← Chapters

လီအိုက်ကော်

Vol. 28 Ch. 386

လီအိုက်ကော်

Vol. 28 Ch. 386

အခန်း(၃၈၆) - လီအိုက်ကော်

ကျိုးစန်းနီတစ်ယောက် ပဲပိစပ်များကို လေးလေးပင်ပင်နှင့် ကြိုးစားပမ်းစား မြို့သို့ သယ်သွားပြီး ရောင်းချစဥ် သူမသည် လီအိုက်ကော်နှင့် ဆုံခဲ့ရသည်။ သူက မြင်းလှည်းတစ်စီးဖြင့် စျေးသို့ ထွက်လာခြင်းဖြစ်သည်။

ဝယ်သူက သူ့ပစ္စည်းအားလုံးကို ဝယ်ယူသဖြင့် အနီးအနားကျေးရွာတွင် နေထိုင်သော်လည်း သူက ဝယ်သူထံသို့ တိုက်ရိုက် ပို့ဆောင်ပေးသည်။ ဒီလိုနှင့် သူ့ပစ္စည်းများ အမြန်အဆန် ရောင်းထွက်လေ့ရှိသည်။

သူက အလုပ်အားနေသည်နှင့် မြို့ထဲသို့ လျှောက်ကြည့်ဖို့ စဥ်းစားခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကျိုးစန်းနီနှင့် ဆုံခဲ့ရ၏။

သူမက မြို့တော်သို့ ပဲပိစပ်တွေ အများကြီးနှင့် သွားနေရသည်ကို မြင်သောအခါ လီအိုက်ကော်က သူ့ကိုမြင်းလှည်းနှင့် လိုက်ပို့ပေးခဲ့သည်။

ကျိုးစန်းနီ၏ စကားနည်းသော စရိုက်မျိုးကြောင့် ပုံမှန်ဆို လူတွေကို စကားပြောလေ့ မရှိသော်လည်း ဒီလူက သူမကို ကူညီပေးခဲ့သဖြင့် သူ့ကို ဘယ်ရွာကလဲဟု မေးလိုက်သည်။

ရှေ့လျှောက် ရွာကို ဖြတ်ခဲ့သည်ရှိသော် သူ့ကို ကျေးဇူးတင်စကား သွားပြောလို့ရအောင်ဖြစ်သည်။

လီအိုက်ကော်က ဒီနေရာတွင် နေထိုင်တာ မဟုတ်ဘဲ အနီးအနားကျေးရွာမှ ဖြစ်ကြောင်း ပြောလိုက်သည်။ အချိန်အားလပ်သောကြောင့် မြို့ထဲတွင် လျှောက်ကြည့်ရန်သာ လာခဲ့သည်ဟု ဆိုသည်။

ကျိုးစန်းနီက သူမအိမ်မှ အလွန်ထွက်သွားချင်နေသည်ဟု ဆိုနိုင်သည်။

သူက အနီးအနားကျေးရွာမှဟုပြောသောအခါ ကျေးရွာတွင် အောင်သွယ်တော်တွေ ဘာတွေများ ရှိသလားဟု သူမ မေးလိုက်သည်။

အမှန်ပင်။ ကျိုးစန်းနီက တခြားရွာတစ်ခုမှ လူကိုသာ လက်ထပ်ချင်သည်။ ဒီနေရာတွင် မဟုတ်ဘဲ ဝေးလံသောနေရာတစ်ခုတွင်သာ လက်ထပ်ချင်သည်။ ဒီနေရာကို တစ်သက်လုံး ပြန်မလာရလျှင် အကောင်းဆုံးဖြစ်သည်။

လီအိုက်ကော်က အံ့အားသင့်သွားရသည်။ ဒီနေ့ ဒီခေတ်ကြီးထဲ မိန်းကလေးငယ်တစ်ဦးက သူကိုယ်တိုင် အောင်သွယ်တော်များကို ရှာဖွေနေသည်မှာ ရှားပါးသော ဖြစ်ရပ်ဖြစ်သည်။

ထို့နောက် လီအိုက်ကော်က နောက်ပြောင်လိုက်၏။ အောင်သွယ်တော်များက သူ့ကို ကြောက်ကြသည်ဟု ဆိုသည်။ သူ့ကိုမြင်ရတာ စိတ်ကုန်နေပြီး သူပြောတာ နားမထောင်ချင်ဟု ပြောလိုက်၏။

ကျိုးစန်းနီက အကြောင်းပြချက်ကို မေးလိုက်သည်။ ထို့နောက် ထိုလူက ထင်မထားလောက်စွာ ကလေးရှိနေနိုင်သော အရွယ်ဖြစ်သော်လည်း တစ်ကိုယ်တည်းသမား ဖြစ်နေသည်။

"အနီးအနားကျေးရွာကလူကို မင်းလက်ထပ်ချင်လို့လား။" ဟု လီအိုက်ကော်က မေးလိုက်၏။

"ဟုတ်ကဲ့" ကျိုးစန်းနီက ထိုစကားကို မစဥ်းစားလိုက်မိဘဲ ဖြေလိုက်သည်။

"ဒါဆို ကိုယ့်ကို လက်ထပ်ဖို့ စဥ်းစားပေးနိုင်မလား။ ကိုယ်က မင်းထက် အသက် အများကြီး ကြီးပါတယ်။ ကိုယ့်ခြေထောက်တွေက မွေးရာပါ မသန်တာ မဟုတ်ပါဘူး။ ရေလှောင်ကန်ကို ပြင်ရင်းနဲ့ ပြုတ်ကျသွားလို့ ဖြစ်သွားတာပါ။ အိမ်အခြေအနေတွေကလည်း အဆင်ပြေတယ်။ မင်း ကိုယ့်ကို လက်ထပ်ပြီး ကိုယ်နဲ့ အတူတူနေမယ်ဆိုရင် မင်းကို သေချာပေါက် ကောင်းကောင်းမွန်မွန် ထားမှာပါ။" ဟု လီအိုက်ကော်က ပြောလိုက်သည်။

ကျိုးစန်းနီက ရပ်တန့်သွားပြီး သူ့ကိုကြည့်လိုက်သည်။

နောက်တော့ ဘာဖြစ်သလဲ ပြောစရာ မလိုတော့ပါ။ လီအိုက်ကော်က တစ်ယောက်ယောက်ကို လာစုံစမ်းခိုင်းလိုက်သည်။ ထို့နောက် သူသည် စေ့စပ်ပွဲကို စီစဥ်ခဲ့၏။

အကြီးဆုံးမရီးက ရှင်းပြလိုက်သည်။ "အဲ့ဒီအကြောင်းတွေကို စန်းနီဆီက ငါသိခဲ့ရတာ ဒီကောင်မလေးက နှစ်တွေကြာလာတာနဲ့ ပိုပိုပြီး တိတ်ဆိတ်လာတယ်။ လီအိုက်ကော်က အသက်နည်းနည်းကြီးပေမယ့် စိတ်ဓာတ်ကတော့ ကောင်းပါတယ်။ အောင်သွယ်တွေရဲ့ ပါးစပ်ကသာ ဆိုးရွားနေတာ။ သူက ယွမ် ၄၀၀ တောင်တင်တောင်းတာ။ စန်းနီရဲ့ ရည်ရွယ်ချက်တွေကို ခန့်မှန်းကြည့်ရသလောက်တော့ သူလက်ထပ်ပြီးတာနဲ့ ရှေ့လျှောက် ဒီနဲ့ အဆက်အသွယ် လုပ်တော့မှာ မဟုတ်လောက်ဘူး။"

ထိုသို့ပြောပြီးသွားသောအခါ အကြီးဆုံးမရီး သက်ပြင်းထပ်ချလိုက်ပြန်သည်။

လင်းချင်းဟယ်က ပြုံးလိုက်၏။ "သူက မင်္ဂလာဆောင်ပြီးတဲ့ သမီးတစ်ယောက် ဖြစ်တော့မှာလေ။ သူ့မိသားစုက သူ့အပေါ်မှာမှ မကောင်းတာ၊ အဲ့တော့ သူတို့နဲ့ အဆက်အသွယ် မလုပ်တာ ပုံမှန်ပါပဲ။ သူ့ဘဝ အဆင်ပြေရင် လုံလောက်ပါပြီ။"

သူမအတွက်တော့ ဒီလိုပဲမဟုတ်လား။ သူမ၏ တတိယမောင်လေးကလွဲလို့ လင်းမိသားစုဟောင်းကို သူမ ဂရုစိုက်လို့လား။ ယုံကြည်ချင်စရာ မကောင်းသော်လည်း သူတို့ သူမရှေ့တွင် သေသွားလျှင်တောင် မသိချင်ယောင်ဆောင်ပြီး လမ်းလျှောက်ထွက်သွားမည် ဖြစ်ပါသည်။

မိသားစုအရင်းကမှ ကောင်းကောင်းမွန်မွန် မဆက်ဆံပါက အနိုင်ကျင့်ခံနေရသည်နှင့် အတူတူပဲ မဟုတ်လား။ ဘဝကို ကောင်းကောင်းမွန်မွန် နေရသည်က အရာအားလုံးထက် ပိုကောင်းမွန်သည် မဟုတ်ပါလား။

ထိုအကြောင်းကို ကြားပြီးသောအခါ လင်းချင်းဟယ်တစ်ယောက် အများကြီး စိတ်အေးသွားရသည်။ တတိယမရီးကိုတော့ လျှို့ဝှက်ထားစရာ မလိုလောက်ပါ။ အဲ့လောက်လည်း မဆိုးနိုင်ပါဘူး။

ကျိုးစန်းနီနှင့် လီအိုက်ကော်ဟူသည့်လူက တစ်ယောက်နှင့်တစ်ယောက် တွေ့ပြီးကြပြီပဲလေ။

ထို့အပြင် မြင်ရသလောက်တော့ ထိုလူက ကျိုးစန်းနီကို တန်ဖိုးထားပါသည်။ မဟုတ်လျှင် တင်တောင်းငွေ ယွမ် ၄၀၀ ဆိုသည်မှာ ရှိလာမည်မဟုတ်ပါ။ လူအများစုက ထိုပမာဏလောက်ရှိသော ပိုက်ဆံကို မထုတ်ချင်ကြပါ။

"ဒီနာရီက ယန်ယန်အတွက်ပါ။ အကြီးဆုံးမရီး၊ ကျေးဇူးပြုပြီး အရင် သိမ်းထားလိုက်ပြီး ယန်ယန်ကို ပေးလိုက်ပါ။ သူ ကောလိပ်မှာ သုံးလို့ရတာပေါ့။" လင်းချင်းဟယ်က လက်ပတ်နာရီတစ်လုံး ထုတ်ကာ ပြောလိုက်သည်။

အကြီးဆုံးမရီးက တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ "ဒါက ဘာအသုံးဝင်လို့လဲ။ ငွေတွေ အများကြီး အကုန်ခံလို့ဟယ်။"

"ဝူနီနဲ့ ယန်ယန်တို့ တစ်ယောက်တစ်လုံးစီ ရကြမှာပါ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"ဒီတစ်ခေါက် သကြားလုံးတွေကော တန်ဖိုးကြီးပစ္စည်းတွေကော ယူလာပြန်ပြီ။" အကြီးဆုံးမရီးက ရေရွတ်လိုက်သည်။

"ယန်ယန်က ဆရာအတတ်သင်ကောလိပ်ကို ဝင်ခွင့်ရသွားပြီလေ။ ကျွန်မလည်း သူ့အတွက် ဝမ်းသာပါတယ်။ သူ ဘွဲ့ရပြီးရင် ဆရာတစ်ယောက်ဖြစ်လာမှာပါ။ အဲ့တာက တည်ငြိမ်တဲ့ အလုပ်တစ်ခုပဲ။ အကြီးဆုံးမရီး၊ တစ်သက်လုံး စိုးရိမ်စရာ မလိုတော့ဘူးပေါ့။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

အကြီးဆုံးမရီးက ထိုစကားကို ကြားသောအခါ ဝမ်းသာပြီး ပြန်ဖြေလိုက်သည်။ "အနာဂတ်ကျရင် သူ မြို့ထဲက အထက်တန်းကျောင်းမှာ စာသင်ပေးနိုင်ရင် ကောင်းမှာပဲ။ ဒါဆို အိမ်နဲ့ အရမ်းမဝေးတော့ဘူးလေ။"

လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ အနောက်မှ ဘဲအော်သံများ ကြားသောအခါ သူမ မေးလိုက်သည်။ "အကြီးဆုံးမရီး၊ ဘဲမွေးတာ ဘယ်လိုနေလဲ။"

"တော်တော်လေး အဆင်ပြေပါတယ်။" ဟု အကြီးဆုံးမရီးက ပြုံးကာ ပြန်ဖြေလိုက်သည်။

နောက်ဆုံးတစ်ခေါက် ဖုန်းပြောပြီးကတည်းက သူမ မွေးထားခြင်းဖြစ်သည်။ ဘဲအကောင်ရေ ၃၀၊ ၅ကောင်မှာ နာမကျန်းဖြစ်ခဲ့သည်။ သို့သော်လည်း ၂၅ကောင်ကျန်ပြီး အားလုံး အရွယ်ရောက်လာကြပြီဖြစ်သည်။

မနေ့ကတင် သူတို့ ဘဲဥများပင် စတင်ဥနေကြပြီဖြစ်သည်။ ထို့ကြောင့် အကြီးဆုံးမရီးတစ်ယောက် အပျော်လွန်ခဲ့ရ၏။

သူတို့မိသားစုသည် ယခုဆိုလျှင် ဘဲလည်းမွေး၊ ကြက်လည်းမွေး၊ ဝက်လည်းမွေးနေကြပြီဖြစ်သည်။ သူမနှင့် အစ်ကိုကျိုးတို့ နှစ်ယောက်စလုံးက ဇွဲရှိကြ၏။ ထို့ကြောင့် သူတို့ဘဝအခြေအနေက တတိယမရီးလောက် အဆင်မပြေသော်လည်း တောက်ပနေပါသေးသည်။

အကြီးဆုံးမရီးက စိတ်ကျေနပ်နေခဲ့၏။ ဒီနှစ် အိမ်ဆောက်လုပ်ပြီးပါက သူတို့မိသားစု ပြောင်းနေကြတော့မည်ဖြစ်ပါသည်။ ထိုနေရာတွင် ပို၍ နေလို့ထိုင်လို့ ကောင်းပေလိမ့်မည်။

"အိမ်ဆောက်ဖို့ ငွေကော လုံလောက်ရဲ့လား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"လုံလောက်ပါတယ်၊ စိတ်မပူပါနဲ့။" အကြီးဆုံးမရီးက သူမ၏ ဆိုလိုရင်းကို သဘောပေါက်ကာ ပြန်ဖြေလိုက်သည်။ ထိုအကြောင်းကို ပြောပြီးသွားကြသောအခါ သူမသည် ထသွားပြီး အထဲဝင်ကာ ယွမ် ၅၀၀ ယူပြီး ပြန်ထွက်လာခဲ့၏။ "ဒါ နင်တို့ အရင်တစ်ခေါက်က ထားခဲ့တာလေ။ ဒါပေမယ့် ငါတို့ အခု မလိုအပ်တော့ပါဘူး။ နင်တို့ပြန်ရင် ပြန်ယူသွားလိုက်ချေ။"

တတိယအစ်ကိုက ငွေချေးခဲ့၏။ အရင်နှစ်ကုန် နှစ်သစ်ကူးနေ့ ပြန်ရောက်လာတုန်းက သူငွေပြန်ဆပ်သွား၏။

ပထမမိသားစုနှင့် ဒုတိယမိသားစုတို့ကတော့ ဘာစီးပွားရေးမှ လုပ်မည်မဟုတ်သဖြင့် ငွေသုံးဖို့ မလိုလောက်ပါ။ ထို့ကြောင့် အကုန်ပြန်ပေးနေခြင်းဖြစ်သည်။

လင်းချင်းဟယ်က ပြန်တုံ့ပြန်လိုက်သည်။ "အကြီးဆုံးမရီး၊ အခုလောလောဆယ် သိမ်းထားလိုက်ပါဦး။ နောက်မှ ပေးလည်း ဒီငွေပါပဲ။ ကျွန်မဘက်က အလျင်မှမလိုတာ။"

"နင်တို့ အလျင်မလိုလည်း ယူလိုက်ပါ။ ငါတို့မိသားစုက မလိုဘူး။ အိမ်တစ်လုံးဆောက်ဖို့ ငွေလုံလောက်ပါတယ်။ အဖေကျိုးနဲ့ အမေကျိုးတို့ကို နင်နဲ့ စတုတ္ထမတ်လေးတို့ရဲ့ ဂရုစိုက်မှုအောက်မှာပဲ ထားလိုက်တော့မယ်နော်။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။

အဖေကျိုးနှင့် အမေကျိုးတို့အကြောင်း ပြောသောအခါ အကြီးဆုံးမရီးမှာ အနည်းငယ် ရှက်မိပါသည်။ ဘာပဲဖြစ်ဖြစ် သူမက အကြီးဆုံးချွေးမဖြစ်သည် မဟုတ်ပါလား။ သို့သော်လည်း အခုတော့ လူကြီးနှစ်ယောက်စလုံး မြို့တော်သို့ ရောက်သွားပြီဖြစ်ကာ စတုတ္ထမိသားစုက စောင့်ရှောက်ပေးနေရသည်။

"အပန်းမကြီးပါဘူး။ အဖေနဲ့ အမေတို့ ကိုယ်ခန္ဓာလည်း သန်သန်မာမာပဲ၊ စိတ်မပူပါနဲ့။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်၏။

ယခုတော့ တတိယအစ်ကိုတို့မိသားစုလည်း အဆင်ပြေလာပြီဖြစ်သဖြင့် တတိယမရီးက အကြီးဆုံးမရီး အိမ်ဆောက်တဲ့အခါ ငွေလိုလျှင် ချေးပေးနိုင်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် လင်းချင်းဟယ်က ငွေကို ပြန်ယူခဲ့၏။

သမီးယောင်းမနှစ်ယောက်သား အကြာကြီး စကားပြောပြီးမှ ထွက်လာခဲ့ကြ၏။

"စတုတ္ထဒေါ်လေး" ကျိုးစန်းနီက အပြင်ဘက်တွင် တံမြက်စည်း လှည်းနေသည်။ သူမကို မြင်သောအခါ ကျိုးစန်းနီက လှမ်းနှုတ်ဆက်လိုက်သည်။

လင်းချင်းဟယ်က ဒုတိယမရီး အနားတွင် မရှိသည်ကို သတိထားမိကာ ပြောလိုက်သည်။ "ခဏနေကျ အချိန်ရရင် အိမ်လည်လာခဲ့ဦး။"

"ဟုတ်ကဲ့" ကျိုးစန်းနီက နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး ကိုက်ကာ သူမကို ကြည့်လိုက်သည်။

လင်းချင်းဟယ်က ဘာမှထပ်မပြောတော့ပါ။ အကြီးဆုံးမရီးနှင့် အချိန်အကြာကြီး စကားပြောပြီးတာတောင် အပြင်က လူအုပ်ကြီးက နည်းမသွားသေးပါ။

အများစုက မော်တော်ဆိုင်ကယ်ကို လာကြည့်ကြခြင်းဖြစ်သည်။ သူတို့အတွက် ရှားပါးသော မြင်ကွင်း ဖြစ်နေကြသည်။

လင်းချင်းဟယ် ထွက်လာသည်ကို မြင်သောအခါ အားလုံးက မေးခွန်းများ မေးကြ၏။ လင်းချင်းဟယ်ကတော့ ပြုံး၍သာ ပြန်ဖြေလိုက်ပါသည်။ စိတ်လှုပ်ရှားမှုများက ၈ နာရီအထိ ကြာသွားပြီး ထို့နောက်မှ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အိမ်ပြန်ခဲ့ကြရ၏။

လင်မယားနှစ်ယောက် အိမ်ကို သန့်ရှင်းရေးလုပ်ပြီး ရေချိုးရန်အတွက် ရေခပ်ကြ၏။ ဒီလို ပူအိုက်သောနေ့မျိုးတွင် ရေအေးအေးလေး ချိုးပြီးသွားသောအခါတွင်လည်း ချမ်းစိမ့်နေပါသေးသည်။

ကျိုးချင်းပိုင်က လင်းချင်းဟယ် ချိုးပြီးသွားသောအခါမှ သွားချိုးသည်။ ထို့နောက် အဝတ်လျှော်ရန် ထွက်သွား၏။

ထိုအချိန်တွင် ကျိုးစန်းနီ ရောက်လာသည်။ သူ့စတုတ္ထဦးလေး အဝတ်လျှော်နေသည်ကို မြင်သောအခါ သူမ ဝင်လျှော်ပေးဖို့ ပြင်လိုက်သည်။

All Chapters