စိတ်ဝိညာဉ်စွမ်းအား
Vol. 85 Ch. 1195
မြွေက လီဖူချန်းကို ဘာမှာမလုပ်နိုင်သလို လီဖူချန်းကလဲ မြွေကို ဘာမှမလုပ်နိုင်ပါဘူး။
သူ့ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုက မြွေထက် အနည်းငယ်ပဲ ပိုသန်မာတာ။
မြွေက လျင်မြန်စွာ ထွက်ခွာသွားတာကို ကြည့်ရင်း လီဖူချန်းက သက်ပြင်းချကာ ဓားအင်းကွက်ကို ဆက်လက်လေ့လာနေခဲ့တယ်။
အခု သူက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ဖြစ်နိုင်သမျှ မြန်မြန်ရောက်ဖို့ မျှော်လင့်နေတယ်၊ ပြီးရင်တော့ ကျင့်ကြံခြင်းအဆင့်ကို အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်အထိ ချိုးဖြတ်ရမယ်။
ညက တိတ်ဆိတ်နေခဲ့တယ်။ နောက်တစ်နေ့မနက်မှာတော့.....
ခရမ်းငွေကြယ်မြို့အာကာသယာဉ်ကွက်လပ်။
အရွယ်အစားအမျိုးမျိုးရှိတဲ့အာကာသယာဉ်တွေက ကောင်းကင်သို့ မြင့်တက်ပြီး ခရမ်းငွေကြယ်အလွန်နတ်ဘုရားဟင်းလင်းပြင်ဆီ ပျံသန်းသွားခဲ့တော့တယ်။
ရွှေကျီးကန်းကုန်သွယ်ရေးခန်းမရဲ့အာကာသယာဉ်က စကေးအကြီးစားအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးဖြစ်တယ်။
"ဒါက တော်တော်မိုက်တာပဲ"
သူတို့က အာကာသယာဉ်ကွက်လပ်ကို ရောက်လာတဲ့အခါ လီဖူချန်းနဲ့စစ်ခုန်းကျိုက်ရှင်းတို့က အံ့အားသင့်နေခဲ့တယ်။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ပါပဲ၊ ၎င်းထုတ်လွှတ်တဲ့အရှိန်အဝါက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေထက် ပိုသန်မာတယ်။
အာကာသယာဉ်ပေါ်တက်ပြီးနောက် လီဖူချန်းနဲ့စစ်ခုန်းကျိုက်ရှင်းတို့က သူတို့ရဲ့အခန်းတွေကို ပထမဆုံးရှာခဲ့တယ်။
သူတို့ထဲကတစ်ယောက်က နံပါတ်ငါးရာလေးဆယ့်လေးဖြစ်ပြီး အခြားတစ်ယောက်က နံပါတ်ငါးရာလေးဆယ့်ငါးဖြစ်တယ်။
အလယ်လတ်စားအခန်းက မဆိုးပါဘူး၊ အခန်းတစ်ခန်းနဲ့ဧည့်ခန်းတစ်ခုရှိတယ်။
"မိတ်ဆွေလေး၊ ငါတို့ထပ်တွေ့ကြပြီပေါ့"
တံခါးမှာ လူအိုကြီးက လာရောက်နှုတ်ဆက်ခဲ့တယ်။
"စီနီယာ" သူက တစ်ဖက်လူကို မြင်တဲ့အခါ လီဖူချန်းက လုံးဝအံ့အားမသင့်ခဲ့ပါဘူး။
လူအိုကြီးက ကိုယ်တိုင်လျှောက်ဝင်လာပြီး နေရာလပ်လက်စွပ်မှ ဝိုင်ပုလင်းတစ်ခုကို ယူထုတ်ကာ စားပွဲပေါ်မှာ ထိုင်ချပြီး ပြောလိုက်တယ်"လာသောက်ပါ၊ ဒါက လက်ဖက်ရည်ကောင်းတွေ စုစည်းထားတာပဲ၊ မင်း သောက်ပြီးရင် ချီးကျူးမိမယ်လို့ ငါ အာမခံတယ်"
"ကျေးဇူးတင်ပါတယ်၊ စိီနီယာ"
ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ဖက်လူက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်တယ်၊ မျက်နှာသာပေးသင့်ပါတယ်။
နောက်အခိုက်အတန်မှာတော့ လီဖူချန်းက အံ့အားသင့်သွားခဲ့တယ်။ တစ်ဖက်လူယူလာတဲ့လက်ဖက်ရည်က တကယ်ကို လက်ဖက်ရည်ကောင်းပဲ၊ အနည်းဆုံး သူ ဒီလိုလက်ဖက်ရည်ကောင်းကို ဘယ်တုန်းကမှ မသောက်ခဲ့ဖူးဘူး။
"ဒါ ဘယ်လိုလက်ဖက်ရည်မျိုးလဲ"
သူ့ရဲ့စိတ်ဝိညာဉ်က အနည်းငယ်ပိုကြည်လင်လာတယ်လို့ လီဖူချန်းက ခံစားမိတယ်။
ဒီလက်ဖက်ရည်က စိတ်ဝိညာဉ်အတွက် ကောင်းမှန်း သိသာတယ်။
"ဒါကို ထုံယိုလက်ဖက်ရည်လို့ခေါ်တယ်။ ဒါက ငါ နတ်ဘုရားကြယ်တစ်လုံးအပေါ်မှာ တွေ့ခဲ့တဲ့ လက်ဖက်ရည်ကောင်းတစ်ခုပဲ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ တစ်ခုပဲ ကျန်တော့တယ်" လူအိုကြီးက လီဖူချန်းအတွက် လက်ဖက်ရည်တစ်ခွက်ကို ဆက်ငှဲ့ပေးခဲ့တယ်။
လီဖူချန်းက လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ပြောလိုက်တယ်"စီနီယာ ငါ့ကို ရှာတာ၊ လက်ဖက်ရည်တိုက်ဖို့အတွက်ပဲ မဟုတ်ဘူးထင်တယ်"
လူအိုကြီးက ပြောလိုက်တယ်"ဘာလို့လဲ၊ ငါက ကြုံသလို စကားပြောတာမဟုတ်ဘူး၊ ငါ နှစ်ပေါင်းမရေမတွက်များစွာ ရှင်သန်လာခဲ့တာ၊ ငါနဲ့ စကားပြောချင်တဲ့သူတွေ အများကြီးရှိတယ်။ မင်းက ငါ့ကို မနှစ်သက်တဲ့ပထမဆုံးလူပဲ"
လီဖူချန်းက ပြောလိုက်တယ်"ငါ ဘယ်လုပ်ရဲပါ့မလဲ"
"ဟီးဟီး" လူအိုကြီးက ပြုံးလိုက်တယ်"ငါ မိတ်ဆွေလေးနဲ့ စကားပြောချင်တယ်ဆိုတာ ဝန်ခံပါတယ်"
အရိုးသားဆုံးပြောရရင် သူ့ရဲ့အကောင်းမြင်ဝါဒက အကူအညီမဲ့မှုပေါ်မှာ အခြေခံတယ်။ သူက မသေနိုင်ရင် ဘယ်သူက သေချင်မှာလဲ။
မင်းက အလုပ်ကြိုးစားရင် မင်းက ချိုးဖြတ်နိုင်တယ်။ ဘယ်သူက အချိန်ဖြုန်းချင်မှာလဲ။
သူက မသေချင်ပါဘူး။ သူက လီဖူချန်းထံမှ မျှော်လင့်ချက်ကို ရေးရေးမြင်ခဲ့တယ်။
"စီနီယာ၊ ကျေးဇူးပြုပြီး ငါ့ကို ပြောပါ" လူအိုကြီးကို ဧည့်ခံဖို့ လီဖူချန်းကလဲ သူ့ရဲ့လက်ဖက်ရည်ကောင်းကို ယူထုတ်လိုက်တယ်။
သူက လင်းယွင်ခယ်လိုဏ်ဂူမှ လက်ဖက်ရည်ကောင်းများစွာကို ရရှိခဲ့တယ်လေ။
"ဒါ ဟုတ်တယ်၊ ဒါလဲ လက်ဖက်ရည်ကောင်းပဲ" လီဖူချန်းကမ်းပေးတဲ့လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် လူအိုကြီးက မျက်လုံးတစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်တယ်"မင်းပြောတဲ့ ဘဝအနှစ်သာရဆိုတာ ဘာလဲ၊ မင်းကိုယ်မင်း အကြိမ်ကြိမ်အခါခါ အဆက်မပြတ် ချိုးဖြတ်ခဲ့တာလား။ မင်း ဘာကို ဆိုလိုတာလဲ"
အရိုးသားဆုံးပြောရရင် ဒါကို သူ့ထက် အဆင့်အများကြီးနိမ့်ကျတဲ့လူတစ်ယောက်နဲ့ပြောတာက အနည်းငယ်အဓိပ္ပါယ်မရှိပေမယ့် လူအိုကြီးက လီဖူချန်းကို အထင်မသေးရဲပါဘူး။
လီဖူချန်းက သူများနဲ့မတူတာကို သူက မြင်ခဲ့တယ်။
လီဖူချန်းက တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်တယ်"ငါ နောက်ပြောမှာက ငါ့ရဲ့ကိုယ်ပိုင်အမြင်ပဲ၊ စီနီယာ မရယ်ဘူးလို့တော့ ငါ မျှော်လင့်တယ်"
"မြန်မြန်ပြောပါ"
"ငါ့အမြင်အရ ဘဝဆိုတာ နည်းလမ်းတစ်ခုကို ရှာဖွေတာပံ"
"နည်းလမ်းတစ်ခုကို ရှာဖွေတာလား"
"ဟုတ်တယ်၊ ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့ဘဝဆိုတာ မရှိဘူး၊ ဒါပေမယ့် ဘဝအနှစ်သာရဆိုတာ ကိုယ်တိုင်အဆက်မပြတ်တိုးတက်ရတာပဲ။ ချိုးဖြတ်တယ်ဆိုတာ မိမိကိုယ်မိမိပြီးပြည့်စုံစေတဲ့ဖြစ်စဉ်ပဲ။ တစ်နေ့မှာ မချိုးဖြတ်နိုင်တဲ့အခါ ပြီးပြည့်စုံတဲ့ဘဝတစ်ခု မွေးဖွားမယ့် အချိန်ဖြစ်နိုင်တယ်" လီဖူချန်းရဲ့စိတ်ဝိညာဉ်အဆင့်က စိတ်ဝိညာဉ်နတ်ဘုရားတွေထက် မနိမ့်ကျပါဘူး၊ ပြီးတော့ သူ့မှာ ရွှေရောင်အဆောင်ရှိတယ်၊ ဒါက သူ့ကို သာမန်လူတွေနဲ့ မတူညီတဲ့စဉ်းစားခြင်းနည်းလမ်းတစ်ခုကို ဖြစ်စေတယ်၊ ပြဿနာတွေအပေါ်သူ့ရဲ့အမြင်က ရှုထောင့်တစ်ခုပေါ်မှာပဲ မကန့်သတ်ထားပါဘူး။
ဒါက ပါရမီရှင်နဲ့သာမညောင်ညတွေအကြား ခြားနားချက်ပဲ ဖြစ်မယ်။
လူအိုကြီးက ခေါင်းညိတ်လိုက်တယ်"ငါ ဒီအကြောင်းကို သဘောတူတယ်။ အဲဒါကို နတ်ဘုရားတွေရဲ့သက်တမ်းကနေ မြင်နိုင်ပါတယ်။ မင်း သိပါတယ်၊ အစစ်အမှန်နတ်ဘုရားတွေက နှစ်တစ်သန်းဒါမှမဟုတ်နှစ်နှစ်သန်း အသက်ရှင်နိုင်တယ်။ ဆန်းကြယ်နတ်ဘုရားတွေက နှစ်သန်းနှစ်ဆယ်အသက်ရှင်နိုင်တယ်။ ပိုင်နက်နတ်ဘုရားတွေက နှစ်တစ်ဘီလီယံဒါမှမဟုတ်နှစ်ဘီလီယံ အသက်ရှင်နိုင်တယ်၊ သက်တမ်းက ဆယ်ဆပိုရှည်လာပေမယ့် အမြဲတမ်းမရှင်သန်နိုင်ပါဘူး။ အဆုံးသတ်တစ်ခုဆိုတာ ရှိတယ်၊ဒါကြောင့် နတ်ဘုရားဘုရင်တွေတောင် မပြီးပြည့်စုံဘူး၊ ပြည့်စုံဖို့ အားထုတ်နေရတယ်"
နှစ်ယောက်သား သောက်ရင်း စကားပြောနေခဲ့ကြတယ်၊ အချိန်က လျင်မြန်စွာ ကုန်ဆုံးလာခဲ့တယ်။
ပြီးတော့ လူအိုကြီးနဲ့ စကားပြောရတာ ငြီးငွေ့စရာမကောင်းဘူးဆိုတာ လီဖူချန်းက တွေ့ခဲ့တယ်။
တစ်ဖက်လူမြင်ကြားတာတွေက ကြွယ်ဝလွန်းပါတယ်၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှအဖွဲ့အားလုံးရဲ့စွမ်းအား၊ လျှို့ဝှက်ချက်တွေ၊ သမိုင်းတွေ၊ ထူးခြားဆန်းပြားတဲ့ပန်းပွင့်တွေအပင်တွေ စသဖြင့်ပေါ့။
"အစစ်အမှန်နတ်ဘုရား၊ စိတ်ဝိညာဉ်နတ်ဘုရား၊ ဆန်းကြယ်နတ်ဘုရား၊ ပိုင်နက်နတ်ဘုရား။ ပိုင်နက်နတ်ဘုရားအဆင့်မှာ စမ်းသပ်မှုအများဆုံးက ထိုးထွင်းသိမြင်မှုပဲ၊ ထိုးထွင်းသိမြင်မှုက ပိုသန်မာလေ၊ နတ်ဘုရားအတတ်တွေကို ပိုဖန်တီးနိုင်လေပဲ၊ မင်းရဲ့ခွန်အားက ပိုသန်မာလေပဲ။ နှိုင်းယှဉ်ရရင် စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ ဘာတစ်ခုမှ လုပ်စရာမရှိဘူးလို့ ထင်ရပေမယ့် အဲဒါက အလွန်အရေးကြီးတဲ့အဆင့်ပဲ၊ မင်းအနေနဲ့ အခြေခံခိုင်အောင်လုပ်ဖို့ အဆင့်ပဲ" လူအိုကြီးက လီဖူချန်းကို ရှင်းပြခဲ့တယ်။
လီဖူချန်းက တစ်ဖက်လူအတွက် လက်ဖက်ရည်ငှဲ့ပေးကာ တိတ်တဆိတ်နားထောင်နေခဲ့တယ်။
"စိတ်ဝိညာဉ်နတ်ဘုရားတွေကို သူတို့ရဲ့အဆင့်အရ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရား၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရာနဲ့ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေဆိုပြီး ခွဲခြားထားတယ်။ ဒါနဲပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး၊ ဒါပေမယ့် တကယ်တမ်းတော့ ပိုအသေးစိတ်ကျကျခွဲခြားမယ်ဆိုရင် စိတ်ဝိညာဥ်စွမ်းအားကိုးဆင့်ရှိတယ်"
"စိတ်ဝိညာဉ်စွမ်းအားကိုးဆင့်လား"
လီဖူချန်းက သိချင်စိတ်ဖြစ်မိတယ်၊ ဘာလို့ သူ ဒါကို မကြားခဲ့တာလဲ။
လူအိုကြီးက ရှင်းပြခဲ့တယ်"စိတ်ဝိညာဉ်စွမ်းအားကိုးဆင့်ကို အလုံးစုံမကြော်ငြာရသေးဘူး၊ ဒါပေမယ့် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့နေရာအချို့မှာတော့ လူသိများလာပြီ။ ငါ မင်းကို ဘာကြောင့်လဲဆိုတာ နောက်ကျရင်ပြောပြမယ်"
"စိတ်ဝိညာဉ်စွမ်းအားကိုးဆင့်ကို စိတ်ဝိညာဉ်စွမ်းအားခွန်အားအရ ကိုးဆင့်ခွဲခြားထားတယ်။ ယေဘုယျပြောရရင် အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့စိတ်ဝိညာဉ်စွမ်းအားက ပထမအဆင့်ဖြစ်တယ်။ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားကို ရောက်သွားတဲ့အခါ ဒုတိယအဆင့်ဖြစ်တယ်၊ ပြီးရင် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားက တတိယအဆင့်ဖြစ်တယ် "
လီဖူချန်းက မျက်မှောင်ကြုတ်မိတယ်၊ တတိယအဆင့်စိတ်ဝိညာဉ်စွမ်းအားက နဝမအဆင့်စိတ်ဝိညာဉ်စွမ်းအားနဲ့ အဝေးကြီးလိုသေးတာပဲ။
လူအိုကြီးက ပြောလိုက်တယ်"မင်း ပုံမှန်လမ်းကြောင်းအဆင့်တွေအတိုင်းလိုက်ရင် မင်းက အလွန်အားနည်းတဲ့စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်မှာ အသေအချာပဲ၊ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားရဲ့ခွန်အားက နိမ့်ကျနေမှာ ၊မင်းက ပိုသန်မာချင်ရင် မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို သွေးရမယ်။ မင်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားဖြစ်နေစဉ်မှာ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ဒုတိယဒါမှမဟုတ်တတိယအဆင့်မှာ ရှိနေရမယ်"
"ဘယ်လိုသွေးရမလဲ" လီဖူချန်းက မေးလိုက်တယ်။
သူက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရောက်လျှင်ချင်း သူက စိတ်ဝိညာဉ်နတ်ဘုရားအဖြစ် ချက်ချင်းမြင့်တက်သွားနိုင်လိမ့်မယ်။ ဒါကြောင့် ဒီကိစ္စက သူနဲ့ အနီးကပ်ဆက်စပ်နေပါတယ်။
လူအိုကြီးက ပြောလိုက်တယ်"လေ့ကျင့်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်။ တိုက်ခိုက်ခြင်း၊ မြေဆွဲအားလေ့ကျင့်ခြင်း၊ ဥပဒေသနယ်ပယ်တိုးတက်ခြင်း၊ ထူးခြားတဲ့ပတ်ဝန်းကျင်တွေမှာ လေ့ကျင့်ခြင်း၊ အားလုံးက စိတ်ဝိညာဉ်စွမ်းအားကို အရည်သွေးနိုင်တယ်။ စိတ်ဝိညာဉ်စွမ်းအားကို အရည်သွေးဖို့အတွက် သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်။ ထပ်ပြောရရင် အချို့သောနတ်ဘုရားဆေးတွေကလဲ နတ်ဘုရားစွမ်းအားကို တိုးစေနိုင်တယ်၊ ဒါပေမယ့် အချို့ နည်းလမ်းတွေက အားနည်းလွန်းတယ်၊ နှစ်ပေါင်းမရေမတွက်များစွာ အားထုတ်ပြီးတောင်မှ နတ်ဘုရားစွမ်းအားကို တစ်ဆင့်တောင် မတိုးစေတဲ့အပြင် သူတို့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို နှောင့်နှေးစေတယ်။ ဥပမာအားဖြင့် ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေကို အသုံးများလွန်းရင် အနာမီးတွေကို ဖြစ်ပေါ်စေလိမ့်မယ်။ ပြင်ပခွန်အားအပေါ်မှာမှီခိုတဲ့ဒီလိုနတ်ဘုရားစွမ်းအားမျိုးက မင်းကိုယ်တိုင်ကျင့်ကြံတဲ့နတ်ဘုရားစွမ်းအားလောက် ကိုးစားလို့မရဘူး"
"ဒါကလဲ စိတ်ဝိညာဉ်စွမ်းအားကိုးဆင့်ကို အပြည့်အဝမကြေညာရသေးတဲ့အကြောင်းပြချက်တစ်ခုလဲဖြစ်တယ်။ ဒါက အနည်းငယ်အထင်အမြင်မှားစေနိုင်တယ်" လူအိုကြီးက ဆက်ပြောလိုက်တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ ဒီနည်းလမ်းအရ စိတ်ဝိညာဉ်စွမ်အားကိုးဆင့်က အနည်းငယ်အထင်အမြင်မှားစေနိုင်တယ်။ လူအများစုမှာ နောက်နယ်ပယ်ကို ချိုးဖြတ်ဖို့ အခွင့်အလမ်းရှိပေမယ့် သူတို့က စိတ်ဝိညာဉ်စွမ်းအားတိုးတက်မှုအပေါ် အာရုံထားလွန်းရင် ချိုးဖြတ်ဖို့ အခွင့်အလမ်းကို ဆုံးရှုံးသွားနိုင်တယ်။
ဒါပေမယ့် ဒါက သာမန်လူတွေအတွက်ပါပဲ။ ပါရမီရှင်တွေအတွက်ကတော့ စွမ်းအားပိုသန်မာလေ၊ ပိုကောင်းလေပါပဲ။
ဒီလိုဆိုတော့ လီဖူချန်းက စဉ်းစားမိပါတယ်၊ လူအိုကြီးက နတ်ဘုရားစွမ်းအားခွန်အားအပေါ် အားထုတ်မှုများခဲ့ပြီး သူ့ရဲ့ချိုးဖြတ်မှုကို နှောင့်နှေးစေခဲ့တာလား။
လီဖူချန်းက ဘာစဉ်းစားနေသလဲဆိုတာ လူအိုကြီးက မသိပါဘူး၊ သူက ဆက်ပြောလိုက်တယ်"အထင်အမြင်မှားစေတာအပြင် စိတ်ဝိညာဉ်စွမ်းအားကိုးဆင့်ကို ခွဲခြားတဲ့နည်းလမ်းက အချိန်စွမ်းအား၊ နေရာလပ်-အချိန်စွမ်းအား၊ ကျိန်စာနတ်ဘုရားစွမ်အားတို့လို အချို့ဥပဒေသစွမ်းအားတွေအတွက် မမျှတပါဘူး၊ သူတို့က နတ်ဘုရားစွမ်းအားခွန်အားကို အလေးအနက်မထားကြဘူးလေ။ ပုံမှန်နတ်ဘုရားစွမ်းအားတွေနဲ့မွေးရာပါနတ်ဘုရားစွမ်းအားတွေတောင်မှ မတူညီတဲ့ခွန်အားရှိတယ်။ ဒါက သတ္တုအပိုင်းအစတစ်ခုနဲ့သစ်သားအပိုင်းအစတစ်ခုအကြား ခြားနားချက်ဖြစ်တယ်။ နှစ်ခုရဲ့ဂုဏ်သတ္တိက မတူညီသလို ခွန်အားကလဲ သေချာပေါက် ကွာခြားတယ်"
လီဖူချန်းက ပြောလိုက်တယ်"စိတ်ဝိညာဉ်စွမ်းအားကိုးဆင့်ကို ဘယ်လိုခွဲခြားရလဲ"
လူအိုကြီးက နေရာလပ်လက်စွပ်မှ ပုံဆောင်ခဲတိုင်တစ်ခုကို ယူထုတ်ကာ ပြောလိုက်တယ်" ဒါက စကေးကိုးခုပါတဲ့စိတ်ဝိညာဉ်စွမ်းအားပုံဆောင်ခဲပဲ။ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်တာနဲ့ စွမ်းအားအလင်းက ပထမစကေးကို မြင့်တက်သွားရင် ဒါက စိတ်ဝိညာဉ်စွမ်းအားပထမအဆင့်ပေါ့။ ဒုတိယစကေးကို တက်သွားရင် စိတ်ဝိညာဉ်စွမ်းအားဒုတိယအဆင့်ပေါ့......."
"စီနီယာ၊ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားခွန်အားကရော ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။
လူအိုကြီးက မပြောပါဘူး၊ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ပုံဆောင်ခဲထဲသို့ ထည့်သွင်းလိုက်တယ်။
အုန်း.....
နတ်ဘုရားစွမ်းအားအခင်းက ပဉ္စမစကေးသို့ မြင့်တက်လာတယ်။
လူအိုကြီးက ပဉ္စမအဆင့်စိတ်ဝိညာဉ်စွမ်းအားရှိသူမှန်း သိသာတယ်။
"ငါက ပဉ္စမအဆင့်စိတ်ဝိညာဉ်စွမ်းအားပဲရှိလို့ အထင်မသေးနဲ့။ တကယ်တမ်းတော့ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေကြားမှာ ငါက သန်မာသူတစ်ယောက်ဖြစ်နေပြီးသား။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုက တတိယဒါမှမဟုတ်စတုတ္ထအဆင့်စိတ်ဝိညာဉ်စွမ်းအားပဲရှိကြတာ၊ ဆဌမအဆင့်စိတ်ဝိညာဉ်စွမ်းအားက ပိုတောင်ရှားပါးတယ်၊ ယေဘုယျအားဖြင့် ထိပ်တန်းအဆင့်ဂိုဏ်းတွေမှာပဲ ဒီလိုစိတ်ဝိညာဉ်နတ်ဘုရားတွေရှိတာ၊ သတ္တမအဆင့်စိတ်ဝိညာဉ်စွမ်းအားအဆင့်ကိုတော့ စိတ်ဝိညာဉ်ဆရာသခင်အများစုက မရောက်ရှိနိုင်ပါဘူး၊ ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအားတစ်ခုကပဲ ခွန်အားကို ဆုံးဖြတ်တာမဟုတ်ဘူး။ ဥပဒေသတွေ၊ နယ်ပယ်တွေ၊ စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေအားလုံးက စိတ်ဝိညာဉ်စွမ်းအားတစ်ခုရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေအားလုံးပါပဲ၊ ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအားပိုသန်မာရင် ခွန်အားက သေချာပေါက် ပိုသန်မာတာပေါ့လေ။ နဝမအဆင့်စိတ်ဝိညာဉ်စွမ်းအားကတော့၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ တစ်ယောက်ရှိခဲ့တယ်၊ အခုတော့ သူက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ထိပ်တန်းအဆင့်တည်ရှိမှုတစ်ခုဖြစ်နေပြီ"