ကြယ်လေးလုံးအဆောင်
Vol. 85 Ch. 1193
ယုံယန်မြို့ထဲမှာ စိတ်ဝိညာဥ်နတ်ဘုရားအသုံးအ ဆောင်ပစ္စည်းတွေ၊ ကြယ်သုံးလုံးနတ်ဘုရားဆေးတွေနဲ့ ကြယ်သုံးလုံးရုပ်သေးတွေ အများကြီးရှိတယ်။
ဒါပေမယ့် သူတို့အများစုကို ဝယ်ယူဖို့ ယုံယန်ကျောက်တုံးကို လိုအပ်တယ်။
"ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးရုပ်သေး-မီးနတ်ဆိုးရုပ်သေး"
ရုပ်သေးဆိုင်တစ်ခုရဲ့တတိယအထပ်မှာ လီဖူချန်းရဲ့အာရုံက သတ္တုရောင်ထွက်နေတဲ့ငွေရောင်ရုပ်သေးတစ်ခုအပေါ်သို့ ကျရောက်လာခဲ့တယ်။
ဒါက ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးရုပ်သေးတစ်ခုဖြစ်ပြီး အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်ဖို့ လုံလုံလောက်လောက်အားကောင်းတယ်။
တန်ဖိုးက အနည်းငယ်မြင့်တယ်၊ ယုံယန်ကျောက်တုံးတစ်သိန်းကို ရောက်ရှိနေတယ်။
"ဧည့်သည်လေး၊ မင်း ဒီမီးနတ်ဆိုးရုပ်သေးကို ဝယ်ချင်လို့လား" လူကြီးတစ်ယောက်က ရောက်လာကာ မေးလိုက်တယ်။
လီဖူချန်းက ခေါင်းကို ခါယမ်းလိုက်တယ်"ငါ တစ်ချက်ကြည့်ရုံပဲ"
ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးရုပ်သေးတွေက သူ့အတွက် တကယ်အသုံးဝင်တယ်၊ ဒါပေမယ့် လက်ရှိမှာ မိုမိုက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ မယှဉ်နိုင်ပေမယ့် မိုမိုက ကြယ်သုံးလုံးအလယ်ဆင့်ရောက်လာတဲ့အခါ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုက မိုမိုရဲ့ပြိုင်ဘက်ဖြစ်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် မီးနတ်ဆိုးရုပ်သေးက ဝယ်ဖို့ မထိုက်တန်ပါဘူး။
ကြယ်လေးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးရုပ်သေးတစ်ခုဆိုရင်တော့ သူက စဉ်းစားမှာပါ။
တကယ်တော့ ကြယ်လေးလုံးက မိုမိုရဲ့ကလေးအခြေအနေနဲ့ ညီမျှတယ်၊ ပြီးတော့ အဲဒါကို အချိန်တိုအတွင်း မအောင်မြင်နိုင်ဘူးလေ။
ရုပ်သေးဆိုင်မှ ထွက်လာပြီးနောက် လီဖူချန်းက နတ်ဘုရားအဆောင်ဆိုင်သို့ ရောက်ရှိလာခဲ့တယ်။
ဒါက လီဖူချန်း နတ်ဘုရားအဆောင်ဆိုင်ကို မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။
"ကြယ်လေးလုံးအဆောင်တွေရောင်းဖို့များရှိသလားမသိဘူး"
လီဖူချန်းရဲ့နေရာလပ်လက်စွပ်ထဲမှာ နတ်ဘုရားအဆောင်အချို့ရှိတယ်၊ သူတို့အားလုံးကို လင်းယွင်ခယ်လိုဏ်ဂူရဲ့ရင်းမြစ်ခန်းမမှ ရရှိလာတာပဲ။
ဒါပေမယ့် အားလုံးက ကြယ်တစ်လုံးနဲ့ကြယ်သုံးလုံးအဆောင်တွေပါပဲ။
အဆောင်ဆိုင်ကို ဝင်ရောက်ပြီးနောက် ဆိုင်အကူတစ်ယောက်က သူ့ကို ချက်ချင်း နှုတ်ဆက်လာတယ်။
"ဘယ်ကြယ်အဆောင်ကို ဧည့်သည်က လိုအပ်လဲ" ဆိုင်အကူက မေးလိုက်တယ်။
လီဖူချန်းက မေးလိုက်တယ်"ငါ့ကို တတိယအထပ်ကို ခေါ်သွားပေး"
သူ့မှာ ကြယ်သုံးလုံးအဆောင်တွေအများကြီးမရှိပါဘူး၊ ဒါကြောင့် သူက ထပ်သိချင်ပါတယ်။
"ကောင်းပြီလေ၊ ဒီလမ်းအတိုင်းလာပါ" ဆိုင်အကူက လမ်းကို ဦးဆောင်ကာ တတိယအထပ်ကို ခေါ်ဆောင်သွားပေးခဲ့တယ်။
တတိယအထပ်မှာ လူအများကြီးရှိတယ်။ ဒါကို စဉ်းစားကြည့်လိုက်တော့ ကြယ်တစ်လုံးကြယ်နှစ်လုံးအဆောင်မှာ ကန့်သတ်ထားတဲ့သက်ရောက်မှုတစ်ခုရှိပြီး ကြယ်သုံးလုံးအဆောင်က စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ ညီမျှပြီး ၎င်းရဲ့သက်ရောက်မှုက အများကြီးပိုကြီးတယ်။
"မီးလျှံနဂါးမီးအဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်၊ အဆင့်နိမ့်ယုံယန်ကျောက်တုံးငါးသန်း"
"မီးဘောလုံးအဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်၊ အညံ့စားယုံယန်ကျောက်တုံးခုနှစ်သန်း"
"မဟာမီးလျှံလောင်ကျွမ်းခြင်းအဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်၊ အညံ့စားယုံယန်ကျောက်တုံး၆.၅သန်း"
"ရွှေရောင်သုံးချောင်းထောက်မိုးကြိုးနတ်ဘုရားအဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်၊ အညံ့စားယုံယန်ကျောက်တုံးခြောက်သန်း"
"ကောင်းကင်ပြောင်းလဲမိုးကြိုးအဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်၊ အညံ့စားယုံယန်ကျောက်တုံး၇.၅သန်း"
"ယန်ယီဟော်လယ်အဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးနတ်ဘုရားအဆောင်၊ အညံ့စားယုံယန်ကျောက်တုံးငါးသန်း"
"ဗာဂျာရာခန္ဓာကိုယ်အဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်ခံစစ်အဆောင်၊ အညံ့စားယုံယန်ကျောက်တုံးရှစ်သန်း"
"မျိုးစုံနတ်ဘုရားအဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်မြန်နှုန်းအဆောင်၊ အညံ့စားယုံယန်ကျောက်တုံးကိုးသန်း"
"အတိတ်ဘဝပုံရိပ်ယောင်အဆောင်၊ ကြယ်သုံးလုံးအဆင့်မြင့်ပုံရိပ်ယောင်အဆောင်၊ အညံ့စားယုံယန်ကျောက်တုံးဆယ်သန်း"
……
ကြယ်သုံးလုံးအဆောင်တွေကို ယုံယန်ကျောက်တုံးတွေနဲ့ ဝယ်စရာမလိုပါဘူး၊ အညံ့စားယုံယန်ကျောက်တုံးကိုပဲ လိုအပ်တယ်။
.......
"ဒါတွေက ငါ့အတွက် သိပ်ဈေးမကြီးဘူးပဲ"
လီဖူချန်းက တွေးလိုက်တယ်။
ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်၊ တစ်ကြိမ်အသက်သွင်းလိုက်တာနဲ့ စွမ်းအားက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့အပြည့်အဝတိုက်ခိုက်မှုနဲ့ ညီမျှတယ်၊ ဒါက တစ်ကြိမ်ပဲဆိုပေမယ့်လဲ တန်ဖိုးရှိပါတယ်လေ။
ဒါကို စဉ်းစားကြည့်ရအောင်၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတိုက်ခိုက်နေတယ်ဆိုပါစို့၊ သူတို့ထဲကတစ်ယောက်က ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်တစ်ခုကို ရုတ်တရက် ထုတ်သုံးလိုက်တယ်။ ရန်သူက အငိုက်မိသွားပြီး သူတို့အများစုက ကျဆုံးသွားပေလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းလဲ သိတယ်။
အဲဒါက ဘယ်လောက်ပဲအားကောင်းနေပါစေ၊ ရန်သူကို အရင်ထိရမှာပါ။
ကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်နဲ့ ရင်ဆိုင်ရတဲ့အခါ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားက ရှောင်တိမ်းနိုင်ပါသေးတယ်။
ဒါပေမယ့် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ ရှောင်တိမ်းဖို့ ခက်ခဲတယ်။
သို့မဟုတ်ရင် ဒီကြယ်သုံးလုံးအဆင့်မြင့်တိုက်ခိုက်ရေးအဆောင်ရဲ့တန်ဖိုးက အညံ့စားယုံယန်ကျောက်တုံးသန်းအနည်းငယ်မကဘဲ ဆယ်သန်းလောက် ဖြစ်နေမှာပါ။
နှိုင်းယှဉ်ရရင် ခံစစ်အဆောင်၊ မြန်နှုန်းအဆောင်နဲ့ ပုံရိပ်ယောင်အဆောင်တို့က ပိုဈေးမြင့်တယ်၊ အထူးသဖြင့် ပုံရိပ်ယောင်အဆောင်ပဲ၊ ဒါပေမယ့် အရေအတွက်ကလဲ ပိုရှားတယ်။
ပိုရှားတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တွေ၊ အဗာတာတွေကတော့ ဒီနေရာမှု တစ်ခုမှ မရှိပါဘူး။
အဆောင်ဆိုင်မှာလဲ စတုတ္ထအထပ်ရှိတယ်။
"နေကွဲပွားအဆောင်၊ ကြယ်လေးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးအဆောင်၊ ယုံယန်ကျောက်တုံးငါးသောင်း"
"အမှောင်ဝါးမျိုခြင်းအဆောင်၊ ကြယ်လေးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးအဆောင်၊ ယုံယန်ကျောက်တုံးငါးသောင်းငါးထောင်"
"ရေနဂါးလက်ရွေးစင်အဆောင်၊ ကြယ်လေးလုံးအဆင့်နိမ့်ခံစစ်အဆောင်၊ ယုံယန်ကျောက်တုံးခုနှစ်သောင်း"
"မိုးကြိုးငါးခုဝိညာဉ်ဖျက်အဆောင်၊ ကြယ်လေးလုံးအလယ်ဆင့်တိုက်ခိုက်ရေးအဆောင်၊ ယုံယန်ကျောက်တုံးလေးသိန်း"
ကြယ်လေးလုံးအဆောင်တွေ အများကြီးမရှိဘူး။ တိုက်ခိုက်ရေးအဆောင်နဲ့ခံစစ်အဆောင်အနည်းငယ်သာ ရှိပြီး အခြားအဆောင်တွေ မရှိပါဘူး။
ကြယ်လေးလုံးအဆောင်က ဂိတ်ဆုံးဖြစ်ပြီး ကြယ်လေးလုံးအဆင့်မြင့်အဆောင်မရှိပါဘူး။
"ဒါတွေအားလုံးက ပစ္စည်းကောင်းတွေပဲ" ဒီလိုဆိုပေမယ့် လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
ဒီနတ်ဘုရားအဆောင်တွေနဲ့ဆိုရင် သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် သူက အသက်ရှင်ဖို့ အခွင့်အရေးမရှိပါဘူး။ အသက်ရှင်ဖို့အခွင့်အရေးက သုညနီးပါးဖြစ်ပေမယ့် အနည်းဆုံးတော့ သုညမဟုတ်ဘူးပေါ့။
"ဒီနေရာမှာ အညံ့စားယုံယန်ကျောက်တုံးနဲ့ယုံယန်ကျောက်တုံးက်ု ဘယ်လိုဖလှယ်ရလဲ" လီဖူချန်းက စတုတ္ထအထပ်ရှိဆိုင်အကူကို မေးလိုက်တယ်။
ဆိုင်အကူက ပြောလိုက်တယ်"တစ်ခုကို သုံး သောင်းသုံးထောင်ငါးရာ"
"သုံးသောင်းသုံးထောင်ငါးရာလား" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်၊ ဖလှယ်နှုန်းက အတော်လေးမြင့်တာပဲ။
အဆောင်ဆိုင်မှ ထွက်ခွာပြီးနောက် လီဖူချန်းက အဓိကရောင်းဝယ်ရေးဆိုင်တွေဆီ သွားခဲ့တယ်။
အဓိကရောင်းဝယ်ရေးဆိုင်တွေရဲ့ဖလှယ်နှုန်းက အဆောင်ဆိုင်ထက် ပိုနိမ့်တယ်၊ ယေဘုယျအားဖြင့် တစ်သောင်းနှစ်ထောင်ရှစ်ရာပတ်လည်ရှိတယ်။
တုံ့ဆိုင်းမနေဘဲ လီဖူချန်းက သူ့ခန္ဓာကိုယ်ပေါ်ရှိအညံ့စားယုံယန်ကျောက်တုံးအားလုံးကို ယုံယန်ကျောက်တုံးနဲ့ အစားထိုးလိုက်ပြီး စုစုပေါင်းယုံယန်ကျောက်တုံးငါးသိန်းနှစ်သောင်းကို ရရှိခဲ့တယ်။
ပြီးနောက် သူက အညံ့စားနတ်ဘုရားကျောက်တုံးတွေကို ယူထုတ်ပြီး သူတို့ကို ယုံယန်ကျောက်တုံးလေးသိန်းအတွက် ဖလှယ်လိုက်တယ်။
အညံ့စားနတ်ဘုရားကျောက်တုံးနဲ့ယုံယန်ကျောက်တုံးတွေရဲ့ဖလှယ်နှုန်းအချိုးက တစ်တုံးလျှင် ၁၂၅သန်းပါပဲ။
အဆောင်ဆိုင်သို့ ပြန်ရောက်လာပြီးနောက် လီဖူချန်းက ကြယ်လေးလုံးအလယ်ဆင့်အဆောင်တစ်ခုနဲ့ ကြယ်လေးလုံးအဆင့်နိမ့်အဆောင်ရှစ်ခုကို ဝယ်ယူခဲ့တယ်။
ကြယ်လေးလုံးအလယ်ဆင့်အဆောင်က မိုးကြိုးငါးခုဝိညာဉ်ဖျက်အဆောင်ဖြစ်ပြီး ကြယ်လေးလုံးအဆင့်နိမ့်အဆောင်ရှစ်ခုက ခံစစ်အဆောင်သုံးခုနဲ့ တိုက်ခိုက်ရေးအဆောင်ငါးခုဖြစ်တယ်။
"သံမဏိကောင်းကို ဓားသွားအပေါ်မှာ အသုံးပြုသင့်သလို၊ ယုံယန်ကျောက်တုံးနဲ့နတ်ဘုရားကျောက်တုံးတွေက ငါ့ခွန်အားကို မတိုးစေနိုင်ပေမယ့် အဆောင်က လုပ်နိုင်တယ်လေ"
လီဖူချန်းက ရှင်းလင်းစွာ တွေးတောခဲ့တာပါ။
"မင်းက ဝူကျားစိတ်ဝိညာဉ်နတ်ဘုရားကို သတ်ခဲ့တာလား"
လမ်းပေါ်မှာ ပုံရိပ်တစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာတယ်။
ဒါက ဆီးနှင်းခဲလို အေးစက်တဲ့အရှိန်အဝါနဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပဲ။
ဝူရွှမ်းထျန်း၊ ဝူလီထျန်းရဲ့အဖေ၊ ဝူမိသားစုရဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်။
မျက်ခုံးရှည်လူအပါအဝင် စိတ်ဝိညာဉ်နတ်ဘုရားလေးယောက်က မြို့ကို အချိန်အတော်ကြာတဲ့အထိ ပြန်မရောက်လာခဲ့ဘူး၊ ဒါက ဝူယုထျန်းကို ဆိုးဝါးတဲ့အသိတစ်ခုရှိစေခဲ့တယ်။ အကြောင်းရလဒ်တစ်ခုမှ မရရှိပြီးနောက် ဝူယုထျန်းက ကိစ္စကို သူ့ရဲ့အထက်လူကို သတင်းပေးခဲ့တယ်။
အသေးစိတ်စူးစမ်းပြီးနောက် ဝူမိသားစုရဲ့စီနီယာတွေက နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တယ်၊ မျက်ခုံးရှည်လူအပါအဝင်လူလေးယောက်က သေဆုံးသွားပြီလို့ပေါ့။
သူတို့အားလုံးက ဒေါသထွက်သွားကြတယ်။ ဒီတစ်ခါမှာတော့ ဝူမိသားစုက စိတ်ဝိညာဉ်နတ်ဘုရားမဟုတ်ဘဲဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို ပို့လွှတ်ခဲ့တယ်။
ဒီဆန်းကြယ်နတ်ဘုရားက ဝူရွှမ်းထျန်းပါပဲ။
"ဟုတ်တော့ ဘာဖြစ်လဲ၊ မဟုတ်တော့ ဘာဖြစ်လဲ"
လီဖူချန်းက မငြင်းပါဘူး။ ငြင်းတာက ဒီအချိန်မှာ အဓိပ္ပါယ်မရှ်ပါဘူး။ ဒါပေမယ့် သူက ဝန်လဲ မခံပါဘူး။ ဝန်ခံလိုက်ရင် သူ့မှာ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတွေကို သတ်ဖို့ နည်းလမ်းရှိတာကို ပြောပြလိုက်တာပါပဲ။
"မင်းက ငါ့ကို အခုလိုပြောရဲတာပေါ့လေ"
ဝူရွှမ်းထျန်းရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး ကြောက်စရာကောင်းတဲ့အရှိန်အဝါတစ်ခုက လီဖူချန်းကို လွှမ်းခြုံလာတယ်။
ဒါက ဆန်းကြယ်နတ်ဘုရားရဲ့ခန့်ညားတဲ့အရှိန်အဝါပါပဲ။ ဝူရွှမ်းထျန်းက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုရင်တောင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က ခုခံနိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူး၊ သာမန်အဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကတောင် မခုခံနိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။
လီဖူချန်းရဲ့အဝတ်ထဲရှိ မိုမိုက ထွက်လာတော့မှာပါ။
လီဖူချန်းက သူ့ကို တားခဲ့ပါတယ်။
မိုမိုရဲ့အဆင့်အတန်းကို ထုတ်ပြလို့မရဘူး၊ သို့မဟုတ်ရင် အဆုံးမရှိတဲ့အန္တရာယ်တွေ ဖြစ်လာပါလိမ့်မယ်။
လီဖူချန်းနေရာမှာ အခြားအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေဆိုရင် လက်ရှိအချိန်မှာ စိတ်ဝိညာဉ်က အပြင်းအထန်ထိခိုက်သွားနေလောက်ပြီ၊ ဒါပေမယ့် လီဖူချန်းရဲ့စိတ်ဝိညာဉ်အဆင့်က ဝူရွှမ်းထျန်းထက် မနိမ့်ပါဘူး၊ ဒါကြောင့် ရုပ်ပိုင်ဆိုင်ရာဖိနှိပ်ခံထားရတာကလွဲလို့ သူ့ရဲ့စိတ်ဝိညာဉ်ပေါ်မှာ ဘာဖိအားကိုမှ မခံစားခဲ့ရပါဘူး။
ကြွက်သားတွေက တစ်စစ ကွဲထွက်သွားတယ်၊ ပြီးတော့ သွေးက ချက်ချင်းခြောက်သွေ့သွားပြီး အဝတ်အစားက ရဲရဲနီနေတယ်။ လီဖူချန်းရဲ့မျက်လုံးတွေက တင်းကြပ်ပြီး ထက်ရှကာ အလျော့ပေးခြင်းမရှိပါဘူး။
လီဖူချန်းရဲ့မျက်လုံးတွေကို မြင်ပြီး ဝူရွှမ်းထျန်းက ဒေါသထွက်သွားကာ သူ့မျက်လုံးတွေထဲရှိသတ်ဖြတ်ခြင်းဆန္ဒက ပိုရဲရဲတောက်လာတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က ဒီလောက်တောင် မောက်မာရဲတာပေါ့လေ။
ဒါပေမယ့် ထိုအချိန်မှာ မြင့်မြတ်ထူးကဲတဲ့နတ်ဘုရားဝင်္ကပါတစ်ခုက ဆင်းသက်လာပြီး ဝူရွှမ်းထျန်းကို မြေပြင်ပေါ်သို့ တွန်းချကာ သွေးတစ်ပွက်အန်ထွက်သွားစေခဲ့တယ်။
မနီးမဝေးရှိခေါင်မိုးတစ်ခုပေါ်မှာ ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ထွက်ပေါ်လာတယ်။
"ပထမဆုံးအကြိမ်က သတိပေးတာပဲ၊ နောက်တစ်ကြိမ်ဆိုရင် အကျိုးဆက်က မလွယ်ဘူးမှတ်" ပြောပြီးနောက် ဆန်းကြယ်နတ်ဘုရားက ပြန်လှည့်ကာ ထွက်ခွာသွားခဲ့တယ်။
"အရူးပဲ"
တစ်ခွန်းပြောပြီးနောက် လီဖူချန်းလဲ လှည့်ကာ ထွက်ခွာလာတယ်။
"သေချင်နေတာပဲ"
ဝူရွှမ်းထျန်းရဲ့မျက်နှာက မည်းမှောင်သွားတယ်။
ဒါပေမယ့် သူက နောက်ထပ် မလုပ်ရဲခဲ့ပါဘူး။
နတ်ဘုရားမြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတာလေ။
"မင်းက ခရမ်းငွေကြယ်ကို သွားမှာ ငါ သိတယ်၊ ခရမ်းငွေကြယ်အထိ စောင့်နေပါ၊ ငါ မင်းကို ဘယ်လိုလုပ်မလဲဆိုတာ ပြမယ်" ဝူရွှမ်းထျန်းက လက်သီးဆုပ်ကာ သတ်ဖြတ်ချင်စိတ်ကို ချုပ်တည်းထားလိုက်တော့တယ်။
……
"ကြယ်လေးလုံးအလယ်ဆင့်အဆောင်တစ်ခုနဲ့ မလုံလောက်ဘူး၊ ငါ နောက်တစ်ခုကို ဝယ်ရမယ့်ပုံပဲ"
တစ်ဖက်လူက သူ့နောက်ကို ခရမ်းငွေကြယ်အထိ လိုက်လာမယ်ဆိုတာ သူက ခန့်မှန်းစရာမလိုပါဘူး။
ခရမ်းငွေကြယ်မြို့ထဲမှာတော့ တစ်ဖက်လူက ဘာမှ မလုပ်ရဲပေမယ့် သူက ခရမ်းငွေကြယ်မှာ အမြဲတမ်းမနေနိုင်ပါဘူး၊ သူက မြို့ကနေ ထွက်ခွာရမှာပါပဲ။
"ဒီတစ်ခါတော့ တကယ်ထိုက်တန်ပါတယ်"
အညံ့စားနတ်ဘုရားကျောက်တုံးငါးထရီလီယံကို ယူထုတ်ကာ လီဖူချန်းက ယုံယန်ကျောက်တုံးလေးသိန်းနဲ့ ဖလှယ်ကာ ကြယ်လေးလုံးအလယ်ဆင့်နတ်ဘုရားအဆောင်ကို ဝယ်ယူခဲ့တယ်။
ဒါက တိုက်ခိုက်ရေးအဆောင်ဖြစ်ကာ ရွှေရောင်ဓားမော့လှည့်သွေးအဆောင်လို့ခေါ်တယ်၊ ယုံယန်ကျောက်တုံးလေးသိန်းနှစ်သောင်းထိုက်တန်တယ်။
ထိုအချိန်မှာ မိုမိုရဲ့အသံက လီဖူချန်းရဲ့စိတ်ဝိညာဉ်ထဲမှာ ထွက်ပေါ်လာတယ်"ငါ ကလေးအခြေအနေကို ရောက်ရင် ဒီလိုအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားမျိုး တစ်ယောက်လာရင် တစ်ယောက်သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်သတ်ပစ်လိုက်လို့ရတယ်"
အခု သူက အလွန်အားနည်းနေသေးတယ်၊ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေကိုတောင် မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။
"မင်း ကလေးအခြေအနေကို ရောက်မှ ဒါကို ပြောကြတာပေါ့" လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်။
တည်းခိုခန်းထဲမှာ စစ်ခုန်းကျိုက်ရှင်းက ကြယ်ကျောက်တုံးကို နားလည်နေတယ်။
စစ်ခုန်းကျိုက်ရှင်းရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုက မနိမ့်ပါဘူး။ ကြယ်ငါးလုံးပါရမီနဲ့ဆိုရင် သူ့မှာ ပိုင်နက်နတ်ဘုရားအဆင့်ကို အများကြီးအားထုတ်စရာမလိုဘဲ ရောက်ရှိဖို့ ဖြစ်နိုင်ချေမြင့်မားတယ်။
ပြိီးတော့ ယုံယန်တိုက်ကြီးထဲရှိနာကျင်ဖွယ်အတွေ့အကြုံတွေက သူ့ကို သွေးထားခဲ့မှာပဲ၊ သူ့ကို ကြီးမားစွာ မြင့်တက်စေပေလိမ့်မယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရောက်တဲ့အခါကျရင် စစ်ခုန်းကျိုက်ရှင်းက ပင်လယ်ထဲသို့ ပြန်လာတဲ့ နဂါးတစ်ကောင်ပမာ သူ့အနာဂတ်က အကန့်မရှိဖြစ်ပေလိမ့်မယ်။
သုံးရက်က လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားတယ်၊ လီဖူချန်းနဲ့စစ်ခုန်းကျိုက်ရှင်းက တည်နေရာရွှေ့ပြောင်းရေးဝင်္ကပါဆီ လျှောက်လှမ်းလာခဲ့တယ်။
လမ်းမှာ လီဖူချန်းက စစ်ရွှမ်းထျန်းကို မြင်ခဲ့တယ်။
စစ်ရွှမ်းထျန်းလဲ သူ့ကို မြင်ပါတယ်။
နှစ်ဖက်စလုံးက သရော်ပြုံးပြုံးလိုက်ကြတယ်၊ ဘာမှတော့ မပြောကြပါဘူး။
တည်နေရာရွှေ့ပြောင်းရေးအစီအရင်ထဲမှာ လူတွေရဲ့အရေအတွက်က မပြည့်ပါဘူး၊ ခြောက်ဆယ့်ငါးယောက်ပဲ ရှိတယ်။
နာရီဝက်ခန့်စောင့်ပြီးနောက် တစ်ယောက်မှ ရောက်မလာတာကို မြင်ပြီး တည်နေရာရွှေ့ပြောင်းရေးအစီအရင်က လှုပ်ရှားလာတော့တယ်၊ အဖြူရောင်အလင်းတစ်ခုက လူတိုင်းကို ရစ်ပတ်ကာ ကောင်းကင်သို့ ထိုးတက်သွားတော့တယ်။