← Chapters

ပညာတတ်မိသားစု

Vol. 28 Ch. 393

ပညာတတ်မိသားစု

Vol. 28 Ch. 393

အခန်း(၃၉၃) - ပညာတတ်မိသားစု

အမေကျိုးက ဒီဘဝတွင် သူမ ဖြောင့်မတ်စွာ နေထိုင်ခဲ့ပြီး ရှက်စရာ ဘာမှမရှိဟု ခံစားခဲ့ရသည်။

သို့သော် ဒီတစ်ခါတော့ သူမကို စိတ်ဖိစီးစေခဲ့သည်။

"အရင်တုန်းကဆို နင့်အတင်း ငါ့ရှေ့မှာ ခဏခဏ ပြောတယ်၊ နင်က သူ့ကို မျက်နှာသာ မပေးဘူး၊ တန်ဖိုးမထားဘူးတဲ့၊ အာ့နီနဲ့ ဟူကျစ်တို့ကိုပဲ တန်ဖိုးထားတာတဲ့၊ ငါကတော့ သူပြောတာ နားမထောင်ပါဘူး၊ အခုတော့ သူမက ဒီလိုလုပ်ရပ်မျိုးကိုပါ လုပ်ရဲတယ်။" ဟု အမေကျိုးက ဒေါသဖြစ်စွာ ပြောလိုက်သည်။

ထိုစကားကို လင်းချင်းဟယ်က ရယ်မောလိုက်၏။

အမေကျိုးက ထိုစကားကို ပြောပြီးသွားသောအခါ အမေကျိုးက ဉာဏ်ရှိစွာဖြင့် အလျင်အမြန် ထပ်ပြောလိုက်သည်။ "သူက ဒီလို အတင်းတွေ ပြောပေမယ့် အမေကတော့ ဘယ်တော့မှ အတည်မယူပါဘူး။ နင် ဘယ်လိုလူမျိုးလဲ ဆိုတာ အမေ သိပြီးသားပါ။ ဒါတွေကို ငါ နင့်ကို မပြောခဲ့ရတာကလည်း နင့်ကို ဝန်ထပ်မပိစေဖို့ပဲ။"

"သူ့မှာလည်း သူ့အစီအစဥ်နဲ့သူ ရှိလို့နေမှာပေါ့။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

အမေကျိုးက ဒီမြေးမအကြောင်း ကြားနေရသည်ကို သည်းမခံနိုင်တော့ဘဲ အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။ "သူ့မှာ ဘာအစီအစဥ်ရှိလို့လဲ အဲ့ဒီကျောက်မိသားစု အကြောင်း ငါကြားဖူးတယ် အဲ့ဒီကျောက်မိသားစုက ကောင်က အသက် ၂၅နှစ်ရှိပြီဆိုပေမယ့် အခုထိ အလုပ်အကိုင် အခြေတကျ မဖြစ်သေးဘူး။ ရှေ့လျှောက် သူတို့အိမ်ထောင်ရေးကလည်း အဆင်ပြေနိုင်မယ် မထင်ပါဘူးအေ။ ဒါပေမယ့်လည်း သူ့ကို ဒီတိုင်းသာ ထားလိုက်စမ်းပါ၊ ဒါ သူ့ထိုက်နဲ့ သူ့ကံပဲ။"

နူးနူးညံ့ညံ့စရိုက်နှင့် အမေကျိုးကိုတောင် ဒီလိုစကားများ ပြောထွက်စေခဲ့သည်ဆိုတော့ ရှုရှန့်မိန်အား သူမ ဘယ်လောက်တောင် ဒေါသဖြစ်နေမှန်း သိသာပါသည်။

လင်းချင်းဟယ်က ပြောလိုက်သည်။ သူမ နားလည်ပါ၏။ သူမ တစ်ဘဝလုံး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခဲ့သည်။ အခုတော့ လူတွေ ထိုအကြောင်း ပြောနေသ၍ သူတို့ ဘာမှ ရှက်စရာမလိုဟု မပြောရဲပါ။

လူတွေကို တွေ့ဖို့တောင် ရှက်ရွံ့နေမိသည်။

"အခု ဒီလိုတွေဖြစ်လာတော့ ပထမအစ်မနဲ့ ပထမခဲအိုတို့ လာမယ့်အချိန်ကိုသာ စောင့်လိုက်ပါအမေ။ ကိစ္စတွေကို အကောင်းဘက်ကနေသာ မြင်လိုက်ပါ။ ကိုယ့်ကိုယ်ကို ဒီလို စိတ်ဒုက္ခမပေးပါနဲ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။ "အဝတ်လျှော်စက်က ပစ္စည်းကောင်းပဲ၊ သိလား အမေ။ အမေ အဲ့တာကို သုံးတတ်အောင် သမီး သင်ပေးရဦးမယ်။"

"အဝတ်လျှော်စက် ဝယ်စရာမလိုပါဘူးအေ။ ရှောင်မိန်ကို လက်နဲ့လျှော်ခိုင်းလိုက်ပါ။" ဟု အမေကျိုးက ပြန်ဖြေလိုက်သည်။

ကျိုးရှောင်မိန်က သူမ၏ အမေရင်း၊ အဖေရင်းများဖြင့် နေထိုင်ရသောကြောင့် အဝတ်အစားများကိုတော့ သူမ လျှော်ပေးရသည်။ သူမအမေကို ကလေးတွေကိုလည်း ကြည့်ခိုင်း အိမ်မှုကိစ္စများလည်း လုပ်ခိုင်းတာတော့ မဖြစ်သင့်ဘူး မဟုတ်လား။

ကံကောင်းစွာဖြင့် သူမ ဒီလို မလုပ်ခဲ့ပါ။ မဟုတ်လျှင် လင်းချင်းဟယ်က သူမကို ဆုံးမရဦးမည်။

"ဒီအဝတ်လျှော်စက်က နှစ်ယောက်စလုံးအတွက် ဝယ်ပေးတာပါ။ ရှောင်မိန်ကတော့ အဆစ်ပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"ငါနဲ့ နင့်အဖေကို မိသားစုလိုသာ သဘောထားစမ်းပါ။" အမေကျိုးက အပြစ်တင်၏။

လင်းချင်းဟယ်က သူမယောက္ခမ ကလေးတစ်ယောက်လို ပြုမူနေသည်ကို သည်းမခံနိုင်တော့သဖြင့် အမြန်ဆုံး စကားလမ်းကြောင်း ပြောင်းလဲလိုက်ပြီး စန်းနီ၏ မင်္ဂလာကိစ္စအကြောင်း ပြောလိုက်သည်။

"စန်းနီက လက်ထပ်တော့မှာလား။ ဘယ်မိသားစုနဲ့လဲ။ ယောက်ျားလေးဘက်က အခြေအနေကကော ဘယ်လိုရှိလဲ။ အဲ့ကောင်မလေးက လူကြောက်တတ်တယ်နော်။ သူ အနိုင်ကျင့်ခံရမလားမသိဘူး။" ဟု အမေကျိုးက ထိုအကြောင်းကို ကြားသောအခါ မေးခွန်းများကို မရပ်မနား ဆက်တိုက် မေးမြန်းလေသည်။

"မိသားစု မျိုးရိုးနာမည်က လီတဲ့။ သမီးတို့ရွာက မဟုတ်ဘူး။ အနီးအနား ရွာတစ်ရွာကပါ။ သမီးတို့ရွာနဲ့ နည်းနည်းတော့ ဝေးတယ်။ ချင်းပိုင်နဲ့ သမီးတို့ သွားကြည့်ပါသေးတယ်။ တောင်ရွာဆိုတော့ နည်းနည်းတော့ ဆင်းရဲတယ်။" ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

"ဆင်းရဲတာ ပြဿနာမရှိပါဘူး။ ငါ နင့်အဖေနဲ့ ယူတုန်းက နင့်အဖေမှာ ဘာမှမရှိဘူး။ သူက ဇွဲရှိရှိ အလုပ်ကြိုးစားမယ်ဆိုရင် အရာအားလုံး ရှိလာလိမ့်မယ်။" ဟု အမေကျိုးက မှတ်ချက်ပေးသည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ "သူ့ကို လူချင်းတော့ မတွေ့ဖူးသေးဘူး ဒါပေမယ့် အကြီးဆုံးမရီး ပြောပုံအရတော့ သူက တော်တော်လေး ကောင်းတယ်လို့ ခံစားရတယ်။ သူက စန်းနီထက် အသက် ၁၀ နှစ်ကြီးပြီး ခြေထောက်မသန်တာလေး တစ်ခုပဲ ပြောစရာရှိတယ်။"

"အသက် ၁၀ နှစ်ကြီးပြီး ခြေထောက်မသန်ဘူး ဟုတ်လား။" အမေကျိုးက ထိန်းမထားနိုင်တော့ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "ဒါ... ဘယ်လိုလုပ်ဖြစ်မှာလဲ။"

"သမီးလည်း ပထမဆုံးကြားတုန်းက မသင့်လျော်ဘူးလို့ ခံစားမိတယ်၊ ဒါပေမယ့်လည်း ဆက်နားထောင်ကြည့်တော့ သူက တော်တော်လေး အဆင်ပြေတယ်လို့ သိလိုက်ရတယ်။ သူက စန်းနီကို တင်တောင်းငွေ ယွမ် ၄၀၀ နဲ့ တင်တောင်းတယ်။ ရိုးသားမှန်ကန်မှု ပြသတာလည်း လုံလောက်တယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

လီအိုက်ကော်က အိမ်မှ ခွဲထွက်လာခဲ့သည်။ ယောက်ျားတစ်ယောက်တည်းအနေနှင့် ယွမ် ၄၀၀ ပေးအပ်နိုင်ခြင်းက သူက လူဖျင်းလူညံ့ မဟုတ်ဘူး ဆိုတာကို ပြသနေပါသည်။

တစ်စုံတစ်ယောက်ထံမှ ချေးငှားလားခြင်း ဖြစ်နိုင်သည်ကိုလည်း ငြင်း၍မရပါ။ သို့သော် ဒီအသက်အရွယ်ဖြင့် ဒီလောက် အများကြီး ချေးငှားနိုင်ခြင်းကပင် သူ့တွင် အစွမ်းအစ ဘယ်လောက် ရှိမှန်း ပြသနေပါသည်။

လင်းချင်းဟယ်က ချေးငှားလာသည်ဟု မထင်ပါ။ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ စတွေ့စဥ်က လီအိုက်ကော်မှာ ပစ္စည်းများ ရောင်းကုန်သွားသဖြင့် မြို့ထဲသို့ လာခဲ့ခြင်းဖြစ်သည်။ ထိုအခါမှ မျှော်လင့်မထားသည့် မင်္ဂလာကိစ္စနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ကျိုးစန်းနီအတွက် ဘယ်လောက် စဥ်းစားပေးထားသလဲဆိုတာကို ကြည့်ခြင်းအားဖြင့် ရှေ့ရေးကို တွေးကြည့်လျှင် အများကြီး မဆိုးရွားလောက်ပါ။

လင်းချင်းဟယ်၏ စိတ်ထဲတွင် စန်းနီ၏ လူက အနည်းဆုံး ရှုရှန့်မိန်၏ လူထက်တော့ သာသည်။ အများကြီး သာပါသည်။

လင်းချင်းဟယ်အတွက် တစ်ခုတည်းသော ပြစ်ချက်က ထိုရွာသို့သွားသည့် လမ်းပမ်းခရီးမှာ ပြဿနာ အနည်းငယ်ရှိခြင်းပင်။

"တင်တောင်းငွေက ယွမ် ၄၀၀ ဟုတ်လား။" အမေကျိုးက ဒါကို ကြားသောအခါ အံ့သြသွားသည်။

ဒီလောက်များလိမ့်မည်ဟု ထင်မထားပါ။

သူမမျက်နှာမှာ စိတ်သက်သာရာရသွားဟန်ပေါ်ပြီး ပြောလိုက်သည်။ "ကြည့်ရတာ စန်းနီကို တကယ် တန်ဖိုးထားတယ် ထင်ပါတယ်။ စန်းနီ အရွယ်ရောက်လာတာကို ငါစောင့်ကြည့်နေခဲ့ရတာ။ သူက စကားသိပ်မပြောဘူး။ သူ့ကို ရိုးသားတဲ့လူ တစ်ယောက်နဲ့ လက်ထပ်နိုင်ပါစေလို့ ငါ တကယ် မျှော်လင့်မိတယ်။"

ထိုစကားပြောရင်း ကျောက်ကျွင့်က သူ့စိတ်ထဲ ထပ်ပေါ်လာတော့ သူမ မျက်နှာပျက်သွားပြန်သည်။ သူကတော့ ပန်းသီးပုပ်တစ်လုံး ဖြစ်သည်မှာ သိသာလှပါသည်။ လူယုတ်မာတစ်ယောက်နှင့် မကွာခြားပါ။ သူမ၏ မြေးမ ထိုလိုလူမျိုးနှင့် လက်ထပ်ပါက ရှေ့လျှောက် ဘဝကောင်းကောင်း ရနိုင်မရနိုင် ပြောဖို့ ခက်ခဲပါသည်။

"အကြီးဆုံးမရီးကတော့ အိမ်မှာ ဘဲမွေးထားတာ အခု ၂၅ ကောင်ကျော်နေပြီ။ ကြည့်ရတာ ဒီနှစ် ကောင်းကောင်း မွေးထားတဲ့ပုံပဲ။ နောက်နှစ်ကျရင် ထပ်တိုးမွေးလိမ့်မယ်။ အဲ့ချိန်ကစပြီး ဘဲဥနဲ့တင် ဝင်ငွေအများကြီး ရှာနိုင်ပြီ။" ဟု လင်းချင်းဟယ်က ပထမမိသားစု အကြောင်း ပြောလိုက်သည်။

"နင့်အကြီးဆုံးမရီးက သူ့မိသားစုကို သူ ဂရုစိုက်နိုင်ပါတယ်။" အမေကျိုးက အများကြီး စိတ်သက်သာရာရသွားသည်။

"တတိယမရီးတို့ဘက်ကလည်း အတူတူပဲ၊ ဝင်ငွေ အမြတ်များတယ်၊ ရှေ့လျှောက် မြို့မှာ အိမ်တစ်လုံးလောက် ဝယ်နိုင်လိမ့်မယ်ထင်တယ်။" ဟု လင်းချင်းဟယ်က ဆက်ပြော၏။

"မြို့မှာ အိမ်ဝယ်မယ်ပေါ့၊ ဒါလည်း ကောင်းတာပဲ။" ဟု အမေကျိုးက သဘောတူသည်။

ဘာပဲဖြစ်ဖြစ် သူတို့မြို့သို့ ပြောင်းရွှေ့လာခဲ့သဖြင့် ကိုယ်ပိုင်အိမ်တစ်လုံးတော့ ဝယ်ရပေမည်။ အမြဲတမ်းတော့ သူ့သားမက်၏ အိမ်တွင် နေလို့မရပေ။

လင်းချင်းဟယ်က ကောလိပ်ကျောင်းသား နှစ်ယောက်ဖြစ်သည့် ကျိုးယန်နှင့် ကျိုးဝူနီတို့အကြောင်းလည်း ပြောပြလိုက်သည်။

"အခုတော့ ရွာထဲက လူတွေ အားလုံး သမီးတို့ကို မနာလိုဖြစ်နေကြပြီ။ သမီးတို့မိသားစုက ဆက်တိုက်ကို ကောလိပ် ကျောင်းသားတွေ မွေးထုတ်ပေးနေတာကိုး။ နောက်ပိုင်းကျရင် ယန်ယန်နဲ့ ဝူနီတို့ ဘွဲ့ရပြီးရင် စာသင်ပေးကြလိမ့်မယ်။ အဲ့တာ တည်ငြိမ်တဲ့ အလုပ်တစ်ခုပဲ။ အဲ့တာကြောင့် စိတ်ပူစရာမလိုဘူး။ သမီးရဲ့ သားလတ်ကလည်း ကောလိပ်မှာပဲ စာသင်ချင်ပြီး သူကျောင်းပြီးတာနဲ့ သမီးရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်လာချင်တာတဲ့။ အဲ့တာနဲ့ဆိုရင် ကျွန်မတို့ ကျိုးမိသားစုဟောင်းမှာ ဆရာ၊ ဆရာမတွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

အမေကျိုး၏ စိတ်အခြေအနေ အများကြီး တိုးတက်သွားသည်။

"အရင်တုန်းက လူ့အဖွဲ့အစည်းဟောင်းရဲ့ ပညာတတ်မိသားစုဆိုတာ သမီးတို့ ကျိုးမိသားစုဟောင်းလိုပါပဲ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"ဟုတ်ပါ့" အမေကျိုးက မျက်နှာ တောက်ပသွားရသည်။

သူမ၏ ကျိုးမိသားစုဟောင်းသည် ပညာတတ်မိသားစု ဖြစ်လာခဲ့လေပြီ။ တကယ်ပဲ သူမ အပြင်ထွက်ရင် သူမမိသားစုထဲမှ ကောလိပ်ကျောင်းသား အရေအတွက်ကို ပြောပြလိုက်တာနဲ့ ချီးကျူးခံရမည် မဟုတ်ပါလား။

"နောက်ပိုင်းကျရင် သမီးတို့မိသားစုရဲ့ ဘော့စ်ကလည်း ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့ ညီမဖြစ်သူကို သွားတောင်းဖို့အတွက် အမေ့ကို လာရှာလိမ့်မယ်။ ဒီလိုနဲ့ သမီးတို့ကျိုးမိသားစုဟောင်းကို ဘယ်သူ အထင်သေးရဲဦးမှာလဲ။" ဟု လင်းချင်းဟယ်က နောက်ဆုံးစကားတစ်ခွန်း ပြောလိုက်သည်။

အမေကျိုးက ဝမ်းပန်းတသာ ရယ်မောကာ ပြောလိုက်သည်။ "အားလုံးတော်ကြတယ်။ တော်လိုက်ကြတာ။"

"အပြင်ထွက်ပြီး တီဗီသွားကြည့်ရအောင်။ ဒီလောက် ပူတဲ့နေ့မှာ အခန်းထဲ အောင်းနေလို့ မဖြစ်ဘူး။ ဒီအပူဒဏ်က လျှပ်စစ်ပန်ကာလောက်နဲ့ မလုံလောက်ဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

အမေကျိုးက သူမတို့ကျိုးမိသားစုဟောင်း၏ ကောင်းမွန်သောအနာဂတ်အကြောင်း တွေးလိုက်မိသည်။ မျိုးရိုးနာမည်မတူသည့် မြေးမတစ်ယောက်ကြောင့် အပျက်စီး မခံနိုင်ပါ။

ထိုအကြောင်း လူတွေကို အသိပေးခြင်းက ကိုယ့်ကိုယ်ကို စွန်းထင်းစေခြင်းသာဖြစ်လိမ့်မည်။

ထို့ကြောင့် အမေကျိုးက ပြောလိုက်သည်။ "သူက လက်ထပ်ချင်တယ်ဆိုလည်း လက်ထပ် ခိုင်းလိုက်ပေါ့။ ငါ အပြစ်မတင်ပါဘူး။ ငါတို့ သူ့ကို ဒီခေါ်လာတယ်၊ စားစရာ၊ အဝတ်အစားတွေ ကျွေးတယ်၊ ဆင်ယင်ပေးတယ်။ ဒါတောင် သူက ကောင်းကောင်း မနေချင်ဘူး။ သူလက်ထပ်ပြီးသွားတာနဲ့ ဘာမှ မမျှော်လင့်ဘူး။ ငါတို့နဲ့ အဆက်အဆံနည်းသွားဖို့ကိုပဲ မျှော်လင့်တယ်။"

သူမက ပြဿနာမရှိသော်လည်း သူမ မြေးများ၏ ဂုဏ်သိက္ခာကိုတော့ ထိခိုက်အောင် လုပ်ခွင့်ပေးမည်မဟုတ်ပါ။ အချိန်ကျလာလျှင် သူတို့အားလုံး ကောလိပ်ကျောင်းသူ မြေးချွေးမလေးများနှင့်သာ လက်ထပ်ကြရမည်ဖြစ်သည်။

All Chapters