← Chapters

ဓားတာအိုအ‌သေးစားအောင်မြင်မှု

Vol. 85 Ch. 1187

ဓားတာအိုအ‌သေးစားအောင်မြင်မှု

Vol. 85 Ch. 1187

နှစ်ယောက်သား ငြိမ်သက်စွာနဲ့ ဖြည်းဖြည်းချင်း လက်ဖက်ရည်သောက်နေတယ်။

နောက်ထပ်နာရီဝက်ကြာပြီးနောက် ဆည်းဆာလူအိုကြီးက ပြောလိုက်တယ်"လူငယ်လေး၊ မင်းမှာ ဓားတာအိုကို လေ့ကျင်ဖို့ ကောင်းမွန်တဲ့ပင်ကိုစရိုက်တစ်ခုနဲ့ကောင်းမွန်တဲ့မျိုးစေ့တစ်ခုရှိတာပဲ"

လီဖူချန်းက ဘာမှ မပြောပါဘူး၊ တစ်ဖက်လူရဲ့လေသံက အနည်းငယ်ထူးဆန်းပေမယ့် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က ဘယ်လိုလုပ်ပြီး အခြားသူတွေရဲ့မျိုးစေ့ကောင်းမကောင်းကို ဆုံးဖြတ်နိုင်မှာလဲ။

အခြားသူတွေရဲ့ပါရမီကို ဆုံးဖြတ်ဖို့ဆိုရင် အခြားသူတွေထက် နယ်ပယ်အနည်းဆုံးတစ်ဆင့်ပိုမြင့်ရမယ်။

"ဓားဆိုတာ ဘာလဲ၊ လက်ဆုတ်လက်ကိုင်ပြလို့ရတဲ့အရာတစ်ခုလား၊ လက်ဆုတ်လက်ကိုင်ပြလို့ရတယ်ဆိုတဲ့အဓိပ္ပါယ်က ဘာလဲ၊ ဓားတာအိုက ဘာလဲ။ ငါ့အမြင်အရ ဓားတာအိုက ဆန္ဒရဲ့တာအိုဖြစ်တယ်၊ ယုံကြည်မှုရဲ့တာအိုဖြစ်တယ်၊ ကောင်းကင်ဆန့်ကျင်တဲ့တာအိုဖြစ်တယ်၊ သန်ဘက်ခါရဲ့တာအိုဖြစ်တယ်"

"အနာဂတ်ကို ဖြတ်ကျော်ဖို့ဆိုတာ ခရီးရှည်ကြီးတစ်ခုပဲ။ ဆန္ဒအလုံအလောက်မရှိရင်၊ ယုံကြည်ချက်လုံလောက်မှုမရှိရင် အောင်မြင်ဖို့ မဖြစ်နိုင်ဘူး"

"လူငယ်လေး၊ ဓားတာအိုကို လက်လျော့လိုက်တော့"

"အစစ်အမှန်နတ်ဘုရားထဲမှာ ဆရာသခင်တစ်ရာထဲမှာ တစ်ယောက်ပဲ ဓားတာအိုသခင်ဖြစ်နိုင်တယ်၊ ဒါပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာ ဆရာသခင်တစ်ထောင်မှာ ဓားတာအိုဆရာသခင်တစ်ယောက်ပဲ ထွက်ပေါ်လာနိုင်မှာ"

"မင်းက အနာဂတ်ကို ပိုသွားလေလေ၊ သန်ဘက်ခါရဲ့တာအိုနောက်ကို လိုက်တာ ပိုခက်ခဲလေပဲ"

ဆည်းဆာလူအိုကြီးက ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"ငါက ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းအတိုင်းပဲ သွားမှာ"

"မင်းရဲ့ကိုယ်ပိုင်လမ်း‌ကြောင်းအတိုင်းပဲ သွားမှာလား"

ဆည်းဆာလူအိုကြီးက အံ့အားသင့်စွာနဲ့ ခေါင်းမော့လိုက်‌လေတယ်။

"ကောင်းတာတစ်ခုကတော့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လမ်းတာပဲ" ဆည်းဆာလူအိုကြီးက ရယ်မောလိုက်တော့တယ်။

"စီနီယာ" လီဖူချန်းက တစ်ခုခုမှားနေတယ်ဆိုတာကို မြင်ခဲ့တယ်။

ဆည်းဆာလူအိုကြီးရဲ့ဆံပင်က စတင်နက်လာတယ်၊ သူ့မျက်နှာပေါ်ရှိအရေတွန့်တွေက လျင်မြန်စွာ အရည်ပျော်ကျလာတယ်။ ချက်ချင်းပဲ၊ ခန့်ညားတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လီဖူချန်းရဲ့မြင်ကွင်းမှာ ထွက်ပေါ်လာတယ်။ တစ်ဖက်လူရဲ့မျက်ခုံးတွေကြားမှာ အရိုးဆူးတစ်ခုရှိတယ်၊ လူသားမျိုးနွယ်က မဟုတ်မှန်း သိသာတယ်။

စိတ်ဝိညာဉ်နတ်ဘုရားလား။

ဆန်းကြယ်နတ်ဘုရားလား။

ပိုင်နက်နတ်ဘုရားလား။

လက်ရှိအချိန်မှာ တစ်ဖက်လူရဲ့ချီက မတွေးတတ်လောက်အောင် ပိုနက်နဲလာတယ်။

"ငါ ဒီနေရာမှာ နှစ်သောင်းချီ သီးခြားနေလာတာ ကြာပြီ။ လူငယ်ဘယ်လောက်များများကို ငါ လမ်းညွှန်းပေးခဲ့မှန်း ငါ မသိဘူး။ ဒီနေ့တော့ ငါ့ကို မင်းက လမ်းညွှန်ပေးခဲ့တာပဲ။ နတ်ဘုရားတွေရဲ့ဆန္ဒပဲလား" သက်လတ်ပိုင်းအရွယ်လူက ခံစားချက်တွေနဲ့အတူ သက်ပြင်းချလိုက်တယ်။

လီဖူချန်းက ဘာမှမပြောဘဲ တိတ်တဆိတ်နားထောင်နေခဲ့တယ်။

"မင်း ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို ခန့်မှန်းနေစရာမလိုပါဘူး။ ငါက ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ပိုင်နက်နတ်ဘုရားတွေထဲမှာ အသန်မာဆုံးပိုင်နက်အရှင်သခင်ဖြစ်တယ်၊ ဓားနက်ပိုင်နက်အရှင်လို့ လူသိများတယ်။ ငါ့ခွန်အားကလား၊ ယန်ဟဲပိုင်နက်အရှင်နဲ့တူတယ်၊ ဒါပေမယ့် မကြာခင် ငါ သူ့ကို ကျော်ဖြတ်တော့မှာပါ"

သက်လတ်ပိုင်းအရွယ်လူက ယုံကြည့်အပြည့်ဖြစ်နေတယ်။

"ဓားနက်ပိုင်နက်အရှင်"

ယန်ဟဲပိုင်နက်အရှင်နဲ့ နှိုင်းယှဉ်နိုင်တဲ့ အလွန်သန်မာတဲ့လူတစ်ယောက်က ကြယ်နှစ်လုံးဓားတာအိုခန်းမထဲမှာ သီးခြားနေထိုင်နေမယ်လို့ လီဖူချန်းက ဘယ်တော့မှ မတွေးထားခဲ့ဘူး။

ပိုင်နက်အရှင်တစ်ယောက်က ဘယ်လောက်သန်မာသလဲကို လီဖူချန်းက မသိဘူး။

သူ သိတားကတော့ ပိုင်နက်နတ်ဘုရားတွေက နတ်ဘုရားစွမ်းအားနဲ့ပိုင်နက်စွမ်းအားကို ပေါင်းစပ်ထားတယ်ဆိုတာပဲ။

နတ်ဘုရားစွမ်းအားအရိပ်အယောင်တစ်ခုက ဟင်းလင်းပြင်ကို အေးခဲစေနိုင်တယ်။

ပိုင်နက်နတ်ဘုရားတစ်ယောက်က သူ့ရဲ့စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ရင် ကျယ်ပြန့်တဲ့ဧရိယာတစ်ခုကို သူ့ရဲ့ကိုယ်ပိုင်ပိုင်နက်အဖြစ် ပြောင်းလဲဖို့ လုံလောက်တယ်။

ဒါက ပိုင်နက်နတ်ဘုရားအတတ်ထက် အများကြီးပိုအားကောင်းတယ်။

ပိုင်နက်နတ်ဘုရားအတတ်က ဧရိယာကိုဖုံးအုပ်ထားတဲ့နတ်ဘုရားအတတ်ဖြစ်တယ်။

ပိုင်နက်စွမ်းအားက ဧရိယာကို ဖုံးလွှမ်းတဲ့ စွမ်းအားတစ်ခုဖြစ်တယ်။

ယုံယန်တိုက်ကြီးရဲ့အုပ်ချုပ်သူ၊ ယန်ဟဲပိုင်နက်အရှင်က ယုံယန်တိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်နိုင်တဲ့စွမ်းအားရှိတယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။

"လူငယ်လေး၊ မင်းရဲ့နာမည်က ဘာလဲ" ဓားနက်ပိုင်နက်အရှင်က မေးလိုက်တယ်။

"လီဖူချန်း"

"လီဖူချန်း၊ နာမည်ကောင်းတစ်ခုပဲ" ဓားနက်ပိုင်နက်အရှင်က ပြောလိုက်တယ်"မင်းရဲ့ဓားတာအိုက တစ်ဆို့မှုအချိန်အပိုင်းအခြားမှာ ရှိတယ်။ မင်း ဒီတစ်ဆို့မှုကို ကျော်ဖြတ်နိုင်တာနဲ့ မင်းရဲ့ဓားတာအိုက ဧရာမခုန်တက်သွားလိမ့်မယ်"

လီဖူချန်းက ပြောလိုက်တယ်"စီနီယာ၊ အကြံပေးပါအုံး"

သူ့ရဲ့ဓားတာအိုက တကယ်ပဲ တစ်ဆို့နေတာ။

ဒီတစ်ဆို့မှုက ဓားတာအိုဥပဒေသနယ်ပယ်မဟုတ်ဘဲ ဓားတာအိုရဲ့အနှစ်သာရဖြစ်တယ်။

ထိပ်တန်းအဆင့်ဥပဒေသတစ်ခုအနေနဲ့ ဓားတာအိုမှာ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာတွေမရှိဘူး၊ အဲဒါက အခြားထိပ်တန်းအဆင့်ဥပဒေသတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အသာစီးမရဖြစ်စေတယ်။

လီဖူချန်း ရှုပ်ထွေးနေတာက ဓားတာအိုမှာ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာတွေ ရှိသလား၊ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာတွေ ရှိသင့်သလား။

ဓားနက်ပိုင်နက်အရှင်က ပြောလိုက်တယ်"ငါ မင်းကို အထူးအကူအညီမပေးနိုင်ဘူး၊ လူတိုင်းရဲ့ဓားတာအိုက မတူဘူး၊ ငါ့က မင်းကို ကူညီရင် မင်းကို ထိခိုက်စေလိမ့်မယ်၊ ဒါပေမယ် မင်း နားလည်ထားရမှာက ဓားတာအိုက ဆန္ဒရဲ့တာအိုပဲ။ ယုံကြည်မှုရဲ့တာအိုပဲ၊ ကောင်းကင်ဆန့်ကျင်တဲ့တာအိုပဲ။ မင်းရဲ့ဆန္ဒက လုံလုံလောက်လောက်သန်မာရင်၊ မင်းရဲ့ယုံကြည်မှုက လုံလုံလောက်လောက်သန်မာရင် မင်းက နောင်ထပ်ရှုပ်ထွေးတော့မှာ မဟုတ်ဘူး"

ဒါကို ကြားပြီး လီဖူချန်းက တစိမ့်စိမ့်တွေးဆနေခဲ့တယ်။

မြူမိုးဓားသမားနဲ့အခြားသူတွေနဲ့ ယှဉ်ရင် ဓားနက်ပိုင်နက်အရှင်ရဲ့နယ်ပယ်က မြင့်မားလွန်းတယ်။

စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ သူ့ကို ဈာန်ဝင်မှုမရစေပေမယ့် သူ့ကို အတွေးအချို့ ဖြစ်စေခဲ့တယ်။

"ကောင်းပြီ၊ ငါ ထွက်သွားတော့မယ်၊ ဒါ ငါ့ရဲ့ဓားနက်တိုကင်ပဲ၊ အနာဂတ်မှာ မင်းမှာ အခက်အခဲတွေရှိရင် မင်း ငါ့ကို ဒီဓားနက်တိုကင်ကို သုံးပြီး ဆက်သွယ်နိုင်တယ်၊ မှတ်ထားနော်၊ ငါ မင်းကို တစ်ကြိမ်ပဲ ကူညီမှာ၊ ပြီးရင် ငါ ဓားနက်တိုကင်ကို ပြန်ယူသွားမှာ" ဓားနက်ပိုင်နက်အရှင်က အနက်ရောင်ဓားသဏ္ဍာန်တိုကင်တစ်ခုကို ယူထုတ်ပြီး ကျောက်စားပွဲပေါ်သို့ ပစ်တင်လိုက်တယ်။

ထို့နောက် လျှပ်တစ်ပြက်အတွင်း ဓားနက်ပိုင်နက်အရှင်က ပျောက်ကွယ်သွားတော့တယ်။

လီဖူချန်းက ဓားနက်ပိုင်နက်အရှင်ဘာချန်ထားသလဲကို ဂရုမစိုက်ပါဘူး၊ ဘာလို့ဆို သူက ဈာန်ဝင်စားတဲ့အခြေအနေတစ်ခုကို ဝင်ရောက်နေလို့လေ။

"ဓား၊ လက်ဆုတ်လက်ကိုင်ပြနိင်တယ်၊ လက်ဆုတ်လက်ကိုင်ပြနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်က ဘာလဲ"

"ဓားတာအို၊ ဆန္ဒရဲ့တာအို၊ ယုံကြည်မှုရဲ့တာအို၊ ကောင်းကင်ဆန့်ကျင်တဲ့တာအို"

ဓားနက်ပိုင်အရှင်က သူ့ကို သီးသန့်မကူညီခဲ့ပေမယ့် လမ်းကြောင်းတစ်ခုတော့ ပေးခဲ့ပါတယ်။

ဒီလမ်း‌ကြောင်းက မတိကျပေမယ့် ယေဘုယျလမ်းကြောင်းကတော့ သေချာပေါက် မမှားပါဘူး။

"မြင်နိုင်တယ်၊ မမြင်နိုင်ဘူး"

"ဆန္ဒ၊ ယုံကြည်မှု၊ ကောင်းကင်ဆန့်ကျင်"

"ဒါကို ပြောကြရအောင်၊ ဓားရဲ့စိတ်အခြေအနေကို ပြန်သွားနေတာလား"

ဓားနဲ့လူပေါင်းစည်းခြင်း၊ ဓားနှလုံးသားက ရှင်းလင်းတယ်၊ ဒါက သူ့ရဲ့နယ်ပယ်က အရမ်းနိမ့်တဲ့အချိန်မှာ ဓားသမားတစ်‌ယောက်က စတင်လိုက်စားတဲ့နယ်ပယ်ဖြစ်တယ်။

နယ်ပယ်တိုးတက်မှုနဲ့အတူ သူက ဒီနယ်ပယ်ကို ဖြတ်ကျော်ပြီးပြီလို့ လီဖူချန်းက ယုံကြည်တယ်။

ဓားနဲ့လူပေါင်းစည်းခြင်းနဲ့ပတ်သက်ပြီး ဆန်းကြယ်တာ ဘာတစ်ခုမှ မရှိပါဘူး။

ဓားနှလုံးသားက ရှင်းလင်းတယ်ဆိုပေမယ့် ၎င်းက ဓားတာအိုရဲ့စမှတ်ဖြစ်တယ်။

ဒါပေမယ့် အခု အရာအားလုံးက မူလမှတ်သို့ ပြန်သွားခဲ့တယ်လို့ သူက ရုတ်တရက် ခံစားမိတယ်။

"ဟုတ်တယ်၊ အရိုးရှင်းဆုံးအရာတွေက တကယ်တော့ အစစ်မှန်ဆုံးပဲ။ ဒါက အမှန်တရားပဲ"

လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိဓားစွမ်းအင်က စုဝေးပြီး ပြန့်ကျဲလာတယ်၊ ပြန့်ကျဲပြီး စုဝေးလာတယ်။

စုဝေးပြီးပြန့်ကျဲတဲ့အချိန်တိုင်း ပိုစစ်မှန်ပြီးပိုရိုးရှင်းတယ်လို့ လီဖူချန်းက ခံစားမိလာတယ်။

ယခင်လီဖူချန်းက အတုအယောင်ကမ္ဘာတစ်ခုမှာ နေတယ်၊ မှန်ထဲမှာ နေတယ်ဆိုရင် လက်ရှိလီဖူချနန်းက အတုအယောင်ကမ္ဘာမှ ထွက်လာတာ၊ မှန်ထဲမှ ထွက်လာပြီး အစစ်အမှန်ကမ္ဘာသို့ ပြန်ရောက်လာတာပဲ။

ယခင်လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖုန်မှုန့်နည်းနည်းလေးရှိခဲ့တယ်ဆိုရင် လက်ရှိလီဖူချန်းက လုံးဝသန့်စင်တယ်။

ဓားစွမ်းအင်က သန့်စင်လွန်းတာကြောင့် ဓားစွမ်းအင်နဲ့ မတူတော့ဘဲ နွေဦးလေပြေ၊ မိုးဖွဲမိုးဖွား၊ နေရောင်၊ လေ၊ အသက်အား၊ သစ်ပင်......တို့နဲ့ ပိုတူတယ်။

အတိအကျပြောရရင် ဒီဓားချီက ကမ္ဘာထဲရှိအရာအားလုံးအဖြစ် ပြောင်းသွားခဲ့ပြီး ကောင်းကင်နဲ့မြေကြီးရှိအရာအားလုံးကလဲ ဓားချီအဖြစ် ပြောင်းလဲခဲ့တယ်။

အတိတ်မှာ လီဖူချန်းက မူလအဆုံးစွန်းခုတ်ချက်ကို အသုံးပြုတဲ့အခါ ကမ္ဘာရှိအရာရာတိုင်းက ဓားတစ်လက်ဖြစ်နိုင်တယ်ဆိုတဲ့ ပဏာမအတွေးကိုပဲ အောင်မြင်နိုင်ခဲ့တယ်၊ ဒါပေမယ့် ကောင်းကင်ဘုံနဲ့မြေကြီးဥပဒေသကို သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုအဖြစ် ပြောင်းလဲဖို့ နည်းလမ်းမရှိခဲ့ဘူး။

အခု သူက မူလအဆုံးစွန်းခုတ်ချက်ကို အသုံးမပြုခဲ့ဘူး၊ သူက ကောင်းကင်ဘုံနဲ့မြေကြီးဥပဒေသက ဓားဖြစ်တယ်ဆိုတဲ့အချက်ကို အောင်မြင်ခဲ့တယ်။

သူ့မျက်လုံးတွေဖွင့်လျက် ဓားနက်ပိုင်နက်အရှင်ထွက်သွားရာဦးတည်ဘက်ဆီ လီဖူချန်းက ကျေးဇူးတင်စကားပြောလိုက်တယ်။

ဓားနက်ပိုင်နက်အရှင်ရဲ့လမ်းညွှန်မှုကြောင့်မဟုတ်ရင် ဓားတာအိုရဲ့တစ်ဆို့မှုကို ချိုးဖြတ်ဖို့ အချိန်ဘယ်လောက်ယူရမလဲကို သူ မသိဘူး။

"ငါ့ရဲ့ဓားတာအိုကို အသေးစားအောင်မြင်မှုတစ်ခုလို့ ဆိုနိုင်တယ်"

လီဖူချန်းက သူ့ရာသူ ရေရွတ်လိုက်တယ်။

သူပြောတဲ့ဓားတာအိုက ဓားတာအိုဥပဒေသမဟုတ်ဘဲ ဓားတာအိုအနှစ်သာရဖြစ်တယ်။

သူ့ရဲကိုယ်ပိုင်ခွဲခြားမှုအရ သူက ဓားတာအိုကို ငါးဆင့်ခွဲထားတယ်၊ ဓားတာအိုလမ်းစ၊ ဓားတာအိုစဥိီး၊ ဓားတာအိုအသေးစားအောင်မြင်မှု၊ ဓားတာအိုမဟာအောင်မြင်မှုနဲ့ ဓားတာအိုပြီးပြည့်စုံခြင်းဆိုပြီး ရှိတယ်။

ဓားတာအိုလမ်းစနဲ့ပတ်သက်ပြီးမပြောနဲ့၊ အဲဒါက နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ အခြေခံဖြစ်တယ်။

ဓားတာအိုစဦးက ကမ္ဘာရှိအရာအားလုံးက ဓားတစ်လက်ဖြစ်နိုင်တဲ့ စဦးအခြေအနေအဖြစ်တယ်။

ဒိီအဆင့်မှာ ပတ်ဝန်းကျင်က ပြောင်းလဲနိုင်တယ်၊ ပတ်ဝန်းကျင်ဥပဒေသက မပြောင်းလဲနိုင်ဘူး။

ဓားတာအိုအသေးစားအောင်မြင်မှုက ပတ်ဝန်းကျင်ဥပဒေသကို ပြောင်းလဲနိုင်တယ်။ နယ်ပယ်က ပိုနက်ရှိုင်းလေ၊ ပြောင်းလဲမှုက ပိုကြီးလေပဲ။

ဓားတာအိုမဟာအောင်မြင်မှု၊ ပတ်ဝန်းကျင်ဥပဒေသက်ို အပြည့်အဝပြောင်းလဲနိုင်တယ်၊ ဥပဒေသအားလုံးကို ဓားတစ်လက်နဲ့ ချိုးဖြတ်နိုင်တယ်၊ နေရာလပ်-အချိန်ဖရိုဖရဲကို ပြောင်းပြန်လှန်နိုင်တယ်။

ဓားတာအိုပြီးပြည့်စုံခြင်း၊ ဓားတာအိုရဲ့အဆုံးစွန်းအခြေအနေ၊ လက်ရှိမှာ အယူအဆတစ်ခုသာ ရှိတယ်။

ဓားတာအိုနယ်ပယ်က အသေးစားနယ်ပယ်ကို ရောက်ရှ်ိလာတဲ့အခါ သူ့ရဲ့ဓားတာအိုဥပဒေသက ထိပ်တန်းအဆင့်မွေးရာပါဥပဒေသတွေနဲ့ တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိလာပါပြီ။

အချိန်ကို နောက်ပြန်ရွှေ့လို့ရရင် သူနဲ့စစ်ဟိုင်ဝူယာတိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့ဓားတာအိုဥပဒေသက ရန်သူရဲ့အချိန်ဥပဒေသကို မရှုံးဘူးလို့ ယုံကြည်ချက်ရှိတယ်၊ သူက တစ်ဖက်လူရဲ့အချိန်ဥပဒေသကို ဓားတာအိုဥပဒေသဖြစ်အောင် မလုပ်နိုင်ရင်တောင်မှပေါ့။

လက်ရှိမှာ သူ့ရဲ့ဓားတာအိုဥပဒေသက ထိပ်တန်းအဆင့်မွေးရာပါဥပဒေသတွေကို လုံးဝမရှုံးတော့ဘူး၊ ထိပ်တန်းအဆင့်မွေးရာပါဥပဒေသအများစုကိုတောင် ကျော်လွန်လောက်ပြီ။

အနည်းဆုံးတော့ တူညီတဲ့ဥပဒေသနယ်ပယ်မှာ သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသက ဓားတာအိုဥပဒေသထက် နည်းနည်းနိမ့်ကျတယ်။

ဖျက်ဆီးခြင်းဥပဒေသက အနည်းငယ်သာလွန်နေပါသေးတယ်။

ဒါပေမယ့် လီဖူချန်းလဲ သိတယ်။

ဒါက ယာယီမျှပဲဆိုတာပေါ့။

မွေးရာပါထိပ်တန်းအဆင့်ဥပဒေသတွေနဲ့ပတ်သက်ပြီး ကောင်းတဲ့အရာကတော့ ဥပဒေသနယ်ပယ်တိုးတက်လာတာနဲ့ လက္ခဏာတွေက ပိုသန်မာလာမယ်ဆိုတာပဲ။

လီဖူချန်းရဲ့ဓားတာအိုအနှစ်သာရက ဓားတာအိုအသေးစားအောင်မြင်မှုမှာပဲ ရှိနေသေးရင် မွေးရာပါထိပ်တန်းအဆင့်ဥပဒေသတွေက မကြာခင်ဖြတ်ကျော်သွားပါလိမ့်မယ်။

လီဖူချန်းရဲ့ဓားတာအိုအနှစ်သာရက ဓားတာအိုမဟာအောင်မြင်မှု၊ ဓားတာအိုပြီးပြည့်စုံခြင်းအထိ မတိုးတက်ခဲ့ရင်ပေါ့။

"အနည်းဆုံးတော့ ဆန်းကြယ်နတ်ဘုရားအထိ ဓားတာအိုအသေးစားအောင်မြင်မှုနဲ့ဓားတာအိုမဟာအောင်မြင်မှုကြားမှာ တိုးတက်ဖို့အတွက် ကြီးမားတဲ့အခန်းတစ်ခု ရှိပါသေးတယ်"

သူက အခုမှ ဓားတာအိုအသေးစားစဦးနယ်ပယ်ကို ခြေချရုံမျှပဲ၊ ‌နောက်မှာ ဓားတာအိုအသေးစား‌‌အောင်မြင်မှုအလယ်အခြေအနေ၊ ဓားတာအိုအသေးစားအောင်မြင်မှုနှောင်းပိုင်းအခြေအနေ၊ ဓားတာအိုအသေးစားအောင်မြင်မှုအထွတ်အထိပ်အခြေအနေပေါ့။

"ငါ့ရဲ့လက်ရှိဓားတာအိုခွန်အားက အနည်းဆုံးဆယ်ဆတိုးလာတာပဲ"

ဓားနက်တိုကင်ကို သိမ်းပြီးနောက် လီဖူချန်းက သူ့လက်ချောင်းတွေကို ဟင်းလင်းပြင်ထဲသို့ ပွတ်ဆွဲလိုက်တယ်၊ ကြောက်စရာကောင်းတဲ့အနက်‌ရောင်ဓားချီတစ်ခုက ပေါက်ကွဲထွက်လာတယ်။

ဟုတ်ပါတယ်၊ အဲဒါက အနက်ရောင်ဓားချီပါပဲ။

ဒီအနက်ရောင်ဓားချီက အနက်ရောင်အပေါက်တစ်ခုနဲ့တူတယ်၊ ဥပဒေသတွေအပါအဝင် ၎င်းပတ်လည်ရှိအရာအားလုံးကို ဆွဲဆောင်နေတယ်။

ဓားတာအိုဥပဒေသနယ်ပယ်က စဦးအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာပဲ ရှိသေးပေမယ့် ဓားတာအိုအနှစ်သာရတိုးတက်လာတာနဲ့အတူ လီဖူချန်းရဲ့ဓားတာအိုဥပဒေသအသုံးပြုမှုက ဆယ်ဆပိုသန်မာလာတယ်၊ စွမ်းအားကလဲ ဆယ်ဆပိုသန်မာလာတယ်။

"အကိုကြီးရဲ့တိုးတက်မှုက တကယ်မြန်တာပဲ၊ ငါ ပိုကြိုးစားရတော့မယ့်ပုံပဲ"

မိုမိုက ဖိအားတွေ ခံစားလာရတယ်။

အခု လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို မမြှင့်တက်ရသေးဘူး၊ တစ်ဖက်လူက စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်သွားတာနဲ့ သူက တစ်ဖက်ရဲ့ပြိုင်ဘက်ဖြစ်နိုင်အုံးမလားဆိုတာကို မသိတော့ဘူးလေ။

All Chapters