← Chapters

အပိုင်း (၂၄၇)

Vol. 17 Ch. 247

အပိုင်း (၂၄၇)

Vol. 17 Ch. 247

ယဲ့ရှီကျောက်၏ မျက်နှာထက်ရှိ ပျော်ရွှင်မှု၊အူမြူးမှု၊မျက်နှာလိုမျက်နှာရလုပ်

မှုများနှင့် စကားလုံးများအား မြင်ရကြားရသောအခါတွင် ကျန်းချွမ်မှာ ကျောချမ်းမှုကိုရုတ်တရက်ခံစားလိုက်ရသည်။ ထို့နောက်တွင် သူ၏လက်ကယဲ့ရှီကျောက်၏ ပခုံးပေါ်၌တင်ထားဆဲဖြစ်သည်ကိုသဘောပေါက်လိုက်ပြီး  လျှင်မြန်စွာလက်အားပြန်ရုတ်လိုက်သည်။

နောက်ဆုံးစကားလုံးတို့အား ယဲ့ရှီကျောက်ပြောလိုက်သည့်အချိန်တွင် ကျန်းချွမ်၏စိတ်အတွင်း၌ သူ့အားအတော်လေးကိုရွံရှာစက်ဆုပ်စေသောပုံရိပ်များက အတင်းအဓမ္မလုပ် ယူမရပါဘဲ  ဖျက်ခနဲပေါ်လာသည်။

ယခု ယဲ့ရှီကျောက်နှင့်မျက်နှာချင်းဆိုင်ရသောအ

ခါတွင်ကျန်းချွမ်မှာနောင်တရမှုကိုထပ်မံခံစားလိုက်ရသည်။  သို့သော် ယဲ့ရှီကျောက်သာရှိမနေပါက သူ့အနေဖြင့် ထိုလူယုတ်မာ၏သတ်ဖြတ်မှုကို ခံနေရပြီးလောက်ပြီဖြစ်လေသည်။

သူ၏ကံကြမ္မတရားအားဆုံးဖြတ်ပြီးသွားခဲ့သည်များဖြစ်နေနိုင်မည်လား။

“ဒါတွေအားလုံးက သူ့ကြောင့်ပဲ …”

ကျန်းချွမ်က ရှစ်ဖုန့်အား အမုန်းတရားများဖြင့်စိုက်ကြည့်လိုက်သည်။အားလုံးမှာ သူ့အား၎င်းမှသေသည်အထိ အတင်းအကျပ်ပို့ဆောင်ခဲ့သောကြောင့် ဤကဲ့သို့ဖြစ်လာရခြင်းဖြစ်သည်။

ကျန်းချွမ်က သူ၏အမုန်းတရားအားလုံးအား ရှစ်ဖုန့်၏အပေါ်တွင်ပုံအောလိုက်သည်။

“ချွမ်လေး ….မင်းငါ့အပေါ်မှာအရမ်းသဘောကောင်း

တာကြောင့် ငါလည်းပဲမင်းအပေါ်မှာ ပြန်ပြီးကောင်းမွန်ပေးရမှာပေါ့…. မင်းသတ်ချင်တဲ့အဲ့လူကို ဒီကမ္ဘာပေါ်မှာ ငါဆက်ပြီး အသက်ရှင်ခွင့်မပေးနိုင်ဘူး”

ယဲ့ရှီကျောက်သည်လည်းကျန်းချွမ်၏မျက်နှာထက်ရှိအမူအယာပြောင်းလဲမှုတို့အားသတိထား

မိသည်ဖြစ်သည်။ ထို့ကြောင့် သူက ကျန်းချွမ်အားညင်သာစွာပြောဆိုလိုက်သည်။

“လေတွေလျော့စမ်းပါ သူ့ကိုသာသွားပြီးသတ်”

ကျန်းချွမ်က ယဲ့ရှီကျောက်အား အော်ငေါက်လိုက်သည်။

ကျန်းချွမ်၏အော်ငေါက်မှုအားကြားလိုက်ရသောအခါတွင် ယဲ့ရှီကျောက်က စိတ်ဆိုးသွားခြင်းမရှိချေ။ ထိုအစား သူကရယ်ပင်ရယ်မောလိုက်သေးသည်။

“အိုး မင်းက မင်းရဲ့စီနီယာအကို ပေါ်မှာထပ်ပြီးတော့ခက်ထန်ထာပြန်ပီ…ဒါပေမဲ့တစ်ခါတစ်လေမှာ  မင်းရဲ့စီနီယာအကိုကမင်းရဲ့ ကြမ်းတမ်းတဲ့ဘက်ခြမ်းကိုသဘောကျတယ်…မင်းက သန်မာတဲ့ယောက်ျားပဲ”

‌ယဲ့ရှီကျောက်က  စကားပြောပြီးသည့်နောက် လျှင်မြန်စွာဖြင့်ရှစ်ဖုန့်ထံပျံသန်းသွားသည်။ သူပျံသန်းနေစဉ် အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်

ယဲ့ရှီကျောက်မှာရှစ်ဖုန့်အားပွေ့ဖက်တော့မည်သကဲ့သို့သူ၏လက်မောင်းတို့အားဖွင့်ဟထားသည်။ သူ၏ပုံစံမှာပျံသန်းနေသောအနီရောင်ကြိုးလွှတ်စွန်တစ်ကောင်နှင့်ပင်တူသည်။ ရုတ်ခြည်းပြင်းထန်သော မိုးသီးမုန်တိုင်းများက ရှစ်ဖုန့်၏ ခေါင်းထက်တွင်ပေါ်လာသည်။ မိုးသီးမုန်တိုင်းများမှာရေခဲဓားမြှောင်များ

ကဲ့သို့ဖြစ်ပြီး ရှစ်ဖုန့်ထံသို့ပြင်းထန်စွာဖြင့်တဝီဝီဦး

တည်လာနေသည်။

ဤအချိန်တွင်သွေးနီရောင်ချပ်ဝတ်က ရုတ်တရက်ရှစ်ဖုန့်၏ခေါင်းထက်တွင်

မြင့်တက်လာပြီး ရှစ်ဖုန့်အားကာဆီးပေးလိုက်သည်။သွေးနီရောင်အလင်းက တောက်ပစွာလင်းလက်လာပြီး သွေးနီရောင်ချပ်ဝတ်နှင့် သွေးနီရောင်အလင်းတန်းတို့အောက်တွင် မိုးသီးမုန်တိုင်းများမှာ တားဆီးခံလိုက်ရသည်။

“ဘာ”

တစ်ဟုန်ထိုးချဉ်းကပ်လာနေဆဲဖြစ်သော ယဲ့ရှီကျောက်မှာ ရှစ်ဖုန့်၏ခေါင်းထက်ရှိချပ်ဝတ်ထံ သူငယ်အိမ်တို့အားပြူးပြဲထားသကဲ့သို့

စိုက်ကြည့်နေသည်။ သူ၏ညှို့ဓာတ်ရှိသော မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုများပေါ်လာပြီး နောက်သူကအော်ပြောလိုက်သည်။

“ အဆင့်ခြောက် အံ့ဖွယ်ချပ်ဝတ်ပဲ.. “ဒါက အဆင့်ခြောက် အံ့ဖွယ်ချပ်ဝတ်ပဲ..”

သူချဉ်းကပ်လာရင်း ရှစ်ဖုန့်လက်အတွင်းရှိသွေးဓားကို

သတိပြုမိလိုက်သည်။  သူကထပ်မံ၍အော်ပြောလိုက်သည်။

“ဒါက အဆင့်ခြောက် အံ့ဖွယ်လက်နက်ပဲ အဲ့တာကငါ့ရဲတိုက်ခိုက်မှုကို တားဆီးနိုင်တာမအံ့ဩတော့ပါဘူး”

ဤအချိန်တွင် ကြီးမားသောရတနာတစ်ခုအားရှာဖွေတွေ့ရှိ

သကဲ့သို့ ရှစ်ဖုန့်အားကြည့်နေရင်း  ယဲ့ရှီကျောက်၏မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်။

မကြာခင်သူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ဟားဟား ကောင်းတယ် ကောင်းတယ်ကွာ….ဒီနေ့မှာငါချွမ်လေးရဲ့

ခန္ဓာကိုယ်ကိုရရုံတင်မကဘူး အဆင့်ခြောက်လက်နက်နှစ်ခုကိုလည်း ရနိုင်အုံးမှာ…..ကောင်းကင်ဘုံက ယဲ့ရှီကျောက်ကို သဘောတွေကောင်းနေတော့တာပါပဲလား”

ဤအချိန်တွင် ယဲ့ရှီကျောက်မှာ သူ၏ရှေ့၌ အဖြူရောင်ဓားချီတစ်ခုအားရုတ်တရက်မြင်တွေ့လိုက်ရသည်။ ယဲ့ရှီကျောက်ကလည်းရှစ်ဖုန့်ထံချဉ်းကပ်လာသကဲ့သို့  ရှစ်ဖုန့်ကလည်းသူ့ထံချဉ်းကပ်လာသည်။ ဤလိင်စိတ်ဖောက်ပြန်နေသည့်ကောင်အား ဖြစ်နိုင်သမျှအမြန်ဆုံးသူသတ်ပစ်ချင်နေသည်။ထိုမှသာ စပ်ဆုပ်ဖို့ကောင်းခြင်းကအဆုံးသတ်သွား

လိမ့်မည်ဖြစ်ပြီးသူသည်လည်း ဖြစ်နိုင်သမျှအမြန်ဆုံးအဆင့်တက်နိုင်လိမ့်

မည်ဖြစ်သည်။

ဤဓားထံမှနေ၍ ဆန်းကြယ်ပြီးထူးဆန်းသော ခံစားချက်ကိုယဲ့ရှီကျောက်ခံစားရသည်။ ထို့ကြောင့်သူ့အနေဖြင့်ရှစ်ဖုန့်၏အပေါ်၌ ယခင်ကကဲ့သို့ တိုက်ခိုက်ခဲ့သလိုမျိုး လျော့တွက်ရဲခြင်းမရှိပါချေ။သူ့ညာလက်အား လက်ဖဝါးတစ်ခုအသွင်ဆန့်ထုတ်လိုက်သည်။ ချက်ခြင်းပဲ သူ့တစ်ကိုယ်လုံးအားဖုံးလွှမ်းသွားရန်

လုံလောက်သော အေးစက်သည့်အလင်းကတစ်ဖက်တွင်တောက်ပလာသည်။ မာကြောသိပ်သည်းသော ဒိုင်းတစ်ခုက သူဖက်ဝါးအလယ်တွင်ပေါ်လာပြီးရှစ်ဖုန့်

တိုက်ခိုက်လာမှုအားကာဆီးလိုက်သည်။

“ဘန်း”

ဓားနှင့်ဒိုင်းတို့ကအပြင်းအထန်ပစ်ဆောင့်

မိကြသည်။ ရှစ်ဖုန့်အနေဖြင့် ထိုရေခဲစွမ်းအင်များဖြင့်ဖွဲ့စည်းထားသော ရေခဲဒိုင်းကာက အရမ်းကိုထူထဲကာသူ၏ခွန်အားအပြည့်

တိုက်ခိုက်မှုအားတားဆီးနိုင်နေလိမ့်မည်ဟု ရှစ်ဖုန့် မျှော်လင့်ထားခဲ့ခြင်းမရှိချေ။

“မိစ္ဆာမျက်လုံး ..ပွင့်စမ်း”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

တတိယတိုက်စားခြင်းမိစ္ဆာမျက်လုံးက ပွင့်လာပြီး တိုက်စားခြင်းမြူခိုးများအားတ

လိပ်လိပ်ပန်းထုတ်ကာ ၎င်းတို့ကရှေ့သို့တစ်ဟုန်ထိုးဦး

တည်သွားသည်။

“ဟမ်”

အုံကြွလာသော မီးခိုးရောင်မြူခိုးများအောက်တွင် ယဲ့ရှီကျောက်မှာ သူ့လက်အတွင်းတွင်ရှိနေသောရေခဲဒိုင်းကာက တိုက်စားမှုလက္ခဏာများဖြစ်ပေါ်လာ

သည်ကိုရုတ်တရက်ခံစားလိုက်ရသည်။ တိုက်စားနေသာအမြန်နှုန်းက အရမ်းနှေးကွေးသော်လည်း ၎င်းက မပြောပလောက်စရာအခြေအနဟုတ်မနေပေ။

“ရေခဲမီးတောက်သတ်ဖြတ်ခြင်း “

ယဲ့ရှီကျောက် က အော်ပြောလိုက်သည်။ သူကသူ၏ဘယ်လက်အားတင်းတင်းဆုပ်ပြီး ရှေ့သို့လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

ရေခဲမီးတောက်တစ်ခုနှင့်အတူ ပုံမှန်ထက်လွန်ကဲသော အေးစက်သည့်ရောင်ဝါတစ်ခုက ယဲ့ရှီကျောက်၏လက်သီးချက်နှင့်အတူ

ယှဉ်တွဲ၍  ဟင်းလင်းပြင်ထဲတွင်ရုတ်တရက်ပေါ်လာသည်။ ထို့နောက် ၎င်းကပျံနှံ့ထွက်လာပြီး သူ့ရှေ့ရှိတလိပ်လိပ်တက်လာနေသော မီးခိုးရောင်မြူခိုးများနှင့် မြူခိုးများနောက်ဘ က်တွင်ရှိနေသောရှစ်ဖုန့် အားလွှမ်းခြုံသွားသည်။

“ဟမ့်..အဆင့်ခြောက် ရေခဲသားရဲမီးတောက်လား”

သူ့ထံသို့ သိမ်းကျုံးဦးတည်လာနေသော ရေခဲမီးတောက်များအားရင်ဆိုင်ရင်း ရှစ်ဖုန့်၏မျက်နှာထက်၌ အထင်သေးမှုများဖြင့်ပြည့်နှက်နေသည်။ သွေးနီရောင်မီးတောက်တို့ကသူ့ကိုယ်မှဟုန်းခနဲထွက်ပေါ်လာပြီး မီးခိုးရောင်မြူအတွင်းသို့တလိပ်လိပ်ဦး

တည်သွားကာ သူ့ထံသို့သိမ်းကျုံးဦးတည်လာနေသော

ရေခဲမီးတောက်နှင့် ရေခဲဒိုင်းကာတို့အား လောင်ကျွမ်းလိုက်သည်။

“ဘာဖြစ်နေတာလဲ”

ယဲ့ရှီကျောက်၏ အမျိုးသမီးတစ်ဦးထက်ပင်ပို၍ လှသော ညို့ဓာတ်ပြင်းသည့်မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုများ

ဖြင့်ပြည့်နှက်နေသည်။ သွေးနီရောင်မီးတောက်ပေါ်လာသည့်အချိန်တွင် သူ၏ရေခဲမီးတောက်က တွန့်ဆုတ်မှုတို့ဖြစ်နေသည်ကိုသူခံစားမိသည်။ ၎င်းကပြန်လည်၍ဆုတ်ခွာနေချင်၏။ဒါက …..ယင်းသည် မီးတောက်တစ်ခု၏ဖိနှိပ်ခြင်းကိုခံနေရခြင်း

ပင်ဖြစ်လေသည်။

“အဆင့်မြင့်မီးတောက်…အ

ဆင့်မြင့်မီးတောက်ပဲ”

သွေးနီရောင်မီးတောက်အားမြင်

တွေ့ရသောအခါတွင် ယဲ့ရှီကျောက်မှာ ထပ်မံ၍စိတ်လှုပ်ရှားလာပြန်သည်။ယ င်းမှာ ရှစ်ဖု့န်တွင်ရှိနေသောအရာအားလုံးက သူ့၏အရာများဖြစ်လိမ့်မည်သကဲ့

သို့ပင်ဖြစ်သည်။

“ရေခဲမီးတောက်သတ်ဖြတ်ခြင်း….

.မိုးသီးဟစ်အော်သံ”

ယဲ့ရှီကျောက်က ရူးသွပ်သွားသောသူတစ်ယောက်ကဲ့သို့ ကြုံးဝါးလိုက်သည်။ သူကရေခဲမီးတောက်အား နောက်သိုပြန်လည်ဆုတ်ခွာခြင်းမရှိအောင်ထိန်းချုပ်ခဲ့ပြီး ဆက်လက်၍ ရှေ့သို့သိမ်းကျုံးဦးတည်စေလိုက်သည်။ ထို့နောက်မကြာခင် ကောင်းကင်ထဲ၌ ပြင်းထန်သောမိုးသီးများဖြင့်ပြည့်နှက်သွားပြီး ၎င်းတို့ကအောက်သို့တရွှီရွှီကျဆင်းလာသည်။

ဤအချိန်တွင် ကျန်းချွမ်ကလည်းလှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးဖြင့် ဓားတစ်ချောင်းပုံစံကိုဖော်လိုက်သည်။ မိုးသီးများကြားထဲတွင်ကြည်လဲ့သောဓား

ရှည်များက သိပ်သည်းဖွဲ့စည်းလာသည်။ မိုးသီးများနှင့်အတူယှဉ်တွဲ၍ ၎င်းတို့က ရှစ်ဖုန့်ထံသို့မာန်ဟုန်ပြင်းစွာဖြင့်ကျ

ဆင်းလာသည်။

သွေးနီရောင်ချပ်ဝတ်က ရှစ်ဖုန့်၏ဦးခေါင်းထက်တွင်လွင့်မျော

သေးဆဲဖြစ်သည်။ သို့သော် ချပ်ဝတ်နှင့် သွေးနီရောင်အလင်းတို့က မိုးသီးလှိုင်းများနှင့် အကြည်ရောင်ဓားရှည်များအားတားဆီး

နိုင်ခဲ့သော်လည်း သွေးနီရောင်အလင်းကဖြည်းဖြည်းချင်း လွင့်ပျယ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။ ယဲ့ရှီကျောက်နှင့်ကျန်းချွမ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုက ယခင်ထက်ပို၍ အစွမ်းထက်လာသည်။

ယဲ့ရှီကျောက်၏ ရေခဲမီးတောက်သည်လည်း သွေးနီရောင်မီးတောက်အတွင်းသို့

အရှိန်အဟုန်ဖြင့်ပစ်ဝင်လာပြီး မီးခိုးရောင်မြူခိုးများဖြင့်ပေါင်းစည်းသွားသည်။ သို့သော် သွေးနီရောင်မီးတောက်၏တောက်

လောင်မှုအောက်တွင် ရဲခဲမီးတောက်တို့မှာလျှင်မြန်စွာကွယ်

ပျောက်သွားကြသည်။

“ဝုန်း”

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ  ရေခဲဒိုင်းကာမှာတောင်လောင်နေသောသွေး

နီရောင်မီးတောက်၏အောက်၏ ဖြည်းဖြည်းချင်း အရည်ပျော်ကျလာပြီး ရှစ်ဖုန့်၏ဓားချက်ကြောင့် အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။

ရှစ်ဖုန့်၏ဓားရှည်က ယဲ့ရှီကျောက်၏ ရင်ဘက်ထံသို့ထိုးသွင်းလိုက်သည်။ ထို့နောက်တွင်နီးကပ်စွာလိုက်ပါ၍ သွေးနီရောင်မီးတောက်တို့ ဆက်လက်ပြင်းထန်စွာလောင်ကျွမ်းနေပြီး အဖြူရောင်ဓားရိပ်စီးကြောင်းများကလည်း ရှုပ်ယှက်ခက်နေသည်။တိုက်ခိုက်မှုများစွာနှင့် ဓားရှည်များက ယဲ့ရှီကျောက်ထံသို့ အတူတကွသိမ်းကျုံးဦးတည်လာသည်။

“မဟုတ်ဖူး..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ရေခဲဒိုင်းကာ ကျိုးပျက်သွားခြင်း၊ ရေခဲမီးတောက်တို့ပျောက်ကွယ်သွားခြင်းနှင့်များစွာသောတိုက်ခိုက်မှုများက လာနေသည်ကို တွေ့မြင်လိုက်ရသောအခါတွင် ယဲ့ရှီကျောက်၏ မျက်လုံးတို့ပြူးကျယ်သွားပြီး အလျှင်အမြန်ပြန်လည်ဆုတ်ခွာပြေးလိုက်သည်။ သူဘယ်နေရာသို့သွားသည်ဖြစ်စေ ထူထဲသိပ်သည်းသော ရေခဲလွှာများကိုနောက်၌ချန်ရစ်ထားခဲ့သည်။

ရှစ်ဖုန့်ကရှေ့သို့ရဲရဲဝင့်ဝင့်ပင်ချီတက်လိုက်သည်။ သူ၏အဖြူရောင်ဓားချီတို့အောက်တွင် ရေခဲလွှဲများမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ သူကယဲ့ရှီကျောက်၏နောက်သို့လိုက်ဖမ်းလိုက်သည်။

ယဲ့ရှီကျောက်မှာရှစ်ဖုန့်က သူလက်ထဲရှိဓားဖြင့်သူ့နောက်သို့လိုက်ဖမ်း

နေသောအခါတွင် တိုက်ခိုက်မှုတို့အားရှောင်တိမ်းရင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထွက်ပြေးနေရသည်။သူမည်သည့်နေရာ

သို့ဖြတ်သန်းသွားသည်ဖြစ်စေ ရေခဲများကွဲကြေသံများကျန်ရစ်နေခဲ့သည်။ ယဲ့ရှီကျောက် အထိတ်တလန့်ဖြင့်အော်ပြောလိုက်သည်။

“ညီလေး…ဘယ်လိုဖြစ်ပြီးမင်းကအရမ်းအစွမ်းထက်နေရတာလဲ…ငါ့ကိုခွေးရူးတစ်ကောင်

လိုမျိုးလိုက်ကိုက်မနေပါနဲ့”

စကားပြောနေရင်း  ယဲ့ရှီကျောက်က ရုတ်တရက်သူ၏လက်ဖဝါးတို့ကိုရှေ့

သို့တွန်းထုတ်လိုက်သည်။ ကြီးမားသောရေခဲပန်းဆွဲကြီးတစ်ခုက

သူ၏လက်ဖဝါးတစ်ဖက်ဆီတွင်ပေါ်လာသည်။ တစ်ခုကရှစ်ဖုန့်၏ဦးခေါင်းအားချိန်ရွှယ်ထားပြီး ကျန်တစ်ခုက ရှစ်ဖုန့်၏ခန္ဓာကိုယ်ထံသို့ချိန်ရွယ်ထားသည်။

ဤအချိန်ရှစ်ဖုန့်က ယဲ့ရှီကျောက်အားလိုက်ဖမ်းနေစဉ် ကျန်းချွမ်ကလည်းရှစ်ဖုန့်၏နောက်သို့ရောက်ရှိလာသည်။ သူ၏လက်တို့ထဲတွင် ဧရာမကြည်လဲ့သောဓားရှည်တစ်ခု

ကိုစုစည်းဖွဲ့စည်းထားပြီး သူတစ်ကိုယ်လုံးရှိခွန်းအားတို့အားလုံးကိုစုစည်း၍ ရှစ်ဖုန့်ထံသို့ခုတ်ပိုင်းလိုက်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters