← Chapters

ဓားကျိုး

Vol. 186 Ch. 2660

ဓားကျိုး

Vol. 186 Ch. 2660

ရီဖူရှင်းက လူတိုင်း အခြေအနေကို အလေးအနက်မှတ်ယူသည်အား မြင်သောအခါ ချောက်နက်သို့ ထပ်ကြည့်၍ ဆုံးဖြတ်လိုက်သည်။

"ကျုပ်တို့ တခြားကို လျှောက်ကြည့်ကြမယ်။"

သူက အခြား မည်သည့် အန္တရာယ်မှ ရင်ဆိုင်ရန် ဆန္ဒမရှိသည့်အတွက် ထိုသို့ပြောပြီးနောက် သူက အခြားနေရာသို့ လျှောက်သွားခဲ့သည်။

အမှန်တွင် သူသည် နတ်ဘုရားလက်နက်များနှင့် ချောက်နက်ကို တိုက်ခိုက်၍ စမ်းသပ်ရန် ကြိုးစားကြည့်နိုင်သည်။ သို့သော် သူသည် မသေချာသောကြောင့် ထိုကဲ့သို့ ပြုလုပ်ရန် တွေဝေနေခဲ့သည်။ ချောက်နက်အတွင်းမှ ဆန့်ထွက်လာသည့် ကြီးမားသောလက်က အလွန် ကြောက်မက်ဖွယ်ဖြစ်လာသည် ကောင်းလှသည်။ မမျှော်လင့်ထားသည့်အရာတစ်ခုခု ဖြစ်ပေါ်ခဲ့လျှင် သူတို့အားလုံး ဤနေရာ၌ သေဆုံးရပေလိမ့်မည်။

သူ၏ ကျင့်ကြံခြင်းတိုးတက်လာသည်နှင့်အမျှ သူ၏ ပခုံးပေါ်၌ ထမ်းထားရသည့် တာဝန်ကလည်း ပို၍ များပြားလာသည်။ ရီဖူရှင်းက သူ့အသက်နှင့် အခြားလူများ၏ အသက်ကို တန်ဖိုးထားပေသည်။ သူသည် မလိုအပ်ဘဲ အန္တရာယ်များသည့် လှုပ်ရှားမှုကို ပေါ့ပေါ့ပါးပါး ပြုလုပ်မည် မဟုတ်ပေ။

ဒုတိယအနေနှင့် သူသည် နတ်ဘုရားများ၏ ဂူသင်္ချိုင်းကို အနည်းငယ်ကြောက်ရွံ့နေသလို ရှေး​ခေတ်မှ အင်ပါယာများ ချန်ရစ်ခဲ့သည့် အမွေအနှစ်များကို လေးစားမှုထားရမည်ဟုလည်း ယူဆထားသောကြောင့် ဖြစ်သည်။ သူက လုပ်နိုင်စွမ်းရှိခဲ့လျှင် ထိုအမွေအနှစ်များကို ဆက်ခံနိုင်မည် ဖြစ်သော်လည်း မလုပ်နိုင်ခဲ့လျှင် သူက ပျက်စီးခြင်းဆိုက်ရောက်ရပေလိမ့်မည်။

သူတို့အဖွဲ့က ချောက်နက်ကို ကျော်ဖြတ်ရမည့်အစား ကွေ့ပတ်သွားလိုက်ကြသည်။ သူတို့က အန္တရာယ်နှင့် စွန့်စားရမည်ထက် ရှည်လျားသည့်လမ်းကို သွားရန် ပို၍ ဆန္ဒရှိပေသည်။ ချောက်နက်အတွင်းမှ ချောက်ချားဖွယ် အသံများက သေမင်းခေါ်သံကဲ့သို့ သူတို့၏ အာရုံကို ဆွဲဆောင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ သူတို့က ထိုခေါ်သံကို တုန့်ပြန်လိုက်လျှင် ချောက်နက်ထဲသို့ ဆွဲခေါ်သွားခံရပြီး မည်သည့်အခါမှ ထပ်မံတွေ့ရလိမ့်တော့မည် မဟုတ်ပေ။

သူတို့က ဦးတည်ရာကို ပြောင်းလဲကာ ဆက်သွားခဲ့ကာ အတော်ဝေးဝေးသို့ ရောက်သွားခဲ့ပြီးနောက် အခြားတစ်နေရာကို ရောက်လာခဲ့ကြသည်။ ရီ​ဖူရှင်းက နတ်အာရုံဖြင့် ထိုကျယ်ပြောသော နေရာကို လေ့လာကြည့်လိုက်ပြီး ရှေ့သို့ ဆက်လာနေရင်း မဟာအင်ပါယာများ၏ အမွေအနှစ်တစ်ခုခုကို တွေ့နိုင်ရန် ရှာဖွေလာကြသည်။

နတ်ဘုရားများ၏ ဂူသင်္ချိုင်းသည် တစ်ချိန်က နတ်ဘုရားများ တိုက်ပွဲဖြစ်ပွားခဲ့သည့် တိုက်ပွဲမြေပြင် ဖြစ်လေသည်။ သို့ဆိုလျှင် ဤနေရာ၌ ရှိနေသည့် အမွေအနှစ်များမှာ ပြိုင်ဘက်ကင်း ဖြစ်ပေလိမ့်မည်။

"ဓားစွမ်းအား။"

ရီဖူရှင်းက ပြောလိုက်သည်။ သူသည် နောက်တစ်နေရာသို့ မသွားခင် ဓားစွမ်းအားအစအနကို ခံစားမိခဲ့ပေသည်။ အခြားကျင့်ကြံသူများသည်လည်း ရီဖူရှင်း၏ နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။

သိပ်မကြာခင် ထိုကျက်တီးမြေပေါ်၌ တောင်ထိပ်များစွာ ပေါ်ပေါက်လာသည်။ ထိုနေရာက ဓားနယ်မြေတစ်ခုကဲ့သို့ အလွန်ပြင်းထန်သည့် ဓားစွမ်းအားများဖြင့် လွှမ်းခြုံခံထားရပေသည်။ ဤနေရာသို့ ရောက်လာသည့် မည်သူမဆို အလွန် ဖိနှိပ်ချုပ်ကိုင်နိုင်သော အစွမ်းထက် ဓားစွမ်းအားကို ခံစားမိနိုင်သည်။ ထိုသည်မှာ သူတို့က ဓားများ၏ နယ်​မြေအတွင်း ချဥ်းနင်းဝင်ရောက်လာသလိုပင် ဖြစ်သည်။

ထိုတောင်ထိပ်အများစုမှာ ထက်ခြမ်းပြတ်နေခဲ့သော်လည်း ပျက်စီးသွားခြင်းမရှိပေ။ အနီးကပ်ကြည့်သည့်အခါ တောင်ထိပ်၏ အလယ်တွင် ဓားရာများရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ တောင်ထိပ်က ပြတ်ရွေ့နေခဲ့သော်လည်း ဖျက်ဆီးခံရခြင်းမရှိရုံသာမက ထိတ်လန့်တုန်လှုပ်ဖွယ် ဓားစွမ်းအားများပင် ကျန်ရှိနေသေးသည်။

အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် ထူထဲသော ဖုန်မှုန့်များနှင့် လွှမ်းခြုံခံထားရသည့် ကျိုးပဲ့နေသော ဓားတစ်လက်ရှိသည်။ မရေတွက်နိုင်သော နှစ်များကြာအောင် လေဒဏ်မိုးဒဏ်ခံရပြီးနောက် ၎င်းသည် ကျိုးပဲ့ပျက်စီးနေသော ဓားဟောင်းတစ်လက်အဖြစ်သာ ကျန်ရှိနေတော့သည်။ သို့သော် ရီဖူရှင်းသည် ၎င်းက ဤဓားနယ်မြေ၏ အရင်းအမြစ်ဖြစ်ကြောင်း ခံစားမိခဲ့ပေသည်။

"ဓားစွမ်းအားက ဘယ်တော့မှ မပျောက်ဆုံးဘဲ ထာဝရတည်ရှိနေပုံရတယ်။ အဲဒါက နှစ်ပေါင်းများစွာကြာတာတောင် ပျောက်ကွယ်မသွားခဲ့ဘူး။"

ရီဖူရှင်းက ရေရွတ်လိုက်သည်။ ရှင်းလင်းစွာပင် မဟာအင်ပါယာတစ်ပါး၏ ဓားစွမ်းအားက ဖျက်ဆီး၍ မရနိုင်ပေ။

သူတို့က တောင်တန်းများရှိနေရာသို့ ဆက်လက်ချဥ်းကပ်လာပြီး ရှေ့ဆုံးမှ လျှောက်နေသည့် ရီဖူရှင်းသည် သူ့ကိုယ်ပေါ်သို့ ပြင်းထန်သော ဖိအားတို့ ကျရောက်လာသည်အား ခံစားမိခဲ့ပေသည်။ သူ့နောက်မှ ကျင့်ကြံသူများသည် သူ့ကဲ့သို့ ပေါ့ပါးမနေနိုင်ခဲ့ပေ။ သခင်ချန်နှင့် ဟွာဂျီယူ နှစ်ယောက်လုံးက အနည်းငယ် အခြေအနေကောင်းနေသေးသော်လည်း အခြားလူများက ရှေ့သို့တစ်လှမ်းတိုးရန် အလွန် ခက်ခဲနေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

"ဒီဓားကျိုးကို ချန်ရစ်ခဲ့တာ မဟာအင်ပါယာတစ်ပါး ဖြစ်ရမယ်။ ပြီးတော့ ဒီနေရာမှာ ရှိနေတဲ့ ဓားစွမ်းအားတွေကလည်း မဟာအင်ပါယာတစ်ပါး ချန်ရစ်ခဲ့တာ ဖြစ်ရမယ်။ ခင်ဗျားတို့မှာ ဒီဓားကျိုးကို ရနိုင်ဖို့ အခွင့်အရေးရှိမလား သိရအောင် ဘယ်သူမဆို နားလည်သဘောအောင် ကျင့်ကြံနိုင်တယ်။"

ရီဖူရှင်းက ပြောလိုက်သည်။

"ဒါပေမယ့် ဖိအားမပေးနဲ့။ အထဲက ဓားစွမ်းအားကို ခံနိုင်ရည်မရှိတော့ရင် ဒီအတိုင်း ထားလိုက်ပါ။"

သည်တစ်ကြိမ်၌ အများစုက ဤနေရာသို့ ရောက်လာခဲ့ကြပြီး နတ်ဘုရားဂူသင်္ချိုင်း ထွက်ပေါ်လာမှုက စီဝေ့ကြယ်ကမ္ဘာမှ အဓိကကျင့်ကြံသူများအားလုံးကို ဆွဲဆောင်ခဲ့သည်။ နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူများသာမက ထိပ်သီးအဆင့်ရန်ဟောင်များစွာလည်း ရောက်လာကြပေသည်။

ဤနေရာကို သူတို့ ကျင့်ကြံရန်အတွက် အသုံးပြုနိုင်သည်။

"ကောင်းပါပြီ။"

လူတိုင်းက ခေါင်းညိတ်လိုက်ပြီးနောက် အချို့လူများက သူတို့ ရပ်နေသည့်​နေရာ၌ပင် နားလည်သဘောပေါက်အောင် ​စတင်လေ့လာလိုက်ကြသည်။ သို့သော် အခြားလူများက ဓားကျိုး၏ အနီးသို့ ရောက်သည်အထိ ရှေ့ကို ဆက်လက်တိုးသွားခဲ့သည်။

ရီဖူရှင်းသည်လည်း အနီးသို့ ဆက်တိုးသွားခဲ့၏။ သူက ဓားကျိုး၏ အနီးအနားသို့ ရောက်လာသည့်အခါ ဓားစွမ်းအားက ပိုမို အားကောင်းလာပေသည်။ ထိုဓားစွမ်းအားက အလွန် သန့်စင်ပြီး ရီဖူရှင်း တွေ့ကြုံဖူးသမျှ ဓားစွမ်းအားများအနက် အသန့်စင်ဆုံးဖြစ်သည်။ ၎င်းက ဓားလမ်းစဥ်တစ်ခု ဖြစ်ပုံရသည်။

ဤဓားလမ်းစဥ်က အလွန် သန့်စင်လွန်းသဖြင့် မဟာလမ်းစဥ်အားလုံးကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဓားက ကျိုးသွားသော်လည်း ဓားစွမ်းအားက ကျန်ရှိနေသေးပေသည်။

ရီဖူရှင်းက ထိုနေရာ၌ ရပ်နေပြီး မျက်လုံးများကို မှိတ်ကာ တည်ငြိမ်သော နှလုံးသားနှင့် နားလည်သဘောပေါက်အောင် ကြိုးစားလိုက်သည်။ သူတို့က အခြားလူတိုင်းထက် စော၍ နတ်ဘုရားများ၏ ဂူသင်္ချိုင်းသို့ ရောက်လာခဲ့ကြပေသည်။ အခြားသော အင်ပါယာအဆင့်အင်အားစုအနည်းငယ်သာလျှင် တူညီသည့် အချိန်၌ ရောက်ရှိခဲ့ကြသည်။ အခြားဘုံများမှ ထိပ်သီးအင်အားစုများက လေဟာနယ်ဖြတ်လမ်းကြောင်းများ ဖွင့်လှစ်ကာ လာခဲ့သည့်အတွက်ကြောင့် သူတို့က လမ်းတွင် အခြားကျင့်ကြံသူများစွာကို မတွေ့ခဲ့ကြပေ။

သို့သော် ရှေးဟောင်းကုန်းမြေပေါ်မှ အရာများကို လေ့လာကြည့်သည့်အခါ ဓားကျိုးတစ်ချောင်းသည်ပင် အမွေအနှစ်ဖြစ်နေကြောင်း ညွှန်ပြနေသည်။ ဖြစ်နိုင်လျှင် သူက ဤတစ်ကြိမ်၌ အခွင့်အရေးကို ဖမ်းဆုပ်ကာ စီဝေ့အင်ပါယာနန်းတော်မှ အဓိကပုဂ္ဂိုလ်များအားလုံးကို မဟာအင်ပါယာ စွမ်းအားများ၏ ကောင်းချီးကို ရရှိနိုင်ရန် မျှော်လင့်ပေသည်။ အနာဂတ်တွင် သူတို့အားလုံးက တိုးတက်ရန် အခွင့်အရေးရှိလာလိမ့်မည် ဖြစ်သည်။

အမှန်တွင် လူအများ၏ ပါရမီများက ကန့်သတ်ခံထားနေရဆဲ ဖြစ်သည်။ သူတို့က မဟာအင်ပါယာစွမ်းအားဖြင့် ကောင်းချီးပေးခံရလျှင် အချို့သော ပြောင်းလဲမှုများ ဖြစ်လာနိုင်ပေသည်။

သူ၏ မျက်လုံးများကို မှိတ်လိုက်သည်နှင့် ရီဖူရှင်းက ငြိမ်းချမ်းမှု၌ ပျော်ဝင်သွားခဲ့သည်။ မကြာခင်၌ သူသည် လွှမ်းခြုံလာသည့် ကြောက်မက်ဖွယ် စွမ်းအားတို့ကို ခံစားမိပြီး သူထံကျရောက်နေသည့် ဖိအားက တိုးလာခဲ့သည်။ ဓားစွမ်းအားအပေါ် သူ၏ ထိုးထွင်းသိမြင်စိတ်က တိုးလာသည်နှင့် ဖိအားကပါ တိုးလာခဲ့ပြီး ပိုမို အစွမ်းထက်လာပေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ထိုဓားကျိုးက ကိုယ်ပိုင်အသက်ဝိညာဥ်ရှိနေသလို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ အမြင်အတွင်းရှိ တောင်ထိပ်တွင် ကျန်ရှိနေသည်မှာ ဓားကျိုးတစ်လက်မဟုတ်တော့ဘဲ ထာဝရတည်ရှိနေသည့် လူတစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေခြင်း ဖြစ်သည်။

ထိုအစွမ်းထက်ကာ သန့်စင်သည့် ဓားစွမ်းအားများမှ ရီဖူရှင်းသည် သူ့အား ဆင့်ခေါ်နေသော စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ ထိုဓားသည် တစ်စုံတစ်ယောက်အတွက် နိုးထလာရန် စောင့်ဆိုင်းနေပုံရသည်။

"ဓားဝိညာဥ်လား။"

ရီဖူရှင်း၏ နှလုံးသားက တုန်ယင်သွားခဲ့သည်။ ထိုဓားက သူ၏ ကိုယ်ပိုင်ဓားဝိညာဥ်ကို ဖန်တီးထားပြီး ဖြစ်ကာ ဓားသခင်၏ သဏ္ဌာန်ကို ယူကာ ဝိညာဥ်တစ်ခု ဖြစ်တည်လာသည်။ ထိုသို့ဆိုလျှင် ဤဓားက ကျင့်ကြံသူ၏ ဓားဝိညာဥ်အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်သည်ဟု ဆိုလိုသည်လား။

သို့သော် ထိုအရာက အလွန် အန္တရာယ်များလှပေသည်။

ယနေ့ ရီဖူရှင်း၏ ကျင့်ကြံခြင်းက အတော်လေး ထူးချွန်ပြီး ပြီးပြည့်စုံသည့် မဟာလမ်းစဥ် စွမ်းအင်များစွာလည်း ရှိပေသည်။ သူက ထိုကဲ့သို့ အန္တရာယ်များသည့် ကိစ္စမျိုးကို မလုပ်ချင်ခဲ့ပေ။ သူက ဓားဝိညာဥ်ကို သူနှင့် ပေါင်းစပ်ခဲ့လျှင်ပင် သူ ပိုင်ဆိုင်ထားခဲ့ပြီးသည့် သက်စောင့်ဝိညာဥ်ထက် အများကြီး ပိုသာလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုဓားလမ်းစဥ်၏ စွမ်းအားကို နားလည်သဘောပေါက်လာအောင် လုပ်နိုင်ပြီး ၎င်းက သူ၏ ကိုယ်ပိုင်ဓားစွမ်းအားကို ပိုမို သန့်စင်လာစေလိမ့်မည်။

ထို့ပြင် သူ့လူများစွာသည်လည်း ဓားစွမ်းရည်၌ ကျွမ်းကျင်သူများဖြစ်သည့်အတွက်ကြောင့် ဤနေရာ၌ အချိန်တချို့ ကျင့်ကြံနိုင်လျှင် ပိုကောင်းလိမ့်မည် ဖြစ်သည်။ နတ်ဘုရားတို့၏ ဂူသင်္ချိုင်းတွင် အခွင့်အရေးများစွာ ရှိပြီး ထိုအခွင့်အရေးများကို ဖမ်းဆုပ်နိုင်ရန် လိုအပ်ပေသည်။

ဂူတုံးလျှို၊ ရီဝူချင်း၊ လီဟန်ဓားသမားနှင့် ရာရာတို့ အားလုံးက ဓားစွမ်းရည်ကျင့်ကြံသူများ ဖြစ်ကြသည်။ နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်ပြီးသည့် ဂူတုံးလျှိုမှလွဲ၍ အခြားသုံးယောက်က အထွတ်အထိပ်ရန်ဟောင်အဆင့်ကို ရောက်နေခဲ့ပြီး ဖြစ်သည်။ ယခု သူတို့က ဤနေရာ၌ နားလည်သဘောပေါက်အောင် ကျင့်ကြံရန် အခွင့်အရေး ရရှိခဲ့သည့်အတွက် တစ်စုံတစ်ရာ မလွဲချော်သင့်ပေ။

ဓားစွမ်းရည်ကို အထူးပြုမကျင့်ကြံသည့် လူများအတွက်ပင် မဟာအင်ပါယာတစ်ပါး၏ ဓားစွမ်းအားကို နားလည်သဘောပေါက်အောင် ပြုလုပ်ခြင်းက မည်သည့်ဆိုးကျိုးမှ မရှိဘဲ ကောင်းကျိုးသာလျှင် ရှိပေလိမ့်မည်။

တိတ်ဆိတ်သော လေဟာနယ်အတွင်း ဤလူစုက တိတ်ဆိတ်အေးချမ်းစွာ ကျင့်ကြံနေခဲ့သည်။ မည်သည့်အသံမှ ထွက်ပေါ်မနေဘဲ အစွမ်းထက်သည့် ဓားစွမ်းအားသာလျှင် လူတိုင်းကို လွှမ်းခြုံထားသည်။ မည်သူမှ သတိမထားမိဘဲ အချိန်က တဖြေးဖြေး ကုန်ဆုံးသွားသည်။ သူတို့က ဤနေရာ၌ ကျင့်ကြံနေကြစဥ် လောကတစ်ခွင်ရှိ ကျင့်ကြံသူအားလုံးသည်လည်း အဆုံးမဲ့အရင်းအမြစ်များ ရှိနေသည့် ရှေးဟောင်းနယ်မြေသို့ စတင်ခြေချလာခဲ့သည်။

ဤတစ်ကြိမ်၌ အခြားဘုံများမှ ကျင့်ကြံသူများ အားလုံးက ဖွင့်လှစ်ထားပြီးသည့် ဖြတ်လမ်းကြောင်းများမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့အတွက် သေချာပေါက် အကောင်းဆုံး အချိန်အခါ ဟုတ်မနေပေ။ ဤကုန်းမြေပေါ်ရှိ လူအရေအတွက် တိုးလာသည်နှင့် အချို့သော ထူးဆန်းသည့် သားရဲများက ဒေါသတကြီး ဖြစ်လာကြသည်။ ကျင့်ကြံသူများစွာသည် မည်သည့်အရာကိုမှ မမြင်ရသေးခင် ထိုထူးဆန်းသည့် သားရဲများ၏ လက်တုန့်ပြန်မှုအောက်၌ သတ်ဖြတ်ခံလိုက်ရပေသည်။

သို့သော် ထိုထူးဆန်းသည့် သားရဲများနှင့် ရင်ဆိုင်နိုင်၍ သတ်ဖြတ်နိုင်သော အစွမ်းထက်ကျင့်ကြံသူများလည်း ရှိနေခဲ့သည်။ သူတို့အားလုံးက ဘုံတစ်ခုချင်းစီမှ ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသည်။

နောက်ဆုံးတွင် အခြားလူများက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး ဓားစွမ်းအားကို တွေ့ကြုံခံစားချင်​နေကြသည်။ အချို့လူများက ဓားစွမ်းအားကို နားလည်သဘောပေါက်ရန် ဆန္ဒနှင့် ရှေ့သို့ တက်လာကြသည်။

သို့သော် ထိုအချိန်တွင် မျက်မမြင်ထျယ်၊ ဖန်းစွင်နှင့် သူ့ဖခင်၊ သော်ယွီနှင့် အခြားသူအချို့က မတူညီနေရာများ၌ ရပ်ကာ လေဟာနယ်ကို ချက်ချင်းပိတ်ချပစ်လိုက်သည်။ စီဝေ့အင်ပါယာနန်းတော်၏ စောင့်ရှောက်သူများအနေနှင့် သူတို့က ဤကဲ့သို့ အချိန်အခါမျိုးတွင် ရှေ့ထွက်လာပေးရန် လိုပေသည်။

အခြားဘုံများမှ ထိုကျင့်ကြံသူများက ရီဖူရှင်းနှင့် အခြားလူများကို မည်သည့်အခါမှ မမြင်ဖူးခဲ့သော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော ခြိမ်းခြောက်နိုင်သော စွမ်းအားတို့ကို ခံစားမိသောကြောင့် မဆင်ခြင်ဘဲ မလှုပ်ရှားရဲကြပေ။

သို့သော် စုဝေးလာသည့် လူအရေအတွက်က တိုးလာကာ တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"အမွေအနှစ်နယ်​မြေထဲကို ရောက်လာတဲ့ ဘယ်သူမဆို ဒီ​နေရာမှာ ကျင့်ကြံနိုင်တယ်။ ဒါက ဘာသဘောလဲ။"

"ဒီနေရာကို ကျုပ်တို့ ဦးထားပြီးပြီ။ ခင်ဗျားတို့ တခြားနေရာကို သွားနိုင်တယ်။"

ဖန်းစွင်က ပြောလိုက်သည်။

"ဟမ့်"

တစ်စုံတစ်ယောက်က အေးစက်စွာ သရော်လိုက်သည်။ ၎င်းမှာ မှော်နက်လောကမှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ့ထံမှ ကြောက်မက်ဖွယ် သေဆုံးခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး ဖန်းစွင်နှင့် အခြားလူများထံသို့ တိုးဝင်လာသည်။ သူ၏ မျက်လုံးက သေဆုံးခြင်းစွမ်းအားတို့နှင့် တောက်ပလာပြီး ရှေ့တည့်တည့်ကို ကြည့်နေရင်း ထိုနေရာကို သူ့ နယ်မြေအဖြစ် ပြောင်းလဲရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူ့ရှေ့၌ ရပ်လာခဲ့ပြီး နောက်ထပ် ကြောက်မက်ဖွယ်ဖြစ်လာသည် မျက်ဝန်းတစ်စုံက သူ့ပေါ်သို့ ကျရောက်လာသည်။ ၎င်းမှာ သော်ယွီ၏ သံသရာမျက်ဝန်းဖြစ်သည်။

ချက်ချင်းပင် များပြားလှသည့် ပုံရိပ်များက ပြိုင်ဘက်၏ စိတ်ထဲတွင် ပေါ်ပေါက်လာပြီး သော်ယွီ လက်ထဲ၌ လှံတစ်လက် ဖြစ်ပေါ်လာသည်။ သူ၏ ပုံရိပ်က ရပ်နေသည့်နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားကာ လှံက လျှပ်စီးကဲ့သို့ လျင်မြန်လှစွာဖြင့် တစ်ဖက်လူထံ ထိုးဖောက်သွားသည်။

ထိုတိုက်ခိုက်မှု ပြုလုပ်လိုက်သည့်အခါ မရေတွက်နိုင်သော လှံအရိပ်တို့နှင့် မရေတွက်နိုင်သည့် ပုံရိပ်ယောင်တို့က ထိုလူ၏ မျက်လုံးရှေ့၌ ဖြစ်ပေါ်လာပြီး သူက ပိတ်မိသွားပုံရလေသည်။ ၎င်းက သံသရာမျက်ဝန်းမှ ဖြစ်ပေါ်လာသည့် သံသရာလှံပင် ဖြစ်သည်။

"ဖူး..."

လှံက သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်လိုက်သောအခါ ကြည်လင်ပြတ်သားသည့် အသံတစ်ခု ဖြစ်ပေါ်လာသည်။ မှော်နက်လောက၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးသည် အသတ်မခံရခင် သူ၏ ကိုယ်ပိုင်မဟာလမ်းစဥ်စွမ်းအားကိုပင် မထုတ်လွှတ်လိုက်ရပေ။

"အံ့သြစရာပဲ။"

ဖန်းစွင်က ကျေနပ်စွာ အော်ဟစ်လိုက်သည်။ သူတို့က အခြားလူများနှင့် တိုက်ခိုက်ခဲလေသည်။ နောက်ဆုံးတစ်ကြိမ်က သူတို့ ရှန်ချင်းနယ်​မြေသခင်အိမ်တော်သို့ သွားကာ ရန်ရှာခဲ့သော်လည်း သူတို့က မည်သူ့ကိုမှ မတိုက်ခိုက်ခဲ့ပေ။ ရီဖူရှင်း၏ လေးမျက်နှာကျေးရွာမှ တပည့်လေးယောက်ကြားတွင် သော်ယွီ၏ ကျင့်ကြံခြင်းက အသန့်စင်ဆုံး ဖြစ်သည်။

ထိုတိုက်ခိုက်မှုက သူတို့၏ ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းအားကို ဖော်ပြရန် လုံလောက်နေပြီ ဖြစ်သည်။ သခင်ချန်နှင့် အခြားလူများက ထိုအင်အားကို မြင်တွေ့လိုက်ရသည့်အခါ အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

အခြားကျန်သည့် ကျင့်ကြံသူများသည်လည်း ထိုတိုက်ခိုက်မှုကြောင့် ခြိမ်းခြောက်ဟန့်တားခံခဲ့ရကာ မည်သူမှ ရှေ့သို့ မတက်လာရဲတော့ပေ။

"စီဝေ့ကြယ်ကမ္ဘာက သိမ်းထားတဲ့ န​ယ်​မြေကို ဝင်ရောက်လာတဲ့ ဘယ်သူမဆို ခြွင်းချက်မရှိ အသတ်ခံရမယ်။"

ဖန်းစွင်က အေးစက်စွာ ပြောလိုက်ပြီး အားလုံး၏ နှလုံးသားများက တုန်ယင်သွားသည်။ ထိုသူများထဲက မည်သူကမှ သူတို့ကို မမြင်ဖူးသော်လည်း သူတို့က စီဝေ့ကြယ်ကမ္ဘာအကြောင်း မည်သို့ မကြားဖူးဘဲ နေပါမည်နည်း။

ထိုလူများသည် နောက်ထပ် မည်သည့်စကားမှ မပြောတော့ဘဲ အားလုံး ပြန်လှည့်ထွက်သွားကြသည်။ ဤသည်မှာ စီဝေ့ကြယ်ကမ္ဘာက မည်မျှ အစွမ်းထက်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ပြသနေသည်။

ဖန်းစွင်နှင့် အခြားလူများက ခေါင်းပြန်လှည့်ကာ တောင်ထိပ်ပေါ်မှ ဓားကျိုးထံ လျှောက်သွားခဲ့သည့် တစ်စုံတစ်ယောက်ကို ကြည့်လိုက်သည်။ သူက နှေးကွေးစွာ လျှောက်နေခဲ့သော်လည်း ခိုင်မာသော အရှိန်အဟုန်နှင့် တစ်လှမ်းချင်း ရှေ့သို့ ဦးတည်နေခဲ့သည်။

"ဝူချင်း။"

ရီဖူရှင်းက ထိုလူကို ကြည့်လိုက်သည့်အခါ ထိုလူက ရီဝူချင်းဖြစ်နေသည်ကို ​မြင်လိုက်ရသည်။ သူက ​လေဟာနယ်ထဲသို့ လျှောက်သွားခဲ့၏။ တစ်လှမ်းချင်းနှင့် သူက ဓားကျိုးရှိနေသည့် တောင်ထိပ်ကို လျှောက်သွားနေခဲ့ပြီး ရပ်တန့်ခြင်းမရှိပေ။

ဂူတုံးလျှို နှင့် လီဟန်ဓားသမားသည်လည်း ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူတို့၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုသည့် အကြည့်တို့ရှိနေခဲ့သည်။

"သူ ကြိုးစားကြည့်ပါစေ။"

ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူက ဓားကျိုးဆီ လျှောက်သွားနေပြီ ဖြစ်သည့် ရီဝူချင်းကို ​စောင့်ကြည့်နေခဲ့၏။ သူက ခြေလှမ်းတိုင်းကို အလွန် ခက်ခက်ခဲခဲလှမ်းနေရပြီး လူတိုင်းက သူ့ကို ကြည့်နေခဲ့သည်။

ရီဝူချင်းက သူ့လက်ကို ဆန့်ထုတ်ကာ ဓားကျိုးအား ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ဓားစွမ်းအားများက သူ့ခန္ဓာကိုယ်ပေါ်၌ လွှမ်းခြုံနေသည်။ သူက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ဓားစွမ်းအားက ဓားကျိုးနှင့် ပေါင်းစပ်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ဓားဝိညာဥ် ပေါ်ပေါက်လာပြီး သူ့ပုံရိပ်က ထိုနေရာ၌ ရှိနေသကဲ့သို့ ဝိညာဉ်က ခန္ဓာကိုယ်မှ ခွဲထွက်ကာ ဓားကျိုးဆီ ဦးတည်သွားခဲ့သည်။

သူ့ကို စောင့်ကြည့်နေသည့် ရီဖူရှင်း၏ အမူအရာက တင်းမာခက်ထန်သွားသည်။ သူသည် ထိုရူးနေသည့် ကောင်က ဓားကျိုး၏ ခေါ်သံကို အမှန်တကယ် တုန့်ပြန်ခဲ့မည်ဟု ထင်မှတ်မထားခဲ့ပေ။

All Chapters