← Chapters

ကျောက်ကျွင့်

Vol. 28 Ch. 390

ကျောက်ကျွင့်

Vol. 28 Ch. 390

အခန်း(၃၉၀) - ကျောက်ကျွင့်

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ ပြန်ရောက်ရောက်ချင်း ဆိုင်သို့ ပထမဆုံး လာခဲ့ကြသည်။

ဆိုင်တွင် အဘိုးဝမ်၊ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့ ရှိနေကြသည်။ ဒေါ်လေးမာလည်း ရှိနေသည်။ အပြင်ပိုင်းတွင်တော့ အားလုံး သာမန်ပဲဖြစ်ပါသည်။

သို့သော် လင်မယားနှစ်ယောက်သား ပြန်ရောက်လာသည်ကို မြင်သောအခါ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့က စိတ်လှုပ်ရှားစွာ မျက်နှာနီရဲလာကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် ဒီကောင်လေးနှစ်ယောက် ဘာလုပ်ရမှန်းမသိခဲ့ပါ။

သူတို့ ဘယ်လောက်ပဲ တော်သည်၊ ထက်မြက်သည် ဆိုပါစေ အကြီးဖြစ်သော ကျိုးရွှမ်းကပင် အသက် ၁၆ နှစ်သာ ရှိသေးသည်။

"ဒီကင်မရာက ဂျာမနီက တင်သွင်းထားတဲ့ ပစ္စည်းလေ။ နင့်မျက်နှာကို မြင်ယောင်ပြီး ငါ အံကြိတ် ဝယ်လာခဲ့ရတာ။" လင်းချင်းဟယ် ပြန်လာပြီးနောက် သူမ ဘာမှ သတိမထားမိသေးပါ။ သားနှစ်ယောက်ကို မြင်တာနဲ့ သူမက ပြုံးလိုက်ပြီး အိတ်ထဲမှ ကင်မရာကို ထုတ်ပေးလိုက်သည်။

သို့သော် ထိုကင်မရာကပင် ကျိုးကွေ့လိုင်၏ စိတ်အခြေအနေကို မပြောင်းလဲပေးနိုင်ပါ။

ထိုပစ္စည်းက သူ စိတ်ကူးယဥ်ခဲ့ရသော ပစ္စည်း ဖြစ်နေတာတောင် သူ့စိတ်အခြေအနေက မပြောင်းလဲသွားပါ။

"အဖေနဲ့ အမေ ဗိုက်ဆာနေမှာပေါ့။ အရင်ဆုံး ဗိုက်ပြည့်အောင် စားလိုက်ပါဦး။" ကျိုးရွှမ်းက စိတ်အခြေအနေ မကောင်းပေမယ့် သူ့အဖေတို့အတွက် ဖက်ထုပ်နှစ်ပန်းကန် ချက်ထားပြီးဖြစ်သည်။

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့သည် စားသောက်ရန် ရောက်လာကြသည်။

သူတို့ ကလေးတွေ၊ အဘိုးဝမ်နှင့် ဒေါ်လေးမာတို့ တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိသွားကြသည်။ ဆိုင်ကတော့ ပုံမှန်အတိုင်း ဖွင့်ထားသည် ဖြစ်သဖြင့် ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်လောက်ပါ။

လင်းချင်းဟယ်က စားသောက်နေရင်း မေးလိုက်သည်။ "ဘာဖြစ်နေကြတာလဲ။"

"အဖေနဲ့ အမေ အရင်စားပါဦး။ ပြီးရင် ရေချိုးအိမ်မှာ ရေသွားချိုးပါ။ ပြန်လာတဲ့အခါမှ ပြောပြမယ်။" ဟု ကျိုးကွေ့လိုင်က သူ့အမေ၏ အမေးကို ပြန်ဖြေချင်သော်လည်း ကျိုးရွှမ်းက အရင်ဝင်ပြောလိုက်သည်။

သူ့မိဘများ ခရီးပန်းလာကြသည်ကို သူသိသည်။ ထို့အပြင် ဖြစ်ပြီးသားကိစ္စလည်း ဖြစ်နေသဖြင့် အလျင်လိုစရာမလိုပါ။

"ပြောစမ်းပါကွာ။" ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်သည်။

"အဖေနဲ့ အမေ၊ အစ်မရှန့်မိန်မှာ ကိုယ်ဝန်ရှိနေပြီ။" ကျိုးကွေ့လိုင်က ထိန်းမထားနိုင်တော့ဘဲ ထိုအံ့အားသင့်စရာသတင်းကို ပြောပြလိုက်တော့သည်။

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ နှစ်ယောက်စလုံး ချက်ချင်း ကြက်သေသေသွားကြတော့သည်။

အဘိုးဝမ်က သက်ပြင်းချကာ ပန်းကန်ဆေးနေသော ဒေါ်လေးမာကတော့ မျက်နှာတည်နေပါသည်။

"ဘာကို ဆိုလိုတာလဲ။ နင်ပြောလိုက်တာ ဟုတ်ရော ဟုတ်ရဲ့လား။" လင်းချင်းဟယ်က ဇွန်းကိုချပြီး သူ့သားငယ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

"မမှားနိုင်ပါဘူး၊ အစ်မရှန့်မိန်က ကိုယ်ဝန်ရှိနေပြီ၊ ကိုယ်ဝန်က တစ်လတောင် ရှိနေပြီတဲ့။ ဆရာဝန်ဆီက ဆေးစစ်ချက်တောင် ရထားပြီးပြီ။" ဟု ကျိုးကွေ့လိုင်က ဖြေလိုက်သည်။

ကျိုးချင်းပိုင်က သူ့သားလတ်ကို စိုက်ကြည့်လိုက်သည်။

"အဖေနဲ့အမေ အရင်စားကြပါဦး။ ပြီးမှ အဘိုးတို့ဘက်ကို သွားကြပေါ့။" ဟု ကျိုးရွှမ်းက ပြောလိုက်၏။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် အလျင်အမြန် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသွားကြသောအခါ စက်ဘီးစီးကာ အမေကျိုးတို့အိမ်ဘက်သို့ တန်းသွားခဲ့ကြသည်။ သို့သော် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို စုတာ့လင်း၏ ဘန်းမုန့်ဆိုင်သို့ အရင်သွားခိုင်းလိုက်သည်။

စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ နှစ်ယောက်စလုံး ဘန်းမုန့်ဆိုင်တွင် အလုပ်များနေကြပါသည်။

သူတို့နှစ်ယောက် ပြန်ရောက်လာပြီကို မြင်သောအခါ စုတာ့လင်းတို့က ပျော်ရွှင်စွာ လှမ်းခေါ်နှုတ်ဆက်လိုက်သည်။ "စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောက်မတို့ ပြန်လာကြပြီလား။ အခုမှ ရောက်တာလား၊ စားပြီးကြပြီလား။"

"စားပြီးပြီ။ အခုပဲ ဖက်ထုပ်ဆိုင်က ပြန်လာခဲ့တာ။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။

"စတုတ္ထအစ်ကို စတုတ္ထယောက်မ သိပြီးကြပြီလား။" ကျိုးရှောင်မိန်က သူတို့ ဖက်ထုပ်ဆိုင်မှ ပြန်လာသည်ဟု ကြားသောအခါ မေးလိုက်သည်။

"ဘာတွေဖြစ်နေကြတာလဲ။" လင်းချင်းဟယ်က ထိုင်လိုက်ပြီးနောက် လိုရင်းကို တန်းမေးလိုက်သည်။

စုတာ့လင်းကတော့ အလုပ်ဆက်လုပ်နေပြီး ကျိုးရှောင်မိန်က အခြေအနေကို ပြောပြလိုက်သည်။

ဒီပြဿနာက အမေကျိုး၏ အိမ်နီးချင်းကောင်းကြီး အဘွားဟူ၏ လက်ချက် ဖြစ်သည်။

အဘွားဟူတွင် သူမ၏ မိခင်မိသားစုဘက်မှ တူမြေးတစ်ယောက် ရှိ၏။ သူမ၏ မိသားစုရင်းဖြစ်သည့် ‌ကျောက်မိသားစုက တကယ်ပဲ ချမ်းသာသော မိသားစု ဖြစ်ပါသည်။ မြို့တော်ထဲတွင် သူဌေးလူတန်းစားဟု သတ်မှတ်နိုင်သည်။

ဒီခေတ်တွင် သူဌေးလူတန်းစားထဲ ပါဝင်လျှင် အလွန်ကောင်းမွန်လှသည်။

ရှုရှန့်မိန်ကို ဗိုက်ကြီးအောင် လုပ်ခဲ့သည့် တရားခံကတော့ ‌ကျောက်ကျွင့်ဟုခေါ်သည်။

လောလောဆယ် ကျောက်ကျွင့်မှာ ဆေးရုံတက်နေရသည်။

ကျိုးရွှမ်းက ဟူကျစ်နှင့် ကန်းကျစ်တို့ကိုခေါ်ကာ သုံးယောက်သား ကျောက်ကျွင့်ကို ဖမ်းပြီး ဆေးရုံတက်ရသည်အထိ ထိုးနှက်ခဲ့ကြသည်။

ယခုအထိတောင် ကျောက်မိသားစုထဲက ဘယ်သူမှ ပြဿနာလာမရှာရဲကြသေးပေ။

အဘယ့်ကြောင့်ဆိုသော် ဆေးရုံရောက်နေသည်မှာ ကျောက်ကျွင့်တစ်ယောက်တည်း မဟုတ်သောကြောင့်ဖြစ်သည်။ သတင်းကြားသောအခါ အမေကျိုးလည်း စိတ်မထိန်းနိုင်ဘဲ သတိလစ်သွားခဲ့၏။

သူမကိုလည်း ဆေးရုံသို့ အလျင်အမြန် ပို့လိုက်ရသည်။

ထိုအချက်ကြောင့် အဘွားဟူနှင့် ကျောက်မိသားစု ကြောက်လန့်သွားကြခြင်းဖြစ်သည်။ အမေကျိုး၏ အသက်အရွယ်က ကြီးရင့်နေပြီဖြစ်ပြီး တစ်ခုခု ဖြစ်သွားပါက ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းလို့ရမည်မဟုတ်ပါ။

ပြည်ပအိမ်ထောင်စုစာရင်းနှင့် ဆွေမျိုးများလည်း သိပ်မရှိသောကြောင့် ကျိုးမိသားစုကို အထင်သေးလို့မဖြစ်ပါ။ ယခုဆို သူတို့လုပ်ငန်း အများအပြား ပိုင်ဆိုင်နေပြီဖြစ်သည်။

ထို့အပြင် ဒီကိစ္စတွင် ဘယ်သူမှားလဲဆိုတာ အသိသာကြီးဖြစ်သည်။

ထို့ကြောင့် ကောင်လေးများဖြစ်သည့် ကျိုးရွှမ်း၊ ဟူကျစ်နှင့် ကန်းကျစ်တို့က ကျောက်ကျွင့်ကို ဆေးရုံတက်ရသည်အထိ ထိုးကြိတ်ခဲ့ကြသောအခါ သူတို့ကောင်လေးများကို ပြဿနာမရှာရဲခဲ့ပါ။

သူတို့ အမေကျိုးထံသို့ လူနာသတင်းပင် လာမေးပြီး တောင်းပန်ခဲ့သည်။

"အမေက အိမ်ပြန်ရောက်နေပြီ။ အဆင်ပြေနေပါပြီ။ ရှန့်မိန်ရဲ့ ပြဿနာကသာ ရှင်းဖို့မလွယ်တာပါ။" ဟု ပြောကာ ကျိုးရှောင်မိန်က သက်ပြင်းချလိုက်သည်။

"ဘာတွေ အရမ်းခက်နေတာလဲ။" လင်းချင်းဟယ်က အရွဲ့တိုက်လိုက်သည်။ "သူမမှာ လက်မထပ်ခင်တောင် ဗိုက်ကြီးအောင် နေနိုင်တဲ့ အစွမ်းအစ ရှိနေတာပဲလေ။ ယောက်ျားတစ်ယောက်ကို ဆွဲထားဖို့ သူ့ခန္ဓာကိုယ်ကို အသုံးချခဲ့တာ မဟုတ်လား။ ဒါဆိုရင်လည်း ဖြစ်လာမယ့် အကျိုးဆက်တွေကို သူသိသင့်တယ်။ သူက အခု ၁၈ နှစ်ရှိနေပြီ။ မငယ်တော့ဘူး။"

လောလောဆယ် ကျောက်ကျွင့်အကြောင်းကို မဆိုဦးနှင့်။ ရှုရှန့်မိန်၏ လုပ်ရပ်ကပင် မဟုတ်ပေ။ ထို့ကြောင့် အခြားသူများထံမှ အကူအညီတောင်းရအောင် ဘာများ အရည်အချင်း ရှိနေသလဲ။

သို့သော်လည်း ကျိုးစန်းနီ၏ ခင်ပွန်းလောင်းနှင့်ယှဥ်လျှင် ဒီကျောက်ကျွင့်ဟူသည့်ကောင်မှာ မကောင်းလောက်ပါ။

လက်မထပ်ရသေးခင်မှာပင် ကိုယ်ဝန်ရအောင်လုပ်ခဲ့သည်။ နောက်ပိုင်း မျိုးဆက်များတွင်တော့ ဒါက ပြဿနာ မဟုတ်ပေ။ နောက်ပိုင်းမျိုးဆက်များတွင် ဘယ်လောက် ပွင့်လင်းမှန်း သူမ သိပါသည်။ မိန်းကလေး အတော်များများက ရည်းစားတစ်ယောက်ပြီး တစ်ယောက်ပြောင်းလေ့ရှိကြသည်။ ဒါကလည်း သူတို့၏ လွတ်လပ်ခွင့်ဖြစ်သဖြင့် အပြစ်တင်ခွင့်မရှိပါ။

သို့သော် အခုက နောက်ပိုင်းမျိုးဆက်လို ဟုတ်ရဲ့လား။

ဒီခေတ်ကာလက ပြောင်းလဲလာပြီး ၁၉၈၂ ခုနှစ်သို့ပင် ရောက်နေပြီဖြစ်သော်လည်း ယေဘုယျအားဖြင့် လူမှုပတ်ဝန်းကျင်နှင့် ယဥ်ကျေးမှုများက အလွန်ရှေးရိုးဆန်နေပါသေးသည်။

ဘာပဲဖြစ်ဖြစ် ကျောက်ကျွင့်နှင့် ရှုရှန့်မိန်တို့က ဒီလိုလုပ်ရပ်မျိုးကို လုပ်ရဲကြသေးသည်။

သူမ၏ တူမသာ မဟုတ်လျှင် ဒီအကြောင်းကို ကြားကြားချင်း လင်းချင်းဟယ်က ချက်ချင်း မေ့ပြစ်လိုက်မည်ဖြစ်သည်။ သို့သော်လည်း သူမ ဒီမြို့တော်သို့ ခေါ်ခဲ့သည့် တူမဖြစ်နေသည်။

လင်းချင်းဟယ်တစ်ယောက် အတော်လေး မျက်နှာပျက်နေပြီ ဖြစ်သည်။

"စတုတ္ထယောင်းမ၊ စိတ်မတိုပါနဲ့။ ဒီကိစ္စအတွက် နင့်ကိုကော ငါတို့အားလုံးကိုကော အပြစ်တင်လို့မှမရတာ။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။ သူမ ဒီတူမကို နောက်ထပ် မျက်နှာသာပေးတော့မည်မဟုတ်ပါ။ လူတွေကို စိတ်ပျက်အောင်လုပ်ခဲ့သည့် တူမ။

"ကျောက်မိသားစုက ဘာပြောလဲ။" ဟု လင်းချင်းဟယ် အသက်ဝဝရှူရင်း မေးလိုက်သည်။

အခုထိတော့ နှစ်သိမ့်နေသည်ဟု သတ်မှတ်နိုင်သော်လည်း ကျိုးရှောင်မိန်က အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ "ကျောက်ကျွင့်က လူကောင်းလို့မထင်ဘူး။"

လင်းချင်းဟယ်က အရွဲ့တိုက်သည်။ "ရှုရှန့်မိန်ကိုယ်တိုင် ရွေးထားတာပဲ။ သူက ကောင်းကောင်း မကောင်းကောင်း လက်ခံရမှာပဲလေ။"

သူသာ ရှုရှန့်မိန်ကို တကယ် တန်ဖိုးထားလျှင် သူ့အတွေးများကြောင့် ရှုရှန့်မိန်၏ သိက္ခာကို ထိခိုက်အောင် လုပ်ပါ့မည်လား။ သေချာပေါက် ရှုရှန့်မိန်၏ ခန္ဓာကိုယ်ကိုသာ လိုချင်ခြင်း ဖြစ်သည်။

ရှုရှန့်မိန်က အသက် ၁၈ နှစ်အရွယ်ဖြစ်ပြီး ချောချောလှလှလေး ဖြစ်သည်။ ထို့ကြောင့် သူလှုပ်ရှားခဲ့သည် မဟုတ်ပါလား။

သူ့မှာ အချစ်ခံစားချက် တစ်ပိုင်းတစ်စလောက် ရှိလျှင်တောင် သူ ဒီလိုလုပ်ဖို့ တွေးခဲ့မည် မဟုတ်ပါ။ သူသာ တကယ်ပဲ သူမကို လက်ထပ်ချင်ပါက သေသေချာချာ လာရောက်တောင်းယူမည်ဖြစ်သည်။ ကျိုးမိသားစုဟောင်းကလည်း ငြင်းဆန်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ရှုရှန့်မိန်က မြို့တော်ကလူနှင့် လက်ထပ်ရမည် မဟုတ်ပါလား။ အမှန်တကယ်ပဲ ဂုဏ်အဆင့်မြင့်မြင့် လက်ထပ်ရခြင်း ဖြစ်သွားနိုင်သည်။ သူမတွင် အဲ့လောက် ကံကြမ္မာကောာင်းကောင်း ရှိနေပါက ဘယ်သူက ဆန့်ကျင်မည်လဲ။

သို့သော် ဒီလိုနည်းလမ်းကို သုံးခဲ့ကြသောကြောင့် နှစ်ဘက်ဆွေမျိုးတွေကို မျက်နှာပျက်သွားစေသည်။ ဒါက အချစ်စစ်တဲ့လား။ သေချာပေါက် ၁၀ ပုံတွင် ၉ ပုံ ရှုရှန့်မိန်၏ ခန္ဓာကိုယ်ကို ကစားချင်သောကြောင့်သာ ဖြစ်သည်။

ထင်မထားဘဲ ရှုရှန့်မိန်၏ ဗိုက်က စွမ်းဆောင်နိုင်စွမ်းရှိနေပြီး ကိုယ်ဝန်ရသွားခြင်းဖြစ်သည်။

All Chapters