ဖုန်းစစ်
Vol. 85 Ch. 1196
လီဖူချန်းက ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး။ စိတ်ဝိညာဉ်စွမ်းအားကိုးဆင့်ကို ဘယ်လိုခွဲခြားရမလဲကို သူ မသိခဲ့ဘူး။ အခု သူ သိပြီးဆိုတော့ သူက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားခွန်အားကို ကိုးဆင့်ထိ တိုးရပါလိမ့်မယ်။
သူက စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို မြင့်တက်တဲ့အချိန်မှာ သူ့ရဲ့စဦးစိတ်ဝိညာဉ်စွမ်းအားခွန်အားက ဘာဖြစ်မလဲ။ သူကိုယ်တိုင်ကတောင် အံ့အားသင့်မှူတစ်ခုဖြစ်လာမယ်လို့ သူက ခံစားနေမိတယ်။
လူအိုကြီးက တစ်ခဏတွေးတောပြီးနောက် ရုတ်တရက်ပြောလိုက်တယ်"တကယ်တော့ နဝမအဆင့်စိတ်ဝိညာဉ်စွမ်းအားရဲ့အထက်မှာ ဒဿမအဆင့်စိတ်ဝိညာဉ်စွမ်းအားနဲ့ ဆယ့်တစ်ဆင့်မြောက်စိတ်ဝိညာဉ်စွမ်းအားတို့ရှိတယ်လို့ ငါ ကြားတယ်၊ စိတ်ဝိညာဉ်စွမ်းအားက အကန့်အသတ်မရှိဘူးပေါ့ကွာ"
လီဖူချန်းက ကြည့်လိုက်တယ်။
"ဒါ မှန်တယ်လို့ ငါ ကြားရုံမျှပဲ၊ ငါ့မှာ သိဖို့ နည်းလမ်းမရှိဘူး၊ ဒါပေမယ့် ငါ ထင်တယ်၊ စိတ်ဝိညာဉ်စွမ်းအားခွန်အားကို ဒဿမအဆင့်ထိ တိုးမြှင့်ဖို့ဆိုရင် မလွယ်ဘူးဆိုတာ ကြိုတင်သိထားရမယ်၊ အဲဒါက သာမန်လူတွေနဲ့သာမန်ပါရမီရှင်တွေ စိတ်ကူးယဉ်နိုင်တဲ့အရာမဟုတ်ဘူး "
တစ်ယောက်ယောက်က စိတ်ဝိညာဉ်စွမ်းအားကို ဒဿမအဆင့်ဒါမှမဟုတ်ပိုမြင့်မားတဲ့အဆင့်ထိ မြှင့်တင်နိုင်မယ်လို့တော့ လူအိုကြီးက မယုံပါဘူး။
"စိတ်ဝိညာဉ်နတ်ဘုရားအဆင့်က မင်းရဲ့နတ်ဘုရားစွမ်းအားကို သွေးတဲ့အဆင့်တစ်ခုပဲ၊ ဆန်းကြယ်နတ်ဘုရားက မင်းရဲ့ထိုးထွင်းသိမြင်မှုကို စမ်းသပ်တဲ့အဆင့်တစ်ခုပဲ၊ ပိုင်နက်နတ်ဘုရားကတော့ မင်းက အရင်အဆင့်နှစ်ခုမှာ ဘယ်လောက်ထိစုဆောင်းထားသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်"
"ပိုင်နက်နတ်ဘုရား၊ နာမည်အတိုင်းပဲ၊ နတ်ဘုရားစွမ်းအားအရိပ်အယောင်တိုင်းမှာ ပိုင်နက်စွမ်းအားပါဝင်တယ်"
"မင်းက စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်တဲ့အခါ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ပိုသန်မာတဲ့အခါ မင်းက ပိုင်နက်နတ်ဘုရားအဆင့်ကို ရောက်တဲ့အခါ မင်းရဲ့နတ်ဘုရားစွမ်းအားက ပိုသန်မာလေပဲ"
"ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ဆန်းကြယ်နတ်ဘုရားအတတ်တွေကို မင်းရဲ့သွေးမျိုးဆက်ထဲသို့ ပေါင်းစည်းနိုင်လေ၊ ပိုသန်မာလေပဲ။ မင်းက ပိုင်နက်နတ်ဘုရားအဆင့်ကို ရောက်တဲ့အခါ နတ်ဘုရားစွမ်းအားက ပိုသန်မာလာမယ်၊ ပိုင်နက်စွမ်းအားက ပိုသန်မာလာလိမ့်မယ်"
"ဒါပေမယ့် မင်းက ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့ လိုအပ်တယ်။ အခြားဆန်းကြယ်နတ်ဘုရားအတတ်တွေနဲ့ယှဉ်ရင် ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေက ပိုင်နက်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားနဲ့ပိုကိုက်ညီတယ်"
လူအိုကြီးရဲ့နောက်ဆုံးနေ့ရက်တွေက ချဉ်းကပ်လာတာကို မကြည့်ပါနဲ့၊ သူ့ရဲ့စကားတွေက အလွန်အစီအစဉ်ကျတယ်။
"ပိုင်နက်နတ်ဘုရားအနောက်မှာ ဘာနယ်ပယ်ရှိလဲ" လီဖူချန်းက မေးလိုက်တယ်။
အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့ကျင့်ကြံခြင်းအကန့်အသတ်က အစစ်အမှန်နတ်ဘုရားဆိုရင် အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အကန့်အသတ်က ပိုင်နက်နတ်ဘုရားပါပဲ။
ဒါပေမယ့် လီဖူချန်းက ကမ္ဘာနတ်ဘုရားတွေနဲ့ ပတ်သက်ပြီး အများကြီးမသိဘူး။
လူအိုကြီးက လက်ဖက်ရည်တစ်ငုံသောက်ကာ ပြောလိုက်တယ်"ကမ္ဘာနတ်ဘုရားတွေနဲ့ပတ်သက်ပြီး ငါ အများကြီးမသိဘူး ဒါကြောင့် ငါ အသေးစိတ်မပြောပြတော့ဘူး။ မင်း သိထားရမှာ ကမ္ဘာနတ်ဘုရားတွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ကမ္ဘာတွေကို ဖွင့်လှစ်နိုင်တယ်ဆိုတာပဲ၊ ဒါက ကမ္ဘာစွမ်းအားနဲ့ ယှဉ်နိုင်တယ်"
"ကမ္ဘာစွမ်းအား၊ ကမ္ဘာစွမ်းအား"
လီဖူချန်းက တွေးလိုက်တယ်။
"ဟုတ်တယ်၊ ကြောက်စရာကောင်းတဲ့ကမ္ဘာနတ်ဘုရားတွေရဲ့နတ်ဘုရားစွမ်းအားဖွဲ့စည်းပုံက ငါတို့နဲ့မတူဘူး။ ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ပိုင်နက်နတ်ဘုရားတစ်ယောက်ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ချေတစ်ခုရှိတယ်လို့ ပြောရင် ပိုင်နက်နတ်ဘုရားတစ်ယောက်က ကမ္ဘာနတ်ဘုရားတစ်ယောက်ကို ယှဉ်ပြိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ကမ္ဘာနတ်ဘုရားတစ်ယောက်က ကမ္ဘာစွမ်းအားအနည်းငယ်ထုတ်လွှတ်လိုက်ရုံနဲ့ အားအကောင်းဆုံးပိုင်နက်နတ်ဘုရားတွေကို အပြတ်အသတ်ချေမှုန်းဖို့လုံလောက်တယ်။ လွန်ခဲ့တဲ့နှစ်မရေမတွက်ပေါင်းများစွာက ထိတ်လန့်တုန်လှုပ်စရာစစ်ပွဲတစ်ခုက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဖြစ်ပွားခဲ့တယ်။ ထိုစစ်ပွဲမှာ ကမ္ဘာနတ်ဘုရားကိုးဆယ်ရာခိုင်နှုန်းက ပါဝင်ခဲ့တယ်၊ တစ်ခုတည်းသောတိုက်ကြီးဖြစ်တဲ့ခရမ်းရောင်တိမ်တိုက်ကြီးက စုတ်ပြဲသွားပြီး ယနေ့လို တိုက်ကြီးခုနှစ်ခုဖြစ်လာခဲ့တယ်"
ထိုတိုက်ပွဲကို စိတ်ကူးနဲ့ မှန်းဆကြည့်ရင်း လူအိုကြီးရဲ့သွေးက ဆူပွက်နေတုန်းပါပဲ။
"အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့တိုက်ကြီးတစ်ခုက အပိုင်းခုနစ်ပိုင်းဖြစ်သွားခဲ့ရတယ်တဲ့လား" လီဖူချန်းက သူ့ရဲ့လျှာကို တိတ်တဆိတ်ကိုက်လိုက်မိတယ်။
လူအိုကြီးက သတိပေးလိုက်တယ်"အတိုချုပ်ပြောရရင် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဂိုဏ်းတိုင်းကို ရန်စလို့မရဘူး။ ပိုင်နက်နတ်ဘုရားတွေရှိတဲ့ထိပ်တန်းဂိုဏ်းတွေရှိတယ်။ သို့မဟုတ်ရင် မင်း ထွက်ပြေးစရာနေရာရှိမှာမဟုတ်ဘူး"
"ငါ သိပါတယ်" လီဖူချန်းက နားလည်ပါတယ်လေ။
"ထပ်ဖြည့်ရရင် အချိန်တာအိုဒါမှမဟုတ်ကျိန်စာတာအိုတွေကို လေ့ကျင့်တဲ့ သန်မာတဲ့လူတွေရှိတဲ့ ဂိုဏ်းတွေကို ရန်မစတာ အကောင်းဆုံးပဲ။ အချိန်တာအိုက ကြောက်စရာကောင်းတယ်။ မင်းရဲ့လုပ်ဆောင်ချက်တွေအားလုံးကို တစ်ဖက်လူတွေရဲ့မျက်လုံးထဲမှာ ဖုန်းကွယ်လို့မရဘူး။ မင်းက အခြားဂိုဏ်းကလူတွေကို သတ်ရင် မင်းမှာ လွတ်မြောက်ဖို့ အခွင့်အရေးရှိတယ်။ ဒါပေမယ့် မင်းက အချိန်စွမ်းအားရှင်တွေရဲ့ဂိုဏ်းမှလူတွေကိုသတ်ရင် မင်းက ချက်ချင်း ထုတ်ဖော်ခံရလိမ့်မယ်။ ကံကောင်းစွာနဲ့ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့အချိန်စွမ်းအားရှင်တွေရဲ့ကိုးဆယ်ရာခိုင်နှုန်းက အချိန်ဘုရားကျောင်းကပဲ။ အချိန်ဘုရားကျောင်းက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ထိပ်တန်းဂိုဏ်းကြီးခုနှစ်ဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်တယ်"
"ကျိန်စာဥပဒေသကတော့ အချိန်ဥပဒေသထက်တောင် ပိုကြောက်စရာကောင်းတယ်။ ကျိန်စာစွမ်းအားရှင်တွေက လေထဲကနေတစ်ဆင့် မင်းကို ကျိန်စာတိုက်သတ်နိုင်တယ်။ မင်းကို ကျိန်စာမတိုက်နိုင်ရင် မင်းမှာ ကျိန်စာအရှိန်အဝါစွဲကပ်အောင်လုပ်ပြီး မင်းရဲ့ကျင့်ကြံခြင်းကို မတည်မငြိမ်ဖြစ်စေနိုင်တယ်။ သေရေးရှင်ရေးအခြေအနေမှာ အဲဒါက ထွက်လာပြိီး မင်းကို ဒုက္ခဖြစ်စေနိုင်တယ်။ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ 'ကျိန်စာစွမ်းအားရှင်တွေက်ိုဆန့်ကျင့်မယ့်အစား ငရဲကြီးဆယ့်ရှစ်ထပ်ကို ဆင်းတာက ပိုကောင်းအုံးမယ်'ဆိုတဲ့စကားပုံတစ်ခုရှိတယ် "
"ဒါပေမယ့် မင်းလဲ မွေးရာပါထိပ်တန်းအဆင့်ဥပဒေသတွေကို အလွန်မြင့်မားတဲ့အဆင့်တစ်ခုအထိ ကျင့်ကြံထားမယ်ဆိုရင်တော့ ကြောက်စရာမလိုပါဘူး"
"မင်း ဆန့်ကျင်လို့မရတဲ့နောက်ဆုံးပုဂ္ဂိုလ်ကတော့ စိတ်ဝိညာဉ်ကျင့်ကြံသူပဲ"
"သူတို့က အန္တရာယ်အများဆုံးလူတွေနဲ့အန္တရာယ်အများဆုံးသတ္တဝါတွေပဲ"
"ဘယ်နယ်ပယ်လဲဆိုတာ ငါ အတိအကျမသိပေမယ့် သေချာတဲ့နယ်ပယ်တစ်ခုမှာ စိတ်ဝိညာဉ်ကျင့်ကြံသူတွေက စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်နိုင်ပြီး စိတ်ဝိညာဉ်ပုံစံနဲ့ ကောင်းကင်ဘုံနဲ့မြေကြီးမှာ ရှင်သန်နိုင်တယ်၊ အချိန်တိုက်စားမှုကြောင့် တဖြည်းဖြည်းပျောက်ကွယ်သွားတာတွေမရှိဘူး။ ထပ်ပြောရရင် တိုက်ပွဲထဲမှာ သူတို့က စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ချက်ချင်း ခွဲထုတ်ကာကွယ်နိုင်တယ်။ ငါတို့ရဲ့တိုက်ခိုက်မှုတွေက စိတ်ဝိညာဉ်ကို နာကျင်စေနိုင်တဲ့အကြောင်းရင်းကတော့ စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကြားမှာ ချိတ်ဆက်မှုအလွှာတစ်ခုရှိတာကြောင့်ဆိုတာ မင်း သိရမယ်၊ ဒီချိတ်ဆက်မှုအလွှာ ပျက်ဆီးသွားတာနဲ့ ငါတို့ရဲ့တိုက်ခိုက်မှုတွေက စိတ်ဝိညာဉ်ကို မနာကျင်စေနိုင်တော့ဘူး ဒါမှမဟုတ် အနည်းငယ်ပဲ ထိခိုက်စေတော့တယ်။ အလှည့်အပြောင်းအနေနဲ့ တစ်ဖက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ငါတို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အမြောက်အများထိခိုက်စေနိုင်တယ်"
လူအိုကြီးက မမောနိုင်မပန်းနိုင်ပြောပြနေလေတယ်။
ဒါကို ကြားပြီး လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ စိတ်ဝိညာဥ်နဲ့ခန္ဓာကိုယ်ကြားမှာ တကယ်ကို ချိတ်ဆက်မှုတစ်ခုရှိတယ်။ ဒီချိတ်ဆက်မှုက ပျက်ဆီးသွားရင် သာမန်တိုက်ခိုက်မှုတွေက စိတ်ဝိညာဉ်ကို နာကျင်စေဖို့ ခက်ခဲတယ်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကပဲ ပြုလုပ်နိုင်တယ်။
"စိတ်ဝိညာဉ်တာအို၊ ငါတို့အတွက်က မရင်းနှီးတဲ့နယ်ပယ်တစ်ခုပဲ။ ခုခံကာကွယ်ဖို့က မဖြစ်နိုင်ဘူးလို့ ဆိုနိုင်တယ်။ ဒါကြောင့် မရနိုင်တဲ့အဆုံးမှ စိတ်ဝိညာဉ်ကျင့်ကြံသူကို ဆန့်ကျင်စေချင်တယ်" လူအိုကြီးက လီဖူချန်းကို အများကြီးတန်ဖိုးထားမှန်း မြင်နိုင်တယ်၊ သို့မဟုတ်ရင် သူက ဒီလောက်ထိ လေကြောရှည်နေမှာမဟုတ်ဘူးလေ။
ဒါကြောင့် လီဖူချန်းက မငြင်းခဲ့ပါဘူး။
လက်ဖက်ရည်တစ်ငုံသောက်ရင်း လူအိုကြီးက ဆက်ပြောချင်နေသေးပုံပဲ။
ထိုအချိန်မှာ နတ်ဘုရားစိတ်ဝိညာဉ်အားတစ်ခုက အာကာသယာဉ်တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံလာတယ်။
"ဘယ်လိုအားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားတစ်ခုလဲ" လူအိုကြီးရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။
စိတ်ဝိညာဉ်စွမ်းအားက လီဖူချန်းအပေါ်ကို လျင်မြန်စွာ အခြေချလာနေခဲ့တယ်။
လူအိုကြီးက မှင်တက်သွားလေတော့တယ်။ စောစောကပဲ သူက စိတ်ဝိညာဉ်ကျင့်ကြံသူကို ရန်မစသင့်ဘူးလို့ လီဖူချန်းကို ပြောခဲ့တယ်။ အားကောင်းတဲ့စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ချက်ချင်းတံခါးလာခေါက်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ဒီနတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားရဲ့ခွန်အားကို သုံးသပ်ကြည့်ရင် ရန်သူရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနည်းဆုံးအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ရှိတယ်။
နောက်အခိုက်အတန့်မှာတော့ စိတ်ဝိညာဉ်အမှတ်အသားတစ်ခုက လီဖူချန်းရဲ့စိတ်ဝိညာဉ်ထဲသို့ ပြေးဝင်လာတယ်။
အုန်း.....
မမြင်နိုင်သော၊ အထည်ကိုယ်ဒြပ်မရှိသောစိတ်ဝိညာဉ်စွမ်းအားက လှိုင်းတစ်ခုပမာ ပေါက်ကွဲထွက်သွားတယ်၊ လီဖူချန်းက ညည်းညူရင်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေတယ်။
"ဘယ်လိုတောင်အားကောင်းတဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုလဲ"
လီဖူချန်းရဲ့မျက်နှာက လေးနက်သွားတော့တယ်။
သူ့ရဲ့စိတ်ဝိညာဉ်က မနာကျင်ခဲ့ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က မခုခံနိုင်ခဲ့ပါဘူး။
"ဟမ့်"
အာကာသယာဉ်အပြင်ဘက်ရှိနတ်ဘုရားဟင်းလင်းပြင်ထဲမှာ ပုံရိပ်တစ်ခုက ရယ်သွမ်းလိုက်လေတယ်။
"ဒါက ငါ့ရဲ့နတ်ဆိုးလေစိတ်ဝိညာဥ်ထိန်းချုပ်အတတ်ကို တကယ် တားနိုင်ခဲ့တာပဲ။ ကြည့်ရတာ စိတ်ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်ရတနာတစ်ခုရှိတာ တကယ်ပဲ ဖြစ်ရမယ်" ထိုပုံရိပ်က ခရမ်းငွေကြယ်မြို့ရဲ့လူသတ်သမားခုနှစ်ယောက်အဖွဲ့အစည်းရဲ့အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ ဖုန်းစစ်လို့ခေါ်တယ်၊ သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းနယ်ပယ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ရှိတယ်။
ဝိုး......
ရေစီးကြောင်းက သိပ်သည်းလာပြီး ပုံရိပ်ရဲ့အရှေ့မှာ နောက်ထပ်ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်"မင်းက ငါတို့ရွှေကျီးကန်ကုန်သွယ်ရေးခန်းမကို လာစော်ကားနေတာပဲ၊ အခုပဲ ထွက်သွားပေးပါ၊ ငါ ဒီအဖြစ်အပျက်ကို ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သလို မှတ်ထားပေးလိုက်မယ်၊ သို့မဟုတ်ရင် ငါ့ကို ဘာမှ အပြစ်လာမတင်နဲ့နော်"
ကျင့်ထောင်ရွှယ်ရှန်းက အလွန်စိတ်တိုနေတယ်။ သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် သူ့ကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က လစ်လျူရှုခဲ့တာလေ။ သူက စိတ်ကောင်းမဝင်နေတာ အံ့ဩစရာမရှိပါဘူး။
တစ်ဖက်ရဲ့စိတ်ဝိညာဉ်က သန်မာလွန်းတာကြောင့်မဟုတ်ရင် ကျင့်ထောင်ရွှယ်ရှန်းက စတင်လှုပ်ရှားပြီးနေပြီ။
သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ရုံသာမက ဆန်းကြယ်နတ်ဘုရားအတတ်ငါးခုကို သူ့ရဲ့သွေးမျိုးဆက်ထဲသို့ ပေါင်းစည်းထားမှန်း မင်းသိရမယ်၊ ထိုဆန်းကြယ်နတ်ဘုရားအတတ်တွေထဲကတစ်ခုကတော့ တုန်ခါမှုလှိုင်းအရည်ပါပဲ။
တုန်ခါမှုလှိုင်းတစ်ခုရှိပြီး သာမန်တိုက်ခိုက်မှုတွေက သူ့အပေါ် လုံးဝမသက်ရောက်တော့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်က ရေစီးကြောင်းတစ်ခုလိုပဲ။ အပိုင်းအစမရေမတွက်များစွာအဖြစ် ခုတ်ထစ်ခံလိုက်ရရင်တောင် ဆန်းကြယ်နတ်ဘုရားစွမ်းအားအချို့ကိုပဲ ဆုံးရှုံးသွားရလိမ့်မယ်။
တုန်ခါမှုလှိုင်းအရည်ကြောင့်ပဲ သူက ရွှေကျီးကန်ကုန်သွယ်ရေးခန်းမရဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေရဲ့အထက်မှာ ခိုင်မာစွာ ရပ်တည်နေနိုင်ခဲ့တာလေ။ သူ့ထက်ပိုသန်မာတဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားက ဆန်းကြယ်နတ်ဘုရားအတတ်ခြောက်ခုကို သွေးမျိုးဆက်ထဲသို့ ပေါင်းစည်းထားသူပဲဖြစ်နိုင်ပါလိမ့်မယ်။
ကျင့်ထောင်ရွှယ်ရှန်၊ ငါက မင်းကိုရောကုန်သွယ်ရေးခန်းမကိုရော ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ဒါပေမယ့် မင်းရဲ့ကုန်သွယ်ရေးသင်္ဘောပေါ်မှာ ငါ့ကိုဆန့်ကျင်ခဲ့တဲ့တစ်စုံတစ်ယောက်ရှိနေတယ်၊ ငါ သူ့ကို ခေါ်သွားရမယ်" ဖုန်းစစ်က ပြောလိုက်တယ်။
"ဘာကြောင့်လဲ"
ကျင့်ထောင်ရွှယ်ရှန်းက မှင်တက်ဖွယ်ရာအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်တယ်၊ သမုဒ္ဒရာတစ်စင်းထွက်ပေါ်လာသလို လှုပ်ရှားနေတဲ့တောင်တန်းတွေပမာ ဖုန်းစစ်ကို ဖိနှိပ်လိုက်တယ်။
သူ့ပါးစပ်ထောင့်မှ မဲ့ပြုံးပြုံးရင်း ဖုန်းစစ်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်၊ လေဓားသွားတစ်ခုက စိတ်ဝိညာဉ်စွမ်းအားမှ သိပ်သည်းလာပြီး ကျင့်ထောင်ရွှယ်ရှန်းကို ခုတ်ပိုင်းလာတယ်။
ဝှစ်.......
သွေးတစ်ပွက်အန်လိုက်ရပြီး ကျင့်ထောင်ရွှယ်ရှန်းပေါ်ရှိအဟုန်က ရုတ်ချည်းရပ်တန့်သွားတယ်။ သူက ဖုန်းစစ်ကို လက်ညှိုးထိုးကာ ပြောလိုက်တယ်"မင်းက စိတ်ဝိညာဉ်ကျင့်ကြံသူလား"
သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ရန်သူထက် ပိုသန်မာပေမယ့် စိတ်ဝိညာဉ်တာအိုနည်းလမ်းမရှိရင် သူက ဖုန်းစစ်ရဲ့တိုက်ခိုက်မှုကို မရင်ဆိုင်နိုင်ဘူးလေ၊ နတ်ဘုရားစိတ်ဝိညာဉ်က ချက်ချင်းဒဏ်ရာအပြင်းအထန် ရသွားတာပေါ့။
ဖုန်းစစ်လဲ အလွန်သက်သောင့်သက်သာဖြစ်မနေပါဘူး၊ ကျင့်ထောင်ရွှယ်ရှန်းရဲ့အရှိန်အဝါက သန်မာလွန်းတယ်၊ သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးမပြုရင် ကျင့်ထောင်ရွှယ်ရှန်းရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။
"ဟုတ်တယ်၊ ငါ ပြောခဲ့သလိုပဲ၊ ငါ မင်းကို ဆန့်ကျင်စရာအကြောင်းမရှိဘူး၊ ဒါပေမယ့် ငါ့ကို ဖိအားမပေးနဲ့ပေါ့။ မင်းက ငါ့ကို ဖိအားပေးရင် ငါ မင်းကိုလဲ သတ်ရလိမ့်မယ်"
အသက်ကို ခပ်ပြင်းပြင်းရှုသွင်းရင်း ကျင့်ထောင်ရွှယ်ရှန်းက အံကြိတ်ကာ ပြောလိုက်တယ်"ဒါဆိုလဲ မြန်မြန်လုပ်"
"အေးဆေးပါ၊ ခဏလေးပဲ"
ဖုန်းစစ်ရဲ့ပုံရိပ်က လက်သွားပြီး အာကာသယာဉ်ရဲ့အကာအကွယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားတော့တယ်။