← Chapters

ကျဲကော

Vol. 5 Ch. 62

ကျဲကော

Vol. 5 Ch. 62

အခန်း(၆၂) - ကျဲကော

သုံးရက်ဆက်တိုက်အထိ ဆိုင်တွင် လှုပ်ရှားမှု မရှိခဲ့ပေ။

အံဖွယ်ရာရောင်းချသူမှတဆင့် ဝင်ကြည့်သူ အရေအတွက်ကို မြင်နိုင်သည်။ ဂဏန်းတစ်လုံးတည်းသာ ဖြစ်နေသည်။

ယဲ့ရှောင်ချန်း စိတ်ထဲတွင် ဖြေသိမ့်လိုက်သည်။ ဘယ်အရာမဆို အစပိုင်းတော့ ခက်ခဲမှာပဲ။ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေက ကြော်ငြာမလိုဘူး။

တစ်နေ့ တစ်စုံတစ်ယောက်က အရသာရှိသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို တွေ့ရှိကာ သေချာပေါက် ရေပန်းစားလာမည်။

တစ်ပတ်ခန့် ကြာသွားပြီဖြစ်ပြီး မရောင်းရသေးချေ။

တစ်ယောက်ယောက်တော့ မက်ဆေ့ချ်ပို့ခဲ့သော်လည်း အလိမ်အေးဂျင့်တစ်ယောက် ဖြစ်နေသည်။

စျေးဝယ်သူ အစစ်အမှန်တွေက တစ်ယောက်မှ မရှိသေးပေ။

ထိုအချိန်တောအတွင်း ယဲ့ရှောင်ချန်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက် များစွာ လုပ်ထားလိုက်သည်။

သို့သော်လည်း လက်ရှိအခြေအနေကို မြင်ကာ သူ့ယုံကြည်မှု တဖြည်းဖြည်း လွင့်ပြယ်လာတာကို ခံစားမိသည်။

နောက်ဆုံးတော့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုကို ရပ်နားလိုက်ရသည်။

အွန်လိုင်း ဆားရည်စိမ် ဟင်းသီးဟင်းရွက် ရောင်းချမှုက မအောင်မြင်ခဲ့သော်လည်း အိမ်နီးချင်းများ၊ သူငယ်ချင်းများနှင့် ယဲ့ရှောင်ချန်း၏ ဆွေမျိုးများကတော့ ချီးကျူးမဆုံးကြပေ။

ယဲ့ရှောင်ချန်းက နေ့တိုင်း ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ စားနေသဖြင့် ပတ်ဝန်းကျင်က လူများ မသိစရာအကြောင်း မရှိပေ။

ယဲ့ရှောင်ချန်းက ကပ်စေးမနည်းဘဲ မိသားစုတိုင်းကို နည်းနည်းစီ ဝေမျှပေးသည်။

ဒီနေ့ ယဲ့ရှောင်ချန်းက အင်မော်တယ် စမ်းရေကို လောင်းထည့်ကာ စွမ်းရည်လမ်းပြမှု နည်းလမ်းကို အသုံးပြုပြီး အဝါရောင် အင်မော်တယ် ပဲပင်များနှင့် စတင်ဆက်သွယ်သည်။

ပဲပင်က ပဲတောင့်များဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး အဝါရောင် ပြောင်းလာနေပြီဖြစ်သည်။

သာမန်အဝါရောင်မဟုတ်ဘဲ အထူးကြည့်ကောင်းသော  ရွှေဝါရောင်ဖြစ်သည်။

ရိတ်သိမ်းခါနီးဖြစ်သော်လည်း ယဲ့ရှောင်ချန်းက နေ့တိုင်း အဝါရောင် အင်မော်တယ် ပဲပင် သုံးပင်တွင် စွမ်းရည်လမ်းပြမှု နည်းလမ်းကို သုံးဆဲဖြစ်သည်။

ထို့အပြင် စွမ်းရည်လမ်းပြမှု နည်းလမ်းကြောင့်လားမသိ အဝါရောင်အင်မော်တယ် ပဲပင်များက ပဲတောင့်များဖြင့် ပြည့်နှက်နေသည်။ ရိတ်သိမ်းပါက အရည်အသွေးကလည်း သေချာပေါက် ဆိုးမည်မဟုတ်ပါ။

သူမျှော်လင့်နေသည်။

ရုတ်တရက် သူ့မိုဘိုင်းဖုန်းက စတင်မြည်လာသည်။ ထုတ်ကြည့်လိုက်သောအခါ ယဲ့ကျဲ၏ ဖုန်းဖြစ်နေသည်။

ယဲ့ကျဲက ဒေါ်ကြီး၏ အငယ်ဆုံးသားဖြစ်သည်။

ဦးလေးကြီးက ခပ်စောစော ဆုံးပါးသွားပြီး ယဲ့ကျဲနှင့် သူ့မောင်နှမများကို ဒေါ်ကြီးက ပျိုးထောင်ပေးခဲ့သည်။

"ယဲ့ကျဲ၊ မင်း ဒီနေ့ ငါ့ကိုဖုန်းဆက်ဖို့ အချိန်ရှိတယ်ပေါ့။"

ယဲ့ကျဲက ရှင်းမြို့တွင် ရှိနေကာ ကြော်ငြာစတူဒီယိုတစ်ခုကို ဖွင့်ထားသည်။ စီးပွားရေးကလည်း အလွန်အဆင်ပြေလျက်ရှိသည်။

သူ့ဇနီးကလည်း သတိရှိပြီး ငွေကြေးချွေတာသော မိန်းမတစ်ဦးဖြစ်၏။ လက်ရှိတွင် သူတို့ အိမ်တစ်လုံး ကားတစ်စီး ဝယ်ထားပြီးပြီ ဖြစ်သည်။

ယဲ့ရှောင်ချန်း၏ မျိုးဆက်တွင် ယဲ့ကျဲအခြေအနေက ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

"မပြောပါနဲ့ကွာ မင်းကို ခေါ်ဖို့အချိန်မရှိတာ၊ မင်းရဲ့ခြံ အဆင်ပြေနေတယ်ကြားတယ်"

ယဲ့ကျဲက ရယ်မောလိုက်သည်။

"အေး မဆိုးလှပါဘူး"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

"တော်တယ် ရှောင်ချန်း ဦးလေးနဲ့ ဒေါ်လေးတို့ အခုနည်းနည်း စိတ်အေးနိုင်ပြီပေါ့"

ယဲ့ကျဲက ပြောလိုက်သည်။

"သာမန်ပါပဲ"

ယဲ့ရှောင်ချန်းက ပြန်ဖြေလိုက်သည်။

ယဲ့ကျဲက သူ့မိသားစုအပေါ်ကောင်းသည်။ နှစ်သစ်ကူးရောက်တိုင်း သူ့မိဘများထံသို့ ငွေများ ပို့ပေးလေ့ရှိသည်။

"ရှောင်ချန်း မင်းအရမ်းကောင်းတဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ လုပ်နိုင်တယ်လို့ ဒေါ်လေးပြောတာ ကြားတယ်နော်"

ယဲ့ကျဲက ရုတ်တရက် မေးလိုက်သည်။

"အမ်"

ယဲ့ရှောင်ချန်းသည် အခုတော့ ယဲ့ကျဲ သူ့ကို ဖုန်းခေါ်ရသည့် အကြောင်းအရင်းကို နားလည်သွားပြီဖြစ်သည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကြောင့်ဖြစ်သည်။

သူ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ သတင်းက ယဲ့ကျဲထံသို့ပင် ရောက်သွားပြီ ထင်သည်။  ချက်ချင်း ရယ်မောကာ ပြန်ပြောလိုက်သည်။

"အေး မင်းစားချင်လို့လား ငါနည်းနည်း ပို့ပေးလိုက်မယ်"

ယဲ့ကျဲက ထိုအကြောင်းမေးတာ သူလိုချင်၍ ဖြစ်နိုင်သည်။

"ဒါနဲ့ မင်းရဲ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို အွန်လိုင်းမှာ ရောင်းနေတယ်လို့ ကြားတယ် ငါ့မှာ သူငယ်ချင်းတချို့ရှိတယ်လေ သူတို့ကို သေချာပေါက် ညွှန်းပေးလိုက်ပါ့မယ်"

ယဲ့ကျဲက ပြောလိုက်သည်။

"ကောင်းတာပေါ့"

ယဲ့ရှောင်ချန်းက ကျေနပ်သွားသည်။

နောက်ရက်အနည်းငယ်လောက်အထိ ယဲ့ရှောင်ချန်း အွန်လိုင်းပေါ်မှ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ တစ်ခါမှ မရောင်းရသေးသော်လည်း သူ့ဝမ်းကွဲမောင်နှမ များစွာက ဖုန်းဆက်လာသည်။

ယဲ့ရှောင်ချန်းကလည်း မငြင်းကောင်းသဖြင့် သူတို့ထံသို့ အထုတ်တချို့ ပို့ပေးလိုက်သည်။

သူငွေမရသည့်အပြင် အရှုံးပေါ်နေပြီဟု ခံစားလိုက်ရသည်။

မနက်ပိုင်းတွင် ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့် ဗီလာသို့ သွားခဲ့၏။

ယဲ့ရှောင်ချန်းသည် ဒီနေ့ သူ အိမ်လည်လာမည်ဖြစ်ကြောင်း ဝမ်ရှင်းယီကို ကြိုပြောခဲ့သည်။

ဝမ်ရွှေရှန့်နှင့် အခြားသူများ အပြင်သွားသော အချိန်ကို ရွေးခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် သူ ဝမ်ရှင်းယီနှင့် မကြာခဏ မတွေ့နိုင်ပေ။ ဝမ်ရွှေရှန့်သာ သိသွားလျှင် တစ်မျိုးထင်သွားနိုင်သည်။

ထို့ကြောင့် သူဝမ်ရှင်းယီနှင့် အတတ်နိုင်ဆုံး မတွေ့မိအောင်နေပြီး အများဆုံး ဝီချက် ပေါ်တွင်သာ မက်ဆေ့ချ်ပို့တတ်သည်။

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း ရောက်လာသည်ကို မြင်သည်။ သူမ၏ ကြော့ရှင်းသော မျက်နှာပေါ်တွင် လှိုက်လှဲသော အပြုံးတစ်ခုက ပေါ်လာ၏။

မကြာခဏ ထိတွေ့ဆက်ဆံနေသဖြင့် လူငယ် နှစ်ယောက်၏ နှလုံးသားကလည်း တဖြည်းဖြည်း နီးစပ်လာခဲ့သည်။

သူတို့နှစ်ဦး အပြန်အလှန် နားလည်မှုများ ဖြစ်ပေါ်လာကြသည်။

ဝီချက် ပေါ်တွင် စာပို့ခြင်းကလည််း ပုံမှန်လို ဖြစ်လာသည်။ စာပို့ရာတွင် ဝမ်ရှင်းယီက ဆူတတ်သည်။ ဒီတိုင်း စာပြန်ရုံ မဟုတ်တော့ဘဲ တစ်ခါတစ်ရံ သူမက အရင် စာပို့လေ့ရှိသည်။

ဝမ်ရှင်းယီက သူမကိုယ်သူမ အချိန်တွေ အကြာကြီး ပိတ်လှောင်ထားခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ယဲ့ရှောင်ချန်းနှင့် ဆက်ဆံရေးကြောင့် သူမနှလုံးသား၏ အကာအရံ အရည်ပျော်သွားခဲ့ရသည်။

"ဝမ်ရှင်းယီ၊ ကျွန်တော် ဘာယူလာလဲ ကြည့်ပါဦး"

သူလက်ဟန်ဘာသာစကားလည်း အမျာကြီး တိုးတက်လာပြီဖြစ်သည်။ ဝမ်ရှင်းယီနှင့် ပြောဆိုဆက်သွယ်ဖို့ ပြဿနာမဟုတ်ပေ။

အရင်တစ်ခေါက် သူ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို စားပြီးကတည်းက သူမလည်း ယဲ့ရှောင်ချန်း၏ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ အမာခံ ပရိသတ်ဖြစ်လာခဲ့သည်။

ဝမ်ရှင်းယီက သွားကြားထိုးတံ တစ်ချောင်းဖြင့် သခွားသီးစိတ်လေးတစ်စိတ်ကို ထိုးကာ မြိန်ရည်ရှက်ရည် စားခဲ့သည်။ ယဲ့ရှောင်ချန်းက သူမကို ကြည့်လိုက်၏။

ဝမ်ရှင်းယီက အလွန် သပ်ရပ်စွာ စားသုံးနေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက တက်ကြွမှုများဖြင့် ပြည့်နှက်လို့နေသည်။

"အရသာရှိရဲ့လား"

ယဲ့ရှောင်ချန်းက လက်ဟန်ပြရင်း မေးလိုက်သည်။

ဝမ်ရှင်းယီက ဖြေးညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

"ကုန်သွားရင် ကျွန်တော့်ကို ပြောပါ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ထိုအချိန်တွင် ကလေး တစ်ယောက်၏ အသံကျယ်ကျယ်က ထွက်လာသည်။

"ဒေါ်လေး ဒေါ်လေး သားပြန်လာပြီ"

ရှီပေါင်းလေးဖြစ်သည်။

ရှီပေါင်းလေးက ယဲ့ရှောင်ချန်းကို မြင်သောအခါ သူ့ထံအမြန်ပြေးလာပြီး အနားကပ်ကာ မေးလိုက်သည်။

"ဦးလေးယဲ့က ဘာလို့ဒီရောက်နေတာလဲ"

အလျင်အမြန်ပင် ရှီပေါင်းလေး၏ မျက်လုံးများက ဝမ်ရှင်းယီအနားက ဆားရည်စိမ် ဟင်းသီးဟင်းရွက်ထုပ်သို့ ရောက်သွားသည်။

ပါးစပ်ထဲတွင် သွားရည်များကျနေပြီဖြစ်သည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက အလွန်မွှေးပျံ့ပြီး ရနံ့ပြင်းပြင်း ထွက်နေသည်။

"ဒေါ်လေး သားစားချင်တယ်"

ရှီပေါင်းက လက်ဟန်ပြကာ ပြောလိုက်သည်။

သို့သော်လည်း သူမက ခေါင်းခါပြီး လက်ဟန် ပြလိုက်ကာ ကလေးများက ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ မစားသင့်ကြောင့် ဗိုက်မကောင်း သွားမကောင်း ဖြစ်တတ်ကြောင်း ပြောလိုက်သည်။

ရှီပေါင်းလေးက ယဲ့ရှောင်ချန်းကို သနားကမား ကြည့်လိုက်သည်။ ယဲ့ရှောင်ချန်းကို တောင်းပန်နေသည့်ပုံပင်။

"တစ်ခုပဲစား ဟုတ်ပြီလား"

ယဲ့ရှောင်ချန်းက ကလေး၏ ဖြူစင်သော မျက်လုံးများကို ခံနိုင်ရည်မရှိဘဲ ချက်ချင်း ပြောလိုက်သည်။

ရှီပေါင်းလေးက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

နောက်ဆုံးတော့ ရှီပေါင်းလေးက ဆားရည်စိမ် သခွားစိတ်အသေးလေး တစ်ခုကို စားလိုက်သည်။

လျှာကိုက်မိမလိုတောင် ဖြစ်သွားပြီး လက်ချောင်းများကို လျက်နေသည်။ထို့နောက် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို သနားကမား ကြည့်လိုက်ပြန်သည်။

သို့သော်လည်း ဝမ်ရှင်းယီက သူ့ကို ထပ်မပေးတော့ဘဲ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ယူလိုက်သည်။

ဝမ်ရွှေရှန့်နှင့် သူ့ဇနီးတို့ ပြန်လာကြသောအခါ အိမ်မပြန်ခင် သူတို့နှင့်အတူ နေ့လယ်စာ စားခဲ့သည်။

ယဲ့ရှောင်ချန်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက်ထုတ် တချို့ကိုလည်း ပေးထားခဲ့၏။

ဝမ်ရွှေရှန့်နှင့် ကျူးချင်းချင်းတို့က ယဲ့ရှောင်ချန်း၏ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ချီးကျူးမဆုံး ဖြစ်နေကြသည်။

ဒါအကောင်းမွန်ဆုံး ဆားရည်စိမ် ဟင်းသီးဟင်းရွက်များဖြစ်သည်။ ဒါမျိုးကို သူတို့တစ်ခါမှ မစားဖူးပေ။ ပုံမှန်ဆို အဆင့်မြင့် စားသောက်ဆိုင်များမှ ဆားရည်စိမ်များကိုသာ မှာစားလေ့ရှိသည်။ သို့သော်လည်း ဒီတစ်ခုကို ခြေဖျားတောင်မမီပေ။

ရှီပေါင်းလေးကတော့ သူ့အမေအကူအညီဖြင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက် အနည်းငယ် ထပ်စားလိုက်ရသည်။

ဝမ်ရွှေရှန့်ကလည်း ဆက်တိုက် ဆူသည်။

သူဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ပန်းကန် စားပြီးသွားသောအခါ ထပ်စားနေချင်ဆဲဖြစ်သည်။

နောက်ထပ် ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ထုတ် ဖောက်ဖို့ပင် ကြိုးစားခဲ့ပါသည်။

All Chapters