ရှေးဟောင်းနတ်ငှက်
Vol. 186 Ch. 2663
ဘုန်း...
ချက်ချင်းပင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့သည်။ လူအများက မော့ကြည့်လိုက်ပြီး နတ်ငှက်၏ အထက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဝင်္ကပါအစီအရင်တစ်ခု ပေါ်ပေါက်လာသည်။ မရေတွက်နိုင်သော ဖျက်ဆီးခြင်းနတ်အလင်းတန်းများက အောက်သို့ ကျဆင်းလာပေသည်။ ၎င်းတို့က မြေအောက်ကမ္ဘာမှ နတ်ဘုရားကပ်ဘေး၏ စိမ်းပြာရောင် သေဆုံးခြင်းအလင်းများကဲ့သို့ ထင်မှတ်ရသည်။
ဝင်္ကပါအစီအရင်၏ အလယ်ဗဟိုတွင် အလွန် အစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက် ရပ်နေခဲ့သည်။ သူ့အကြည့်များမှ စိမ်းပြာရောင်အလင်းတို့ ထုတ်လွှတ်နေခဲ့ပြီး အလွန် တောက်ပနေခဲ့သည်။
"ဘေးဖယ်နေကြ။"
သူက အောက်သို့ငုံ့ကြည့်ရင်း အေးစက်သည့်အသံနှင့် ပြေလိုက်သည်။ သူပြောလိုက်သည်နှင့် မြေအောက်ကမ္ဘာ၏ နတ်ဘုရားကပ်ဘေး စွမ်းအားတို့က ကျဆင်းလာပြီး နတ်ငှက်၏ ကြီးမားသော ပုံရိပ်ပေါ်သို့ ကျဆင်းလာသည်။ အနောက်ဘက်ရှိ အမွေအနှစ်ကို ကာကွယ်ရန် နတ်ငှက်သည် ရှောင်တိမ်းခြင်းမပြုနိုင်သလို ထိုသို့လုပ်ရန် ကြိုးစားခြင်းလည်း မရှိခဲ့ပေ။
မြေအောက်ကမ္ဘာ၏ အေးစက်သော နတ်ဘုရားကပ်ဘေးက ၎င်း၏ ပုံရိပ်ပေါ်သို့ ဒေါသတကြီးကျရောက်လာကာ အသွေးအသားတို့ကို စုတ်ဖြဲရန် ကြိုးစားလာသည်။ သို့သော် နတ်ငှက်ကြီး၏ ခုခံကာကွယ်မှု ပြိုင်ဘက်ကင်းပေသည်။ ထိုကဲ့သို့ အစွမ်းထက်သည့် ဖျက်ဆီးခြင်းတိုက်ခိုက်မှုက ၎င်း၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပေ။ ၎င်း၏ ခန္ဓာကိုယ်သည် အထွတ်အထိပ် ကျင့်ကြံခြင်းသို့ ရောက်ရှိနေပြီးဖြစ်ပုံရသည်။
စူးရှသည့် အော်မြည်သံနှင့်အတူ နတ်ငှက်ကြီးက ၎င်း၏ တောင်ပံများကို ဖြန့်ကျက်လိုက်သည်။ ၎င်း၏ တောင်ပံကို ဖြန့်လိုက်သည်နှင့် ကြမ်းကြုတ်ပြင်းထန်သည့် လှိုင်းများက ထွက်ပေါ်လာပြီး ကျယ်ပြောသော နေရာတစ်ခွင်က မုန်တိုင်းဖြင့် ဝါးမြိုခံလိုက်ရပုံရသည်။ ၎င်း၏ တောင်ပံများက လေထဲတွင် တဖျတ်ဖျတ် ခတ်နေခဲ့သည်။ ထိုနတ်ငှက်၏ နက်မှောင်သော အမွေးအတောင်တို့က အေးစက်သည့် အလင်းတို့နှင့် လင်းလက်နေခဲ့သည်။ ၎င်းတို့သည် ခြိမ်းခြောက်နိုင်သော နတ်လက်နက်များကဲ့သို့ ထက်ရှပေသည်။ ယင်းတို့က ဝင်္ကပါအစီအရင်ကို တိုက်ရိုက်ထိုးဖောက် ဖျက်ဆီးနိုင်သည်။
ချက်ချင်းပင် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည့် ဝင်္ကပါအစီအရင်က အပိုင်းပိုင်းဖျက်ဆီးခံလိုက်ရသည်။ တစ်ချိန်တည်းတွင် မရေတွက်နိုင်သော ဓားများက ကျင့်ကြံသူထံသို့ တိုးဝင်သွားကာ သူ့ကို လွှမ်းမိုးခုတ်ပိုင်းရန် ကြိုးစားလိုက်သည်။
ထိုကျင့်ကြံသူက တိုက်ခိုက်မှုအား ရှောင်တိမ်းရန် အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် အမြင့်တစ်နေရာသို့ တက်သွားခဲ့၏။ သို့သော် ရုတ်တရက် ကောင်းကင်က မှောင်မည်းသွားလေသည်။ နတ်ငှက်၏ ကြီးမားလှသော တောင်ပံများက နေမင်းကို ဖုံးလွှမ်းကာ ထိုကျင့်ကြံသူထံသို့ တိုးဝင်သွားလေ၏။
သူ၏ မျက်နှာက အပြင်းအထန် ပြောင်းလဲသွားပြီး သူ့ပုံရိပ်က လျင်မြန်စွာ ရှောင်တိမ်းသွားခဲ့သည်။ သို့သော် သူက တောင်ပံများဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရဆဲ ဖြစ်သည်။ သူက အပြင်ဘက်သို့ လွင့်စင်သွားခဲ့ပေသည်။ သူ့ပုံရိပ်က မွစာကြဲအောင် စုတ်ဖြဲခံလိုက်ရပြီး သနားစဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာကာ သွေးများက နေရာအနှံ့ပက်ဖြန်းသွားခဲ့သည်။ ထိုမြင်ကွင်းက အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ယင်းက အလွန် အစွမ်းထက်လှ၏။ ထိုမြင်ကွင်းကို မြင်ပြီးနောက် ကျင့်ကြံသူများစွာ၏ နှလုံးသားတို့က ခုန်ပေါက်လာခဲ့သည်။ ၎င်း၏ အသွေးအသားများ ခုခံကာကွယ်ခြင်းက ပြိုင်ဘက်ကင်းပြီး တိုက်ခိုက်မှုကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ကျင့်ကြံသူများစွာ၏ တိုက်ခိုက်မှုများက ၎င်းကို ထိခိုက်သည်ဆိုရုံမျှသာ လုပ်ဆောင်နိုင်သည်။ သို့သော် နတ်ငှက်၏ တိုက်ခိုက်မှုတစ်ချက်က သူတို့ အသက်များကို နှုတ်ယူသွားနိုင်ပေသည်။
တိုက်ခိုက်ခံရသည့်သူမှာ ဒုတိယနတ်ဘုရားကပ်ဘေးအဆင့်မှ လူတစ်ယောက်ဖြစ်သည်။ သို့သော် သူက ဤကဲ့သို့ သနားစဖွယ် အခြေအနေနှင့် အဆုံးသတ်သွားရဆဲ ဖြစ်သည်။ သူက ချေမွဖျက်ဆီးခံရကာ ဒုက္ခိတဖြစ်သွားရပြီ ဖြစ်၏။ ထိုသို့သော ဒဏ်ရာများမှ ပြန်ကောင်းလာရန်မှာ လွယ်ကူသော အရေးကိစ္စမဟုတ်ပေ။ ဤအမွေအနှစ်နယ်မြေအတွင်း သူ၏ အသက်ရှင်သန်နိုင်ရန်မှာ မေးခွန်းထုတ်စရာကိစ္စဖြစ်နေခဲ့ပြီ ဖြစ်၏။
ကျင့်ကြံသူများက ဤနေရာ၌ ပို၍ပင် စုဝေးလာကြသည်။ အများစုမှာ အင်အားစုအမျိုးမျိုးမှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က မတူညီသော နေရာများ၌ ရပ်နေခဲ့ကြသည်။ တစ်စုံတစ်ယောက်က နတ်ငှက်အား စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငှက်ကြီး ခင်ဗျားက အမွေအနှစ်နယ်မြေရဲ့ အစောင့်အရှောက်ပဲ။ နှစ်ပေါင်းများစွာကြာပြီးတော့ အခု ဒီနေရာက ပွင့်လာခဲ့ပြီ။ ဘာလို့ လူတွေကို အမွေအနှစ်တွေ ဆက်ခံခွင့်ပေးပြီး ကိုယ့်လမ်းကိုယ် မသွားရတာလဲ။ အဲဒီလိုမှ အမွေအနှစ်နယ်မြေက ဆက်ခံသူရှိလာလိမ့်မယ်။"
အမွေအနှစ်နယ်မြေကို ဖိအားပေးလုယူရန် ခက်ခဲသည်ဖြစ်လေရာ တစ်စုံတစ်ယောက်က နတ်ငှက်အား ဘေးဖယ်နေစေရန် သိမ်းသိမ်းစည်းရုံးရန် ကြိုးစားနေခဲ့သည်။ သို့သော် နတ်ငှက်က ဉာဏ်ရည်ထက်မြက်ပေသည်။ သူက စကားပြောလာသည့်သူကို ကြောက်မက်ဖွယ်ဖြစ်လာသည် အကြည့်နှင့် ဝေ့ကြည့်လိုက်၏။ ထိုအကြည့်များတွင် အထင်အမြင်သေးသည့် အငွေ့အသက်တို့ပါဝင်နေပြီး လျစ်လျူရှုဂရုမစိုက်ဟန် ပေါ်သည်။ ၎င်းက မောက်မာဝင့်ကြွားကာ ယနေ့ ဤနေရာ၌ရှိနေသော ကျင့်ကြံသူများကို အထင်အမြင်သေးနေပုံရလေသည်။
၎င်း ခန္ဓာကိုယ်တွင် မဟာအင်ပါယာ၏ အရှိန်အဝါတို့ စွန်းထင်းနေသည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းက မရေတွက်နိုင်သော နှစ်ပေါင်းများစွာ ဤနေရာတွင် တည်ရှိခဲ့သည်။ ထိုအချက်မှာ မငြင်းပယ်နိုင်သည့် အမှန်တရား ဖြစ်သည်။ ဤနေရာ၌ ရှင်သန်နိုင်သည့် မကောင်းဆိုးဝါးများထံ၌ အရှိန်အဝါအချို့ ကျန်ရစ်ပေလိမ့်မည်။
"အခု လောကကြီးက ပြောင်းလဲသွားပြီ။ ကျင့်ကြံသူတွေရဲ့ လောကက တစ်စုတစ်စည်းတည်း ရှိနေတာ။ ခင်ဗျားက အစွမ်းထက်ရင်တောင် ဒီနေရာကို ထာဝရစောင့်ကြပ်မနေနိုင်ဘူး။ ဖြစ်မယ့်ကိစ္စက ဖြစ်ကိုဖြစ်လာမှာပဲ။ ဘာလို့ ဒီလိုကိစ္စတွေအတွက် စိတ်အနှောက်အယှက်အဖြစ်ခံမှာလဲ။"
နောက်တစ်ယောက်ကလည်း နတ်ငှက်ကြီးကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
ထိုနတ်ငှက်က တစ်ဖက်လူကို အထင်အမြင်သေးသည့် အကြည့်နှင့် ကြည့်နေဆဲ ဖြစ်သည်။ ထိုအချိန်တွင် နတ်ငှက်က ၎င်း၏ ပါးစပ်အား ဖွင့်ကာ ပြောလိုက်သည်။
"နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အခု ကျင့်ကြံခြင်းလောကက ဒီလိုအခြေအနေအထိ ဆုတ်ယုတ်လာတယ်။ ကျင့်ကြံသူတွေက စကားလုံးတွေနဲ့ အနိုင်ယူဖို့ပဲ သင်ယူခဲ့ကြတယ်။ နတ်ဘုရားတွေရဲ့ ခေတ်အဆုံးသတ်ပြီးတဲ့နောက် အရင်တုန်းက ဂုဏ်သရေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူး။"
၎င်း၏ အသံက အလွန် ရှေးကျလှသည်။ ဤသည်မှာ နတ်ငှက်ကြီးက ပထမဆုံးအကြိမ် သူ့ပါးစပ်ကို ဖွင့်လိုက်ခြင်းဖြစ်ပြီး ထိုစကားလုံးများထဲတွင် အထင်အမြင်သေးနှိမ့်ချသည့် အရိပ်အယောင်များ ပါဝင်နေသည်။ ရှေးခေတ်နတ်ဘုရားများ၏ ခေတ်အတွင်း အမျိုးမျိုးသော နတ်ဘုရားများ ယှဥ်ပြိုင်ခဲ့ကြသည့် ရှေးဟောင်းလောကသည် စစ်မှန်သည့် ခမ်းနားထည်ဝါသော လောကတစ်ခုဖြစ်ပေသည်။
နှစ်ကာလကြာရှည်စွာ ဖြတ်သန်းခဲ့ပြီးနောက် ယနေ့ခေတ် ကျင့်ကြံသူများထံ၌ ပညာရပ်များအား ဖမ်းဆုပ်နိုင်သည့် စွမ်းရည်မရှိတော့ပေ။ ထို့အစား သူတို့က နတ်ငှက်ကြီးကို စကားလုံးများနှင့် အယုံသွင်းရန် ကြိုးစားချင်ကြသည်။ ထို့ကြောင့် နတ်ငှက်သည် ထိုသို့အပြုအမူများက သူ့အား လှောင်ပြောင်နေသလို ခံစားမိပေသည်။
ကျင့်ကြံသူများစွာက နတ်ငှက်၏ စကားများကို ကြားသည့်အခါ သူတို့နှလုံးသားများက တုန်ယင်သွားကြသည်။ ထိုနတ်ငှက်ကြီးက အသိဉာဏ်ရှိရုံမျှမက နတ်ဘုရားများ၏ ခေတ်မှ ဂုဏ်သရေကိုပင် တွေ့ကြုံဖူးသည့် မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည်။
"ငါ့ကို အနိုင်ယူနိုင်တာ ဒါမှမဟုတ် သတ်နိုင်တဲ့ ဘယ်သူမဆို အမွေအနှစ်ကို ရရှိနိုင်လိမ့်မယ်။"
နတ်ငှက်က ကျင့်ကြံသူများကို ကြည့်ကာ ကြေညာလိုက်သည်။ ၎င်း၏ အကြည့်များမှ လွှမ်းမိုးနိုင်သော အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။
သူတို့က ၎င်းကို အနိုင်ယူခြင်း သို့မဟုတ် သတ်ပစ်နိုင်ပေသည်။ မည်သည့်နည်းလမ်းမဆို လက်ခံနိုင်ဖွယ်ပင် ဖြစ်သည်။
ထိုမျှ အချိန်ကာလကြာမြင့်ပြီးနောက် အထီးကျန်မှုက ကြီးထွားလာသည်။ အကယ်၍ အမွေအနှစ်နယ်မြေကို စောင့်ရှောက်ရန် တာဝန်ပေးခံထားရခြင်းသာမဟုတ်လျှင် သူ့သခင်နောက်သို့ အချိန်ကြာမြင့်စွာကပင် လိုက်သွားခဲ့ပြီး ဖြစ်ပေမည်။
ဘန်း...
ထို့နောက် ကြောက်မက်ဖွယ် နတ်ဆိုးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ နတ်ဆိုးစွမ်းအားက အော်မြည်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ နတ်ငှက်ထံသို့ လျှောက်သွားခဲ့သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ လူအများသည် သူတို့ခန္ဓာကိုယ်အတွင်းမှ သွေးများ ဆူပွက်လှုပ်ရှားလာသည်ကိုပင် ခံစားမိကြပေသည်။
ရုတ်တရက် သူ့ပုံရိပ်က အမြန်နှုန်းတိုးလာပြီး ခြိမ်းခြောက်နိုင်သည့် အနက်ရောင်မိုးကြိုးလျှပ်စီးတစ်ခု ဖြစ်လာကာ နတ်ငှက်ထံ တည့်မတ်စွာ တိုးဝင်သွားခဲ့သည်။ လက်သီးတစ်ချက် ထွက်ပေါ်လာ၏။ လက်သီးစွမ်းအားက ပေါက်ကွဲထွက်လာသည်နှင့် ခြိမ်းခြောက်နိုင်စွမ်းသော နတ်ဆိုးပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ဖိနှိပ်လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခု ထုတ်လွှတ်ကာ လေဟာနယ်ကို ထိုးဖောက်လိုက်သည်။
နတ်ငှက်က ထိုနတ်ဆိုးပုံရိပ်ကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီး ထက်ရှသည့် လက်သည်းများနှင့် ကုတ်ခြစ်ဟန် ခုတ်ပိုင်းလိုက်သည်။ ယင်းနက်မှောင်သည့် လက်သည်းများက ထက်ရှနေခြင်းသာမဟုတ်ဘဲ လေးလံလှသည်။ ၎င်းတို့သည် လေဟာနယ်ကို တိုက်ရိုက်စုတ်ဖြဲပစ်လိုက်ပုံရလေသည်။
ကြီးမားသည့် နတ်ငှက်နှင့် နတ်ဆိုးပုံရိပ်က အချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ကြောက်မက်ဖွယ် ထိပ်တိုက်တွေ့ဆုံသည့်အသံကို ကြားလိုက်ကြရသည်။ နတ်ဆိုးပုံရိပ်က ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။ နတ်ဆိုးလက်သီးသည်လည်း အက်ကွဲသွားခဲ့၏။ သို့သော် လက်သည်းများက ရှေ့သို့ ဆက်လက် ခုတ်ပိုင်းလာပြီး တစ်ဖက်လူ၏ ပုံရိပ်ပေါ်သို့ ကျဆင်းလာသည်။
နတ်ဆိုးကျင့်ကြံသူက ချက်ချင်းပင် သွေးနီရောင်အလင်းတန်းတစ်ခု ဖြစ်လာပြီး အဝေးသို့လွင့်စင်ကာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ကြောက်မက်ဖွယ် လက်သည်းများက သူ့ပုံရိပ်ကို အပိုင်းပိုင်း စုတ်ဖြဲပစ်ခဲ့ခြင်း မရှိပေ။ လူအများ၏ အကြည့်များက သူ့နောက်သို့ လိုက်ပါသွားခဲ့သည်။ နတ်ဆိုးကျင့်ကြံသူ ရရှိခဲ့သည့် ဒဏ်ရာက အသေးအဖွဲမဟုတ်ပေ။
"စွမ်းအား။ ဒါက အကြွင်းမဲ့စွမ်းအားပဲ။"
လူအများက အံ့အားတသင့်ပြောလိုက်ကြ၏။ ဤရှေးဟောင်းနတ်ငှက်က အားနည်းခြင်းမရှိပေ။ ၎င်း၏ ခုခံကာကွယ်မှုနှင့်တိုက်ခိုက်မှုက ပြိုင်ဘက်ကင်းပင် ဖြစ်သည်။ သူတို့က မည်သို့ ဆန့်ကျင်တိုက်ခိုက်နိုင်ပါမည်နည်း။
ကျင့်ကြံသူများစွာက ပူးပေါင်းလျှင်ပင် ထိုနတ်ငှက်အား ထိခိုက်စေရန် ခက်ခဲပေလိမ့်မည်။
ရီဖူရှင်းက ရှေ့သို့လှမ်းလိုက်ကာ နတ်ငှက်ထံသို့ လျှောက်လာခဲ့သည်။ ထိုနတ်ငှက်က သူ့အား ငုံ့ကြည့်လိုက်သော်လည်း အနည်းငယ်မျှ ဂရုမစိုက်ပုံရလေသည်။
"စီနီယာ ကျုပ်ကို ဒီအမွေအနှစ်ပေးနိုင်မလား။" ရီဖူရှင်းက မေးလိုက်သည်။ ထိုနတ်ငှက်က သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ သို့သော် ချက်ချင်းပင် ရီဖူရှင်း၏ လက်ထဲရှိ ကောင်းကင်တူထံမှ အင်ပါယာစွမ်းအားတို့ကို ထုတ်လွှတ်လာသည်။ ယင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နှလုံးသားတို့ကို တုန်ယင်လာစေပြီး သူတို့က သူ့လက်ထဲမှ နတ်ဘုရားလက်နက်ကို စိုက်ကြည့်နေခဲ့ကြ၏။
နတ်ငှက်သည်လည်း နတ်ဘုရားလက်နက်ကို လှမ်းကြည့်လိုက်သည်။ ၎င်း၏ ကြီးမားသော မျက်လုံးထဲ၌ မောက်မာ၍ အေးစက်သော အကြည့်တို့ရှိနေခဲ့သည်။ "မင်းက ငါ့ကို နတ်ဘုရားလက်နက်နဲ့ ခြိမ်းခြောက်ချင်နေတာလား။ ဒီလိုဖြတ်လမ်း လိုက်နိုင်မယ်လို့ ယုံကြည်ရင် မင်း မှားသွားပြီ။"
ရီဖူရှင်းက နတ်ငှက်၏ စကားကို ကြားသည့်အခါ ထူးဆန်းသည့် အကြည့်တစ်ချက်ဖြစ်ပေါ်လာသည်။ သူ့ထံ၌ နတ်ဘုရားလက်နက် ရှိနေလျှင်ပင် ထိုနတ်ငှက်က သူ့အား ကိုင်တွယ်နိုင်ခြင်း ဖြစ်နိုင်သလား။
သူက ကောင်းကင်တူကို မြှောက်လိုက်သည်နှင့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် နတ်ငှက်ကြီး၏ နောက်ရှိ ရှေးဟောင်းအမွေအနှစ်နယ်မြေမှ နတ်အလင်းတို့ ထွက်ပေါ်လာပြီး နတ်ငှက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ချက်ချင်းပင် အစွမ်းထက်သည့် နတ်ငှက်က မဟာအင်ပါယာ၏ ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည့်ဟန် ထင်မှတ်ရသည်။ နတ်အလင်းများက ၎င်းကို လှည့်ပတ်နေ၏။ ထိုအလင်းတွင် မဟာအင်ပါယာတစ်ပါး၏ စွမ်းအားများနှင့် ဖိအားတို့ ပါဝင်နေသလို ထင်မှတ်ရသည်။
ဒုတ်... ဒုတ်... ဒုတ်....
လူအုပ်ကြီးသည် သူတို့၏ နှလုံးသားများက မရပ်မနားခုန်ပေါက်နေခဲ့သည်။ စွမ်းအားက မွန်းကြပ်ဖွယ်ပင်ဖြစ်၏။ နတ်ငှက်၏ မျက်လုံးများထဲ၌ပင် မဟာအင်ပါယာတစ်ပါး၏ နတ်အလင်းတို့ ပါဝင်နေပြီး ၎င်းတို့က ရီဖူရှင်းကို ကြည့်နေသည်။ ၎င်းမှ ထုတ်လွှတ်လာသည့် ဖိအားက ကြောက်မက်ဖွယ်ပင် ဖြစ်ပေသည်။
"ကျုပ်က နောက်ပြောင်လိုက်ရုံပါ စီနီယာ။"
ရီဖူရှင်းက ပခုံးတွန့်ကာ အပြုံးနှင့် ပြောလိုက်သည်။ ထို့နောက် သူက ကောင်းကင်တူကို သိမ်းလိုက်၏။ အနီးဝန်းကျင်ရှိ လူများက တုန်လှုပ်သွားသည်။ သူက ထိုသို့လုပ်နိုင်သည်လား။
သူက နောက်နေသည်လား။
နတ်ငှက်က ရီဖူရှင်းကို အေးစက်သည့် အကြည့်တစ်ချက်ပေးလိုက်သော်လည်း သူ့ကို အရေးစိုက်ခြင်းမရှိပေ။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းက ချက်ချင်းပင် ပျက်ပြယ်ကာ အလွန် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ကြည့်ရသည်မှာ ရီဖူရှင်းကို စိတ်ထဲထည့်မထားပုံရလေသည်။ နတ်ဘုရားလက်နက်ကို အသုံးပြု၍ဖြစ်သေ အနိုင်ယူနိုင်သရွေ့ အဆင်ပြေပုံရလေသည်။
ဘုန်း...
နတ်ငှက်က ပြန်မတုန့်ပြန်နိုင်ခင် ရီဖူရှင်း၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့၏။ ၎င်း၏ မျက်လုံးများက ရှေ့သို့ ပြူးကျယ်စွာ ကြည့်နေခဲ့သည်။ သို့သော် အသံတစ်ခုက ၎င်း၏ အထက်မှ ထွက်ပေါ်လာခဲ့သည်။
"ကြိုပြီးတောင်းပန်ပါတယ်။"
ထိုအသံက ပြောလိုက်သည်။
ထိုစကားလုံးများကို ပြောပြီးသည်နှင့် ကြောက်မက်ဖွယ် လက်သီးစွမ်းအားက နတ်ငှက်၏ ကျောပေါ်သို့ ကျရောက်လာသည်။ ဤအကြွင်းမဲ့စွမ်းအားက ချက်ချင်းပင် နတ်ငှက်၏ အစွမ်းထက်သော ခုခံကာကွယ်မှုကို ထိုးဖောက်လာခဲ့သည်။ ၎င်းက နတ်ငှက်ကြီး၏ ခန္ဓာကိုယ်အတွင်းကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို အောက်သို့ ဖိနှိပ်လိုက်သည်။
ချက်ချင်းလိုလိုပင် ၎င်းက တောင်ပံများကို ခတ်လိုက်၏။ သို့သော် ရီဖူရှင်းက ယခင် သူရပ်နေသည့်နေရာ၌ မရှိတော့ပေ။
ရီဖူရှင်း နောက်တစ်ကြိမ် ပြန်ပေါ်လာသည့်အခါ သူက နတ်ငှက်ကြီးနှင့် ကန့်လန့်ဖြတ် အထက်တစ်နေရာတွင် ဖြစ်သည်။ သူက နတ်ငှက်ကြီးကို ငုံ့ကြည့်ကာ ပြောလိုက်၏။
"စီနီယာ ကျုပ်က နတ်ဘုရားနည်းနစ်တွေကို ကျွမ်းကျင်ပြီး ဘယ်တိုက်ပွဲမှာမှ မရှုံးနိမ့်ဖူးဘူး။ ဒါကြောင့် စီနီယာအနေနဲ့ ကျုပ်ကို တိုက်ခိုက်ဖို့ အရေးသာမှာ မဟုတ်ဘူး။ ဘာလို့ ကျုပ်ကို အထဲဝင်ခွင့်မပြုတာလဲ။"
နတ်ငှက်ကြီးက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ရီဖူရှင်းအား မော့ကြည့်လိုက်သည်။ ၎င်း၏ ကြီးမားသော မျက်လုံးများထဲ၌ ဒေါသတို့ ရှိနေခဲ့သည်။ သူက အမှန်တကယ်ပင် ထိုလူသားထံမှ ဆော့ကစားခံလိုက်ရပေသည်။ ယခုလေး၌ ထိုသူက နတ်ဘုရားလက်နက်ကို ထုတ်ယူ၍ သူ့ ဒေါသကိုဆွခဲ့သည်။ ရီဖူရှင်းက သူ့အား ကြောက်လန့်သွားစေရန် ကြိုးစားနေသည်လား။
ရီဖူရှင်း၏ တိုက်ခိုက်မှုများကလည်း ၎င်းကို ထိခိုက်စေနိုင်ပေသည်။ သူက ဤနေရာရှိ အခြားလူများထက် ပိုအစွမ်းထက်သည်။ ထို့ကြောင့် နတ်ငှက်ကြီးသည် ဒေါသအပြင် စိတ်လှုပ်ရှားမှုကိုလည်း ခံစားမိပေသည်။
"အဲဒီလိုလား။"
နတ်ငှက်က မောက်မာစွာ စိန်ခေါ်လိုက်သည်။ ထိုသို့ပြောရင်း ၎င်း၏ ငှက်မွေးများက မာကြောသည့် ဆူးများသဖွယ် ဖြစ်လာပေသည်။ ၎င်းတို့က ထက်ရှလှသည့် ဓားသွားများကဲ့သို့ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် နက်မှောင်သည့် အလင်းက ၎င်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့၏။ ထိတ်လန့်တုန်လှုပ်ဖွယ် လေပွေလှိုင်းတစ်ခု ပေါ်ပေါက်လာကာ လေဟာနယ်ကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။
ဘုန်း...
ရက်စက်ကြမ်းကြုတ်သည့် လေများ ဖြတ်သန်းတိုက်ခတ်လာသည်။ လူအများသည် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းမထားနိုင်လုနီးပါးပင် ဖြစ်သည်။ အစွမ်းထက်မှု မလုံလောက်သည့် ကျင့်ကြံသူများက မုန်တိုင်းနှင့် လွင့်ပါသွားကြသည်။ ကြီးမားသည့် နတ်ငှက်က ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက အနက်ရောင်အလင်းတန်းတစ်ခု ဖြစ်လာပြီး ရီဖူရှင်းထံ တိုက်ရိုက်တိုးဝင်လာသည်။ သို့သော် ရီဖူရှင်း၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားပြီး တစ်နေရာ၌ ပြန်လည်ထွက်ပေါ်လာသည်။
"စီနီယာ ခင်ဗျားက အရမ်းမြန်တာပဲ။"
ရီဖူရှင်းက ချီးကျူးလိုက်သည်။ ဤမျှကြီးမားသည့် ခန္ဓာကိုယ်ကြီးနှင့်ပင် နတ်ငှက်ကြီးက ကြောက်မက်ဖွယ် လျင်မြန်သည့်အရှိန်အဟုန် ရှိပေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း အံ့သြထိတ်လန့်သွားကြသည်။ နတ်ငှက်ကြီးသည် အရှိန်အဟုန်၌ ပြိုင်ဘက်ကင်းသည်ဟုပင် သတ်မှတ်နိုင်ပေသည်။ ထိုငှက်ကြီးသည် ရှေးခေတ်အခါမှ နတ်ငှက်တစ်ကောင်ဖြစ်ပြီး ၎င်း၏ ပုံရိပ်က ကြီးမားလှသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဟုန်အတွက် အဟန့်အတား ဖြစ်မနေခဲ့ပါချေ။