စိတ်ဝိညာဉ်ကျင့်ကြံသူကူထို့
Vol. 85 Ch. 1188
စစ်ဆေးရေးပစ္စည်းမရှိတာကြောင့် သူ့ရဲ့ဓားတာအိုခွန်အားက ဘယ်လောက်သန်မာသလဲကို လီဖူချန်းက မသိဘူး။
ဒါပေမယ့် သူက သာမန်အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေကို မရှုံးဘူးလို့တော့ လီဖူချန်းက ခံစားမိတယ်။
သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းငါးဆယ်ကို ကျော်လွန်ကာ သန်းခြောက်ဆယ်ကို ရောက်ရှိထားပြီး အသစ်ဖြစ်လာတဲ့အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေထက် မနိမ့်ကျတော့ပါဘူး။
ဓားတာအိုဥပဒေသနယ်ပယ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ဖြစ်ပြီး အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေထက် သာလွန်တယ်။
ထပ်ပြောရရင် သူ့ရဲ့ဓားပညာက လက်ရှိမှာ ထိပ်တန်းအဆင့်မွေးရာပါဥပဒေသအများစုထက် မနိမ့်ကျသလို ပိုတောင်သာလွန်တယ်၊ ပြီးတော့ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအများစုက သာမန်ဥပဒေသတွေကိုပဲ လေ့ကျင့်ကြတာလေ။
လီဖူချန်းရဲ့အားနည်းချက်က နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုအဆင့်ပါပဲ။
သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်မဖြစ်သေးတာကြောင့် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကိုးဆယ်ရာခိုင်နှုန်းမှာပဲ တစ်နေပြီး အပြည့်အဝမပေါင်းစပ်နိုင်ပါဘူး။
ဒီကွာဟချက်ကို အထင်မသေးပါနဲ့။
ဒီကွာဟချက်သေးသေးလေးက လီဖူချန်းရဲ့အားသားချက်များစွာကို ပျောက်ကွယ်စေနိုင်တယ်။
……
ဓားတာအိုဥပဒေသတိုးတက်မှုက ဓားတာအိုရဲ့အနှစ်သာရတစ်ဆို့မှုကို ခံစားရစေပြီး ဓားတာအိုအနှစ်သာရချိုးဖြတ်မှုက လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်ကို တိုးတက်မှုပိုမြန်ဆန်စေတယ်။
နှစ်ခုက တစ်ခုနဲ့တစ်ခုဖြည့်စွက်တယ်။
ပျမ်းမျှအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရား။
နှောင်းပိုင်းအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရား။
အသက်တစ်ခါရှုချိန်အတွင်း လီဖူချန်းက ဓားတာအိုဥပဒေသနယ်ပယ်ကို အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်အထိ မြှင့်တင်ခဲ့တယ်။
ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းကိုးဆယ်ကျော်ကို ရောက်ရှိထားတယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဆယ်သန်းကျော်ပဲ ရှိတယ်ဆိုတာ မင်း သိရမယ်။ လက်ရှိလီဖူချန်းက သူတို့ရဲ့ရှစ်ဆရှိပါတယ်။
ယေဘုယျအားဖြင့်ပြောရရင် နတ်ဘုရားစွမ်းအားကွာဟချက်က နှစ်ဆဆိုရင် ခွန်အားကွာဟချက်က ဆယ်ဆပိုကြီးမားပေလိမ့်မယ်။
နတ်ဘုရားစွမ်းအားကွာဟချက်က ရှစ်ဆကျော်ရင် ခွန်အားကွာဟချက်က အဆရှစ်ဆယ်ကျော် ရှိတယ်။
ဒါက နတ်ဘုရားစွမ်းအားခွန်အားကွာဟချက်မျှပဲ၊ အခြားကဏ္ဍတွေရဲ့ကွာဟချက်ကိုတော့ မတွက်ချက်နိုင်ပါဘူး။
……
မူးယစ်ရနံ့မျှော်စင်။
အဆင့်၁သီးသန့်ခန်း။
ဝူယုထျန်းက သက်လတ်ပိုင်းအရွယ်ဖုတ်ကောင်မျက်နှာနဲ့ လူတစ်ယောက်ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။
"သခင်လေးဝူယုထျန်းက ငါ့ကို ဘာအတွက် ဖိတ်ခေါ်ပါသလဲ" ဖုတ်ကောင်မျက်နှာနဲ့သက်လတ်ပိုင်းအရွယ်လူက ဝိုင်တစ်ငုံသောက်ပြီးနောက် မေးလိုက်တယ်။
ဝူယုထျန်းက ပြောလိုက်တယ်"သခင်ကူထို့၊ တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ဖို့ မင်း ငါ့ကို ကူညီစေချင်တယ်"
"စိတ်ဝိညာဉ်နတ်ဘုရားလား"
"အဆင့်မြင့်အစစ်အမှန်နတ်ဘုရား"
"ဒါက လွယ်ပါတယ်" ကူထို့က ယုံကြည်မှုအပြည့်နဲ့ပေါ့။
ဝူယူထျန်းက ပြောလိုက်တယ်"အရင်စည်းမျဉ်းတွေအတိုင်းပဲ၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနဲ့ရင်ဆိုင်ဖို့အတွက် အညံ့စားယုံယန်ကျောက်တုံးငါးသောင်း"
အညံ့စားယုံယန်ကျောက်တုံးက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ကတောင် ဒီလောက်ပမာဏကို ရဖို့ အချိန်အကြာကြီးလိုအပ်တာ။
……
ဝမ့်ယွဲ့လို့၊ လမ်းနဲ့မျက်နှာချင်းရှိသီးသန့်ခန်းတစ်ခု။
အပြင်ဘက်ရှိလမ်းမြင်ကွင်းကို ကြည့်ရင်း ကူထို့က ထိပ်တန်းအဆင့်လက်ဖက်ရည်ကို သောက်နေခဲ့တယ်။
လာလိုက်သွားလိုက်နဲ့အလျင်စလိုဖြစ်နေတဲ့အစစစ်အမှန်နတ်ဘုရားတွေကို ကြည့်ရင်း ကူထို့က နှာခေါင်းရှုံ့လိုက်တယ်။
ကူထို့က ဒီလူတွေကို ရယ်မောဖို့ အရည်အသွေးပြည့်မှီတယ်၊ သူက အစစ်အမှန်နတ်ဘုရားပဲ ဖြစ်ပေမယ့် သူ့ရဲ့အသားတင်ကြွယ်ဝမှုက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအများစုထက် ပိုတယ်၊ ပြီးတော့ အရမ်းလဲ လွယ်ကူတယ်၊ မြို့အပြင်ကို တစ်ယောက်တည်းထွက်ပြီး စွန့်စားစရာမလိုပါဘူး။ နှိုင်းယှဉ်ရရင် အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအနည်းငယ်က သူ့ထက် အသားတင်ကြွယ်ဝမှုပိုတယ်၊ ယုံယန်ကျောက်တုံးတွေ ရတာက သူ့ထက် ပိုမြန်ပေမယ့် စွန့်စားမှုတွေပြုလုပ်တဲ့အခါတိုင်း မတော်တဆမှုတွေ အမြဲတမ်းဖြစ်ပျက်ခဲ့တာ၊ သူတို့က ဂရုမစိုက်ရင် အပြီးတိုင်ပျောက်ကွယ်သွားရလိမ့်မယ်။
ဒါကို တွေးပြီး သူက စိတ်ဝိညာဉ်ပါရမီရှိတယ်၊ အားကောင်းတဲ့စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့အမည်ခံတပည့်တစ်ယောက်ဖြစ်တာ ကံကောင်းတယ်လို့ ကူထို့က ခံစားမိတယ်။
"ငါ ဆရာသခင်ရဲ့တရားဝင်တပည့်ဖြစ်လာရင် ပိုကောင်းမှာ"
ကူထို့က ဒါကို အဆက်မပြတ် စဉ်းစားနေတယ်။
သူ့ရဲ့သခင်က အားကောင်းလွန်းတယ်။ ယန်ဟဲပိုင်နက်အရှင်က ယုံယန်တိုက်ကြီးရဲ့အရှင်သခင်ဆိုပေမယ့် သူ့ရဲ့သခင်က အလယ်ဆင့်အရှင်သာဖြစ်တယ်၊ ဒါပေမယ့် သူက သေခြင်းရှင်ခြင်းအကြားတိုက်ခိုက်ရရင် ယန်ဟဲပိုင်နက်အရှင်က အသက်မရှင်သန်နိုင်ဘူးလို့ သူ့ဆရာက ပြောပြခဲ့တယ်။
သူ့ဆရာနဲ့ပတ်သက်ပြီး မပြောနဲ့အုံး၊ တပည့်တွေအားလုံးကတောင် ထိတ်လန့်တုန်လှုပ်စရာတွေပဲ။
ဆရာသခင်ရဲ့တပည့်တွေကို အဆင့်သုံးဆင့်ခွဲထားတယ်။
သူတို့က အလုပ်သင်၊ တရားဝင်တပည့်၊ အမည့်ခံတပည့်ဆိုပြီးတော့ပေါ့။
အခြားနေရာတွေနဲ့ပတ်သက်ပြီး ကူထို့က မသိပေမယ့် ယုံယန်တိုက်ကြီးထဲမှာ ဆရာသခင်မှာ တပည့်တစ်ယောက်ပဲရှိတယ်၊ မြွေပါရွှယ်ကျုးလို့ခေါ်တယ်။
မြွေပါရွှယ်ကျူးက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ရုံသာမက ပြိုင်ဘက်ကင်းဆန်းကြယ်နတ်ဘုရားတစ်ယောက်လဲဖြစ်တယ်။ ဆရာသခင်အရ စီနိယာအကိုရဲ့ခွန်အားက သာမန်အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေနဲ့ တိုက်ခိုက်နိုင်တယ်၊ မှန်လားမှားလားကိုတော့ သူ မသိပါဘူး။
ဆရာသခင်မှာ တရားဝင်တပည့်သုံးယောက်ရှိတယ်၊ ဒီတရားဝင်တပည့်သုံးယောက်ထဲမှာ တစ်ယောက်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရား၊ တစ်ယောက်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရား၊ အခြားတစ်ယောက်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားဖြစ်တယ်။
အမည်ခံတပည့်တွေကတော့ နှစ်ဆယ်ကျော်ရှိပြီး သူတို့အများစုက သူ့ထက် ပိုမြင့်တယ်။
ဒီမြို့ထဲမှာ သူအပါအဝင် အမည်ခံတပည့်သုံးယောက်ရှိတယ်။
အမည်ခံတပည့်တစ်ယောက်အနေနဲ့ ကူထို့သင်ယူထားတဲ့အမြင့်ဆုံးဝိညာဉ်တာအိုနတ်ဘုရားအတတ်က အဆင့်မြင့်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ဖြစ်တဲ့ဝိညာဉ်ညှို့ဖြစ်တယ်။
နာမည်အတိုင်းပဲ၊ ဝိညာဉ်ညှို့က အခြားသူတွေရဲ့စိတ်ဝိညာဉ်ကို ရှုပ်ထွေးစေနိုင်တယ်။
ညှိ့ယူခံလိုက်ရတာနဲ့ ကူထို့က ရန်သူရဲ့စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်တယ်။
"ထွက်လာပြီ"
ကူထို့ရဲ့အာရုံက မျက်နှာချင်းဆိုင်တည်းခိုခန်းမှ ဘယ်တော့မှ မခွာပါဘူး။ ဒီအချိန်မှာ လူရွယ်တစ်ယောက်က တည်းခိုခန်းမှ ထွက်လာတယ်။
ဒိလူက ပစ်မှတ်ဆိုတာ ကူထို့က သိတယ်။
"ဝိညာဉ်ညှို့"
အထဲမှာ ကြီးမားတဲ့အနက်ရောင်မြွေနှစ်ကောင်က လှည့်ပတ်နေသလို ကူထို့ရဲ့မျက်လုံးတွေက နက်မှောင်သွားတယ်။
နောက်အခိုက်အတန့်မှာ စိတ်ဝိညာဉ်အမှတ်အသားတစ်ခုက လူရွယ်ထံ ပစ်ခတ်လာတယ်။
"စိတ်ဝိညာဉ်စွမ်းအားမတည်မငြိမ်ဖြစ်ခြင်း"
စိတ်ဝိညာဉ်စွမ်းအားမတည်မငြိမ်ဖြစ်တာကို လီဖူချန်းက ချက်ချင်း ခံစားမိတယ်။
သာမန်လူတွေအတွက် စိတ်ဝိညာဉ်စွမ်းအားကို ခံစားမိဖို့ ခက်ခဲတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို လေ့ကျင့်ထားတဲ့ လီဖူချန်းအတွက်ကတော့ စိတ်ဝိညာဉ်အဆင့်က ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီလေ။ သူ့အတွက် စိတ်ဝိညာဉ်စွမ်းအားအတက်အကျဆိုတာက ရေကန်တစ်ကန်ရဲ့မျက်နှာပြင်ပေါ်ရှိ လှိုင်းတွန့်တွေလိုပဲ၊ ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။
နတ်ဘုရားစိတ်ဝိညာဉ်အမှတ်အသားက လီဖူချန်းရဲ့ဦးခေါင်းခွံထဲမှာ နစ်ဝင်လာတယ်။ ကူထို့ရဲ့မျက်နှာပေါ်ရှိအပြုံးက မဖူးပွင့်လာခင် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အမှတ်အသားက ပြန့်ကျဲသွားတာကို သူက တွေ့ရှိခဲ့တယ်။
"မကောင်းတော့ဘူး"
ကူထို့က တုန်လှုပ်သွားတယ်။
သူ့ရဲ့ပထမဆုံးအတွေးကတော့ လီဖူချန်းကလဲ ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့ထက် ပိုအားကောင်းတဲ့ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်။
စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ပိုအားကောင်းတဲ့စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာကတော့ ပြေးတာပဲ။
ဘာလို့လဲ၊ မင်း မပြေးရင် သေရမှာလေ။
ဒါက သာမန်တိုက်ပွဲနဲ့ မတူဘူး။
ဝိညာဉ်ကျင့်ကြံသူတွေရဲ့တိုက်ပွဲက သေခြင်းရှင်ခြင်းကြားမှာပဲ အမြဲတမ်း ရှိတယ်။
ကူထို့က အတွေးတစ်ချက်ရရုံမျှပဲ ရှိခဲ့တယ်။
နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်တဲ့စိတ်ဝိညာဉ်အပ်တွေက သူ့ရဲ့စိတ်ဝိညာဉ်ကို ထိုးဖောက်လာခဲ့တော့တယ်။
"ဒီလောက်တောင်သန်မာတယ်"
ကူထို့ရဲ့မျက်လုံးတွေက မှိတ်သွားပြီး သူက တိတ်တဆိတ် သေသွားတော့တယ်။
လီဖူချန်းက လှုပ်ရှားမှုတစ်ခုပြုခဲ့တယ်၊ ကူထို့ရဲ့လက်ချောင်းပေါ်ရှိနေရာလပ်လက်စွပ်က သူ့လက််ပေါ်ကို ရောက်ရှိလာပြီးနောက် ချက်ချင်း ထွက်ခွာလာခဲ့တယ်။
ကြားထဲကဖြစ်စဉ်တွေကိုတော့ တစ်ယောက်မှ သတိမပြုမိခဲ့ပါဘူး။
"ဒီစိတ်ဝိညာဉ်ကျင့်ကြံသူက အတော်လေးချမ်းသာတာပဲ"
နေရာလပ်လက်စွပ်ကို ဖွင့်လိုက်တယ်၊ အထဲမှာ အညံ့စားယုံယန်ကျောက်တုံးဆယ်သန်းရှိတယ်ထ အညံ့စားနတ်ဘုရားကျောက်တုံးတစ်ထရီလီယံကျော်ရှိပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ဘီလီယံကျော်ရှိတယ်။
သူ့ရဲ့အသားတင်ကြွယ်ဝမှုက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအများစုထက် ပိုတယ်။
ယုံယန်ကျောက်တုံးနဲ့နတ်ဘုရားကျောက်တုံးတွေအပြင် သေသွားတဲ့စိတ်ဝိညာဉ်ကျင့်ကြံသူက အမျိုးမျိုးသောစိတ်ဝိညာဉ်တာအိုနတ်ဘုရားမြက်နဲ့စိတ်ဝိညာဉ်နတ်ဘုရားဆေးစုစည်းမှုတွေများစွာ ရှိတယ်။
ကံမကောင်းစွာနဲ့ အများစုက အဆင့်မြင့်ကြယ်နှစ်လုံးဒါမှမဟုတ်အဆင့်နိမ့်ကြယ်သုံးလုံးတွေပဲ၊ သူတို့က လီဖူချန်းအတွက် အသုံးမဝင်ပါဘူး။
လီဖူချန်းက အခုထိ ဆေးအဂ္ဂိရတ်ပညာကို မသင်ယူရသေးပါဘူး။ သူက ဆေးအဂ္ဂိရတ်ပညာကို သင်ယူတဲ့အခါ စိတ်ဝိညာဉ်တာအိုဆေးတွေကို သေချာပေါက် သန့်စင်ရလိမ့်မယ်။ ဒီစိတ်ဝိညာဉ်တာအိုဆေးတွေကို လက်တွေ့လေ့ကျင်ဖို့အတွက် အသုံးပြုနိုင်တယ်။
"ဟေ့၊ စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ပဲ"
သေသွားတဲ့စိတ်ဝိညာဉ်ကျင့်ကြံသူရဲ့နေရာလပ်လက်စွပ်ထဲရှိတန်ဖိုးအရှိဆုံးပစ္စည်းကတော့ လီဖူချန်းရဲ့အမြင်အရ အခုတွေ့ရှိခဲ့တဲ့စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ပါပဲ။
အခြားသူတွေအတွက် စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်က အရမ်းတန်ဖိုးမရှိတာ ဖြစ်နိုင်တယ်။
ဒါပေမယ့် လီဖူချန်းလို နတ်ဘုရားစိတ်ဝိညာဉ်အဆင့်က ဆန်းကြယ်နတ်ဘုရားရဲ့အဆင့်လောက်မြင့်မားပြီး စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်တွေကို မလေ့ကျင့်ထားတဲ့သူတွေအတွက် ဒါက အဖိုးမဖြတ်နိုင်ပါဘူး။
"ဒါက တကယ်ကို ဒဏ္ဍာရီလာကံကောင်းမှုမျိုးပဲ" လီဖူချန်းက ရေရွတ်လိုက်လေတော့တယ်။