← Chapters

အောင်မြင်သောယှဉ်ပြိုင်မှု

Vol. 85 Ch. 1191

အောင်မြင်သောယှဉ်ပြိုင်မှု

Vol. 85 Ch. 1191

နတ်ဘုရားခန္ဓာကိုယ်မှာ အပေါက်ကြီးတစ်ခုဖြစ်သွားပေမယ့် အပြာရောင်နတ်ဆိုးက မသေခဲ့ပါဘူး။

နတ်ဘုရားတစ်ယောက်ကို တစ်ကွက်နဲ့ သတ်ဖို့ဆိုရင် နည်းလမ်းနှစ်ခုပဲ ရှိတယ်။ ပထမ၊ရန်သူရဲ့စိတ်ဝိညာဉ်ကို ပျက်ဆီးအောင် လုပ်ရမယ်၊ ဒုတိယ၊ ရန်သူရဲ့နတ်ဘုရားစွမ်းအားအားလုံးကို တစ်ကွက်တည်းနဲ့ ပျက်သုန်းအောင် လုပ်ရမယ်။

စစ်ခုန်းကျိုက်ရှင်းက အပြာရောင်နတ်ဆိုးနတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားကို တစ်ကွက်နဲ့ ပျက်သုန်းအောင် မလုပ်နိုင်ခဲ့ပါဘူး။

ရင်ဘက်ထဲရှိအကြီးမားဆုံးအပေါက်က ချက်ချင်းပြန်ကောင်းသွားပြီး အပြာရောင်နတ်ဆိုးက ဟိန်းဟောက်လိုက်တော့တယ်" အရမ်းဂုဏ်ယူမနေပါနဲ့၊ လာပြီ.....အဆုံးမဲ့မြေ"

အပြာရောင်နတ်ဆိုးက ဒီပိုင်နက်နတ်ဘုရားအတတ်ကို ဘယ်တုန်းကမှ မထုတ်‌ဖော်ခဲ့ပါဘူး၊ သူက မလိုအပ်ဘူးလို့ ထင်တာကြောင့်လေ။

အပြောရောင်နတ်ဆိုးက ပိုင်နက်နတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တာကြောင့် ပိုနက်ရှိုင်းတဲ့အဝါရောင်အလင်းတစ်ခုက ပျံ့နှံ့လာပြီး သေခြင်းရှင်ခြင်းစင်မြင့်ကို မြေကြီးရောင်အဖြစ် ပြောင်းလဲသွားစေတယ်။ ဟင်းလင်းပြင်ကလဲ ပိုထူထပ်လာပြီး အခြေအနေအလုံးစုံ ပြောင်းလဲသွားခဲ့တယ်။

အပြာရောင်နတ်ဆိုးရဲ့ခွန်အားက လူတိုင်းစိတ်ကူးထားတာထက် ပိုသန်မာတယ်။

"ကြယ်တာရာ"

ကြယ်တာရာက အဟုန်ကို ရရှိဖို့ လိုအပ်တယ်။ အဟုန်ရရှိခြင်းဖြစ်စဉ်က အလွန်တိုတောင်းပေမယ့် စစ်ခုန်းကျိုက်ရှင်းကို အခွင့်အလမ်းကို ဆုပ်ကိုင်မရဖြစ်စေတယ်၊ အဲဒါက အပြာရောင်နတ်ဆိုးက သူ့ရဲ့ပိုင်နက်နတ်ဘုရားအတတ်ကို မထုတ်ဖော်ခင် အပြာရောင်နတ်ဆိုးကို ဒုတိယအကြိမ်ထိမှန်သွားစေတယ်။

ဒီတစ်ခါမှာတော့ ကြယ်မှာ လမ်းကြောင်းတစ်ခုရှိတယ်။

အပြာရောင်နတ်ဆိုးရဲ့အဆုံးမဲ့မြေက အလွန်အားကောင်းပြီး ကြယ်မှာ လမ်းကြောင်းတစ်ခုရှိတယ်။

ဒုန်း......

အပြာရောင်နတ်ဆိုးက သူ့ရဲ့တူကို မကာ တောက်ပနေတဲ့ကြယ်ကို တားဆီးဖို့ ကြိုးစားခဲ့တယ်။

မီးပွားတွေရဲ့အလယ်မှာ အပြာရောင်နတ်ဆိုးရဲ့နတ်ဘုရားခန္ဓာကိုယ်အလင်းက လင်းလိုက်မှိန်လိုက်ဖြစ်နေတယ်၊ ဒါက နတ်ဘုရားစွမ်းအားကို လျင်မြန်စွာ အသုံးပြုခြင်းရဲ့ပြယုဂ်ပါပဲ။

သူက ကြယ်တာရာရဲ့တိုက်ရိုက်တိုက်ခိုက်မှုကို တားဆီးခဲ့ပေမယ့် ကြယ်တာရာရဲ့သက်ရောက်မှုက သူ့ကို နတ်ဘုရားစွမ်းအားအမြောက်အများဆုံးရှုံးစေခဲ့ပါတယ်။

"ငါက မင်းထက် နှစ်ဆပိုအားကောင်းတယ်၊ ငါ တောင့်ခံနိုင်တယ်"

အပြာရောင်နတ်ဆိုးရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက စစ်ခုန်ကျိုက်ရှင်းထက် အများကြီးပိုမြင့်တယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းက မှင်တက်စရာပါပဲ။ တစ်ဆယ်ရာခိုင်နှုန်းပိုမြင့်တိုင်း ခွန်အားက နှစ်ဆဖြစ်ပြီး နတ်ဘုရားစွမ်းအားက ရာခိုင်နှုန်းအနည်းငယ်တိုးလာတယ်။

အပြာရောင်‌နတ်ဆိုးရဲ့သွေးမျိုးဆက်က အလွန်ထူးခြားတယ်၊ အဲဒါက သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို အလွန်မြင့်သွားစေတယ်၊ ဆယ့်ငါးသန်းကျော်ရှိကာ စစ်ခုန်းကျိုက်ရှင်းထက် အများကြီးပိုမြင့်တယ်။ သူ့ရဲ့နတ်ဘုရားစွမ်းအားက စစ်ခုန်းကျိုက်ရှင်းထက် နှစ်ဆနီးပါးရှိလာစေတယ်။

"တကယ်လား"

စစ်ခုန်ကျိုက်ရှင်းလဲ အနည်းငယ်စိုးရိမ်မိပါတယ်။ အရိုးသားဆုံးပြောရရင် သူက အပြာရောင်နတ်ဆိုးအရှင်ကို အနိုင်ယူနိုင်မယ်လို့ အကြွင်းမဲ့သေချာတယ်၊ ဒါပေမယ့် အကျိုးဆက်ကတော့ သူ့ရဲ့နတ်ဘုရားစွမ်းအားက အလွန်နိမ့်ကျသွားရမှာပဲ။

မင်း သိပါတယ်၊ သူ့မှာ သေခြင်းရှင်ခြင်းတိုက်ပွဲသုံးပွဲကျန်ရှိနေသေးတယ်လေ။

"ဒိီအကွက်က လုံလုံလောက်လောက်မသန်မာဘူး။ ပိုသန်မာရင် သက်ရောက်မှုက လုံးဝကွာခြားပေလိမ့်မယ်"

စစ်ခုန်းကျိုက်ရှင်းက ပျံ့လွင့်နေတဲ့အတွေးတွေကို ဖယ်ရှားလိုက်တယ်၊ သူ့မျက်လုံးတွေက အလွန်လေးနက်လာတယ်။

အပြာရောင်နတ်ဆိုးရဲ့အမူအရာက ပြောင်းလဲသွားတယ်၊ ပြိုင်ဘက်ရဲ့နတ်ဘုရားအတတ်စွမ်းအားက ပိုသန်မာလာတာကို သူက ရှင်းရှင်းလင်းလင်းခံစားမိတယ်လေ။

အပြာရောင်နတ်ဆိုးက ထပ်ခါတလဲလဲ နောက်ဆုတ်နေခဲ့တယ်။

အုန်း......

အပြာရောင်နတ်ဆိုးရဲ့လက်ထဲရှိတူက လွင့်ထွက်သွားပြီး တုတ်ချောင်းက သူ့ရင်ဘက်ကို တင်းကြပ်စွာ ထိုးစိုက်လာခဲ့တယ်။

"မကောင်းတော့ဘူး"

စစ်ခုန်းကျိုက်ရှင်းက ချိုးဖြတ်မှုတစ်ခု ပြုလုပ်နိုင်လိမ့်မယ်လို့ အပြာရောင်နတ်ဆိုးက မမျှော်လင့်ထားခဲ့ဘူး။

ဝှစ်.....

အကွက်တစ်ရာဆက်တိုက်တိုက်ခိုက်ပြီးနောက် အပြာရောင်နတ်ဆိုးရဲ့နတ်ဘုရားစွမ်းအားက လုံးဝပျောက်ကွယ်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်က ဖုန်မှုန့်အဖြစ် လွင့်ပျံသွားတယ်။

ဒီအချိန်မှာ စစ်ခုန်းကျိုက်ရှင်းရဲ့နတ်ဘုရားစွမ်းအားက လေးဆယ်ရာခိုင်နှုန်းကျန်ရှိနေသေးတယ်၊ ဒါက မျှော်လင့်ထားတာထက် ပိုတယ်။

ရှစ်ပွဲမြောက်၊ စစ်ခုန်းကျိုက်ရှင်းက ထပ်မံအနိုင်ရခဲ့တယ်။

ဒီအချိန်မှာ စစ်ခုန်ကျိုက်ရှင်းက အောင်မြင်တော့မယ်ဆိုတာ လူတိုင်းက မြင်နိုင်တယ်။

ကိုးပွဲမြောက်ရန်သူက အမျိုးသမီးငယ်တစ်ယောက်ဖြစ်တယ်။ သူမက သက်လတ်ပိုင်းအရွယ်လူရဲ့လက်ထဲမှာ သေဆုံးသွားတဲ့ လူရွယ်နဲ့တူတယ်။ သူမက ကမ္ဘာကြီးနဲ့ပတ်သက်ပြီး ဘာမှ မသိသေးပုံပဲ။ သူမက လက်ရှိအတွေ့အကြုံနဲ့ ပတ်သက်ပြီး အလွန်ထိတ်လန့်နေမိတယ်၊ သူမရဲ့မျက်လုံးတွေက အသနားခံမှုအပြည့်ဖြစ်နေတော့တယ်။

စစ်ခုန်းကျိုက်ရှင်းရဲ့နှလုံးသားက အေးစက်သွားတော့တယ်။

သူက မိန်းကလေးကို မသတ်ချင်ပါဘူး။

ဒါပေမယ့် သူ သတ်ရမှာပဲ။

ဝှစ်.......

တုံ့ဆိုင်းမနေဘဲ စစ်ခုန်းကျိုက်ရှင်းက မိန်းကလေးကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်။

ဆယ်ပွဲမြောက်မှာ စစ်ခုန်ကျိုက်ရှင်းက သန်မာတဲ့ရန်သူတစ်ယောက်နဲ့ ထပ်တွေ့ခဲ့တယ်။

စစ်ခုန်းကျိုက်ရှင်းရဲ့ဆယ်ပွဲမြောက်ရန်သူက ခြင်္သေ့ဦးခေါင်းနဲ့လူတစ်ယောက်ဖြစ်တယ်။

"တောက်"

ခြင်္သေ့ဦးခေါင်းက အလွန်ဒေါသထွက်နေတယ်၊ သူက စစ်ခုန်းကျိုက်ရှင်းနဲ့ လုံးဝမတိုက်ခိုက်ချင်ပါဘူး။

သူ့အနေနဲ့ သူက စစ်ခုန်းကျိုက်ရှင်းကို အနိုင်ယူနိုင်မလားဆိုတာ မသေချာပါဘူး။

"သေစမ်း"

စစ်ခုန်းကျိုက်ရှင်းမှာ နတ်ဘုရားစွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းကျန်ရှိသေးတယ်၊ ဒါကြောင့် သူက နတ်ဘုရားစွမ်းအားအလုံအလောက်မရှိမှာနဲ့ပတ်သက်ပြီး မစိုးရိမ်ပါဘူး၊ ဒါကြောင့် သူက ခြင်္သေ့ခေါင်းနဲ့လူအပေါ် တိုက်ခိုက်မှုတစ်ခုကို ချက်ချင်း ထုတ်ဖော်ခဲ့တယ်။

အုန်း......

ကြယ်ရဲ့အရှိန်က မြန်လွန်းတယ်၊ စွမ်းအားက ပြင်းထန်လွန်းတယ်၊ ခြင်္သေ့ဦးခေါင်းလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက လက်ကို ကန့်လန့်ဖြတ်ကာ တားဆီးတာပါပဲ။

တိုက်ကွက်ဒါဇင်ကျော်ကို ဆက်တိုက်တားဆီးပြီးနောက် ခြင်္သေ့လူရဲ့နတ်ဘုရားစွမ်းအားက ပြင်းပြင်းထန်ထန်လျော့ကျလာတယ်။

"မင်း သေချင်တယ်ဆိုရင်လဲ အတူသေကြတာပေါ့"

ခြ‌င်္သေ့ခေါင်းလူက ဟိန်းလိုက်တယ်၊ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပိုကြီးလာပြီး ကြီးမားတဲ့ရွှေခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းသွားတယ်။

"ဘယ်လိုတောင် သန့်စင်တဲ့ရွှေခြင်္သေ့သွေးမျိုးဆက်လဲ"

တစ်‌ယောက်ယောက်က အံ့အားတကြီးပြောလိုက်တယ်။

"ဒါ အဆင့်မြင့်နတ်ဘုရားသားရဲတစ်ကောင်ရဲ့သွေးမျိုးဆက်လား" လီဖူချန်းက တိတ်တဆိတ်ရေရွတ်လိုက်မိတယ်။

သူက နတ်ဘုရားကမ္ဘာကို ရောက်လာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ လီဖူချန်းက ဘာတစ်ခုမှမသိတဲ့အဖြူထည်မဟုတ်တော့ဘူး။

စကြာဝဠာမှာ မွန်းစတားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ နက္ခတ်တာရာဧရာမသားရဲမျိုးနွယ်၊ သမန်းဝံပုလွေမျိုးနွယ်၊ သွေးမျိုးနွယ်၊ စိတ်ဝိညာဉ်အလင်းမျိုးနွယ်၊ တိုင်တန်မျိုးနွယ်၊ လူသားမျိုးနွယ်......

မျိုးနွယ်တွေအားလုံးက နတ်ဘုရားဘုရင်နဲ့ပိုင်နက်နတ်ဘုရားတွေမှ ဆင်းသက်လာတယ်။

အခြားစကားဖြင့်ဆိုရင် သူတို့ရဲ့သွေးမျိုးဆက်က သန့်စင်ပြီးရှေးကျပုံရပေမယ့် အရောအနှောဖြစ်နေသေးတယ်။

နတ်ဘုရားမျိုးနွယ်တွေ ထောင်ပေါင်းများစွာရှိတယ်ဆိုပေမယ့် အဓိကအားဖြင့် နှစ်မျိုးပဲရှိတယ်။ အဲထဲမှာ နတ်ဘုရားသက်ရှိ ပါတယ်။

နတ်ဘုရားသက်ရှိတွေကိုတော့ သုံးမျိုးခွဲခြားထားတယ်၊ နာမည်အားဖြင့် နတ်ဘုရားမျိုးနွယ်၊ နတ်ဘုရားသားရဲတွေနဲ့ ထူးဆန်းတဲ့နတ်ဘုရားအဆင့်သတ္တဝါတွေပေါ့။

သူတို့အထဲမှာ နတ်ဘုရားသားရဲတွေက ခွဲခြားရတာ လွယ်ကူတယ်၊ ဒါပေမယ့် နတ်ဘုရားမျိုးနွယ်နဲ့ထူးဆန်းနတ်ဘုရားအဆင့်သတ္တဝါတွေရဲ့အဓိပ္ပါယ်က အနည်းငယ်ဇဝေဇဝါဖြစ်စရာပါပဲ။

နတ်ဘုရားမျိုးနွယ်အများစုရဲ့ခန္ဓာကိုယ်မှာ နတ်ဘုရားသားရဲရဲ့သွေးမျိုးဆက်ဒါမှမဟုတ်ထူးဆန်းနတ်ဘုရားအဆင့်သတ္တဝါတွေရဲ့သွေးမျိုးဆက်ပါဝင်တယ်၊ သူတို့က သွေးရောကို ပိုင်ဆိုင်တယ်လို့ ပြောနိုင်တယ်။

ခြင်္သေ့ခေါင်းလူက နတ်ဘုရားမျိုးနွယ်တစ်ခုဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်ထဲရှိအဓိကသွေးမျိုးဆက်က နတ်ဘုရားသားရဲမျိုးနွယ်ရဲ့ရွှေခြ‌င်္သေ့သွေးမျိုးဆက်မှန်း သိသာတယ်။

တစ်နေ့မှာ ခြ‌င်္သေ့ခေါင်းလူက ရွှေခြင်္သေ့သွေးမျိုးဆက်ကို အတိုင်းအတာတစ်ခုအထိ သန့်စင်နိုင်ရင် သူက မူလရင်းမြစ်ဆီတောင် ပြန်ရောက်နိုင်ပြီး  အဆင့်မြင့်နတ်ဘုရားသားရဲရွှေခြင်္သေ့တစ်ကောင်ဖြစ်သွားနိုင်တယ်၊ သူ့ရဲ့အဆင့်အတန်းကလဲ နတ်ဘုရားမျိုးနွယ်မှ နတ်ဘုရားသားရဲမျိုးနွယ်အဖြစ် ပြောင်းသွားပေလိမ့်မယ်။

အဆင့်မြင့်နတ်ဘုရားသားရဲရွှေခြင်္သေ့အဖြစ်ပြောင်းလဲခဲ့တဲ့‌ခြင်္သေ့ခေါင်းလူက ခွန်အားအရ သိသိသာသာတိုးတက်လာတယ်။ တစ်ဆက်တည်းမှာပဲ နတ်ဘုရားစွမ်းအားသုံးစွဲမှုကလဲ တိုးတက်လာပြီး စစ်ခုန်းကျိုက်ရှင်းရဲ့တိုက်ခိုက်မှုကို ခံနိုင်ရုံမျှပဲ အနည်းဆုံးကျန်ရှိတော့တယ်။

"အဆင့်မြင့်နတ်ဘုရားသားရဲဖြစ်တဲ့ရွှေခြ‌င်္သေ့ရဲ့သွေးမျိုးဆက်ဆိုတဲ့အတိုင်းပဲ"

လူအချို့က အမူအရာတွေ ဖော်ပြလာတယ်။

အဆင့်မြင့်နတ်ဘုရားသားရဲတွေအတွက် အဆင့်နိမ့်ဆုံးအလားအလာက ပိုင်နက်နတ်ဘုရားသားရဲဖြစ်တယ်။

ကံမကောင်းစွာနဲ့ ခြ‌င်္သေ့ခေါင်းလူက ရွှေခြင်္သေ့မှ ဆင်းသက်လာတာမဟုတ်ဘူး၊ သူ့ခန္ဓာကိုယ်ထဲရှိရွှေခြင်္သေ့သွေးမျိုးဆက်က သုံးဆယ်ရာခိုင်နှုန်းအောက်သာ ရှိတယ်။ ရိုက်ချက်တစ်ထောင်ကျော်ပြီးနောက် ရွှေခြင်္သေ့သွေးမျိုးဆက်က စစ်ခုန်းကျိုက်ရှင်းကြောင့် ချက်ချင်းပြန့်ကျဲသွားပြီး ပုံသဏ္ဍာန်က ရွှေခြင်္သေ့မှ ခြ‌င်္သေ့ခေါင်းလူအဖြစ် ပြန်ပြောင်းလဲသွားတော့တယ်။

ဝှစ်.......

တုတ်အရိပ်က ရိုက်ချလာတဲ့အခါ ခြင်္သေ့ခေါင်းလူက အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘူး၊ ဒါကြောင့် စစ်ခုန်ကျိုက်ရှင်းရဲ့တုတ်က သူ့ရဲ့မျက်ခုံးကို ထိုးဖောက်ပြီး သူ့ရဲ့စိတ်ဝိညာဉ်ကို ပြန့်ကျဲသွားစေခဲ့တယ်။

သေခြင်းရှင်ခြင်းတိုက်ပွဲဆယ်ပွဲဆက်တိုက်.......

ယှဉ်ပြိုင်မှုက အောင်မြင်သွားပါပြီ.......

ပြိုင်ကွင်းက ဆူပွက်လာတော့တယ်။

"ဟားဟား၊ ငါ နိုင်ပြီး"

ပြိုင်ကွင်းမှာ ပိရိသတ်တွေ အများကြီးရှိတယ်၊ စစ်ခုန်းကျိုက်ရှင်းဆယ်ပွဲဆက်တိုက်နိုင်မယ်လို့ လောင်းထားတဲ့ လူတွေလဲ အများကြီးရှိမှာပါပဲလေ။

"မင်း ဘယ်လောက်ရလဲ" ဘေးက တစ်ယောက်က မေးလိုက်တယ်။

"ဟားဟား၊ သိပ်တော့မများပါဘူး၊ ငါးသိန်းလောက်ပါပဲ" ပြောနေရင်း အနှီလူရဲ့နှလုံးသားက လှုပ်ခါနေတော့တယ်။ တကယ်တော့ အညံ့စားယုံယန်ကျောက်တုံးငါးသိန်းက သူ့အသားတင်ကြွယ်ဝမှုရဲ့တစ်ဝက်တောင် ရှိတာလေ။

"မဆိုးဘူးပဲ"

လီဖူချန်းရဲ့မျက်နှာမှာလဲ အပြုံးပန်းတွေ ပွင့်နေတော့တယ်။

ဒီစစ်ခုန်းကျိုက်ရှင်းက သူ့ရဲ့အကူအညီနဲ့ တကယ်ထိုက်တန်တာပဲ။

ဒါ့အပြင် သူက အမြောက်အများရရှိခဲ့တယ်လေ။

သူက အညံ့စားယုံယန်ကျောက်တုံးငါးဘီလီယံကို အနိုင်ရရှ်ိခဲ့တာပါ။

All Chapters