← Chapters

အပိုင်း (၂၄၈)

Vol. 17 Ch. 248

အပိုင်း (၂၄၈)

Vol. 17 Ch. 248

ရှစ်ဖုန့်က ကျန်းချွမ်အားလုံးဝဂရုစိုက်ထားခြင်းမရှိပေ။ ကျန်းချွမ်အားသူအာရုံခံနိုင်သော အကွာအဝေးအတွင်းတွင်ရှိနေပြီးသားဖြစ်သည်။  သူ၏ခေါင်းထက်တွင်လွင့်မျောနေဆဲဖြစ်သောသွေးချပ်ဝတ်က ရှစ်ဖုန့်၏နောက်ကျောဘက်သို့ရွှေ့လျားသွားပြီး ကျန်းချွမ်၏ဓားချက်အားတားဆီးလိုက်သည်။

ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်၏စွမ်းအားပြည့် စွမ်းအင်တို့ပါဝင်သောယဲ့ရှီကျောက်၏ ရေခဲပန်းဆွဲနှစ်ခုက သူ့ထံသို့ပစ်ဝင်လာသည်။ ယဲ့ရှီကျောက်မှာဟိုမကျသည်မကျကောင်ဖြစ်နေသော်လည်း သူ၏စွမ်းအားကတော့ ထူးခြားသည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်၎င်းအပေါ်တွင်

လျော့တွက်ရဲခြင်းမရှိပါချေ။ သူကသူ၏ရှေ့တွင်ဓားကိုကိုင်ဆောင်ထားသည်။ ရုတ်တရက် ဧရာမ အဖြူရောင်ဓားချီတစ်ခုက ရှစ်ဖုန့်၏ရှေ့တွင်ပေါ်လာသည်။ ဧရာမအဖြူရောင်ဓားချီကြီး၏အောက်တွင် ယဲ့ရှီကျောက်လက်ထဲရှိ ဧရာမ ရေခဲပန်းဆွဲကြီးနှစ်ခုမှာ ကွဲကြေသွားသည်။

“ဝုန်း..ဝုန်း”

ပြင်းထန်သောပေါက်ကွဲသံနှစ်ခုနှင့်အတူ ဧရာမရေခဲပန်းဆွဲကြီးနှစ်ခုမှာလေထဲတွင် ရေခဲအပိုင်းအစများအဖြစ်အစိတ်စိတ်အမွှာ

အမွှာကွဲကြေသွားသည်။ရေခဲပန်းဆွဲနှစ်ခု၏တိုက်ခိုက်မှုအောက်တွင် ဧရာမအဖြူရောင်ဓားချီကြီးမှာလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် ရှစ်ဖုန့်နှင့်ယဲ့ရှီကျောက်တို့နှစ်ဦးစလုံး

တစ်ချိန်တည်းတွင် နောက်သို့ခြေလှမ်းအနည်းငယ်စီ ဆုတ်ခွာလိုက်ကြရသည်။

“အား..သူတောင်းစား ငရဲကိုသွားလိုက်စမ်း”

ရှစ်ဖုန့်၏နောက်တွင်ရှိနေသောကျန်းချွမ်မှာ သွေးနီရောင်ချပ်ဝတ်ကသူ၏တိုက်ခိုက်မှုာအားတားဆီးလိုက်သည်တွင် သူ့ဓားအားထိုးသွင်းမှုအဖြစ်ပြောင်းလဲ

လိုက်သည်။ထို့နောက်သူကရှစ်ဖုန့်၏နောက်ကျောအားထိုးသွင်းလိုက်၏။

“စိတ်ရှုပ်ဖို့ကောင်းတဲ့ယင်ကောင်လေး”

ရှစ်ဖုန့်၏မျက်နှာထက်တွင်စိတ်မရှည်သောအမူအယာတစ်ခုပေါ်လာသည်။ သူက ကြားဖြတ်နောက်သို့လှည့်လိုက်ပြီး သူ့ရှေ့တွင်ရှိနေသောသွေးချပ်ဝတ်နှင့်အတူ ကျန်းချွမ်ထံသို့လျှင်မြန်စွာပျံသန်းသွား

လိုက်သည်။

“ဘန်း”

ကျန်းချွမ်၏လက်အတွင်းတွင်ရှိနေသောဧရာမ

ဓားကြီးက သွေးချပ်ဝတ်နှင့်နောက်

တစ်ကြိမ်ထိခတ်သွားသည်။ ဤအကြိမ်တွင် ၎င်းကသွေးချပ်ဝတ်၏တားဆီးမှုကို

ခံလိုက်ရသည်။ သို့သော်ဤအခိုက်အတန့်တွင် သွေးချပ်ဝတ်မှာရှစ်ဖုန့်၏ရှေ့

သို့တွန်းထုတ်မှုကိုခံလိုက်ရသည်။ သွေးချပ်ဝတ်၏သက်ရောက်မှုအောက်တွင် ကျန်းချွမ်၏လက်အတွင်း၌ရှိနေသော ဧရာမဓားကြီးမှာ လျင်မြန်စွာပျောက်ကွယ်သွားသည်။

“အား.မဟုတ်ဖူး…ချွမ်လေး…

.မြန်မြန်ပြေးတော့ မင်းအဲ့ကောင်ချောလေးသတ်

တာကိုခံရလိမ့်မယ်”

ယဲ့ရှီကျောက်၏ထိတ်ထိတ်ပျာပျာ အော်ဟစ်သံက ရှစ်ဖုန့်၏နောက်ဘက်မှထွက်ပေါ်လာသည်။

ဂျူနီယာကျန်းချွမ်ကသူအားသူ့၏လုံခြုံမှုအတွက်သူ့ကိုယ်အာပေးမည်ဟုကတိပေး

ထားသည်ဖြစ်သည်။ ယဲ့ရှီကျောက်အနေဖြင့်ကျန်းချွမ်၏ တောင့်တင်းသေကိုယ်နှင်ကြည်နူး

ရမှုများအားတွေးနေပြီးတုန့်ဆိုင်း

နေရဲခြင်းမရှိပေ။ကျန်းချွမ်တွင်တစ်ခုခုဆိုးရွားစွာဖြစ်ပျက်သွားမည်ကိုသူကြောက်မိသည်။ သူကအလျှင်အမြန်လေကိုထိုးခွင်းပြီး ရှစ်ဖုန့်၏နောက်သို့လိုက်ဖမ်းလိုက်သည်။သူ၏ညာလက်ဝါးအားကောင်းကင်ထဲ

သို့မျက်နှာမူလိုက်သည်။ သူ့လက်ဝါး၏အထက်မှအောက်အထိ ရေခဲလွှာတစ်ခုကအလျှင်အမြန်ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ၎င်းမှာ ရေခဲစိုင်ကြီးတစ်ခုကဲ့သို့ဖြစ်သည်။

သူ၏ဘယ်လက်ဝါးအားရှေ့သို့မျက်နှာမူလိုက်ပြီး သူ့ရှေ့တွင်ရှိနေသောရှစ်ဖုန့်ထံသို့ဦးတည်၍ ရေခဲလွှာများကို တစ်ဟုန်ထိုးဖွဲ့စည်းလိုက်သည်။

အခြားတစ်ဖက်တွင် ရှစ်ဖုန့်ကယဲ့ရှီကျောက်နှင့်တိုက်ပွဲ

အားလက်လျော့ပြီး သူ့အားသတ်ရန်လှည့်လာသည်ကိုကျန်းချွမ်မြင်တွေ့လိုက်ရသည်။ သူကသူ့လက်အတွင်းရှိ ဧရာမဓားကျိုးကြီးအားအလျှင်အမြန်အဝေးသို့လွှတ်ပစ်လိုက်ပြီး နောက်သို့ပျံသန်းထွက်ပြေးလိုက်သည်။ သူ့အနေဖြင့်ရှစ်ဖုန့်၏စွမ်းအားအားရှင်း

လင်းစွာမြင်တွေ့ထားပြီးဖြစ်သည်။ ၎င်း၏ဓားချက်အောက်တွင်သူ့အနေဖြင့်

ရှင်သန်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။

သို့သော်သူမည်မျှပင်မြန်ဆန်သည်ဖြစ်စေ ရှစ်ဖုန့်၏ရွေ့လျားမှုလောက်တော့ သူမြန်ဆန်ခြင်းမရှိနိုင်ပေ။ ရှစ်ဖုန့်၏ပုံရိပ်က ဟင်းလင်းပြင်အားထိုးခွင်းပျံသန်းပြီး အဖြူရောင်အရိပ်တစ်ခုကိုသာ ချန်ရစ်ထားခဲ့သည်။ ဖျက်ခနဲ ရှစ်ဖုန့်က ကျန်းချွမ်၏နောက်တွင်ပေါ်လာပြီး သူ၏ဓားဖြင့်ကျန်းချွမ်၏နောက်ကျော

အားထိုးသွင်းလိုက်သည်။

“အား ..မဟုတ်ဖူး”

ရှစ်ဖုန့်မည်မျှမြန်ဆန်ကြောင်းကိုမြင်

တွေိ့လိုက်ရသောအခါတွင်ယဲ့ရှီကျောက်မှာ နှလုံးကြေကွဲဖွယ် အော်ဟစ်လိုက်သည်။ ရှစ်ဖုန့်မှာ ကျန်းချွမ်၏နောက်ကျောဘက်တွင်

ရောက်နေပြီဖြစ်ပြီး သူ၏ဓားဖြင့်ကျန်းချွမ်ထံသို့ထိုးသွင်း

လိုက်သည်။ ဤဓား၏အဓိပ္ပါယ်က ဂျူနီယာညီကျန်းချွမ်၏ကိုယ်အား ဤဓားချက်ဖြင့်ဖျက်ဆီးပစ်မည်ဟူသော

အဓိပ္ပါယ်ပင်ဖြစ်သည်။ သို့သော်သူ့အနေဖြင့်လောလောဆယ်၌ တော်တော်လေးအလှမ်းကွာဝေးသော

နေရာတွင်ရှိနေပြီး ချွမ်လေးအားအချိန်မှီကယ်တင်

ပေးနိုင်ခြင်းရှိမနေပေ။

“အား”

တစ်ဟုန်ထိုးထွက်ပြေးနေသောကျန်းချွမ်မှာ ရုတ်တရက်စူးရှပြီးမာကျောသော အရာဝတ္ထုတစ်ခုက သူ့ကျောအတွင်းသို့ဝင်ရောက်လာသည်ကိုခံစားလိုက်ရသည်။ ကျန်းချွမ်ရုတ်တရက်သူ့ခေါင်းအားလှည့်ကြည့်လိုက်သောအခါတွင် ရှစ်ဖုန့်၏သတ်ဖြတ်ခြင်းစိတ်

ဆန္ဒအပြည့်ဖြင့်အေးစက်သောမျက်နှာကိုမြင်တွေ့လိုက်ရသည်။ သူအနေဖြင့်၎င်း၏ဖမ်းဆီးမှုကို

လျင်မြန်စွာခံခဲ့ရခြင်းဖြစ်သည်။  ဤအမြန်နှုန်းကအိမ်မက်တစ်ခု

သဖွယ်ပင်ဖြစ်သည်။

ဤသည်ကားကျန်းချွမ်၏ဤကမ္ဘာ

အတွင်းနောက်ဆုံးသောအတွေးများ

ပင်ဖြစ်သည်။ ထို့နောက်သွေးနီရောင်မီးတောက်တစ်ခုကသူ့တစ်ကိုယ်လုံးတွင်ရုတ်ခြည်းလောင်ကျွမ်း

လာသည်။ လှစ်ခနဲဆိုသလို၎င်းက ကျန်းချွမ်အား  ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အ

ထိလောင်ကျွမ်းသွားသည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်လိုအပ််နေသောအရာမှာ အမြန်နှုန်းပင်ဖြစ်သည်။ သူ၏နောက်တွင်ရှိနေသောယဲ့ရှီကျောက်က နီးကပ်လာနေပြီဖြစ်သည်။  ယဲ့ရှီကျောက်၏တိုက်ခိုက်မှုကမကြာမီ

တိုက်ခိုက်လာမည်ဖြစ်သည်။ သူ့အနေဖြင့် ကျန်းချွမ်၏သေခြင်းစွမ်းအင်၊သွေးနှင့် ဝိညာဉ်တို့အားဖြစ်နိုင်သမျှအမြန်ဆုံဝါးမျိုး

ချင်သည်။

ရှစ်ဖုန့်လျှင်မြန်စွာလှည့်လိုက်သည်။သူ့နောက်ရှိကျန်းချွမ်အားလောင်ကျွမ်းနေသောသွေးနီရောင်မီးတောက်က ကျန်းချွမ်၏သွေးတို့အားသယ်ဆောင်လာပြီး  လျှင်မြန်စွာဖြင့်ရှစ်ဖုန့်၏ကိုယ်ဆီသို့ပြန်လှိမ့်ဝင်လာကာ သူ့ကိုယ်အတွင်းသို့တစ်ဟုန်ထိုးဝင်

ရောက်သွားသည်။ ထို့နောက်တွင်အဖြူရောင်အလင်းတစ်ခုလက်ခနဲဖြစ်သွားပြီး ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်

သို့ရှစ်ဖုန့်ဝင်ရောက်သွားသည်။

ယဲ့ရှီကျောက် က ဧရာမရေခဲစိုင်ကြီးကို သူ၏ညာလက်တွင်ကိုဆောင်၍ တစ်ဟုန်ထိုးလာနေသည်။ သူ့ခေါင်းထက်တွင်ရှိနေသော

ရေခဲဆိုင်ကြီးနှင့်နှိုင်းယှဉ်လိုက်လျှင် သူသည်သေးငယ်သောပုရွက်ဆိတ်

တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ သူကသူ၏ဘယ်လက်ထဲတွင်ရေခဲပန်း

ဆွဲတစ်ခုကိုကိုင်ဆောင်ထားပြီး ၎င်းကအဖြူရောင်နှင့်အေးစက်သော

ရောင်ဝါတို့ကိုထုတ်လွှတ်နေသည်။

သို့သော်ယဲ့ရှီကျောက်မှာ ရှစ်ဖုန့်၏ကိုယ်၌အဖြူရောင်အလင်းတစ်ခုလက်သွားသည်ကိုရုတ်တရက်မြင်တွေ့လိုက်ရသည်။  သူကရှေ့သို့ချီတက်နေရာမှလျှင်မြန်စွာရပ်တန့်လိုက်ပြီး ရှစ်ဖုန့်အားကြက်သေသေစွာ

စိုက်ကြည့်နေသည်။

၎င်းကရှစ်ဖုန့်ပင်ဖြစ်သည်။ ၎င်းကိုယ်မှရင်းနီးသောအဖြူ

ရောင်အလင်းတစ်ခုလင်းလက်သွားသည်။ ထိုအရာကဘာကိုဆိုလိုပါသနည်း။ ဆိုလိုသည်ကားသူအဆင့်တက်သွားခြင်းပင်ဖြစ်သည်။ယင်းကသူ့အနေဖြင့်ယခင်ထက်ပို၍ အစွမ်းထက်လာသည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။

“မင်း..မင်းချွမ်လေးကိုသတ်လိုက်တယ်..မင်းသူ့ကိုယ်ကိုငါ့အတွက်ချန်ထားပေးရမဲ့အစားလောင်ကျွမ်းပစ်လိုက်တယ်…ငရဲကိုသွားလိုက်တော့”

ယဲ့ရှီကျောက်ကအော်ပြောလိုက်သည်။ သူ့ဘယ်လက်ထဲတွင်ရှိနေသောရေခဲပန်းဆွဲအားသူ၏ရှိသမျှအားအကုန်အသုံးပြု၍ ရှစ်ဖုန့်ထံသို့တွန်းထုတ်လိုက်သည်။

၎င်းကရှစ်ဖုန့်ထံသို့ဦးတည်နေချိန်တွင် သူ့ညာလက်ထဲ၌ရှိနေသော

ရေခဲစိုင်ကြီးကလည်း ရှစ်ဖုန့်ထံသို့ခြေမွဖျက်ဆီးရန်

ကျဆင်းလာသည်။

“ချိုးဖျက်စမ်း”

ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး  သူ၏ဓားအားကောင်းကင်ထဲသို့ထိုးသွင်းလိုက်သည်။ ဧရာမရေခဲစိုင်ကြီးမှာ ရုတ်တရက်အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး ရေခဲအပိုင်းအစများအဖြစ်သို့ပြောင်းသွားကာ မြေပြင်ပေါ်သို့ပြုတ်ကျကုန်သည်။ရှစ်ဖုန့်ထံသို့ကျဆင်းလာသောဧရာမရေခဲပန်းဆွွဲမှာမူ သွေးချပ်ဝတ်၏တားဆီးမှုကိုခံလိုက်ရသည်။ ရေခဲပန်းဆွဲတစ်ခုလုံးအစိတ်စိတ်အမွှာမွှာ

ကွဲကြေသွားပြီး ရေခဲအပိုင်းအစများအဖြစ်သို့ပြောင်းလဲသွားကာ နေရာအနှံ့သို့လွင့်ပျံထွက်သွားသည်။

“မင်းကဘယ်ကိုသွားဖို့စဉ်းစားနေတာလဲ”

ရှစ်ဖုန့်ကရှေ့သို့ကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ သူကအလျှင်အမြန် ရှေ့သို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။

ယဲ့ရှီကျောက်က ရှစ်ဖုန့်ထံသို့ပြင်းထန်သောတိုက်ခိုက်မှုနှစ်ခုကိုထုတ်ဖော်ပြီးသည့်နောက်တွင် သူ့အနေဖြင့် တကယ်ကိုပြန်လှည့်ပြီး မြန်ဆန်စွာဖြင့်ကောင်းကင်ကိုထိုးခွင်း

ပျံသန်းလိုက်သည်။ယဲ့ရှီကျောက်အားငကြောင်တစ်ကောင်အဖြစ်စဉ်းစားလျှင်တောင် သူကအရူးတော့မဟုတ်ပေ။ အစောပိုင်းရှစ်ဖုန့်နှင့်တိုက်ပွဲကတည်းက သူ၏တိုက်ခိုက်ရေးခွန်အားမှာ အနည်းငယ်နိမ့်ကျနေခဲ့သည်ဖြစ်ပြီး ယခုရှစ်ဖုန့်ကကျင့်ကြံခြင်းအဆင့်မြင့်တက်သွားချိန်တွင် ထည့်ပြောနေစရာလိုမည်ပင်မဟုတ်တော့ပေ။ ကျန်းချွမ်မှာအသတ်ခံလိုက်ရပြီး ၎င်း၏ကိုယ်ကဘာမှမကျန်တော့သည်

အထိသွေးနီရောင်မီးတောက်၏လောင်ကျွမ်းမှုကိုခံလိုက်ရသည်။ ထို့ကြောင့်တိုက်ပွဲအားဆက်လက်၍တိုက်ခိုက်ရန်မှာဘာအဓိပ္ပါယ်မှမရှိတော့ချေ။

ယဲ့ရှှီကျောက်သူ၏အကောင်းဆုံးသော

စွမ်းရည်များကိုအသုံးချ၍  ရေခဲအလင်းတန်းအဖြစ်ပြောင်းပြီးသူ

၏ရွေ့လျားမှုပညာရပ်ဖြင့် လျှင်မြန်စာပျံသန်းနေသည်။ ရှစ်ဖုန့်ကသူ၏နောက်သို့လိုက်ဖမ်းနေသည်ကိုအာရုံခံမိသောအခါတွင်  သူကအော်ပြေလိုက်သည်။

“ညီလေး ..မင်းဘာလို့ငါ့ကိုလိုက်ဖမ်းနေရတာလဲ…

မင်းဘာလို့ဒီလိုလုပ်ဖို့လိုမှာလဲ….မင်းဂျူနီယာညီချွမ်ကိုလည်းသတ်ပြီးနေပြီ …ဒါကြောင့်ဘာမှထပ်ပြီးတော့

တိုက်ခိုက်နေစရာမလိုတော့ဘူးလေ”

ရှစ်ဖုန့်၏ပုံရိပ်ကလည်း ဟင်းလင်းပြင်အားထိုးခွင်း၍ တစ်ဟုန်ထိုးပျံသန်းနေပြီး ဟင်းလင်းပြင်ထဲတွင် အဖြူရောင်အရိပ်များကိုချန်ထားရစ်ခဲ့သည်။သူကယဲ့ရှီကျောက်နောက်သို့လိုက်ဖမ်းနေသည်။ ဤကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်အား

သတ်ဖြတ်ပြီးပါက သူ့အနေဖြင့်ပိုမြင့်မားသောအဆင့်သို့

ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။ တကယ်လည်းရှစ်ဖုန့်အနေဖြင့်ဤအခွင့်အရေးအား လက်လွှတ်လိုခြင်းမရှိပေ။

ရှစ်ဖုန့်က ယဲ့ရှီကျောက်နှင့်အရည်မရအဖက်မရ

များကိုပြောဆိုပြီး  အချိန်မဖြုန်းချင်ပေ။ သူကသူ၏အဖြူရောင်များစွန်းထင်းနေသောဓးကိုမြှောက်လိုက်ပြီး ဧရာမအဖြူရောင်ဓားရိပ်တစ်ခုက ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။ ရှစ်ဖုန့်၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍ ၎င်းက ရုတ်တရက်ယဲ့ရှီကျောက်ထံခုတ်ပိုင်း

ချလိုက်သည်။

ရုတ်တရက်သူ့အပေါ်မှနေ၍ စွမ်းအားကြီးစွမ်းအင်တစ်ခု က ကျဆင်းလာကြောင်းကိုယဲ့ရှှီကျောက်

သဘောပေါက်လိုက်သည်။  ၎င်းကသူ့အားကာဆီးထားပြီး သူ့ရှေ့ရှိလမ်းကြောင်းကိုပါဖုံးကွယ်ထားသည်။ ဤအချိန်၌သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ၎င်းအားခုခံရန်သာဖြစ်သည်။

ယဲ့ရှီကျောက်၏ပျံသန်းနေသောကိုယ်က သူ၏လက်ဝါးတို့အား အပေါ်သို့ပင့်မြှောက်လိုက်သည်။ သူ၏အထက်တွင်ရှိနေသောဟင်း

လင်းပြင်မှာ ယဲ့ရှီကျောက်၏လက်ဖဝါးတို့ကြောင့် ရေခဲအဖြစ်အေးခဲလာသည်။အေးစက်မှုက တစ်ဟုန်ထိုးပျံ့နှံ့သွားပြီး ကျယ်ပြန့်သောဟင်းလင်းပြင်ထဲတွင်

ခုတ်ပိုင်းကျဆင်းလာသော အဖြူရောင်ဓားချီကြီးအားတားဆီး

ရန်အေးခဲလာသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters