← Chapters

ကိုယ်ဝန်ဆောင်သတင်း

Vol. 28 Ch. 389

ကိုယ်ဝန်ဆောင်သတင်း

Vol. 28 Ch. 389

အခန်း(၃၈၉) - ကိုယ်ဝန်ဆောင်သတင်း

နေရာလွတ်ထဲမှ ထရပ်ကားကြီးတစ်စီးဖြင့်ပင် ငွေဘယ်လောက်တောင်ရှိနေပြီလဲ။

နောက်ဆုံးတွက်ချက်ပြီးသွားသည့်နောက် ဒီထရပ်ကားနှင့် အခြားကြီးမားသော ကုန်ပစ္စည်းများကို ယခုနှစ် ပြန်လည်ရောင်းချပြီးသည့်အခါ သူတို့ ရရှိခဲ့သည့်အရာများဖြစ်သည်။

ထို့အပြင် ပေကျင်းတွင် အလေးအနက်ထား၍ စီးပွားရေးလုပ်ရာမှ ရရှိသောငွေများအပြင် ယွမ်ထောင်ပေါင်းများစွာ ကျန်ရှိနေသေးသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ မှောင်ခိုစျေးသို့ လျှောက်ကြည့်ရန် လာခဲ့ခြင်း ဖြစ်သည်။

လင်းချင်းဟယ်က ရွှေတချို့လည်း စုထားချင်သေး၏။ ဤကာလက စီးပွားရေး ပြန်လည် ပြုပြင်နေသော ကာလဖြစ်သော်လည်း စျေးကွက်ပေါ်တွင် ရွှေများ စတင်ပေါ်လာကြပြီဖြစ်သည်။

အတော်လေး တန်ဖိုးကြီးရှိပါသည်။

သို့သော်လည်း ကုန်ဖလှယ်ခြင်းအား စျေးကွက်ထဲတွင် ခွင့်မပြုထားပါ။ ကုန်ဖလှယ်ချင်ပါက သီးသန့်လုပ်ရသည်။ ဤနည်းလမ်းဖြင့် အကျိုးအမြတ်လည်း ရနိုင်မည်ဖြစ်သည်။

သူတို့ ပန်းတိုင်က ရွှေဝယ်ဖို့ ဖြစ်သော်လည်း တိုက်ဆိုင်မှုများက အံ့သြဖွယ် ရောက်လာတတ်သည်။

မြူနီစီပယ် မှောင်ခိုစျေးကွက်ထဲတွင် တာ့ယွမ်ထုန်က မထင်မှတ်ဘဲ ပေါ်လာခဲ့သည်။

ဤတာ့ယွမ်ထုန်ဆိုသည်မှာ တရုတ်ပြည်သူ့သမ္မတကာလက အသုံးပြုခဲ့သော ငွေကြေးဖြစ်သည်။ လင်းချင်းဟယ်က အခြားပစ္စည်းများ စုဆောင်းပြီးပြီဖြစ်သော်လည်း အခုထိ ထိုအရာကိုတော့ မစုဆောင်းရသေးပါ။

စုစုပေါင်း တာ့ယွမ်ထုန် စုစုပေါင်း ဆယ်ပြားရှိပြီး အားလုံးကို သေသေချာချာ ထိန်းသိမ်းထားသည်။ သို့သော်လည်း စျေးတော့ မနည်းပေ။ တာ့ယွမ်ထုန် တစ်ပြား ရောင်းစျေးက ယွမ် ၄၀ ဖြစ်သည်။

ဆယ်ပြားဆိုလျှင် ယွမ် ၄၀၀ ဖြစ်သည်။

"အဲ့ဒီ‌ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းတာက အပြင်ဘက်မှာ တော်တော်လေး ရေပန်းစားလာပြီနော်။ အဲ့တာတွေကို ဦးဦးဖျားဖျား စုထားလိုက်။ နောက်ပိုင်းကျရင် သေချာပေါက် တန်ဖိုးကြီးလာလိမ့်မယ်။" ဟု လူငယ်လေးက တီးတိုးပြောလိုက်သည်။

"ရှေ့လျှောက် တန်ဖိုးရှိမရှိတော့ မသိဘူး။ ဒါပေမယ့် အခုလောလောဆယ်တော့ နင် ငါတို့ကို အရူးတွေလို ဆက်ဆံနေတာပဲ။" ဟု လင်းချင်းဟယ်က ဂရုမစိုက်စွာ ပြောလိုက်သည်။

"ဘာကို အရူးလို ဆက်ဆံရမှာလဲဗျ။ ကျွန်တော့် ငွေ ဆယ်ပြားက အခြေအနေ အကုန်ကောင်းတယ်၊ တစ်ခုနဲ့တစ်ခု မတူဘူး၊ ဒါက အံ့သြဖို့ကောင်းတယ်ဗျ။" ဟု လူငယ်လေးက သည်းမခံနိုင်ဘဲ ပြောလိုက်သည်။

"အဲ့လောက် အံ့သြဖို့ကောင်းနေတယ်ဆိုရင်လည်း ဘာဖြစ်လို့ အခုထိ ရောင်းမထွက်သေးတာလဲ။" ဟု လင်းချင်းဟယ်က ပြန်ချေပ၏။

"အများဆုံး တစ်ပြားကို ၅ယွမ်ပဲ လျှော့ပေးနိုင်မယ်။ ယူချင်ယူ မယူချင်နေ။" ဟု လူငယ်လေးက မျက်မှောင်ကြုတ်ပြီး ခပ်တင်းတင်း ပြောလိုက်သည်။

ငွေပြားဆယ်ပြားစလုံးက ခြားနားကြသဖြင့် လင်းချင်းဟယ်သည် ထိုငွေပြားများကို ဝယ်ယူချင်ပါသည်။ သို့သော်လည်း သူမသည် ဒီစျေးကို စိတ်မကျေနပ်သေးပါ။

ဒါက စျေးကြီးလွန်းတာ သိသာပါသည်။

စကားတစ်ခွန်းတည်းနှင့် ရှင်းလိုက်သည်က ကျိုးချင်းပိုင်ဖြစ်သည်။ ဆယ်ပြားစလုံးကို ယွမ် ၂၀၀ ဖြင့်ရလျှင်ယူမည် မရလျှင်မယူဘူးဟု ပြောလိုက်လေသည်။

စျေးကို တစ်ခါတည်း ထက်ဝက်ပိုင်း စစ်ချလိုက်သော်လည်း ကျိုးချင်းပိုင်က ငွေအရွက် ၂၀ ရေတွက်နေသည့် မြင်ကွင်းကို မြင်သောအခါ ထိုလူ့၏ အကြည့်တွေက အငမ်းမရ ဖြစ်လာခဲ့သည်။

ထို့ကြောင့် အံကြိတ်ပြီး ထိုစျေးကို လက်ခံလိုက်တော့သည်။

လင်းချင်းဟယ်က လက်ထဲတွင် ငွေပြားဆယ်ပြားကို ကိုင်ကာ ပြောလိုက်သည်။ "နောင်တစ်ချိန်အတွက် ဒါတွေကို စုထားကြရအောင်။"

အလွန်စျေးကြီးလွန်းပါက သူမ ရွှေကိုသာ ဝယ်မည်ဖြစ်သော်လည်း ယခု ဆယ်ပြားကို ယွမ် ၂၀၀သာ ကျသင့်သည် ဖြစ်သဖြင့် တစ်ချိန်တွင် သူမ မြေးလေးများကို ပြသဖို့ ဝယ်ယူရန် အဆင်ပြေပါသည်။

သို့သော်လည်း လက်ရှိ မှောင်ခိုစျေးက အခြေအနေကောင်းသည့် လက္ခဏာများ ပြသလာပြီဖြစ်သည်။

အပြင်ဘက်က ဘယ်သူကမှလည်း မတားဆီးသလို လာလည်း မဖမ်းဆီးကြပေ။ စျေးကွက်ထဲတွင် ပစ္စည်းအများအပြားက စီးဆင်းရန် မလွယ်ကူသဖြင့် မှောင်ခိုစျေးက ဆက်လက်တည်ရှိနေရသည်။ မှောင်ခိုစျေးက သွားဖို့ အကောင်းဆုံး နေရာတစ်ခုသာ ဖြစ်ပါသည်။

ကျိုးချင်းပိုင်သည် သူမနှင့်အတူ မှောင်ခိုစျေးထဲ လျှောက်ကြည့်ကြသေးသည်။ နောက်ဆုံးတွင် အဘွားအိုတစ်ဦးထံမှ ရွှေဆံထိုးနှစ်ချောင်းနှင့် လူငယ်တစ်ဦးထံမှ ရွှေလက်ကောက် တစ်ကွင်း၊ ရွှေလက်စွပ် နှစ်ကွင်းတို့ကို ဖလှယ်ခဲ့ပါသည်။

လင်းချင်းဟယ်၏ အိမ်တွင် ရွှေများ အများအပြား စုဆောင်းထားပြီးဖြစ်သည်။ ယခင်က မြို့တော်ကြီးတွင် သွားဝယ်လေ့ရှိပြီး နောက်ပိုင်းတွင် ကျေးရွာမြို့တွင်သာ ဝယ်ယူခဲ့သည်။ သူမ စာလေ့လာနေတုန်းကပင် စုဆောင်းနေခဲ့သေးသည်။

အားလုံးကို အတူတူ စုပေါင်းလိုက်ပါက နောက်ပိုင်း မျိုးဆက်များ၏ ရွှေစျေးအရဆိုလျှင် တန်ဖိုးငွေ ယွမ် ၁ သန်းကျော်လောက်ပြီ ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင် သူမသည် အိမ်ခြံဝင်းကျယ်ကြီး တစ်ခု၊ အိမ်ခြံဝင်း တစ်ခု၊ မြို့တော်ထဲတွင် စျေးဆိုင်များ ဝယ်ပြီးကတည်းက ဤဝါဝါဖြူဖြူ အသုံးအဆောင်ပစ္စည်းများကို ဂရုသိပ်မစိုက်တော့ပါ။

သူမ အမြင်ပိုကျယ်လာပြီဖြစ်သည်။

တန်ဖိုးကြီးတာကတော့ သံသယဖြစ်စရာ မလိုပါ။ သို့သော် ယခင်ရွှေများက နောက်ပိုင်း မျိုးဆက်များ၏ အိမ်ခြံမြေများနှင့် နှိုင်းယှဥ်၍ မရနိုင်ပါ။

ဒီလောက် ရွှေတွေ အများကြီး စုထားပါက နောက်ပိုင်းမျိုးဆက်တွင် တတိယအတန်းအစား သို့မဟုတ် စတုတ္ထအတန်းအစား ၁၀၀ စတုရန်းမီတာခန့်ရှိသော အိမ်တစ်လုံးကိုပင် ဝယ်နိုင်လောက်သည်။

သူတို့လည်း သိမ်းဆည်းထားမည်ဖြစ်သည်။

မတူညီသော အရင်းအနှီးနှစ်မျိုး ဖြစ်သည်။ ထို့အပြင် ရွှေလက်ကောက် တချို့၊ ရွှေလက်စွပ်များ၊ ရွှေဆံထိုးများမှာ အလွန်ရိုးရှင်းသော်လည်း လှပပါသည်။

လင်မယားနှစ်ယောက်သား ဧည့်ရိပ်သာသို့ ပြန်ရောက်သောအခါ လင်းချင်းဟယ်က ရေခဲမုန့်ကို ထုတ်ကာ စားလိုက်သည်။

သူမ၏ နေရာလွတ်ထဲတွင် ရေခဲမုန့်တချို့ သိမ်းထားသဖြင့် အဆင်ပြေနေပါသည်။

"အများကြီး စားလို့ သိပ်မကောင်းဘူးနော်။" သူမ ရေခဲမုန့်စားချင်သည့်အခါတိုင်း ကျိုးချင်းပိုင်က ဆုံးမလေ့ရှိသည်။

"ရေခဲမုန့်တစ်ခုတည်းပဲ စားတာပါ။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်လိုက်သည်။ လင်းချင်းဟယ်က သူ့ရဲ့ တိတ်တဆိတ် အကြည့်ကို ကြောက်သွားပြီး အမြန်ပြောလိုက်၏။ "ဒီတစ်ခုပြီးရင် မနက်ဖြန် တကယ် မစားတော့ပါဘူး။"

ကျိုးချင်းပိုင်က သူမကို ကြည့်ပြီးပြောလိုက်သည်။ "ဒီနေ့ နှစ်ခုတောင် စားပြီးပြီလေ။"

"ပထမအစ်မကို ရှင် ဘာပြောခဲ့လဲ။" လင်းချင်းဟယ်က အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်ပြီး မေးလိုက်သည်။

"သူ့ကို မြို့တော်လာချင်လားလို့ မေးခဲ့တယ်။" ကျိုးချင်းပိုင်ကလည်း ထိုကိစ္စကို ဆက်မပြောတော့ပါ။ သူက သမီးမိန်းကလေး လိုချင်သဖြင့် အေးခဲသော စားစရာများ အများကြီး စား၍ မကောင်းပါ။

သူ့ အကြီးဆုံးအစ်မထံသို့ သူ့တူမ၏ လစာကို သွားပေးခဲ့သည်။ မြို့တော်သို့ လာချင်လားဟု အကြီးဆုံးအစ်မကြီးကို မေးခဲ့၏။

သို့သော်လည်း မြို့တော်ဆိုတာ ဘယ်လိုနေရာလဲ။ မြို့တော်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ပြောင်းရွှေ့နိုင်မှာလဲ။ အဲ့ဒီကို သွားတာနဲ့ အိမ်က ကြက်တွေ ဝက်တွေကော ဘယ်လိုလုပ်မလဲ။

သူမက မြို့တော်မှ မဟုတ်သဖြင့် ဘာကြောင့် မြို့တော်ကို သွားရမည်နည်း။

ကျိုးချင်းပိုင် နှုတ်ဟလိုက်သည်နှင့် ပထမအစ်မက ငြင်းဆန်ခဲ့သည်။ ထို့အပြင် သူ့စတုတ္ထမောင်လေးကို အပြစ်တင်ဟန်ဖြင့် ပြောခဲ့သေးသည်။ "ငါဒီအသက်ဒီအရွယ်တောင် ရောက်နေပြီလေ။ ငါ့ကလေးတွေ အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်မိတယ်။ ရှန့်ချမ်းကတော့ မြို့တော်ကို သွားလို့ရပါတယ်။"

ကျိုးချင်းပိုင်ကလည်း သူ့အကြီးဆုံးအစ်မကြီးလို တဲ့တိုးသမားဖြစ်သည်။ သူပြန်ပြောလိုက်၏။ "ရှန့်ချမ်းက လုပ်ငန်းအတွက် မသင့်လျော်ဘူး။"

သူ့တူက အိမ်တွင် အလုပ်ကို အေးအေးချမ်းချမ်း လုပ်ကိုင်လျှင် အကြောင်းမဟုတ်ပေ။ သို့သော်လည်း အပြင်ထွက်လိုက်သည်နှင့် အလွယ်တကူ ပြောင်းလဲသွားနိုင်သည်။

ထိုစကားလုံးများက ပထမအစ်မ၏ ရင်ထဲကို ထိုးဖောက်သွားသည်မှာ သိသာသည်။ သူတို့အားလုံးက သူမသားကို အထင်သေးနေကြသည်။ သူမရဲ့ အကြီးဆုံးသားက ဘာဖြစ်လို့ စီးပွားရေးလုပ်ဖို့ မသင့်လျော်ရတာလဲ။

ပြီးတော့ မသင့်လျော်ဘူး ဆိုရင်တောင် နင့်မိန်းမက ပေကျင်းတက္ကသိုလ် ဆရာမ မဟုတ်ဘူးလား။ ကောလိပ်ကျောင်းသားတွေကို သင်ပြပေးတဲ့ ဆရာမမျိုးလေ။

သူက ကောလိပ်ကျောင်းသားတွေကိုတောင် သင်ပြပေးနိုင်တယ်ဆိုတော့ ရှန့်ချမ်းကို နည်းနည်းလေး နားမလည်တာရှိရင်တောင် သင်ပြပေးဖို့က ပြဿနာ မဟုတ်ဘူးမလား။

ကျိုးချင်းပိုင်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူ့တူ ရှုရှန့်ချမ်းကို ထပ်မံလေ့လာကြည့်လိုက်သည်။ သူ သေချာပင် ထိုင်ထိုင် ထထ မလုပ်နိုင်တော့သဖြင့် သူ့အကြီးဆုံးအစ်မကြီး၏ အိမ်တွင် မနေချင်တော့ပါ။

ထို့အစား သူ့ဒုတိယအစ်မအိမ်သို့သွားကာ ထိုနေရာတွင် ခေတ္တနေခဲ့သည်။ သူပြန်ရောက်လာသောအခါ နှမ်းစေ့တစ်အိတ် ပြန်ယူလာခဲ့၏။

သူ့ဒုတိယအစ်မက ပေးလိုက်ခြင်းဖြစ်သည်။ သူ့မိန်းမက ကြိုက်တတ်သဖြင့် ယူလာခဲ့၏။

"ရှေ့လျှောက် ဒီလိုတွေ အများကြီး ဖြစ်လာလိမ့်မယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

လက်ရှိတွင် သူတို့ဘာမှလုပ်စရာမရှိလို့ ဒုက္ခရှာနေတယ်လို့ မခံစားရတော့ဘဲ လူတွေက ဒီလိုပဲ ပြောနိုင်သဖို လူတွေရဲ့ နှလုံးသားကလည်း ဒီလိုပါပဲဟုသာ ပြောနိုင်သည်။

လူတစ်ယောက် ဆင်းရဲနေစဥ် ဆက်ဆံရေးက ခိုင်မာသော်လည်း လူတစ်ယောက် ချမ်းသာလာပါက ဆက်ဆံရေး ယိမ်းယိုင်လာနိုင်သည်။

မရှိစဥ်ကာလက ထိခိုက်မှုမရှိပါ။ ကွာခြားမှု ရှိလာမှသာ ထိုသို့ဖြစ်လာခြင်းဖြစ်သည်။ သူတို့ အားနည်းသော နေရာတစ်ခုတွင် ရှိနေစဥ်က စိတ်ဓာတ်ကို မွေးဖွားဖို့ လွယ်ကူသဖြင့် သူတို့မှန်ကန်ပါသည်။ သူတို့ကိုပါ အတူတူ တွဲခေါ်ရပြီး သူတို့၏ အတွေးများကိုလည်း လျစ်လျူရှုလို့မရပါ။

"ထားလိုက်ပါ" ကျိုးချင်းပိုင်က ဂရုမစိုက်ဘူး။

သူ့အမြင်တွင်တော့ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ သူ့အကြီးဆုံးအစ်မက မကျေနပ်လည်း ဘာဖြစ်သလဲ။ သူတို့ အတူတူ နေထိုင်ခြင်း မဟုတ်သဖြင့် အရေးမကြီးပါ။

ဘာပဲဖြစ်ဖြစ် အရာရာကို လူတိုင်း စိတ်ကျေနပ်အောင် မလုပ်နိုင်ပါ။ သူတို့ နားလည်နိုင်လျှင် တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်လိမ့်မည်။ နားမလည်နိုင်လျှင်တော့ မတတ်နိုင်ပါ။

သို့သော်လည်း လင်မယားနှစ်ယောက်သား မြို့တော်သို့ ပြန်ရောက်လာသောအခါ ရှုရှန့်မိန်တစ်ယောက် ကိုယ်ဝန်ရှိနေသည် ဟူသော သတင်းက သူတို့ကို အံ့အားသင့် ထိတ်လန့်ဖွယ်ရာ စောင့်ကြိုနေခဲ့သည်။

All Chapters