ဆန်းကြယ်သောလူအိုကြီး
Vol. 85 Ch. 1198
ဇွက်......
လေဓားသွားတစ်ခုက လျှပ်စီးပင်လယ်မှ ထွက်လာပြီး လီဖူချန်းဆီ ခုတ်ပိုင်းလာတယ်။
ဖုန်းစစ်က တကယ်ကို မသေဘူးပဲ။
ဒါပေမယ့် သူက သေလုနီးပါးပါပဲ။
သူ့ရဲ့ဒေါသအောက်မှာ သူ့ရဲ့တစ်ခုတည်းသောအတွေးကတော့ လီဖူချန်းကို သတ်ဖို့ပဲ၊ သူ့ရဲ့ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတဲ့ခန္ဓာကိုယ်ကို လစ်လျူရှုထားတယ်၊ သူ့ခန္ဓာကိုယ်အပေါ်တိုက်ခိုက်နေတဲ့မိုးကြိုးလျှပ်စီးကို လစ်လျူရှုထားတယ်၊ သူက ချက်ချင်း တန်ပြန်တိုက်ခိုက်လာခဲ့တယ်။
ဂျိုင်း......
မီးပွားတွေက ဦးတည်ဘက်တိုင်းကို ပန်းထွက်လာတယ်။
ဖုန်းစစ်ရဲ့ဒေါသတကြီးတိုက်ခိုက်မှုက လီဖူချန်းကို နည်းနည်းလေးတောင် မနာကျင်စေခဲ့ဘူး။
ရွှေရောင်ခေါင်းလောင်းလေကာတစ်ခုက သူ့ကို ကာကွယ်ထားတယ်။
ကြယ်လေးလုံးအဆင့်နိမ့်ခံစစ်အဆောင်- ရွှေရောင်ခေါင်းလောင်းအဆောင်။
ချွမ်း ချွမ်း......
နောက်မှာတော့ လေဓားသွားအချို့က ရွှေခေါင်းလောင်းလေကာကို ခုတ်ပိုင်းလာခဲ့တယ်။
ပကတိမျက်စိနဲ့ကြည့်ရင် ရွှေခေါင်းလောင်းက တော်တော်များများမှေးမှိန်နေပြီဖြစ်တယ်၊ ကြည့်ရတာ ၎င်းက ဘယ်အချိန်မဆို ပေါက်ကွဲထွက်မယ့်ပုံပဲ။
တိုက်ခိုက်ရေးအဆောင်တွေနဲ့မတူဘဲ ခံစစ်အဆောင်တွေက ထိခိုက်မှုများစွာကို ခံနိုင်တယ်၊ သူတို့ထဲမှာပါဝင်တဲ့စွမ်းအားက ကုန်ဆုံးသွားတဲ့အထိပေါ့။
ရွှေခေါင်းလောင်းက ပျက်ဆီးသွားတဲ့အထိ စောင့်မနေဘဲ လီဖူချန်းက နောက်ထပ်ရေနဂါးလက်ရွေးစင်အဆောင်ကို အသက်သွင်းလိုက်တယ်၊ ရုတ်တရက် ရေနဂါးတစ်ကောင်က လီဖူချန်းကို ဝန်းရံလာတယ်။
တစ်ချိန်တည်းမှာ လီဖူချန်းကလဲ ကြယ်လေးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးအဆောင်ဖြစ်တဲ့နေပြိုကွဲအဆောင်ကို အသက်သွင်းလိုက်တယ်၊ နောက်အခိုက်အတန့်မှာတော့ ထွန်းတောက်တဲ့နေလုံးတစ်ခုက လျှပ်စီးပင်လယ်ထဲမှာ ဖြည်းဖြည်းချင်းမြင့်တက်လာတယ်။
အား.......
ဖုန်းစစ်က အော်ညည်းလိုက်တယ်။
စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူက ဒီလောက်ထိ ဘယ်တော့မှ ဒုက္ခမရောက်ခဲ့ဖူးဘူး၊ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဖြစ်တဲ့ကျင်းထောင်ရွှမ်းရှန်နဲ့ ရင်ဆိုင်ရတာတောင် သူက ပိုသန်မာနေသေးတယ်။
သူ့ရဲ့အားသာချက်က စိတ်ဝိညာဉ်တာအိုအပေါ်မှာ မူတည်တယ်ဆိုတာ သူက ကောင်းကောင်းသိတယ်။
ကျင်းထောင်ရွှမ်းရှန်က အလွန်သန်မာတယ်၊ သူ့ကို တစ်ကွက်တည်းနဲ့ သေချာပေါက် သတ်နိုင်တယ်။
ဒါပေမယ့် ရန်သူက မတိုက်ခိုက်ခင် သူက ရန်သူရဲ့စိတ်ဝိညာဉ်ကို အရင်ဖျက်ဆီးနိုင်မယ်လို့ သူက ယုံကြည်တယ်။
ဒါပေမယ့် လီဖူချန်းက မတူပါဘူး။ ရန်သူမှာ စိတ်ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းရှိတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို လုံးဝမကြောက်ဘူး၊ ဒါကြောင့် အဲဒါကို မေ့လိုက်တော့။ ရန်သူမှာ ကြယ်လေးလုံးအလယ်ဆင့်တိုက်ခိုက်ရေးအဆောင်တစ်ခုရှိတယ်၊ ဒါက သူ့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုပဲ။ တကယ်တော့ သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်မဟုတ်ဘူး၊ သူ့ရဲ့ကိုယ်ပိုင်ခွန်အားက အရမ်းမသန်မာဘူး၊ အနည်းဆုံးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကြားမှာ သာမန်မျှသာပဲ၊ ဘယ်လိုကြယ်လေးလုံးအလယ်ဆင့်အဆောင်မဆို သူ့ကို ထိခိုက်စေနိုင်တယ်။
နေပြိုကွဲအဆောင်ကို ထုတ်သုံးပြီးနောက် လီဖူချန်းက အမှောင်ဝါးမျိုအဆောင်ကို အသက်သွင်းခဲ့တယ်၊ အနက်ရောင်အပေါက်တစ်ခုက ဖုန်းစစ်ကို ဝါးမျိုလာခဲ့တယ်။
"ငါဖုန်းစစ်က ကျိန်ဆိုတယ်၊ ငါ မင်းကို နောက်ကျရင် သေချာပေါက် လာသတ်မယ်"
ဖုန်းစစ်မှာ သူ့အသက်ကို ကယ်ဖို့ တစ်ခုခုရှိမှန်းသိသာတယ်။ သူက ပြင်းထန်တဲ့ဒဏ်ရာတွေကို တစ်ခုပြီးတစ်ခုခံစားခဲ့ရပေမယ့် သူက မသေခဲ့သေးဘူး။ အနက်ရောင်အပေါက်ကို ဖောက်ထွက်ကာ ပုံရိပ်တစ်ခုက ပျံသန်းထွက်လာပြီး နတ်ဘုရားဟင်းလင်းပြင်ရဲ့အနက်ပိုင်းထဲသို့ ထွက်ပြေးသွားတော့တယ်။
လီဖူချန်းက မလိုက်ခဲ့ပါဘူး။
"ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကိုပဲ ပေါင်းစည်းထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကိုတောင် သတ်ရတာ ဒီလောက်တောင် ခက်တာ။ ကျင်းထောင်ရွှမ်းရှန်က ဘယ်လောက်တောင် အားကောင်းလဲ ငါ မသိဘူး။ ရွှေဓားသွေးအဆောင်က ကျင်းထောင်ရွှမ်းရှန်ကို ယှဉ်နိုင်ပါ့မလား"
ကျင်းထောင်ရွှမ်းရှန်က ဖုန်းစစ်နဲ့ မတူပါဘူး။
ဖုန်းစစ်က စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်လို့သာ ကျင်းထောင်ရွှမ်းရှန်က ကြောက်နေတာ။
ဖုန်းစစ်က စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်မဟုတ်ရင် ဖုန်းစစ်ဆယ်ယောက်ကတောင် ကျင်းထောင်ရွှမ်းရှန်ကို သတ်ဖို့ မလုံလောက်ဘူး။
ယခု ကျင်းထောင်ရွှမ်းရှန်က သူနဲ့ပတ်သက်ပြီး ဘာစဉ်းစားနေမလဲကို လီဖူချန်းက စိုးရိမ်နေမိတယ်။
တစ်ဖက်လူက သူနဲ့ပတ်သက်ပြီး စဉ်းစားနေရင် သူက ထွက်ပြေးနိုင်မှာတောင် မဟုတ်တော့ဘူး။
တကယ်တော့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေအကြားကွာဟချက်က ကြီးမားလွန်းတယ်။
ပေါင်းစည်းထားတဲ့ဆန်းကြယ်နတ်ဘုရားအတတ်ပမာဏတွေရဲ့ကွာဟချက်က ပိုတောင်ကြီးမားတယ်။
ကျင်းထောင်ရွှမ်းရှန်က ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုပဲ ပေါင်းစည်းထားမယ်လို့တော့ လီဖူချန်းက မထင်ပါဘူး။
အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေရဲ့ယေဘုယျအဆင့်က ဆန်းကြယ်နတ်ဘုရားအတတ်သုံးခုဒါမှမဟုတ်လေးခုကို ပေါင်းစည်းထားတာပဲ။
ဒီကိစ္စမှာ သူ့မှာ ကြယ်လေးလုံးအဆင့်မြင့်အဆောင်တစ်ခုမရှိရင် ကျင်းထောင်ရွှမ်းရှန်ကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်ဘူး။
"မိတ်ဆွေလေး၊ အာကာသယာဉ်ပေါ်ကို မတက်လာသေးဘူးလား"
လူအိုကြီးရဲ့အသံက ထွက်ပေါ်လာတယ်။
ဒါကို ကြားပြီး လီဖူချန်းက အာကာသယာဉ်ဆီ ပျံသန်းလာခဲ့တယ်။
သူ့အနေနဲ့ လက်ရှိအချိန်မှာ ထွက်သွားတာက သဘာဝမကျပါဘူး၊ သူ့မှာ စိတ်ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်စိတ်ဝိညာဉ်တာအိုရတနာတစ်ခုရှိတယ်ဆိုတာ သေချာသွားစေမှာပေါ့။
သူက အခုထွက်သွားရင် ကျင်းထောင်ရွှမ်းရှန်က လျို့ဝှက်လိုက်လာမယ်ဆိုတာ သူက သေချာတယ်။
လူတိုင်းရဲ့မျက်လုံးထဲမှာ လီဖူချန်းက အာကာသယာဉ်ပေါ်မှာ ရှိနေတယ်၊ အာကာသယာဉ်က ဆက်လက်ခရီးနှင်သွားတော့တယ်။
အာကာသယာဉ်ရဲ့အကောင်းဆုံးအခန်းထဲမှာ ကျင်းထောင်ရွှမ်းရှန်က မဆုံးဖြတ်နိုင်ဖြစ်နေတယ်။
လီဖူချန်းမှာ စိတ်ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်စိတ်ဝိညာဉ်တာအိုရတနာတစ်ခုရှိမှန်း သူက သေချာတယ်။
သို့မဟုတ်ရင် ဖုန်းစစ်ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ဖြေရှင်းနိုင်ခဲ့မှာလဲ။
သူ့မှာ ဒီစိတ်ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းဒါမှမဟုတ်စိတ်ဝိညာဉ်တာအိုရတနာရှိရင် အနာဂတ်မှာ သူက ဖုန်းစစ်လို ဆန်းကြယ်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ ကြောက်စရာမလိုတော့ပါဘူး။
"ဒါကို ငါ ရကိုရရမယ်"
ကျင်းထောင်ရွှမ်းရှန်က စိတ်ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းဒါမှမဟုတ်စိတ်ဝိညာဉ်တအိုရတနာအတွက် အလွန်စိတ်အားထက်သန်နေတော့တယ်။
ထရပ်လျက် ကျင်းထောင်ရွှမ်းရှန်က အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။
"မင်း ဘယ်သူလဲ"
တံခါးအပြင်ဘက်မှာ လူအိုကြီးတစ်ယောက်က သူ့ကို စောင့်နေတယ်။
"မင်းက မိတ်ဆွေလေးကို ရှာဖွေနေတယ်လို့ ငါ ထင်တယ်" လူအိုကြီးက ပြုံးကာ ပြောလိုက်တယ်။
ကျင်းထောင်ရွှမ်းရှန်က ပြောလိုက်တယ်"အဲ့တော့ ဘာဖြစ်လဲ"
သူက လူအိုကြီးကို ဖြတ်မမြင်နိုင်ဘူးဆိုတာ သူက တွေ့ရှိခဲ့တယ်။
လူအိုကြီးက ပြောလိုက်တယ်"မင်းနေရာမှာ ငါဆိုရင် အခုလိုလုပ်မှာမဟုတ်ဘူး"
"တကယ်လား"
ကျင်းထောင်ရွှမ်းရှန်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး ကြောက်စရာကောင်းတဲ့အရှိန်အဝါတစ်ခုက ပေါ်ထွက်လာတယ်။
တစ်ဖက်လူက ဘာလုပ်မလဲကို သူက မြင်တွေ့ချင်ခဲ့တယ်။
ကျင်းထောင်ရွှမ်းရှန်ရဲ့အဟုန်က တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့တယ်။
မဟုတ်ဘူး၊ အတိအကျပြောရရင် ပျောက်ကွယ်သွားတာမဟုတ်ဘူး၊ စုပ်ယူခံလိုက်ရတာ။
သူ့ပတ်လည်ရှိဟင်းလင်းပြင်က ရေမြှပ်တစ်ခုအလား သူ့ရဲ့အရှိန်အဝါကို စုပ်ယူသွားခဲ့တာပဲ။
"ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်လား"
ကျင်းထောင်ရွှမ်းရှန်ရဲ့မျက်လုံးတွေက ကျုံ့ကာ ထိတ်လန့်သွားတော့တယ်။
တစ်ဖက်လူက ပိုင်နက်နတ်ဘုရားအတတ်ကို သွေးမျိုးဆက်ထဲသို့ ပေါင်းစည်းထားသလားဆိုတာက ပြဿနာမဟုတ်ဘူး၊ ပိုင်နက်နတ်ဘုရားအတတ်ရဲ့စွမ်းအားက သံသယရှိစရာမလိုဘူး။
ကျင်းထောင်ရွှမ်းရှန်ရဲ့နှလုံးသားက အကြိမ်ကြိမ်နစ်မြုပ်သွားလေတယ်။
သူက တုံ့ဆိုင်းနေတယ်၊ ဆက်တိုက်ခိုက်ရမလားအပေါ် ချီတုံချတုံဖြစ်နေတယ်။
ရန်သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်မျှပဲဆိုရင် အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားပိုင်နက်အတတ်တစ်ခုရှိရင်တောင် သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။
ပြင်းထန်တဲ့အလင်းတစ်ခုက သူ့မျက်လုံးတွေထဲမှာ ပေါက်ဖွားလာပြီး ကျင်းထောင်ရွှမ်းရှန်ရဲ့ညာလက်က အပြာရောင်အဆိပ်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းကာ လီဖူချန်းကို တိုက်ခိုက်လာခဲ့တယ်။
အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်-အဆိပ်နဂါး။
ဒါက သူ့ရဲ့အသန်မာဆုံးတိုက်ခိုက်ရေးဆန်းကြယ်နတ်ဘုရားအတတ်ပါပဲ။
ဝှစ်......
အပြာရောင်အဆိပ်နဂါးက ပြန့်ကျဲသွားပြီး လူအိုကြီးနားကို လုံးဝမချဉ်းကပ်လာနိုင်ခဲ့ဘူး။
လူအိုကြီးက ခေါင်းခါယမ်းလိုက်တယ်"အသုံးမဝင်ဘူး၊ မင်းက ငါ့ထက် ဆယ်ဆပိုသန်မာရင်တောင် ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ငါ မင်းကို အကြံပေးချင်တာကတော့ သတိမမဲ့ပါနဲ့၊ မဟုတ်ရင် ငါ့ရဲ့လက်က နောက်တစ်ကြိမ်သွေးစွန်းဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး"
ပြောပြီးနောက် လူအိုကြီးက ထွက်သွားခဲ့တော့တယ်။
သူက ထွက်သွားခဲ့တာကြောင့် ပတ်ဝန်းကျင်ဟင်းလင်းပြင်က ပုံမှန်အတိုင်းဖြစ်လာတယ်။
ကျင်းထောင်ရွှမ်းရှန်ရဲ့မျက်နှာက ရုပ်ဆိုးနေတော့တယ်။ သူက နေရာမှာတင် တစ်ခဏ ရပ်နေခဲ့တယ်၊ ပြီးနောက် နောက်လှည့်ကာ သူ့အခန်းထဲသို့ ဝင်ရောက်ခဲ့တယ်။ သူက ရက်ပေါင်းများစွာကြာတဲ့အထိ မထွက်လာခဲ့ပါဘူး။
လီဖူချန်းက အနည်းငယ်ထူးဆန်းသလို ခံစားနေမိတယ်၊ ကျင်းထောင်ရွှမ်းရှန်က သူ့ဆီ မလာတာ အံ့အားသင့်စရာပဲ။
ထားလိုက်တော့၊ သူ ပုံဖော်မနိုင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စဉ်းစားဖို့ ပျင်းရိလွန်းပါတယ်။
နောက်ပိုင်းရက်တွေမှာ လီဖူချန်းက ဓားတာအိုကို လေ့လာခဲ့တယ် ဒါမှမဟုတ် လူအိုကြီးနဲ့ လက်ဖက်ရည်သောက်ကာ စကားပြောနေခဲ့တယ်။
စစ်ခုန်းကျိုက်ရှင်းကတော့ သူက သူ့အခန်းထဲမှာ နေပြီး ကြယ်ဥပဒေသတွေကု နားလည်နေခဲ့တယ်။
အခြားတစ်ဖက်မှာတော့ မိုမိုက ပျင်းရိစွာ အိပ်ပျော်နေတုန်းပဲ။
အချိန်တွေ ကုန်ဆုံးသွားနေတယ်။
လီဖူချန်းရဲ့ဓားတာအိုနယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားစဦးနယ်ပယ်သို့ ချိုးဖြတ်ခဲ့တယ်။
ဒီလိုလျင်မြန်စွာတိုးတက်လာတာက လီဖူချန်းရဲ့ဓားတာအိုပါရမီက ထူးချွန်လွန်းလို့ပဲ၊ သူက ကမ္ဘာရှိအရာအားလုံးက ဓားတစ်လက်ဖြစ်နိုင်တယ်ဆိုတဲ့ ဓားတာအိုရဲ့အနှစ်သာရကို နားလည်ခဲ့ပြီး ဓားတာအ်ိုကို အသေးစားအောင်မြင်မှုတစ်ခုအဖြစ် တွန်းပို့ခဲ့တယ်။
ဓားတာအိုဥပဒေသနဲ့ယှဉ်ရင် ဖျက်ဆီးခြင်းဥပဒေသနဲ့နေရာလပ်-အချိန်ဥပဒေသတို့ကို ချိုးဖြတ်ဖို့ဆိုတာ မလွယ်လှပါဘူး။
လက်ရှိမှာ သူတို့နှစ်ခုလုံးက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေမှာ ရှိတယ်။ လီဖူချန်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို မြင့်တက်ပြီးတော့မှ သူတို့က ချိုးဖြတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။
"မိုမိုနဲ့ယှဉ်ရင် ငါ့ရဲ့တိုးတက်မှုက ဘာမှမဟုတ်ပါလား"
မိုမိုကို စဉ်းစားမိပြီး လီဖူချန်းက လုံးဝလက်ခံယုံကြည်လာခဲ့တယ်။
တစဖက်လူက နေ့တိုင်း အိပ်နေပေမယ့် မကြာသေးမီက သူက အဆင့်နိမ့်ကြယ်သုံးလုံးမှ အလယ်ဆင့်ကြယ်သုံးလုံးအထိ ကြီးထွားလာခဲ့တယ်၊ ဒါက ကလေးဘဝမှ ခြေတစ်လှမ်းပဲ ကွာတော့တယ်။
ဒီလိုတိုးတက်မှုနှုန်းကြောင့် လီဖူချန်းက သူ့လျှာသူကိုက်လိုက်မိတယ်။
မိုမိုက ကြယ်သုံးလုံးအဆင့်နိမ့်အဆင့်မှာ ရှိစဉ်တုန်းက သူ့ခွန်အားက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုထက် သာလွန်တယ်ဆိုတာ မင်း သိရမယ်။
အခု သူက ကြယ်သုံးလုံးအလယ်ဆင့်မှာ ရောက်ရှိနေပြီဆိုတော့ သူ့ရဲ့ခွန်အားက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုကို ကျော်ဖြတ်ပြီးလောက်ပြီ။
"အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့ခွန်အားအရ မိုမိုက လက်ရှိမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်တိုက်ခိုက်ရေးစွမ်းအားရှိတယ်"
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား၊ သူတို့ရဲ့ခွန်အားကို အဆင့်အချို့ခွဲထားတယ်၊ သာမန်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား- အဆင့်သုံးအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားလို့လဲ ခေါ်တယ်၊ အဆင့်နှစ်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား၊ အဆင့်တစ်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား၊ သာလွန်အဆင့်တစ်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနဲ့ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုပြီးတော့ပေါ့။
မိုမိုက ကြယ်သုံးလုံးအလယ်ဆင့်မှာပဲ ရှ်ိတယ်၊ သူက ကြယ်သုံးလုံးအဆင့်မြင့်ကို ရောက်တဲ့အခါ ဘယ်လိုခွန်အားအဆင့်ကို ရောက်ရှိမလဲ၊ သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကိုတောင် ရိုက်နှက်နိုင်မှာလား။
ဒါက မဖြစ်နိုင်ဘူးဆိုတာမဟုတ်ပါဘူး။
ဆန်းကြယ်နတ်ဘုရားတွေကို အဆင့်ကျော်ယှဉ်ပြိုင်ဖို့က ခက်ခဲတယ်။
ထိပ်တန်းအဆင့်ပါရမီရှင်တွေကပဲ ဒါကို လစ်လျူရှုနိုင်တယ်။
မိုမိုက ပါရမီရှင်တစ်ယောက်လားဆိုတာတော့ လီဖူချန်းက မသိပါဘူး။ သူ သိတာကတော့ မိုမိုရဲ့ပါရမီက အနည်းဆုံးကြယ်ခုနှစ်လုံးဆိုတာ သူ သိတယ်။
"ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ လူအများစုက မွေးကတည်းက အလယ်ဆင့်နတ်ဘုရားတွေ ဖြစ်နေပြီ။ သူတို့က အရွယ်ရောက်လာတဲ့အခါ အဆင့်မြင့်နတ်ဘုရားအဆင့်ကို အလိုအလျောက် ရောက်ရှိနိုင်တယ်။ အချိူ့သူတွေကတော့ စွမ်းရည်မပြည့်ဝမှု၊ ချည့်နဲ့မှုတွေနဲ့ မွေးဖွာလာခဲ့ကြတယ်၊ မွေးကာစမှာ အနည်းဆုံးအဆင့်နိမ့်နတ်ဘုရားတွေဖြစ်ကြတယ်"
"အဆင့်မြင့်နတ်ဘုရားတွေက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘှာမှာ သာမန်လူတွေသာ ဖြစ်ကြတယ်။ သူတို့မှာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ခွန်အားတောင် မရှိဘူး"
"ဒါပေမယ့် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ အဆင့်မြင့်နတ်ဘုရားတွေအနေနဲ့ အစစ်အမှန်နတ်ဘုရားအဆင့်ကို ချိုးဖြတ်ဖို့က လွယ်ကူတယ်။ ယေဘုယျအားဖြင့် အဆင့်မြင့်နတ်ဘုရားဆယ်ယောက်မှာ အနည်းဆုံးတစ်ယောက်က အစစ်အမှန်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်နိုင်တယ်"
"အစစ်အမှန်နတ်ဘုရားတစ်ယောက်အနေနဲ့ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဖို့က ပိုခက်ခဲတယ်"
"မင်းက စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်လာတာနဲ့ ဘယ်ရွာမှာမဆို မင်းက ဆရာသခင်တစ်ယောက်ဖြစ်လာပြီ။ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာက မငြိမ်းချမ်းဘူး၊ ဖရိုဖရဲဖြစ်နေတယ်ဆိုတာ မင်း သိရမယ်။ ရွာတစ်ရွာရဲ့စိတ်ဝိညာဉ်နတ်ဘုရားအရေအတွက်က ရွာရဲ့အတိုင်းအတာကို ဆုံးဖြတ်တယ်၊ ပိုသေးတဲ့ပိုအားနည်းတဲ့ရွာတွေက လုံးဝမရှင်သန်နိုင်ဘူး၊ လုယက်သူတွေက ဖျက်ဆီးသွားခဲ့ကြတယ်"
လူအိုကြီးက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့အနေအထားကို အကျဉ်းချုပ်မိတ်ဆက်ခဲ့တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ လူအိုကြီးရဲ့မိတ်ဆက်မှုနဲ့အတူ သူက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာနဲ့ပတ်သက်ပြီး ပိုရှင်းရှင်းလင်းလင်းနားလည်လာတယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ အဆင့်မြင့်နတ်ဘုရားတွေက သာမန်လူတွေဖြစ်တယ်၊ အစစ်အမှန်နတ်ဘုရားတွေက အဓိကခန္ဓာကိုယ်ဖြစ်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားတွေကို ရွာတစ်ရွာကို စောင့်ရှောက်နိုင်တဲ့ ဆရာသခင်တွေလို့သတ်မှတ်နိုင်တယ်။