← Chapters

ပထမဆုံးဘန်းမုန့်ဆိုင်

Vol. 28 Ch. 380

ပထမဆုံးဘန်းမုန့်ဆိုင်

Vol. 28 Ch. 380

အခန်း (၃၈၀) - ပထမဆုံး ဘန်းမုန့်ဆိုင်

ကျိုးယန်၊ ကန်းကျစ်နဲ့ ဝူနီတို့ ထပ်တိုးလာသော်လည်း လုံလောက်သော နေရာထိုင်ခင်း ရှိပါသည်။

ဝူနီအတွက် ဖက်ထုပ်ဆိုင်တွင် အာ့နီနှင့် အတူနေထိုင်ရန် စဉ်းစားထားသည်။

ကျိုးယန်နဲ့ ကန်းကျစ်တို့ကို အမျိုးသား အဝတ်ဆိုင်၏ ဒုတိယထပ်တွင် နေထိုင်ဖို့ စီစဉ်ပေးခဲ့ကြသည်။

ဒါပေမယ့် ဒီကောင်လေးနှစ်ယောက်က အဲဒီမှာနေရတာ မပျော်ပေ။ ကျယ်ဝန်းတဲ့ အခန်းမှာ နေရတာထက် ဒီဘက်ခြမ်းမှာ နေရတာ ပိုကြိုက်ကြသည်။

ဒါကြောင့် လင်းချင်းဟယ်က သူတို့ကို ဒီအတိုင်း ထားလိုက်သည်။ သူတို့ အိပ်ချင်တဲ့နေရာမှာ သွားအိပ်စေသည်။ ယောက်ျားလေးတွေ အားလုံး ဖြစ်ကတတ်ဆန်း ပြုစုပျိုးထောင်ကြသည်။ ဒီလိုရာသီဥတုမျိုးမှာ ကောက်ရိုးဖျာခင်းပြီး ကြမ်းပြင်မှာ စခန်းချတာ ဘာမှ‌တော့ မမှားပေ။

သို့သော်လည်း ကန်းကျစ်က အမျိုးသားဝတ် စတိုးဆိုင်အတွက် အမှန်တကယ် ရောက်လာကြောင်း ရှုရှန့်မိန် သိလိုက်ရသောအခါတွင် တကယ်ကို စိတ်မချမ်းသာဖြစ်နေခဲ့သည်။

တစ်နေ့လုံး သူမ မှုန်ကုပ်ကုပ် ဖြစ်နေသည်။

လင်းချင်းဟယ်က ဒါကို သတိမထားမိပေ။ ကျိုးရှောင်မိန်က လင်းချင်းဟယ်နှင့် ရေချိုးခန်းကို အတူသွားတဲ့အခါမှာ အဲဒီအကြောင်းကို ပြောပြခဲ့လေသည်။

“ရှန့်မိန်က စတုတ္ထမရီးကို မကျေမနပ် ဖြစ်နေပုံရတယ်။” ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

“ကန်းကျစ်ကြောင့်လား။” ဟု လင်းချင်းဟယ်သည် အကြောင်းအရာကို မှန်းဆစရာမလိုဘဲ ရှုရှန့်မိန်တစ်ယောက် ဘာဖြစ်နေသည်ကို သူမ သိသည်။

“ဟုတ်တယ်၊ သူ့မောင်ကို လာခွင့်မပြုဘဲ ကန်းကျစ်ကိုကျ လာခွင့်ပေးလို့ ဖြစ်လိမ့်မယ်။” ဟု ကျိုးရှောင်မိန်က ခေါင်းညိတ်ထောက်ခံခဲ့သည်။

လင်းချင်းဟယ်က “ဒါ ငါ့ဆိုင်ပဲ၊ ဘယ်သူ့ကို ကူညီခိုင်းရမယ် မခိုင်းရဘူး ဆိုတာကို ငါပဲ ဆုံးဖြတ်ရမှာလေ။” ဟု ပြောလိုက်သည်။

ကျိုးရှောင်မိန်က ဒါကို မငြင်းဘဲ “ရှန့်မိန်က အရမ်းမိုက်မဲလွန်းတယ်။” ဟု ပြောသည်။

ရှုရှန့်မိန်သည် အမေကျိုးရှေ့တွင် မကြာခဏဆိုသလို စကားကို ကပ်သီးကပ်သတ်‌ပြောသည်။ သူမသည် အမှန်တကယ်ပင် မျက်လုံးဖြူဝံပုလွေတစ်ကောင်ဖြစ်သည်။

လင်းချင်းဟယ်က “အသက်ကပဲ ဆယ့်ရှစ်နှစ်တောင်ရှိနေပြီ။ သူမမှာ အသိဥာဏ်ရှိရင် အဆင်ပြေလိမ့်မယ်။ အသိဉာဏ်မရှိဘူးဆိုရင်တော့ ဘယ်သူမှ ကူပေးလို့ ရမှာ မဟုတ်ဘူး။” ဟု ပြောလိုက်သည်။

လင်းချင်းဟယ်သည် သူ့ကိုယ်သူ နည်းနည်းလေး အပြစ်တင်နေရုံပင်။

ယခင်က ကျိုးမိသားစု၏ အိမ်ဟောင်းမှာရှိတုန်းက ရှုရှန့်မိန်ကို ကူညီလုပ်ကိုင်ပေးဖို့ ခေါ်သွားပါလားဟု ပြောစဥ်အခါက သူမသည် အမှန်တကယ်ပင် တုံ့ဆိုင်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် မည်သို့သောလူဖြစ်သည်ကို မသိသောကြောင့်ဖြစ်သည်။

သူမက ရုပ်ထွက်ကောင်းပေမယ့် နောက်ဆုံးမှာတော့ လုံးဝကို ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။

ဒါပေမယ့် သူ့ယောင်းမ ပထမအစ်မကို လေးလေးနက်နက် စဉ်းစားမိတဲ့အတွက် သူမကို ခေါ်လာခဲ့မိသည်။ ဒီလို အဖြစ်အပျက်မျိုး ကြုံလာရလိမ့်မယ်လို့ သူမ ဘယ်လိုမှ မတွေးထားခဲ့ပေ။

လင်းချင်းဟယ်သည် ဤတူမ ရှုရှန့်မိန်ကို အနည်းငယ် မကျေမနပ် ဖြစ်နေသည်။ ရှန့်မိန်သည် စိတ်အားငယ်ပြီး အမြင်ကျဥ်းသည့်အပြင် ကိစ္စများကိုလည်း နှိုင်းယှဥ်ကြည့်ချင်ပါသည်။

သူမသည် အစကတည်းက အာ့နီ၊ ဟူကျစ်တို့နှင့်အတူ ရှုရှန့်မိန်ကို ညနေကျောင်းပို့ဖို့ ရည်ရွယ်ထားသော်လည်း သူမက စာမသင်ချင်ပေ။

နောက်ပိုင်းတွင် သူမသည် အာနီနဲ့ ဟူကျစ်ကို စာရင်းများကို စီမံခန့်ခွဲရန် စတင်လေ့ကျင့်‌ပေးခဲ့ပြီး အာ့နီကို အထည်ချုပ်စက်ရုံသို့ပင် ခေါ်သွားခဲ့သည်။ ယခုမူ ရှုရှန့်မိန်သည် နောက်ကွယ်ကျ စကားတစ်မျိုးပြောသည်။

လင်းချင်းဟယ်ရဲ့ ရှေ့မှာကျ စကားမပြောရဲ‌ပေ။ အဲဒါတွေအားလုံးကို လင်းချင်းဟယ်ရဲ့ နောက်ကွယ်မှာကျ ပြောနေခဲ့သည်။

လင်းချင်းဟယ်က ဒါကို မကျေနပ်ပေ။

ဒါပေမယ့် သူမ ဘာလုပ်နိုင်မလဲ။ သူမကို ခေါ်ဆောင်လာပြီးပြီဖြစ်လို့ သူမအလုပ်ကို ဆက်လုပ်ဖို့သာ လိုတော့သည်။ သို့တိုင် သူမ စိတ်ထဲမှာ နောင်တရမိသည်။

အဲဒီတုန်းက ပထမအစ်မရဲ့ မျက်နှာကို ကြည့်ပြီး လူတွေကို ခေါ်ဆောင်လာခဲ့တာမျိုး မဖြစ်သင့်ပေ။

ဒီအမှားကို တစ်ကြိမ်ကျူးလွန်ပြီးမှတော့ နောက်ထပ် ဆက်လုပ်ရမှာလား။ ရှုရှန့်ချမ်း ဒီကိုလာဖို့ သူမ ဘယ်တော့မှ ခွင့်မပြုပေ။

သူကိုယ်တိုင်က အလုပ်လုပ်နိုင်တဲ့ အရည်အချင်းမရှိရင် ဒီကို မလာတာက ပိုကောင်းသည်။ မဟုတ်ရင် ပထမအစ်မ ဘယ်လိုတွေးတွေး သူမကတော့ ဂရုမစိုက်ဘဲ သူ့ကို လျစ်လျူရှုထားရပေမည်။

ကန်းကျစ်ကို ကူညီလုပ်ကိုင်ပေးဖို့ ခေါ်ခဲ့ပေမယ့် ရှုရှန့်ချမ်းကို မခေါ်တာက ခိုင်းစေလို့ အဆင်မပြေလို့ပင် ဖြစ်သည်။

သူ့ကို ဘာကြောင့် မခေါ်တာလဲ ဆိုတာကိုတော့ ပထမအစ်မက သူ့ဘာသာသူ ပြန်စဉ်းစားသင့်သည်။

သို့တိုင် နောက်ဆုံးသုံးသပ်ချက်အရ လင်းချင်းဟယ်သည် အနည်းငယ် စိတ်ဆိုးနေသေးသည် ။ ဆွေမျိုးအဖြစ် ထားရှိခြင်းသည် ကောင်း၏။ သူမ ဘာကြောင့် ရှုရှန့်မိန်ကို ခေါ်လာခဲ့မိတာလဲ။

ဒါပေမယ့် အခု သူမ ဒီမှာရှိတော့ ဒီမှာပဲ ထားရမှာပေါ့။ အလုပ်ကြိုးစားပြီးလုပ်ရင် အိမ်ပြန်ရောက်တော့ အိမ်ထောင်ကျတဲ့အခါ ခန်းဝင်ပစ္စည်းထည့်‌ပေးမည်။ သူ့အပိုင်းကို အဆုံးထိ အကောင်းဆုံး လုပ်ပေးဖို့ စဉ်းစားထားသည်။

“အဲ့အကြောင်း ဆက်မပြောရအောင်။” လင်းချင်းဟယ်ကပြောပြီး ကျိုးရှောင်မိန်နှင့်အတူ ရေဆက်ချိုးခဲ့သည်။

“စတုတ္ထမရီး၊ တာ့လင်းနဲ့ ငါက အဲဒီဆိုင်ကို ဆိုင်ရှင်ဆီနေ သွားဝယ်မလို့။” ဟု ကျိုးရှောင်မိန်က ရေချိုးခန်းကနေ ပြန်လာချိန်မှာ ပြောလိုက်သည်။

“ဘယ်လောက်နဲ့လဲ။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။

“လေးထောင့်ငါးရာက ငါတို့အတွက် အမြင့်ဆုံးပဲလေ။ အရမ်းဈေးကြီးရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။” ဟု ကျိုးရှောင်မိန်က ဖြေသည်။

“အမြင့်ဆုံးဈေး လေးထောင့်ခုနစ်ရာထက် ပိုမပေးသင့်ဘူး။ ဒီထက် ကျော်လွန်ရင် နေရာပြောင်းရှာချေ။” ဟု လင်းချင်းဟယ်က အကြံပေးသည်။

ကျိုးရှောင်မိန်နဲ့ စုတာ့လင်းတို့၏ ပထမဆုံး ဘန်းမုန့်ဆိုင်ကို လင်းချင်းဟယ်ရဲ့ အားလပ်ရက် မတိုင်မီတွင် ဝယ်ယူခဲ့ပြီး သူတို့နှစ်ဦး စီးပွားရေးလုပ်ကိုင်ခဲ့သည့် ဘန်းမုန့်ဆိုင်ကိုပင် ဖြစ်သည်။

အဲဒီအရွယ် ဆိုင်တစ်ဆိုင်အတွက် ယွမ်လေး‌ထောင့်တစ်ရာကနေ ယွမ်လေးထောင့်နှစ်ရာထိ ဈေးရှိသည်။ ဒါပေမယ့် အိမ်ရှင်က မရောင်းချင်သလို သူတို့ဘက်ကလည်း ဝယ်ချင်တာကြောင့် ဈေးတက်သွားခဲ့သည်။

ဒီတစ်လျှောက်လုံး ယွမ်လေးထောင့်ငါးရာလို့ ပြောပေမယ့် အိမ်ရှင်က လုံးဝ လက်မလွှတ်ချင်သေးတာ သိသာထင်ရှားပါသည်။

သို့သော်လည်း ကျိုးရှောင်မိန်သည် အံတင်းတင်းကြိတ်ပြီး စတုတ္ထမရီးရဲ့ စကားကို နားထောင်ခဲ့သည်။ သူမသည် ယွမ်လေးထောင့်ခုနှစ်ရာအထိ တိုးမြင့်ပေးခဲ့သည်။ ဒါကိုမှ လက်မခံရင် မဆိုင်းမတွ ထွက်ခွာမလို့ပင်ဖြစ်သည်။

သူမ၏ ဆုံးဖြတ်ချက်ကို မြင်‌တော့ မတုန်လှုပ်ဖြစ်နေသော အိမ်ရှင်သည် ဆွေးနွေးရန် အိမ်ပြန်သွားခဲ့သည်။

ဒါက လက်ရှိပေါက်ဈေးထက် ယွမ် ၅၀၀ နီးပါး ပိုများသည်ကို သိထားရမည်ဖြစ်သည်။

အိမ်ရှင်ရဲ့မိသားစုက ပိုက်ဆံမလိုရင်တောင် ဒီယွမ် ၅၀၀ ကို ဘယ်သူရှာနိုင်မည်နည်း။ ယခုခေတ်အချိန်ခါတွင် ယွမ်ငါးရာသည် မည်သည့်နေရာ၌မဆို သေးငယ်သော ငွေပမာဏ မဟုတ်သည်မှာ သေချာပါသည်။

စုတာ့လင်းနဲ့ ကျိုးရှောင်မိန်တို့သည် ဤဘက်တွင် ကျင့်သားရနေပြီး လုပ်ငန်းကောင်းနေရင် ယွမ်(၅၀၀)ကို ဘယ်သူက ပိုမပေးချင်မည်နည်း။

စုတာ့လင်းရဲ့ လစဉ်လစာ (၆၀)ကို အခြေခံ၍ တွက်ချက်ပါက ယွမ်ငါးရာသည် တစ်နှစ်ခွဲလုံး သူ့လစာအားလုံးနီးပါးဖြစ်သည်။

ကျိုးရှောင်မိန်သည် နောက်ပိုင်းတွင် သူမ အံတင်းတင်းကြိတ်ပြီး တိုးပေးလိုက်သော ယွမ် (၂၀၀)ကြောင့် ဤဆိုင်ကို နောက်ဆုံးတွင် ဝယ်ယူနိုင်ခဲ့သည်။

အဘိုးအဘွားအိမ်ကနေ ပြန်ရောက်လာသည့် တတိယကလေးထံမှ လင်းချင်းဟယ်သည် ဒီအကြောင်းကို ကြားသိခဲ့ရသည်။ ထို့နောက် ညနေပိုင်းတွင် ကျိုးချင်းပိုင်နှင့်အတူ စက်ဘီးစီးကာ သွားခဲ့ကြသည်။

မိသားစု စုဆောင်းငွေရဲ့ (၉၀)ရာခိုင်နှုန်းကို တပြိုင်နက် သုံးစွဲခဲ့ကြပေမယ့် စုတာ့လင်းနဲ့ ကျိုးရှောင်မိန်တို့ နှစ်ယောက်စလုံး စိတ်အေးလက်အေး ပြုံးနေတာကို လင်းချင်းဟယ်က မြင်လိုက်ရသည်။

ဒါက သူတို့ကို နည်းနည်းလေးတောင် လွှမ်းမိုးမှုမရှိဘူး။

“ဆိုင်ကို အခုဝယ်ပြီးပြီလို့ နင်တို့တူ လောင်စန်းပြောတာကို ကြားတယ်။” ဟု လင်းချင်းဟယ် ပြုံးရယ်ကာ ပြောလိုက်သည်။ သူတို့နှစ်ယောက်ကို ဒီလိုမြင်လိုက်ရတော့ စိတ်သက်သာရာရသွားသည်။

“ဝယ်လိုက်ပြီ၊ အံတင်းတင်းကြိတ်ပြီး ငါ့ပိုက်ဆံတွေကို ဗုံးပေါလအော သုံးပြစ်လိုက်တယ်။” ဟု ကျိုးရှောင်မိန်က ပြုံးရယ်ကာ ပြောလိုက်သည်။

“ဒါက နည်းနည်းတော့ ဈေးကြီးတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်ပါပဲ။ အခု မင်းတကယ်တရားဝင်တဲ့ လုပ်ငန်းတစ်ခုရဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။” ဟု လင်းချင်းဟယ်က ခေါင်းညိတ်လိုက်ပါသည်။

ဘန်းမုန့်ဆိုင်၏ လက်ရှိအမြတ်အရ နောက်ထပ် ယွမ် ၂၀၀ သည် တစ်လခွဲအမြတ်နှင့် ညီမျှသည်။ လင်းချင်းဟယ်သည် ဒါက သိပ်ဆိုးတဲ့ ညှိနှိုင်းမှု မဟုတ်ဘူးလို့ ခံစားရသည်။

ဆိုင်ကို နေရာပြောင်းရွှေ့လိုက်မယ်ဆိုရင် ဖြစ်လာမယ့် ဆုံးရှုံးမှုက ပိုကြီးမားပါသည်။ ဒီတော့ ယွမ်နှစ်ရာက ပြဿနာမဟုတ်ပေ။ ယွမ်နှစ်ရာ ထပ်ထည့်ပြီးလို့မှ မဝယ်နိုင်သေးရင် ဘာမှဆက်ဖြစ်လာဖို့ မရှိပေ။

ကံကောင်းထောက်မစွာ အခြားဘက်က ဒီကန့်သတ်ချက်ကို သိသည်။ သူတို့အတွက် အကျိုးရှိတဲ့အခါ လက်ခံရမယ်ဆိုတာ နားလည်သည်။ အခု အဆင်ပြေသွားတော့ အရမ်းကောင်းပေသည်။

“ဈေးကြီးလွန်းတယ်။ ဆိုင်တစ်ဆိုင်က ယွမ် လေးထောင့်ခုနစ်ရာတောင် ပေးရတယ်။ ဒါက လုယက်တာနဲ့ အတူတူပဲ။” အမေကျိုးက တကယ်ကို စိတ်မကျေနပ်ပေ။

အရင်က ကျိုးချင်းပိုင်က ယွမ်လေးထောင်လောက် ကုန်ကျနိုင်တယ်လို့ ပြောတဲ့အခါက အရမ်းစျေးကြီးတယ်ဟု ထင်သည်။ တစ်နှစ်အတွင်းမှာပင် ယွမ်လေးထောင်မှ ယွမ်လေးထောင့်ခုနစ်ရာအထိ တိုးလာခဲ့သည်။

ကျေးလက်ဒေသမှ လူတွေက တစ်နှစ်လောက် ချွေတာစုဆောင်းမယ်ဆိုရင်တောင် ယွမ် ၂၀၀ မစုနိုင်ကြပေ။

ဒါပေမယ့် အမေကျိုး စိတ်ထဲမှာတော့ ဒီဆိုင်က အရမ်းဈေးကြီးသည်။

“မင်း ဘာသိလို့လဲ။” အဖေကျိုးက သူမကို မကျေမနပ် ကြည့်သည်။ သူ့သားမက်နဲ့ သမီးက ဒီဆိုင်ကို ဝယ်တာမှန်တယ်လို့ သူထင်ခဲ့သည်။ ဒါက စျေးကြီးပေမယ့် လုပ်ငန်းကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီးတာနဲ့ အနာဂတ်မှာ ငွေပြန်ရလာမှာ သေချာပါသည်။

အရေးကြီးဆုံးက အခုဆိုင်က သူတို့ကိုယ်ပိုင်ဖြစ်ပြီး သူတို့ သက်တောင့်သက်သာရှိဖို့ပါပဲ။

တီဗီကြည့်နေတဲ့ ရှုရှန့်မိန်က ရုတ်တရက်ဆိုသလို “ငါ့အမေလည်း မုန့်လုပ်တာ ကောင်းတယ်။” ဟု တိုးတိုးလေး ပြောလိုက်သည်။

All Chapters