← Chapters

ထရပ်ကားဝယ်ယူခြင်း

Vol. 28 Ch. 381

ထရပ်ကားဝယ်ယူခြင်း

Vol. 28 Ch. 381

အခန်း (၃၈၁) - ထရပ်ကားဝယ်ယူခြင်း

အိမ်အပြန်လမ်းတွင် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်နှင့် စကားစမြည်ပြောခဲ့သည်။

“ပြောပါဦး၊ ရှန့်မိန်က အဲ့လိုပြောတာ ဘာကိုဆိုလိုချင်တာလဲ။”

"ဟမ်...” ကျိုးချင်းပိုင် အကြည့်မလွှဲဘဲ စက်ဘီးကိုသာ ဆက်နင်းနေခဲ့သည်။

"သူက သူ့အမေကို လာစေချင်တာလား။ ဒါမှမဟုတ် သူ့အမေကို ဒီလာခိုင်းပြီး ရှောင်မိန်တို့ကို ကူညီလုပ်ပိုင်ပေးစေချင်တာလား။” ဟု လင်းချင်းဟယ် ပြောသည်။

ကျိုးချင်းပိုင်သည် "အကြီးဆုံးအစ်မ ဒီကို လာတာက ပြဿနာမရှိပါဘူး။” ဟု ပြန်ဖြေခဲ့သည်။

လင်းချင်းဟယ်က "ကျွန်မကလည်း ပြဿနာရှိတယ်လို့ မပြောပါဘူး။" ဟု ပြောသည်။

အကြီးဆုံးအစ်မ လာချင်မည်ဆိုလျှင် လာနိုင်သည်။ သူ့ကို မြို့တော်ကိုလာဖို့ ခွင့်မပြုဘူးဆိုတာ မရှိပါ။

သို့သော် သူမ ဒီကို လာလျှင် ဒီနေရာနှင့် အဝေးတွင် နေထိုင်ရန် လိုအပ်သည်။ သူတို့အားလုံးသည် တူညီသည့်လုပ်ငန်းနယ်ပယ်မှာ ရှိသည်။ ဒါ​ကြောင့် အတူတူနေပြီး ဆက်ဆံရေးကို ဆိုးရွားအောင် မလုပ်တာက ပိုကောင်းမည်။

"နွေရာသီအားလပ်ရက် အိမ်ပြန်တဲ့အခါကျရင် သွားပြီးမေးလာခဲ့လေ။” ဟု ကျိုးချင်းပိုင်က ပြောသည်။

လင်းချင်းဟယ်က ကန့်ကွက်ခြင်းမရှိဘဲ "ကောင်းပြီ" ဟုသာ ပြောလိုက်သည်။ လင်းချင်းဟယ်သည် နွေရာသီအားလပ်ရက်တွင် သူမရဲ့ မောင်လေးဆီ ဆိုင်ကယ်တစ်စီးပို့ပေးချင်ခဲ့သည်။ ဒါ့ကြောင့် အချိန်ကျလာလျှင် သူတို့အိမ်ပြန်ဖြစ်ကြလိမ့်မည်။

အကြီးဆုံးအစ်မတို့ မိသားစု လာခဲ့လျှင် သူထွက်သွားဖို့ ပြောရန် အကြောင်းပြချက်တစ်ခုရှိပြီး သူ့အမေကို ကူညီခိုင်းမည်။

"တကယ်လို့ ဒီကိစ္စကို ပြောမယ်ဆိုရင် ရှင်ပဲ သွား၊ ကျွန်မ စကား​မပြောချင်ဘူး။" ဟု လင်းချင်းဟယ်က ဆက်ပြောသည်။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်ပြီး "ကိုယ်ပဲ အစ်မကြီးကို သွားရှာပြီး အဲဒီကိစ္စကိုပါ တစ်ခါတည်း ပြောလိုက်ပါ့မယ်။" ဟု ပြောသည်။

လင်းချင်းဟယ်က သက်​ပြင်းကို မသိမသာချပြီး "ကျွန်မ ဒီကိစ္စကို ထောင့်​စေ့အောင် မစဉ်းစားခဲ့မိဘူး။" သူ့မိသားစု ချင်းပိုင်သည် ကျန်းကျစ်အား လာခွင့်ပြု၍ ရှုရှန့်ချမ်းအား လာခွင့်မပြုသည့် ကိစ္စကို ကွေ့ဝိုက်ပြောဆိုနေသည်ကို သူမ သိသည်။

အဲဒါကြောင့် ကျိုးချင်းပိုင်သည် သူ့အစ်မအကြီးဆုံးအား စီးပွားရေးလုပ်ဖို့အတွက် သွားပြောဖို့ စိတ်ကူးထားသည်။

"မင်း ဘာမှမမှားဘူး။ အရမ်းကြီး မစဉ်းစားပါနဲ့။" ဟု ကျိုချင်းပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့ဇနီးသည် မှန်ကန်သည့်အရာကို လုပ်ခဲ့သည်။ ရှန့်ချမ်းနှင့် ကျန်းကျစ်တို့သည် သူတို့တူများ ဖြစ်ကြသည်။ ဘာ့ကြောင့် ကျန်းကျစ်ကို လာခွင့်ပြုပြီး ရှန့်ချမ်းကိုကျ လာခွင့်မပြုရတာလဲဆိုတာကို ပြန်စဉ်းစားရန် လိုအပ်သူမှာ သူ့ဇနီး မဟုတ်ပါဘူး။

ဒါပေမယ့် သူမဟာ သူ့အစ်မ​အကြီးဆုံးဖြစ်လို့ သူမအတွက် မျက်နှာသာ နည်းနည်းတော့ ပေးရပါမည်။

အောက်ထပ်သို့ရောက်သောအခါ လင်းချင်းဟယ်သည် ဆွေမျိုးများကို ဝန်ထမ်းအဖြစ် ငှားသင့်သည်၊ မငှားသင့်ဘူးလား ဆိုတာကို တွေးတောနေသေးသည်။ အစကတည်းက ဝန်ထမ်းခေါ်ယူမှုကို အားကိုးခဲ့မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။

အခုလောက် ဒုက္ခရောက်နေစရာ မလိုဘူး မဟုတ်လား။ သေချာပါတယ်၊ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ခဲ့သည့်အတွက် အခုလို ပရမ်းပတာ ဖြစ်နေတာ မဟုတ်လား။

“အားလပ်ရက်ရောက်ရင် တောင်ပိုင်းကို သွားကြည့်ရအောင်။” ကျိုးချင်းပိုင်က သူ့ဇနီးသည်ရဲ့ အာရုံကို လွဲစေပြီး ဘာက သူမကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မလဲဆိုတာကို သူ ကောင်းကောင်းသိနေတယ်လို့ ဆိုရပါမည်။

လင်းချင်းဟယ်က ဒီစကားကိုကြား‌တော့ အာရုံပြောင်းသွားပြီး “သဘက်ခါကျရင် သွားကြတာပေါ့။” ဟု ဆိုပါသည်။

မနက်ဖြန်ကျရင် အားလပ်ရက်ရပြီ၊ ထိုနေ့ တစ်နေ့ အနားယူပြီး သဘက်ခါကျ ခရီးထွက်ပေမည်။ အနည်းငယ် အလျင်စလိုဖြစ်ခဲ့ပေမယ့် ဒါဟာ မကောင်းတဲ့ အကြံအစည်မဟုတ်မှန်း သိသာပါသည်။

ယခုနှစ်တွင် သူမသည် ထိပ်တန်းအဆင့် ခြံဝင်းနှစ်ခုပါ အိမ်ရာတစ်ခုကို ဝယ်ယူခဲ့၍ ကုန်ကျစရိတ်များပြားခဲ့သဖြင့် လက်ထဲ ငွေများစွာ မကျန်တော့ပါ။ ထို့ကြောင့် သူမသည် ဝင်ငွေရှာရန် စီစဥ်ရပေမည်။

ဒါကိုတွေးပြီး ရှုရှန့်မိန်နှင့် အကြီးဆုံးအစ်မတို့ရဲ့ ကိစ္စတွေကို လျစ်လျူရှုခဲ့ပါသည်။

“ကောင်းပြီ။” ကျိုးချင်းပိုင်က ခေါင်းညိတ်ထောက်ခံသည်။

လင်းချင်းဟယ်၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး နောက်တစ်နေ့ နောက်ဆုံး အတန်းချိန်ဝင်ပြီး အိမ်အပြန်တွင် သူမသည် အပန်းဖြေခရီးထွက်တော့မည်အကြောင်း ကြေညာခဲ့သည်။

ဒီအချိန်မှာ ကျိုးယန်နဲ့ ကျိုးဝူနီတို့၏ ရလဒ်များ ထွက်လာခဲ့သည်။ သူတို့ရဲ့ ရလဒ်တွေကို ပြန်မေးကြည့်တော့ သူတို့ရဲ့ ရမှတ်တွေက မမြင့်ပေမယ့် မနိမ့်ပါဘူး။

ဒါပေမယ့် သူတို့ လိုချင်တဲ့ တက္ကသိုလ်ကို ဝင်ခွင့်မရတဲ့အတွက် စိတ်ပျက်နေကြတုန်းပဲ။ အခုတော့ သူတို့နောက်ထပ်ရွေးချယ်ထားသည့်နေရာမှ ဝင်ခွင့်စာကိုစောင့်ရန်လိုသည်။

မည်သို့ပင်ဖြစ်စေကာမူ လင်းချင်းဟယ် နှင့် ကျိုးချင်းပိုင်သည် ထိုအရာအတွက်စောင့်မနေခဲ့ပေ။ စီစဉ်ထားသည့်ရက်သို့ ရောက်သည့်အခါ သူတို့သည် တောင်ပိုင်းသို့ ထွက်လာခဲ့ကြသည်။

အိမ်တွင်ရှိသည့် ကိစ္စအားလုံးကို စီမံရန်အတွက် ကျိုးရွှမ်းလက်ထဲ အပ်ခဲ့လေသည်။ ဆိုင်တွေကို ကြည့်ရှုစောင့်ရှောက်ရန် သူနှင့် ကျိုးကွေ့လိုင်တို့ထံသို့ လွှဲထားခဲ့လေသည်။ ညီအစ်ကိုနှစ်ယောက်သားသည် ငယ်စဉ်ကပင် သူတို့အား ကူညီပေးခဲ့ကြသည်။

သူတို့မိဘတွေ နွေရာသီအားလပ်ရက်တွင် တောင်ပိုင်းသို့ ခရီးထွက်ခြင်းသည်လည်း သူတို့အတွက် အံ့ဩဖွယ်ရာမရှိပေ။ သူတို့သည် မြို့တော်ကို ရောက်သည့်အချိန်မှစ၍ နှစ်တိုင်း အခြေခံအလုပ်များကို လုပ်နေကြဖြစ်သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ခရီးထွက်သွားသောကြောင့် အဖိုးအိုဝမ်က ဆိုင်သို့ လာရောက်ကူညီပေးခဲ့သည်။

လူအိုကြီးဝမ် ရှိနေသည့်အတွက်ကြောင့် အဖေကျိုးနှင့် အမေကျိုးတို့ လာရန်မလိုအပ်ပေ။ ဒီလိုပူအိုက်သည့်နေ့များတွင်ပင် သူတို့ အပြန်ပြန်အလှန်လှန် သွားလာနေစရာ မလိုပေ။ အဖိုးအိုဝမ်နှင့်ပင် လုံလောက်သည်။

ဒါပေမယ့်လည်း အဖိုးအိုဝမ် မရှိရင်တောင် သိပ်မဆိုးပေ။ ကျိုးရွှမ်းသည် အသက် ဆယ့်ခြောက်နှစ်ပင် ရှိသေးသော်လည်း အရှိန်အဝါက မသေးပေ။ သူ့ကိုယ်သူ ထိန်းကျောင်းနိုင်သည်။

သူတို့ရဲ့ အကြောင်းကိစ္စအကုန်ကို စိုးရိမ်မှုကင်းစွာ ထားခဲ့သည့်အတွဲသည် ယခုချိန်တွင် ရထားပေါ်တွင် ဖြစ်သည်။

“ဒီနှစ် ကိုယ်တို့ဘက်မှာ စုဆောင်းငွေ ယွမ်တစ်သောင်းကျော်ရှိတဲ့ အိမ်ထောင်စုတွေ သုံးသန်းလောက် ထပ်တိုးလာတယ်။” ဟု ကျိုးချင်းပိုင်က သတင်းစာဖတ်နေရင်း ပြောလေသည်။

“အဲ့ဒါထက် ပိုများတာ သေချာတယ်။ လူတော်‌တော်များမျာက နှိမ့်ချနေထိုင်ပြီး သတင်းမပို့ကြတာ ဖြစ်လိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို လတ်ဆတ်သော တရုတ်ဆီးသီးနီများ ခွံကျွေးရင်း သူမကိုယ်တိုင်လည်း စားလေသည်။

အစားအစာတချို့ကိုလည်း လိုလိုမယ်မယ် ချန်ထားသေးသည်။ သူမသည် ရာသီအလိုက်ပေါ်သည့် သစ်သီးဝလံများကို စုဆောင်းထားတတ်သည်။ ဤတစ်ခေါက်ခရီးတွင်လည်း ရာသီပေါ်အသီးအနှံတချို့ကို သူမ စုဆောင်းထားဦးမည်ဖြစ်သည်။

သူမရဲ့ နေရာလွတ်ထဲတွင် ဤပစ္စည်းများအတွက် အထူးပြုလုပ်ထားသော အခန်းရှိသည်။

အခြားပစ္စည်းများကို သယ်ယူပို့ဆောင်တဲ့နေရာမှာ အသုံးပြုသည်။

ကျိုးချင်းပိုင်သည် သတင်းစာထဲတွင် ၎င်းတို့အားလုံးကို မဖော်ပြနိုင်ကြောင်းကို သဘာဝကျကျ သိရှိထားပြီး တိတ်တိတ်ဆိတ်ဆိတ် ချမ်းသာလာသူ အချို့ရှိရမည်။

သူ့မိသားစုလိုပေါ့။

သို့သော် ယခုအချိန်တွင် လူများ ပိုမိုချမ်းသာလာပြီး ပိုမိုချမ်းသာလာကြောင်းကိုလည်း ယင်းမှ ကောက်ချက်ချနိုင်သည်။ ဒီပြုပြင်ပြောင်းလဲရေးမူဝါဒသည် အမှန်တကယ် ကောင်းမွန်ပါသည်။

လင်မယားနှစ်ယောက်သား တောင်ပိုင်းသို့ ရောက်လာခဲ့ကြသည်။ ဒီတစ်ခါတော့ အတွေ့အကြုံရင့် ယာဥ်မောင်းတွေလို လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားပါ။

ကုန်ပစ္စည်းအရောင်းအဝယ်ကို စည်းမျဥ်းဟောင်းများအတိုင်း လုပ်ဆောင်ခဲ့သည်။ လင်းချင်းဟယ်သည် ၎င်းနှင့် ရင်းနှီးကျွမ်းဝင်နေသည့်တိုင် အလွန်သတိထားနေဆဲဖြစ်သည်။

ပထမအသုတ် ကုန်ပစ္စည်းများ ဝယ်ယူပြီးနောက် လင်းချင်းဟယ်သည် ထရပ်ကားများကိုကြည့်ရန် ကျိုးချင်းပိုင်ကို ဆွဲခေါ်လာခဲ့သည်။

ကျိုးချင်းပိုင်က ခဏလောက် ထိတ်လန့်သွားပြီး “ဇနီးလေး၊ ငါတို့ သွားတဲ့နေရာ မှားနေပြီ။ ဆိုင်ကယ်တွေက ဒီမှာ မရှိဘူးလေ။” ဟု ပြောသည်။

“မှန်တယ်။ ဒီကို ထရပ်ကားဝယ်ဖို့ လာခဲ့တာ။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

ဒီအချိန်မှာ ထရပ်ကားတွေက သိပ်မကြီးဘူး။ သူမရဲ့ နေရာလွတ်က ဆယ်စတုရန်းမီတာသာရှိပေမယ့် ထရပ်ကားတစ်စီးက ငါးစတုရန်းမီတာ ခြောက်စတုရန်းမီတာလောက်သာ နေရာယူသည်။ သူမရဲ့ ပစ္စည်းတွေက နေရာအနည်းငယ်သာ ယူသောကြောင့် ထရပ်ကားကို ပြဿနာလုံးဝမရှိဘဲ သိမ်းဆည်းထားနိုင်ပေမည်။

အထူးသဖြင့်၊ သူတို့နှစ်ဦးသည် ဤကဲ့သို့သော ပစ္စည်းများကို ပြန်လည်ရောင်းချရန် ခက်ခဲလွန်းလှသည်။ သူတို့မှာ ထရပ်ကားရှိနေရင် ပိုအဆင်ပြေလိမ့်မည်။

ထို့ကြောင့် လင်းချင်းဟယ်သည် လုံးဝ မတွန့်ဆုတ်ဘဲ ကုန်ပစ္စည်း ပထမအသုတ် ‌ရောင်းချပြီးတာနဲ့ ထရပ်ကားတစ်စီး ဝယ်ယူခဲ့သည်။

ထရပ်ကားတစ်စီးက ယွမ် တစ်သောင်းခြောက်ထောင်ကျော် ပေးရသည်၊ ပြောရမယ်ဆိုရင် ဒီစျေးက အတော်မြင့်သည်။ အိမ်တစ်လုံးရဲ့ ပေါက်‌စျေးတောင် ယွမ်တစ်သောင်းကျော်ပဲ ရှိသည်။

ပစ္စည်းတစ်သုတ်‌ ရောင်းချရုံနဲ့ ဒီထရပ်ကားအတွက် ပေးချေဖို့ မလုံလောက်ပါဘူး။ ဒုတိယတစ်သုတ် ရောင်းချပြီးခါမှ ထရပ်ကား ဝယ်ယူဖို့ငွေ လုံလောက်ပါသည်။

ဒီထရပ်ကားကို ဝယ်ပြီးတော့ အရင်း ယွမ်နှစ်ထောင်ကျော် ကျန်သေးသည်။ လင်မယားနှစ်ယောက်သား ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ ထရပ်ကားကို မောင်းလာခဲ့ကြသည်။

ဒီထရပ်ကားက အလွန်စျေးကြီးပေမယ့် ကျိုးချင်းပိုင်က လမ်းတစ်လျှောက် မောင်းနှင်လာတဲ့အခါ သူ့မျက်နှာပေါ်က အမူအရာတွေက သူ အရမ်းပျော်နေမှန်း သိသာထင်ရှားပါသည်။

မှန်ပါတယ်၊ ကားကို မကြိုက်တဲ့အမျိုးသားဆိုတာ မရှိပါဘူး။

ကျိုးချင်းပိုင်ပင် မပြောနဲ့၊ လင်းချင်းဟယ်ကိုယ်တိုင်ပင် အရမ်းသဘောကျခဲ့ပါသည်။

ကားတစ်စီးရှိနေလို့ လင်မယားနှစ်ယောက်သား ကုန်ပစ္စည်းတွေ ဝယ်ခြမ်းရတာ ပိုအဆင်ပြေလာခဲ့သည်။ ကုန်ပစ္စည်းအပြည့်ပါတဲ့ ကားတစ်စီးစာကို နေရာလွတ်ထဲမှာ စုဆောင်းသိမ်းဆည်းထားပြီးနောက် ထရပ်ကားပေါ်မှာပါ ကုန်ပစ္စည်းအပြည့်တင်ခဲ့သည်။ ဒါကြောင့် အနီးနားပြည်နယ်မြို့ကို သယ်ယူရောင်းချခဲ့တာက ထရပ်ကားနှစ်စီးစာ ပမာဏ ဖြစ်ပါသည်။ ထို့နောက် အိမ်အပြန် ကုန်ပစ္စည်းများ ဝယ်ယူပြီး ယန်ချမ်မြို့သို့ ပြန်မောင်းလာခဲ့သည်။

သူတို့သည် တတိယမောင်လေးလင်းအတွက် မော်တော်ဆိုင်ကယ် တစ်စီး၊ အဖေကျိုးနှင့် အမေကျိုးတို့အတွက် အဝတ်လျှော်စက် တစ်လုံး၊ ဖျော်ရည်ဆိုင်အတွက် နောက်ထပ် ရေခဲသေတ္တာတစ်လုံးနှင့် အငယ်ဆုံးသားလေး ကျိုးကွေ့လိုင် လိုချင်နေတာ ကြာပြီဖြစ်တဲ့ ကင်မရာတစ်လုံးကိုပါ ဝယ်ယူခဲ့သည်။

လင်းချင်းဟယ်သည် ယွမ် ၉၀၀ ကျော် တန်ဖိုးရှိ တင်သွင်းလာသော ကုန်ပစ္စည်းများကို ဝယ်ယူလိုစိတ်ရှိခဲ့သည်။

ဒါပေမယ့် တစ်ခု ဆိုလျှင်ပင် ကြာကြာခံတာဖြစ်လို့ ပိုကောင်းတဲ့ တစ်လုံးကို ရွေးချယ်ဝယ်ယူခဲ့သည်။

ကျန်တာတွေက နာရီတွေဖြစ်သည်။ မိန်းကလေးတွေရော ယောကျာ်းလေးတွေအတွက်ပါ ပါသည်။

ဤအရာများကို ထရပ်ကားပေါ်တွင်သာ တင်ထားပြီး နေရာလွတ်ထဲ မထည့်ထားတော့ပါ။

ကုန်ပစ္စည်းများကို ဝယ်ခြမ်းပြီး ပြန်လည်ရောင်းချတာက အမှန်တကယ် အကျိုးရှိပေမယ့် လင်မယားနှစ်ယောက်လုံး အရမ်းပင်ပန်းသည်။ ဒီတစ်ခါတော့ ထရပ်ကားရှိနေလို့ အင်အားစိုက်ထုတ်ရတာ တော်တော် သက်သာသွားသည်။ ဒါတောင် စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားခဲ့ရသေးသည်။

“နှစ်နှစ်အတွင်းမှာ ကျွန်မတို့မိသားစု မြို့တော်မှာ ဇိမ်ခံစတိုးဆိုင်ဖွင့်ပြီး ကျွန်မတို့လက်အောက်မှာရှိတဲ့သူတွေကို ကုန်ပစ္စည်းတွေ ဝယ်ဖို့ တောင်ပိုင်း တက်ခိုင်းမယ်လေ။ ရှင် ဘယ်လိုထင်လဲ။” ဟု လင်းချင်းဟယ်က ရထားပေါ်မှာ ပန်းသီးတစ်လုံးစားရင်း မေးလိုက်သည်။

ကျိုးချင်းပိုင်လည်း ပန်းသီးစားနေပြီး “ဆိုင်ကို ကြည့်ပေးဖို့ တစ်ယောက်‌ယောက်ကို ခိုင်းရင် လုံလောက်ပြီ၊ ကုန်ပစ္စည်းတွေကိုတော့ ကိုယ်တို့ ကိုယ်တိုင်သွားဝယ်ကြမယ်။” ဟု ပြန်ဖြေသည်။

All Chapters