← Chapters

လီဖူချန်းရဲ့ခွန်အား

Vol. 85 Ch. 1192

လီဖူချန်းရဲ့ခွန်အား

Vol. 85 Ch. 1192

ပြိုင်ကွင်းက လီဖူချန်းကို အညံ့စားယုံယန်ကျောက်တုံးငါးဘီလီယံပေးချေခဲ့ပြီး စစ်ခုန်းကျိုက်ရှင်းရဲ့မြို့တစ္ဆေအမှတ်အသားကိုလဲ ဖယ်ရှာပေးခဲ့တယ်။

"နောက်ဆုံးတော့ လွတ်လပ်ပြီပေါ့"

ပြိုင်ကွင်းအပြင်ဘက်မှာ စစ်ခုန်းကျိုက်ရှင်းက လေအေးလေးတွေကို ရှုသွင်းလိုက်တော့တယ်။

"ဒါပေါ့ကွ၊ သွားကြစို့၊ အခုက ယုံယန်မြို့ကို သွားဖို့ အချိန်ပဲ" လီဖူချန်းက ပြောလိုက်တယ်။

စစ်ခုန်းကျိုက်ရှင်းက ခေါင်းညိတ်လိုက်တယ်။ ဝူမိသားစုဒါမှမဟုတ်ဝူယုထျန်းကို မဖျက်ဆီးရရင် သူက ဘယ်တော့မှ ပျော်ရွှင်မှာ မဟုတ်ဘူး ဒါမှမဟုတ် သူ့နှလုံးသားက ဘယ်တော့မှ လွတ်လပ်မှာမဟုတ်ဘူး။ သူက ပြိုင်ကွင်းကို တစ်ချက်ကြည့်ပြီးနောက် စစ်ခုန်းကျိုက်ရှင်းက လီဖူချန်းရဲ့ခြေလှမ်းတွေနောက်သို့ လိုက်သွားတော့တယ်။

……

သူက မြို့ဂိတ်နဲ့ ပိုနီးကပ်လာလေ၊ စစ်ခုန်းကျိုက်ရှင်းက ပိုထိတ်လန့်လာလေပဲ။

ဝူယုထျန်းက အခုထိ မလှုပ်ရှားသေးဘူးပဲ၊ ဒါက နည်းနည်းမူမမှန်ပါဘူး။

ဝူယုထျန်းက လီဖူချန်းကို ကြောက်ပြီး ဝူမိသားစုအိမ်တော်မှ ထွက်မလာရဲတာကြောင့် လျှို့ဝှက်ပဲ အမိန့်ပေးနိုင်တာကို သူက ဘယ်လိုလုပ်သိမှာလဲ။

ဒါပေမယ့် လက်ရှိအချိန်မှာ ဝူယုထျန်းက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်အပါအဝင် စိတ်ဝိညာဉ်နတ်ဘုရားအနည်းငယ်ကို လီဖူချန်းတို့နောက်သို့ လိုက်ဖို့ စီစဉ်ထားခဲ့တယ်။

မူလက သူက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ကိုလဲ စီစဉ်ချင်ခဲ့တယ်။ တကယ်တော့ လီဖူချန်းက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စိတ်ဝိညာဉ်ကျင့်ကြံသူတွေရဲ့နည်းလမ်းက မခန့်မှန်းနိုင်ဘူးလေ။

ဒါပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက အကန့်အသတ်ရှိတယ်၊ ဝူမိသားစုက စီစဉ်ပေးနိုင်တဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေအများကြီးမရှိဘူး။ ဒိီရက်တွေမှာ ထိုအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေက မရှိဘူးဖြစ်နေတယ်။

"ငါ အကြောက်လွန်နေတာပဲ။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားကျင့်ကြံခြင်းအခြေခံရှိတဲ့စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ဖို့ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအချို့နဲ့ အလယ်ဆင့်နတ်ဘုရားတစ်‌ယောက်ကတင် လုံလောက်နေပါပြီ"

ဝူမိသားစုခြံဝင်းမှာ ဝူယုထျန်းရဲ့မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုက ထင်ဟပ်နေတယ်။

"အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်လား။ သူ ငါ့ကို တကယ် လျော့တွက်တာပဲ"

စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ တံခါး‌ဘေးနားရှိလမ်းပေါ်မှာ မျက်ခုံးရှည်ရှည်နဲ့အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။

အခြားအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသုံးယောက်အတွက်ကတော့ သူတို့ကို လီဖူချန်းက တိုက်ရိုက်လစ်လျူရှုထားခဲ့တယ်။

မိုမိုက မလှုပ်ရှားရင်‌တောင် သူက ဒီအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသုံးယောက်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိပါတယ်။

မြို့ပြင်ကို ထွက်ပြီးနောက် လီဖူချန်းက အပြာရောင်မီးလျှံကို ယူထုတ်လိုက်တယ်။

ဝှစ်......

အပြာရောင်မီးလျှံက လီဖူချန်းနဲ့စစ်ခုန်းကျိုက်ရှင်းတို့ကို သယ်ဆောင်သွားတော့တယ်။

"‌လိုက်စမ်း"

မျက်ခုံးရှည်လူက သူ့လက်ကို နောက်ကျောပစ်ထားတယ်၊ သူ့ရဲ့ခြေလှမ်းတိုင်းက ကြီးမားတဲ့အကွာအဝေးတစ်ခု ရှိနေတယ်။

အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသုံးယောက်က မျက်ခုံးရှည်လူလောက် သက်သောင့်သက်သာမဖြစ်ပေမယ့် အပြာရောင်မီးလျှံနောက်ကို လိုက်ရတာ အရမ်းလွယ်ပါတယ်။

"ဒါ ဝူယုထျန်းကပဲ"

စစ်ခုန်းကျိုက်ရှင်းရဲ့မျက်နှာက ဖြူရော်သွားတယ်။

ဒီတစ်ကြိမ်မှာ လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားတွေကို စေလွှတ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။

အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအမြောက်အများကို အလွယ်တကူရိုက်နက်နိုင်တယ်။

လီဖူချန်းက အရမ်းသန်မာတယ်လို့ သူ့ရဲ့မသိစိတ်က ပြောပြပေမယ့် တကယ်တော့ လီဖူချန်းက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ပဲလေ။ သူက ဘယ်လောက်ပဲ သန်မာပါစေ၊ စိတ်ဝိညာဉ်နတ်ဘုရားတွေကို ရင်ဆိုင်နိုင်မှာတဲ့လား။

သူက စိတ်ဝိညာဉ်နတ်ဘုရားတွေကို ရင်ဆိုင်နိုင်ရင်တောင် အများဆုံး အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ကို ရင်ဆိုင်နိုင်မှာပါ။

မျက်ခုံးရှည်လူက အလျင်မလိုပါဘူး၊ သူက နတ်ဘုရားမြို့မှ အဝေးကို သွားနေတယ်။

နတ်ဘုရားမြို့မှ မိုင်တစ်သောင်းအကွာ။

"အဲမှာပဲ၊ သူတို့ကို တားကြစမ်း"

မျက်ခုံးရှည်လူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသုံးယောက်ကို ပြောလိုက်တယ်။

ဝှစ် ဝှစ်.....

သူတို့သုံးယောက်ရဲ့အရှိန်က တိုးလာပြီး အပြာရောင်မီးလျှံကို ချက်ချင်း တားလိုက်တော့တယ်။

ဒါပေမယ့် ဒီအချိန်မှာ တလက်လက်‌တောက်ပနေတဲ့ဓားအလင်းတစ်ခုက သက်တံတစ်ခုပမာ  ဧရာမဓားစွမ်းအားတစ်ခုနဲ့အတူ ပေါ်ထွက်လာတယ်။

အဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်- သက်တံ။

ဒီဓားကွက်နဲ့ရင်ဆိုင်ရတဲ့အခါ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသုံးယောက်က ထိတ်လန့်သွားတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က ဒိီလိုဓားစွမ်းအားတစ်ခုကို ဖော်ထုတ်နိုင်မယ်လို့ သူတို့ ဘယ်တော့မှ မထင်ထားဘူး။ ဒီဓားကွက်နဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ သူတို့က အလယ်ဆင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်ရသလို ခံစားမိတယ်။

ဖောက်......

အနီးစပ်ဆုံးအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က ဦးစွာသေသွားတယ်။

သူ့ခန္ဓာကိုယ်က ပထမတုန်ခါသွားတယ်၊ ထို့နောက် သွေးမြူတွေ ပေါက်ကွဲထွက်သွားပြီး သူ့ရဲ့စိတ်ဝိညာဉ်ကို ဓားစွမ်းအင်က အပိုင်းပိုင်းဖျက်ဆီးခဲ့တယ်။

ထို့နောက် ဘယ်ဘက်ရှိအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်လဲ သေသွားခဲ့တယ်။

သူ့ခန္ဓာကိုယ်တစ်ဝက်ကို ဆုံးရှုံးသွားတာကြောင့် သူ့ရဲ့စိတ်ဝိညာဉ်က ဓားစွမ်းအင်တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ခဲ့ဘူး။

ဘယ်ဘက်ရှိအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားက မသေသွားပါဘူး။ သူ့ခန္ဓာကိုယ်ပေါ်ရှိချပ်ဝတ်က အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှန်း သိသာတယ်၊ သူ့ရဲ့ခံစစ်က အတော်လေးမြင့်မားတယ်။ ဒီဓားကွက်နဲ့ ရင်ဆိုင်ရတဲ့အခါ နတ်ဘုရားစွမ်းအားများစွာ ဆုံးရှုံးခဲ့ရုံသာဖြစ်ပြီး ဓားစွမ်းအင်က မ‌ကျူးကျော်ခဲ့ပါဘူး။

"ရပ်စမ်း"

မျက်ခုံးရှည်လူရဲ့အော်သံက အနည်းငယ်နောက်ကျသွားပါပြီ၊ သူ့အသံထွက်ပေါ်လာတဲ့အခါ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသုံးယောက်ထဲကတစ်ယောက်ပဲ ကျန်ရှိတော့တယ်။

ထိတ်လန့်မှုနဲ့ဒေါသကြောင့် သူက ချက်ချင်းတိုက်ခိုက်တော့မယ့်အခိုက်။

ဒါပေမယ့် လီဖူချန်းက သူ့ထက် ခြေတစ်လှမ်းဦးခဲ့ပါတယ်။

"ချိုးဖြတ်ခြင်း"

ဓားတာအိုဥပဒေသက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို ရောက်ရှိထားပြီဖြစ်တယ်။ လီဖူချန်းရဲ့မူလအဆုံးစွန်းခုတ်ချက်နဲ့စပ်‌ကြောင်းမဲ့ခုတ်ချက်တို့နှစ်ခုစလုံးကို အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ထိ တွန်းပို့ထားခဲ့ပြီး အဆင့်တွေက မနိမ့်ပါဘူး၊ တစ်ခုက ထူးကဲအဆင့်ဖြစ်ပြီး အခြားတစ်ခုက ပြီးပြည့်စုံခြင်းအဆင့်ဖြစ်တယ်။

ပြီးပြည့်စုံခြင်းအဆင့်စပ်ကြောင်းမဲ့ခုတ်ချက်၊ တကယ်ပြီးပြည့်စုံတယ်။

ဓားအလင်းကို မမြင်နိုင်ဘူး၊ ဓားလမ်းကြောင်းကို မမြင်နိုင်ဘူး၊ တိုက်ခိုက်မှုက ဖြစ်ပေါ်စေတဲ့ သိမ်မွေ့တဲ့အတက်အကျကို မခံစားနိုင်ဘူး။

တစ်ခုတော့ သိထားရမယ်၊ ၎င်းလှုပ်ရှားသရွေ့ အတက်အကျ ရှိလာပါလိမ့်မယ်။

ချိုးဖြတ်ခြင်းက ဒီဥပဒေသကို ချိုးဖြတ်ပုံရတယ်။

ဒါပေမယ့် ဒါက ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်တယ်၊ စပ်ကြောင်းမဲ့ခုတ်ချက်မှာ အတက်အကျတွေ ရှိနေပါသေးတယ်၊ ဒါပေမယ့် အတက်အကျက အလွန်အားနည်းတယ်၊ အားနည်းလွန်းတာကြောင့် မျက်ခုံးရှည်လူကတောင် အာရုံခံမိဖို့ ခက်ခဲတယ်။

အား......

အက်ကြောင်းတစ်ခုက ခန္ဓာကိုယ်အကာအကွယ်ရဲ့နတ်ဘုရားစွမ်းအားထဲမှာ ထွက်ပေါ်လာတယ်၊ မျက်ခုံးရှည်လူက မှင်တက်သွားတယ်။

လီဖူချန်းရဲ့ဓားက သူ့ကို မနာကျင်စေခဲ့ဘူး၊ ၎င်းက သူ့ခန္ဓာကိုယ်အကာအကွယ်ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ထိုးဖောက်သွားခဲ့ရုံမျှပဲ။

ဒါပေမယ့် ဒါက သူ့ကို တကယ်အံ့အားသင့်စေခဲ့တယ်။

သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ပဲ၊ သူ့ရဲ့စိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားက ဘယ်လောက်အားကောင်းသလဲ။

သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းနှစ်ရာလောက် မြင့်တယ်ဆိုတာ သိထားရမယ်၊ သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေထက် အများကြီးကျော်လွန်တယ်။

လီဖူချန်းကတော့ နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သူ့ထက် နိမ့်ကျရုံသာမက နတ်ဘုရားစွမ်းအားကလဲ အစစ်အမှန်နတ်ဘုရားစွမ်းအားသာဖြစ်ကာ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနဲ့ လုံးဝမယှဉ်နိုင်ပါဘူး။

ဒါတောင် ရန်သူရဲ့ဓားက သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်အကာအကွယ်စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို လဲ ထိုး‌ဖောက်နိုင်တယ်။

တစ်ဖက်လူရဲ့အစစ်အမှန်နတ်ဘုရားစွမ်းအားက စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားဆိုရင် သူ့အနေနဲ့ အသက်ရှင်ဖို့ နည်းလမ်းမရှိပါဘူး။

မျက်ခုံးရှည်လူရဲ့မျက်လုံးတွေထဲရှိ သတ်ဖြတ်ခြင်းဆန္ဒက ပိုပြင်းထန်လာတယ်။

"မိုမို၊ တိုက်တော့"

လီဖူချန်းရဲ့ဓားက ဟန်ပြပါပဲ၊ အစစ်အမှန်တိုက်ကွက်က မိုမိုဖြစ်တယ်။

မျက်ခုံးရှည်ခးက မတုံ့ပြန်နိုင်ခင် ရောင်စုံအလင်းတစ်ခုက သူ့ကို ရိုက်မိသွားတယ်။

"မဟုတ်တော့ဘူး"

မျက်ခုံးရှည်လူက ကြောက်လန့်တကြားဟိန်းဟောက်လိုက်တယ်၊ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သဲပမာ လုံးဝ လွင့်ပြယ်သွားတော့တယ်။

မိုမိုရဲ့ကြီးထွားနှုန်းက အရမ်းမြန်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထက်စာရင် သူက ယခု အများကြီး ပိုသန်မာလာပါပြီ။

မိုမိုက မျက်ခုံးရှည်လူကို သတ်တဲ့အချိန်မှာ လီဖူချန်းကလဲ ကျန်နေတဲ့အဆငိ့နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။

စစ်ခုန်းကျိုက်ရှင်းက အပြာရောင်မီးလျှံရဲ့ကုန်းပတ်ပေါ်မှာနေရင်း မှင်တက်နေမိတယ်။

ပထမ၊ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသုံးယောက်က အာကာသယာဉ်ကို တားဆီးခဲ့တယ်၊ လီဖူချန်းက ပြေးထွက်ကာ နှစ်‌‌ယောက်ကို သတ်ဖြတ်ခဲ့တယ်၊ ထို့နောက် မျက်ခုံးရှည်လူက ရပ်တန့်ဖို့ ပြောခဲ့တယ်၊ လီဖူချန်းက မရပ်တန့်ခဲ့ဘဲ မျက်ခုံးရှည်လူထံ ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ခဲ့တယ်။ ထို့နောက် ရောင်စုံအလင်းတစ်ခုက မျက်ခုံးရှည်လူကို သတ်ဖြတ်ခဲ့တယ်။

အရာအားလုံးက လျှပ်တစ်ပြက်အတွင်းပဲ။

"သွားကြမယ်"

အပြာရောင်မီးလျှံကို သိမ်းကာ ငွေရောင်တောင်ပံအာကာသယာဉ်ကို ယူထုတ်ပြီးနောက် လီဖူချန်းက မြန်နှုန်းကို အမြင့်ဆုံးတင်ပြီး ယုံယန်မြို့ရှိရာဦးတည်ဘက်ရှိ ပျံသန်းသွားခဲ့တယ်။

ကုန်းပတ်ပေါ်မှာ စစ်ခုန်းကျိုက်ရှင်းက ချင့်ချိန်စဉ်းစားတတ်ပါတယ်၊ သူက မျက်ခုံးရှည်လူကို ဘယ်လိုသတ်ခဲ့သလဲကို လီဖူချန်းကို မမေးပါဘူး။ သူက မအပါဘူး။ မျက်ခုံးရှည်လူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဆိုတာ သူက တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်တယ်။

အဲဒါက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ကိုသတ်နိုင်တဲ့အားကောင်းတဲ့အသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်ရတနာတစ်ခုဖြစ်ရမယ်။

ဒါပေမယ့် ဒါ သူနဲ့ ဘာမှမဆိုင်ပါဘူး၊ လီဖူချန်းက သူ့ကို ခေါ်သွားဖို့ ဆန္ဒရှိတယ်၊ သူက အကောင်းဆုံးပြုလုပ်ပေးခဲ့တယ်၊ သူ့ကို ပြောပြစရာအကြောင်းမရှိပါဘူး။

စိတ်ရှုပ်ထွေးမှုကို ဘေးဖယ်လျက် စစ်ခုန်းကျိုက်ရှင်းက သူ့ရဲ့အနာဂတ်ဘဝကို စတင်တွေးတောနေမိတော့တယ်။

ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာ၊ သန်မာသူတွေက တိမ်လိုပဲ၊ ပါရမီရှင်တွေက မိုးလိုပဲ။ ထိုနေရာကို ရောက်တဲ့အခါကျရင် မင်းက လျင်လျင်မြန်မြန်တိုးတက်လာနိုင်တယ်။

ဝူယုထျန်း၊ ငါ့ကို စောင့်နေစမ်းပါ......

……

ယုံယန်မြို့က ယုံယန်တိုက်ကြီးရဲ့အလယ်ဗဟိုမှာ တည်ရှိတယ်။ အဲဒါက သေးငယ်တဲ့မြို့တစ်ခုဖြစ်ပေမယ့် အခြားနတ်ဘုရားမြို့တွေထက် ဆယ်ဆပိုတောက်ပတယ်။

ယုံယန်မြို့ကို တည်ဆောက်ဖို့ အသုံးပြုတဲ့ ကျောက်တံားတွေမှာ နေဥပဒေသနဲ့ဆိုလာစွမ်းအင်ပါဝင်တယ်လို့ ပြောကြတယ်။ မင်းက ယုံယန်မြို့မှာ နေရင်း ယုံယန်ကျောက်တုံးမရှိရင်တောင် နေဥပဒေသကို အပြင်ကမ္ဘာထက် နားလည်ဖို့ပိုလွယ်ကူပါလိမ့်မယ်။

ဒါပေမယ့် ယုံယန်မြို့ရဲ့သုံးစွဲစရိတ်ကလဲ အမြင့်ဆုံးပါပဲ၊ အခြားနတ်ဘုရားမြို့တွေထက် အဆတစ်ရာပိုတယ်။

မြို့ဝင်ခွင့်ကုန်ကျစရိတ်က တစ်ယောက်လျှင် အညံ့စားယုံယန်ကျောက်တုံးတစ်ရာရှိတယ်။

‌ဈေးအပေါဆုံးတည်းခိုခန်းမှာ တစ်ညတည်းဖို့ မင်းက အညံ့စားယုံယန်ကျောက်တုံးတစ်ထောင် အနည်းဆုံးလိုအပ်တယ်။

သေချာတဲ့အသားတင်ကြွယ်ဝမှုမရှိရင် ယုံယန်မြို့ကို မလာတာ အကောင်းဆုံးလို့ ပြောနိုင်တယ်။

ခရမ်းငွေကြယ်ဆီတည်နေရာရွှေ့ပြောင်းရေးအစီအရင်က အချိန်တိုင်းမှာ မဖွင့်ပါဘူး။

အဲ့အစား တစ်လမှာ တစ်ကြိမ်ပဲ ဖွင့်တယ်၊ အရေအတွက်အနည်းဆုံးငါးဆယ်နဲ့ အများဆုံးတစ်ရာပါပဲ။

တည်နေရာရွှေ့ပြောင်းရေးအစီအရင်ဖွင့်ဖို့ သုံးရက်ကျန်သေးတယ်။ တည်နေရာရွှေ့ပြောင်းရေးတိုကင်နှစ်ခုကို ယူပြီးနောက် လီဖူချန်းနဲ့စစ်ခုန်းကျိုက်ရှင်းတို့က အနီးနားရှိတည်းခိုခန်းတစ်ခုကို ရှာကာ နေထိုင်ခဲ့တယ်။

၎င်းရဲ့ပတ်ဝန်းကျင်မြင်ကွင်း‌ကောင်းမွန်မှုကြောင့် ဒိတည်းခိုခန်းက အလွန်ဈေးကြီးတယ်။ တစ်ညနေဖို့ အညံ့စားယုံယန်ကျောက်တုံးတစ်ထောင်ကျသင့်တယ်။ ညစာစားပွဲတစ်ပွဲအတွက် အညံ့စားယုံယန်ကျောက်တုံးတစ်သိန်းကျသင့်တယ်။

ဒါပေမယ့် လက်ရှိလီဖူချန်းမှာ အညံ့စားယုံယန်ကျောက်တုံးတွေကလွဲပြီး ဘာမှမရှိဘူးလေ။

သေခြင်းရှင်ခြင်းပြိုင်ကွင်းမှာ သူက အညံ့စားယုံယန်ကျောက်တုံးခုနှစ်ဘီလီယံကို အနိုင်ရခဲ့တယ်လေ၊ သူ့ရဲ့ကိုယ်ပိုင်အညံ့စားယုံယန်ကျောက်တုံးတွေပါပေါင်းလိုက်ရင် သူ့မှာ ရှစ်ဘီလီယံကျော်ရှိတယ်။

"ခြောက်ဘီလီယံကျော်ကျန်သေးတယ်၊ ငါတို့တွေ သုံးစွဲဖို့ နည်းလမ်းတစ်ခုကို ရှာရမယ် ဒါမှမဟုတ် ယုံယန်ကျောက်တုံးနဲ့ အစားထိုးရမယ်"

အညံ့စားယုံယန်ကျောက်တုံးနဲ့ယှဉ်ရင် ယုံယန်ကျောက်တုံးက တကယ်တန်ဖိုးရှိတယ်။

နှစ်ခုလုံးက ငွေကြေးစနစ်ဖြစ်ပေမယ့် နောက်တစ်ခုက အဆင့်မြင့်ငွေကြေးစနစ်ဖြစ်ပြီး အဆင့်နိမ့်ဈေးကွက်မှာ ထွက်ပေါ်တာ ရှားတယ်။

လီဖူချန်းမှာ အညံ့စားယုံယန်ကျောက်တုံးခြောက်ဘီလီယံကျော်ရှိတယ်၊ ဒါပေမယ့် ယုံယန်‌ကျောက်တုံးက တစ်သောင်းအောက်ပဲ ရှိတယ်။

All Chapters