အပိုင်း(၂၄၆)
Vol. 17 Ch. 246
“လစ်စမ်း”
ကျမ်းချွမ်ကသူ၏နှလုံးသားအောက်ခြေမှလာ
သော ဒေါသတရားဖြင့် ယဲ့ရှီကျောက်ကို အော်ပြောလိုက်သည်။ သူ၏အသံကမိုးခြိမ်းသံတစ်ခုကဲ့သို့ဖြစ်သည်။ ချက်ချင်းပဲသူ၏ ကိုယ်အား လေကိုထိုးခွင်းပျံသန်းလိုက်ပြီး ရှေ့တွင်ရှိနေသောရှစ်ဖုန့်ထံသို့ ပစ်လွှတ်သလိုဝင်ရောက်သွားသည်။ ဧရာမ ထွင်းဖောက်မြင်ရနိုင်သော ဓားတစ်ခုကိုသူ့လက်ထဲတွင်ဖွဲ့စည်းထား၏။ ရှစ်ဖုန့်ထံသို့သူမရောက်ရှိခင် ရုတ်တက် သူ၏ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။
ရုတ်တရက်ရှစ်ဖုန့်၏ ဝန်းကျင်တွင်ရှိနေသောလေတို့ကတစ်ရှိန်
ထိုးတက်လာပြီး ကြည်လဲ့သော ဓားရှည်များအဖြစ်သို့ပြောင်းလဲ
သွားသည်။ ၎င်းမှာ ဤနေရာသို့မုန်တိုင်းတစ်ခုကရောက်ရှိ
လာသကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့က ရှစ်ဖုန့်ထံသို့ဦးတည်ချက်အနှှံမှာ တစ်ရှိန်ထိုးဝင်ရောက်လာပြီး သူ့ထံသို့ဖျစ်ညှစ်ထိုးသွင်းဝင်ရောက်လာသည်။
“ချိုးဖျက်စမ်း”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ သူကသူ၏လက်ထဲတွင်ရှိနေသောသွေးဓားအား သာမန်ကာလျှံကာလှုပ်ရှားလိုက်သည်။ ကြည့်လဲ့သောဓားများမှာ ဖန်ကဲ့သို့ကွဲကြေသွားသည်။ ထို့နောက်ရှစ်ဖုန့် ကျန်းချွမ်ထံဓားကိုထိုးသွင်းလိုက်သည်။ အဖြူရောင်ဓားအလင်းတစ်ခုက ဥက္ကာပျံတစ်ခုကဲ့သို့ ကောင်းကင်အားထိုးခွင်းပျံသန်းလာပြီး ကျန်းချွမ်ထံဝင်ရောက်လာသည်။
“ဒီစွမ်းအားက …ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အဖြူရောင်ဓားချီကသူ့ထံသို့ ချဉ်းကပ်လာသည်ကိုမြင်တွေ့ရသောအခါတွင်ကျန်းချွမ်၏အမူအယာမှာ ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားခဲ့သည်။ သူ၏မျက်နှာထက်တွင်တုန်လှုပ်အံ့အား
သင့်မှုများဖြင့်ပြည့်နှက်နေ၏။ ဤကဲ့သို့ရက်အနည်းငယ်လေးအတွင်းတွင် ဤလူ၏ ခွန်အားက မည်ကဲ့သို့အများကြီးတိုးတက်လာခဲ့သည်ကို သူစိတ်ကူး၍ မရနိုင်ဖြစ်နေသည်။ ဓားအလင်းမှလာနေသောစွမ်းအင်အတက်အကျများအား အာရုံခံမိသောအခါတွင် ၎င်းကသူရင်ဆိုင်နိုင်သောစွမ်းအားတစ်ခုမဟုတ်မှန်းကျန်းချွမ်ချက်ချင်းသိလိုက်သည်။
သူအနေဖြင့်၎င်းအားမယုံကြည်နိုင်ဘူးဆိုခဲ့လျှင်တောင် ရှေ့မှလာနေသောစွမ်းအားက သူ့ထံသို့လွန်စွာပြင်းထန်သောအန္တရာယ်ရောင်ဝါကိုယူဆောင်လာသည်ဖြစ်သည်။ ကျန်းချွမ် ချက်ချင်းနောက်သို့ပျံသန်းဆုတ်ခွာလိုက်သော်လည်း အဖြူရောင်ဓားအလင်းတန်းကပို၍မြန်ဆန်ပြီး ကျန်းချွမ်အားအပြင်းအထန်ပစ်ဆောင့်လာတော့သည်။
“ငါ့အစွမ်းကုန်သုံးရမယ်”
ကျန်းချွမ်က အံကိုကြိတ်လိုက်ပြီး သူ၏ခွန်အားအားလုံးကိုစုစည်းလိုက်သည်။ သူ့လက်အတွင်းရှိနေသောကြည့်လဲ့သည့် ဓားအားအဖြူရောင်ဓားအလင်းထံသို့ခုတ်ပိုင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဘယ်လက်ဖြင့်ဆီးတံဆိပ်လက်သင်္ကေတတစ်ခုကိုပုံဖော်လိုက်သည်။ သူ့ရှေ့တွင်ရှေ့နေသောလေတို့ကတလိပ်လိပ်နှင့် လည်ပတ်လာပြီး ဧရာမ ကြည်လဲ့သောဒိုင်းတစ်ခုအဖြစ်သူ၏ရှေ့၌ ဖွဲ့စည်းသွားသည်။
“ဂျူနီယာညီလေး မင်းက အရမ်းတဇွတ်ထိုးနိုင်တာပဲ.. ဘာလို့ငါ့ကို ပြဿနာတက်နေတာအကူအညီမ
တောင်းတာလဲ..”
ဤအချိန်တွင်ယဲ့ရှီကျောက်၏ ဝမ်းနည်းနေသကဲ့သို့အသံက ကျန်းချွမ်၏နားအတွင်းသို့ဝင်ရောက်လာသည်။ အနီရောင်ပုံရိပ်တစ်ခုက ကျန်းချွမ်၏ရှေ့တွင်လှစ်ခနဲပေါ်လာပြီး ရေခဲကဲ့သို့ဓားတစ်ချောင်းအား ကိုင်ဆောင်ထားကာ အဖြူရောင်ဓားအလင်းထံခုတ်ပိုင်းချလိုက်သည်။
ရေခဲရောင်ဓားရှည်၏ခုတ်ပိုင်းချက်နှင့်အတူ အဖြူရောင်ဓားအလင်းမမှာ ရုတ်ခြည်းချေမှုန်းခံလိုက်ရသည်။သို့သော် ဤအချိန်တွင် အနီရောင်ပုံရိပ်က စွမ်းအားကြီးအားကြောင့်နောက်သို့လွင့်ပျံထွက်သွားသည်။
“သူတောင်မှလွင့်ထွက်သွားတယ်လား”
ကျန်းချွမ်မှာ လွင့်ပျံထွက်သွားသော ယဲ့ရှီကျောက်အားမှင်တွေစွာကြည့်နေသည်။ ထို့နောက်သူက သူ့ရှေ့ရှိဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်ထံသို့ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်က အရမ်းအစွမ်းထက်သည်အားယုံရ
ခက်ဖြစ်နေသည်။လွန်ခဲ့သောရက်အ
နည်းငယ်ခန့်က ၎င်း၏ခွန်အားမှ သူ၏ကိုယ်ပိုင်ခွန်အားနှင့်နှိုင်းယှဉ်၍
ရနိုင်ရုံရှိသည်သာဖြစ်သည်။
သူမယုံကြည်ပဲနေခဲ့လျှင်တောင် သူမာနကြီးစွာနေခဲ့လျှင်တောင် ယဲ့ရှီကျောက်လွင့်ပျံထွက်သွားခြင်းက သူ့ရှေ့မှောက်တွင်ချက်ချင်းလက်ငင်းဖြစ်
ခဲ့ခြင်းဖြစ်သည်။ သူမယုံကြည်နိုင်ခဲ့လျှင်တောင် ၎င်းက အမှန်တရားဖြစ်လေသည်။
“တော်တယ်ကောင်လေး”
လွင့်ပျံထွက်သွားသော ယဲ့ရှီကျောက်မှာ တိုတောင်းသောအကွာအဝေးတစ်ခုအရောက်တွင်ရပ်တန့်သွားသည်။ သူသည်လည်းရှစ်ဖုန့်အားတုန်လှုပ်အံ့အား
သင့်စွာကြည့်နေသည်။အစက ၎င်းမှာ ရိုးရိုးကျားလေးတစ်ကောင်သာဖြစ်သည်။ ၎င်းအား ကြမ်းကြုတ်ခက်ထန်သောကျား
တစ်ကောင်ဖြစ်နေမည်ဟု သူမမျှော်လင့်ထားခဲ့မိချေ။
ဤအခိုက်အတန့်တွင် ကျန်းချွမ်မှာရုတ်ခြည်းတုန်လှုပ်အံ့
အားသင့်နေရာမှာအသိပြန်ဝင်လာပြီး ယဲ့ရှီကျောက်ကိုအော်ပြောလိုက်သည်။
“မင်းသူ့ကိုမသတ်ရင် အဆုံးမဲ့ ပြဿနာတွေဖြစ်လာလိမ့်မယ်…အတူ
တူပူးပေါင်းပြီးတော့သူ့ကိုသတ်ကြစို့ …အဲ့တာထက်ပိုတာက သူ့မှာလျှို့ဝှက်ချက်ကြီးကြီးမားမားရှိတယ်…အချိန်ကျလာတဲ့အခါကျရင် မင်းနဲ့ငါ သူ့ရဲ့လျှို့ဝှက်ချက်တွေကို အတူတူမျှဝေကြမယ်”
ယဲ့ရှီကျောက်မှာ သူ၏ တုန်လှုပ်အံ့အားသင့်နေရာမှ အသိပြင်ဝင်လာပြီးသည့်နောက် ပြုံးလိုက်ပြီး ကျန်းချွမ်အား သူ့ခေါင်းကို ခါယမ်းပြလိုက်သည်။သူ၏မျက်နှာထက်တွင် ညှို့ဓာတ်များဖြင့်ပြည့်နေသကဲ့သို့သူက
ပြောလိုက်သည်။
“ဟီးဟီး..ချွမ်လေး…မင်းသာမင်းအကိုရဲ့ တောင်းဆိုချက်ကိုလိုက်လျောမယ်ဆိုရင် ငါသူ့ကိုသတ်ဖို့အတွက်မင်းကို ကူညီပေးမယ်”
“မင်း..ဒီလိုအချိန်မျိုးမှာတောင် ဒီလိုစကားတွေဘယ်လိုဖြစ်ပြီးတော့
ပြောထွက်ရတာလဲ”
ကျန်းချွမ်က ယဲ့ရှီကျောက်အားအော်ဟစ်လိုက်သည်။ ဤစပ်ဆုပ်ဖွယ်ကောင်းသောမျက်နှာ
အားကြည့်ပြီးကျန်းချွမ်မှာ သူသာလုပ်နိုင်မည်ဆိုလျှင်၎င်းအား ဖွတ်ဖွတ်ညက်ညက်ကြေအောင်ထု
သတ်ချင်သည့်စိတ်ပင်ပေါက်နေသည်။
ကျန်းချွမ်၏စကားအားကြားလိုက်ရသောအခါတွင် ယဲ့ရှီကျောက်က ခေါင်းကိုခါယမ်းပြီး ပြုံးလိုက်သည်။ သူကဒေါသထွက်စွာပြောလိုက်၏။
“ချွမ်လေး …မင်းကငါ့အပေါ်မှာ အရမ်းခါးသီးတာပဲ.ငါကဒါကိုမင်းကောင်းဖို့အတွက်လုပ်ပေးနေတာ….အဲ့မိန်းမဆိုတာတွေကဘာတွေများကောင်းနေလို့လဲ..သူတို့မျက်နှာကငါ့လောက်လဲ ချောမောနေတဲ့မျက်နှာတွေမဟုတ်ဖူး..ပြီးတော့သူတို့ရဲ့ ခန္ဓာကိုယ်ကလဲ ငါ့လောက်မင်းကို ပျော်ရွှင်အောင်မလုပ်ပေးနိုင်ဘူး..ချွမ်လေး မြန်မြန်လေးလာပြီးငါ့ကိုလက်ခံလိုက်စမ်းပါ….ငါမင်းကိုပျော်ရွှင်မှုနဲ့နွေးထွေးမှုတွေကို ပေးနိုင်တယ်”
“လီးပေါ့….သောက်ရွံစရာကောင်…မိန်းမတွေကဆိုးရွားတယ်လို့မင်းဘယ်လိုတော်တွေးခေါ်ရတာလဲ”
ယဲ့ရှီကျောက်၏စကားတို့အားကြားရသောအခါတွင် ကျန်းချွမ်မှာအန်ပင်အန်ချင်လာသည်။ ဤအခိုက်အတန့်တွင် ဧရာမမီးတောက်ဓားကြီးက ဟင်းလင်းပြင်ထဲဤ ကောင်းကင်အား ပေါင်းကူဖြတ်သန်းထားသကဲ့သို့ဖြစ်ပေါ်လာ
သည်။ ၎င်းကကောင်းကင်အားထောက်ထားသော ဧရာမတိုင်လုံးကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။၎င်းကကျန်းချွမ်အားလွှမ်းခြုံ၍ ၎င်းကိုယ်အားပစ်မှတ်ထားကာ အောက်သို့ကျဆင်းလာသည်။
ယဲ့ရှီကျောက်က ဟင်းလင်းပြင်ထဲရှိဧရာမမီးတောက်ဓားကြီးအားကြည့်လိုက်ပြီးမှင်တွေစွာပြောလိုက်သည်။
“ဝိုး…အရမ်းကြီးတာပဲ”
ရှစ်ဖုန့်၏စွမ်းအားကြောင့်နောက်တစ်ကြိမ်ထပ်မံ၍ ကျန်းချွမ်မှာ သူ၏နှလုံးသားအတွင်းမှ တဆက်ဆက်တုန်ရင်မှုကိုခံစားလိုက်ရသည်။ သူ့အနေဖြင့်ဤစွမ်းအားအားလုံးဝ ခုခံနိုင်ခြင်းမရှိပေ။သူ၏မျက်နှာထွက်တွင် ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။ သူကယဲ့ရှီကျောက်အား အလျှင်အမြန်အော်ပြောလိုက်သည်။
“မြန်မြန် …….အဲ့တာကိုငါ့အတွက်မြန်မြန်တားပေး”
ဤအချိန်တွင် ယဲ့ရှီကျောက်က နှစ်လိုဖွယ်ကောင်းသောမျက်နှာထားဖြင့် ကျန်းချွမ်အားဆက်လက်၍ ခေါင်းခါပြနေသည်။
“ချွမ်လေး..မင်းငါ့တောင်းဆိုချက်ကိုမ
လိုက်လျောဘူးဆိုရင် ငါအရင်ဆုံးထွက်သွားလိုက်တော့မယ်..
အား…ငါ့မင်းနောက်ကိုနှစ်ပေါင်းများစွာအပတ်တကုတ်လိုက်ရင်းနဲ့ အချိန်တွေကိုဖြုန်းတီးခဲ့တာပါလား”
စွမ်းအားကြီးမားသောစွမ်းအင်နှင့် အန္တရာယ်ရောင်ဝါတို့က တစ်ဟုန်ထိုးချဉ်းကပ်လာနေသည်။ ကျန်းချွမ်မှာ ယဲ့ရှီကျောက်အား လည်မျိုညှစ်သက်ချင်စိတ်ပင်
ပေါက်နေမိသည်။ချက်ချင်းပဲ သူက လိုအင်ဆန္ဒတို့မပါသောလေသံဖြင့်
အော်ပြောလိုက်သည်။
“ကောင်းပြီ ………ငါမင်းကိုကတိပေးတယ်..
ငါမင်းကိုကတိပေးတယ်…မင်းသာငါ့ကိုကူညီပြီးတော့ဒီလူကိုသတ်ပေးတာနဲ့ ငါမင်းတောင်းဆိုတာကိုသဘောတူမယ်..”
ကျန်းချွမ်မှာ ဤစကားလုံးများပြောနိုင်ရန်အတွက် လုံလောက်သည့်သတ္တိတစ်ခုကိုအား
ခဲမွေးခဲ့ရပြီး သူ၏မျက်လုံးတို့ထောင့်မှ မျက်ရည်စီးကြောင်းနှစ်ခုပင်တိတ်တဆိတ်ကျဆင်းလာခဲ့သည်။ ဤစကားလုံးများ၏အဓိပ္ပါယ်က ဘာဆိုသည်အားသူအလိုအလျောက်နားလည်သည်ဖြစ်သည်။သူအနေဖြင့်ဤစကားများအား ယဲ့ရှီကျောက်ကိုပြောပြီးသည့်အချိန်တွင် သူအလိုရှိလျှင်တောင် ယဲ့ရှီကျောက်က သူ့ထက်ကြယ်နှစ်ပွင့်အဆင့်မြင့်မား
သောကြောင့် ဤစကားများအားပြန်လည်ရုတ်
သိမ်းနိုင်တော့မည်မဟုတ်ပေ။
“ဟီးဟီး..ချွမ်လေးရယ်…မင်းဘာလို့စောစောက မပြောရတာလဲ…မင်းဘာလို့ပြဿနာကိုမီးခွက်ထွန်းရှာနေရတာလဲကွာ..မင်းတကယ့်ကိုဒုက္ခတွေကိုတောင်းဆိုနေခဲ့တာပဲ”
ယဲ့ရှီကျောက်က နှစ်လိုဖွယ်ကောင်းသောအပြုံးဖြင့်
ပြောလိုက်သည်။သို့သော် သူ၏လှုပ်ရှားမှုများကလည်းနှေးကွေးနေခြင်းမရှိခဲ့ပေ။ သူ၏ပုံရိပ်က ကောင်းကင်အတွင်းသို့ ချက်ချင်းထိုးတက်သွားသည်။ သူ၏ညာလက်သည်းက သူ၏ခေါင်းထက်သို့မြင့်တက်လာသည်။ ရေခဲစိုင်ကြီးတစ်ခုအား သူ၏လက်ထဲတွင်ကိုင်ဆောင်ထားသကဲ့သို့ ဧရာမလုံးချွန်သဏ္ဍန် ရေခဲပန်းဆွဲများက သူ၏လက်ဖဝါးတွင်ဖြစ်ပေါ်လာသည်။
ရုတ်တရက်သူက ၎င်းအားဧရာမမီးတောက်ဓားချီထံသို့ပစ်သွင်းလိုက်ပြီး ၎င်းအားတိုက်ခိုက်လိုက်သည်။
“အုန်း”
ပြင်းထန်သောအားနှစ်ခု၏အပြင်းအ
ထန်ပစ်ဆောင့်မှုအောက်တွင် ကောင်းကင်ထဲ၌ပြင်းထန်သော
မြည်ဟိန်းသံကြီးတစ်ခုထွက်ပေါ်လာသည်။ ၎င်းမှာမိုးကောင်းကင်မှ ကျယ်လောင်စွာမြည်ဟိန်းသကဲ့သို့ဖြစ်သည်။
ထို့နောက်ချက်ချင်း ဧရာမမီးတောက်ဓားချီကြီးမှာ အပိုင်းပိုင်းကျိုးပျက်သွားသည်။
ရေခဲစိုင်ကဲ့သို့ဧရာမရေခဲပန်းဆွဲကြီးမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ သွေးနီရောင်မီးတောက်တို့က ဦးတည်ချက်အနှံ့သို့ ဖြန်းပက်လိုက်သလို ပျံ့နှံ့ထွက်က်သွားပြီး သွေးနီရောင်ကောင်းကင်ပြင်အား နောက်ထပ်လှပသောနတ်ဆိုးဆန်သည့် အလှတစ်ခုကိုပေးစွမ်းနေသည်။
ဟိုဟိုသည်သည် ဖြန်းပက်ကျနေသော မိုးသီးများ၏အလယ်တွင် အနီရောင်ပုံရိပ်တစ်ခုကလည်း
အောက်သို့ကျဆင်းလာသည်။ ကျန်းချွမ်မှာအလျှင်အမြန်ပျံသန်းသွားပြီး သူ၏ လက်ကိုဆန့်ထုတ်၍ ယဲ့ရှီကျောက်၏ပခုံးအား ဖိကိုင်လိုက်ကာ တစ်ဟုန်ထိုးကျဆင်းလာသော
ယဲ့ရှီကျောက်အားဖမ်းဆီးလိုက်သည်။
ယဲ့ရှီကျောက် သူ၏ကိုယ်အားထိန်းညှိနိုင်သွား
သည့်နောက်တွင် ကျန်းချွမ်က သူ့အားစိုးရိမ်စွာမေးလိုက်သည်။
“မင်းဘယ်လိုနေလဲ အဆင်ပြေရဲ့လား”
ဤအချိန်၌ ကျန်းချွမ်အနေဖြင့်မည်သို့မျှမတက်နိုင်ဘဲ တကယ်စိုးရိမ်မိခြင်းဖြစ်သည်။ ဤလူသာတကယ်သေဆုံးသွားခဲ့လျှင် သူ့အတွကသေခြင်းတရားမှလွတ်မြောက်နိုင်ရန်အတွက်ခက်ခဲသွားလိမ့်မည်ဖြစ်သည်။
ကျန်းချွမ်၏စိုးရိမ်ပူပန်သောစကား
အားကြားလိုက်ရသောအခါတွင် ယဲ့ရှီကျောက်က သူခေါင်းကိုလှည့်၍ ဘေးတွင်ရှိနေသော ကျန်းချွမ်ကိုကြည့်လိုက်သည်။ သူ၏ထူးဆန်းပြီးအမျိုးသမီးတစ်
ယောက်ထက်ပို၍ ချောမောသောမျက်နှာထက်တွင်
ပျော်ရွှင်မှု ၊ဝမ်းမြောက်မှု ကြင်နာယုယမှုများဖြင့်ပြည့်နှက်နေသည်။ သူကကျန်းချွမ်းအားကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။
“ချွမ်လေး မင်းနှလုံးသားထဲမှာငါရှိနေတယ်
ဆိုတာကိုသိသားပဲ…မဟုတ်ရင်မင်းတစ်ခြားသူတစ်ယောက်ကိုဒီလောက်ထိဂရု
စိုက်မှာမဟုတ်ဖူး …….စိတ်မပူပါနဲ့စီနီယာအကို
အဆင်ပြေပါတယ်..မင်းရဲ့ဂရုစိုက်မှုတွေနဲ့ စီနီယာအကို အခုချိန်မှာ ခွန်အားတွေပြည့်ဝနေပါပြီ…
စီနီယာအကိုနေနဲ့ မင်းနဲ့ငါ့ကြားက ပျော်ရွှင်စရာကောင်းတဲ့မြင်ကွင်း
တွေကိုတောင်မြင်မိနေပြီ”
ဆက်ရန်…………
ဘာသာပြန်သူ-ARISE