← Chapters

ချပ်ဝတ်လက်နက်နံပါတ် ၁ ပညာရှင်၏သေဆုံးခြင်း

Vol. 186 Ch. 2652

ချပ်ဝတ်လက်နက်နံပါတ် ၁ ပညာရှင်၏သေဆုံးခြင်း

Vol. 186 Ch. 2652

ဒူးထောက်ရမည်လား။

ထျန်းယန်မြို့သခင်ကဲ့သို့သော အဆင့်အတန်းနှင့် တစ်စုံတစ်ယောက်က မည်သို့ ရီဖူရှင်းရှေ့၌ ဒူးထောက်နိုင်ပါမည်နည်း။

ဝမ်ကျန်းက ခေါင်းမော့ကာ လေထဲ၌ ရှိနေသည့် ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ့ မျက်လုံးများထဲ၌ ဒေါသတို့ ရှိ​နေခဲ့၏။ သူက ​အေးစက်စွာ ပြောလိုက်သည်။

"ကျုပ်က ကောင်းကင်ဒေသထဲက ထိပ်တန်းလက်နက်ဖန်တီးသူမိသားစုရဲ့ ခေါင်းဆောင်ပဲ။ ရီဖူရှင်း မင်း ရဲတင်းလွန်းတယ်။"

ရီဖူရှင်းက ပြန်ဖြေရန် အလုပ်ရှုပ်ခံမနေပေ။ သူက ထျန်းယန်မြို့သခင်အား တစ်ချက်မျှသာ ကြည့်လိုက်ပြီး နတ်ဘုရားတစ်ပါးကဲ့ ရပ်နေရင်း လက်ထဲရှိ ကောင်းကင်တူကို မြှောက်လိုက်သည်။

ထျန်းယန်မြို့သခင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ အသံတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်တူက ထျန်းယန်မြို့သခင်၏ အနောက်ဘက်တွင် ရှိသည့် ထျန်းယန်မြို့သခင်အိမ်တော်အတွင်း တိုက်ရိုက်ကျဆင်းလာသည်။

ဘန်း...

ချက်ချင်းပင် ကျယ်ပြောလှသည့် နေရာအတွင်းမှ ရှေးဟောင်းခန်းမများအားလုံး မြေပေါ်သို့ ပြိုကျလာခဲ့ပေသည်။ မြို့သခင်အိမ်တော်အတွင်းမှ ကျင့်ကြံသူများစွာက ထိတ်လန့်တကြားအော်ဟစ်လိုက်ကြပြီး အချို့မှာ ငိုကြွေး၍ပင်နေကြသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအင်လှိုင်းများအောက်တွင် မရေတွက်နိုင်သည့် လူများက နေရာ၌ပင် အသတ်ခံလိုက်ကြရသည်။

ဘုန်း...

ထျန်းယန်မြို့သခင်ထံမှ ကြောက်မက်ဖွယ် ဒေါသလှိုင်းတို့ ပေါက်ကွဲထွက်လာသည်။ သူ့အပြင် အခြားသော ထိပ်သီးပုဂ္ဂိုဘ်များသည်လည်း မဟာလမ်းစဥ်အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင်လည်း ဒေါသများနှင့် ပြည့်နှက်နေကာ သွေးရောင်လွှမ်းသည့် အလင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

"ခင်ဗျား မှတ်မိသေးလား။ အရင် ခင်ဗျား ကောင်းကင်အာဏာစက်ဘုံကနေ ထွက်သွားခဲ့တုန်းက ထွက်မသွားခင်မှာ ဒေါသအလျောက် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လက်ဝါးရိုက်ချက်တစ်ချက်နဲ့ ဖျက်ဆီးပစ်ခဲ့တာလေ။"

ရီဖူရှင်းက အောက်ဘက်၌ ရှိနေသော ထျန်းယန်မြို့သခင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျား ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပေးခဲ့တဲ့ အရာအားလုံးကို ကျုပ် ပြန်ပေးနေတာ။"

ထျန်းယန်မြို့သခင်က အနောက်ဘက်သို့ ခေါင်းလှည့်ကာ တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲ၌ ဒေါသနှင့် စိတ်ပျက်အားငယ်ခြင်းတို့အပြင် နာကျင်မှုတို့ ရှိနေခဲ့သည်။

သူသည် ရီဖူရှင်းအား နတ်ဘုရားရုပ်ကြွင်းကို လက်လွှဲပေးရန် တောင်းဆိုဖို့ရာ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ သွားခဲ့စဥ်အချိန်ကို သတိရလိုက်သည်။ သူ၏ တောင်းဆိုချက်က ငြင်းပယ်ခံလိုက်ရသည့်အတွက် သူ့လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖြိုချပစ်ခဲ့သည်။ ထိုအချိန်တွင် သူသည် ရီဖူရှင်းက တစ်နေ့၌ ထျန်းယန်မြို့ကောင်းကင်ထက် ရပ်ကာ ထျန်းယန်မြို့သခင်အိမ်တော်ကို ထိုကဲ့သို့ တူညီသည့်အရာမျိုး လုပ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ထိုအချိန်က သူ၏ အမြင်တွင် ရီဖူရှင်းဆိုသည်မှာ အင်းဆက်တစ်ကောင်ထက်မပိုသည့်အတွက် သူ မည်သို့တွေးသည်ဖြစ်စေ အရေးမကြီးဟု မှတ်ယူထားခဲ့သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးပစ်ခြင်းက အရေးမပါသည့် အရာမျှသာဖြစ်ပြီး ကောင်းကင်ဒေသအတွင်း ထိပ်တန်းလက်နက်ဖန်တီးသည့် နယ်မြေအဖြစ် ကျော်ကြားသော အင်အားစုကို ဦးဆောင်သူတစ်ယောက်အတွက် အရေးစိုက်ရန်ပင် မလိုအပ်သော အကြောင်းအရာဖြစ်သည်။

သူ နောင်တရခဲ့သလား။

သူ နောင်တရလျှင်ပင် မည်သည့်အသုံးဝင်မှုရှိပါမည်နည်း။ သူ လုပ်ခဲ့သမျှ အရာအားလုံးက ထျန်းယန်မြို့ကို ပျက်စီးစေမည့် ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာမည်ကို သိခဲ့လျှင် သူ မည်သည့်အခါမှ ထိုကဲ့သို့ လုပ်ခဲ့လိမ့်မည် မဟုတ်ပေ။

"ဒူးထောက်။"

ရီဖူရှင်းက ခေါင်းငုံ့ကာ ကြည့်လိုက်ပြီး ထျန်းယန်မြို့သခင်ကို ဆက်လက်ဖိအားပေးလိုက်သည်။

ခရက်...

ထျန်းယန်မြို့သခင်က လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး သူ့ထံမှ ကြောက်မက်ဖွယ်ဖြစ်လာသည် အရှိန်အဝါတို့ ထိုးထွက်လာသည်။ သို့သော် သူက ဒေါသထွက်နေလျှင်ပင် မည်သို့လုပ်နိုင်ပါမည်နည်း။

ယနေ့တွင် သူတို့က ထိန်းချုပ်၍မရနိုင်သော အခြေအနေအတွင်း ကျရောက်နေခဲ့သည်။

ပြီးသွားပြီ။ အဝေးမှ ကြည့်ရှုနေသည့် လူများက တွေးလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် အရာအားလုံးက အစစ်အမှန်မဟုတ်သကဲ့သို့ ခံစားခဲ့ကြရသည်။ တစ်ချိန်က ထျန်းယန်မြို့သည် အလွန် ခမ်းနားထည်ဝါကာ အစွမ်းထက်လှသော မည်သည့်အခါမှ ဖျက်ဆီးခံရမည်မဟုတ်သည့် ထာဝရသန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေမည်ဟု တွေးထင်ခဲ့ကြသည်။ အဆုံးမှာတော့ ထျန်းယန်မြို့မှာ ကောင်းကင်ဒေသအတွင်းမှ ထိပ်တန်းလက်နက်ဖန်တီးသည့်အင်အားစုတစ်ခု ဖြစ်ပေသည်။ သူတို့ မည်သို့ ဖျက်ဆီးခံရနိုင်ပါမည်နည်း။

သို့သော် ယခုတွင် ထျန်းယန်မြို့သခင်အိမ်တော်က အဆုံးသတ်ကို ကြုံကြိုက်ရတော့မည် ဖြစ်၏။

ထိုအချိန်တွင် ကောင်းကင်ထက်မှ နတ်အလင်းတစ်ခု ကျဆင်းလာပြီး ၎င်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပျံ့နှံ့နေသည်။ လူအများက သူတို့၏ ခေါင်းများကို မော့ကာ ထိုနေရာသို့ ကြည့်လိုက်ကြသည်။

မည်သူရောက်လာခြင်းဖြစ်သနည်း။

တပ်ကူများ ရောက်လာခြင်း ဖြစ်နိုင်သလား။

ထျန်းယန်မြို့သခင်သည်လည်း ထိုနေရာသို့ မျှော်ကြည့်လိုက်ပြီး ကျင့်ကြံသူများစွာက နတ်အလင်းများနှင့်အတူ ကောင်းကင်၌ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

"ကောင်းကင်ဒေသ အင်ပါယာနန်းတော်က တစ်စုံတစ်ယောက်ပဲ။"

"နယ်မြေသခင်အိမ်တော်က နယ်​မြေသခင်။"

ရောက်ရှိလာသည့်လူများကြားတွင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ထျန်းယန်နယ်မြေသခင်အိမ်တော်မှ ကျင့်ကြံသူများ ပါဝင်သည်။ ရောက်ရှိလာသူများကြားတွင် ထျန်းယန်နယ်မြေသခင်အိမ်တော်မှ နယ်မြေသခင်လည်း ပါသည်။

ထျန်းယန်မြို့သခင်သည် ယခင်က သူတို့အား အကူအညီ တောင်းခံခဲ့ဖူးသည်။

သူ့ထံ၌ ရွေးချယ်စရာ မရှိတော့သောကြောင့်သာ မဟုတ်ပါလျှင် ထျန်းယန်မြို့သခင်က ထိုသို့ လုပ်ဆောင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူသည် ဤတစ်ကြိမ်က အလွန် အန္တရာယ်များသည့်အတွက်ကြောင့် သူ တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မေးခွန်းမှာ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် နယ်မြေသခင်အိမ်တော်က မြို့သခင်အိမ်တော်ကို ဖျက်ဆီးခံရခြင်းမှ ကယ်တင်နိုင်မည်လား ဟူသည်ပင် ဖြစ်၏။

"ရီဖူရှင်း။"

အသံတစ်ခုက ခေါ်လိုက်သည်။ ကောင်းကင်ထက်မှ ကျင့်ကြံသူတစ်ယောက်က ရှေ့တိုးလာသည်။ သူ၏ ခန္ဓာကိုယ်ကို တောက်ပသော နတ်အလင်းများနှင့် လွှမ်းခြုံထားပြီး ထက်ရှသော အရှိန်အဝါတို့ ရှိသည်။ ထိုသူမှာ အခြားမဟုတ်ဘဲ လှံအင်ပါယာတုယွီ ဖြစ်လေသည်။

"ဒါ ခင်ဗျားနဲ့ မဆိုင်ဘူး။"

တုယွီက ထပ်မပြောရသေးခင် ရီဖူရှင်း၏ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။ ရီဖူရှင်းက သူ့အား ကြည့်ပင်မကြည့်ခဲ့ဘဲ ဆက်ပြောလိုက်သည်။

"ဒါက စီဝေ့ကြယ်ကမ္ဘာနဲ့ ထျန်းယန်မြို့ကြားက ကိုယ်ရေးကိုယ်တာကိစ္စပဲ။"

တုယွီက ထိုကိစ္စနှင့် ပတ်သတ်၍ မပျော်မရွှင် ဖြစ်သွားသော်လည်း တစ်ချိန်က သူ၏ ဂျူနီယာ​ဖြစ်ခဲ့သော ထိုလူငယ်လေးက သူပင် လိုက်မမီတော့လောက်အောင် ခုန်ပျံကျော်လွှားကာ တိုးတက်လာသည်ကို သူ ဝန်ခံရပေလိမ့်မည်။ ရီဖူရှင်းသည် ထိုမျှ အထင်ကြီးဖွယ် တိုးတက်မှုနှင့် ပို၍ ကြောက်မက်ဖွယ်ဖြစ်လာသည် တိုက်ပွဲစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူ ရီဖူရှင်းကို ပြန်တွေ့သည့်အချိန်တိုင်း ရီဖူရှင်း၏ ကျင့်ကြံခြင်းက ခုန်ပေါက်ကာ တိုးတက်နေခဲ့သည်။

"ထျန်းယန်မြို့က ကောင်းကင်ဒေသထဲက အင်အားစုတစ်ခုပဲ။ ရီဖူရှင်း ကောင်းကင်ဒေသမှာ ရှိနေတုန်း ကိုယ့်ကိုယ်ကိုယ်အတွက် လွတ်လမ်းတစ်ခုလောက် ချန်ထားသင့်တယ်။"

ထျန်းယန်နယ်မြေသခင်က သတိပေးလိုက်သည်။ မကြာသေးခင်က ထျန်းယန်မြို့သည် နတ်ဆိုးလောကနှင့် တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး ဝမ်ရှောင်က တောက်ပသည့် စစ်သည်တော်တစ်ဦး ဖြစ်ခဲ့သည်။

ထို့ကြောင့် ထျန်းယန်မြို့က သူတို့ထံ အကူအညီတောင်းခံလာသည့်အခါ ငြင်းပယ်ရန် အကြောင်းပြချက်ရှာမရခဲ့ပေ။

"ကောင်းပြီလေ။"

ရီဖူရှင်းက ထျန်းယန်နယ်မြေသခင်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ သူ့လက်ထဲမှ ကောင်းကင်တူက နတ်အလင်းတို့နှင့် တောက်ပလာပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာသည်။ သူက ပြောလိုက်၏။

"ထျန်းယန်မြို့သခင်အိမ်တော်ကို ကယ်တင်နိုင်မယ်လို့ ထင်တဲ့ ဘယ်သူမဆို စိတ်ကြိုက်စမ်းကြည့်နိုင်တယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူက အောက်ဘက်၌ ရှိနေသည့် ထျန်းယန်မြို့သခင်ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

"စီဝေ့အင်ပါယာနန်းတော်က လူတွေကို အမိန့်ပေးမယ်။ ဆန္ဒရှိသလိုသာ သတ်ပစ်။"

"ကောင်းပါပြီ နန်းတော်သခင်။"

သူတို့အားလုံးက အမိန့်ကို လက်ခံလိုက်ပြီး ထျန်းယန်မြို့သခင်အိမ်တော်သို့ တစ်ချိန်တည်း ဦးတည်လိုက်ကြသည်။ ကျင့်ကြံသူတိုင်းက နတ်ဘုရားကပ်ဘေးအဆင့်၏ ကြောက်မက်ဖွယ် အရှိန်အဝါတို့ လွှမ်းခြုံထားသည်။

ထျန်းယန်မြို့သခင်အိမ်တော်အတွင်း အစွမ်းထက် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာ၏။ သူတို့သည် တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် အရှိန်အဝါတို့က အဆက်မပြတ် ပေါက်ကွဲထွက်လာနေပြီး ထျန်းယန်မြို့မှ ထိပ်သီးကျင့်ကြံသူများက ဖြစ်လာတော့မည့် တိုက်ပွဲအတွက် ကောင်းကင်သို့ တက်သွားခဲ့သည်။

"ဟမ့်..."

သခင်ချန်က အေးစက်စွာ သရော်လိုက်ရင်း သူ့လက်ထဲမှ ကြယ်နှင်တံကို ရှေ့သို့ ညွှန်ပြလိုက်သည်။ ရုတ်တရက် အလွန် ပြင်းထန်သည့် ချုပ်ကိုင်လွှမ်းမိုးနိုင်သော စွမ်းအားတို့က မြို့သခင်အိမ်တော်တစ်ခွင်လုံးပေါ် ကျရောက်လာသည်။ လေဟာနယ်အတွင်းမှ တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး လူအများသည် သူတို့ကို လှုပ်ရှားပင် မရနိုင်စေလောက်သည့် ဖိနှိပ်ခြင်းစွမ်းအားနှင့် ရင်ဆိုင်နေရသည်ကို ခံစားမိလိုက်သည်။

ချန်ယိ၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားပေသည်။ ထိုအလင်းတန်းက ခန္ဓာကိုယ်တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ချက်ချင်းပင် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များက အလင်းတန်းဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များက ပျောက်ကွယ်လာပေသည်။

ဟွာဂျီယူက သူမ၏ စိတ်စွမ်းအားကို အသုံးပြုလိုက်လျှင် ကျင့်ကြံသူများစွာက ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်များက ကျောက်ရုပ်ကဲ့သို့ ဖြစ်လာသည်ကို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များနှင့် လောင်ကျွမ်းနေခဲ့သည်။ ထျန်းယန်မြို့မှ ရီဖူရှင်းအပေါ် လုပ်ဆောင်ခဲ့သည့် အရာအားလုံးက ခွင့်လွှတ်၍ မရနိုင်အောင်ပင် ဖြစ်သည်။

မျက်မ​မြင်ထျယ်၊ ဖန်းစွင်နှင့် အခြားကျင့်ကြံသူများသည်လည်း သိုးအုပ်ကို အရေခွံဆုတ်နေသည့် ကျားများကဲ့သို့ တိုက်ပွဲအတွင်း ပါဝင်လာကြသည်။ ထိုကဲ့သို့ အကြွင်းမဲ့ ခွန်အား ကွာခြားမှုကြောင့် မြို့သခင်အိမ်တော်မှ ကျင့်ကြံသူများအနေနှင့် သူတို့ကို ရပ်တန့်နိုင်ရန် နည်းလမ်းမရှိခဲ့ပေ။ တိုက်ခိုက်မှုက လုံးဝ တစ်ဖက်သတ်ပင် ဖြစ်လေသည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ မကြာခင်၌ ပထမနတ်ဘုရားကပ်ဘေးအဆင့်မှ ကျင့်ကြံသူများ စတင် အသတ်ခံလာရသည်။

ရီဖူရှင်းက မလှုပ်ရှားဘဲ ရပ်နေခဲ့ပြီး အခြေအနေကို စူးစမ်းလေ့လာနေသည်။ သူက နတ်ဘုရားလက်နက်ဖြစ်သည့် ကောင်းကင်တူကို ကိုင်ဆောင်ကာ ထိုနေရာတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေခဲ့သည်။ ထျန်းယန်မြို့သခင် ဝမ်ကျန်းသည် သူ့အထက်၌ ရစ်ဝဲနေသော ချုပ်ကိုင်လွှမ်းမိုးနိုင်သည့် စွမ်းအားကြောင့် မလှုပ်ရှားရဲသည်မှာ ရှင်းလင်းပေသည်။

သူ လှုပ်ရှားမှုပြုလုပ်လိုက်သည်နှင့် ရီဖူရှင်းက ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။

ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ထျန်းယန်နယ်မြေသခင်အိမ်တော်သည်လည်း သူတို့ရှေ့၌ ဖြစ်ပျက်​နေသည်များကို စောင့်ကြည့်နေခဲ့ပြီး မကျေမနပ် ဖြစ်နေကြသည်။ ရီဖူရှင်းက သူတို့ကို လျစ်လျူရှုကာ ထျန်းယန်မြို့သခင်အိမ်တော်ကို ရှင်းလင်းရန် သွားခဲ့သည်။

တစ်စုံတစ်ယောက်က မြို့သခင်အိမ်တော်ကို ကယ်တင်နိုင်ပါလျှင် သူတို့လုပ်ရန်လိုသည်မှာ တိုက်ရိုက်လှုပ်ရှားမှုပြုရန်သာဖြစ်သည်။ ဆိုလိုသည်မှာ သူတို့စတင်တိုက်ခိုက်သည်နှင့် ရီဖူရှင်းကလည်း ထိုတိုက်ခိုက်မှုတွင် ပါဝင်လိမ့်မည် ဖြစ်သည်။ သူ့အတွက် မည်သည့်အရာကမှ အရေးမကြီးပေ။

ယနေ့ ထျန်းယန်မြို့အတွင်း ထျန်းယန်မြို့သခင်အိမ်တော်၏ အဆုံးသတ်က ဖျက်ဆီးခံရခြင်းသာ ဖြစ်ပုံရလေသည်။

မြို့သခင်အိမ်တော် အောက်ဘက်ရှိ ကျင့်ကြံသူများက အတော်လေး စိတ်ဓာတ်ကျနေကြသည်။ သူတို့သည် လွတ်မြောက်ရန် လမ်းဟူ၍ မမြင်ဘဲ သေခြင်းနှင့် အဆုံးသတ်ရုံသာ ရှိတော့ပုံရသည်။

"မြို့သခင်။"

တစ်စုံတစ်ယောက်က ခေါ်လိုက်သည်။ သူတို့၏ မျှော်လင့်ချက်များကို မြို့သခင်ပေါ်၌ ပုံအပ်ထားနေကြဆဲ ​ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်၌ ဝမ်ကျန်းက မည်သို့ လုပ်နိုင်မည်နည်း။ သူသည် သူ လုပ်နိုင်သည့်အရာ မည်သည်မှမရှိသည်ကို မုန်းတီးမိပေသည်။

ကောင်းကင်ဒေသ အင်ပါယာနန်းတော်မှ စေလွှတ်လိုက်သည့် တမန်များသည်ပင် ထိုကဲ့သို့ ထိရောက်သည့် ဟန့်တားမှုမျိုး မလုပ်နိုင်ကြပေ။

"မင်း ကျုပ်တို့အားလုံးကို သတ်ပစ်မှာလား။"

ထျန်းယန်မြို့သခင်က ရီဖူရှင်းကို မော့ကြည့်ကာ မေးလိုက်သည်။ သူက ခေါင်းလှည့်မကြည့်ခဲ့သော်လည်း သေဆုံးသွားသည့် လူတိုင်းကို ခံစားသိရှိပေသည်။ ထျန်းယန်မြို့၏ မျှော်လင့်ချက်ဖြစ်သော ထိုထိပ်သီးကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် အဆုံးသတ်သွားခဲ့ကြပြီ ဖြစ်သည်။

"ဒူးထောက်။"

ရီဖူရှင်းက ခေါင်းငုံ့ကာ အောက်ဘက်မှ ထျန်းယန်မြို့သခင်ကို ကြည့်ကာ ပြောလိုက်သည်။ သူက ထိုစကားတစ်ခွန်းကို ပြောနေဆဲ ဖြစ်သည်။ ထိုအေးစက်ကာ အကြင်နာကင်းမဲ့သည့် အသံက ထျန်းယန်မြို့သခင်အား အေးစိမ့်မှုကို ခံစားမိစေခဲ့သည်။

သူက သူလိုချင်သည့် အဖြေကို မရနိုင်ခဲ့ပေ။ ရီဖူရှင်းက သူ့ကို အညံ့ခံစေချင်နေသည်။

သူ၏ နှလုံးသားထဲ၌ ဒေါသနှင့် ဝမ်းနည်းပူဆွေးမှုတို့ကို ခံစားလိုက်ရသော်လည်း ထျန်းယန်မြို့အတွင်း လူများက ဆက်တိုက် အသတ်ခံနေရဆဲ ဖြစ်သည်။ သူက ဒူးမထောက်ဘဲ တင်းခံနေလျှင် သတ်ဖြတ်မှုက ရပ်တန့်လိမ့်မည် မဟုတ်ပေ။

သို့သော် သူ ဒူးထောက်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

ရီဖူရှင်းက ထျန်းယန်မြို့သခင်အိမ်တော်ကို ချမ်းသာပေးလိမ့်မည်လား။

"ဒီနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အရာအားလုံးက ကျုပ် လုပ်ဆောင်ခဲ့တာတွေပါ။ ကျုပ် ဒူးထောက်ရင် သူတို့ကို လွှတ်ပေးနိုင်မလား။"

ထျန်းယန်မြို့သခင်က မေးလိုက်သည်။ အဆုံးမှာတော့ သူက ထျန်းယန်မြို့၏ ဝမ်ကလန်အား သူ့​စောင့်ကြည့်မှုအောက်၌ အဆုံးသတ်မသွားစေချင်ခဲ့ပေ။

သူ့အတွက်မှာ ဤအခြေအနေမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်ဟု တွေးထင်မထားပေ။ ရီဖူရှင်း၏ အပြုအမူများမှ ဆုံးဖြတ်ရလျှင် သူ့အား သက်ညှာပေးရန်မှာ မဖြစ်နိုင်ချေ။

ယခုထိတိုင် ရီဖူရှင်းက သူ့အား တုန့်ပြန်ခြင်းမရှိဘဲ ဆက်လက်စိုက်ကြည့်နေခဲ့သည်။ သူသည် ရီဖူရှင်းထံမှ မည်သည့် ကတိစကားမှ မရရှိခဲ့ပေ။

ဝမ်ကျန်းသည် သူ့တွင် ညှိနှိုင်းနိုင်သော မည်သည့် အခြေအနေမှ မရှိကြောင်း သတိပြုမိလိုက်သည်။

ထျန်းယန်မြို့သခင်အိမ်တော် တစ်ခုလုံး၏ ကံကြမ္မာက ရီဖူရှင်း လက်ထဲ၌ ရှိပေသည်။ သူတို့က မည်သည့်အခြေအနေအကြောင်း ပြောနိုင်ပါမည်နည်း။ သူက အပေးအယူအတွက် မည်သည်ကို အသုံးပြုနိုင်မည်နည်း။

ဘုန်း...

ထျန်းယန်မြို့သခင်ထံမှ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတို့ ထွက်ပေါ်လာသော်လည်း နောက်တခဏတွင် သူက မြေပေါ်၌ ဒူးထောက်ချလိုက်၏။

"မြို့သခင်။"

ထိုအချိန်တွင် အသံများစွာက သူ့ကို ခေါ်လိုက်ကြပြီး သူတို့မျက်လုံးများက ဝမ်ကျန်းထံ၌ ရောက်ရှိနေခဲ့ကြသည်။

မြို့သခင်အိမ်တော် အတွင်းအပြင်မှ မရေတွက်နိုင်သော မျက်လုံးများက သူ့ထံ ကျရောက်နေခဲ့သည်။

ရှေးဟောင်းနတ်ဘုရားကလန်များထဲမှ တစ်ခု၏ ခေါင်းဆောင် ကောင်းကင်ဒေသအတွင်း လက်နက်ပြုလုပ်ခြင်း၌ ထိပ်တန်းပုဂ္ဂိုလ် ထျန်းယန်မြို့သခင် ဝမ်ကျန်းက သူ၏ ဒူးများကို ကွေးညွှတ်ခဲ့ရပေသည်။

ကောင်းကင်ထက်ရှိ ထျန်းယန်နယ်မြေသခင်သည်လည်း သူ့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ အလွန် ထိတ်လန့်သွားခဲ့လေသည်။ သူနှင့် ဝမ်ကျန်း၏ ဆက်ဆံရေးက သိပ်မရင်းနှီးသော်လည်း ဝမ်ကျန်းက သူ၏ မျိုးဆက်တွင် ကျော်ကြားသူတစ်ဦးဖြစ်ပြီး ကောင်းကင်ဒေသ၏ ထောက်တိုင်တစ်ခု ဖြစ်သည်။ ယခု သူက သူ၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်ကာ မြေပြင်၌ ဒူးထောက်ရန် ဖိအားပေးခဲ့ရသည်မှာ အပြည့်အဝ စော်ကားခံရခြင်းပင် ဖြစ်သည်။

"တော်လောက်ပြီ။"

ထျန်းယန်နယ်မြေသခင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။

"လွှတ်ပေးလိုက်တော့။"

တုယွီကလည်း ပြောလိုက်၏။

ရီဖူရှင်းက သူတို့ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ ၎င်းတို့တွင် ငြင်းဆန်၍မရနိုင်သော အေးစက်မှုတို့ စွန်းထင်းနေ၏။

"ကောင်းကင်အာဏာစက်ကျောင်းတော် ဖျက်ဆီးခံရတဲ့ အချိန် ခင်ဗျားတို့ ဘယ်မှာလဲ။ စီဝေ့ကြယ်ကမ္ဘာ ကျူးကျော်ခံရပြီး ကုန်းမြေတွေ အပိုင်းပိုင်းဖြိုခွဲခံရတုန်းက ဘယ်ရောက်နေလဲ။"

ရီဖူရှင်းက သူတို့ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"အခု ကျုပ်ရှေ့မှာ ခင်ဗျားတို့က ဂရုဏာကြီးမားတဲ့ လူတွေလို ပြုမူချင်နေတာလား။ ထျန်းယန်မြို့သခင်အိမ်တော်က ကောင်းကင်ဒေသမှာ နံပါတ်တစ် လက်နက်ပြုလုပ်တဲ့ နေရာဖြစ်တာကြောင့် သူတို့ကျင့်ကြံသူတွေရဲ့ အသက်က တခြားလူတွေထက် ပိုပြီး အဖိုးတန်တာလား။"

"ကျုပ် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျောင်းအုပ်ဟောင်းဖြစ်ပြီးတော့ စီဝေ့ကြယ်ကမ္ဘာရဲ့ အုပ်ချုပ်သူဆိုတာကို မမေ့နဲ့။ အဲဒီတုန်းက သေဆုံးခဲ့ရတဲ့သူတွေက ကျုပ်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတဲ့ သူတွေပဲ။"

သူက အင်ပါယာနန်းတော်မှ ကိုယ်စားလှယ်များနှင့် ထျန်းယန်နယ်​မြေသခင်အား အေးစက်စွာ ပြောခဲ့သည်။ သူ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားကာ ပျောက်ကွယ်သွားပြီး လက်ထဲမှ ကောင်းကင်တူကို မြှောက်လိုက်သည်။

ဘုန်း...

ကျယ်လောင်သည့် အသံကို ကြားလိုက်ရပြီး ထျန်းယန်မြို့သခင်အိမ်တော်ပေါ်သို့ ကောင်းကင်တူက ကျရောက်လာသည်။ ဒူးထောက်နေသည့် ဝမ်ကျန်းက မော့ကြည့်လိုက်သောအခါ ကျဆင်းလာသည့် တိုက်ခိုက်မှုကို မြင်လိုက်ရပြီး သူ့မျက်လုံးများထဲတွင် ရှင်းပြ၍ မရနိုင်သော စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားခဲ့၏။ သူ ဒူးထောက်​နေသည့် နေရာ၌ပင် သေပွဲဝင်ခဲ့ရလေသည်။

ကောင်းကင်ဒေသအတွင်း အထူးချွန်ဆုံး လက်နက်ပြုလုပ်သူ ထျန်းယန်မြို့သခင် ဝမ်ကျန်းက အဆုံးသတ်သွားခဲ့ရပြီ ဖြစ်လေသည်။

All Chapters