ထျန်းယန်မြို့၏ အကြောက်တရား
Vol. 186 Ch. 2650
ရှေးခေတ်အခါမှ လက်နက်ဖန်တီးခြင်းမဟာအင်ပါယာတစ်ပါးဖြစ်သော ထျန်းယန်မဟာအင်ပါယာသည် သူ၏ ခေတ်အခါ၌ လောကတစ်လွှား ကျော်ကြားခဲ့ဖူးသည်။
ဆယ်စုနှစ်များစွာ ကြာပြီးနောက် သူက ဝမ်ရှောင်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ဤလောကသို့ တစ်ဖန် ပြန်ရောက်ရှိလာခဲ့သည်။ ယနေ့ သူ ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးတိုက်ပွဲဖြစ်သည်။ သို့သော် ဤပထမဆုံးတိုက်ပွဲ၌ သူက ပြန်လည်ရောက်ရှိလာသည့် စီဝေ့မဟာအင်ပါယာနှင့် တွေ့ဆုံခဲ့ပြီး သူ့လက်ထဲ၌ သေကြေခဲ့ရလေသည်။
သူ၏ ကံကြမ္မာက လူအများကို ပူဆွေးစေခဲ့သည်။ ၎င်းက ဝမ်းနည်းထိတ်လန့်ဖွယ်ပင် ဖြစ်၏။ သို့သော် သူ၏ ကိုယ်ပိုင်အဆုံးသတ်ကို ရှာဖွေခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလား။
သူက အခြားမည်သည့် ပစ်မှတ်မဆို ရွေးချယ်နိုင်သော်လည်း သူက စီဝေ့ကြယ်ကမ္ဘာကို ရွေးချယ်ခဲ့သည်။ သူကိုယ်တိုင်သည်ပင် စီဝေ့မဟာအင်ပါယာက ထိုကဲ့သို့ နိုးထလာပြီး သူ့အား အဆုံးသတ်ကို တွန်းပို့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထျန်းယန်မဟာအင်ပါယာက စီဝေ့မဟာအင်ပါယာနှင့် တူညီခြင်းမရှိပေ။ ထျန်းယန်မဟာအင်ပါယာက ပြန်လည်မွေးဖွားလာခြင်းဖြစ်ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာ အခြေအနေက အထွတ်အထိပ်တွင် ရှိနေသည်ဟု ပြောနိုင်ပေသည်။ သို့သော် စီဝေ့မဟာအင်ပါယာက မတူညီပေ။ သူ့မှာ ရွေးချယ်ခွင့်ရှိလျှင် ထျန်းယန်မဟာအင်ပါယာသည် စီဝေ့မဟာအင်ပါယာအတူတကွ သေပွဲဝင်ချင်လိမ့်မည် မဟုတ်ပါချေ။
ကံမကောင်းစွာဖြင့် ကျွံပြီးသည့် ခြေလှမ်းကို ပြန်နှုတ်၍ မရခဲ့ပေ။
လေဟာနယ်အတွင်း၌ ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများသည် နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်မှုမှ နိုးထလာကြပြီး ထိုနေရာမှ မသိမသာ ပြန်ဆုတ်ခွာလိုက်ကြသည်။ ယခု ထျန်းယန်မဟာအင်ပါယာက အသတ်ခံလိုက်ရပြီဖြစ်သဖြင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် စီဝေ့မဟာအင်ပါယာက ဒေါသအလျောက် သူတို့ကိုပါ သုတ်သင်ရှင်းလင်းပစ်လိုက်မည် စိုးသဖြင့် မလိုအပ်ဘဲ နှောင့်နှေးမနေရဲပေ။
ဤတစ်ကြိမ်၌ သူတို့ ထွက်သွားသည်မှာ အကောင်းဆုံး ဖြစ်ပေသည်။
ဖျက်ဆီးခြင်းမုန်တိုင်းက တိုက်ခတ်နေဆဲ ဖြစ်ပြီး ထိုကျင့်ကြံသူများသည် မတူညီသော နေရာများသို့ အလျင်အမြန် ပြောင်းရွှေ့သွားခဲ့ငြသည်။ သူတို့က အမှန်တကယ်ပင် အပြေးမြန်လှသည်။
"ပြန်ဆုတ်။"
ထျန်းယန်မြို့သခင်က ဝမ်းနည်းပူဆွေးနေသော်လည်း ယခုက နောင်တရနေရမည့် အချိန်မဟုတ်ပေ။ ယခု အရေးကြီးဆုံးမှာ ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရန် ဖြစ်သည်။
သူတို့က အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး တတ်နိုင်သမျှ မြန်မြန် ထွက်သွားရန် ကြိုးစားခဲ့ကြသည်။ ဤတစ်ကြိမ်၌ ပိုပြီး ဖရိုဖရဲ ဖြစ်နေကာ ယခင်တစ်ကြိမ်ထက် ပိုမို ရှက်စရာကောင်းလှပေသည်။
ရီဖူရှင်းက သူတို့နောက်သို့ လိုက်ဖမ်းခြင်းမရှိပေ။ စီဝေ့မဟာအင်ပါယာက ထျန်းယန်မဟာအင်ပါယာ၏ အသက်ကို အဆုံးသတ်ရန် ထိုပြင်းထန်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်ရန်အတွက် ကောင်းကင်ရှိ ကြယ်များထဲမှ စွမ်းအားများကို အသုံးချဖို့ရာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့ရသည်။ ထိုအားထုတ်မှုကြောင့် စီဝေ့၏ အသိစိတ်စွမ်းအားကို လောင်ကျွမ်းစေခဲ့သည်။ သို့မဟုတ်လျှင် ပြန်လည်ဝင်စားလာသော မဟာအင်ပါယာတစ်ပါးဖြစ်သည့် နတ်ဘုရားလက်နက်အကူအညီနှင့် ထျန်းယန်မဟာအင်ပါယာကို သတ်ပစ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သူသည် ကြယ်များထဲမှ စီဝေ့၏ အသိစိတ်စွမ်းအားက တဖြေးဖြေး ပျောက်ကွယ်နေသည်ကို ခံစားမိပြီး ရှင်းပြ၍မရနိုင်သော ဝမ်းနည်းသည့် ခံစားချက်များနှင့် ပြည့်နှက်လာသည်။ ရီဖူရှင်းက မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ထက်ရှိ နက်နဲသိမ်မွေ့သော ပုံရိပ်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် စီဝေ့မဟာအင်ပါယာက အချိန်နှင့်အမျှ ပိုမို ဝေဝါးလာနေပြီ ဖြစ်သည်။
"ဆရာ။"
ရီဖူရှင်းက ခပ်တိုးတိုး ခေါ်လိုက်သည်။ သူ့အသံက နက်ရှိုင်းကာ ဝမ်းနည်းမှုတို့ စွန်းထင်းနေခဲ့သည်။ သူ၏ လက်ထဲတွင် နတ်ဘုရားလက်နက်ဖြစ်သည့် ကောင်းကင်တူကို ကိုင်ထားသော်လည်း ထိုလက်နက်အတွင်းရှိ မဟာအင်ပါယာ၏ စွမ်းအားက ဖျက်ဆီးခံလိုက်ရပြီဖြစ်သဖြင့် ပြီးပြည့်စုံသည့် သဏ္ဌာန်မဟုတ်တော့ပေ။ စီဝေ့မဟာအင်ပါယာက ၎င်းကို ဖျက်ဆီးပစ်လိုက်၍ မဟုတ်လျှင် သူက ကောင်းကင်တူကို ရယူနိုင်လိမ့်မည် မဟုတ်ပေ။
၎င်းက ပြီးပြည့်စုံသည့် သဏ္ဌာန်မဟုတ်တော့လျှင်ပင် နတ်ဘုရားလက်နက်အဖြစ် ယူဆ၍ ရနိုင်သေးပေသည်။ သူက ၎င်း၏ ခွန်အားကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့လျှင်ပင် နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ခြင်းက သူ့ စွမ်းအားကို သိသိသာသာ တိုးတက်စေပေလိမ့်မည်။
သိသာစွာပင် စီဝေ့မဟာအင်ပါယာက ထိုနတ်ဘုရားလက်နက်ကို တမင် သိမ်းယူ၍ ရီဖူရှင်းအား ပေးခဲ့ခြင်း ဖြစ်သည်။
"ငါက လေဟာနယ်ထဲက တည်ရှိမှုတစ်ခု ဖြစ်နေပြီးသားပါ။ ငါ့ရဲ့ အသိစိတ်စွမ်းအား အပိုင်းအစက ကောင်းကင်ထဲမှာ ရှိတဲ့ ကြယ်တွေနဲ့ ပေါင်းစပ်ပြီး စီဝေ့ကို စောင့်ကြပ်နေခဲ့တာ။ အခု နောက်ဆုံးတိုက်ပွဲအတွက် ပြန်လာဖို့ အခွင့်အရေးရပြီး အနာဂတ်ကို မြင်နိုင်စွမ်းရှိခဲ့တာ စိတ်ကျေနပ်တယ်ဆိုတာထက် ပိုပါတယ်။ ဖူရှင်း ဒီနေ့ရဲ့ စီဝေ့က ဘယ်လိုအခြေအနေရှိနေလဲဆိုတာ ငါ ကိုယ်တိုင် မြင်တွေ့ခွင့်ရအောင် နှိုးပေးခဲ့လို့ ကျေးဇူးတင်တယ်။"
စီဝေ့မဟာအင်ပါယာက တဖြေးဖြေး ပျောက်ကွယ်နေရင်း အပြုံးနှင့် ပြောလိုက်သည်။ ထိုအပြုံးတို့က အမှန်တကယ် နူးညံ့သိမ်မွေ့လှပေသည်။
သူက နိုးထလာပြီးနောက် ဆက်ခံသူအဖြစ် တပည့်တစ်ယောက် လက်ခံခဲ့သည်။ ထို့ကြောင့် စိတ်ကျေနပ်သည်ထက် ပိုကျေနပ်ပေသည်။ ၎င်းက ကောင်းကင်ရှိ ကြယ်များကြား ချိပ်ပိတ်ခံထားရသည်ထက် ပို၍ သာလွန်ကောင်းမွန်သည်။
ပို၍ အရေးကြီးသည်မှာ သူ၏ ထိုတပည့်က သာမန်ရိုးရှင်းသည့် သူမျိုး မဟုတ်ပေ။
အနာဂတ်တွင် စီဝေ့၏ အမည်က မေ့ဖျောက်ခံရလိမ့်မည် မဟုတ်ချေ။
"တပည့်က အရည်အချင်းမပြည့်ပါဘူး။"
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
"မင်း အသက်ထက် ပိုကြီးတဲ့ စီနီယာမျိုးဆက်နဲ့ ယှဥ်ပြိုင်ရတဲ့အခါ မင်းက ဘယ်လို အရည်အချင်း ပြည့်မီနိုင်မလဲ။"
စီဝေ့မဟာအင်ပါယာက မေးလိုက်သည်။
"ပိုပြီးအရေးကြီးတာက ဒီတစ်ခေါက် မင်း ရင်ဆိုင်ရတာ ပြန်လည်မွေးဖွားလာတဲ့ မဟာအင်ပါယာတစ်ပါးနဲ့လေ။ ဒါက မင်း အရည်အချင်း မပြည့်မီတာကြောင့် မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒါက မင်းရဲ့ စွမ်းရည် ဘယ်လောက်မြင့်မားတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပဲ။ ဒါပေမယ့် အနာဂတ်မှာ မင်း တတ်နိုင်သမျှ မြန်မြန် မဟာအင်ပါယာအဆင့်ကို ဝင်ရောက်နိုင်အောင် လုပ်ရမယ်။ အဲဒါမှ အတိတ်နေ့ရက်တွေက လူတွေနဲ့ တွေ့တဲ့အခါ သူတို့ မင်းကို စိန်ခေါ်နိုင်စွမ်းမရှိမှာ။"
"နားလည်ပါပြီ။"
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
"စီဝေ့ကို စောင့်ရှောက်ပါ။"
စီဝေ့မဟာအင်ပါယာက ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးအမှာစကားကို ချန်ရစ်ထားခဲ့သည်။ ထို့နောက် သူ၏ သိမ်မွေ့နက်နဲသော ပုံရိပ်က အဆုံးမဲ့ကြယ်အလင်းတို့အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကြားမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် စီဝေ့မဟာအင်ပါယာ၏ အသိစိတ်စွမ်းအားတို့က ကောင်းကင်အတွင်းရှိ ကြယ်များအားလုံး ကြား၌ပါ ပျောက်ကွယ်သွားသည်ကို ခံစားမိနိုင်ပေသည်။
ရီဖူရှင်းက အနည်းငယ် ဝမ်းနည်းနေခဲ့သည်။ စီဝေ့မဟာအင်ပါယာသည် အချိန်ကာလကြာမြင့်စွာကတည်းက သေဆုံးခဲ့သဖြင့် စိတ်ထဲမထားပုံပေါ်သော်လည်း သူက လောကအတွင်း တစ်စိတ်တစ်ဒေသ တည်ရှိနေခဲ့သေးသည်။ ယခု သူက လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူက ကောင်းကင်အတွင်းမှ ကြယ်များကို လေးလေးနက်နက် အရိုအသေပြုလိုက်သည်။ စီဝေ့မဟာအင်ပါယာက တစ်ရက်တာသာ သူ၏ ဆရာဖြစ်ခဲ့သော်လည်း သူတို့ အချင်းချင်း အချိန်ကြာမြင့်စွာကတည်းက သိလာသကဲ့သို့ပင် ဖြစ်သည်။
ထျန်းယန်မဟာအင်ပါယာက သူ ပြန်လည်ဝင်စားနိုင်ရန် အကွက်ချကြံစည်ခဲ့သော်လည်း စီဝေ့မဟာအင်ပါယာက သူ့လူများအား အမြဲ စောင့်ရှောက်ပေးခဲ့သည်။
ထိုအချိန်တွင် ဟွာဂျီယူသည်လည်း ရီဖူရှင်း၏ ဘေးသို့ ရောက်ရှိလာကာ ကြယ်များကို အရိုအသေပြုလိုက်သည်။ သူ့နောက်တွင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ အတူတကွ ရောက်ရှိလာပြီး လေးစားမှုများစွာဖြင့် အရိုအသေပြုလိုက်ကြသည်။ ကျေးဇူးတင်ရှိမှုက သူတို့၏ နှလုံးသားများထဲမှ တိုက်ရိုက်လာခြင်း ဖြစ်သည်။
ကောင်းကင်ရှိ ကြယ်များအားလုံး၏ အရှင်သခင်အနေနှင့် စီဝေ့မဟာအင်ပါယာက စီဝေ့၏ အမည်ကို ဂုဏ်ယူစေခဲ့သည်။
ထိုအချိန်တွင် စီဝေ့ကြယ်ကမ္ဘာအတွင်းမှ မရေတွက်နိုင်သော ကျင့်ကြံသူများသည်လည်း ဖြစ်ပျက်သွားသည့် အရာအားလုံးကို ခံစားမိလိုက်ကြသည်။ သူတို့က ချက်ချင်းပင် ရပ်တန့်ကာ ကောင်းကင်သို့ အရိုအသေပြု၍ စီဝေ့မဟာအင်ပါယာအား လေးစားစွာ ပို့ဆောင်နှုတ်ဆက်လိုက်ကြသည်။
ယနေ့ စီဝေ့ကြယ်ကမ္ဘာက အလွန် စိတ်ပျက်အားငယ်ဖွယ် အချိန်များထဲ ကျရောက်နေစဥ် စီဝေ့မဟာအင်ပါယာက နောက်ဆုံးတိုက်ပွဲအတွက် ထွက်ပေါ်လာပြီး ထျန်းယန်အား သုတ်သင်ကာ စီဝေ့ကြယ်ကမ္ဘာ ဖျက်ဆီးခံရခြင်းမှ ကယ်တင်ခဲ့သည်။
သူသည် သူ၏ နယ်မြေအား ရီဖူရှင်းထံ လွှဲပြောင်းပေးခဲ့ပြီး သူ့ဆက်ခံသူအဖြစ် အပြည့်အဝ အသိအမှတ်ပြုကာ ယခုမှစ၍ စီဝေ့အား စောင့်ကြပ်စေခဲ့သည်။
လေဟာနယ်အတွင်း တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။ လူတိုင်းက ခေါင်းများကို မော့လိုက်ပြီး သူတို့၏ အကြည့်များက ရီဖူရှင်းထံ ကျရောက်လာသည်။ ယနေ့ပြီးသည့်နောက် စီဝေ့မဟာအင်ပါယာ၏ အသိစိတ်စွမ်းအားက ထပ်မံမတည်ရှိတော့ဘဲ စီဝေ့ကြယ်ကမ္ဘာ၏ ယခင် ကာကွယ်စောင့်ရှောက်သူက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းက ထိုကြီးမားသည့် တာဝန်ကို ပခုံးလွှဲယူရမည့်သူ ဖြစ်ပေလိမ့်မည်။
သူက နတ်ဘုရားလက်နက်ဖြစ်သည့် ကောင်းကင်တူကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ ကောင်းကင်ကို မော့ကြည့်နေရင်း သူ့ခန္ဓာကိုယ်မှ အားကောင်းသည့် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
ထျန်းယန်မဟာအင်ပါယာနှင့် ထျန်းယန်မြို့သခင်တို့က စီဝေ့ကို ဖျက်ဆီး၍ သူ့အား သတ်ဖြတ်ရန် ရောက်လာခြင်း ဖြစ်သည်။ ထျန်းယန်မဟာအင်ပါယာက အသတ်ခံလိုက်ရပြီး ထျန်းယန်မြို့က သူတို့၏ အင်အားအကြီးဆုံးကာကွယ်သူကို ဆုံးရှုံးလိုက်ရသည်။ ယခု သူက ထွက်ပြေးချင်နေသည်လား။
သူက ထွက်ပြေးနိုင်သည်လား။
သူက ဤနေရာမှ အဝေးသို့ ထွက်ပြေးနိုင်လျှင်ပင် ထျန်းယန်မြို့က မည်သို့ထွက်ပြေးနိုင်ပါမည်နည်း။
ရီဖူရှင်းက ပြန်လှည့်ကာ အောက်ဘက်သို့ ဦးတည်လိုက်ပြီး ဟွာဂျီယူက သူ့နောက်မှ လိုက်ပါလာသည်။ အဘက်ဘက်မှ ကျင့်ကြံသူများအားလုံးကလည်း သူတို့နှင့်အတူ စီဝေ့အင်ပါယာနန်းတော်ဘက်သို့ ပြန်လာခဲ့ကြသည်။
မည်သူကမှ စကားမပြောသလို မည်သူကမှလည်း တစ်ခုမှ မမေးခဲ့ပေ။ သို့သော် ရီဖူရှင်းထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်များကို လူတိုင်းခံစားနေကြရသည်။ ထိုသတ်ဖြတ်လိုစိတ်များကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိပေ။
ရီဖူရှင်းသာလျှင် မဟုတ်ဘဲ အခြားကျင့်ကြံသူများထံမှလည်း သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့နေသည်။
ဤတစ်ကြိမ်၌ သူတို့က မည်သည့် ထိခိုက်ဒဏ်ရာရသူမှ မရှိခဲ့သော်လည်း သူတို့၏ ကာကွယ်စောင့်ရှောက်သူဖြစ်သော မဟာအင်ပါယာက ထာဝရပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤသွေးကြွေးကို သွေးဖြင့်သာ ပြန်ပေးဆပ်ရပေမည်။
စီဝေ့အင်ပါယာနန်းတော်အတွင်း နန်းဆောင်ထက်တွင် ရီဖူရှင်းက မတ်တပ်ရပ်နေပြီး သူ့ရှေ့တွင် အစွမ်းထက်ကျင့်ကြံသူများ ရပ်နေခဲ့ပြီး သူ့အမိန့်ကို စောင့်ဆိုင်းနေသည်။
"စီဝေ့အင်ပါယာနန်းတော်ရဲ့ မဟာအကြီးအကဲ၊ ကောင်းကင်အာဏာစက် ခန်းမငါးခုရဲ့ အရှင်ငါးပါး၊ ဝမ်ရှန့်၊ စီဝေ့၊ အာခီမီ၊ ပန်းပဲခန်းမနဲ့ စောင့်ရှောက်သူလေးဦး နားထောင်ပါ။"
ရီဖူရှင်းက အမိန့်ဆန်သည့် အသံနှင့်ဆိုလိုက်သည်။
"မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ပြီးတဲ့ သူတွေအားလုံး ကျုပ်နဲ့အတူ ထျန်းယန်မြို့ကို လိုက်ခဲ့ကြပါ။"
"ကောင်းပါပြီ နန်းတော်သခင်။"
လူတိုင်းက အရိုအသေပေးရင်း နာခံစွာ တုန့်ပြန်လိုက်သည်။
အဝေးရှိ စွန့်ပစ်ခံကလန်က ဆက်လက်စောင့်ကြည့်နေခဲ့သည်။
"စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံသူတွေက ကျုပ်ကိုယ်စား စီဝေ့အင်ပါယာနန်းတော်ကို စောင့်ရှောက်ပေးထားမယ်လို့ ကျုပ် ယုံကြည်တယ်။"
ရီဖူရှင်းက ပြောလိုက်သည်။
"နန်းတော်သခင်ရီ ခင်ဗျား လုပ်စရာရှိတာကို စိတ်ကြိုက်လုပ်နိုင်ပါတယ်။ စွန့်ပစ်ခံကလန်က ခင်ဗျား ပြန်လာမှာကို စောင့်နေပါ့မယ်။"
အကြီးအကဲစစ်ခုန်းက ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တောက်ပသည့် နတ်အလင်းများနှင့်အတူ ကောင်းကင်ဒေသအတွင်း လေးမျက်နှာကျေးရွာသို့ ဦးတည်သည့် ခရီးသွားဝင်္ကပါထံ သွားလိုက်သည်။ ကြောက်မက်ဖွယ်ဖြစ်လာသည် လေဟာနယ်စွမ်းအားက လေဟာနယ်ကို စုတ်ဖြဲကာ အဆုံးမဲ့ လေဟာနယ်အား ထိုးဖောက်ခဲ့သည်။
ရီဖူရှင်းနှင့် သူ၏ အဖွဲ့သားများဖြစ်သည့် အစွမ်းထက် ကျင့်ကြံသူတို့က လက်စားချေရန်အတွက် ကောင်းကင်ဒေသသို့ ခရီးနှင်ရန် စီဝေ့အင်ပါယာနန်းတော်မှ ထွက်ခွာသွားခဲ့ပေသည်။
…
ထျန်းယန်မြို့တွင် ထျန်းယန်မြို့သခင်က အခြားသော ကျင့်ကြံသူများနှင့်အတူ ပြန်ရောက်လာခဲ့သည်။
မြို့တော်သခင်၏ အိမ်တော်ရှိ လူများနှင့် ထျန်းယန်မြို့အတွင်းမှ အခြားကျင့်ကြံသူများသည် သိပ်မကြာခင် ပြန်ရောက်လာသော လူများကို သတိပြုမိသည့်အခါ ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့က မကြာသေးခင်ကမှ စီဝေ့ကြယ်ကမ္ဘာအား တိုက်ခိုက်ရန် ထွက်သွားခြင်း မဟုတ်ပါလား။
သူတို့က အချိန်မယူရဘဲ လုပ်ဆောင်ရမည့် တာဝန်ကို ပြီးမြောက်သွားခဲ့ခြင်း ဖြစ်နိုင်သလား။
မည်သူမှ မသိသည်မှာ ထျန်းယန်မြို့သခင် ပြန်ရောက်လာပြီးနောက် ပထမဆုံး လုပ်ဆောင်သည့်အလုပ်မှာ ဒုတိယကပ်ဘေးအဆင့် နတ်ဘုရားလက်နက်များကဲ့သို့ အစွမ်းထက်လက်နက်များနှင့် မြို့သခင်အိမ်တော်အတွင်း ရနိုင်သမျှ အရင်းအမြစ်များအားလုံးကို စုစည်းခဲ့ခြင်း ဖြစ်သည်။ သူက ၎င်းတို့ကို မြို့သခင်အိမ်တော်အတွင်း အခြားကျင့်ကြံသူများကို လွှဲပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက ထျန်းယန်မြို့အတွင်းမှ ထိပ်သီးကျင့်ကြံသူများအားလုံးကို အစည်းအဝေးအတွက် မြို့သခင်အိမ်တော်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။
ထိုကဲ့သို့ သတင်းက ချက်ချင်းပင် ထျန်းယန်မြို့အတွင်း ပေါက်ကွဲထွက်လာစေသည်။
မကြာခင်၌ စီဝေ့ကြယ်ကမ္ဘာသို့ သွားခဲ့သည့် ခရီးစဥ်အတွင်း ဝမ်ရှောင်၏ ခန္ဓာကိုယ်၌ ပြန်လည်မွေးဖွားခဲ့သော ထျန်းယန်မဟာအင်ပါယာက အသတ်ခံခဲ့ရသည်ဟူသော သတင်း ထွက်ပေါ်လာသည်။ စီဝေ့မဟာအင်ပါယာက ပြန်လည်ရောက်ရှိလာပြီး ထျန်းယန်မဟာအင်ပါယာကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထျန်းယန်မြို့သည် မဟာအင်ပါယာ၏ ကာကွယ်စောင့်ရှောက်မှုကို ထာဝရဆုံးရှုံးသွားခဲ့ပြီဖြစ်ပြီး ထျန်းယန်မြို့သခင်အိမ်တော်၌လည်း မဟာအင်ပါယာ၏ စွမ်းအားမတည်ရှိတော့ပေ။
ဤအဖြစ်အပျက် အလှည့်အပြောင်းမှ အကျိုးဆက်က ခန့်မှန်းရန်မခက်ပေ။ ရှေးဟောင်းနတ်ဘုရားကလန်များကြား၌ ထျန်းယန်မြို့၏ ဂုဏ်ကျက်သရေက ကျဆင်းသွားရတော့မည် ဖြစ်သည်။
သို့သော် ဤသည်မှာ သူတို့ရင်ဆိုင်ရမည့် အပြင်းထန်ဆုံး အခြေအနေ မဟုတ်သေးပေ။ ထျန်းယန်မြို့၏ လက်နက်ပြုလုပ်ခြင်းအင်အားကို အခြေခံလျှင် မည်သူကမှ လက်နက်ဖန်တီးနိုင်သည့် ကလန်ကို ဖျက်ဆီးပစ်ချင်လိမ့်မည် မဟုတ်သည့်အတွက်ကြောင့် ကောင်းကင်ဒေသ၏ ထိပ်တန်းအင်အားစုတစ်ခုအဖြစ် ရပ်တည်နိုင်နေဆဲ ဖြစ်သည်။ ၎င်းပညာရပ် တန်ဖိုးက အလွန် မြင့်မားလှပေသည်။
သူတို့အတွက် အကြီးမားဆုံးအန္တရာယ်မှာ စီဝေ့ကြယ်ကမ္ဘာမှ ရီဖူရှင်း ဖြစ်သည်။
ယခင်က ဟောက်ထျန်းကလန်မှ သတ်ဖြတ်မိန့်ထုတ်ပြန်ခဲ့သည့်အခါ ရီဖူရှင်းက မုန်တိုင်းထန်စေခဲ့သည်။ ယခု မဟာအင်ပါယာ၏ ကာကွယ်ပေးမှုမရှိဘဲနှင့် ဗုဒ္ဓရောင်ဝါခြေလှမ်းတွင် ကျွမ်းကျင်သော ရီဖူရှင်းကို ထျန်းယန်မြို့က မည်သို့ခုခံကာကွယ်နိုင်ပါမည်နည်း။
ရီဖူရှင်းတစ်ယောက်တည်းနှင့် ထျန်းယန်မြို့ကို အထက်အောက်လှန်ပစ်နိုင်ပေသည်။
နောက်ထပ် မည်သည်တို့ ဆက်ဖြစ်လိမ့်မည်နည်း။
မြို့သခင်အိမ်တော်အတွင်း ထျန်းယန်မြို့သခင်က စီဝေ့ကြယ်ကမ္ဘာကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် အခြားရှေးဟောင်းနတ်ဘုရားကလန်များကို အကူအညီတောင်းခဲ့သည်။ အားလုံးသော ရှေးဟောင်းနတ်ဘုရားကလန်များက ထျန်းယန်မြို့၏ အကူအညီတောင်းမှုကို လက်ခံသဘောတူခဲ့သော်လည်း မည်သူကမှ သူတို့ထံ တပ်ကူများမပို့ပေးခဲ့ပေ။
ယနေ့ ထျန်းယန်မြို့က အလွန် အန္တရာယ်များနေခဲ့ပြီ ဖြစ်သည်။ မည်သူကမှ သူတို အသက်များကို စွန့်စားရန် ဆန္ဒမရှိကြပေ။ သူတို့က ရီဖူရှင်း နောက်ထပ် မည်သည့်ခြေလှမ်းလှမ်းမည်ကို အချိန်တစ်ခုထိ စောင့်ကြည့်ရန် စီစဥ်ထားပေသည်။
မြို့သခင်အိမ်တော်၏ အဓိကခန်းမအပြင်ဘက်ရှိ တစ်စုံတစ်ယောက်က ထျန်းယန်မြို့သခင်ကို မေးလိုက်သည်။
"မြို့သခင် ကျုပ်တို့ ထျန်းယန်မြို့ကို လက်လျှော့သင့်လား။"
ထိုစကားလုံးများကို ကြားသည့်အခါ လူတိုင်းက အတော်လေး ရှက်ရွံ့သွားကြသည်။ ထျန်းယန်မြို့၏ အမည်က ကောင်းကင်ဒေသ၏ နယ်မြေများတလျှောက် ကျော်ကြားသော်လည်း ယခု ကြောက်တတ်သည့် ကြွက်ကလေးနှင့် အလားသဏ္ဌာန်တူနေသည်။ သူတို့က ထျန်းယန်မြို့အား လက်လျှော့ရန်ပင် ဆုံးဖြတ်နေခဲ့၏။
ထျန်းယန်မြို့သခင်က ထိုသို့ပြောလာသည့်သူကို အေးစက်သည့်အကြည့်နှင့် ကြည့်ကာ ပြောလိုက်သည်။
"ထျန်းယန်မြို့ရဲ့ ဂုဏ်သိက္ခာကို မမေ့နဲ့။"
ထျန်းယန်မြို့က နှစ်ပေါင်းများစွာ အထွတ်အထိပ်၌ ရပ်တည်ခဲ့ပြီး ခမ်းနားထည်ဝါသည့် သမိုင်းကြောင်းရှိသည်။ မည်သည့်အခါ၌ဖြစ်စေ ထျန်းယန်မြို့က လက်နက်ပြုလုပ်ခြင်း၌ နံပါတ်တစ်ဖြစ်ကာ ဂုဏ်သိက္ခာကြီးမားသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ယခင်က သူတို့သည် ကောင်းကင်ဒေသအတွင်း လက်နက်ပြုလုပ်ခြင်းပြိုင်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ကောင်းကင်ဒေသရှိ အားလုံးသော ထိပ်သီးအင်အားစုများက အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ ဒွန်ဟောင်အင်ပါယာနန်းတော်သည်ပင် ပါဝင်ရန်အတွက် တမန်စေလွှတ်ပေးခဲ့ပြီး မင်းသမီးဒွန်ဟောင်တိယွမ်က ကိုယ်တိုင်ရောက်ရှိလာခဲ့သည်။
ယခု သူတို့က ထျန်းယန်မြို့ကို စွန့်ပစ်ကာ ထွက်ပြေးရမည်လား။
၎င်းက မည်မျှ အရှက်ကင်းမဲ့ရာကျလိမ့်မည်နည်း။
ထို့ပြင် သူတို့က ထွက်သွားခဲ့လျှင်ပင် မည်သည့်နေရာသို့ သွားနိုင်မည်နည်း။ သူတို့က ထာဝရ ပုန်းကွယ်နေထိုင်နိုင်ကြမည်လား။
"ဝမ်မိသားစု တပည့်တွေက ဘယ်အချိန်ကစပြီး ဒီလို ငကြောက်တွေ ဖြစ်သွားတာလဲ။"
ရှေးဟောင်းနန်းတော်တစ်ခုမှ အေးစက်သည့် အသံထွက်ပေါ်လာကာ ကျင့်ကြံသူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။ သူတို့သည် ထျန်းယန်မြို့သခင်ထက်ပင် ပို၍ အစွမ်းထက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့် စီနီယာအကြီးအကဲတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရပေသည်။