← Chapters

လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်း

Vol. 85 Ch. 1194

လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်း

Vol. 85 Ch. 1194

ခရမ်းငွေကြယ်၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာအနီးရှိနတ်ဘုရားကြယ်တစ်ထောင်ထဲကတစ်ခု။

ခရမ်းငွေကြယ်က မကြီးပါဘူး၊ နတ်ဘုရားကြယ်တစ်ခုလုံးမှာ နတ်ဘုရားမြို့တစ်မြို့ပဲ ရှိတယ်၊ ဒါပေမယ့် အဲဒါက အလွန်စည်ကားတယ်။

ခရမ်း‌ငွေကြယ်မြို့အလယ်ရှိတည်နေရာရွှေ့ပြောင်းရေးကွက်လပ်ပေါ်မှာ တည်နေရာရွှေ့ပြောင်းရေးအလင်းတန်းတွေက အချိန်တိုင်းမှာ ဆင်းသက်နေကြတယ်။

တည်နေရာရွှေ့ပြောင်းရေးအလင်းတန်းတစ်ခုဆင်းသက်လာပြီး လီဖူချန်းနဲ့အခြားသူတွေရဲ့ပုံရိပ်က ထွက်ပေါ်လာတယ်။

"ဒါ ခရမ်းငွေကြယ်လား"

"မင်း ဒီနေရာကို ရောက်တဲ့အခါ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာနဲ့ သိပ်မဝေးတော့ဘူး"

"ကံဆိုးစွာနဲ့ ပြဿနာကြီးတစ်ခုက ကပ်ပါလာတာပဲ"

လီဖူချန်းက ဝူရွှမ်းထျန်းကို တစ်ချက်ကြည့်လိုက်တယ်၊ ရန်သူကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားနေလေတယ်။

"အနက်ရောင်ဓားပိုင်နက်အရှင်ကို လှုပ်ရှားခိုင်းရမလား"

သူမှာ ကြယ်လေးလုံးအလယ်ဆင့်အဆောင်နှစ်ခုနဲ့ ကြယ်လေးလုံးအဆင့်နိမ့်အဆောင်ရှစ်ခုရှိပေမယ့် အရိုးသားဆုံးပြောရရင် ဒါတွေ မှီခိုရုံနဲ့ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို သတ်ဖြတ်ဖို့က အနည်းငယ်မယုံနိုင်စရာကောင်းတယ်လေ၊ မင်း တစ်ခါလွှဲချော်တာနဲ့ ဒုတိယမြောက်အခွင့်အရေးရရှိဖို့က ခက်ခဲတယ်။

ဒါပေမယ့် အနက်ရောင်ဓားပိုင်နက်အရှင်ကို ဖိတ်ခေါ်တာကလဲ အနည်းငယ်မယုံနိုင်စရာကောင်းပါတယ်လေ။

ပထမ၊ အနက်ရောက်ဓားပိုင်နက်အရှင်က ကျင့်ကြံအားထုတ်နေပြီ၊ ဘယ်အချိန်မှ သူ ထွက်လာမလဲကို မသိဘူး။

ဒုတိယ၊ ဒါက ခရမ်းငွေကြယ်ဖြစ်တယ်၊ ယုံယန်တိုက်ကြီးနဲ့ ကနေဆိုရင် အရမ်းဝေးတယ်။ အနက်ရောင်ဓားတိုကင်က ကြေကွဲပြီး တစ်ဖက်လူက အာရုံခံနိုင်မလားကို မသိပါဘူး။

တတိယနဲ့အရေးကြီးဆုံးကတော့ သေရေးရှင်ရေးမဟုတ်ရင် လီဖူချန်းက ပြဿနာတွေကို အခြားသူတွေရဲ့လက်နဲ့ မဖြေရှင်းချင်ပါဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်ခွန်အားအပေါ်မှာပဲ မှီခိုချင်တယ်။

"ကောင်လေး၊ သေဖို့စောင့်နေစမ်း၊ ငါ မင်းကို စောင့်ကြည့်နေမယ်" လီဖူချန်းကို ဘယ်လိုရင်ဆိုင်ရမလဲတိုဝာ ဝူရွှမ်းထျန်းကလဲ စဉ်းစားနေတာပါပဲ။

ခရမ်းငွေကြယ်မြို့ထဲမှာ သူက ဘာမှ မလုပ်ရဲပါဘူး။ ဒီနေရာမှာပြုမှုတာက ယုံယန်မြို့မှာထက် အကျိုးဆက်က ပိုဆိုးပါတယ်။

ဒါပေမယ့် သူ မလုပ်နိုင်ဘူးဆိုပေမယ့် အခြားသူတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။

ယုံယန်မြို့ထဲမှာ သတ်ဖြတ်သူအစည်းအရုံးတစ်ခုရှိတယ်။ မင်းက အခကြေးငွေတတ်နိုင်သရွေ့ ဒီသတ်ဖြတ်သူအစည်းအရုံးက မင်းကို ကူညီပေးနိုင်တယ်။

........

"အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာဘီလီယံလား"

လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်းရဲ့လျှို့ဝှက်ခံတပ်တစ်ခုမှာ ဝူရွှမ်းထျန်းရဲ့မျက်နှာက မည်းမှောင်သွားတယ်။ သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို သတ်ဖြတ်ခိုင်းရုံမျှပါပဲ၊ ဒါကို တစ်ဖက်က အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာဘီလီယံထိ တောင်းတာပေါ့ဆလ။ ဒီတန်ဖိုးက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားမဆိုနဲ့၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ကိုတောင် ဒေဝါလီခံသွားရစေနိုင်တယ်။

"မင်းလို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကိုတောင် အကူအညီမဲ့အောင် ပြုလုပ်နိုင်တဲ့သူလေ။ ဒီလူက သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်မဟုတ်ဘူးလို့ ငါတို့လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်းက ယုံကြည်တယ်။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာဘီလီယံက လက်ခံနိုင်လောက်ပါတယ်" တာဝန်ရှိသူက ပြောလိုက်တယ်။

"ကောင်းပြီလေ၊ ဒါပေမယ့် သူ့ရဲ့နေရာလပ်လက်စွပ်ကို ငါ့ကို ပေးရမယ်"

ဝူမိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားလေးယောက်သေဆုံးသွားတာကို စဉ်းစားရင်း လီဖူချန်းက သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်မဟုတ်ဘဲ သူ့နောက်မှာ လျှို့ဝှက်ချက်အချို့ရှိရမယ်လို့ ဝူရွှမ်းထျန်းကလဲ ခံစားမိတယ်။

"အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံ" တာဝတ်ရှိသူက ပြောလိုက်တယ်။

အသက်ကို တစ်ချက်ရှုသွင်းပြီးနောက် ဝူရွှမ်းထျန်းက ပြောလိုက်တယ်"တစ်ထရီလီယံဆိုလဲ တစ်ထရီလီယံပေါ့၊ ဒီမှာ ငါးရာဘီလီယံ၊ ကိစ္စပြီးရင် ‌နောက်ထပ်ငါးရာဘီလီယံကို ပေးမယ်"

တာဝန်ရှိသူက ခေါင်းခါယမ်းလိုက်တယ်"လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်းရဲ့စည်းမျဉ်းက အခကြေးငွေကို တစ်ခါတည်းယူရမယ်။ ပြီးတော့ မစ်ရှင်အောင်မြင်မအောင်မြင်ပြန်ပေးမှာမဟုတ်ဘူး၊ ကျဆုံးရင်တော့ နောက်တစ်ကြိမ်ကျရင် တစ်ဝက်နှုန်းနဲ့ ရမယ်"

အဆုံးမှာတော့ ဝူရွှမ်းထျန်းက တစ်ဖက်ကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံကို ပေးခဲ့တယ်။

……

"မနက်ဖြန်မနက်ကျရင် ရွှေကျီးကန်းကုန်သွယ်ရေးခန်းမမှ ကုန်သင်္ဘောက ခရမ်းတိမ်နတ်ဘုရားကမ္ဘာကို သွားလိမ့်မယ်။ လက်ရှိမှာ ပထမတန်းစားအခန်းသုံးဆယ့်ငါးခန်းရှိတယ်၊ တစ်ခန်းစီက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံကျသင့်တယ်။ အလယ်ဆင့်အခန်းတွေက တစ်ရာသုံးဆယ့်နှစ်ခန်းရှိတယ်၊ အခန်းတစ်ခန်းစီရဲ့တန်ဖိုးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ဘီလီယံ။ အဆင့်နိမ့်အခန်းတွေက ခုနှစ်ရာခြောက်ခန်းရှိတယ်၊ တစ်ခန်းစီရဲ့တန်ဖိုးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးဘီလီယံ"

လမ်းပေါ်မှာ လူအချို့က ရွှေကျီးကန်ကုန်သွယ်ရေးခန်းမရဲ့ကုန်သ‌င်္ဘောက ထွက်ခွာတော့မယ်ဆိုတာကို ကြေညာနေကြတယ်။

"လီဖူချန်း၊ ကုန်သွယ်ရေးခန်းမတစ်ခုရဲ့ကုန်သ‌င်္ဘောတဲ့"

စစ်ခုန်းကျိုက်ရှင်းက လီဖူချန်းကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"သွားမေးကြတာပေါ့"

မေးမြန်းမှုအချို့ပြုပြီးနောက် လီဖူချန်းက သိခဲ့ရတယ်၊ ရွှေကျီးကန်းကုန်သွယ်ရေးခန်းမက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမလို အဆင့်၁ကုန်သွယ်ရေးခန်းမတစ်ခုဖြစ်တယ်၊ ဒါပေမယ့် ၎င်းရဲ့အလုံးစုံခွန်အားက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမထက် ပိုသာတယ်။ ကုန်သွယ်ရေးခန်းမထဲမှာ ဆန်းကြယ်နတ်ဘုရားဒါဇင်ကျော်ရှိတယ်။ ခေါင်းဆောင်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဖြစ်ပြီး ကျင့်ထောင်ရွှယ်ရှန်းလို့ခေါ်တယ်။

"အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနဲ့ဆိုရင် ဝူရွှမ်းထျန်းက မလုပ်ရဲမှာ သေချာတယ်" စစ်ခုန်းကျိုက်ရှင်းက စိတ်သက်သာရာရသွားတော့တယ်။

ဆန်းကြယ်နတ်ဘုရားတစ်ယောက်က အခြားဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို အလွယ်တကူ ပြဿနာမရှာကြပါဘူး။

ဒါ့ပြင် ဝူရွှမ်းထျန်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်တယ်၊ မင်းက သူ့ကို သတ္တိပေးရင်တောင် သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို ရန်စရဲမှာတဲ့လား။

"ဒါက တကယ်ကို သတင်းကောင်းပဲ" လီဖူချန်းက ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချကာ အလယ်ဆင့်လက်မှတ်နှစ်ခုကို ဝယ်ယူခဲ့တယ်။

မူလက လီဖူချန်းက ပထမတန်းစားလက်မှတ်ကို ဝယ်ယူချင်ခဲ့ပေမယ့် ပထမတန်းစားလက်မှတ်က ကျပ်လွန်းတယ်။ သူက တစ်ခုတောင် မရခဲ့လိုက်ဘူး။

ဒါပေမယ့် အလယ်ဆင့်လက်မှတ်လဲ ကောင်းပါတယ်။

"ကံမဆိုးဘူးဟ၊ ငါက အလယ်ဆင့်လက်မှတ်တစ်ခုကို ဝယ်နိုင်ခဲ့တာပဲ" သူ့ဘေးနားမှာ သေခါနီးပုံပေါက်နေတဲ့ဆံပင်အနည်းငယ်ပဲရှိတဲ့လူအိုကြီးတစ်ယောက်က အပြုံးနဲ့ ပြောလိုက်တယ်။

"အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားလား။ ကံမကောင်းစွာနဲ့ သေရမယ့်အချိန်က နီးကပ်လာနေပြီပဲ"

လီဖူချန်းက အဖိုးကြီးကို ကြည့်ကာ ‌သူ့ခေါင်းကို ခါယမ်းလိုက်တယ်။

လူအိုကြီးရဲ့အသက်အားက ပ‌ပျောက်လုမတတ်ဖြစ်နေပြီး သေခြင်းက ရစ်ဝဲနေတယ်။ ဒီလိုသေခြင်းမျိုးက ထိတွေ့စမ်းသပ်လို့ရတဲ့သေခြင်းအရှိန်အဝါတစ်ခုမဟုတ်ဘဲ မမြင်နိုင်တဲ့သေခြင်းဥပဒေသတစ်ခုဖြစ်တယ်။ သူ့ရဲ့အကန့်အသတ်ကို ရောက်ရှိသူတိုင်း နောက်ဆုံးမှာ သေခြင်းဥပဒေသအတွင်းမှာ ချေမှုန်းခံရလိမ့်မယ်။

ဒါပေမယ့် လူအိုကြီးက အလွန်အကောင်းမြင်တတ်တာကို မြင်နိုင်တယ်။ တစ်ဖက်လူက သူ့ရဲ့နောက်ဆုံးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပုံရတယ်။

"လူငယ်လေး၊ ငါ့ကို အခုလိုမျက်လုံးတွေနဲ့ မကြည့်နဲ့၊ တစ်နေ့ကျရင် မင်းလဲ ငါ့လို ဖြစ်လာမှာပဲ၊ သေခြင်းတရားက မင်းကို နည်းနည်းစီဝါးမျိုသွားမှာကို စောင့်ကြည့်နေရမှာပဲ။ ဒါကြောင့် မင်း မရုန်းကန်နိုင်ရင် ပျော်ရွှင်စွာနေထိုင်ရမှာပဲလေ" လူအိုကြီးက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။

လီဖူချန်းက ဘာမှ ထပ်မပြောခဲ့ပါဘူး။ သူက စစ်ခုန်းကျိုက်ရှင်းနဲ့အတူ ထွက်ခွာလာခဲ့တယ်။

"အခန်းက ငါးရာလေးဆယ့်ငါးလား။ တံခါးဘေးနားမှာပဲဟ"

လူအိုကြီးက ပြုံးကာ ရှေ့ခရီးကို စောင့်မျှော်နေတော့တယ်။

……

ခရမ်းငွေကြယ်မှာလဲ နေ့နဲ့ညရှိတယ်။

အခုက ညနက်ပိုင်းကို ရောက်နေပါပြီ။

အခန်းထဲမှာ လီဖူချန်းက တင်ပျဉ်ခွေထိုင်နေတယ်၊ သုံးရောင်ခြယ်ဓားတစ်လက်က သူ့ရှေ့ရှိဟင်းလင်းပြင်ထဲမှာ တွဲလောင်းဖြစ်နေတယ်။

ဒါက အဆင့်မြင့်ဓားတာအိုအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး လီဖူချန်းက အထဲရှိဓားအင်းကွက်ကို လေ့လာနေတယ်။

"အမ်၊ စိတ်ဝိညာဉ်စွမ်းအားအတက်အကျပါလား"

လီဖူချန်းက သူ့ခေါင်းကို ဘေးသို့ လှည့်ကာ ပြတင်းပေါက်ကို ကြည့်လိုက်တယ်။ လမ်းပေါ်မှာ စိတ်ဝိညာဉ်စွမ်းအားအတက်အကျရှိတယ်။

နောက်အခိုက်အတန့်မှာ ဆံပင်တစ်ပင်ပမာ သေးငယ်တဲ့မီးခိုးရောင်မြွေတစ်ကောင်က လီဖူချန်းအပေါ်  ခုန်ချလာတယ်။

ဒါက စိတ်ဝိညာဉ်စွမ်းအားမှဖွဲ့စည်းထားတဲ့မြွေကလေးတစ်ကောင်ဖြစ်တယ်။

"ဘယ်လိုတောင်အားကောင်းတဲ့စိတ်ဝိညာဉ်အတတ်တစ်ခုလဲ"

ဒီစိတ်ဝိညာဉ်မြွေလေးရဲ့ကြောက်စရာကောင်းပုံကို လီဖူချန်းက ဘယ်လိုလုပ်ပြီး မမြင်နိုင်မှာလဲ၊ သူ့နေရာမှာ အခြားအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဆိုရင်၊ ဒါမှမဟုတ် အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဆိုရင်တောင် စိတ်ဝိညာဉ်မြွေကလေးရဲ့အရှေ့မှာ အသက်ရှင်သန်ဖို့ အခွင့်အရေးလုံးဝမရှိပါဘူး။

လွှတ်လိုက်တဲ့သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ရုံသာမက သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းအခြေခံက အနည်းဆုံးအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ရမယ်။

ကံမကောင်းစွာနဲ့ လီဖူချန်းက သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်မဟုတ်ဘူး၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်နိုင်တယ်။

ဝှစ်.....

ပြင်းထန်တဲ့နေတစ်စင်းလိုပဲ စိတ်ဝိညာဉ်မြွေကလေးက လီဖူချန်းရဲ့စိတ်ဝိညာဉ်ရဲ့ပင်လယ်ထဲသို့ ဝင်ချင်း ကြောက်စရာကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားကြောင့် ပြာအဖြစ်‌ လောင်ကျွမ်းသွားတော့တယ်။

"ဘာ"

လမ်းပေါ်မှာ မြွေက မယုံကြည်နိုင်တဲ့အကြည့်တစ်ခုနဲ့အတူ ခေါင်းကို မော့လိုက်တယ်။

သူက တကယ် လွဲချော်ခဲ့တာပဲ။

တစ်ဖက်လူကလဲ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်မလား၊ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိနေတဲ့ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်များလား။

သို့မဟုတ်ရင် သူက အဆင့်နိမ့်စိတ်ဝိညာဉ်တာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့မြွေစိတ်ဝိညာဉ်စွမ်းအားကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။

မဟုတ်မှလွဲရော

ရန်သူမှာ စိတ်ဝိညာဉ်တာအ်ိုတိုက်ခိုက်မှု‌တွေကို ခုခံနိုင်တဲ့ စိတ်ဝိညာဉ်တာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်စိတ်ဝိညာဉ်တာအိုရတနာတစ်ခုများရှိနေမလား။

မြွေရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

စိတ်ဝိညာဉ်တာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ထွက်ပေါ်လာဖို့ ခက်ခဲတယ်၊ ထုလုပ်တာလဲ ခက်ခဲတယ်။ အသုံးအဆောင်ပစ္စည်းနတ်ဘုရားတစ်ယောက်ဖြစ်ဖို့လိုတဲ့အပြင် အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်လဲဖြစ်ရမယ်။ ဘယ်လောက်အကောင်းသလဲကို သူ မသိပေမယ့် သူ သိတာကတော့ သာမန်စိတ်ဝိညာဉ်တာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဆန်းကြယ်နတ်ဘုရားကို အကူအညီပေးပြီး ပိုကောင်းတဲ့စိတ်ဝိညာဉ်တာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဆန်းကြယ်နတ်ဘုရားကို ရူးသွပ်စေဖို့ လုံလောက်တယ်။

စိတ်ဝိညာဉ်တာအိုရတနာကတော့ ပိုတောင် မှင်တက်စရာကောင်းတယ်။

စိတ်ဝိညာဉ်တာအိုရတနာတစ်ခုက စိတ်ဝိညာဉ်ကို ပြန်မွေးဖွားစေဖို့ လုံလောက်တယ်။

အဖွဲ့အစည်းခေါင်းဆောင်ဖြစ်တဲ့ကောင်းကင်ဘုံသတ်ဖြတ်သူက လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်းကို ဦးဆောင်နိုင်ပြီး ထိပ်တန်းအဆင့်ဝိညာဉ်တာအိုကျင့်ကြံသူတစ်ယောက်အဖြစ် ရပ်တည်နိုင်တဲ့အကြောင်းရင်းကတော့ သူက သူ့ရဲ့အစောပိုင်းနှစ်တွေမှာ စိတ်ဝိညာဉ်တာအိုရတနာတစ်ခုကို ရရှိခဲ့လို့ပါပဲ။

"သွားစမ်း"

မြွေက စိတ်ဝိညာဉ်စွမ်းအားမြွေတွေကို ထုတ်လွှတ်ကာ လီဖူချန်းကို တိုက်ခိုက်စေခဲ့တယ်။

"ပျက်ဆီးစမ်း"

လီဖူချန်းက မီးစွမ်းအင်ဘောလုံးရဲ့စွမ်းအားကို စမ်းသပ်ချင်နေတာ ကြာပြီ။ စိတ်ဝိညာဉ်စွမ်းအားအတက်အကျထဲမှာ အနက်ရောင်မီးဘောလုံးတစ်ခုက သိပ်သည်းလာပြီး နတ်ဘုရားစိတ်ဝိညာဉ်နဲ့အတူ မရေမတွက်နိုင်တဲ့မြွေကလေးတွေထဲသို့ ဝင်ရောက်လာခဲ့တယ်။

ဝှစ် ဝှစ် ဝှစ်.....

စိတ်ဝိညာဉ်မြွေတွေက ပြာအဖြစ် လောင်ကျွမ်းသွားပြီး လီဖူချန်းထုတ်လွှတ်ခဲ့တဲ့အနက်ရောင်မီးဘောလုံးက လျင်မြန်စွာ မှေးမှိန်သွားတယ်။

"ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ခွန်အားနဲ့ဆိုရင် အဆင့်နိမ့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို အသုံးပြုခြင်းရဲ့စွမ်းအားက ရန်သူရဲ့အဆင့်နိမ့်စိတ်ဝိညာဉ်တာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို အသုံးပြုတာနဲ့ ညီမျှတယ်"

လီဖူချန်းက သူ့ရဲ့လက်ရှိစိတ်ဝိညာဉ်တာအိုခွန်အားအပေါ် အလွန်ကျေနပ်နေမိတယ်။

ယခု သူက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ပဲ ဖြစ်သေးတယ်။ သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်လာတဲ့အခါ စိတ်ဝိညာဉ်က ပိုသန်မာလာပြီး မီးစွမ်းအင်ဘောလုံးကလဲ အလိုက်သင့်သန်မာလာပါလိမ့်မယ်။

"သူ့မှာ စိတ်ဝိညာဥ်တာအိုအသုံးအဆောင်ပစ္စည်းတစ်ခု ဒါမှမဟုတ် စိတ်ဝိညာဉ်တာအိုရတနာတစ်ခု ရှိရမယ်။ တောက်၊ ဒါ ငါ့ဟာမဟုတ်တာ တကယ် စိတ်ပျက်စရာပဲ"

သူက လီဖူချန်းကို ဘာမှမလုပ်နိုင်မှန်း မြွေက သိတယ်၊ သို့မဟုတ်ရင် သူက လက်လျော့မှာတဲ့လား။

သူ အခု လုပ်နိုင်တဲ့အရာကတော့ ဒီကိစ္စကို လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်းထံ သတင်းပို့ပြီး  ပိုသန်မာတဲ့လူတွေကို လွှတ်ခိုင်းတာပဲ။ ထိုအချိန်ကျရင် သူက ကြီးမားတဲ့ဆုလဒ်တစ်ခုကို ရနိုင်လောက်မှာပါ။

All Chapters