← Chapters

ပေါင်းစည်းခြင်း၊ အဆင့်တက်ခြင်း

Vol. 186 Ch. 2661

ပေါင်းစည်းခြင်း၊ အဆင့်တက်ခြင်း

Vol. 186 Ch. 2661

"သူ ရူးနေပြီ။"

သခင်ချန်နှင့် အခြားလူများသည် ရီဝူချင်း၏ အပြုအမူကို မြင်သောအခါ တုန်ယင်သွားခဲ့ကြသည်။ ဤလူက အနည်းငယ် ရူးသွပ်နေပေသည်။ သူသည် ထိုဓားဝိညာဥ်၏ ခေါ်ဆိုမှုကို သူ့စိတ်ဝိညာဥ်နှင့် တုန့်ပြန်ခဲ့ပြီး ၎င်းနှင့် ပေါင်းစည်းရန် ကြိုးစားနေသည်။ အနည်းငယ် သတိမထားမိသည်နှင့် စိတ်ဝိညာဥ် ဖျက်ဆီးခံရခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။ ထိုသို့ဖြစ်ခဲ့လျှင် သူ့ကို ကယ်နိုင်သည့်အရာ မည်သည်မှ ရှိလိမ့်မည် မဟုတ်ပေ။

ဟွာဂျီယူက ရီဖူရှင်း၏ ဘေးကိုသွားကာ သူ့လက်ကို ကိုင်ထားလိုက်ပြီး သူမက အနည်းငယ် စိုးရိမ်ပူပန်နေပုံရလေသည်။ ရီဝူချင်းက ရီဖူရှင်းနှင့် ဆက်ဆံရေးအကောင်းဆုံးလူများထဲမှ တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက် သိလာသည့် သက်တမ်းက အလွန် ရှည်ကြာနေပြီ ဖြစ်သည်။ သူတို့က အချိန်အကြာကြီး အချင်းချင်း မတွေ့ခဲ့ရသော်လည်း သူတို့၏ ခံစားချက်များက ခိုင်မာလှပေသည်။ ထိုအကြောင်းရင်းကြောင့် သူမက ရီဝူချင်း၏ လုံခြုံမှုအတွက် စိတ်ပူနေခဲ့သည်။

ရီဝူချင်းက အပြင်းအထန်တိုက်ခိုက်နေသည်ကို မည်သူမဆို မြင်နိုင်ပေသည်။

ယခု စီဝေ့ကြယ်ကမ္ဘာက ကျင့်ကြံခြင်းအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ရှိ​နေပြီ ဖြစ်ကာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ပေးနိုင်သည့် ထိပ်တန်းအဆင့် ဆေးလုံးများလည်း ရှိနေပြီ ဖြစ်သည်။ ရီဝူချင်းက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ သူ့အသက်အန္တရာယ်ကို စွန့်စားရပါသနည်း။

ရီဖူရှင်းသာလျှင် ရီဝူချင်းက ထိုကဲ့သို့ အလုပ်မျိုးကို မည်သည့်အတွက်ကြောင့် နားလည်ပေသည်။ သူက အမြဲတမ်း ထိုကဲ့သို့ပင် ဖြစ်သည်။ သူက အောက်ဘုံရှိ ပြည်နယ်ကိုးခုမှ နယ်မြေများတွင် မွေးဖွားခဲ့ပြီး သူ၏ မွေးဖွားမှုက နိမ့်ကျသောကြောင့် ယနေ့ကဲ့သို့ အောင်မြင်မှုမျိုး ရရှိလာမည်ကို မည်သည့်အခါမှ မမျှော်မှန်းနိုင်ခဲ့ပေ။ ထို့​ကြောင့် သူက အခြားလူတိုင်းထက်ပို၍ အားထုတ်ရန် လိုပေသည်။ မကြာခဏဆိုသလို သူက ကျင့်ကြံခြင်းအခွင့်အရေးကို ရယူရန် အသက်နှင့်ရင်း၍ တစ်ခါပြီးတစ်ခါ တိုက်ခိုက်ခဲ့ရသည်။ သူ့ ပင်ကိုစိတ်က ကျင့်ကြံခြင်းအတွက် သင့်တော်သော်လည်း သူ၏ မွေးရာပါ ပါရမီက သူ့ကို ကန့်သတ်ထားသည်။

ဤသည်မှာ သူ့အနီးမှ အခြားလူများက အလွန် ထူးချွန်သောကြောင့် ဖြစ်ပေသည်။ သူတို့ ယခင်က အချင်းချင်း မသိခဲ့ကြလျှင် ရီဝူချင်းက သူ့ကိုယ်တိုင် ရှေ့ဆက်သွား​နေလိမ့်မည် ဖြစ်သော်လည်း ယခုကဲ့သို့ ကျင့်ကြံခြင်းအဆင့်ကို မည်သည့်အခါမှ ရောက်ရှိလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် သူက လက်ထဲ၌ ဓားကျိုးကို ဆုပ်ကိုင်ထားပြီး မလှုပ်မယှက်ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် ဓားစွမ်းအားများက ၎င်းနှင့် ပေါင်းစပ်နေခဲ့သည်။ ဓားကျိုး၏ အထက်၌ သိမ်မွေ့နက်နဲသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ၎င်းက ရီဝူချင်း ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်မှ ခွဲထွက်လာသည့် စိတ်ဝိညာဉ်က ဓားကျိုးနှင့် ပေါင်းစပ်ကာ ၎င်း​ဖြင့် တသားတည်း ဖြစ်လာအောင် ကြိုးစားနေသည်။

ရီဖူရှင်းသည် ရီဝူချင်း၏ စိတ်ဝိညာဥ်က အလွန်နာကျင်နေသည်ကို မြင်ရသောအခါ ထိုအချိန်၌ ရီဝူချင်းက မည်သို့သော နာကျင်မှုမျိုးကို ခံနေရကြောင်း သိရှိပေသည်။ ဤသည်မှာ စိတ်ဝိညာဥ်အနက်ပိုင်းမှ လာသည့် နာကျင်မှုမျိုး ဖြစ်ပေသည်။ စိတ်ဝိညာဥ်ကို ဓားဖြင့် တိုက်ခိုက်ခံရခြင်းက အလွန် အန္တရာယ်များ လှသည်။

ဖန်းစွင်နှင့် အခြားလူများက ရီဝူချင်းအား မည်သူမှဝင်လာပြီး မနှောက်ယှက်စေရန် အနီးဝန်းကျင်ကို ချိပ်ပိတ်ထားခဲ့သည်။

ဓားစွမ်းအားတို့က လေဟာနယ်အတွင်း စီးဆင်းနေပြီး ရီဝူချင်း၏ စိတ်ဝိညာဥ်က အဆက်မပြတ် ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ၌ မှိန်ဖျော့သွားကာ တစ်ခါတစ်ရံတွင် သိပ်သည်းလာ၏။ ၎င်းက အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပြီး မီးခိုးငွေ့အလား ပျောက်ကွယ်သွားတော့မလို ထင်မှတ်ရပေသည်။

ယခုတွင် လူတိုင်းက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြပြီး ရီဝူချင်းအား စောင့်ကြည့်နေကြသည်။ ရာရာနှင့် လီဟန်ဓားသမားတို့ကလည်း အတော်လေး တုန်လှုပ်နေကြသည်။ သူတို့နှစ်ယောက်လုံးက ရီဝူချင်းကဲ့သို့ ဓားစွမ်းရည်ကျင့်ကြံသူများ ဖြစ်ကြသည်။ ယခင်က လီဟန်ဓားသမားသည် ရီဝူချင်း၏ အလွန် ​လေးစားမှုကို ခံခဲ့ရပြီး သူ၏ ဓားကိုပင် ပေးအပ်ခဲ့ဖူးသေးသည်။

အချိန်က ပြောင်းလဲသွားပြီး ယခု သူတို့ ကျင့်ကြံခြင်းအဆင့်က တူညီနေပြီ ဖြစ်သည်။ သို့သော် ရီဝူချင်း၏ စရိုက်က ပို၍ ခိုင်မာပေသည်။

သို့သော် ထိုကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားခိုင်မာခြင်းက သူ့ကိုယ်သူ ပို၍ ခက်ခဲအောင် ပြုလုပ်နေသည်။

ဘုန်း...

ကြောက်မက်ဖွယ် ရောင်ဝါတို့က ဓားကျိုး၏ အထက်တွင် ရစ်ဝဲနေပြီး ဓားစွမ်းအားတို့ လွှမ်းခြုံလာသည်။ မဟာလမ်းစဥ်၏ ခုခံကာကွယ်ခြင်းစွမ်းအားက လူတိုင်းရှေ့တွင် ထွက်ပေါ်လာသော်လည်း သူတို့၏ မျက်လုံးများက ရီဝူချင်းထံ၌ ရှိနေခဲ့သည်။ ရီဝူချင်း၏ စိတ်ဝိညာဥ်က ဓားစွမ်းအားများနှင့် ပြည့်နှက်ကာ တောက်ပ၍ လင်းလက်နေသည်။ ရီဖူရှင်း၏ စိတ်ဝိညာဥ်သည်ပင် အပိုင်းပိုင်း ကွဲထွက်တော့မလို ထင်မှတ်ရပေသည်။

သို့သော် နောက်တခဏတွင် ဓားစိတ်ဝိညာဥ်က မရေတွက်နိုင်သော ဓားစွမ်းရည်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဓားကျိုးနှင့် ပေါင်းစပ်သွားပေသည်။ ​ထိုအခိုက်အတန့်တွင် ၎င်း၏ အသက်စွမ်းအားများ ပါဝင်နေသည့် ဓားကျိုးက အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ် မိုးကြိုးသံများက ပေါက်ကွဲထွက်လာပြီး ဓားကျိုး၏ ဓားအိမ်ကဲ့သို့ ဖြစ်နေသည့် တောင်တန်းများက အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးခံလိုက်ရသည်။

ယခု ဓားကျိုးက ၎င်း၏ ဓားအိမ်မှ လွတ်သွားကာ လေထဲတွင် ရစ်ဝဲနေပြီး အဆုံးမဲ့ ဓားအလင်းတို့ ထုတ်လွှတ်လာသည်။

သူတို့အနီးမှ အရာအားလုံးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ပေသည်။ ထိုပြင်းထန်သည့် ဓားစွမ်းအားအောက်တွင် ရီဖူရှင်းက အစွမ်းထက်သည့် မဟာလမ်းစဥ် ခုခံစွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ ၎င်းက သူ့နောက်မှ ကျင့်ကြံသူအားလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ထိုတောင်တန်းထိပ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

ရီဝူချင်းက ထိုနေရာ၌ ကျောက်ရုပ်တုကြီးကဲ့သို့ လှုပ်ရှားမှုမရှိ ရပ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ဓားကျိုးက ရီဝူချင်း၏ မျက်ခုံးတန်းအလယ်သို့ တိုက်ရိုက်တိုးဝင်သွားပေသည်။ ရီဝူချင်းက နောက်ခဏတွင် မျက်လုံးကို ဖွင့်လိုက်ကာ ကြောက်မက်ဖွယ် ဓားအရှိန်အဝါတို့က သူ့မျက်လုံးထဲမှ ထိုးထွက်လာသည်။

ထို့နောက် သူက တင်ပျဥ်ခွေကာ ထိုင်ချလိုက်သည်။ သူက ကျောက်တုံးပေါ်တွင် ထိုင်ချကာ ​ဓားစွမ်းရည်ကို နားလည်သဘောပေါက်ရန် ငြိမ်းချမ်းစွာ ကျင့်ကြံ​နေခဲ့သည်နှင့် တောင်ထိပ်ဖျားက ပျက်စီးသွားခဲ့သည်။

"သူ လုပ်နိုင်ခဲ့ပြီ။"

ရီဖူရှင်းက အံ့သြကျေနပ်စွာ ကြည့်လိုက်သည်။ ရီဝူချင်းက ဓားကျိုးကို ဖိနှိပ်ကာ ဓားဝိညာဥ်နှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ယခု သူ၏ ဓားဝိညာဥ်သည် ယခင်ကထက်ပင် အစွမ်းထက်လာခဲ့ပြီ ဖြစ်၏။

အခြားလူများက ကျေနပ်စွာ ကြည့်နေခဲ့ကြပြီး အများစုက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ ရီဝူချင်းက အောင်မြင်ခဲ့ပြီးနောက် မည်မျှ တိုးတက်လာမည်ကို မည်သူမှ မသိခဲ့ကြပေ။

ထိုအချိန်တွင် သူတို့သည် ရီဝူချင်းက သူ့ပါးစပ်ထဲသို့ ဆေးလုံးအချို့ပစ်ထည့်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ ၎င်းက ရီဖူရှင်း ပြုလုပ်ထားခဲ့သည့် ဆေးလုံး ဖြစ်သည်။ ကြည့်ရသည်မှာ ဤကဲ့သို့ အန္တရာယ်များသည့် အခိုက်အတန့်တွင် ရီဝူချင်းက နတ်ဘုရားတစ်ပိုင်းဆေးလုံးများကို အသုံးပြုခဲ့ပုံရသည်။

တခဏအတွင်း ပြင်းထန်သည့် အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်အတွင်းမှ ထိုးထွက်လာပြီး သူ့ကိုယ်ပေါ်တွင် ဓားစွမ်းအားတို့က စီးဆင်းနေခဲ့သည်။ ရုတ်တရက် သူ့ကို ဗဟိုပြုကာ အစွမ်းထက်သည့် ဓားနယ်​မြေတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်း၏ အရှိန်အဝါက အလွန် အံ့အားသင့်ထိတ်လန့်ဖွယ် ကောင်းလှသည်။

သူတို့ကျင့်ကြံနေစဥ် သူ့အနီးတွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားချီမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ မရေတွက်နိုင်သည့် မဟာလမ်းစဥ်အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး ၎င်းတို့က ဓားစွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်လာကာ ၎င်းက အရာအားလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

"နတ်ဘုရားကပ်ဘေး။"

ရီဖူရှင်းက ကောင်းကင်ကို မော့ကြည့်လိုက်ကာ မျက်လုံးများက ထက်ရှလာသည်။ ကောင်းကင်ထက်ရှိ  ဖျက်ဆီးခြင်းအရှိန်အဝါက ပို၍ အားကောင်းလာသည်။ ၎င်းသည် ထိတ်လန့်စရာကောင်းသည့် နတ်ဘုရားကပ်ဘေးတစ်ခု အစပျိုးလာခြင်းဖြစ်ပုံရသည်။ နတ်ဘုရားကပ်ဘေးစွမ်းအားသည် အခြားသော ကျင့်ကြံသူအများစု ကြုံတွေ့ခဲ့ရသည့် နတ်ဘုရားကပ်ဘေးထက် ပိုမို အားကောင်းပေသည်။ ဖြစ်နိုင်သည်မှာ ယခုလေးတင် သူကြုံတွေ့ခဲ့ရသည့် အခွင့်အရေးကြောင့် ပို၍ ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဘုရားကပ်ဘေးစွမ်းအားကို ရင်ဆိုင်ရခြင်း ဖြစ်နိုင်သည်။

"နောက်ဆုတ်ကြ။"

ရီဖူရှင်းက ပြောလိုက်သည်။ လူတိုင်းက အဆောတလျင် နောက်ဆုတ်လိုက်ကြသည်။

မ​ကြာခင်၌ ဖျက်ဆီးခြင်းကပ်ဘေးအလင်းများ ဆင်းသက်လာပြီး ဤလေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ရှေးခေတ်ကုန်းမြေပေါ်၌ အဝေးရှိ ကျင့်ကြံသူများက လက်ရှိ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ တစ်ယောက်ယောက်က ယခုချက်ချင်း နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်နေသည်လား။

ဤသည်မှာ နတ်ဘုရားများ၏ ဂူသင်္ချိုင်းအတွင်း နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်နိုင်သည့် ပထမဆုံးလူ ဖြစ်ပေသည်။

အစွမ်းထက်ကျင့်ကြံခြင်းနှင့် အချို့လူများက ထိုနေရာသို့ အပြေးအလွှား သွားခဲ့ကြသည်။ တစ်စုံတစ်ယောက်က အရေးပါသည့် အခွင့်အရေးတစ်ခု ရရှိခဲ့သောကြောင့် ကျင့်ကြံဆင့် အတားအဆီးကို အလျင်အမြန် ချိုးဖျက်နိုင်ခဲ့သည်လား။

ထိုအခွင့်အရေးက အင်ပါယာအဆင့် အမွေအနှစ် ​ဖြစ်ရပေမည်။

တဖြေးဖြေးနှင့် ပို၍များပြားသော ကျင့်ကြံသူများက ထိုနေရာ၌ စုဝေးလာခဲ့ပြီး နတ်ဘုရားများ၏ နယ်​မြေအတွင်း ဘုံအားလုံးမှ ကျင့်ကြံသူများ ရောက်ရှိလာပေသည်။ ရီဝူချင်း၏ နတ်ဘုရားကပ်ဘေးက အခြားသူများအား မည်သို့ သတိမပြုမိဘဲ နေပါမည်နည်း။

ရီဖူရှင်းသည် အနီးဝန်းကျင်ကို ဝေ့ဝဲ့ကြည့်လိုက်သည့်အခါ သူတို့ကြားတွင် အလွန် အစွမ်းထက်သည့် လူတချို့ရှိနေသည်ကို တွေ့ရှိခဲ့သည်။ အဆင့်မြင့်ရန်ဟောင်အဆင့် အနည်းငယ်ပင် ပါနေသေး၏။ ဤတစ်ကြိမ်တွင် ဘုံခုနစ်ခုမှ အစွမ်းထက်ဆုံး လူများ စုစည်းရောက်ရှိနေကြသည်။

နတ်ဘုရားကပ်ဘေးအလင်းတို့ ကျဆင်းလာသည်နှင့် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါတို့ ဖွဲ့စည်းလာပေသည်။ ကောင်းကင်ထက်တွင် ကပ်ဘေးဓားတစ်ခု ပေါ်ပေါက်လာသည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးဖြင့် ဖွဲ့စည်းထားသော ကပ်ဘေးဓားတွင် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ရီဝူချင်းက ကပ်ဘေးဓားကို မော့ကြည့်လိုက်သည်။ သူက မတ်တပ်ထရပ်လိုက်ပြီး သူ့ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေကာ ကောင်းကင်အမြင့်သို့ တက်သွားခဲ့သည်။

ဘုန်း...

ပျက်စီးခြင်းကပ်ဘေးဓားက ဖျက်ဆီးခြင်းအလင်းအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်လျှပ်စီးကဲ့သို့ ကောင်းကင်မှ ကျဆင်းလာသည်။

ရီဝူချင်းက ရှောင်တိမ်းရန် မပြုလုပ်ခဲ့ပေ။ ထို့အစား သူ့ခန္ဓာကိုယ်ပေါ်မှ ဓားစွမ်းအားတို့က အော်မြည်လာပြီး ဓားတစ်လက် ထွက်ပေါ်လာကာ သူ့ကိုယ်သူ ကာကွယ်ရုံမျှမက ကပ်ဘေးဓားနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရန် လုပ်ဆောင်လိုက်သည်။

ဘန်း...

ကြောက်မက်ဖွယ်ဓားနှစ်လက်၏ ထိပ်တိုက်တွေ့ဆုံမှုက ပျက်စီးခြင်းဓားနယ်မြေတစ်ခု ဖြစ်ပေါ်လာစေကာ လေဟာနယ်အား စုတ်ဖြဲပစ်လိုက်သည်။ လေဟာနယ်အတွင်း အရာအားလုံးက ဖျက်ဆီးခံလိုက်ရပြီး ဖျက်ဆီးခြင်းနတ်အလင်းတို့က ရီဝူချင်း၏ ပုံရိပ်ကို လွှမ်းခြုံလာသည်။

လူတိုင်းက စိုက်ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာပြီးနောက် နတ်အလင်းတို့က တဖြေးဖြေး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ တစ်စုံတစ်ယောက်က အထဲ၌ ရပ်နေခဲ့ပြီး နတ်အလင်းတို့၏ ဝန်းရံထားခြင်းကို ခံခဲ့ရသည်။ ဓားဆန္ဒက သူ့ခန္ဓာပေါ်တွင် စီးဆင်း​နေပြီး ပြိုင်ဘက်ကင်းအရှိန်အဝါတို့ ထွက်ပေါ်နေခဲ့သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ရီဝူချင်းပင် ဖြစ်လေသည်။ 

ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက နတ်ဘုရားအရှိန်အဝါအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ပြီးနောက် သူက မည်သည့်ဒဏ်ရာမှ မကျန်ရစ်ခဲ့ဘဲ အင်အားအပြည့်နှင့် ဖြစ်သည်။

ယခင်က သူသည် သေလုနီးပါးဖြစ်ခဲ့သောကြောင့် ဓားဝိညာဥ်၏ ရောင်ဝါက မှောင်မိုက်နေခဲ့သော်လည်း ယခု သူအောင်မြင်ပြီးနောက် သူ့အခြေအ​နေက အထွတ်အထိပ်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။

"မဟာအင်ပါယာရဲ့ အရှိန်အဝါ။"

သူတို့အနီးမှ ကျင့်ကြံသူများအားလုံးသည် မဟာအင်ပါယာတစ်ပါး၏ စွမ်းအားများပါဝင်နေသည့် ဓားစွမ်းအားကို ခံစားမိသည့်အတွက်ကြောင့် ရီဝူချင်းထံသို့ ကြည့်လာကြပေသည်။ သူက မဟာအင်ပါယာတစ်ပါး၏ နတ်ဓားကို ရရှိသွားခဲ့သည်လား။ ထို့ကြောင့် အတားအဆီးကို ချိုးဖျက်ကာ အဆင့်တက်နိုင်ခဲ့ခြင်းဖြစ်ရပေမည်။

ကောင်းကင်ထက်တွင် နတ်အာရုံများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး ရီဝူချင်းပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းတွင် ယဥ်ကျေးမှုနှင့် လောကဝတ်ဟူ၍ မရှိပေ။ သူတို့သည် လောက၏ အားလုံးသော ကျင့်ကြံသူများ ဤနေရာ၌ စုဝေးရောက်ရှိနေသည်ကို နားလည်ကြသည်။

ဤရှေးဟောင်းနယ်မြေတွင် လုယက်ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် အမွေအနှစ်ရှာဖွေခြင်းသာ ရှိပေသည်။ ၎င်းက အရက်စက်ဆုံးနှင့် ပရမ်းပတာနိုင်လှသော အခြေအနေ ဖြစ်ပေလိမ့်မည်။

အဝေးမှ ကြောက်မက်ဖွယ် နတ်မျက်လုံးတစ်ခုက လေဟာနယ်ကို ထိုးဖောက်ပြီး ဤနေရာသို့ ကြည့်လာခဲ့သည်။ ရီဖူရှင်းက ခေါင်းကိုမော့ကာ ထိုနေရာသို့ ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်သွားပြီး အဝေးသို့ ကြည့်သွားခဲ့သည်။

"ရှန်းယန်ဗုဒ္ဓအရှင်။"

ရီဖူရှင်း၏ မျက်လုံးများတွင် အေးစက်သည့် အလင်းတို့ ဖြတ်ပြေးသွားသည်။ ရှန်းယန်ဗုဒ္ဓအရှင်က အဝေး၌ ရှိနေခြင်းဖြစ်သော်လည်း သူတို့ကို ထောက်လှမ်းနေသည်။ ကြည့်ရသည်မှာ ဤနေရာ၌ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဖြစ်ပေါ်လာသည်အား မြင်တွေ့ခဲ့ရပေသည်။

ထိုအချိန်၌ အလွန် ပြင်းထန်သည့် လေဟာနယ် မဟာလမ်းစဥ်အရှိန်အဝါက ရုတ်တရက် ရီဝူချင်းရှေ့၌ ပေါ်ပေါက်လာသည်။ တစ်နေရာမှ လေဟာနယ်တံခါးတစ်ချပ် ပေါ်ပေါက်လာပြီး ကြီးမားသည့် လက်ဝါးရိပ်တစ်ခု ထွက်ပေါ်လာကာ ရီဝူချင်းကို ဖမ်းဆွဲလိုက်သည်။

ရီဝူချင်းထံမှ ငြင်းဆန်၍ မရနိုင်သော ဓားစွမ်းအားများ ထွက်ပေါ်လာပြီး အလွန်အမင်းတော​က်ပသည့် နတ်ဓားတစ်လက်ဖွဲ့စည်းလာကာ သူ့ကို ဆွဲခေါ်လိုက်သည့် လက်ဝါးရိပ်ကြီးအား တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ ဓားက ၎င်း၏ ပစ်မှတ်ကို ရှာဖွေကာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီး ပြင်းထန်သော အော်မြည်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရကာ လေဟာနယ် လက်ဝါးရိပ်က ပျက်စီးသွားခဲ့ပေသည်။

"သတ်။"

ရီဝူချင်း၏ မျက်လုံးများက ရှေ့သို့ ကြည့်နေခဲ့ပြီး နတ်ဓားက လေဟာနယ်တံခါးကို တိုက်ရိုက်ဖြတ်သန်းသွားကာ ပြိုင်ဘက်ထံ တိုးဝင်သွားခဲ့၏။ သူက ထိုတိုက်ပွဲကို ကိုယ်တိုင်သွားရောက် တိုက်ခိုက်ချင်သော်လည်း ရီဖူရှင်းက သူ့ကို ပြောခဲ့သည်ကို သတိရမိသည့်အခါ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ သူက ဓားကျိုးကို ရရှိခဲ့ပြီး အဆင့်ချိုးဖျက်သွားခဲ့သော်လည်း သူ တိုက်ခိုက်​နေရသည့်သူက ဒုတိယနတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူ ဖြစ်သည်။သူက ထိုလူ့ကို ဆန့်ကျင်၍ တိုက်ခိုင်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

လေဟာနယ်တံခါးက ပိတ်သွားခဲ့သော်လည်း နတ်ဓားက အခြားတစ်နေရာသို့ ပစ်မှတ်ထားခဲ့ပြီး ဖြစ်သည်။ ရီဝူချင်းသည် ထိုနတ်ဓားက အခြားလူများ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရကြောင်း ခံစားမိလိုက်သည်။

နောက်တခဏတွင် ကြောက်မက်ဖွယ်ဖြစ်လာသည် အမှောင်ထုက အဆုံးမဲ့နယ်​မြေတစ်ခွင်ကို လွှမ်းခြုံကာ အမှောင်ထုနယ်​မြေအ​ဖြစ် ပြောင်းလဲပစ်လိုက်သည်။ ၎င်းက အလင်းတစ်စပင် မရှိသော အကြွင်းမဲ့ အမှောင်ထု ဖြစ်လာပေသည်။ ကျင့်ကြံသူများ၏ နတ်အာရုံတို့က အကြီးအကျယ် ကန့်သတ်ထားသည်။

ဤသည်မှာ မဟာလမ်းစဥ်အမှောင်ထု၏ စွမ်းအားပင် ဖြစ်သည်။

တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာပြီး လူအများက ရီဝူချင်းရှိနေရာသို့ စတင်တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုအင်အားကို ကန့်သတ်ခံထားရသူများပင် တိုက်ခိုက်လာကြသည်။ ထိုသူများတွင် အန္တရာယ်အများဆုံးမှာ အမှောင်ထုနယ်​မြေကို ထုတ်ဖော်လာသည့် ကျင့်ကြံသူဖြစ်သည်။

ရီဝူချင်းက အားကောင်းသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ သူ တစ်ချက်တွေးလိုက်သည်နှင့် နတ်ဓားက သူ့ရှေ့တွင် တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် ကြောက်မက်ဖွယ် ဓားနယ်​မြေတစ်ခု သူ့အနီးတွင် ဖြစ်ပေါ်လာခဲ့၏။ မည်သူ့ကိုမှ သူ့အနီးသို့ ရောက်လာရန် ခွင့်မပြုသလို မဟာလမ်းစဥ် တိုက်ခိုက်မှုများကလည်း ပျက်စီးသွားခဲ့သည်။

သို့သော် အလင်းတစ်ခုက သစ္စာဖောက်နေသကဲ့သို့ သူ့နေရာအား ဖော်ပြနေသည်။

ကျင့်ကြံသူများစွာက နှစ်ခါမတွေးဘဲ စတင်တိုက်ခိုက်လိုက်သော်လည်း ထိုအချိန်တွင် မျက်စိကျိန်းလောက်သည့် အလင်းတစ်ခု ပေါ်ပေါက်လာသည်။ တစ်နေရာ၌ ထွက်ပေါ်လာသည့်အလင်းက ထိုလေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းက အလင်းလမ်းစဥ်ဖြစ်ပေသည်။

ရီဖူရှင်းက ထိုနေရာကို ကြည့်လိုက်သည့်အခါ ထိုကျင့်ကြံသူများက ရီဝူချင်းအား ဆန့်ကျင်တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်၏။

"မင်းတို့က ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။"

ထိုလူများသည် သူတို့က စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများဖြစ်ကြောင်း သိကြသော်လည်း ရီဝူချင်းထံမှ အမွေအနှစ်အား လုယူရန် ကြံစည်နေကြဆဲ ဖြစ်သည်။ သူတို့သည် စီဝေ့ကြယ်ကမ္ဘာက အနိုင်ကျင့်၍ လွယ်ကူသည်ဟု ထင်နေခဲ့ကြသည်လား။

All Chapters