သေခြင်းရှင်ခြင်းတိုက်ပွဲ
Vol. 85 Ch. 1190
သေခြင်းရှင်ခြင်းတိုက်ပွဲကွင်းပြင်ရဲ့ရူးသွပ်စရာအကောင်းဆုံးအခိုက်အတန့်တွေက ညနက်ပိုင်းမှာပဲ။
အဆက်မပြတ်သေခြင်းရှင်ခြင်းတိုက်ပွဲတွေက ရှိလာနေတာလေ။
မြို့တစ္ဆေက မြို့တစ္ဆေအမှတ်အသားကို ဖယ်ရှားဖို့ သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ပွဲကို တိုက်ခိုက်ရတယ်။
သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ပွဲ၊ တစ်ခုစီက ပိုပိုအန္တရာယ်များတယ်။
ရန်သူက အကြိမ်တိုင်းမှာ ပိုသန်မာလာတာလို့ ပြောတာတော့ မဟုတ်ဘူး။
မင်းက တိုက်ခိုက်ရတဲ့အကြိမ်အရေအတွက် တိုးလာတာကြောင့် မင်းရဲ့နတ်ဘုရားအတတ်တွေ၊ ဝှက်ဖဲတွေကို တစ်ကြိမ်ပြီးတစ်ကြိမ်ထုတ်ပြရမှာလေ။
ခွနိအားကွာဟချက်ကြီးရင်တော့ အဆင်ပြေပါတယ်၊ ခွန်အားကွာဟချက်မကြီးရင်တော့ မလွယ်လှပါဘူး။
သေခြင်းရှင်ခြင်းကွက်လပ်ကို မြင့်မားတဲ့ကျောက်တုံးနံရံစက်ဝိုင်းတစ်ခုက ဝန်းရံထားတယ်။ ကျောက်တုံးနံရံတွေက ပိရိသတ်တွေထိုင်ဖို့အတွက်ဖြစ်ပြီး ကျောက်တုံးနံရံတွေအောက်မှာ အခန်းငယ်တွေ ရှိတယ်။
အခန်းငယ်တစ်ခုအထဲမှာ စစ်ခုန်းကျိုက်ရှင်းက တင်ပျဉ်ခွေထိုင်နေတယ်။
"ငါ အသက်ရှင်ရမယ်"
စစ်ခုန်းကျိုက်ရှင်းက သူ့ကိုယ်သူ အနည်းငယ် သန့်ရှင်းထားတယ်၊ သူက အရင်ကလို စိတ်ပျက်စရာကောင်းတဲ့ပုံမပေါက်တော့ဘူး၊ သူ့ကို ကြည့်ရတာ သတ္တိအရှိန်အဟုန်တွေ အပြည့်နဲ့ပေါ့။
ကြယ်သုံးလုံးကျောက်တုံးက သူ့အတွက် အလွန်အကူအညီပေးတယ်။ သန်မာတဲ့ဖိအားအောက်မှာ သူက ယခင်တစ်ဆို့မှုတွေကို ချိုးဖြတ်နိုင်ခဲ့တယ်၊ သူ့ရဲ့အလားအလာက ပိုတောင်မြင့်လာတယ်။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ ပထမဆုံးယှဉ်ပြိုင်သူက စင်မြင့်ကို ကြည့်လိုက်တယ်။
ဒါက မိးခိုးရောင်ဆံပင်၊ လောကဓံကျင့်သားရနေတဲ့မျက်လုံးတွေနဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပဲ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပါပဲ။
မကြာမီမှာပဲ သူ့ရဲ့ပြိုင်ဘက်က ရောက်လာတယ်။ အဲဒါက ရင့်ကျက်မှုမရှိသေးပုံပေါက်တဲ့လူရွယ်တစ်ယောက်ပဲ။
သူ့ကို ကြည့်ရတာ လူတွေရဲ့နှလုံးသားကို နားမလည်တဲ့ မိသားစုတစ်ခုရဲ့သခင်လေးတစ်ယောက်လိုပါပဲ။
သူတို့ထဲကတစ်ယောက်က မြို့တစ္ဆေဖြစ်ပြီး အခြားတစ်ယောက်က သေဒဏ်ချခဲ့ထားရတဲ့အပြစ်သမားဖြစ်တယ်။
လူရွယ်က အကောက်ကြံစည်ခံခဲ့ရတယ်လို့ လူတော်တော်များများက ခန့်မှန်းထားခဲ့တယ်။
"ဦးလေး၊ ငါ ဘယ်သူ့ကို မှ မသတ်ခဲ့ဘူး၊ သူတို့ ငါ့ကို ကြံစည်ခဲ့တာ၊ မင်း ငါ့ကို ယုံကြည်ပါ" သူ ရောက်လာချင်း လူရွယ်က စိတ်လှုပ်ရှားစွာနဲ့ ကြောက်လန့်တကြားပြောလိုက်တယ်။
"ငါ မင်းကို ယုံပါတယ်"
သက်လတ်ပိုင်းအရွယ်လူက ခေါင်းညိတ်လိုက်တယ်။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"
သေခြင်းရှင်ခြင်းတိုက်ပွဲက စတင်ပါပြီ။
ဝှစ်......
လူရွယ်ရဲ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားတယ်၊ သွေးတွေက ပန်းထွက်လာပြီးနောက် သူက ပျောက်ကွယ်သွားတော့တယ်။
"ငါ အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်တစ်ခုရှိတယ်၊ ဒါကြောင့် ငါ တောင်းပန်ပါတယ်" သက်လတ်ပိုင်းအရွယ်လူက သူ့ရာသူ ရေရွတ်လိုက်တယ်။
တစ်၊ နှစ်၊ သုံး.......
သက်လတ်ပိုင်းအရွယ်လူရဲ့ခွန်အားက အလွန်သန်မာတယ်။ သေခြင်းရှင်ခြင်းတိုက်ပွဲငါးပွဲဆက်တိုက်ပြီးနောက် သူ့ရဲ့ခွန်အားအကန့်အသတ်က ရှုပ်ထွေးနေတုန်းပဲ။
"ဒီလောက်တောင်သန်မာတယ်"
စစ်ခုန်းကျိုက်ရှင်းက သက်လတ်ပိုင်းလူရဲ့တိုက်ပွဲကို ဂရုတစိုက် စောင့်ကြည့်နေတယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတော့ အတူတူပဲ၊ ဒီလူက သူ့ရဲ့ပြိုင်ဘက်ဖြစ်လာဖို့ များပါတယ်။
ခြောက်၊ ခုနှစ်။
ပြိုင်ပွဲအရေအတွက်တိုးလာတာနဲ့အတူ သက်လတ်ပိုင်းအရွယ်လူရဲ့ခွန်အားအကန့်အသတ်က ပေါ်လွင်လာတယ်။
သူ့ရဲ့ရန်သူကလဲ သန်မာပါတယ်။ အရေးကြီးဆုံးအရာကတော့ သူ့ရန်သူမှာ အားကောင်းတဲ့နတ်ဘုရားခန္ဓာကိုယ်နဲ့အစစ်အမှန်နတ်ဘုရားအတတ်ရှိတာပဲ။ သက်လတ်ပိုင်းလူက သူ့ရဲ့ဝှက်ဖဲကို ထုတ်ဖော်ခဲ့တာဆတာင် သူ့ပြိုင်ဘက်ကို တစ်ကွက်နဲ့ မသတ်ဖြတ်နိုင်ခဲ့ဘူး။
အဆုံးမှာတော့ သက်လတ်ပိုင်းလူက သူ့ပြိုင်ဘက်ကို သတ်ဖြတ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် သူ့ရဲ့နတ်ဘုရားစွမ်းအားက သုံးဆယ်ရာခိုင်နှုန်းပဲ ကျန်တော့တယ်။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ နတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ ခွင့်မပြုပါဘူး၊ ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲရဲ့ရက်စက်မှုပါပဲ။
ရှစ်ကြိမ်မြောက်မှာ ကျန်ရှိနေတဲ့နတ်ဘုရားစွမ်းအားတစ်ဝက်က ကုန်ဆုံးသွားတယ်။
ကိုးကြိမ်မြောက်မှာ သက်လတ်ပိုင်းလူရဲ့နတ်ဘုရားစွမ်းအားငါးရာခိုင်နှုန်းပဲ ကျန်ရှိတော့တယ်။
ဆယ်ပွဲမြောက်။
စစ်ခုန်းကျိုက်ရှင်းက စင်မြင်ပေါ်သို့ ခြေချလာခဲ့တယ်။
အမှန်အတိုင်းပြောရရင် သူက သက်လတ်ပိုင်းလူရဲ့ပြိုင်ဘက်ဖြစ်ဖို့ စိတ်မပါပါဘူး။
ကြောက်တာတော့မဟုတ်။
သက်လတ်ပိုင်းလူရဲ့ခွန်အားက သူ့လောက် မကောင်းပါဘူး။
သူက ရန်သူရဲ့အနှောင့်အယှက်တစ်ခုမဖြစ်ချင်ရုံမျှပဲ။ တကယ်တော့ ရန်သူက အောင်မြင်ဖို့ တစ်ပွဲသာ ကျန်တော့တာလေ။
ရန်သူရဲ့မျှော်လင့်ချက်ကို ဖျက်ဆီးတာက ရက်စက်ရာကျပါတယ်။
ဒါပေမယ့် စည်းမျဉ်းရှိနေမှတော့ သူက မရွေးချယ်နိုင်ပါဘူး။
"မင်းက အရမ်းသန်မာတယ်၊ ငါ ရှုံးနိုင်ပါတယ်" သက်လတ်ပိုင်းလူရဲ့မျက်နှာက တည်ငြိမ်လျက်ပါပဲ။
အခြားတစ်ယောက်သာဆိုရင် သူက ပြိုင်ဘက်ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိမှာပါ။
ဒါပေမယ့် စစ်ခုန်းကျိုက်ရှင်းရှေ့မှာတော့ သူက မျှော်လင့်ချက်သေးသေးတောင် မမြင်နိုင်ပါဘူး။
"မင်းလိုပဲ ငါလဲပဲအသက်ရှင်ရမယ့်အကြောင်းပြချက်ရှိတယ်" စစ်ခုန်းကျိုက်ရှင်းက ပြောလိုက်တယ်။
သူ မသေချင်ပါဘူး၊ သူ အသက်ဆက်ရှင်ရမှာပါ၊ သူ အသက်ရှင်နေမှ ဝူယုထျန်းကို လက်စားချေဖို့ အခွင့်အရေးရှိမှာပါ”
မျက်နှာပေါ်က ခနဲ့တဲ့တဲ့အပြုံးနဲ့အတူ သက်လတ်ပိုင်းလူက ပြောလိုက်တယ်"လူတိုင်းက မသေချင်ပါဘူး၊ ကံမကောင်းစွာနဲ့ သေခြင်းတရားဆိုတာ အမြဲတမ်းရှိနေမှာပဲ၊ သတ်"
သက်လတ်ပိုင်းလူက အော်ကာ စစ်ခုန်းကျိုက်ရှင်းကို ခုတ်ပိုင်းလိုက်တယ်။
သက်လတ်ပိုင်းလူက ဓားနတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ဓားတာအိုက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားတယ်။
ဓားအလင်းက ထိုးတက်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒက ပျံ့နှံလာတယ်။
"ကောင်းသောနေ့ပါ"
စစ်ခုန်းကျိုက်ရှင်းရဲ့အသုံးအဆောင်ပစ္စည်းက သေးသွယ်တဲ့တုတ်တိုတစ်ချောင်းဖြစ်တယ်။ တုတ်တိုက ရှေ့သို့ ထိုးလိုက်တဲ့အခါ ကြယ်ကလေးတစ်လုံးက လင်းလက်သွားတယ်။
သက်လတ်ပိုင်းလူနဲ့ယှဉ်ရင် ကြယ်အလင်းက သိသာထင်ရှားပေါ်လွင်ခြင်းမရှိဘူး၊ အလွန်သေးငယ်တယ်လို့ ပြောနိုင်တယ်။
ဒါပေမယ့် အဲဒါကို လစ်လျူမရှုနိုင်ပါဘူး။
ကောင်းကင်ရှိကြယ်တွေက သေးငယ်ပုံရပေမယ့် ဘယ်သူကများ သူတို့က သေးတယ်လို့ ပြောရဲမှာလဲ။
ဝှစ်.....
ဓားအလင်းက ပျောက်ကွယ်သွားပြီး သက်လတ်ပိုင်းလူရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့တယ်။
"ငါ တောင်းပန်ပါတယ်" စစ်ခုန်းကျိုက်ရှင်းက ပြောလိုက်တယ်။
သက်လတ်ပိုင်းလူက ခါးသီးစွာ ပြုံးလိုက်တယ်"လူဆိုတာ သေရမှာပါပဲလေ" ပြောရင်း သူ့ခန္ဓာကိုယ်က ဖုန်အဖြစ် ပြောင်းကာ ပျက်ဆီးသွားတော့တယ်။
ပရိသတ်ထဲမှာ လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်။
သက်လတ်ပိုင်းလူအတွက် ဝမ်းနည်းစရာပဲ။
ရန်သူက စစ်ခုန်းကျိုက်ရှင်းမဟုတ်ရင် သူက အောင်မြင်နိုင်မှာပါ။
ကံမကောင်းစွာနဲ့ ဒီကမ္ဘာမှာ မဟုတ်ရင်ဆိုတာ မရှိပါဘူး။
သက်လတ်ပိုင်းလူက ကျဆုံးသွားပေမယ့် လီဖူချန်းက အညံ့စားယုံယန်ကျောက်တုံးသန်းငါးရာကို ရရှိခဲ့တယ်။
ဆက်တိုက်သေခြင်းရှင်ခြင်းတိုက်ပွဲရဲ့ဥပဒေသက သာမန်သေခြင်းရှင်ခြင်းတိုက်ပွဲတွေရဲ့မတူပါဘူး။
ပြိုင်ဘက်က ပွဲဘယ်လောက်ထိ နိုင်မလဲဆိုတာ ခန့်မှန်းဖို့ပဲ လိုတယ်။ မင်းရဲ့ခန့်မှန်းမှုက မှန်ရင် သေခြင်းရှင်ခြင်းတိုက်ပွဲက မင်းကို အညံ့စားယုံယန်ကျောက်တုံးငါးဆပေးချေလိမ့်မယ်။ မှန်ကန်တဲ့အဖြေနဲ့ ကွဟချက်က တစ်ဆိုရင် သုံးဆ၊ နှစ်ဆိုရင် တစ်ဆ၊ ကွာဟချက်က နှစ်ထက်ကျော်ရင် ပြိုင်ကွင်းက အနိုင်ရပါတယ်။
သက်လတ်ပိုင်းလူက ခုနှစ်ပွဲနိုင်မယ်လို့ ဖူချန်းက လောင်းခဲ့တယ်၊ ပမာဏက သန်းငါးရာဖြစ်တယ်၊ ဒါပေမယ့် သက်လတ်ပိုင်းလူက ကိုးပွဲနိုင်ခဲ့တယ်၊ ကွာဟချက်က နှစ်ဖြစ်ပြီး ပြိုင်ကွင်းက သူ့ကို သန်းငါးရာပေးခဲ့ရတယ်။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ စစ်ခုန်းကျိုက်ရှင်းက ခြောက်ပွဲဆက်တိုက် အနိုင်ရခဲ့တယ်။
ခုနှစ်ပွဲမြောက်မှာ စစ်ခုန်းကျိုက်ရှင်းရဲ့ပြိုင်ဘက်က လူဝကြီးတစ်ယောက်ပါပဲ။
"ဒါ အပြာရောင်နတ်ဆိုးပဲ"
"ဒီအပြာရောင်နတ်ဆိုးနတ်ဘုရားရဲ့ချီက အလွန်အားကောင်းတယ်၊ စစ်ခုန်းကျိုက်ရှင်းထက် အဆအနည်းငယ်ပိုသန်မာတယ်" လီဖူချန်းက လျှို့ဝှက်စွာ ပြောလိုက်တယ်။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ တိုက်ပွဲက စတင်နေပါပြီ။
"သေစမ်း"
အပြာရောင်နတ်ဆိုးရဲ့အသုံးအဆောင်ပစ္စည်းက တူကြီးနှစ်လက်ဖြစ်တယ်၊ တစ်ခုစီရဲ့ခေါင်းပိုင်းက စစ်ခုန်းကျိုက်ရှင်းရဲ့ခန္ဓာကိုယ်ထက် ပိုကြီးတယ်။
တူကြီးက ကခုန်ဆနတယ်၊ အဆုံးမဲ့အဝါရောင်အလင်းက ပေါက်ကွဲထွက်လာပြီး လေးလံတဲ့ချီက သေခြင်းရှင်ခြင်းစင်မြင့်ရဲ့ဟင်းလင်းပြင်ကို ရပ်တန့်သွားစေပုံရတယ်။
အပြာရောင်နတ်ဆိုးက မြေဥပဒေသကို လေ့ကျင့်ထားမှန်း သိသာတယ်။
ထပ်ပြောရရင် သူ့ရဲ့သွေးမျိုးဆက်ကလဲ မြေတာအိုဥပဒေသကို တိုးမြှင့်စေပုံပဲ။
"နဂါးငွေ့တန်း....."
စစ်ခုန်းကျိုက်ရှင်းက သူ့ရဲ့ကိုယ်ပိုင်ပိုင်နက်နတ်ဘုရားအတတ်ကို ထုတ်ဖော်ကာ အဆုံးမဲ့အဝါရောင်အလင်းကို တားဆီးလိုက်တယ်။
နှစ်ယောက်ကြားတိုက်ပွဲက ကြမ်းတမ်းလှတယ်။
အပြာရောင်နတ်ဆိုးက နတ်ဘုရားစွမ်းအားနဲ့ သွေးမျိုးဆက်အရ သာလွန်တယ်။
စစ်ခုန်းကျိုက်ရှင်းရဲ့ကြယ်ဥပဒေသနဲ့နတ်ဘုရားအတတ်တွေက နက်နဲလှတယ်။
အုန်း......
စစ်ခုန်းကျိုက်ရှင်းက အပြာရောင်နတ်ဆိုးရဲ့ရင်ဘက်ကို တုတ်နဲ့ ထိုးစိုက်လိုက်တယ်၊ ဒါပေမယ့် ၎င်းက ပြန်ကန်ထွက်လာတယ်။
ရန်သူရဲ့နတ်ဘုရားခန္ဓာကိုယ်က အရမ်းအားကောင်းတယ်၊ တိုက်ခိုက်မှုထက် ပိုကောင်းတယ်။
"အသုံးမဝင်ဘူး၊ မင်း ငါ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို မချိုးဖြတ်နိုင်ဘူး"အပြာရောင်နတ်ဆိုးက စစ်ခုန်းကျိုက်ရှင်းထံ တူနဲ့ ရိုက်ချလိုက်တယ်။
ပိရိသတ်နေရာမှာ လီဖူချန်းက လွင့်ထွက်သွားတဲ့စစ်ခုန်းကျိူက်ရှင်းကို စိုက်ကြည့်နေတယ်"ဒီလောက်ပဲလား"
စစ်ခုန်းကျိုက်ရှင်းက ဒီလောက်ပဲ စွမ်းဆောင်နိုင်တယ်ဆိုရင် လီဖူချန်းက အတော်လေးမကျေမနပ်ဖြစ်မိတယ်။
သူက စစ်ခုန်းကျိုက်ရှင်းကို ကူညီခဲ့တာ သနားလို့မဟုတ်ဘူး။
အကြောင်းကတော့ သူ့ရဲ့မျက်လုံးတွေက သူ့ကို ပြောပြခဲ့တယ်၊ စစ်ခုန်းကျိုက်ရှင်းက ပါရမီရှင်တစ်ယောက်ပဲ၊ စစ်ဟိုင်ဝူယာထက် မနိမ့်ကျတဲ့ပါရမီရှင်တစ်ယောက်ပဲ။
"ကြယ်တာရာ"
လွင့်ထွက်သွားနေရင်း စစ်ခုန်းကျိုက်ရှင်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တယ်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြယ်စီးကြောင်းတစ်ခုအဖြစ် ရုတ်တရက် ပျောက်ကွယ်သွားတယ်။
သူ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာတော့ အပြာရောင်နတ်ဆိုးရဲ့အနောက်မှာ ရောက်ရှိနေပါပြီ။
အား....
အပြာရောင်နတ်ဆိုးရဲ့ခန္ဓာကိုယ်ကို ကြီးမားတဲ့အပေါက်တစ်ခုက တိုက်ရိုက်ထိုးဖောက်သွားတော့တယ်။
"မဖြစ်နိုင်ဘူးပဲ"
အပြောရောင်နတ်ဆိုးက ခေါင်းငုံ့လိုက်တယ်၊ သူ့မျက်နှာက မယုံကြည်မှုတွေ ပြည့်နေတယ်။
သူ့ရဲ့ဟွမ်ယန်တိုင်ယန်ခန္ဓာကိုယ်ကို အဆင့်မြင့်နတ်ဘုရားတစ်ယောက်က ဘယ်တော့မှ မချိုးဖြတ်နိုင်ခဲ့ဘူး။ ဒါက ပထမဆုံးအကြိမ်ပဲ။
"တကယ်ကောင်းမွန်တဲ့ကြယ်ဥပဒေသပဲ" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
စစ်ခုန်းကျိုက်ရှင်းရဲ့ဒီလှည့်ကွက်က ကြယ်ဥပဒေသတွေကို အသုံးပြုရာမှာ အဆင့်သစ်တစ်ခုကို ရောက်ရှိနေမှန်း သိသာတယ်။ ယခင်ကြယ်ဥပဒေသက တောက်ပနေတဲ့ကြယ်တစ်လုံးဆိုရင် လက်ရှိကြယ်ဥပဒေသက အဆုံးမဲ့စွမ်းအားတွေရှိတဲ့ကြယ်တံခွန်တစ်ခုနဲ့ တူတယ်။