စောင့်ရှောက်သူနတ်သားရဲ
Vol. 186 Ch. 2662
"တစ်ယောက်မှအရှင်မထားနဲ့။"
ရီဖူရှင်းက အေးစက်သည့်အသံနှင့် ကြေညာလိုက်သည်။
သူ ပြောလိုက်ပြီးသည်နှင့် သူ၏ နတ်အာရုံက ကျယ်ပြောသည့် လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံသွားသည်။ ယင်းက သူတို့ကို ဝန်းရံထားသည့် အမှောင်ထုအား ထိုးဖောက်သွားခဲ့ပေသည်။
ချက်ချင်းပင် သူက ဒုတိယကပ်ဘေးအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် မှော်နက်လောကမှ ကျင့်ကြံသူတစ်ယောက်ကို ပစ်မှတ်ထားလိုက်သည်။
ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်က အမှောင်ထုထဲသို့ ထိုးဖောက်သွားပြီး ၎င်းနှင့် ပေါင်းစပ်ရန်ကြိုးစားလိုက်သည်။
ရီဖူရှင်း၏ လက်ထဲတွင် ကောင်းကင်တူ ထွက်ပေါ်လာပြီး ၎င်းမှ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအင်လှိုင်းကို ထုတ်လွှတ်ပေးနေသည်။ သူက ထိုကျင့်ကြံသူရှိနေရာသို့ တစ်ချက်ကြည့်လိုက်ကာ သူ၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ကျယ်လောင်လှသည့် တုန်ခါသံကို ကြားလိုက်ရပြီး ရီဖူရှင်းလက်ထဲမှ ကောင်းကင်တူက အောက်သို့ ရိုက်ချလာသည်။ ၎င်းက ဦးတည်ထားသည့် ပစ်မှတ်မရှိသလို ပစ်မှတ်ထားရန်လည်း လိုအပ်ပေသည်။
အလွန် ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိတ်လန့်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားနိုင်ပေသည်။ ကောင်းကင်က ချက်ချင်းပြိုကျပျက်စီးတော့မလိုပင်။
ဘန်း...
အမှောင်ထုအတွင်း ပေါင်းစပ်နေသည့် ထိုပုံရိပ်က ပေါ်ပေါက်လာပြီး ချောင်းတစ်ချက်ဆိုးလိုက်ကာ လတ်ဆတ်သော သွေးတစ်လုတ်ကို ပါးစပ်အပြည့်အန်ချလိုက်ရသည်။ သူ့မျက်နှာက ဖြူဖျော့နေခဲ့ပြီး သူက တခဏအတွင်း သေတော့မလို သူ၏ အရှိန်အဝါက အလွန် အားနည်းနေခဲ့သည်။
"သနားညှာတာပေးပါ။"
ထိုလူက ခပ်တိုးတိုးပြောလိုက်သည်။ သို့သော် သူပြောပြီးသည်နှင့် ရီဖူရှင်း၏ ပုံရိပ်က သူ့အထက် ကောင်းကင်၌ ချက်ချင်း ပေါ်ပေါက်လာသည်။ ကောင်းကင်တူက ချက်ချင်း အောက်သို့ ရိုက်ချလာခဲ့၏။ ထိုလူက စိတ်ပျက်အားငယ်နေသော အကြည့်တို့နှင့် ကြည့်လိုက်သည်။ နောက်တခဏ၌ သူ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့ကာ နတ်ဘုရားလက်နက်အောက်တွင် နေရာ၌ ပွဲချင်းပြီးဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ရပေသည်။
အခြားနေရာများတွင် သခင်ချန်နှင့် အခြားလူများက တိုက်ခိုက်နေခဲ့သည်။ ချန်ယိက လျင်မြန်လှသည်။ သူက အလင်းတန်းတစ်ခု ဖြစ်လာပြီး လေဟာနယ်အတွင်း ဖြတ်သန်းသွားနေခဲ့၏။ မကြာခင်၌ နတ်ဘုရားကပ်ဘေးကျင့်ကြံသူတစ်ယောက်က အလင်းနှင့်ထိုးဖောက်ခံရကာ အလင်းမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဟွာဂျီယူ၊ ဂူတုံးလျှို၊ ဖန်းစွင်၊ သော်ယွီနှင့် အခြားလူများကလည်း အစွမ်းထက် တိုက်ပွဲစွမ်းရည်တို့ကို ပိုင်ဆိုင်ထားသည်။ ထိပ်သီးအင်အားစုများမှ သာမန်ကျင့်ကြံသူများက သူတို့နှင့် ယှဥ်ပြိုင်ဘက် မဟုတ်ပေ။
တိုက်ပွဲစွမ်းရည်အရ စီဝေ့အင်ပါယာနန်းတော်၏ အဆင့်မြင့် ကျင့်ကြံသူများကြားတွင် အများစုမှာ အင်ပါယာအဆင့်အင်အားစုများ၏ ကျင့်ကြံသူများနှင့် ယှဥ်နိုင်သူများဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအရင်းအမြစ်များက ထိုလူများထက် နိမ့်ကျခြင်းမရှိခဲ့ပေ။
ဘုံခုနစ်ခုရှိ အရင်းအမြစ်များအရ စီဝေ့အင်ပါယာနန်းတော်နှင့် ယှဥ်နိုင်သည့် အင်အားစု မည်မျှများများ ရှိပါသနည်း။
သူတို့တွင် ဝိညာဥ်လက်နက်များ၊ ဆေးဝါးများ၊ အင်ပါယာအဆင့်ပညာရပ်များနှင့် ထိပ်တန်းအဆင့် သိုင်းပညာနည်းစနစ်များ ရှိသည်။ သူတို့တွင် မည်သည့် ပညာရပ်ဋ္ဌာနမှ လစ်လပ်နေခြင်းမရှိပေ။ အင်ပါယာအဆင့် အင်အားစုများသာလျှင် ယှဥ်နိုင်ပေသည်။ ရှေးဟောင်းနတ်ဘုရားကလန်များပင် သူတို့နှင့် တူညီသော အဆင့်တွင် ရှိမနေပေ။
လက်ရှိရောက်နေသည့် လူတိုင်းက ထူးချွန်ထက်မြက်သော ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် အချိန်တိုအတွင်းမှာပင် အစောပိုင်းက တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရသည်။ ထိုသည်မှာ ကျန်သည့် လူများ၏ နှလုံးသားများကို တုန်ယင်သွားစေခဲ့သည်။ သူတို့က ဝရုန်းသုန်းကားနှင့် နောက်သို့ဆုတ်သွားခဲ့ပြီး ဤနေရာမှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။
သူတို့က စီဝေ့ကြယ်ကမ္ဘာအကြောင်း ကြားဖူးကြသော်လည်း ကံကြမ္မာကို စမ်းသပ်ရန် ကြိုးစားဆဲ ဖြစ်သည်။ သူတို့က မဟာအင်ပါယာအဆင့် ဝိညာဥ်ရတနာကို လိုချင်တပ်မက်ခဲ့သည်။ အဆုံး၌ ရီဝူချင်းက တစ်ခုရရှိခဲ့ပုံရလေသည်။ သို့သော် ထိုလူများက ထိုမျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ရီဖူရှင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကောင်းကင်တူကို အသုံးပြုလိုက်သည့်အခါ သူ့အား ရပ်တန့်၍မရတော့ပေ။ တူကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မှော်နက်လောကမှ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က အမှောင်ထုထဲမှ အပြင်ဘက်သို့ ပျံသန်းထွက်သွားခဲ့သည်။ ရီဖူရှင်းသည် သူ၏ တူလွှဲယမ်းမှုတွင် တတ်နိုင်သမျှ အားအများကြီး ထည့်မသုံးထားပေ။ ထို့ကြောင့် သူက နှစ်ကြိမ်လွှဲယမ်းရန် လိုအပ်သည်။ မဟုတ်လျှင် တစ်ဖက်လူသည် ပထမတစ်ချက်မှာပင် သေဆုံးသွားမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အမှောင်ထုထဲမှ ထွက်ပေါ်လာသည့် ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် လေဟာနယ်အတွင်းမှ ကြောက်မက်ဖွယ် နတ်ဘုရားမျက်လုံးတစ်စုံ ပျောက်ကွယ်သွားခဲ့သည်။ ရှင်းလင်းစွာပင် ရှန်းယန်ဗုဒ္ဓအရှင်က ဤနေရာကို ထပ်မံစူးစမ်းလေ့လာနေခြင်းမရှိတော့ပေ။ လက်ရှိတွင် ရီဖူရှင်းအား ဆန့်ကျင်သည်မှာ အမြင်ကျယ်ရာ မကျချေ။ ထိုကြောင့် ရှန်းယန်ဗုဒ္ဓအရှင်က အလျင်စလို မလှုပ်ရှားရဲခဲ့ခြင်း ဖြစ်သည်။
သူ၏ နတ်မျက်လုံးနှင့် သူသည် အခြားသူများထက် ပို၍ မြင်နိုင်ပြီး အမွေအနှစ်များစွာကို တွေ့ရှိနိုင်သည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းအတွင်း သူက အရေးကြီးသည့်အကျိုးအမြတ်များစွာကို ရိတ်သိမ်းနိုင်မည်မှာ အသေအချာဖြစ်သောကြောင့် အဆောတလျင် ဖြစ်နေရန်အကြောင်းမရှိပေ။
တစ်ယောက်ပြီး တစ်ယောက် အစွမ်းထက်သည့် နတ်အာရုံများကလည်း ပြန်ဆုတ်ခွာသွားကြသည်။ သူတို့က ရီဖူရှင်းအကြောင်း သိချင်ခဲ့ကြခြင်းဖြစ်သည်။ အရိပ်အမြွက်သိရှိပြီးနောက် သူတို့က နတ်အာရုံများကို ချက်ချင်း ပြန်ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။
ရီဖူရှင်းက အရာအားလုံးကို ခံစားမိပေသည်။ သို့သော် သူတို့ကို အရေးစိုက်ခဲ့ခြင်းမရှိပေ။
သူသည် ရှန်းယန်ဗုဒ္ဓအရှင်နှင့် ရန်ငြိုးတချို့ ရှိပေသည်။ သို့သော် ဗုဒ္ဓအင်အားစုများက သူ့အပေါ် ကြင်နာခဲ့ဖူးသည်။ ထို့ကြောင့် သူက ယခုအချိန်၌ ရှန်းယန်ဗုဒ္ဓအရှင်အား တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ သို့သော် ထိုသူက သူ့အား လာရောက်နှောက်ယှက်ခဲ့လျှင် သူကလည်း နောက်ဆုတ်လိမ့်မည် မဟုတ်ချေ။
ရီဖူရှင်းက ရှန်းယန်ဗုဒ္ဓအရှင်နှင့် ထိုလေ့လာသူများကို လွှတ်ပေးထားနိုင်သော်လည်း ရီဝူချင်းအား တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် ကျင့်ကြံသူများကို သတ်ပစ်မည် ဖြစ်သည်။
သူသည် ဤရှေးဟောင်းကုန်းမြေပေါ်၌ လုယက်ဖျက်ဆီးမှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ ရှိမည်ကို သိပေသည်။ သူသည် ရန်သူများကို အနည်းငယ်မျှပင် သနားညှတာမှုမပြသချင်ပေ။
ရှေ့တစ်လှမ်း လှမ်းလိုက်ပြီး သူက ရီဝူချင်းထံ လျှောက်သွားခဲ့သည်။ ထို့နောက် သူက ရှေ့သို့ ကြည့်လိုက်၏။ ကြောက်မက်ဖွယ် လေဟာနယ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး လေဟာနယ်က တုန်ခါနေကာ လေဟာနယ်တံခါးပေါက်များက ချက်ချင်းပင် ကွာဝေးလှသည့် နေရာမှ လေဟာနယ်နှင့် ဆက်သွယ်သွားပုံရသည်။
ထိုကဲ့သို့ စွမ်းအားကို မည်သို့ ပြုလုပ်ရကြောင်း သူသည်လည်း သိရှိထားသည်။
ယခုလေးတင် တစ်ဖက်လူက စက်ကွင်းကျယ်တိုက်ခိုက်မှုကို ပြုလုပ်ရန် လေဟာနယ်တံခါးများကို အသုံးပြုခဲ့သော်လည်း ရီဖူရှင်းက သူတို့၏ တည်နေရာကို ထောက်လှမ်းရန် ရွေ့လျားစွမ်းအားကို အသုံးပြုခဲ့၏။ တစ်ဖက်လူက သူ့အား တိုက်ခိုက်ပြီးနောက် ထွက်ပြေးရန် စီစဥ်ထားခဲ့ခြင်းပေလား။ သူက သူတို့ကို ထိုသို့လုပ်ခွင့်ပြုမည် မဟုတ်ပေ။
လေဟာနယ်တံခါးများက လေဟာနယ်နှစ်ခုအား ဆက်သွယ်ပေးထားသည်။ တံခါးများ၏ အစွန်းတစ်ဖက်မှ ကျင့်ကြံသူတစ်ယောက်က မည်သည်တို့ဖြစ်နေသည်ကို သိလို၍ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ တံခါးများကို ဖြတ်သန်းလာပြီးနောက် ရီဖူရှင်းနှင့် အခြားလူများက အချင်းချင်းမြင်လိုက်ကြရသည်။
ထိုကျင့်ကြံသူများ၏ မျက်နှာအမူအရာတို့က ချက်ချင်းပင် အလွန် အရုပ်ဆိုးသွားခဲ့ပေသည်။
ထိုကျင့်ကြံသူများဘက်တွင် လူများစွာ ရှိနေခဲ့၏။ ထိုနေရာ၌ အင်အားစုတစ်ခုလုံး ရှိနေပေသည်။
ရီဖူရှင်းက လက်ထဲက ကောင်းကင်တူကို မလိုက်သည့်အခါ ထိုလူများ၏ အမူအရာက ဆိုးရွားစွာ ပြောင်းလဲသွားခဲ့၏။ နောက်တခဏတွင် ကောင်းကင်တူက လေဟာနယ်တံခါးများကို ဖျက်ဆီးပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများ ချက်ချင်းပင် လေဟာနယ်တံခါးများကို ထိုးဖောက်ကာ အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့ပေသည်။
ဤသည်က ကောင်းကင်တူ ဖြစ်သည်။ ထျန်းယန်မြို့သခင်အိမ်တော် ဖျက်ဆီးခံရပြီးနောက် ယခင် ထျန်းယန်မြို့ ပိုင်ဆိုင်ခဲ့သည့် အရာအားလုံးက စီဝေ့အင်ပါယာနန်းတော်၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။ ကောင်းကင်ခွင်းတူ နတ်ဘုရားနည်းစနစ်လည်း အပါအဝင် ဖြစ်သည်။
ကောင်းကင်ခွင်းတူ နတ်ဘုရားနည်းစနစ်မှာ အစကတည်းက ကောင်းကင်တူအတွက် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုပညာရပ်က နတ်ဘုရားလက်နက်အတွက် ပြည့်စုံသည့် တွဲဖက်ဖြစ်သည်။
လေဟာနယ်တံခါးများ၏ အခြားတစ်ဖက်တွင် လူတိုင်းက အံ့အားသင့်သော အကြည့်တို့နှင့် ရှိနေခဲ့သည်။ သူတို့က လေဟာနယ်စွမ်းအားကို အသုံးပြု၍ ထွက်ပြေးချင်ခဲ့သော်လည်း ကောင်းကင်တူ၏ တိုက်ခိုက်မှုက လေဟာနယ်ကို တိုက်ရိုက်ချိုးဖျက်ကာ သူတို့ပေါ်သို့ ကျရောက်သွားခဲ့ပေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အသံများကို ကြားလိုက်ရသည်။ သူတို့အားလုံးက ထိတ်လန့်ဖွယ် စွမ်းအားများကြောင့် အသတ်ခံလိုက်ရလေသည်။
လေဟာနယ်တံခါးများကလည်း ဖုန်မှုန့်များအဖြစ် ပျက်စီးသွားခဲ့သည်။
လူအများသည် ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အခါ ကျောရိုးထဲမှ စိမ့်တက်သွားသည်ကို ခံစားလိုက်ကြရသည်။ ထိုသူက အလွန် ရက်စက်လှသည်။ အနာဂတ်တွင် သူတို့က စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်နှင့် ကြုံမိသည့်အခါ ရှောင်သွားသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် အလွန် အန္တရာယ်များမည် ဖြစ်သည်။
သခင်ချန်နှင့် အခြားလူများသည်ပင် ဆွံ့အသွားခဲ့ပေသည်။ ထိုသည်က အလွန်ရက်စက်လှသည်။ အကယ်၍ သူတို့သာ ရီဖူရှင်း၏ ရန်သူဖြစ်လာလျှင် ထိုသည်က အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။ ထင်ထားသလိုပင် ရီဝူချင်းအား တိုက်ခိုက်သည့် လူများက ကိုယ့်သေတွင်းကိုယ် တူးနေကြခြင်း ဖြစ်သည်။
တိုက်ပွဲက အလွန် လျင်မြန်စွာ ပြီးဆုံးသွားသည်။ လုယက်ချင်ကြသည့် လူများအားလုံးက အသတ်ခံလိုက်ရပေသည်။ သူတို့ထဲက မည်သူမှ မလွတ်မြောက်နိုင်ခဲ့ပေ။ အားလုံးက ခြွင်းချက်မရှိ အသတ်ခံခဲ့ရသည်။
"ဘယ်လိုခံစားရလဲ။"
ရီဖူရှင်းက ကောင်းကင်တူကို သိမ်းလိုက်ပြီး ယခုလေးတင် နောက်တစ်ဆင့်ကို တက်သွားခဲ့သည့် ရီဝူချင်းနှင့် စကားပြောလိုက်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက မည်သည့်အခါကမှ မဖြစ်ခဲ့သလို ထင်မှတ်ရပေသည်။
ရီဖူရှင်းနှင့် ရီဝူချင်းတို့သည် ပြည်နယ်ကိုးခုမှ သူတို့၏ ခရီးစဥ်စတင်ကတည်းက အခက်အခဲများစွာကို ရင်ဆိုင်တွေ့ကြုံခဲ့ကြရသည်။ ယခု ရီဝူချင်းက နောက်ဆုံးတွင် ရန်ဟောင်အဆင့်အတားအဆီးကို ချိုးဖျက်ကာ ဤအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ရီဖူရှင်းက သူ့ သူငယ်ချင်းအတွက် အလွန် ပျော်ရွှင်နေသည်။
"ဓားစွမ်းရည်ရဲ့ သိမ်မွေ့နက်နဲမှုက အဆုံးမရှိဘူး။"
ရီဝူချင်းက ရီဖူရှင်းကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။ ထိုအကြည့်များမှနေ၍ သူသည် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ရရှိခဲ့သည့် အောင်မြင်မှုနှင့် မကျေနပ်သေးကြောင်း သိနိုင်သည်။ ထို့်အစား သူသည် မဟာအင်ပါယာ ချန်ရစ်ခဲ့သည့် စွမ်းအားမှတဆင့် ဓားစွမ်းရည်၏ သိမ်မွေ့နက်နဲမှုကို တွေ့ကြုံခဲ့ရပြီးနောက် သူက အားနည်းနေဆဲဖြစ်ကြောင်း ခံစားမိခဲ့ပေသည်။
ဓားအတွင်း၌ ရှိနေသည့် ဓားစွမ်းရည်ကို ပြည့်စုံအောင်နားလည်သည့်နေ့၌ သူက ဓားပညာရပ်၌ ကျွမ်းကျင်သူ ဖြစ်လာနိုင်ပေသည်။
"ဒီလိုဆိုမှတော့ ဓားလမ်းစဥ်ရဲ့ အဆုံးသတ်ကို ရှာဖွေပေါ့။"
ရီဖူရှင်းက အကြံပေးလိုက်သည်။
"တစ်နေ့မှုတော့ မင်းက ဓားလမ်းစဥ်ရဲ့ အဆုံးသတ်ကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်မှာပါ။"
"သွားရဖို့ ခရီးအရှည်ကြီးလိုပါသေးတယ်။"
ရီဝူချင်းက ပြောလိုက်သည်။
"လမ်းခရီးက ဘယ်လောက်ရှည်ပါစေ။ အဲဒီလမ်းကို လူတွေဖောက်တာပဲလေ။"
ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ သူသည် တစ်နေ့တွင် သူနှင့် သူ့မိတ်ဆွေများအားလုံး လမ်း၏ အဆုံးတွင် ရပ်နိုင်ပြီး အထွတ်အထိပ်သို့ ရောက်နိုင်မည်ဟု မျှော်လင့်ထားသည်။
သူတို့က ခရီးစဥ်ကို တစ်ဖန် ပြန်စတင်ပြီး ဆက်လက်ရှာဖွေခဲ့ကြသည်။ ပတ်ဝန်းကျင်သည် ယခင်ကကဲ့သို့ ကျက်တီးမြေမဟုတ်တော့ပေ။ ဤရှေးဟောင်းကုန်းမြေသည် ကျင့်ကြံသူများစွာ ရောက်ရှိလာမှုကြောင့် အနည်းငယ် အသက်ဝင်မှုကို ပြန်လည်ရရှိလာခဲ့သည်။
သို့သော် ညှို့မှိုင်းအုံ့ဆိုင်းသော ပတ်ဝန်းကျင်က ကျန်ရှိနေဆဲ ဖြစ်သည်။ ရီဖူရှင်းသည် မတူညီသောနေရာများ၌ စစ်ပွဲများ ဖြစ်နေသည်ကို ခံစားမိပေသည်။
"ဟိုနေရာရဲ့ အခြေအနေက အပြင်းထန်ဆုံးဖြစ်ပုံရတယ်။"
သခင်ချန်က နေရာတစ်ခုသို့ ညွှန်ပြရင်း ပြောလိုက်သည်။ ရီဖူရှင်းက သဘောတူညီမှုနှင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"တစ်ချက်သွားကြည့်ကြစို့။"
သူတို့က အရှိန်မြှင့်ကာ ထိုနေရာသို့ သွားလိုက်ကြသည်။ တခဏကြာပြီးနောက် သူတို့သည် ရှေ့၌ မြင်လိုက်ရသောမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ပေသည်။ လေဟာနယ်၏ မတူညီသောနေရာများတွင် အစွမ်းထက်ကျင့်ကြံသူများ စောင့်ကြပ်နေခဲ့သည်။ ထိုနေရာ၌ အခြားလူများလည်း ရှိနေခဲ့၏။ သူတို့သည် အလွန် လေးနက်သည့် အမူအရာနှင့် မြင်ကွင်းအား လေ့လာစူးစမ်းနေကြသည်။ သူတို့၏ မျက်လုံးများက သူတို့ရှေ့ရှိ သတ္တဝါကြီးကို ကြည့်နေခဲ့ကြသည်။
ကြောက်မက်ဖွယ် လေပွေတို့ တိုက်ခတ်နေပြီး ဖုန်မှုန့်များက လေထဲ၌ ကခုန်နေခဲ့သည်။ ကြီးမားသည့် သတ္တဝါကြီးက ကောင်းကင်၌ တောင်ပံတဖျတ်ဖျတ်ခတ်နေခဲ့၏။ သားရဲထံမှ သာမန်လှုပ်ရှားမှုလေးမှပင် ပြင်းထန်သော မုန်တိုင်းတစ်ခုဖြစ်ပေါ်လာရန် လုံလောက်နေပြီဖြစ်သည်။
သားရဲသည် ရှေးခေတ်အခါမှ နတ်ငှက်တစ်ကောင် ဖြစ်ပုံရသည်။ ၎င်း၏ မျက်လုံးများက ကြီးမားပြီး အလွန် ပြင်းထန်လှသည့်အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ၎င်းက ကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ကာ ကျင့်ကြံသူများစွာကို တစ်ကောင်တည်းနှင့် တိုက်ခိုက်နေခဲ့၏။ ၎င်းက အဝေးသို့ ဆုတ်ခွာမသွားဘဲ အနောက်ဘက်ရှိ နန်းတော်ကို ကာကွယ်ရန် ဆုံးဖြတ်ထားပေသည်။
ကြီးမားလှသည့် သားရဲကြီး၏ နောက်တွင် သဲထဲ၌ တစ်ဝက်နစ်မြုပ်နေသည့် ပျက်စီးနေသော နတ်နန်းတော်တစ်ခု ရှိသည်။ ၎င်းက သဲများဖြင့် ဖုံးလွှမ်းခံထားရသော်လည်း ၎င်း၏ ပုံရိပ်ကို ခပ်ဖျော့ဖျော့မြင်နိုင်ပေသည်။ ၎င်းက ခမ်းနားထည်ဝါကာ ရှေးခေတ်နယ်မြေအတွင်း ထာဝရတည်ရှိနေပုံရသည်။
"ဒီသားရဲက ငါတို့ အရင်က တွေ့လာတဲ့ တခြား သားရဲတွေနဲ့ မတူဘူး။ ဒီတစ်ကောင်က အာရုံခံစားနိုင်ပြီး အသိစိတ်ရှိတယ်။"
ဂူတုံးလျှိုက ခပ်တိုးတိုးပြောလိုက်သည်။ ရီဖူရှင်းနှင့် ကျန်သည့်လူများက သဘောတူကာ ခေါင်းညိတ်လိုက်၏။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းပြီး အသိစိတ်ရှိသည့် နတ်ဆိုးသားရဲက ထိုနေရာ၌ စောင့်ကြပ်နေရာ နန်းတော်အတွင်း ဖုံးကွယ်ထားသည့် ထူးခြားသော တစ်စုံတစ်ရာ ရှိမည်မှာ သေချာပေသည်။ ထိုမျှ လူအများကြီး ဤနေရာ၌ စုဝေးကာ ရှာဖွေရန် ရည်ရွယ်နေသည်မှာ အံ့သြစရာမရှိတော့ပေ။
သို့သော် ယခုထိတိုင် မည်သူကမှ ဤရှေးဟောင်းသားရဲ၏ ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်ခဲ့ပေ။ သူတို့အားလုံးက ဤနေရာ၌ ရပ်တန့်ရန် ဖိအားပေးခံခဲ့ရပြီး ကျင့်ကြံသူများစွာပင် သေဆုံးခဲ့ရသည်။