← Chapters

အနက်ရောင်ကျောက်စိမ်းပြား

Vol. 6 Ch. 74

အနက်ရောင်ကျောက်စိမ်းပြား

Vol. 6 Ch. 74

ချီဟောင်ရဲ့ရုတ်တရက်ထွက်ပေါ်လာမှုက ပတ်ဝန်းကျင်ရှိလေထုကို အနည်းငယ်တင်းမာသွားစေခဲ့သည်။ ဇူယွမ်ရဲ့နောက်မှာရှိနေသည့် လုတိန်ရှန်းနဲ့ကျန်တဲ့လူအားလုံးရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ မူလချီတွေလှည့်ပတ်လာခဲ့ကြကာ သူတို့ရှေ့မှလူစုထံ သိမ်းငှက်တစ်ကောင်အလား စူးစိုက်ကြည့်လိုက်မိကြသည်။

ဝေကန်းလန်က ခပ်ဖွဖွသက်ပြင်းတစ်ချက်ချလိုက်ပြီး ချီဟောင်ကိုကြည့်ကာပြောလိုက်သည်... "ချီဟောင်... ချီအိမ်တော်က ဒီကိစ္စမှာကြားဝင်နှောင့်ယှက်ဖို့မလိုအပ်ဘူးလို့ ငါထင်တယ်... ဒါ့ကြောင့်မင်းအနေနဲ့ နောက်ပြန်လှည့်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်..."

"ဗိုလ်ချုပ်ကြီးဝေရဲ့စကားတစ်ခွန်းက ချီအိမ်တော်ကိုဟန့်တားနိုင်ဖို့ မလုံလောက်မှာကို ကျွန်တော်စိုးရိမ်မိတယ်..." ချီဟောင်က ရယ်မောကာပြောလိုက်သလို သူ့ရဲ့လေသံထဲမှာလည်း အထင်သေးလှောင်ပြောင်မှုတွေဖြင့် ပြည့်နှက်လို့နေပေသည်။

သူအနေ့ဖြင့် အရင်တုန်းက ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးကို ချီအိမ်တော်ဘက်ဆွဲခေါ်နိုင်ဖို့ရန်အတွက် ဝေကန်းလန်အပေါ်မှာ ယဉ်ကျေးစွာဆက်ဆံခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့အခုအချိန်မှာ ဝေကန်းလန်က ဇူယွမ့်ကိုကူညီဖို့ရန်ရွေးချယ်လိုက်ကတည်းက ချီဟောင်က ဝေကန်းလန်အပေါ် ပုံမှန်အားဖြင့် မျက်နှာသာပေးလိမ့်တော့မည်မဟုတ်ပေ။

"အိုး..."

ဝေကန်းလန်ရဲ့မျက်လုံးတွေက အနည်းငယ်ပြူးကျယ်သွားခဲ့ရပြီး သူ့ခန္ဓာကိုယ်မှ အံ့အားသင့်စရာကောင်းလောက်သည့်ဖိအားတစ်ခုပျံ့နှံ့ထွက်ပေါ်လာခဲ့ရကာ ချီဟောင့်ထံတိုက်ရိုက်တိုးဝင်သွားခဲ့သည်။

မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ဖိအားနဲ့ ရင်ဆိုင်မိလိုက်ရသည့်အခါ ချီဟောင်ရဲ့ခန္ဓာကိုယ်က ရုတ်ချည်းတောင့်တင်းသွားခဲ့ရသည်။

"ဟီးဟီး... ဝေကန်းလန်... မင်းက ဒီလောက်နှစ်တွေအများကြီးကြာပြီးတာတောင်မှပဲ လွယ်လွယ်နဲ့ဒေါသထွက်နေတတ်တုန်းပဲ..." သို့ပေမဲ့လည်း ဝေကန်းလန်ထံမှဖိအားတစ်ခုထွက်ပေါ်လာခဲ့သည့် အခိုက်အတန့်မှာ အေးစက်သည့်လေသံတစ်ခုကိုကြားလိုက်ကြရသည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ယောက်က အနက်ရောင်ချီတွေထုတ်ဖော်ထားလျက်မှပင် ချီဟောင်၏အနောက်မှ ဖြည်းညှင်းစွာလျှောက်လှမ်းထွက်ပေါ်လာခဲ့ပြီး ဝေကန်းလန်ရဲ့အရှိန်အဝါကို အလုံးစုံကာကွယ်ထားလိုက်သည်။

"ဒါက အဆိပ်ဘုရင်ပဲ..."

အနက်ရောင်ဝတ်စုံဝတ်လူ ထွက်ပေါ်လာမှုက ပတ်ဝန်းကျင်ရှိလူအားလုံးကို ချက်ချင်းဆိုသလိုပင် ကြောက်ရွံ့ထိတ်လန့်စွာအော်ဟစ်သွားမိစေခဲ့သည်။ လူအုပ်ကြီးက ဆူညံစွာဖြင့်ပင်နောက်ကိုဆုတ်သွားခဲ့ကြသလို သူတို့ရဲ့မျက်လုံးတွေထဲမှာ ကြောက်လန့်မှုတွေနဲ့ ပြည့်နှက်လို့သွားခဲ့ရသည်။ ဒါက အဆိပ်ရေအိုင်အတွင်းမှာ နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် အဆိပ်ဘုရင်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ထွက်ပေါ်လာမှုက ဝေကန်းလန်ကို အစပိုင်းမှာ အံ့အားသင့်သွားစေခဲ့ရပေမဲ့လည်း သူ့ရဲ့အမူအယာက လျင်မြန်စွာဖြင့်ပင် နက်မှောင်သွားခဲ့ရသည်။ လူသတ်လိုစိတ်က သူ့ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရကာ ပတ်ဝန်းကျင်ရှိမူလချီတွေကိုပင် အပြင်းအထန်လှုပ်ရှားသွားစေခဲ့သည်။

"အိုး... ဝေကန်းလန်... မင်းကငါနဲ့ ဒီနေရာမှာ နောက်တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်ချင်နေတာလား... အရင်တုန်းက ငါလုပ်ထားခဲ့တဲ့အရာတွေကို မင်းကမေ့နိုင်သွားပြီလား..." အဆိပ်ဘုရင်က ရက်စက်စွာရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်ပတ်လည်မှ အနက်ရောင်ချီတွေအပြင်းအထန်လှုပ်ရှားလာခဲ့ကာ ဆိုးရွားလှသည့်အနံ့အသက်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

အကြည့်နှစ်ခုဆုံတွေ့သွားစဉ် သူတို့ကြားထဲမှာ အမုန်းတရားတွေနဲ့ အေးစက်ခါးသီးတဲ့ရန်လိုမှုတွေဖြင့်သာ ပြည့်နှက်နေရပေသည်။

"ဂုဏ်သိက္ခာရှိတဲ့လူကြီးမင်းများခင်ဗျား... ကျွန်တော်ရဲ့ဒီမြို့လေးက လူကြီးမင်းတို့နှစ်ယောက်ကြားကတိုက်ပွဲကို ခုခံနိုင်လိမ့်မှာမဟုတ်ပါဘူး... တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေက ကျုပ်တို့ရဲ့မျက်စိရှေ့မှာတင်ရှိနေတာပဲ... လူကြီးမင်းတို့နှစ်ယောက်က ဒီနေရာမှာတိုက်ခိုက်နေဖို့မသင့်တော်ပါဘူး... ဒီလိုမှမဟုတ်ရင် ကြားထဲကအခြားလူတွေက အကျိုးအမြတ်တွေကို ရရှိသွားကြလိမ့်မယ်..." နှစ်ယောက်စလုံးရဲ့အရှိန်အဝါတွေက ပိုပြီးပြင်းထန်လာသကဲ့သို့ ရုတ်တရက်ပင် ကျယ်လောင်သည့်အသံတစ်ခုနဲ့အတူ လူတစ်ယောက်က အဝေးမှပျံသန်းလာခဲ့ကာ သူတို့အနီးမှာဆင်းသက်လာခဲ့သည်။

၎င်းက နတ်ဆိုးအကျဉ်းထောင်မြို့တော်၏အရှင်သခင်ဖြစ်သည့် အလယ်အလတ်ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူပင်ဖြစ်သည်။

အခြားလူတွေကဲ့သို့ပင် သူသည်လည်း မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်ထိပ်တိုက်တွေ့ဆုံမှုကြားထဲကို တိုက်ရိုက်ဝင်ရောက်ဟန့်တားရဲခြင်းမရှိပေ။ ကံကောင်းစွာဖြင့်ပင် သူ့ရဲ့အလျင်စလိုကြံရာမရပြောလိုက်တဲ့စကားက ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့မျက်လုံးထဲမှာ အလင်းရောင်တွေဖြတ်ခနဲဖြစ်ပေါ်စေခဲ့ရသလို သူတို့ရဲ့အံ့အားသင့်စရာကောင်းလောက်သည့်အရှိန်အဝါတွေက ဖြည်းညှင်းစွာဖြင့်ပင် လျော့ပါးပျောက်ကွယ်သွားခဲ့ရသည်။

သူတို့နှစ်ဖွဲ့စလုံးမှာ ဘယ်သူကမှပိုပြီးသန်မာနေခဲ့ခြင်းမရှိပေ။ သူတို့ကသာတကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် နှစ်ဖက်စလုံးဒဏ်ရာအပြင်းအထန်ရခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်ကာ အခြားလူတွေအတွက် အခွင့်အရေးဖြစ်သွားလိမ့်ပေမည်။

ဝေကန်းလန်က အေးစက်စွာပင်ပြောသည်... "ဟမ့်... ငါမင်းကို ရှေးဟောင်းနယ်မြေထဲမှာ ထပ်တွေ့ခဲ့ရမယ်ဆိုရင် ငါမင်းကိုသေချာပေါက်သတ်မယ်..."

"ဟီးဟီး... မင်းကဒီတစ်ကြိမ်မှာ အဆိပ်ရေအိုင်ကနေ အသက်ရှင်လျက်ပြန်မထွက်သွားနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်..." အဆိပ်ဘုရင်ကလည်း ဝေကန်းလန်ကို စကားဖြင့်ပြန်၍ တုန့်ပြန်လိုက်၏။

နှစ်ဖက်စလုံးရဲ့တင်းမာမှုတွေပြေလျော့သွားခဲ့ပြီးနောက်မှာ ဇူယွမ်ရဲ့အကြည့်က ဝေခွဲမရဖြစ်ဖြစ်နေသည့် ဆိုင်ရှင်၏မျက်နှာဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူတို့ရဲ့ကြားက တင်းမားမှုတွေပျောက်ကွယ်သွားခဲ့ရသလို တစ်ဖက်နဲ့တစ်ဖက်လည်း တိုက်ခိုက်ဖို့မပြုလုပ်ကြတော့ပေ။

"မူလပုံဆောင်ခဲ ၅၀၀၀..." ဇူယွမ်တစ်ယောက် အချိန်ထပ်မဖြုန်းလိုတော့ဘဲ သူ့ရဲ့ဈေးနှုန်းကို တိုးပေးလိုက်သည်။

"၆၀၀၀..." ချီဟောင်က ချက်ချင်းပင်ပြောလိုက်သည်။ သူ့အနေဖြင့် ဒီအနက်ရောက်ကျောက်စိမ်းပြားက ဘယ်လိုအသုံးပြုရမယ်ဆိုတာကို မသိပေမဲ့လည်း သူကဇူယွမ့်ကို ခက်ခဲအောင် စိတ်အနှောင့်အယှက်ပေးရပေလိမ့်မည်။

"၁၀၀၀၀..." ဇူယွမ်ရဲ့လေသံက ခံစားချက်ကင်းမဲ့စွာဖြင့်ပင် ပြောလိုက်သည်။

ချီဟောင်ရဲ့မျက်လုံးတွေတောက်ပသွားခဲ့ရပြီး ပြောသည်... "၁၅၀၀၀..."

"၂၀၀၀၀..."

သူတို့နှစ်ယောက်ကြား အပြိုင်အဆိုင်ဈေးခေါ်နေမှုကြောင့် လူတိုင်းကသူတို့ရဲ့နှုတ်ခမ်းတွေကိုသာ လျှာဖြင့်သပ်လိုက်မိကြရသည်။ သူတို့တွေဘယ်သူကမှ ဒီတန်ကြေးမရှိတဲ့ပစ္စည်းကို ဒီလိုမျိုးရူးသွပ်စွာ ဈေးနှုန်းအပြိုင်အဆိုင်ပေးကြလိမ့်မယ်လို့ ထင်မထားမိခဲ့ကြပေ။ ဒါက ဇူယွမ့်အနေဖြင့် သူ့ရဲ့မာနကျဆင်းသွားမှာကို မလိုလားသည့်အတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်းကို သူတို့တွေကောင်းစွာမြင်တွေ့နိုင်ပေသည်။

ချီဟောင်သည်လည်း အများနည်းတူ အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။ သူက အနက်ရောင်ကျောက်စိမ်းပြားကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်မိပေမဲ့ တစ်စုံတစ်ရာကိုရှာတွေ့နိုင်ခြင်းမရှိခဲ့ပေ။ အနက်ရောင်ကျောက်စိမ်းပြားထံမှ အနည်းငယ်သောမူလချီလှုပ်ရှားမှုလေးကိုတောင်မှ သတိပြုမိနိုင်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့်ပင် သူကရယ်မောကာပြောလိုက်သည်... "မင်းသားလေးက အမှန်တကယ်ကို ကြွယ်ဝချမ်းသာတာပဲ... ယဉ်ကျေးသိမ်မွေ့တဲ့လူတစ်ယောက်ဆိုတာ အခြားလူတစ်ယောက်လိုချင်တာကို ကြားဖြတ်ပြီးဝင်မယူသင့်ဘူးလို့ပြောကြတယ်... ဒါ့ကြောင့်ငါကဒီပစ္စည်းကို မင်းအတွက် လက်လျှော့ပေးလိုက်ပါမယ်..."

ချီဟောင်ကပြောလိုက်သကဲ့သို့ သူ့ရဲ့နှုတ်ခမ်းထက်မှာလည်း လှောင်ပြောင်မှုတွေထင်ဟပ်နေခဲ့သည်။ မူလက မူလပုံဆောင်ခဲ ၂၀၀၀ သာတန်ကြေးရှိသည့်ပစ္စည်းက သူ့ကြောင့် ၂၀၀၀၀အထိမြင့်တက်သွားခဲ့ရသည်ဆိုသည့်အချက်က ဒီတစ်ကြိမ်မှာ ဇူယွမ့်အပေါ် အသာရဖို့အတွက်လုံလောက်ပေသည်။

ဒါကိုကြည့်ခြင်းအားဖြင့် ချီဟောင်ရဲ့အစောပိုင်းလုပ်ရပ်က ဇူယွမ့်အပေါ် တမင်သက်သက်ကဖျက်ကယက်ပြုလုပ်နေခြင်းဖြစ်သည်ဆိုတာ နောက်ဆုံးမှာထွက်ပေါ်လာခဲ့ရပြီဖြစ်သည်။

ပတ်ဝန်းကျင်ရှိစောင့်ကြည့်နေသူတွေက ဇူယွမ့်ကို အရူးတစ်ယောက်သဖွယ်ကြည့်လိုက်မိကြသည်။ ဒီအရာကသေးငယ်သည့် ပမာဏတစ်ခုမဟုတ်ပေ။ ဘာမှအသုံးမဝင်တဲ့ အနက်ရောင်ကျောက်စိမ်းပြားလေးတစ်ခုကို မူလပုံဆောင်ခဲ ၂၀၀၀၀ပေးပြီး ဝယ်ယူခြင်းက အမှန်တကယ်ကို ရူးမိုက်လွန်းရာကြပေသည်။

ဒါကိုကြည့်ခြင်းအားဖြင့် မင်းသားလေးဇူယွမ်က ချီဟောင်ရဲ့လှည့်ကွက်ထဲ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။

ဇူယွမ်က ပတ်ဝန်းကျင်ရှိအကြည့်တွေကို လျစ်လျူရှုလိုက်ပြီး အနက်ရောင်ကျောက်စိမ်းပြားကိုကောက်ယူလိုက်ကာ လုတိန်ရှန်းကို ကျသင့်ငွေပေးချေဖို့ ညွှန်ကြားလိုက်သည်။ သူ့အနေနဲ့ ကျောက်စိမ်းပြားထံမှ တစ်စုံတစ်ရာကိုအာရုံခံနိုင်စွမ်းမရှိခဲ့သည့်အတွက် ၎င်းကိုယောင်ယောင့်ထံကမ်းပေးလိုက်ရင်းမှ တီးတိုးပြောလိုက်မိသည်... "ဒါက ဒီလောက်အထိတန်ကြေးရှိနိုင်ပါ့မလား..."

တကယ်တမ်းမှာ သူကိုယ်တိုင်တောင်မှပင် သူ့ကိုယ်သူအရူးတစ်ယောက်အလား ခံစားမိခဲ့ရပေမဲ့ သူ့အနေဖြင့် ယောင်ယောင်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ယုံကြည်မှုရှိသည့်အတွက် ဒီပစ္စည်းကိုဝယ်ယူခဲ့ခြင်းဖြစ်ပေသည်။

မူလပုံဆောင်ခဲ ၂၀၀၀၀ဆိုသည့်အရာက သေးငယ်တဲ့ပမာဏတစ်ခုတော့မဟုတ်ပေ။ ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေတောင်မှပင် မူလပုံဆောင်ခဲ တစ်သောင်းနှစ်သောင်းလောက်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာကြိုးစားပမ်းစားအလုပ်လုပ်ကာ ရှာဖွေရပေလိမ့်မည်။

မင်းသားလေးဇူယွမ်အနေဖြင့်ပင် နှစ်ပေါင်းများစွာစုဆောင်းလာခဲ့ပြီးမှ သူ့လက်ထဲမှာ မူလပုံဆောင်ခဲ ၅၀၀၀၀ လောက်သာပိုင်ဆိုင်ထားခဲ့ရကာ လွန်ခဲ့တဲ့မိနစ်ပိုင်းလေးအတွင်းမှာပင် ၎င်းတို့ထဲမှတစ်ဝက်နီးပါးလောက်ကို အသုံးပြုခဲ့ရပေသည်။

ယောင်ယောင်က သူမလက်ထဲမှာရှိသည့် အနက်ရောင်ကျောက်စိမ်းပြားပေါ်မှ ရှေးကျတဲ့ပုံစံတစ်ခုကို ညင်သာစွာဖြင့်ပင် ထိတွေ့လိုက်မိသည်။ ထို့နောက်မှာ သူမကရုတ်တရက်ရယ်မောလိုက်ပြီး ပြန်ပြောလိုက်၏... "ဒါက တန်လားမတန်ဘူးလားဆိုတာကို နင်နောက်ကျ သိလာရလိမ့်မယ်..."

ဇူယွမ်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်ပင် သူ့ရဲ့ခေါင်းကိုခါယမ်းမိလိုက်သည်။

ထိုအခိုက်အတန့်မှာပင် အဆိပ်ဘုရင်က ရှေ့ကိုလျှောက်လှမ်းလာခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ အနက်ရောင်ချီတွေလှည့်ပတ်စီးဆင်းနေလျက်မှပင် သူ့ရဲ့မျက်လုံးတွေက ဇူယွမ့်ကိုစိုက်ကြည့်နေလျက်ရှိလေသည်။

ဝေကန်းလန်ကလည်း ရှေ့ကိုခြေလှမ်းဝက်လှမ်းတက်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက သတိဝီရိယရှိစွာဖြင့်ပင် အဆိပ်ဘုရင်ကို စိုက်ကြည့်လိုက်သည်။

အဆိပ်ဘုရင်က ဝေကန်းလန်ကိုတစ်ချက်ကြည့်လိုက်ပြီး ဇူယွမ့်ဘက်သို့ပြန်လှည့်သွားကာ အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်... "ဟီးဟီး... မင်းက ဇူအင်ပါယာရဲ့မင်းသားလေးပေါ့ဟုတ်လား... မင်းက ငါ့ရဲ့နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တယ်လို့ ငါကြားခဲ့ရတယ်..."

ဒါကိုကြည့်ခြင်းအားဖြင့် အဆိပ်ဘုရင်က ဝေဘင်းရဲ့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးမြူအဆိပ်ကို ဇူယွမ်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့သည်ကို ချီဟောင်ထံမှ ကြားခဲ့ရပြီးဖြစ်ပေလိမ့်မည်။

"နတ်ဆိုးမြူအဆိပ်က အရမ်းကြီးလည်းကြီးကျယ်မနေပါဘူး... ဒါ့ကြောင့် ဒါကိုဖယ်ရှားရှင်းလင်းနိုင်တာက ထူးဆန်းတယ်လို့ဆိုလို့မရနိုင်ဘူး..." ဇူယွမ်က တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။

အဆိပ်ဘုရင်ရဲ့မျက်လုံးတွေက အနည်းငယ်ပြူးကျယ်သွားခဲ့ရပြီးမှ ပြောလိုက်၏... "ဘယ်လောက်တောင် စိတ်ကြီးဝင်နေလိုက်တဲ့ ကောင်လေးလဲ..."

အဆိပ်ဘုရင်က ရက်စက်ကြမ်းကြုတ်သည့်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်... "ဝေကန်းလန်က မင်းကိုကာကွယ်ပေးနေလို့ မင်းကယုံကြည်မှုရှိနေတာလား..."

သူက ဝေကန်းလန်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်... "သူက ငါ့ရဲ့လက်ထဲမှာတောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ဖူးတယ်... ဒီတစ်ကြိမ်မင်းရဲ့လောင်းကြေးက မှားယွင်းသွားမှာကို ငါ့အနေနဲ့စိုးရိမ်နေမိတယ်..."

ဝေကန်းလန်ရဲ့မျက်နှာက ဒေါသကြောင့်နက်မှောင်သွားခဲ့ရ၏။ အဆိပ်ဘုရင်ရဲ့ နတ်ဆိုးမြူအဆိပ်ကို ရင်ဆိုင်ဖို့ဆိုတာက လွန်စွာမှပင်ခက်ခဲလှပေသည်။ ၎င်းအဆိပ်ရဲ့သဘာဝအရ သူ့ကိုအပြင်းအထန်ဝေဒနာခံစားစေခဲ့ရသလို ဝေဘင်းအပေါ်မှာတောင်မှပင် အကျိုးသက်ရောက်မှုရှိခဲ့ရသည်။

အဆိပ်ဘုရင်က ပြုံး၍ပြောလိုက်သည်... "ကောင်လေး... ဒီကိစ္စသာအောင်မြင်သွားခဲ့မယ်ဆိုရင် ချီအိမ်တော်က ငါ့ကိုမြို့တော်သုံးခုပေးမယ်လို့ ကတိပေးခဲ့တယ်... တကယ်လို့မင်းကသာ ငါ့ကိုမြို့တော်ခြောက်ခုပေးမယ်ဆိုရင် ငါကသူတို့အစား မင်းကိုကူညီပေးမယ်..."

ဒီကမ်းလှမ်းမှုကို ကြားလိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးထဲမှာ ဒေါသတွေနဲ့ပြည့်နှက်သွားခဲ့ရသလို လူသတ်လိုစိတ်တွေထွက်ပေါ်လာခဲ့ရကာ ချီဟောင့်ကို ကြည့်လိုက်မိသည်။ ဒီခွေးကောင်က ဇူအင်ပါယာရဲ့နယ်မြေတွေ မြို့တော်တွေနဲ့ အပေးအယူပြုလုပ်ရဲလိမ့်မယ်လို့ ထင်မထားမိခဲ့ပေ။

သို့ပေမဲ့လည်း ချီဟောင်က ဘာကိုမှအမှုမထားသည့်အလား ပြုံး၍သာတုံ့ပြန်လိုက်သည်။

ဇူယွမ်က သူ့ရဲ့အကြည့်ကိုပြန်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်... "ငါ့အတွက်က ဗိုလ်ချုပ်ကြီးဝေရှိရုံနဲ့တင် လုံလောက်နေပြီ... ဇူအင်ပါယာရဲ့နယ်မြေအတွက်ကလား... ဒါကိုပိုင်ဆိုင်ဖို့မျှော်လင့်နေတဲ့ ဘယ်သူမဆို သေရလိမ့်မယ်..."

အဆိပ်ဘုရင်တစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။ မကြာမီမှာပင် သူကဇူယွမ်ကိုညွှန်ပြကာ ဟက်ဟက်ပက်ပက်ပင်ရယ်မောမိလိုက်သည်။

"ဘယ်လောက်တောင်ယုံကြည်မှုရှိလိုက်တဲ့ ကောင်လေးလဲ... အရမ်းကောင်းတယ်... မင်းအနေနဲ့ ငါ့လက်ထဲကို ဘယ်တော့မှရောက်မလာစေဖို့အတွက် ဆုတောင်းထား... ဇူအင်ပါယာမင်းသားလေးရဲ့ အသွေးအသားတွေက ဘယ်လိုအရသာရှိမလဲဆိုတာကို ငါ့အနေနဲ့အမှန်တကယ်မြည်းစမ်းလိုမိတယ်..."

"ငါကတော့ ခင်ဗျားရဲ့အသွေးအသားတွေကို စိတ်ဝင်စားနေမှာမဟုတ်ဘူး... ငါ့အတွက်က ခင်ဗျားရဲ့ခွေးခေါင်းကို တစ်ချက်တည်းခုတ်ဖြတ်ပြစ်ဖို့ပဲ လိုအပ်တယ်..." ဇူယွမ်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။ ဇူယွမ့်အနေဖြင့် ဇူအင်ပါယာရဲ့နယ်နိမိတ်ကို ထပ်ခါထပ်ခါကျူးကျော်ပြီး မြို့သူ့မြို့သားများစွာကို သတ်ဖြတ်နေသည့်လူတစ်ယောက်အား အလွန်ပင်မုန်းတီးမိပေသည်။

ဘေးနားတွင်ရှိနေသည့် ချီဟောင်က အထင်သေးလှောင်ပြင်စွာရယ်မောလိုက်ပြီး ဝင်ပြောရန်ပြင်လိုက်သည်။

"ချီအမျိုးယုတ်ကောင်... မင်းရဲ့ကံကြမ္မာကလည်း ငါ့လက်ထဲရောက်လာမယ်ဆိုရင် အတူတူပဲဖြစ်လိမ့်မယ်..." ချီဟောင်တစ်ယောက် ပြောဖို့ရန်ပြင်လိုက်စဉ်မှာပင် ဇူယွမ်ရဲ့အေးစက်သည့်အကြည့်က သူ့ထံရောက်ရှိလာခဲ့ကာပြောလိုက်သည်။ ဒီခွေးကောင်က ဇူအင်ပါယာရဲ့နယ်မြေတွေနဲ့ အပေးအယူပြုလုပ်ခဲ့ခြင်းက ဇူယွမ့်ကို ပိုလို့ပင်ဒေါသထွက်စေခဲ့ရသည်။ ထို့ကြောင့်ပင်ချီဟောင်သာ သူ့လက်ထဲရောက်ရှိလာခဲ့မည်ဆိုလျင် သူ့အနေဖြင့် အနည်းငယ်မျှပင် ခွင့်လွှတ်သက်ညှာပေးလိမ့်မည်မဟုတ်ပေ။

"ချီအမျိုးယုတ်ကောင်လား..." ချီဟောင်တစ်ယောက် လုံးဝကိုအံ့အားသင့်သွားခဲ့ရသည်။ ထို့နောက်မှာ သူ့ရဲ့ဒေါသတွေပေါက်ကွဲထွက်ပေါ်လာခဲ့ရပြီး အေးစက်စွာပြောလိုက်သည်... "ဇူယွမ်... မင်းက ငါ့ကိုစော်ကားရဲတယ်လား..."

ဇူယွမ်က နှာခေါင်းရှုံ့ကာပြန်ပြောလိုက်သည်... "မင်းတို့မိသားစုရဲ့အရိုးထဲမှာ စွဲမြဲနေတဲ့တစ်ခုတည်းသောအရာက ပုန်ကန်ခြင်းပဲ... ဒါ့ကြောင့် ငါကမင်းတို့ကို စော်ကားတော့ရောဘာဖြစ်လဲ..."

ချီဟောင်က ဒေါသတကြီးပြန်ပြောလိုက်သည်... "မင်းက မင်းကိုမင်းမြင့်မားတဲ့အဆင့်တစ်ခုမှာရောက်နေပြီလို့များထင်နေတာလား... ချီစုဆောင်းမှုအဆင့်ကိုတောင် မရောက်သေးတဲ့မင်းက ဒီလိုအပြုအမူမျိုးနဲ့ ငါ့ကိုလာပြီးပြောရဲတယ်ပေါ့... မင်းကိုကာကွယ်ပေးနေတဲ့လူသာမရှိရင် မင်းကိုငါဒီနေရာမှာတင် သတ်ပြစ်တယ်..."

သူကလက်ရှိအချိန်မှာ အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနေသည့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ဇူယွမ်က ဝင်ပေါက်ခုနှစ်ခုတည်းသာဖွင့်ထားနိုင်သေးသည့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူကသာ ဇူယွမ်နဲ့ထိပ်တိုင်ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် အလွယ်တကူသတ်ဖြတ်နိုင်ပေလိမ့်မည်။

"မင်းမှာအခွင့်အရေးရှိလာပါလိမ့်မယ်... အဲ့ဒီအချိန်ရောက်တဲ့အခါ ဘယ်သူကဘယ်သူ့ကို သတ်မလဲဆိုတာ ငါတို့တွေသေသေချာချာမြင်ရလိမ့်မယ်..." ဇူယွမ်ရဲ့လေသံက စိတ်လှုပ်ရှားခြင်းကင်းစွာဖြင့် ပြောသည်။ သူသာချီစုဆောင်းမှုအဆင့်ကို ရောက်ရှိသွားခဲ့မယ်ဆိုရင် ဘိုးဘေးနဂါးပုရပိုက်ရဲ့ပထမအဆင့်ဖြစ်သည့် စပါးအုံးဘုရင်ချီကို မလေ့ကျင့်နိုင်သေးရင်တောင်မှပင် သူ့ရဲ့စိတ်ဝိညာဉ်နဲ့ မူလမှော်စာလုံးတွေရဲ့စွမ်းအားကိုအသုံးပြု၍ ချီဟောင်ကို ကြောက်ရွံ့ထိတ်လန့်စရာမလိုဘဲ ရင်ဆိုင်နိုင်လိမ့်ပေမည်။

ဇူယွမ်ရဲ့စကားတွေကို ကြားလိုက်ရသည့်အခါ ချီဟောင်ရဲ့အမူအယာက ပိုလို့ပင်နက်မှောင်သွားခဲ့ရသည်။ သူ့အနေဖြင့် ဇူယွမ်လိုလျှာစောင်းထက်သည့်လူတစ်ယောက်နှင့် ယှဉ်ပြောနေ၍လည်း အကျိုးရှိမည်မဟုတ်သည်ကို ကောင်းစွာသိပေသည်။ ထို့ကြောင့်ပင်သူက ဇူယွမ်ကို ချောက်ချားစရာကောင်းလောက်သည့် အေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းပြကာနောက်လှည့်၍ အဆိပ်ဘုရင်နှင့်အတူ သူတို့တစ်ဖွဲ့လုံးပြန်လည်၍ ထွက်ခွာလာခဲ့လိုက်ကြသည်။

ဇူယွမ်ကထွက်ခွာသွားသည့်လူရိပ်တွေကိုကြည့်နေသကဲ့သို့ သူ့ရဲ့အမူအယာကလည်း လေးနက်တည်ငြိမ်လာခဲ့ရသည်။ သူတို့ကိုစကားနဲ့သာ အလွယ်တကူအနိုင်ရခဲ့ပေမဲ့လည်း သူ့အနေဖြင့် သူတို့အပေါ်မှာ အနည်းငယ်လေးမျှပင် လျှော့တွက်ရဲခြင်းမရှိခဲ့ပေ။

"ငါတို့ရဲ့အကြီးမားဆုံးရန်သူက အဆိပ်ဘုရင်ပဲ... ဗိုလ်ချုပ်ကြီးဝေတောင်မှ သူနဲ့ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင် အနိုင်ရနိုင်ဖို့က မသေချာဘူး... ကြည့်ရတာငါတို့တွေက အဆိပ်ဘုရင်ရဲ့ နတ်ဆိုးမြူအဆိပ်ကိုရင်ဆိုင်နိုင်ဖို့ နည်းလမ်းတစ်ခုစဉ်းစားရလိမ့်မယ်... တကယ်လို့ဗိုလ်ချုပ်ကြီးဝေသာ ကံမကောင်းစွာနဲ့ရှုံးနိမ့်သွားခဲ့ရမယ်ဆိုရင် ငါတို့အားလုံးရဲ့အခြေအနေက လုံးဝကိုဆိုးရွားသွားလိမ့်မယ်..."

ဇူယွမ်ရဲ့မျက်လုံးတွေက အတွေးထဲမှာရိပ်ခနဲလှုပ်ရှားသွားခဲ့ရသည်။ နောက်ဆုံးမှာ သူကယောင်ယောင့်ကိုကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းဖျားထက်မှာ အပြုံးတစ်ခုထွက်ပေါ်လာခဲ့ရသည်။ သူ့အနေဖြင့်အသုံးပြုခဲ့ရသည့် မူလပုံဆောင်ခဲ ၂၀၀၀၀ကို အလဟဿတော့အဖြစ်မခံနိုင်ပေ။

All Chapters