အပိုင်း(၂၄၉)
Vol. 17 Ch. 249
“ဝုန်း”
ဧရာမအဖြူရောင်ဓားချီကြီးက ဟင်းလင်းပြင်ထဲရှိထူထဲသောရေခဲလွဲပေါ်
သို့ခြေမွပစ်ရန်ကျဆင်းလာသည်။ ထို့နောက်ချက်ချင်း ဟင်းလင်းပြင်ထဲရှိထူထဲသောရေခဲလွှာကြီးမှာ ရုတ်တရက် အက်ကွဲသည့်အသံများဆက်တိုက်
ထုတ်လွှတ်လာသည်။ ၎င်းမှာ တဖျစ်ဖျစ်ဖြင့်အက်ကွဲလာသည့်အ
သံကဲ့သို့ဖြစ်သည်။
ထို့နောက်တွင်အက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ ဦးတည်ချက်အနှံ့ တစ်ဟုန်ထိုးပျံ့နှံ့သွားသည်။
“ဝုန်း..ခရက်”
ထူထဲသော ရေခဲလွှာ၏ ကြီးမားသောအပိုင်းတစ်ခုကွဲကြေမှုကြောင့် ကျယ်လောင်သည့်အသံတစ်ခုထွက်ပေါ်လာပြီး ရေခဲတုံးများကမိုးသက်မုန်တိုင်းကျသကဲ့သို့ မြေပြင်ပေါ်ကျဆင်းလာသည်။
ရူးသွပ်စွာကျဆင်းနေသော ရေခဲများထဲတွင် ယဲ့ရှီကျောက်၏ခေါင်းထက်တွင်ရှိနေသော ဧရာမအဖြူရောင်ဓားချီကြီး
ကပါ လိုက်ပါကျဆင်းလာပြီး ယဲ့ရှီကျောက်၏ကိုယ်အားပြင်း
ထန်စွာထိမှန်သွားသည်။
“အား”
ယဲ့ရှီကျောက်က နာကျင်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထို့နောက် ဧရာမအဖြူရောင်ဓားချီကြီးက သူ့ကိုယ်အားဝါးမျိုသွားပြီး ဆက်လက်ကျဆင်းလာကာ အောက်တွင် ရှိနေသောသွေးနီရောင်မြေပြင်ပေါ်သို့
သက်ဆင်းသွားသည်။
“အုန်း”
မြေပြင်မှာရူးသွပ်စာတုန်ဟီသွားပြီး သွေးနီရောင်ဖုန်မှုန်များက ကောင်းကင်ထဲသို့တထောင်း
ထောင်းနှင့်တလိပ်လိပ်မွေ့ထသွားသည်။ အနီးနားတွင်ရှိနေသောများပြားလှ
သည့်သွေးနီရောင်နတ်ဆိုးသားရဲများမှာ မြေပြင်၏ပြင်းထန်သောလှုပ်ရှား
မြည်ဟိန်းသံကိုကြားလိုက်ကြသည်။
“ဝေါင်း..ဝေါင်း”
၎င်းတို့ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြပြီး ဦးတည်ချက်ဘက်ပေါင်းစုံသို့ အလျှင်အမြန်ထွက်ပြေးသွားကြသည်။
သွေးနီရောင်ဖုန်တို့ပျောက်ကွယ်သွားသည့်အချိန်တွင် ကြီးမားပြီး ပြင်းထန်သောမြောင်းကြီးတစ်ခုက သွေးနီရောင်မြေပြင်ထက်တွင်ပေါ်လာသည်။ အနီရောင်ပုံရိပ်တစ်ခုက၎င်းထဲတွင်လဲနေ၏။
“ဟင်း…ဟင်း”
သွေးနီရောင်ပုံရိပ်က ဖြည်းဖြည်းချင်းလှုပ်ရှားလာပြီး ညည်းတွားလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်တွင် နီရဲသောသွေးတို့ရှိနေသည်။ယင်းက သူ၏လှပပြီးညို့ဓာတ်အပြည့်နှင့်
မျက်နှာအားပိုမို၍ ညို့ဓာတ်ပြင်းသွားစေ၏။သူကရုန်းကန်
လှုပ်ရှားပြီး မြေပြင်ပေါ်သို့တက်လာသည့်အချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုကသူ့ရှေ့တွင်
ဆင်းသသက်လာသည်ကိုမြင်တွေိ့လိုက်ရသည်။ ထို့နောက်သူ၏ရှေ့တွင်အေးဆက်
သောအပြုံးတစ်ခုကိုမြင်တွေ့လိုက်ရ၏။ ရှစ်ဖုန့်အားမြင်တွေ့ရသောအခါတွင်
ယဲ့ရှီကျောက်မှာ တစ္ဆေတစ်ကောင်အားမြင်တွေ့လိုက်ရသလိုခံစာလိုက်ရသည်။ သူကနောက်သိုအားစိုက်ပြီးဆုတ်လိုက်သည်။ ဤအချိန်တွင်သူ့အနေဖြင
ဤပုဂ္ဂိုလ်အားတကယ်ကြောက်နေပြီဖြစ်သည်။
“ငါ့ကိုမသတ်ပါနဲ့ …ငါ့ကိုမသတ်ဖူးဆိုရင်ငါ့ရဲ့ခန္ဓာကိုယ်ကမင်းအပိုင်ပဲ…မင်းကြိုက်တာဘာမဆိုမင်း
လုပ်လို့ရတယ်..ငါမင်းကိုပျော်ရွှင်
အောင်လုပ်ပေးမယ်လေ ..ဟုတ်ပြီလား”
ယဲ့ရှီကျောက်က ရှစ်ဖုန့်အားသက်ညှာပေးရန်တောင်းပန်သည်။
ရှစ်ဖုန့်မျက်နှာကအေးစက်နေခဲ့ပြီး စပ်ဆုပ်သောလက္ခဏာများကိုပင်ပြသနေ၏။ ထို့နောက်သူ့လက်အတွင်းရှိဓားကိုလှုပ်ရှားလိုက်သည်။ ဤအချိန်တွင် ယဲ့ရှီကျောက်က ၎င်းအားမြင်တွေ့လိုက်ရပြီး သူ၏လက်အား အသည်းအသန်ဝေ့ယမ်း၍
အော်ပြောလိုက်သည်။
“ငါ့ကိုမသတ်ပါနဲ့..ငါကိုမသတ်ပါနဲ့..
ငါ့မှာပြောစရာအချို့ရှိပါတယ်”
“ဝှစ်ရှ်”
ရှစ်ဖုန့်ကဓားအားယဲ့ရှှီကျောက်၏
နှလုံးရှိသောရင်အုံရှေ့တွင်ချက်ချင်းရပ်တန့်လိုက်သည်။ သွေးဓားကအနည်းငယ်တုန်ခါသွားပြီး ဓားညည်းသံတစ်ချက်ကျန်ရစ်နေခဲ့သည်။ ရှစ်ဖုန့်ကအေးစက်စွာအော်ပြေလိုက်သည်။
“ပြော”
ယခုယဲ့ရှှီကျောက်မှာပြင်းထန်စွာ
ထိခိုက်ထားသည်ဖြစ်ပြီး ၎င်း၏တိုက်ခိုက်မှာမြှားကျည်တောက်ထဲက နောက်ဆုံးမြှားတစ်ခုသာနိုင်သည်ဖြစ်သည်။ ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့် သူဘာလှည့်ကွက်ကိုပဲကစားသည်ဖြစ်စေ ကြောက်နေခြင်းမရှိချေ။
“ငါ…ငါ…”
ယဲ့ရှီကျောက်၏ တုံ့ဆိုင်းမှုနှင့်စကားရှာမရဖြစ်နေမှုတို့အား မြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်မှာ ၎င်း၏အဓိပ္ပါယ်မရှိသည့်စကားများအား
နားထောင်ချင်စိတ်ရှိမနေတော့ပေ။ သူကရုတ်တရက် သူ၏ဓားဖြင့်ယဲ့ရှီကျောက်၏နှလုံး
အားထိုးသွင်းလိုက်သည်။
“အား”
ယဲ့ရှှီကျောက်က နာကျင်စွာအော်ဟစ်လိုက်သည်။ သူ၏ကိုယ်ကိုင်းညွှတ်သွားပြီး သူ၏မျက်လုံးများက ပြူးကျယ်စွာပွင့်နေသည်။ သူရှစ်ဖုန့်အားလက်သင့်မခံနိုင်မှုများအာဃာတတရားများဖြင့်ကြည့်နေခဲ့သည်။ သူ၏ပါးစပ်မှာ ဖောင်းကားနေသည်။
“အား”
နောက်ထပ်အော်သံတစ်ခုကိုကြားလိုက်ရသည်။
“ဝေါ့”
ယဲ့ရှီကျောက်က ရုတ်တရက်ပါးစပ်အပြည့်သွေးတစ်ပွက်အား ရှစ်ဖုန့်ထံသို့အန်ထုတ်လိုက်သည်။ ရှစ်ဖုန့်အတွက်သူမသေခင်ကိစ္စများအားခက်ခဲသွားအားသူပြုလုပ်ချင်သည်။
“ရွံဖို့ကောင်းလိုက်တာ..”
အတွေးတစ်ချက်ဖြင့်ရှစ်ဖုန့်က သူ့လက်ထဲတွင်ရှိနေသောသွေးဓားအား ထူးဆန်းသည့်စုပ်ယူအားတစ်ခုကို
ထုတ်လွှတ်စေလိုက်သည်။ သွေးများကရှစ်ဖုန့်ထံသို့ဖြန်းပက်လာသော်လည်း ရှစ်ဖုန့်က ၎င်းအားဓားအတွင်းသို့စုပ်ယူလိုက်သည်။ ထို့နောက် ယဲ့ရှှီကျောက်၏ကိုယ်အတွင်းရှိသွေး
တို့မှာစတင်၍ဆူပွက်လာပြီး သူနှလုံးထံသို့တလိပ်လိပ်ထိုးတက်လာသည်။ သွေးဓားအာဖြတ်သန်း၍ ၎င်းတို့ကရှစ်ဖုန့်၏လက်ထံသို့စီးဆင်းလာသည်။
ယဲ့ရှီကျောက်၏လှပပြီးညို့ယူနိုင်စွမ်း
ရှိသောမျက်နှာမှာမူလျှင်မြန်စွာဖြင့် ညိုးခြောက်သောပန်းတစ်ပွင့်ကဲ့
သို့ဖြစ်သွားသည်။ သူ့ကိုယ်သည်လည်းလေလျော့သွား
သောပူဖောင်းတစ်ခုကဲ့သို့ ဖြစ်လာပြီး လျှင်မြန်စွာဖြင့် လေ၏တိုက်စားခြင်းကိုခံရသကဲ့သို့ ခြောက်သွေ့သောအလောင်းတစ်
ခုဖြစ်အဖြစ် လျှင်မြန်စွာရှံ့တွသွားသည်။
တင်းယုပြီးသည့်နောက် လင်ရွှယ်ဂိုဏ်း၏ နောက်ထပ်ပါရမီရှင်
တပည့်နှစ်ယောက်မှာလည်း ဤသွေးနီရောင်နေရာလွတ်
ထဲတွင်သေဆုံးသွားခဲ့သည်။ ယဲ့ရှီကျောက်က လိင်စိတ်ဖောက်ပြန်နေသည့်သူဖြစ်သော်လည်း သူသည် ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ် ပြိိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်သည်။ ဤပါရမီရှင်သုံးယောက်သေဆုံးရခြင်းမှာလင်ရွှယ်ဂိုဏ်း၏ တင်ကျုံးဟုခေါ်သော တပည့်မှ ဟန်ရွှင်းမြို့တွင် ဝူရှောင်းယွင်ဟုခေါ်သောသိုင်းသမားတစ်ယောက်အား အရှက်ခွဲခဲ့ခြင်းကြောင့်ဖြစ်လေသည်။
ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောယဲ့ရှီကျောက်၏သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့် သွေးတို့အားဝါးမျိုပြီးသည့်နောက် ရုတ်တရက်ရှစ်ဖုန့်၏ကိုယ်တွင်အဖြူ
ရောင်အလင်းတစ်ခုလင်းလက်လာသည်။ သူသည်ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်သို့ဝင်ရောက်ခဲ့သည်။ ဤကဲ့သို့တိုတောင်းလှသောအချိန်ကာလလေးအတွင်း ရှစ်ဖုန့်မှာ ဆက်တိုက်ဆိုသလို ကြယ်နှစ်ပွင့် အဆင့်တက်လှမ်းခဲ့သည်။
ရှစ်ဖုန့်ကသွေးဓားအားယဲ့ရှီကျောက်၏ ခြောက်သွေ့နေသောအလောင်းမှ
နှုတ်ယူလိုက်ပြီး အလောင်း၏သိုလှောင်လက်စွပ်က်ကိုထုတ်ယူလိုက်သည်။ သူကသူ့ကိုယ်ကိုလှုပ်
ရှားလိုက်ပြီး ကြီးမားပြင်းထန်သော သွေးနီရောင်မြောင်းကြီးထဲမှ တစ်ဟုန်ထိုးထွက်လိုက်သည်။ သူကသွေးနီရောင်ကုန်းမြေပေါ်တွင်ဆင်းသက်လိုက်သည်။
ဤသည်က ကျယ်ပြန့်သောသွေးနီရောင်ကန္တာပြင်တစ်ခုဖြစ်သည်။ ဤနေရာလွတ်အတွင်းရှိပင်မအရောင်အဝါမှာ သွေးနီရောင်ဖြစ်သည်။
“အဲ့တာကဘာလဲ”
ရှစ်ဖုန့်ကသူ့ခေါင်းအားမော့လိုက်သောအခါတွင် အကွာအဝေးတစ်ခုတွင်ရှိနေသည့် မီးခိုးနှင့်မြူများဝန်းရံသကဲ့သိုဖြစ်နေသောအရိပ်ပမာ သွေးနီရောင်တောင်တစ်လုံးကို တွေ့လိုက်ရသည်။ ၎င်း၏ထိပ်ဖျားတွင် မီးခိုးနှင့်မြူခိုးများကဲ့သို့ဖစ်နေသော ဧရာမသွေးနီရောင် ကျောက်ပြားကြီးတစ်ခုရှိနေသည်။ ၎င်းကကောင်းကင်နှင့်မြေကြီးကြားတွင်ထီးထီးကြီးရပ်တည်နေပြီး အရှိန်အဝါကြီးမားသော ရောင်ဝါတစ်ခုနှင့်ဖြစ်တည်နေသည်။၎င်းကရှေးအတီတေအချိန်ကတည်းက ပြောင်းလဲခြင်းမရှိဘဲ ကောင်းကင်နှင့်မြေကြီးကြားတွင်
ထီးထီးကြီးရပ်တည်နေသကဲ့သို့ဖြစ်သည်။
“အဲ့တာက ငါလာခဲ့တဲ့နေရာကပဲ…အဲ့အချိန်တုံးကအဲ့တောင်နဲ့ကျောက်ပြားကြီးကိုငါဘာလို့မမြင်တွေ့ခဲ့ရတာလဲ”
ရှစ်ဖုန့်ကသူလေကိုထိုးခွင်း၍ပျံသန်းလာသည့်အချိန်က မြင်ကွင်းများကိုပြန်အမှတ်ရလိုက်သည်။ ထိုအချိန်တုံးက၎င်းမှာဟင်းလင်းပြင်
တစ်ခုအဖြစ်သာတည်ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုနေရာ၌ တကယ့်ကို မြင့်မားသော သွေးရောင်တောင်တစ်ခုရှိနေခဲ့လျှင် အထူးသဖြင့် ကြီးမားကြီးခံ့ထည်သော သွေးရောင်ကျောက်ပြားတစ်ခုရှိနေခဲ့လျှင် သူသေချာပေါက်ကိုသတိထားမိမည်ဖြစ်သည်။
“ဘာပဲဖြစ်နေပါစေလေ…အရင်
ဆုံးသွားပြီးတော့ကြည့်တာပေါ့”
ရှစ်ဖုန့်က ပြောလိုက်ပြီးနောက် လျှင်မြန်စွာဖြင့် သွေးရောင်တောင်ပေါ်တွင်ရှိနေသည့် ဧရာမသွေးကျောက်တုံးပြားကြီးထံသို့ လျှင်မြန်စွာပျံသန်းသွားလိုက်သည်။
သွေးနီရောင်ကမ္ဘာအတွင်းတွင် ရှစ်ဖုန့်တစ်ယောက်တည်းသာမဟုတ်ပဲ ဤနေရာတွင်ရှိနေသောအခြားသောသိုင်းသမားများသည်လည်း သူတို့မည်သည့်နေရာတွင်ရှိနေပါစေ မည်မျှပင်ဝေးကွာနေကြပါစေ အားလုံးမှာ အကွာအဝေးတစ်ခုတွင်ရှိနေသည့်အရိပ်ပမာ သွေးတောင်ကြီးနှင့် ၎င်းပေါ်တွင်ထီးထီးကြီးတည်ရှိနေသော ဧရာမသွေးကျောက်ပြားကြီးကိုမြင်
တွေ့ကြရသည်ဖြစ်သည်။
ဤမြင်ကွင်းအားမြင်တွေ့ရသောအခါ ဤနေရာတွင်ရှိနေကြသော အင်ပါယာနယ်ပယ်အထက် သိုင်းပညာရှင်များမှာ တောင်ထိပ်တွင်ရှိနေသော သွေးနီရောင်ကျောက်ပြားထံသို့လျှင်မြန်စွာ
ပျံသန်းသွားကြသည်။ တိုက်ခိုက်နေကြသောသိုင်းသမားများပင် သူတို့၏အမုန်းတရားများကိုဘေးချထားပြီး တောက်ထိပ်ဆီသို့လျှင်မြန်စွာပျံသန်းသွား
ကြသည်။ပျံသန်းနိုင်ခြင်းမရှိကြသောသူများမှာမူ သူတို့၏ရွေ့လျားမှုပညာရပ်များကိုအသုံးပြုပြီး အခွင့်အရေးတစ်ခုအားရှာတွေ့နိုင်မည့်မျော်လင့်ချက် ၊ရှားပါးရတနားသို့မဟုတ် ပြိုင်ဘက်ကင်းကျင့်ကြံမှုပညာရပ်များကိုရနိုင်မလားဟူသောမျှော်လင့်ချက်တို့ဖြင့် တောင်ထိပ်ထံသို့ ပြေးလွှားနေကြသည်။
ဒဏ္ဍာရီများထဲတွင် ရှားပါးရတနာများနှင့်ပြိုင်ဘက်ကင်း
ကျင့်ကြံနည်းပညာရပ်များ၌ စိတ်ဝိညာဉ်ရှိသည်ဟုဆိုသည်။ တစ်စုံတစ်ယောက်အနေဖြင့်၎င်းအားရရှိရန် မြင့်မားသည့်နယ်ပယ်သို့မဟုတ်ခွန်အားတို့ရှိရလိမ့်မည်ဟုမဆိုလိုပေ။ သူတို့အနေဖြင့်အလိုအလျောင်သခင်
အဖြစ်ရွေးချယ်ခံရနိုင်သည်ဖြစ်သည်။
လူတိုင်းကမိမိတို့ကိုယ်မိမိဤကမ္ဘာ၏ အဓိကဇတ်ဆောင်များအဖြစ်ယုံကြည်
ထားကြသည်။ကောင်းကင်နှင့်မြေကြီး၏ရတနာသို့မဟုတ်ပြိုင်ဘက်ကင်းကျင့်ကြံနည်းများက သူတို့အားအသိအမှတ်ပြုရွေးချယ်
သည်ဖြစ်ကောင်းဖြစ်နိုင်သည်။
ယေဘုယျအားဖြင့်ဤလူများအား
လုံးမှဆယ်ကျော်သက်များဖြစ်ကြသည်။ ဘယ်ဆယ်ကျော်သက်တွင်စိတ်ကူးအိမ်များမရှိသူဟူ၍ ရှိပါသနည်း။ သူတို့အားလုံး ပျမ်းမျှပါရမီအထုံနှင့် ငယ်ရွယ်သောသူတစ်ယောက် ၏ အံ့ဖွယ်ကောင်းသောစွန့်စားခန်းများနှင့် နောက်ဆုံး၌ အထွတ်အထိပ်အဆင့်သို့ခြေချနိုင်သွား
သည့်ဇတ်လမ်းပေါင်းများစွာကိုကြားဖူးသည်ဖြစ်သည်။
လေကိုထိုးခွင်းပျံသန်းရင် လမ်းတစ်လျှောက်တစ်ဟုန်ထိုးဦး
တည်နေကြသောသိုင်းသမားများမှာ တစ်စုံတစ်ခုကမှားယွင်းနေသည်ကို
ဖြည်းဖြည်းခြင်းသဘောပေါက်လာသည်။ သူတို့မည်မျှပင်ခပ်ဝေးဝေးပျံသန်းသည်ဖြစ်စေ ပြေးလွှားသည်ဖြစ်စေသွေးတောင်
နှင့်သွေးကျောက်ပြားတို့နှင့်သူ
တို့ကြားရှိအကွာအဝေးက တစ်ချိန်လုံးပြောင်းလဲသွားခြင်းရှိမနေပေ။
အချိန်အတိုင်းအတာတစ်ခုကြာ
မြင့်ပြီးသည့်နောက်တွင် ဤပြဿနာကိုရှစ်ဖုန့်ရုတ်တ
ရက်ရှာတွေ့လိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE