွန့်အလွန် အရသာရှိတဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက အရမ်းအရသာရှိတယ်။ မြည်းစမ်းကြည့်လိုက်တာနဲ့ စျေးမြင့်ရင်တောင် သေချာပေါက် ဝယ်ကြမှာပဲ။ ကမ္ဘာပေါ်မှာ သူဌေးတွေ ပေါပါတယ်ကွာ။"

အများကြီး စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းသည် နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။

ရောင်းချဖို့ နည်းလမ်းကိုတော့ တာ့ပေါင်တွင် အွန်လိုင်းစျေးဆိုင်ဖွင့်ဖို့ ရွေးချယ်လိုက်သည်။

မူလက ဝီချက်ဆိုင်ဖွင့်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

သို့သော်လည်း ၎င်းကို ဒုက္ခများသည်။ ဝီချက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီမံခန့်ခွဲမှုနှင့် ပရိုမိုးရှင်း အမျိုးမျိုး လိုအပ်သည်။

တာ့ပေါင်ဆိုင်များကတော့ ခြားနားသည်။ စတိုးဆိုင်တစ်ခု ဖွင့်ပြီးလျှင် သူ မစီမံနိုင်တောင် ပြဿနာမရှိပါ။

ပြင်ဆင်မှုတချို့ ပြုလုပ်ပြီး အချိန်သုံးရက်လောက် ယူပြီးနောက် တာ့‌ပေါင်တွင် ဆိုင်ဖွင့်လိုက်သည်။

ဆိုင်နာမည်က ယဲ့၏စူပါဆားရည်စိမ်ဟင်းသီးဟင်းရွက်များ ဖြစ်သည်။

ဤအချိန် သုံးရက်အတွင်း တာ့ပေါင်တွင် ဆိုင်ဖွင့်သည့်အပြင် ဆားရည်စိမ် ဟင်းသီးဟင်းရွက် တချို့ကိုလည်း ပြင်ဆင်ထုတ်ပိုးထားသည်။

သူ့တွင် အစောပိုင်း အရောင်းပရိုမိုးရှင်း အစီအစဥ်တစ်ခု ရှိ၏။ အလွန်ရိုးရှင်းပါသည်။ ပို့ဆောင်ခ ပို့ပြီးသည်နှင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ထုပ် အခမဲ့ ပို့ပေးမည် ဖြစ်သည်။

အမှန်ပင်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ပမာဏကတော့ အလွန်နည်းပါသည်။ ပဲသီးတစ်တောင့်၊ သခွားသီးတစ်ခြမ်းနှင့် ငရုတ်သီးတစ်တောင့်တို့သာ ပါသည်။

အထုတ်တိုင်းက အတူတူဖြစ်သည်။

ယဲ့ရှောင်ချန်းက ကပ်စေးနှဲသည်ဟု ဆိုလို့မရပါ။ ထိုဆားရည်စိမ် ဟင်းသီးဟင်းရွက် အထုတ်ငယ်လေးများကပင် တန်ဖိုးကြီးမားလွန်းလှသည်။

ယဲ့ရှောင်ချန်းသည် အခမဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် အထုပ် ၁၀၀ ကို ပြင်ဆင်ထားလိုက်သည်။ ထိပ်ကို ဖျစ်ပိတ်ရသော အိတ်မျိုးကို အသုံးပြုခဲ့သည်။

အထုတ်ပေါ်တွင် စာသားတစ်ခုရှိပြီး ရေးထားသည်က "ယဲ့၏စူပါဆားရည်စိမ်ဟင်းသီးဟင်းရွက်များ"

အလွန်ရိုးရှင်းပါသည်။

အထုတ်ကို ပိုကောင်းကောင်းလေး ထုတ်ချင်သော်လည်း အခြေအနေက အကန့်အသတ်ရှိပါသည်။

ဆိုင်ကို ဖွင့်ပြီးနောက် ဗီဒီယိုများကို အမြန်တင်လိုက်ပြီး ထုတ်ကုန်ဖော်ပြချက်များကို ရေးသားလိုက်သည်။

ဆိုင်အလှဆင်ခြင်းနှင့် အခြားအရာများနှင့် ပတ်သက်၍ ယဲ့ရှောင်ချန်းသည် ၎င်းကို ပြုလုပ်ရန် စိတ်မဝင်စားပါ။

ဒုက္ခများလှပါသည်။ ထို့အပြင်၊ ဘယ်လို လုပ်ရမှန်းလည်း မသိပါဘူး။

ဒီလိုအချက်တွေကို စူးစမ်းလေ့လာဖို့ အချိန်မဖြုန်းလိုပါ။ ဒါကြောင့် အခုလိုပဲ ရိုးရိုးရှင်းရှင်းသာ ထားလိုက်ပါသည်။

နောက်ဆုံးအချက်မှာ စျေးနှုန်းကို သတ်မှတ်လိုက်သည်။ ယဲ့ရှောင်ချန်းသည် ပထမအထုပ်ကို အခမဲ့လက်ဆောင်အဖြစ် သတ်မှတ်ပြီး ပို့ဆောင်ခများ ရှင်းလိုက်သည်နှင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်တစ်ထုပ် ပို့ဆောင်ပေးမည်ဖြစ်သည်။

ဒုတိယအထုပ်တွင် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ပိုထည့်ထားပေးပြီး စျေးနှုန်းက ယွမ် ၁၈၀ ဖြစ်သည်။ တတိယအထုပ်က ယွမ် ၂၈၀ ဖြစ်သည်။ တစ်လလျှင် သုံးထုပ်သာ ဝယ်ယူနိုင်မည်ဟု ကန့်သတ်ထားသည်။

ယဲ့ရှောင်ချန်းသည် သူ့ဆားရည်စိမ် အရောင်းအစီအစဥ်ကို အလွန်ယုံကြည်ချက်ရှိပါသည်။

တစ်ယောက်ယောက်က ဝယ်လိုက်သည်နှင့် စားကြည့်ပြီးသွားသောာအခါ ဒုတိယအကြိမ်၊ တတိယအကြိမ်များ ဆက်လက်ဝယ်ယူကြမည်ဖြစ်သည်။

အရာအားလုံး ပြင်ဆင်ပြီးနောက် စျေးဝယ်သူက သူ့အိမ်တံခါးဝသို့ ရောက်လာဖို့ကိုသာ စောင့်နေဖို့လိုသည်။

All Chapters