← Chapters

လေလံပွဲ

Vol. 5 Ch. 65

လေလံပွဲ

Vol. 5 Ch. 65

အခန်း(၆၅) - လေလံပွဲ

"လနတ်သမီးက သင့်ကို မက်ဆေ့ချ်ပို့ထားသည်"

"တာအိုဖေးရှန်က သင့်ကို မက်ဆေ့ချ်ပို့ထားသည်"

"ထိုက်ရှန်းလောင်ကျစ်က သင့်ကို မက်ဆေ့ချ်ပို့ထားသည်။"

"ကွမ်ချန်းက သင့်ကိုမက်ဆေ့ချ်ပို့ထားသည်။”

"တာအိုဟွမ်လုံက သင့်ကိုမက်ဆေ့ချ်ပို့ထားသည်"

ယဲ့ရှောင်ချန်းသည် တန်းစီနေသော မက်ဆေ့ချ်များကို ကြည့်ရင်း ကြက်သေသေနေမိသည်။ နတ်ဘုရားတွေ အများကြီးက ဘာကြောင့် ရုတ်တရက်ကြီး သူ့ကိုမက်ဆေ့ချ်တွေ ပို့နေကြတာလဲ။

ယဲ့ရှောင်ချန်းသည် မက်ဆေ့ချ်များကို တစ်ခုချင်း ကြည့်လိုက်သည်။

"ယဲ့ရှောင်ချန်း ရှင့်မှာ အဝါရောင် အင်မော်တယ် ပဲစေ့တွေရှိသေးရင် အကုန်လိုချင်တယ်"

ယဲ့ရှောင်ချန်းသည် လနတ်သမီးနှင့် ဆက်သွယ်ဖူးပြီးသား ဖြစ်သဖြင့် လနတ်သမီး၏ မက်ဆေ့ချ်ကို အရင်ဆုံး ဖွင့်ဖတ်လိုက်သည်။

ယဲ့ရှောင်ချန်းက သူအဝါရောင် အင်မော်တယ် ပဲစေ့များကို စတိုးဆိုင်တွင် တင်ထားမှန်း လနတ်သမီး သိပြီးသားဖြစ်သည်ကို ချက်ချင်းနားလည်လိုက်သည်။

တစ်နည်းအားဖြင့် သူ့အင်မော်တယ် ပဲစေ့များကို ဝယ်ယူခဲ့သည်မှာ လနတ်သမီးပဲ ဖြစ်လောက်သည်။

သို့သော်လည်း သူမကို ချက်ချင်း စာမပြန်ပေ။ အခြားမက်ဆေ့ချ်များကို ဖတ်ကြည့်လိုက်သေးသည်။

ခြွင်းချက်မရှိဘဲ အားလုံးက အဝါရောင် အင်မော်တယ် ပဲစေ့များအကြောင်း မေးထားခြင်းဖြစ်ပြီး သူတို့ ဝယ်ချင်သေးကြောင်း ပြောထားသည်။

"ဘာလို့ အဝါရောင် အင်မော်တယ် ပဲစေ့တွေက အရမ်းနာမည်ကြီးနေတာလဲ"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားသည်။

အစက သူအင်မော်တယ် မုန်လာဥများကို ရိတ်သိမ်းပြီးချိန် နတ်ဘုရားများအားလုံးကို မက်ဆေ့ချ်ပို့ခဲ့သော်လည်း လနတ်သမီး တစ်ယောက်တည်းကသာ စာပြန်ခဲ့သည်။

နတ်ဘုရားများအတွက် အဝါရောင် အင်မော်တယ် ပဲစေ့များက အင်မော်တယ် မုန်လာဥများထက် ပိုအရေးပါသည့်ပုံပင်။

အဝါရောင် အင်မော်တယ် မုန်လာဥများက သန့်စင်မှုနှင့် စိတ်ဝိညာဥ် ဝိသေသလက္ခဏာများ ပါနေသည်က အံ့သြဖွယ်မရှိတော့ပါ။

စိတ်ဝိညာဥ် လက္ခဏာပါသည့် အင်မော်တယ် ပဲစေ့က အင်မော်တယ် မုန်လာဥများထက် အဘယ်ကြောင့် ပိုအရေးကြီးနေရသနည်း။

ယဲ့ရှောင်ချန်း သိပြီးသားဖြစ်သည်။

အဝါရောင် အင်မော်တယ် ပဲစေ့များကို ပုံမှန်မဟုတ်စေသည်မှာ ထိုစိတ်ဝိညာဥ် လက္ခဏာကြောင့် ဖြစ်သည်။ သာမန် အင်မော်တယ် အစေ့တစ်ခု မဟုတ်တော့ပေ။ စားသောက်ဖို့အတွက်သာ မဟုတ်ဘဲ အစားအစာ အမယ်မျိုးစုံပြုလုပ်ဖို့အတွက် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည်။ ထို့အပြင် ပိုအရေးကြီးသော အသုံးပြုမှုတစ်ခုလည်းရှိနေသေး၏။ "ပဲစေ့ စစ်သားဖန်တီးခြင်း" နည်းလမ်းဖြစ်သည်။ ၎င်းမှာ အလွန်အရေးပါသော နည်းလမ်းတစ်ခုဖြစ်သည်။

"ပဲစေ့စစ်သားဖန်တီးခြင်း" မှာ အင်မော်တယ် ပဲစေ့များက စစ်သားများအဖြစ် ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ပေ။

အင်မော်တယ် ပဲစေ့များ၏ စိတ်ဝိညာဥ်လက္ခဏာကို သုံးကာ တစ္ဆေများ ဆင့်ခေါ်ပြီး ပဲစေ့များနှင့် တုပ်နှောင်ကာ ယင် စစ်သည်တော်ကောင်းများအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ရှန်းနုန်စနစ်၏ မိတ်ဆက် လမ်းညွှန်အရဆိုလျှင် ကောင်းကင်ဘုံပေါ်က နတ်စစ်တပ်များမှာ အင်မော်တယ်များဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ပဲစေ့စစ်သားဖန်တီးခြင်း နည်းလမ်းဖြင့် ဖွဲ့စည်းထားသော ယင်စစ်သားများ ဖြစ်ကြသည်။

ထိုအထူးနည်းလမ်းဖြင့်သာ ယင်စစ်သားများက တစ္ဆေလက္ခဏာ မိစ္ဆာ ချီများကို ရှင်းထုတ်ပစ်နိုင်ပြီး ယင်နှင့်ယန်ကို တန်ပြန်စေကာ အချိန်အကြာကြီး တည်ရှိနိုင်အောင် ဖန်တီးပေးသည်။ ထိုအခါ ကောင်းကင်ဘုံကို စောင့်ကြပ်ပေးသော နတ်စစ်သည်တော်များ ဖြစ်လာကြလေသည်။

ထို့ကြောင့် အင်မော်တယ် ပဲစေ့များ၏ အကောင်းဆုံး အသုံးဝင်မှုက နတ်စစ်သည်တော်များအဖြစ် ပြန်လည် သန့်စင်နိုင်ခြင်း ဖြစ်သည်။

လက်ရှိ ကောင်းကင်ဘုံ ကျောက်စိမ်း စစ်တပ်မှာ ယခင် ရှန်းနုန်၏ ထိပ်တန်းအဆင့် အင်မော်တယ် ပဲစေ့များမှ ပြန်လည်သန့်စင်ထားခြင်းဖြစ်သည်။

ရှန်းနုန်များ ပျောက်ကွယ်သွားကတည်းက စစ်သည်တော် အရေအတွက်မှာ ကျသာ ကျဆင်းသွားပြီး တိုးမလာတော့ပေ။

အကြောင်းအရင်းကတော့ အင်မော်တယ် ပဲစေ့များကို ပြန်လည် သန့်စင်ရာတွင် သန့်စင်မှု ပါရမီပါမှဖြစ်မည်။ ပြီးတော့ ထိုကဲ့သို့ သန့်စင်မှု ပါရမီနှင့် အင်မော်တယ် ပဲစေ့များကို ရှန်းနုန်တစ်ယောက်ကသာ စိုက်ပျိုးနိုင်သည်။

အမှန်ပင်။ ယဲ့ရှောင်ချန်း၏ အင်မော်တယ် အဝါရောင် ပဲစေ့များက သန့်စင်မှုကို ပိုင်ဆိုင်ထားသော်လည်း နတ်စစ်သည်တော်များ ဖန်တီးနိုင်ဖို့တော့ အဝေးကြီး လိုအပ်နေသေးသည်။ အင်မော်တယ် ပဲစေ့များ၏ အရည်အသွေးက အလွန်နိမ့်လွန်းသည်။ ချွတ်ယွင်းသောအဆင့် ပစ္စည်းဖြစ်နေသည်။

အလယ်တန်းအဆင့် သို့မဟုတ် အထက်အဆင့် အင်မော်တယ် ပဲစေ့များကိုသာ နတ်စစ်သည်တော်များ ဖန်တီးဖို့ သုံးနိုင်မည်ဖြစ်သည်။

ကောင်းကင်ဘုံကတော့ ထိပ်တန်း သို့မဟုတ် အကောင်းဆုံး အရည်အသွေး အင်မော်တယ် ပဲစေ့များကိုသာ အသုံးပြုမည်ဖြစ်သည်။

ယဲ့ရှောင်ချန်း ကုန်ဖလှယ်မှုကို ထပ်ကြည့်လိုက်သည်။

"ဟ တစ်ယောက်မက ဝယ်ကြတာပါလား။"

အဝါရောင် အင်မော်တယ် ပဲစေ့ ၅၀၀ ကို နတ်ဘုရားများစွာက ဝယ်ယူခဲ့ကြောင်း တွေ့လိုက်ရသောအခါ ယဲ့ရှောင်ချန်း အံ့အားသင့်သွားမိသည်။

"ငါဘာလုပ်ရမလဲ"

ယဲ့ရှောင်ချန်းတစ်ယောက် အကျပ်ရိုက်နေလေပြီ။ ကျန် အင်မော်တယ်ပဲစေ့ ၇၂စေ့ကို မည်သူ့ဆီ ရောင်းချရမည်နည်း။

နတ်ဘုရားများ ဖြစ်နေသဖြင့် လိမ်ညာရန်လည်း မဖြစ်နိုင်ပေ။

သို့သော်လည်း အင်မော်တယ် ပဲစေ့က ၇၀ သာရှိတော့သည်။

ကိုယ့်ဖာသာကိုယ်ပဲ သိမ်းထားလို့ မရဘူးလား။

ရုတ်တရက် ယဲ့ရှောင်ချန်း မျက်လုံးများ အရောင်လက်သွားသည်။ ရှန်းနုန်စနစ်ကို ချက်ချင်း အသုံးပြုကာ မိတ်ဆွေများ အကွက်တွင် ဆွေးနွေးသည့် စကားပြောခန်းတစ်ခုကို ဖန်တီးလိုက်သည်။

ဆွေးနွေးသည့် စကားပြောခန်းမှာ ပင်ဂွင်းမှ စကားပြောခန်းလိုပင်ဖြစ်သည်။

ဆွေးနွေးသည့် စကားပြောခန်း တစ်ခု ဖန်တီးပြီးသွားသောအခါ သူ့ကို မက်ဆေ့ချ်ပို့ထားသော နတ်ဘုရားများ အားလုံးကို စကားပြောခန်း ထဲထည့်လိုက်သည်။

အင်မော်တယ် ပဲစေ့များအား လေလံဆွဲခိုင်းရန် ပြင်နေခြင်းဖြစ်သည်။

မည်သူမှလည်း အညာမမိနိုင်သည့်အပြင် အင်မော်တယ် ပဲစေ့များ လိုချင်ပါက အမြင့်ဆုံးစျေးကို ပေးလျှင် ရနိုင်မည်ဖြစ်သည်။

ယဲ့ရှောင်ချန်းက သူ့ဦးနှောက်ကိုသူ ချီးကျူးလိုက်သည်။

စကားပြောခန်းထဲတွင် ဖြစ်သည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ယဲ့ရှောင်ချန်းပါ။ ကျွန်တော် စိုက်ပျိုးထားတဲ့ အဝါရောင် အင်မော်တယ် ပဲစေ့တွေကို သဘောကျတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်တော့်မှာ အဝါရောင်အင်မော်တယ်ပဲစေ့ နည်းနည်းပဲ ကျန်တော့တယ်၊ ဝယ်ချင်သူတွေကလည်း များတဲ့အတွက် ရွေးဖို့ ခက်ခဲနေလို့ပါ။ အဲဒါကြောင့် ဆွေးနွေးဖို့ စကားပြောခန်း ဖွဲ့ပြီး ကျန်တဲ့ အင်မော်တယ် ပဲစေ့ ၆၀ ကို လေလံဆွဲဖို့ စီစဥ်လိုက်ရတာပါ။"

ယဲ့ရှောင်ချန်းက စကားပြောခန်းထဲသို့ တိုက်ရိုက် စကားပြောလိုက်သည်။

အဝါရောင် အင်မော်တယ် ပဲစေ့ ၆၀ ဟုသာ ပြောပြီး ကျန် ၁၂ စေ့ကိုတော့ စိုက်ပျိုးကြည့်ပြီး စတိုးဆိုင်မှ ဝယ်ထားသည့် မျိုးစေ့များနှင့် ဘယ်လောက်ကွာခြားမှုရှိသလဲ စစ်ဆေးကြည့်မည်ဖြစ်သည်။

"ဟားဟား ယဲ့ရှောင်ချန်း မင်းအကြံက ကောင်းသားပဲ။ ဒီတော့ လေလံပွဲအတွက် စည်းမျဥ်းတွေက ဘာလဲ။"

ထိုက်ရှန်းလောင်ကျစ်က ပြောလိုက်သည်။

သူ့ဆက်ဆံပုံက နွေးထွေးနေ၏။

ယဲ့ရှောင်ချန်း စိတ်ထဲတွင် ဝမ်းသာသွားမိသည်။ အနောက်ဘက်သို့ ခရီးသွားခြင်းမှ ထိုက်ရှန်းလောင်ကျစ်မှာ သဘောကောင်းသော အဘိုးကြီးတစ်ဦးဖြစ်ပြီး ထိုက်ကျွန်း၏ တတိယ ဝင်စားမှုဖြစ်သည်။ ကောင်းကင်ဘုံတွင် သူ့ကိုအလွန် လေးစားကြသည်။

ထိုက်ရှန်းလောင်ကျစ်သာ သဘောတူလျှင် အခြားနတ်ဘုရားများလည်း သဘောတူကြမည်ဖြစ်သည်။

သေချာပေါက် အခြားနတ်ဘုရားများကလည်း ယဲ့ရှောင်ချန်း၏ အစီအစဉ်ကို ထောက်ခံကြသည်။

"ကျွန်တော်တွေးထားတာက ဒီလို၊ အဝါရောင် အင်မော်တယ် ပဲစေ့ ၆၀ကို ၁၀ သုတ်ခွဲလိုက်မယ် တစ်သုတ်ကို ၆စေ့ပါပြီး တစ်သုတ်စီရဲ့ အစစျေးနှုန်းက အင်မော်တယ် ၂ ယွမ်ဖြစ်မယ် တိုးပေးတိုင်း ဝိညာဥ်ယွမ် ၁ ယွမ်အောက် မနည်းရဘူး"

ယဲ့ရှောင်ချန်းက လေလံ စည်းမျဥ်းများကို ပြောပြလိုက်သည်။

သူ့ရင်ထဲတွင် မျှော်လင့်ထားမိသည်။ နတ်ဘုရားများက သေချာပေါက် ချမ်းသာကြလိမ့်မည်။ သူတို့အင်မော်တယ် ယွမ် မလောက်ဘူးဆိုတာမျိုး မရှိလောက်ပေ။ ဧကန္တ ဒီလေလံပွဲက အဝါရောင်အင်မော်တယ် ပဲစေ့ကို စျေးမြင့်အောင် ကူညီပေးနိုင်လောက်သည်။

ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်း အတွေးလွန်ခဲ့၏။

ထိုနတ်ဘုရားများက ပါးနပ်ကြသည်။ ယဲ့ရှောင်ချန်း၏ စိတ်ကို သူတို့ မည်ကဲ့သို့ ဖောက်မမြင်ဘဲ နေမည်နည်း။

လေလံပွဲ ပထမအသုတ်တွင် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်ပြီး စျေးနှုန်းကလည်း ဝိညာဥ်ယွမ် ၁ ယွမ်ချင်း တိုးလာသည်။ နောက်ဆုံး စျေးက အင်မော်တယ် ၂ ယွမ်၊ ဝိညာဥ်ယွမ် ၆၀ ယွမ် ဖြစ်သည်။

နတ်ဘုရားများက ရက်ရောပြီး သဒ္ဓါထက်သန်သည်ဟု မည်သူက ပြောသနည်း။

ဝိညာဥ်ယွမ် ၁ယွမ်၊ ၂ယွမ်လောက်ဖြင့် ပြိုင်ဆိုင်နေကြသော နတ်ဘုရားများကို မြင်ဖူးကြသည်လော။

လေလံစျေးက စတိုးဆိုင်ထက် မြင့်မားသော်လည်း ယဲ့ရှောင်ချန်း မပျော်ရွှင်ပေ။

အဝါရောင် အင်မော်တယ် ပဲစေ့ ဒုတိယအသုတ် စျေးနှုန်းက အင်မော်တယ် ၂ ယွမ်၊ ဝိညာဥ်ယွမ် ၇၀ ဖြစ်သည်။

တတိယ အသုတ်က အင်မော်တယ် ၂ယွမ် ဝိညာဥ်ယွမ် ၈၀ ဖြစ်သည်။

စတုတ္ထအသုတ်က အင်မော်တယ် ၂ယွမ် ဝိညာဥ်ယွမ် ၉၀ ဖြစ်သည်။

ဆယ်သုတ်မြောက်ကတော့ အမြင့်ဆုံးစျေးဖြစ်သည့် အင်မော်တယ်ယွမ် ၃ယွမ်၊ ဝိညာဥ်ယွမ် ၅၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။

နောက်ဆုံး ယဲ့ရှောင်ချန်း၏ စုစုပေါင်း အမြတ်ငွေက အင်မော်တယ် ၃၁ ယွမ်၊ ဝိညာဥ်ယွမ် ၂၀ တို့ဖြစ်ကြသည်။

လေလံပွဲပြီးဆုံးသွားသောအခါ နတ်ဘုရားများက ယဲ့ရှောင်ချန်းထံသို့ မက်ဆေ့ချ်များ ပို့ကြသည်။ အဝါရောင် အင်မော်တယ် ပဲစေ့များနှင့် အခြားပစ္စည်းများ ထွက်သောအခါ သူတို့အား အကြောင်းကြားရန်နှင့် သေချာပေါက် စျေးမြင့်မြင့် ပေးမည်ဖြစ်ကြောင်း ပြောသည်။

ယဲ့ရှောင်ချန်းက စိတ်လေသွားသည်။

စျေးမြင့်မြင့် ပေးဝယ်မယ်တဲ့လား။ ခင်ဗျားတို့နတ်ဘုရားတွေက အင်မော်တယ်ယွမ် တစ်စနှစ်စလောက်ကို နေ့တစ်ဝက်လောက် ပြိုင်လုနေကြပြီးတော့။ နတ်ဘုရားတွေရဲ့ အကျင့်သိက္ခာကော ရှိကြသေးရဲ့လား။

သူ့ကိုယ်ပိုင်အကောင့် အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။

စတိုးဆိုင်တွင် အင်မော်တယ် ပဲစေ့များ ရောင်းလိုက်တော့ ကော်မရှင်ခနုတ်ပြီး အကောင့်ထဲ လွှဲလိုက်သည့်ငွေက စုစုပေါင်း အင်မော်တယ် ၁၂၃ ယွမ်၊ ဝိညာဥ်ယွမ် ၁၉ ယွမ်ဖြစ်သည်။

လေလံပွဲမှ အင်မော်တယ် ၃၁ ယွမ်၊ ဝိညာဥ်ယွမ် ၂၀ ယွမ်ရခဲ့သည်။ အခကြေးငွေ နုတ်စရာမလိုပါ။

ထို့အပြင် အကောင့်ထဲတွင် ဝိညာဥ်ယွမ် ၃၄ ယွမ်ရှိပြီးသားဖြစ်သည်။

ထို့ကြောင့် အားလုံးပေါင်းလိုက်လျှင် ယခု အင်မော်တယ် ၁၅၄ ယွမ်နှင့် ဝိညာဥ်ယွမ် ၇၃ ယွမ် ရှိနေပြီဖြစ်သည်။

အင်မော်တယ် ယွမ်များ အလွန်များပြားနေပြီဖြစ်သဖြင့် အင်မော်တယ် မြေတစ်ကွက် ထပ်ဝယ်နိုင်ပြီဖြစ်သည်။

သူဝယ်ရမည်။

အင်မော်တယ် မြေပိုများလေလေ အင်မော်တယ် အပင်များ ပိုစိုက်နိုင်လေလေ ဖြစ်ပြီး ရိတ်သိမ်းသည့်အခါ အင်မော်တယ် ယွမ်များ ပိုရမည်ဖြစ်ပြီး ကောင်းမွန်သော သံသရာဖြစ်လာနိုင်သည်။

စတိုးဆိုင်တွင် သုံးစွဲခြင်းက သုံးစွဲမှုနှုန်းကို မြင့်တက််စေမည်ဖြစ်ပြီး ထိုကံစမ်းမဲဆိုသည့်အရာကို ရနိုင်မည်မဟုတ်ပါ။ အင်မော်တယ်ယွမ်များ အလကားဖြစ်သွားနိုင်သည်။

ယဲ့ရှောင်ချန်းက စိတ်အေးအေးထားပြီး စတိုးဆိုင်ထဲတွင် ဝင်မဝယ်ခဲ့ပါ။

အင်မော်တယ် မြေများ လုံလုံလောက်လောက် ရှိသ၍ သူ့ဝင်ငွေလည်း မြင့်မားလာပြီး စျေးဝယ်ထွက်နိုင်သည့် မြို့တော်များလည်း ပိုများလာမည်ဖြစ်သည်။

All Chapters