← Chapters

သားမက်၏ဓာတ်ပုံ

Vol. 29 Ch. 405

သားမက်၏ဓာတ်ပုံ

Vol. 29 Ch. 405

အခန်း(၄၀၅) - သားမက်၏ ဓာတ်ပုံ

"သူက စိတ်ထား တကယ်ကောင်းသားပဲ။ သူနဲ့ သေသေချာချာနေပြီး အဆင်မပြေရင် လမ်းခွဲဖို့ မစဥ်းစားနဲ့။ အဲ့လိုလုပ်စရာမလိုဘူး။" ဟု အမေကျိုးက ပြောလိုက်သည်။

ကျိုးအာ့နီက ရှက်သွေးဖြာသွားပြီး ပြန်ပြောလိုက်သည်။ "အဘွား ဒီတိုင်း ညစာတူတူ စားတာပါပဲ။"

"နင်က ငါတို့နဲ့တွေ့ဖို့ သူ့ကိုတောင် ခေါ်လာပြီးပြီပဲ။ ဘာကို ညစာ အတူတူစားရုံပဲလဲ။" ဟု အမေကျိုးက ပြောလိုက်သည်။ "သူနဲ့ သေချာအဆင်ပြောအောင်နေ၊ နားလည်လား။"

ကျိုးအာ့နီ မတတ်နိုင်တော့ပါ။ ဒီတိုင်း ညစာစားရုံသက်သက်ကို ဘာကြောင့် သူမအဘွားက ထိုလူလည်ဘက်သို့ လုံးဝပါသွားပြီဟု ဘာကြောင့် ခံစားနေရသနည်း။

ညစာ စားပွဲဝိုင်း တစ်ခုတည်းနှင့် သူလုံးဝ ဘက်လိုက်သွားပြီ ဖြစ်သည်။ အမေကျိုး တစ်ယောက်တည်းမဟုတ်ဘဲ စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့လည်း ပါသည်။

အဖေကျိုးကတော့ အစကတည်းက ထောက်ခံခဲ့ပါသည်။

ဝမ်ယွမ်က ကျိုးအာ့နီကို ပြန်လိုက်ပို့သောအခါ ကျိုးရှောင်မိန်က ပြောလိုက်သည်။ "မဆိုးပါဘူး အာ့နီသာ သူ့လိုလူမျိုးနဲ့ လက်ထပ်ရင် ရှေ့လျှောက် အဆင်ပြေမှာပါ"

"ဟုတ်-ဟုတ်တယ် အရမ်းတော်တယ်။” စုတာ့လင်းက ခေါင်းငြိမ့်လိုက်သည်။

"အဲ့ဒီဦးလေး ယူလာပေးတဲ့ အုန်းသကြားလုံးတွေက အရမ်းအရသာရှိတာပဲ။ အစ်ကိုကြီး လောင်စန်းလည်း အရမ်းကြိုက်တယ်။" ဟု စုချန်းနှင့် စုရွှမ်းတို့က ထိုသို့ပြောသည်။

သူတို့အားလုံး အုန်းသကြားလုံးကို သဘောကျကြပါသည်။ အလွန်လည်း အရသာရှိလှသည်။

"ဦးလေး မဟုတ်တော့ဘူး။ မကြာခင် ယောက်ဖ၊ ခဲအိုလို့ ခေါ်ကြရတော့မှာ" ဟု ကျိုးရှောင်မိန်က ပြုံးကာ ပြောလိုက်သည်။

"အဆင်ပြေမလား မပြေမလားတော့ မသိဘူး။" အမေကျိုးက ရင်ထဲတွင် ကျေနပ်နေသော်လည်း ပြောလိုက်သည်။

"သူ့မှာ အဲ့လို စိတ်ဓာတ်မျိုးရှိတာပဲလေ။ အာ့နီကို ကြည့်ရတာလည်း သူ့ကို မကြိုက်တဲ့ပုံ မပေါ်ပါဘူး။ ဘာလို့ အဆင်မပြေရမှာလဲ။ ပြီးတော့ စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောင်းမတို့တောင် မကန့်ကွက်ကြဘူး။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

သူမ၏ စတုတ္ထယောင်းမက အဆင်ပြေသည်ဟု ပြောလျှင် ရှစ်ဆယ် ရာခိုင်နှုန်းလောက် အဆင်ပြေပြီ ဖြစ်သည်။

ထို့အပြင် သူတို့လည်း ဒီလူကိုမြင်ဖူးပြီးပြီဖြစ်သည်။ တကယ်ပဲ အပြစ်အနာအဆာ ကင်းလွန်းပါသည်။ သူ့လိုလူကိုသာ အဆင်မပြေလျှင် ဘယ်လိုလူမျိုးကို သူမ ရွေးချယ်မည်နည်း။

"ရှန့်မိန်ရဲ့လူထက် အများကြီး ပိုသာတယ်။" ဟု ကျိုးရှောင်မိန်က နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။

သူမ ရှုရှန့်မိန်နှင့် ကျောက်ကျွင့်တို့ကို သဘောမကျပါ။

ဘယ်သူကမှလည်း သူမစကားကို မကန့်ကွက်ချေ။

ဒီလိုနှင့် ညစာ နှစ်ပွဲအတူတူ စားပြီးကြပြီးနောက် ကျိုးမိသားစုဟောင်း တစ်ခုလုံး ဝမ်ယွမ့်အကြောင်း သိသွားကြသည်။

ကျိုးချင်းပိုင်ကလည်း ဝမ်ယွမ်ကို တကယ် သဘောကျပါသည်။ နောက်ပိုင်း ဝမ်ယွမ်သည် အခြား အပြင်နေရာများတွင် စားသောက်လေ့ မရှိတော့သည်ကို ကြည့်ခြင်းအားဖြင့် သူ့အားထုတ်မှုကို တွေ့နိုင်သည်။ ထိုအစား အလုပ်ဆင်းပြီးနောက်တွင် ဖက်ထုပ်ဆိုင်သို့သာလာပြီး သူတို့နဲ့အတူတူ စားသောက်သည်။

သူ့ကို အစားအသောက် ကုန်ကျစရိတ်အကြောင်း မပြောပါ။ သူစိမ်းဆန်ရာ ကျသွားမည်ဖြစ်သည်။ သို့သော်လည်း ကျိုးကွေ့လိုင်အတွက် ဖလင်တစ်အိတ် ဝမ်ယွမ်က ဝယ်ပေးပြီး သူကြိုက်သလောက် ဓာတ်ပုံရိုက်ခွင့် ပေးလိုက်သည်။

ကျိုးကွေ့လိုင် အပျော်လွန်သွားရသည်။

လင်းချင်းဟယ်က သိသောအခါ ကျိုးအာ့နီကို တီးတိုးပြောလိုက်၏။ "ဒီတိုင်း ညစာအတူတူ စားတာကို ဖလင်တွေ ဝယ်ပေးနေတယ်။ ဒီညစ်တီးညစ်ပတ် ကောင်လေးတော့ အလိုလိုက် ခံနေရပြီ။"

ကျိုးအာ့နီက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "သူဝယ်ပေးချင်လည်း ဝယ်ပေးပါစေပေါ့။ အလကားစားခိုင်းလို့မှ မရတာ။"

"လက်ရှိမှာ သူကလည်း ငါတို့ရဲ့မိသားစုဝင်လို့ သတ်မှတ်လို့ရတယ်လေ။ ဒီတိုင်း ပန်းကန်နဲ့ တူတစ်စုံ ချပေးလိုက်ရတာပဲကို" လင်းချင်းဟယ်က ပြန်ပြောလိုကသ်ည။ ထို့နောက် ကျိုးအာ့နီကို ညွှန်ကြားလိုက်၏။ "အချိန်ယူပြီး နင့်အမေကို ဖုန်းဆက်လိုက်ဦး။ မနေ့က ကျောင်းမှာ ငါသူတို့ကို ဖုန်းခေါ်ပြီး အားလုံး ပြောပြပြီးသွားပြီ။"

ဒီလိုကိစ္စမျိုးကို မိဘများဖြစ်သော အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့အား ဘယ်လို လျှို့ဝှက်ထားနိုင်မည်နည်း။ သူတို့ကို အကြောင်းကြားရပါမည်။

လင်းချင်းဟယ် မနေ့က ဖုန်းဆက်ခဲ့သည်။ ထင်ထားသည့်အတိုင်း အကြီးဆုံးမရီး စွံ့အသွားခဲ့ရသည်။ ဖုန်းထဲမှ ထိုဘက်က မိသားစုက အလွန်ပြည့်စုံလွန်းနေကြောင်း၊ လက်ထပ်ပြီးပါက အနာဂတ်တွင် ကျိုးအာ့နီ နေရထိုင်ရခက်ခဲလိမ့်မည်ဖြစ်ကြောင်း အကြီးဆုံးမရီးက ပြောသည်။

အကြီးဆုံးမရီးက ရှုရှန့်မိန် မင်္ဂလာပွဲသို့ မတက်ရောက်ခဲ့သော်လည်း မြို့တော်က သူတို့သားမက် ကျောက်ကျွင့်က သူ့ယောက္ခမဖြစ်သော အကြီးဆုံးအစ်မ၏ အိမ်ကို အသိအမှတ်မပြုကြောင်းကို သိထားသည်။

ကျောက်ကျွင့်နှင့် ရှုရှန့်မိန်တို့ အကြီးဆုံးအစ်မ၏ မိသားစုကို မင်္ဂလာကိစ္စအတွက် မြို့တော်သို့ လာခေါ်သွားတဲ့အခါ တစ်ရွာလုံး အတင်းစကားတွေ ပျံ့နှံ့သွားခဲ့ပါသည်။

ရှုရှန့်မိန်က မြို့တော်က ယောက်ျားတစ်ယောက်ကို မှီခိုကာ တက်သွားသည်ဟု ဆိုကြသည်။

သဘောကောင်းသော လူတချို့ကတော့ ဘာမှမပြောသော်လည်း တချို့က မနာလိုဖြစ်ပြီး ပြောကြသည်မှာ "အဲ့ဒီမြို့တော်က သူတို့သားမက်ဆိုတာက သူတို့မိသားစုကို မတူမတန် ဆက်ဆံတာပါအေ။ သူတို့လုပ်ပေးထားတဲ့ အစားအသောက်ကိုတောင် မစားဘူး။ မြို့ထဲက စားသောက်ဆိုင်မှာ သွားစားတာ။"

အိမ်တွင်ချက်ပြုတ်သော ဟင်းတစ်ပွဲတစ်လေတောင် စားမသွားခဲ့ပါ။ သူမတို့၏ မိသားစုကို သူဘယ်လောက်တောင် သဘောမကျလိုက်လဲ ဆိုတာကို တွေ့နိုင်ပါသည်။

မြို့တော်က သားမက်ဆိုသည်မှာ ကြားရတာသာ နားဝင်ချိုပြီး ဆက်ဆံဖို့ ခက်ခဲသည်။ သမီးမိန်းကလေးတစ်ယောက်က ထိုကဲ့သို့ မိသားစုအသိုင်းအဝိုင်းနှင့် လက်ထပ်ရပါက သေချာပေါက် ခက်ခဲပါလိမ့်မည်။

အကြီးဆုံးမရီးက သူမသမီးကို မြို့တော်သို့ လွှတ်ခဲ့သော်လည်း တခြားမိသားစုကို တွယ်ဖက်ရတာမျိုး မဖြစ်စေချင်ပါ။ သူမ၏ အကြီးဆုံးသွားကိုပင် ရွာသို့ပြန်ခေါ်ပြီး စာသင်ခိုင်းဖို့ စီစဥ်ထားသည်။ ထို့နောက် ရွာကျောင်းတွင် ဆင်တူသော ဆရာမများရှိမလား စောင့်ကြည့်ပြီး သူတို့နှင့် မိိတ်ဆက်ပေးမည်ဖြစ်သည်။

သူမ၏ သမီးက ရုတ်တရက်ကြီး မြို့တော်တွင် ကောင်လေး ရသွားလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ထိုကောင်လေး၏ အခြေအနေများကလည်း ထိပ်တန်းဖြစ်သည်။

အကြီးဆုံးမရီးက စိတ်ပင်မကူးရဲပေ။

ကျိုးအာ့နီ ဖုန်းဆက်သောအခါ အကြီးဆုံးမရီးက ဖုန်းကိုင်ပြီး ထိုအကြောင်း မေးလိုက်သည်။

"အဘိုးနဲ့ အဘွားတို့လည်း သူ့ကိုတွေ့ပြီးပါပြီ။ စတုတ္ထဒေါ်လေးနဲ့ စတုတ္ထဦးလေးတို့နဲ့လည်း ညစာ အတူတူ စားပြီးပြီ။" ဟု ကျိုးအာ့နီက ရှက်ရွံ့စွာ ပြောလိုက်သည်။

"အောင်မယ်လေး ဒီကောင်မလေးကတော့ အမေ နင့်ကို ဘာာပြောရမှန်းတောင် မသိတော့ဘူး။ အမေက ဒီတိုင်း စိတ်ပူတာပါ။ အဲ့ဒီကလူနဲ့ လက်ထပ်ရင် ရှေ့လျှောက် ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်။" ဟု အကြီးဆုံးမရီးက သက်ပြင်းချလိုက်သည်။

"ဘာပြဿနာမှ မရှိလောက်ပါဘူး။ အိမ်တွေလည်း သူ့ဖာသာသူ ဝယ်ထားတာပဲ။ အဘိုးအဘွားတို့ အိမ်နဲ့သိပ်မဝေးဘူး။ လက်ထပ်ပြီးရင် သမီးတို့ အဲ့ဒီမှာနေကြမယ်လို့ပြောတယ်။" ဟု ကျိုးအာ့နီက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။

သူမ စကားတစ်ခွန်းတော့ ထိန်ချန်ထားခဲ့ပါသည်။ သူမ ဟင်းချက်ဖို့ မလိုအောင် ဝမ်ယွမ်က အဘိုး၏အိမ်သို့ သွားကာ ဟင်းသွားယူမည်ဟုဆိုသည်။ ဟင်းအတွက် ပိုက်ဆံ ပေးလိုက်လို့ ရပါသည်။

သူက မျက်နှာတကယ် ပြောင်တင်းပါသည်။ ဘယ်သွားသွား အစားအစာကို ဝယ်စားချင်နေသည်။

အကြီးဆုံးမရီးက ဘာပြောရမှန်း မသိတော့ပါ။ မြို့တော်က ဒီသားမက်မှာ အလွန်ချမ်းသာလွန်းလှသည်။ သူပြောပြီးသည်နှင့် အိမ်တစ်လုံး အမြန်ဝယ်ခဲ့သည်။

ဖုန်းချပြီး အိမ်သို့ ပြန်ရောက်သောအခါ သက်ပြင်းချပြီး အကြီးဆုံးအစ်ကိုကို ပြောလိုက်သည်။ "ဒါက ကောင်းလား ဆိုးလား မသိတော့ပါဘူးရှင်။"

"အဖေကော၊ အမေကော၊ စတုတ္ထညီနဲ့ စတုတ္ထယောင်းမတို့လည်း သူ့ကိုတွေ့ပြီးပြီပဲ။ သူတို့သဘောတူကြတယ်လေ။ ဘာပြဿနာမှ မရှိလောက်ပါဘူး။ မင်းစိုးရိမ်နေရင် ယန်ယန် အားလပ်ရက် ပြန်လာတဲ့အချိန်အထိစောင့်ပြီး နှစ်သစ်ကူးအတွက် မြို့တော်ကို သွားခိုင်းလိုက်ပါ။” ဟု အကြီးဆုံးအစ်ကိုက ပြန်ပြောလိုက်သည်။

ယခု ဆောင်းစပါးများ စိုက်ပျိုးပြီးပြီ ဖြစ်သဖြင့် သူတို့ အလွန်အလုပ်ရှုပ်နေပါသေးသည်။ သူ့အိမ်အသစ်ကို စတင်ဆောက်လုပ်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

"အဲ့အကြံလည်းမဆိုးဘူး။" အကြီးဆုံးအစ်မက ထိုစကားကြားသောအခါ အလျင်အမြန် ရေရွတ်လိုက်သည်။ "ယန်ယန် ပြန်လာရင် သူ့ကိုသွားကြည့်ခိုင်းလိုက်မယ်။”

မင်္ဂလာပွဲက တရားဝင် မစေ့စပ်ရသေးသဖြင့် အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့က ထိုအကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ပါ။ ကျိုးယန်က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြန်ရောက်လာခဲ့သည်။

တကယ်ပဲ နှစ်ကုန်နေပြီဖြစ်ပါသည်။

အစကတော့ အကြီးဆုံး အစ်ကိုနှင့် အကြီးဆုံး ယောက်မတို့က သူတို့အကြီးဆုံးသားကို လွှတ်ချင်သော်လည်း ဒီလောက်နောက်ကျမှ ပြန်ရောက်လာသဖြင့် သွားဖို့မလိုအပ်တော့ပါ။

သို့သော် ပါးနပ်သော ကျိုးကွေ့လိုင်ကိုတော့ သူတို့ ကျေးဇူးတင်ရမည်ဖြစ်သည်။ အာ့နီ၊ ဝမ်ယွမ်၊ အဖေကျိုးနှင့်အမေကျိုးတို့ပါဝင်သော အုပ်စုဓာတ်ပုံ များစွာကို ရိုက်ယူခဲ့သည်။ ထိုဓာတ်ပုံများကို ချက်ချင်း ဖလင်ဆေးပြီး သူတို့အိမ်သို့ ပြန်ပို့ခဲ့၏။

ဓာတ်ပုံများရှိနေလျှင် သူတို့သား ဒီလောက်အဝေးကြီး သွားဖို့မလိုတော့မည် မဟုတ်ပါလား။

ပြောစရာမလိုအောင် ဓာတ်ပုံထဲက ဝမ်ယွမ်မှာ အောင်မြင်သော လူတစ်ယောက်ဖြစ်ဟန် ရှိသည်။ ထိုကောင်လေးက အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်တတ်ပြီး အထူးသဖြင့် ခေတ်ဆန်ဆန် ဝတ်တတ်ပါသည်။

အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ ဓာတ်ပုံများကို ကြည့်လိုက်ကြသည်။ သူတို့ ပျော်လည်းပျော် စိတ်လည်းပူနေမိကြပါသည်။

သူတို့သားမက်က အလွန်ပြည့်စုံနေလွန်းလှသည်။

သူတို့အရင်က တစ်ခါမှ စိတ်မကူးဖူးပါ။ ဒီလိုလူမျိုးက သူတို့သားမက် ဖြစ်လာနိုင်ပါ့မလား။

သူတို့သမီးက အများကြီးပြောင်းလဲသွားပြီဖြစ်ပြီး မြို့သူတစ်ဦးနှင့် တူနေပြီဖြစ်သော်လည်း သူမတွင် ကျေးရွာအိမ်ထောင်စု စာရင်းသာ ရှိသေးသည်။

ထို့ကြောင့် ဓာတ်ပုံများ ရောက်မရောက် ကျိုးအာ့နီက ဖုန်းဆက်မေးသောအခါ အကြီးဆုံးမရီးက စစ်ဆေးကာ မေးလိုက်သည်။

"သူက အဲ့လိုပါပဲ။ ဓာတ်ပုံနဲ့ အပြင်ကနဲ့ သိပ်ပြီး ခြားနားချက်မရှိဘူး။ ဣန္ဒြေမရတဲ့လူနဲ့ တူတယ်။" ဟု ဖုန်းထဲတွင် ကျိုးအာ့နီက ပြောလိုက်သည်။

သို့သော်လည်း သူမ၏ စကားလုံးများထဲတွင် နီးစပ်မှုကို အကြီးဆုံးမရီး ခံစားမိသဖြင့် သူမပြောချင်သည့်စကားကို ပြန်မျိုသိပ်လိုက်သည်။ "နင့် ဝမ်းကွဲညီမလိုမျိုး မလုပ်ရဘူးနော်၊ နားလည်လား။"

စကားသံ ခေတ္တရပ်သွားပြီးနောက် သူမ ဘာကို ဆိုလိုသလဲ ဆိုတာကို နားလည်သွားသဖြင့် ကျိုးအာ့နီတစ်ယောက် ရှက်သွေးဖြာသွားပါတော့သည်။

All Chapters