← Chapters

မြို့တစ္ဆေအမှတ်အသား

Vol. 85 Ch. 1189

မြို့တစ္ဆေအမှတ်အသား

Vol. 85 Ch. 1189

ဒါက အဆင့်နိမ့်စိတ်ဝိညာဉ်တိုက်ခိုက်ရေးအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီး စွမ်းအင်မီးဘောလုံးလို့ ခေါ်တယ်။

နာမည်အရ ၎င်းက ရန်သူကို တိုက်ခိုက်ဖို့ စိတ်ဝိညာဉ်ရဲ့စွမ်းအားကို မီးဘောလုံးအဖြစ် ပြောင်းလဲတဲ့ နတ်ဘုရားအတတ်တစ်ခုဖြစ်မယ်။

စိတ်ဝိညာဉ်တာအိုနတ်ဘုရားအတတ်မှာ စွမ်းပကားတွေရှိတဲ့အပေါ် လီဖူချန်းက အံ့အားသင့်လွန်ခြင်းမရှိပါဘူး။

စိတ်ဝိညာဉ်ကိုယ်တိုင်မှာ စွမ်းပကားတွေမရှိပေမယ့် ၎င်းက စွမ်းပကားတွေကို ပြောင်းလဲဖြစ်ပေါ်စေနိုင်တယ်လေ။

"စွမ်းအင်မီးဘောလုံးနဲ့ဆိုရရင် အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေကို ရင်ဆိုင်ရတာ အများကြီး ပိုလွယ်ကူလိမ့်မယ်"

ဒီစွမ်းအင်မီးဘောလုံးချိတ်ပိတ်ကျောက်တုံးက သင်ယူဖို့ နောက်ဆုံးအခွင့်အလမ်းရှိတယ်။ လီဖူချန်းက စွမ်းအင်မီးဘောလုံးကို သင်ယူပြီးနောက် ချိတ်ပိတ်ကျောက်တုံးက ပျက်ဆီးသွားတယ်။

……

"ကူထို့က သေသွားပြီ"

ဝူယုထျန်းက မျက်မှောင်ကြုတ်လိုက်တယ်။

သူနဲ့ကူထို့က အတူတကွ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာကြာပြီ၊ တစ်ယောက်ရဲ့နည်းလမ်းကို တစ်ယောက်က သိတယ်။

သူ့အမြင်အရ မြို့ထဲမှာ ကူထို့ကို တိတ်တဆိတ်သတ်နိုင်တဲ့သူတွေအများကြီးမရှိဘူး။

ဆန်းကြယ်နတ်ဘုရားတွေက မလုပ်နိုင်ဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားတွေက မလုပ်နိုင်ဘူး။

သူတို့က လုံလုံလောက်လောက်မသန်မာလို့တော့ မဟုတ်ဘူး၊ အကြောင်းကတော့ နတ်ဘုရားမြို့ကို ဖုံးအုပ်ထားတာက ကြယ်ငါးလုံးဝင်္ကပါတစ်ခုဖြစ်နေလို့လေ။

နတ်ဘုရားစွမ်းအားအတက်အကျတစ်ခုရှိလာသရွေ့ နတ်ဘုရားစွမ်းအားက သိရှိသွားပေလိမ့်မယ်။

ကူထို့ကို တိတ်တဆိတ်သတ်ဖို့ ဖြစ်နိုင်ချေ အနည်းငယ်ပဲ ရှိတယ်။

ပထမဖြစ်နိုင်ချေကတော့ ပိုင်နက်နတ်ဘုရားပဲ။

ကြယ်ငါးလုံးနတ်ဘုရားဝင်္ကပါအစီအရင်တစ်ခုရဲ့ပစ်မှတ်မထားတဲ့အခြေအနေအောက်မှာ ပိုင်နက်နတ်ဘုရားတစ်ယောက်ကပဲ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်‌‌ယောက်ကို တိတ်တဆိတ်သတ်နိုင်တယ်။

ဒုတိယဖြစ်နိုင်ချေကတော့ ရန်သူက အားကောင်းတဲ့အသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်ရတနာတစ်ခုကို အသုံးပြုလို့ပဲ။

အချို့အားကောင်းတဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ရ‌တနာတွေက နတ်ဘုရားဝင်္ကပါရဲ့သိမြင်မှုကို တားဆီးနိုင်တယ်၊ ဒါပေမယ့် ဒီဖြစ်နိုင်ချေက ပိုင်နက်နတ်ဘုရားထက် ပိုနိမ့်တယ်။

တတိယဖြစ်နိုင်ချေက ထိပ်တန်းအဆင့်ဥပဒေသတွေရဲ့လက္ခဏာတွေပဲ။

ထိပ်တန်းအဆင့်ဥပဒေသတွေကို သာမန်အာရုံနဲ့ မဆုံးဖြတ်နိုင်ဘူးလေ။

အကြောင်းအကျိုးဥပဒေသလိုပေါ့၊ မင်းကို လုံးဝထိတွေ့စရာမလိုဘူး၊ မင်းနဲ့ ချိတ်ဆက်မှုတစ်ခုရှိတာနဲ့ မင်းကို အလွယ်တကူသတ်နိုင်တယ်။

သေတဲ့အထိ အလွယ်တကူကျိန်စာတိုက်နိုင်တဲ့ကျိန်စာဥပဒေသတစ်ခုလိုပေါ့။

ဒါ့အပြင် ကံကြမ္မာဥပဒေသလဲ ပါတယ်။

နောက်ဆုံးဖြစ်နိုင်ချေကတော့ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ပဲ။

နတ်ဘုရားအစီအရင်က နတ်ဘုရားစွမ်းအားနဲ့ဥပဒေသအတက်အကျကို အာရုံခံနိုင်ပေမယ့် စိတ်ဝိညာဉ်စွမ်းအားအတက်အကျကိုတော့ တုံ့ပြန်ဖို့ မဖြစ်နိုင်ဘူး။

ဒါက စိတ်ဝိညာဉ်ကျင့်ကြံသူကို မြို့ထဲမှာ မသာမှုတွေကို ပြုလုပ်ခွင့်ပေးတယ်၊ နတ်ဘုရားအစီအရင်စွမ်းအားက သတိထားမိမှာကို စိုးရိမ်စရာမလိုပါဘူး။

နောက်ဆုံးဖြစ်နိုင်ချေက အမြင့်ဆုံးလို့ ဝူယီထျန်းက တွေးမိတယ်။

ယခု မေးခွန်းက ဘယ်သူက အဲဒီစိတ်ဝိညာဉ်ကျင့်ကြံသူလဲ၊ လီဖူချန်းလား ဒါမှမဟုတ် အခြားတစ်ယောက်လား။

ရုတ်တရက် ဝူယုထျန်းက တစ်ခုခုကို စဉ်းစားမိပြီး ခြေလက်တွေ အေးစက်လာတော့တယ်။

ဒီစိတ်ဝိညာဉ်ကျင့်ကြံသူက လီဖူချန်းဆိုရင် သူက အန္တရာယ်ရှိပြီပဲ။

သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့လက်ထဲမှ အသက်ရှင်နိုင်မယ်လို့ အသေးဆုံးသေချာမှုတောင် မရှိပါဘူး။

ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချလျက် ဝူယုထျန်းက ဝူမိသားစုအိမ်တော်ဆီ ချက်ချင်းပြန်လာခဲ့တော့တယ်။

……

သုံးရက်အတွင်း လီဖူချန်းက စွမ်းအင်မီးဘောလုံးကို သင်ယူနိုင်ခဲ့တယ်။

စွမ်းအင်မီးဘောလုံးက အရမ်းဆန်းကြယ်တယ်။ ၎င်းက စိတ်ဝိညာဉ်စွမ်းအားကို မီးဘောလုံးအဖြစ် ချက်ချင်းပြောင်းလဲနိုင်တယ်။ ကြားထဲရှိပြောင်းလဲခြင်းဖြစ်စဉ်က ရှုပ်ထွေးပုံရပေမယ့် တကယ်တော့ အရမ်းရိုးရှင်းတယ်။

"စိတ်ဝိညာဉ်ကျင့်ကြံသူတွေ ဒီလောက်နည်းတာ အံ့ဩစရာမရှိဘူးပဲ။ ညွှန်ကြားမယ့်လူမရှိရင်၊ စိတ်ဝိညာဉ်တာအိုအမွေဆက်ခံမှုမရှိရင် စိတ်ဝိညာဉ်တာအိုလမ်းကြောင်းမှာ တစ်ခုခုကို အောင်မြင်ဖို့ မဖြစ်နိုင်ဘူး၊ ငါဆိုရင်တောင် စိတ်ဝိညာဉ်တာအိုလမ်းကြောင်းမှာ ရှေ့ဆက်သွားဖို့ နှစ်အများကြီးလေ့လာအားထုတ်ရမှာ "

လီဖူချန်းက စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို မဖန်တီးနိင်တာတော့ မဟုတ်ပါဘူး။ သူ့ကို အချိန်‌ပေးရင် စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို အသာထား၊ စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ကိုတောင် ဖန်တီးနိုင်ဖို့ သူက ယုံကြည်ချက်ရှိတယ်။

ကံမကောင်းစွာနဲ့ သူ လိုအပ်နေတာ အချိန်ပါပဲ။ သူက နှစ်သောင်းချီအချိန်ပေးချင်ရင်တော့ ပြဿနာအားလုံးကို အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်။

"ငါ စစ်ခုန်းကျိုက်ရှင်းကို ခေါ်သွားဖို့ နည်းလမ်းတစ်ခုကို ရှာရမယ်"

တစ်စုံတစ်ယောက်နဲ့ထွက်ခွာခြင်းနဲ့ တစ်‌ယောက်တည်းထွက်ခွာခြင်းက မတူညီတဲ့အရာနှစ်ခုပဲလေ။

ရှေ့တစ်ခုက ဆယ်ဆပိုခက်ခဲတယ်။

လီဖူချန်းမသိတာကတော့ စစ်ခုန်းကျိုက်ရှင်းကို အဝေးကို ခေါ်သွားဖို့ဆိုတာ သူထင်တာထက် အဆတစ်ရာပိုခက်ခဲတယ်ဆိုတာပဲ။

မြို့ထဲရှိသူတောင်းစားတွင်းက သာမန်မဟုတ်ပါဘူး။ သူတောင်းစားတွင်းမှာနေတဲ့ဘယ်သူမဆို သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုရှိတယ်။ ဒီအမှတ်အသားကို မြို့တ‌စ္ဆေအမှတ်အသားလို့ခေါ်တယ်၊ ရှင်ရင်လဲ မြို့ထဲက လူတစ်ယောက်ပဲ၊ သေရင်လဲ မြို့ထဲက တစ္ဆေတစ်ကောင်ပဲ ဖြစ်ရမယ်။

မြိုတစ္ဆေအမှတ်အသားရှိတဲ့လူတစ်ယောက်က မြို့ထဲနေ အဝေးကြီးထွက်သွားလို့မရပါဘူး။ ဝေးသွားတာနဲ့ သူ့ရဲ့စိတ်ဝိညာဉ်က ပျက်စီးကာ သေဆုံးသွားရလိမ့်မယ်။

ဒါပေမယ့် မြို့တစ္ဆေအမှတ်အသားကို ဖယ်ရှားဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ မြို့တစ္ဆေအမှတ်အသားကို ဖယ်ရှားချင်တဲ့ဘယ်သူမဆို အခြေအနေနှစ်ရပ်ကို ပြည့်စုံရမယ်။ ပထမ၊ ပြန်ရွေးခအညံ့စားယုံယန်ကျောက်တုံးတစ်သန်းကို ပေးရမယ်။ ဒုတိယ၊ သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ပွဲကို အောင်မြင်ရမယ်။

လီဖူချန်းက ဒါနဲ့ပတ်သက်ပြီး စစ်ခုန်းကျိုက်ရှင်းထံမှ သိလိုက်တဲ့အခါ သူက တစ်ခဏ ငြိမ်သက်သွားမိတယ်။

"အညံ့စားယုံယန်ကျောက်တုံးတစ်သန်းက ပြဿနာတစ်ခုမဟုတ်ဘူး၊ သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ကြိမ်ကပဲ ပြဿာနာ" တစ်နှစ်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ကြိမ်ကျင်းပတယ်၊ သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ခါဆက်တိုက်ဆိုတော့ မလွယ်လှဘူးပဲ။

စစ်ခုန်းကျိုက်ရှင်းက ပြောလိုက်တယ်"လူတစ်ရာမှာ တစ်‌ယောက်ပဲ အောင်မြင်နိုင်မယ်လို့ ငါ တွက်ချက်ထားတယ်"

လီဖူချန်းက မေးလိုက်တယ်"တစ်ခြားနည်းလမ်းတွေရော ရှိလား၊ ပြန်ရွေးခကို အညံ့စားယုံယန်ကျောက်တုံးသန်းတစ်ရာပေးတာမျိုးလေ" ဒီလောက်ပမာဏက လီဖူချန်းအတွက် ပြဿနာမဟုတ်ပါဘူး။

စစ်ခုန်ကျိုက်ရှင်းက ခေါင်းခါယမ်းလိုက်တယ်။

"မင်းက ကြယ်ဥပဒေသကို လေ့ကျင့်တယ်လို့ မင်း ပြောခဲ့တယ်နော်" လီဖူချန်းက ရုတ်တရက် မေးလိုက်တယ်။

"ဟုတ်ပါတယ်"

လီဖူချန်းက တောက်ပနေတဲ့ကျောက်တုံးသုံးတုံးကို ယူထုတ်ကာ တစ်ဖက်လူထံ ပေးလိုက်တယ်"ငါ့မှာ ကြယ်ကျောက်တုံးတွေရှိတယ်။ မင်း အသက်ရှင်နိုင်မလားက မင်း သူတို့ထံမှ ကြယ်ဥပဒေသတွေ ဘယ်လောက်ထိ သင်ယူနိုင်မလဲအပေါ် မူတည်တယ်"

ကြယ်ကျောက်တုံး၊ ကြယ်ဥပဒေသပါဝင်တယ်။

ဒါက လီဖူချန်းက ဝူလီထျန်းရဲ့နေရာလပ်လက်စွပ်ထဲမှာ တွေ့ခဲ့တာပဲ။

"ကြယ်ကျောက်တုံးလား" စစ်ခုန်းကျိုက်ရှင်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

ယုံယန်တိုက်ကြီးမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် သူက ကြယ်ကျောက်တုံးတွေရဲ့တန်ဖိုးကို သိတယ်။

ကြယ်ကျောက်တုံးတွေမှာ ပါဝင်တဲ့ ကြယ်ဥပဒေသက အရမ်းရှင်းလင်းတယ်။

ဒီကြယ်ကျောက်တုံးသုံးတုံးနဲ့ဆိုရင် စစ်ခုန်းကျိုက်ရှင်းက တစ်ရာရာခိုင်နှုန်းမသေချာပေမယ့် နှစ်ဆယ်ကနေ သုံးဆယ်ရာခိုင်နှုန်းအထိ သေချာတယ်လို့ ခံစားမိလာတယ်။

ဒါပေမယ့် အဲဒါက သူ ကြယ်ဥပဒေသတွေဘယ်လောက်ထိ နားလည်နိုင်သလဲအပေါ် မူတည်တယ်။

……

မြို့ထဲမှာ အသက်ဝင်အလှုပ်ရှားဆုံးနေရာက မြိုမြောက်ပိုင်းရှိသေခြင်းရှင်ခြင်းပြိုင်ကွင်းပါပဲ။

သေခြင်းရှင်ခြင်းပြိုင်ကွင်းက အလွန်ကြမ်းတမ်းတဲ့နေရာတစ်ခုဖြစ်တယ်။ ဒီနေရာရှိတိုက်ပွဲအားလုံးထဲမှာ လူတစ်ယောက်ပဲ အသက်ရှင်နိုင်တယ်။

ပြီးတော့ ဒီနေရာရဲ့ယှဉ်ပြိုင်သူတွေမှာ အဆင့်အတန်းနှစ်ခုပဲရှိတယ်၊ တစ်ခုက မြို့တစ္ဆေနဲ့ အခြားတစ်ခုက အပြစ်သမားပဲ။

မြို့တစ္ဆေကတော့ မြို့တစ္ဆေအမှတ်အသားရှိတဲ့သူပေါ့။

အပြစ်သမားကတော့ နတ်ဘုရားမြို့ရဲ့ဥပဒေသတွေကို ဖောက်ဖျက်တဲ့သူတစ်ယောက်ပေါ့။

သေခြင်းရှင်ခြင်းပြိုင်ကွင်းရဲ့ဥပဒေသအရ အပြစ်သမားရဲ့အပြစ်ကို လျှော့ပေါ့နိုင်တယ်။

ဥပမာအားဖြင့် သေမိန့်ကျထားသူက ဆိုင်းငံ့တဲ့အထိ လျော့ချနိုင်တယ်၊ ဆိုင်းငံ့ထားရာကနေ အချိန်ကာလအတိအကျမသိအထိ လျော့ချနိုင်တယ်။

မင်းရဲ့ခွန်အားက လုံလုံလောက်လောက်သန်မာရင် အမြစ်မရှိတဲ့အထိ လျော့ချနိုင်တယ်။

ဒါပေမယ့် နိုင်ပွဲတွေအများကြီးလိုအပ်တယ်။

သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ မြို့တစ္ဆေနဲ့အပြစ်သမားတွေက သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာအတွက် တိုက်ခိုက်ကြတယ်။ ကြည့်ရှုသူတွေကတော့ သူတိူ့ရဲ့မြင်ကွင်းအတွက် လာကြတယ် ဒါမှမဟုတ်

ယုံယန်ကျောက်တုံးတွေအတွက်ပေါ့။

မင်းက ကံကောင်းရင် နှစ်ထောင်ချီအသုံးပြုနိုင်တဲ့ယုံယန်ကျောက်တုံးတွေကို တစ်ရက်ထဲနဲ့ ရနိုင်တယ်။

ကံဆိုးရင်တော့ မွဲပြာကျနိုင်တယ်။

သေခြင်းရှင်ခြင်းပြိုင်ကွင်းရဲ့ဥပဒေသတွေက အတော်လေးမျှတတယ်။ တိုက်ပွဲမှာပါဝင်တဲ့သူတွေက ညီမျှတဲ့ကျင့်ကြံခြင်းအခြေခံရှိတယ်၊ အဆင့်နိမ့်နတ်ဘုရားက အလယ်ဆင့်နတ်ဘုရားနဲ့တိုက်ခိုက်ရတယ်၊ အလယ်ဆင့်နတ်ဘုရားက အဆင့်မြင့်နတ်ဘုရားနဲ့တိုက်ခိုက်ရတဲ့အနေအထားတစ်ခုမျိုးက ဘယ်တော့မှ မရှိဘူး။

ဒိီအချိန်မှာတော့ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ အဆင့်မြင့်နတ်ဘုရားနှစ်ယောက်က တိုက်ခိုက်နေတယ်။

"လက်တစ်ဖက်လူက နိုင်လိမ့်မယ်"

လီဖူချန်းရဲ့ကိုယ်ပိုင်ယူဆချက်ပေါ့။

ဝှစ်......

မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ လက်တစ်ဖက်လူက သူ့လက်ထဲရှိဓားမော့ရှည်ကို ဝှေ့ယမ်းလိုက်တယ်၊ ဓားမော့အလင်းက လွင့်ထွက်လာတယ်။

"ကံကောင်းစွာနဲ့ ပမာဏမများလို့ပဲ"

လီဖူချန်းက အညံ့စားယုံယန်ကျောက်တုံးဆယ်သန်းကို လောင်းထားခဲ့တယ်၊ ဒါပေမယ့် လက်တစ်ဖက်လူပေါ်မှာတော့ မဟုတ်ဘူး၊ သူ့ရဲ့ပြိုင်ဘက်ကိုပါ။

လီဖူချန်းရဲ့အမြင်အာရုံက ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူက လူတစ်ယောက်ရဲ့ခွန်အားကို သူ့ရဲ့ချီတည်ရှိမှုလောက်နဲ့ မဆုံးဖြတ်နိုင်ဘူးလေ။

သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ပွဲမှာ လီဖူချန်းက ခုနှစ်ခုမှန်ပြီး သုံးခုမှားခဲ့တယ်၊ အညံ့စားယုံယန်ကျောက်တုံးသန်းလေးဆယ်ကို ရရှိခဲ့တယ်။

အောင်မြင်မှုနှုန်းက အတော်လေးမြင့်ပါတယ်။

လီဖူချန်းရဲ့အမြင်အာရုံက အလွန်အသုံးဝင်တယ်ဆိုတာ မြင်နိုင်တယ်၊ သာမန်ဆန်းကြယ်နတ်ဘုရားတွေက သူနဲ့ မယှဉ်နိုင်ပါဘူး။

"သန်းတစ်ရာနဲ့ ချကြတာပေါ့"

ဆယ်သန်းက လီဖူချန်းအတွက် မလုံလောက်ပါဘူး။

တစ်၊နှစ်၊သုံး......

ဒီတစ်ခါမှာတော့ သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ပွဲမှာ လီဖူချန်းက ခြောက်ပွဲနိုင်ခဲ့ပြီး သန်းနှစ်ရာရရှိခဲ့တယ်။

အကြမ်းဆုံးကတော့ လီဖူချန်းက ကိုးကြိမ်နိုင်ပြီး သန်းရှစ်ရာရခဲ့တာပဲ။

ဒါပေမယ့် သနားစရာကောင်းတဲ့အချိန်တွေလဲ ရှိတယ်၊ သုံးပွဲပဲ မှန်ပြီး သန်းလေးရာဆုံးရှုံးသွားတာမျိုးပေါ့။

ရုတ်တရက် တိုက်ပွဲစင်မြင့်က မီးလျှံတွေ ပေါက်ကွဲထွက်လာတယ်။

ဒီသေခြင်းရှင်ခြင်းတိုက်ပွဲထဲရှိနှစ်ဘက်လုံးက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေပါပဲ။

အုန်း အုန်း အုန်း......

စိတ်ဝိညာဉ်နတ်ဘုရားအဆင့်တိုက်ပွဲက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတိုက်ပွဲထက် ဆယ်ဆပိုကြမ်းတယ်။

စိတ်ဝိညာဉ်စွမ်းအားတွေ ထိပ်တိုက်တွေ့တဲ့အခါတိုင်း ကျယ်လောင်တဲ့ဆူညံသံတစ်ခု ထွက်လာတယ်။

"ဒီအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနှစ်ယောက်က ဘယ်အဆင့်ရှိမလဲ"

လီဖူချန်းက နှစ်ယောက်ကြားတိုက်ပွဲကို ဂရုတစိုက်လေ့လာခဲ့တယ်။

မကြာမီမှာပဲ သူက ကောက်ချက်ချခဲ့တယ်၊ ဒီနှစ်ယောက်ပူးပေါင်းတိုက်ခိုက်ရင်တောင် သူ့အတွက် ပြိုင်ဘက်တွေ မဟုတ်ဘူးပေါ့။

သူ့ရဲ့ဓားတာအိုတိုက်ခိုက်ရေးစွမ်းအားက ဒီနှစ်ယောက်ထက် ပိုသန်မာတယ်။

"ကြည့်ရတာ ငါက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေကြားမှာ အားမနည်းပုံပဲ"

လီဖူချန်းက လျှို့ဝှက်စွာ ပြောလိုက်တယ်။

All Chapters