← Chapters

ကျွန်များ

Vol. 186 Ch. 2654

ကျွန်များ

Vol. 186 Ch. 2654

ထျန်းယန်မြို့သခင်အိမ်တော် ဖျက်ဆီးခံရခြင်းက ကောင်းကင်ဒေသတစ်ခွင်လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ သတင်းများက နေရာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရားကလန်များက ထိုသတင်းကို အရင်ဦးဆုံး လက်ခံရရှိခဲ့သူများ ဖြစ်သည်။ သူတို့ စီဝေ့ကြယ်ကမ္ဘာမှ ပြန်ထွက်လာပြီးနောက်၌ပင် သူတို့က ထိုအကြောင်းကို အနီးကပ်စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် ရီဖူရှင်းက ထျန်းယန်မြို့နှင့် အရင်ဆုံး စတင်လိမ့်မည်ဟု ခံစားခဲ့ရသည်။

ထျန်းယန်မဟာအင်ပါယာ သေဆုံးပြီးနောက် ထျန်းယန်မြို့က မဟာအင်ပါယာတစ်ပါး၏ စွမ်းအားဖြင့် ကာကွယ်ပေးမှုမရှိတော့သည့် ရှေးဟောင်းနတ်ဘုရားကလန် တစ်ခုသာလျှင် ဖြစ်လာခဲ့သည်။ ရီဖူရှင်းက သူတို့အား ဆွဲချနိုင်မည့် ထိုမျှ ကောင်းမွန်သော အခွင့်အရေးကို မည်သို့ လွဲချော်နိုင်ပါမည်နည်း။

သေချာပေါက်ပင် သူတို့သည် မကြာခင်၌ ထျန်းယန်မြို့သခင် ဝမ်ကျန်း အသတ်ခံလိုက်ရသည်ဟူသော သတင်းကို လက်ခံရရှိခဲ့သည်။ သူက ဒူးထောက်လျက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုသတင်းသည် အခြား ရှေးဟောင်းနတ်ဘုရားကလန်များကို အလွန် ထိတ်လန့်စေခဲ့ပြီး ပို၍ သတိထားမိစေခဲ့သည်။ အဆုံးမှာတော့ သူတို့ရှေ့၌ သာဓကတစ်ခု ရှိလာခဲ့ပြီ ဖြစ်ပေသည်။ ရီဖူရှင်းက အားကောင်းလာလျှင် အနှေးနှင့်အမြန် ထျန်းယန်မြို့အား လုပ်ခဲ့သည့်ပုံစံအတိုင်း သူတို့အား ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

ထို့ပြင် တုန်းဟွာနယ်မြေနှင့် အနောက်ပင်လယ်နယ်​မြေနှစ်ခုလုံးမှ နယ်မြေသခင်အိမ်တော်ကဲ့သို့သော အင်အားစုအချို့သည်လည်း သတင်းများကို ကြားပြီးနောက် အလွန် ထိတ်လန့်သွားကြသည်။ နယ်မြေသခင်ရှီဟိုင်နှင့် နင်ယွမ်တို့သည် သူတို့က ဒွန်ဟောင်အင်ပါယာနန်းတော်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်၌ ရှိနေခြင်းသာမဟုတ်ပါက ရီဖူရှင်းသည် သူတို့ကို စတင်ရှင်းလင်းနှင့်နေပြီး ဖြစ်ပေလိမ့်မည်။

ယခု သူတို့၏ ခေါင်းထက်တွင် ထက်ရှသည့် ဓားက ရစ်ဝဲနေခဲ့ပြီ ဖြစ်၏။ ဤဓားသည် အချိန်မရွေး ကျဆင်းလာနိုင်ပြီး သူတို့တွင် အေးချမ်းသည့် အခိုက်အတန့်မျိုး ရှိနိုင်တော့မည် မဟုတ်ပေ။

သူတို့သည် ရီဖူရှင်းက ထျန်းယန်မြို့သခင်အိမ်တော်ကို ဖျက်ဆီးစဥ်၌ အင်ပါယာနန်းတော်မှ လူများရှိနေခဲ့သော်လည်း သူတို့က ရပ်တန့်ရန် မည်သည့်အရာမှ မလုပ်နိုင်ခဲ့ကြောင်း ကြားခဲ့သည်။ ရီဖူရှင်းသည် နတ်ဘုရားလက်နက်ဖြစ်သော ကောင်းကင်တူကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင်း အင်ပါယာနန်းတော်မှ လူများသည် ထျန်းယန်မြို့သခင်အိမ်တော် ဖျက်ဆီးခံရခြင်းအား စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုအနေနှင့် ထျန်းယန်မြို့သည် ကောင်းကင်ဒေသအတွင်းမှ အင်အားစုတစ်ခုဖြစ်သည်။ ၎င်းတို့က ကောင်းကင်ဒေသ၏ ထိပ်တန်းလက်နက်ပြုလုပ်သည့် အင်အားစုဖြစ်ကာ ထျန်းယန်နယ်မြေအတွင်း အစွမ်းထက်ဆုံး အင်အားစုလည်း ဖြစ်သည်။ သို့သော် ၎င်းတို့က ထိုကဲ့သို့ ဖျက်ဆီးခံလိုက်ရပြီး အတိတ် သမိုင်းတစ်ခုသာ ဖြစ်လာခဲ့ရသည်။ ပြောကြသည်မှာ ရီဖူရှင်းနှင့် အခြားသူများ ထွက်သွားပြီးနောက် မြို့သခင်အိမ်တော်သည် ထျန်းယန်မြို့အတွင်းမှ အခြားကျင့်ကြံသူများ၏ ကျူးကျော် လုယက်ခြင်းကို ခံခဲ့ရသည်ဟု ဖြစ်ပေသည်။ ရီဖူရှင်း၏ အသက်ချမ်းသာပေးခြင်းခံခဲ့ရသော ကျင့်ကြံသူများက ထျန်းယန်​မြို့အတွင်းမှ လူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဆိုးရွားသည့် အဆုံးသတ်ကို တွေ့ကြုံခဲ့ရပေသည်။

ထျန်းယန်မြို့ အဖြစ်အပျက်သည် လူသားများ၏ ကြောက်စရာကောင်းသော သဘာဝနှင့် ရက်စက်မှုတို့အား ကွက်ကွက်ကွင်းကွင်း ပြသခဲ့သည်။

သူတို့အားလုံးသည် အရာအားလုံး ကောင်းမွန်နေသည့်အချိန်၌ သစ္စာခံများဖြစ်ကြသည်။ သို့သော် လိုအပ်သည့်အချိန်သို့ ရောက်လာသည့်အခါ သူတို့က ဓားကို ကောက်ယူကာ သတ်ဖြတ်မှု၌ ပါဝင်ခဲ့ကြသည်။

လူအများက ပူဆွေးသောက ရောက်ခဲ့ကြရသည်။

ထိုတိုက်ပွဲပြီးသည့်နောက် ကောင်းကင်ဒေသအတွင်းရှိ နယ်မြေများ၌ ရီဖူရှင်း၏ အမည်ကို မသိသည့်သူမရှိပေ။

......

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးသည် ရီဖူရှင်းနှင့် အခြားသူများ ပြန်လည်မည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ထျန်းယန်မြို့သခင်အိမ်တော် ဖျက်ဆီးခံရသည့် သတင်းကို ကြားသည့်အခါ စီဝေ့အင်ပါယာနန်းတော်မှ လူများက အလွန် စိတ်လှုပ်ရှားနေခဲ့ကြသည်။ ထျန်းယန်မြို့၏ အင်အားစုများက သူတို့ကို နတ်ဘုရားလက်နက်များ အသုံးပြု၍ပင် တစ်ကြိမ်နှစ်ကြိမ်ထက်ပိုပြီး ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

ယခု ထိုသူတို့က နောက်ဆုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်ကာ စီဝေ့ကြယ်ကမ္ဘာအတွက် တရားမျှတမှု ရရှိခဲ့လေသည်။

အင်ပါယာနန်းတော်အတွင်း သူတို့သည် ထျန်းယန်မြို့သခင်အိမ်တော်မှ အကျဥ်းသားများအဖြစ် ခေါ်ဆောင်လာသူများကို ကြည့်လိုက်ကြသည်။ တစ်ယောက်ချင်းစီ၌ အေးစက်သော အမူအရာတို့ ရှိနေခဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုစိတ်များနှင့် တောက်လောင်နေခဲ့သည်။ ထျန်းယန်မြို့သခင်အိမ်တော်မှ ထိုလူများသည် သူတို့ကိုယ်တိုင်အတွက် ပြင်းထန်သော ဝမ်းနည်းမှုကိုသာ ခံစားနေကြရသည်။ ယခု သူတို့က ခြင်္သေ့သားရဲတွင်းသို့ ကျရောက်သွားခဲ့ပြီဖြစ်ကာ သူတို့အတွက် မျှော်လင့်ချက်ဟူသည်က ထာဝရပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

"ဦးလေးထျယ် သခင်ချန်ကို ကျွန်တော်တို့ ထျန်းယန်မြို့သခင်အိမ်တော်ကနေ ယူလာခဲ့တဲ့ နတ်ဘုရားလက်နက်တွေနဲ့ ပစ္စည်းကိရိယာတွေ ပေးလိုက်ပြီး အဲဒါတွေကို နန်းတော်ငါးခုနဲ့ စောင့်ရှောက်သူတွေဆီ ခွဲဝေပေးဖို့ အကူအညီတောင်းပေးပါ။ စောင့်ရှောက်သူတစ်ယောက်စီက သင့်တော်တဲ့ ပစ္စည်းအနည်းငယ် ယူလို့ရပြီး ကျန်တာတွေကို နန်းတော်ငါးခုက ကျင့်ကြံခြင်းအရင်းအမြစ်အလိုက် အညီအမျှ ခွဲဝေနိုင်တယ်။ နန်းတော်တစ်ခုချင်းစီရဲ့ အရှင်သခင်တွေက ဦးဆောင်ပြီး သင့်တော်သလို ခွဲဝေပေးလိမ့်မယ်။"

ရီဖူရှင်းက မျက်မမြင်ထျယ်ကို ဆက်ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော်တို့ ရလာခဲ့တဲ့ လက်နက်ပြုလုပ်ခြင်းဆိုင်ရာ အရင်းအမြစ်တွေအတွက် လက်နက်ပြုလုပ်တဲ့ နည်းစနစ်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ အားလုံး ပန်းပဲနန်းတော်ကို ခွဲဝေပေးမယ်။ စီဝေ့အင်ပါယာနန်းတော်အတွင်းမှာ လက်နက်တိုက် တည်ဆောက်ပြီး အဲဒီပစ္စည်းတွေနဲ့ လက်နက်တွေအားလုံးအပြင် ကျွန်တော်တို့ နောက်ပိုင်းပြုလုပ်မယ့် နတ်ဘုရားလက်နက်တွေကို အဲဒီမှာ သိမ်းဆည်းမယ်။ အဲဒါကို ဘယ်လိုထင်လဲ။"

"ကောင်းတယ်။"

မျက်မ​မြင်ထျယ်က ခေါင်းညိတ်လိုက်သည်။ လူတိုင်းကလည်း သဘောတူလိုက်၏။ ယခု သူတို့က လက်နက်ပြုလုပ်ခြင်းဆိုင်ရာ နည်းစနစ်များအပါအဝင် အခြားအရင်းအမြစ်အမျိုးမျိုးနှင့် ထျန်းယန်မြို့၌ ရှိသမျှ အရာအားလုံးကို ယူဆောင်ခဲ့ကြသည်။ အနာဂတ်တွင် စီဝေ့အင်ပါယာနန်းတော်၏ လက်နက်ပြုလုပ်ခြင်းအဆင့်အတန်းက ဆက်လက် တိုးတက်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ နောက်ပိုင်းတွင် ပို၍ များပြားသော နတ်ဘုရားလက်နက်များနှင့် ကိရိယာတန်ဆာပလာများကို ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည့်အတွက် လက်နက်တိုက်တစ်ခု တည်ဆောက်ရန် လိုအပ်ပေသည်။

အခြားသော အရာအားလုံးအပြင် သူတို့ ဤတစ်ကြိမ်၌ ထျန်းယန်မြို့သခင်အိမ်တော်မှ လုယက်လာသည့် နတ်လက်နက်များသည်ပင် အလွန် ကောင်းမွန်နေခဲ့ပြီး သူတို့က ရတနာသိုက်တစ်ခုလုံးကို ဤနေရာသို့ ပြောင်းရွှေ့လာသကဲ့သို့ပင် ဖြစ်သည်။ သို့သော် ရီဖူရှင်းက ၎င်းတို့ကို သိမ်းဆည်းမထားခဲ့ဘဲ နန်းတော်ငါးခုထံ အညီအမျှ ခွဲဝေပေးချင်ခဲ့သည်။

ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် ရှေးဟောင်းနတ်ဘုရားကလန်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ထိုရတနာများအားလုံးကို အင်ပါယာနန်းတော်အတွင်း၌သာ သိမ်းဆည်းထားရန် မဖြစ်နိုင်ပေ။ သူသည် ဤအဖြစ်အပျက်ကို အသုံးပြု၍ သူ့လူများအားလုံးကို သန်မာလာစေချင်ပြီး စီဝေ့အင်ပါယာနန်းတော်အပေါ်တွင်လည်း ပိုမို သစ္စာစောင့်သိစေချင်သည်။ ထို့ကြောင့် အပြောထက် အလုပ်နှင့် သက်သေပြခြင်းက ပိုကောင်းပေသည်။ အနည်းဆုံး စီဝေ့အင်ပါယာနန်းတော်က သူတို့၏ လူများအပေါ် တန်ဖိုးထားမှုကို သက်သေပြရမည်ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့က စီဝေ့အတွက် သူတို့အသက်များကို စွန့်စားရန် အကြောင်းပြချက် မရှိပေ။

နန်းတော်ငါးခုသည်လည်း အရင်းအမြစ်များ လိုအပ်နေခဲ့သည်။ ယခင်က သူတို့တွင် သူ ထုတ်လုပ်ခဲ့သော ဆေးလုံးများရှိခဲ့ပြီး ယခု နတ်ဘုရားလက်နက်များ ရှိလာပြီ ဖြစ်သည်။ ထိုပစ္စည်းများအားလုံးက သူတို့၏ ခွန်အားကို တိုးမြှင့်ပေးနိုင်ရုံမျှမက နန်းတော်ငါးခုမှ ကျင့်ကြံသူများကို သူတို့သည်လည်း စီဝေ့အင်ပါယာနန်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ခံစားမိစေနိုင်သည်။

သူတို့က ကံကောင်းခြင်းကံဆိုးခြင်းများကို အတူတကွ မျှဝေခံစားကြသူများ ဖြစ်သည်။ အကျိုးအမြတ် ရရှိလာသောအခါ သူတိုအားလုံးက အကျိုးအမြတ်ကို အတူတကွ ခံစားကြရမည်ဖြစ်သည်။

သို့သော် စီဝေ့ကြယ်ကမ္ဘာက အနာဂတ်၌ သေချာသည့် ခြိမ်းခြောက်မှုတို့ကို ရင်ဆိုင်နေရဆဲ ဖြစ်မည်မှာ သေချာသည့်အချက် ဖြစ်သည်။ ဤတစ်ကြိမ်၌ ထျန်းယန်မြို့၏ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီး နတ်ဘုရားလက်နက်များကို ရရှိခဲ့သော်လည်း ထိုအနိုင်ရမှုအတွက် သူတို့ ပေးဆပ်ရသည့်တန်ဖိုးက ကြီးမားပေသည်။ စီဝေ့ကြယ်ကမ္ဘာသည် စီဝေ့မဟာအင်ပါယာကို ဆုံးရှုံးခဲ့ကြရ၏။

အနာဂတ်၌ မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိကြပေ။ ထို့ကြောင့် ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်၏ စွမ်းအားကို စိတ်ချရသည့် အခြေအနေထိရောက်အောင် တိုးတက်စေရန် အကောင်းဆုံးကြိုးစားချင်သည်။

"ထပ်ပြီးတော့ လက်နက်ပြုလုပ်ခြင်းဆိုင်ရာပညာရပ်ကို လေ့ကျင့်ပေးဖို့အတွက် ဦးလေးထျယ်ကိုပဲ အကူအညီတောင်းရတော့မယ်။ ဦးလေးထျယ် ကိုယ်တိုင်အပြင် တခြားထူးချွန်တဲ့ ပန်းပဲသမားတွေ ထွက်ပေါ်လာအောင် လေ့ကျင့်ပေးဖို့ သေချာရွေးချယ်ဖို့ လိုတယ်။ စီဝေ့ကြယ်ကမ္ဘာက ရွေးချယ်ခံတွေက သေချာလေ့ကျင့်ပေးခြင်းကို ခံရလိမ့်မယ်။ ဒါပေမယ့်..."

ရီဖူရှင်းက ဆက်မပြောခင် ခဏ ရပ်တန့်လိုက်သည်။

"စီဝေ့ကြယ်ကမ္ဘာက အပြင်ဘက်လောကနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် စီဝေ့ကြယ်ကမ္ဘာက လူတွေကိုတောင် အပြည့်အဝ ယုံကြည်လို့မရနိုင်ဘူး။ နန်းတော်ရဲ့ အဓိကအဖွဲ့ဝင်တွေအဖြစ် လေ့ကျင့်ပေးဖို့ဆိုရင် တင်းကျပ်တဲ့ အကဲဖြတ်မှုတွေနဲ့ နောက်ခံမိသားစု သမိုင်းကြောင်းကို သေချာစစ်ဆေးခံရလိမ့်မယ်။"

နောက်ဆုံးအကြိမ် တိုက်ပွဲမြေပြင်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်မှာ သူ့ကို စီဝေ့အင်ပါယာနန်းတော်အတွင်း စိမ့်ဝင်နေမည့် သူလျှိုများအား သေချာသတိထားရန် လိုအပ်ကြောင်း သတိပေးနေသည်။

"နားလည်ပါပြီ။"

မျက်မ​မြင်ထျယ်သည်လည်း ဆိုလိုရင်းကို သေချာပေါက် နားလည်ပေသည်။

"ဦးလေးထျယ်ကို ကူညီဖို့ တစ်ယောက် ရှာပေးနိုင်ပါတယ်။"

ရီဖူရှင်းက ကျင့်ကြံခြင်း၌ သိသိသာသာ တိုးတက်လာပြီဖြစ်သည့် တစ်စုံတစ်ယောက်ကို တွေးမိသည့်အခါ ပြုံးလိုက်သည်။ ထိုသူမှာ သူ့ဆရာ ချင်ရွှမ်ကန်း၏ သမီးဖြစ်သူ ဖေးရွှီဖြစ်လေသည်။ ဖေးရွှီက ထိတ်လန့်ဖွယ် စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။

မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။

"သူတို့အတွက်ကတော့..."

ရီဖူရှင်းက ထျန်းယန်မြို့မှ ခေါ်ဆောင်လာခဲ့သည့် ရန်ဟောင်ကျင့်ကြံသူများကို ကြည့်လိုက်သည်။

"ဒီနေ့ကစပြီး သူတို့အားလုံးက ပန်းပဲနန်းတော်ရဲ့ စီမံခန့်ခွဲမှု လက်အောက်မှာ ရှိလိမ့်မယ်။ ပန်းပဲအရာမှာ တော်တဲ့ သူတွေက ပန်းပဲလုပ်ငန်းမှာ အကူအညီပေးပြီး ပန်းပဲမှာ မတော်တဲ့သူတွေက လက်နက်တိုက် တည်ဆောက်တဲ့နေရာမှာ အကူအညီပေးရမယ်။ ပြီးတော့ တစ်ယောက်ချင်းစီက ဘယ်နေရာမှာ တော်လဲဆိုတာ ရှာပါ။ အဲဒါက သိထားသင့်တယ်လေ။ ဒီကိစ္စတွေအားလုံးအတွက် ဦးလေးထျယ်ကိုပဲ အားကိုးရတော့မယ်။ အချိန်ခဏလောက်တော့ ဦးလေးထျယ် အလုပ်ရှုပ်နေရဦးမယ်။"

"ကိစ္စမရှိဘူး။"

မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။ ထိုသို့ လုပ်ဆောင်မည်မှာ သူ၏ အိပ်မက်ပင် ဖြစ်သည်။ ဤအခြေအနေဖြစ်လာသည့်အခါ သူက စိတ်မကျေနပ်ဘဲ မနေနိုင်တော့ပေ။

ယခု သူက ပန်းပဲနန်းတော်၏ ခေါင်းဆောင်ဖြစ်ပြီး ဤတစ်ကြိမ် သူတို့ တိုက်ခိုက်ခဲ့သည့် ပစ်မှတ်မှာ ထျန်းယန်မြို့သခင်အိမ်တော်ဖြစ်သည်။ ၎င်းက ကောင်းကင်ဒေသအတွင်း နံပါတ်တစ် လက်နက်ပြုလုပ်သည့်အင်အားစုပင် ဖြစ်သည်။ ထို့ကြောင့် သူတို့ ပြန်လည်ယူဆောင်လာသည့် ပစ္စည်းအများစုက လက်နက်ပြုလုပ်ခြင်းနှင့် သက်ဆိုင်နေပေသည်။ ထို့ကြောင့် စီဝေ့နန်းတော်အတွင်း၌ ၎င်းတို့ကို စီမံခန့်ခွဲရန်မှာ သူ့လက်ထဲသို့ ကျရောက်လာခြင်း ဖြစ်သည်။ ဤတစ်ကြိမ် သူ၏ ကံကောင်းခြင်းကို အခြားနန်းတော်သခင်များ အားကျနေမည်ကို သေချာပေါက် ပြောနိုင်ပေသည်။

ဤကဲ့သို့သော အရင်းအမြစ်များ ရရှိနိုင်သည့် ကံကောင်းမှုမျိုးက မည်သို့ဖြစ်၍ သူတို့ထံ ရောက်မလာရသနည်း။

ပန်းပဲနန်းတော်က နောက်ဆုံးမှ ထပ်ပေါင်းထူထောင်ထားခြင်း ဖြစ်သည်။ သို့သော် သူတို့ ပထမဆုံး သုတ်သင်ခဲ့သည့် ရှေးဟောင်းနတ်ဘုရားကလန်မှာ လက်နက်ပြုလုပ်သည့် အင်အားစုတစ်ခုဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ဤတစ်ကြိမ်တွင် ပန်းပဲနန်းတော်၌ သိသာသော ပြောင်းလဲတိုးတက်မှုတို့ ဖြစ်ပေါ်လာပေလိမ့်မည်။ အနာဂတ်တွင် ၎င်း၏ အလားအလာက တိုင်းတာ၍ပင် မရပေ။ ၎င်းက အာခီမီနန်းတော်ထက်ပင် ပို၍ တိုးတက်ကာ ကျော်ကြားထင်ရှားနိုင်ပေသည်။

"လူအင်အားပိုလိုအပ်ရင် စီဝေ့အင်ပါယာနန်းတော်ထဲက ရွေးခေါ်လို့ရတယ်။"

ရီဖူရှင်းက ဆက်ပြောလိုက်သည်။

"နားလည်ပါပြီ။"

မျက်မ​မြင်ထျယ်က ပြန်ဖြေလိုက်ပြီးနောက် အကျဥ်းသားများကို ခေါ်ဆောင်ကာ ထွက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သခင်ချန်က ကူညီရန်အတွက် လူများစွာ စီစဥ်ပေးခဲ့သည်။ အဆုံးမှာတော့ ယခုတစ်ကြိမ် သူတို့ခေါ်ဆောင်လာသည်မှာ ရန်ဟောင်ကျင့်ကြံသူများ ဖြစ်သည့်အတွက်ကြောင့် သူတို့ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။

ရီဖူရှင်းက သူတို့ကို မသတ်သော်လည်း သူက သူတို့ကို အသုံးဝင်သည့်တန်ဖိုးအား ပြသရန် ဖိအားပေးပြီး စီဝေ့အင်ပါယာနန်းတော်အတွက် နတ်ဘုရားလက်နက်များနှင့် အခြားပစ္စည်းများ လုပ်ဆောင်ပေးစေမည် ဖြစ်သည်။

ထို့နောက် သခင်ချန်နှင့် အခြားလူများက ကျန်ရှိသည့် ပစ္စည်းများကို ခွဲဝေခြင်းကို ဆောင်ရွက်ခဲ့သည်။ ကျင့်ကြံသူအများစုအတွက် သူတို့၏ ခွန်အားပေါ်မူတည်၍ အသုံးပြုသည့် လက်နက်များ၏ ခွန်အားက ကန့်သတ်ခံထားရသော်လည်း သူတို့နှင့် ကျင့်ကြံဆင့်ချင်းတူသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အခါ လက်နက်ကို တွဲဖက်အသုံးပြုပါက သူတို့၏ တိုက်ပွဲခွန်အားကို တိုးတက်လာစေနိုင်သည်။

ရီဖူရှင်း ထွက်ခွာသွားပြီးနောက် သူက နောက်တစ်ခါ တံခါးပိတ်ကာ နောက်ထပ် ဆေးတစ်သုတ် ထပ်ဖော်ရန် စီစဥ်ထားသည်။ သူသည် စီဝေ့အင်ပါယာနန်းတော်အတွင်းမှ အဆင့်မြင့်ကျင့်ကြံသူများ၏ ခွန်အားကို တိုးမြှင့်ပေးနိုင်မည့် နောက်ထပ် ဆေးတစ်သုတ် ထုတ်လုပ်ပေးချင်နေပေသည်။ သူသည် ယခုအခါ၌ အခက်အခဲ ဖိအားများက ပိုမိုများပြားလာသည်ကို ခံစားမိခဲ့သည်။ ထို့ကြောင့် စီဝေ့အင်ပါယာနန်းတော်၏ ခွန်အားကို တတ်နိုင်သမျှ အမြင့်ဆုံးဖြစ်အောင် မြှင့်တင်ပေးရမည် ဖြစ်သည်။

ယခု နတ်ဘုရားလက်နက်များက လုံလောက်သည်မှ ဝေးကွာနေသေးသည်။

…

ရီဖူရှင်းနှင့် အခြားလူများက အလုပ်ရှုပ်နေကြစဥ်တွင် ကောင်းကင်ဒေသရှိ ဟောက်ထျန်းကလန်မှ လူများသည်လည်း ပျင်းရိစွာ ထိုင်မနေနိုင်ကြပေ။

အဓိကခန်းမအတွင်း ဟောက်ထျန်းကလန်ခေါင်းဆောင်က တင်ပျဥ်ခွေကာ ထိုင်နေခဲဲ့ပြီး မဟာလမ်းစဥ်နတ်အလင်းတို့က သူ့ကို လွှမ်းခြုံထားခဲ့သည်။ သူ၏ အရှေ့တွင် သိမ်မွေ့နက်နဲသော ပုံရိပ်များရှိနေခဲ့၏။ ၎င်းတို့မှာ အခြားရှေးဟောင်းနတ်ဘုရားကလန်များမှ အုပ်ချုပ်သူများ ဖြစ်လေသည်။

သူတို့က ထူးခြားသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးနေကြခြင်း ဖြစ်သည်။

ထျန်းယန်မြို့၏ ဖျက်ဆီးခံရခြင်းကြောင့် နောက်ထပ် ရှေးဟောင်းနတ်ဘုရားကလန် ငါးခုသာ ကျန်ရှိပြီး သူတို့အားလုံးသည်လည်း သူတို့အထက်၌ ဝေ့ဝဲနေသော အန္တရာယ်ကို ခံစားမိနိုင်ပေသည်။ ယခုအချိန်၌ သူတို့က စီဝေ့ကို ဖျက်ဆီးနိုင်မလား စီဝေ့က သူတို့ကို ဖျက်ဆီးပစ်လိမ့်မည်လား ဖြစ်နိုင်ချေနှစ်ခုသာ ရှိသည်။ ရှင်းလင်းစွာပင် ၎င်းက အရေးတကြီးတိုင်ပင်ဆွေးနွေးရမည့် အရေးကိစ္စဖြစ်လေသည်။

သို့သော် အရေးကြီးသည်မှာ စီဝေ့က ဖျက်ဆီးရန် မလွယ်ကူတော့ပေ။ ထိုသို့ပြုလုပ်ရင်းက သူတို့ထံသို့ ကပ်ဆိုးများသာ ယူဆောင်လာပေလိမ့်မည်။

ထို့ပြင် အရာအားလုံးထက် ရီဖူရှင်း ရရှိထားသည့် နတ်ဘုရားလက်နက်နှင့် သူတတ်ကျွမ်းထားသော ဗုဒ္ဓရောင်ဝါခြေလှမ်းသက်သက်နှင့်ပင် သူတို့၏ ရှေးဟောင်းနတ်ဘုရားကလန်များအတွင်း စိတ်ကြိုက် ဝင်ရောက်သွားလာရန် လုံလောက်နေပြီ ဖြစ်သည်။ ရီဖူရှင်း၏ စွမ်းရည်မှာ သူ စိတ်ကြိုက်သွားလာ၍ သူတို့အား အဆုံးသတ်ပျက်စီးခြင်း ဖြစ်စေရန် လုံလောက်နေပြီ ဖြစ်သည်။

ယခု သူတို့က ရီဖူရှင်းအား ဖယ်ရှားနိုင်ရန် သေချာသည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။ သို့သော် သူတို့က မည်သည့် ဖြေရှင်းချက်မှ ရှာတွေ့ခြင်း မရှိသေးပေ။

All Chapters