အပိုင်း(၂၅၀)
Vol. 17 Ch. 250
သွေးနီရောင်တောင်ထွတ်နှင့်သွေး
ကျောက်ပြားတို့မှာ အရိပ်ပမာထင်မှတ်ရပြီး သိပ်မဝေးလှဟုထင်မှတ်ရသော်လည်း ၎င်းတို့ဘယ်နေရာတွင်ရှိနေသည်ဆိုသည်ကား သိရှိခြင်းမရှိကြချေ။ ၎င်းတို့အနေဖြင့်တစ်ချိန်လုံးတွင်ရှိတည်
ရှိမနေခြင်းလည်းဖြစ်နေနိုင်သည်။
လူအချို့မှာ ဤအရာအားတွေးမိလိုက်ကြသည့်နောက်တွင် ပြေးလွှားနေရာမှလက်လျော့လိုက်ကြသည်။
သို့သော်လူအချို့က ဤမြင်ကွင်းအားသူတို့မြင်တွေနိုင်
သည်ဖြစ်သောကြောင့် ၎င်းမှာတည်ရှိရမည်ဟုခိုင်မာစွာ
ယုံကြည်ကြသည်။များစွာသောလူတို့မှာ ဤနေရာသို့ အခွင့်အလမ်းများနှင့် ရတနာများအားရှာဖွေရန် ရောက်လာကြခြင်းဖြစ်သည်။ သို့သော် ဤနေရာတွင်လူတစ်ချို့ကသာ အကျိုးကျေးဇူးများကိုတကယ်ရရှိခဲ့ကြသည်။ ၎င်းတို့ထဲမှအချို့က ရတနာများကိုရရှိခဲ့ပြီး အချို့ကတော့ အခွင့်အလမ်းများနှင့်ထိပ်
တိုက်တိုးမိကြခြင်းဖြစ်သည်။
ဥပမာအနေဖြင့် လုံမုန့်မှာသွေးနီရောင်နတ်ဆိုးသားရဲတစ်ကောင်ကို သဲကန္တာရထဲတွင်ရှာတွေ့ခဲ့သည်။ သွေးနီရောင်နတ်ဆိုးသားရဲတွင် မီးစွမ်းအင်ပမာဏများစွာပါရှိနေ
သည်သာမကဘဲ မီးဓာတ်အခြေပြုသိုင်းစိတ်ဆန္ဒပါ
ပါရှိသည်ဖြစ်သည်။
ရှစ်ဖုန့်သည်လည်း သွေးစွမ်းအင်များပါသောသွေးသစ်သီးများ
၊အပျက်အစီးများ၊မြေအောက်ခန်းတို့ကိုရှာတွေ့ခဲ့ပြီး မြင့်မြတ်ဓားအပိုင်းအစနှင့်
သွေးချပ်ဝတ်တို့ကိုရရှိခဲ့သည်ဖြစ်ကာ
နတ်ဆိုးတစ်ကောင်ကိုပင်လွှတ်ပေးခဲ့
သေးသည်ဖြစ်သည်။
အခြားသောနေရာများတွင်လည်း အန္တရာယ်များနှင့်စွန့်စားမှုများ၊
ပျော်ရွှင်မှုများနှင့်ဝမ်းနည်းမှုများ ၊စိတ်လှုပ်ရှားမှုနှင့် ဆုံးရှုံးမှုများ ၊ သေဆုံးခြင်းနှင့်သွေးသစ်လောင်းခြင်း စသည့်ဖြင့်တစ်ခုပြီးတစ်ခု ဇတ်ခုံတစ်ခုတွင်ကခုန်နေသည့်
နှယ်ဖြစ်ပျက်နေသည်ဖြစ်သည်။
…………………………………………
သူ၏နမည်ကယန်ရှင်းဖြစ်သည်။
သူသည်ထျန်းမြောင်အင်ပါယာ၏မြို့ငယ်လေးတစ်ခုရှိ ယန်မိသားစုမှဖြစ်သည်။ မြို့လေးတွင်သူငယ်ငယ်လေးကတည်း
ကယန်ရှင်းမှာပါရမီရှင်ဟုအခေါ်ခံခဲ့ရသည်ဖြစ်သည်။ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် သူကသည်ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့ပြီး ဘုရင်နယ်ပယ်သို့ခြေချနိုင်ရန်ခြေတစ်လှမ်းသာလိုတော့သည်ဖြစ်သည်။ သူကမြို့လေးတွင် အသန်မာဆုံးသောသိုင်းသမားတစ်ယောက်ဖြစ်လာခဲ့သည်။ မြို့လေးတွင်ရှိနေသောယန်မိသားစုနှင့်ယန်ရှင်း၏ရန်သူအားလုံးမှာယန်ရှင်း၏စွမ်း
အားကြီးခွန်အားအောက်တွင်အား
လုံးသုတ်သင်ခံလိုက်ရသည်။
ယန်ရှင်းမှာသူ့အနေဖြင့် ဤမြို့လေးတွင် ဆက်လက်၍ သန်မာလာနိုင်မည်မဟုတ်မှန်းကိုသိနေခဲ့သည်။ကျယ်ပြောလှသောပြင်ပကမ္ဘာကြီးထဲတွင်သာ သန်မာသောကျွမ်းကျင်သူများနှင့်အခွင့်အလမ်းများရှိနေပြီး သူအပိုပြီးသန်မာလာနိုင်မည်ဖြစ်သည်။
ထို့ကြောင့်ယန်ရှင်းက မြို့လေးမှထွက်ခွာလာခဲ့ပြီး ဟန်ရွှင်းမြို့သို့ရောက်လာခဲ့ကာ သွေးနီရောင်ကမ္ဘာအတွင်းဝင်ရောက်ခဲ့သည်။ဤအချိန်တွင်သူကသွေးတောင်ထွတ်နှင့်
သွေးကျောက်ပြားတို့အားကြည့်ကာ စိတ်ပိုင်းဖြတ်ထားမှုတို့နှင့်ပြေးလွှားနေသည်။ ယန်ရှင်းသည်လည်းတစ်ခြားသောသူများ
နှင့်အတွေးတူသည်ဖြစ်သည်။ သူသည်ဤကမ္ဘာ၏ ခေါင်းဆောင်မင်းသားတစ်ယောက်ဖြစ်သည်။
ပြိုင်ဘက်ကင်းပညာရပ်များနှင့် ကောင်းကင်နှင့်မြေကြီး၏ရတနာများက သူ့အလာကိုစောင့်နေကြပြီး သူ့အားသခင်အဖြစ်ရွေးချယ်လိမ့်မည်ဖြစ်သည်။
“ဒီလိုပဲဖြစ်ရမယ်..အဲ့လိုမျိုးပဲဖြစ်နေရမယ်”
ယန်ရှင်းကသူ့လက်သီးအားတင်းကျပ်
စွာဆုပ်ထားပြီး သူ့ကိုယ်သူပြောလိုက်သည်။ ရုတ်တရက်ရန်ရှင်းတောအုပ်တစ်ခု
အားဖြတ်သန်းနေစဉ် အဆင့်လေးသွေးဝံပုလွေတစ်ကောင်ကသူ့အားရုတ်တရက်ခုန်အုပ်လိုက်သည်။အကာအကွယ်လျော့နေသည့် အခိုက်အတန့်တွင် ယန်ရှင်း၏လည်ပင်းမှာသွေးဝံပုလွေ၏
ကိုက်ခဲမှုကိုခံလိုက်ရပြီး သူ့အလောင်းအားသွေးဝံပုလွေ၏အစာ
အဖြစ်ပေးအပ်လိုက်ရသည်။ သူ၏ကိုယ်ပိုင် အိမ်မက် စိတ်ကူးယဉ်မှုများနှင့်အတူ ဤသွေးကမ္ဘာအတွင်းတွင်သူထာဝရ နေထိုင်လိုက်ရပြီဖြစ်သည်။
အမည်မသိမြို့လေးတစ်ခုမှ ပါရမီရှင်ငယ်လေးယန်ကျုံးမှာကျ
ဆုံးသွားခဲ့ပြီဖြစ်သည်။
………………………………………..
သူ၏နမည်က ယဲ့ချီဖြစ်ပြီးသူသည်သာမန်မိသား
စုလေးမှမွေးဖွားလာသည့်သူဖြစ်သည်။ သူတွင်သူကဲ့သို့သာမန်မိသားစုမှဖြစ်သောသူနှင်ရည်ငံနေသည့် ငယ်ချစ်ဦးတစ်ယောက်ရှိလေသည်။
သို့သော်ထိုနှစ်ကသူသည်သူ့ချစ်သူ၏သစ္စာဖောက်မှုကိုခံလိုက်ရသည်။ ယင်းမှာထိုအမျိုးသမီးက မြို့လေးတစ်ခုမှယန်ရှင်းဟုခေါ်သော လူငယ်သိုင်းပညာရှင်နှင့် ချစ်ကျွမ်းဝင်သွားခြင်းမှလွဲပြီး
တစ်ခြားမဟုတ်ပေ။ အမျိုးသမီးများက သန်မာမှုကိုတမ်းတကြသည်။ သူမက သန်မာသောယောက်ျားကို တမ်းတခဲ့သည်။
ထိုသတင်းအားလက်ခံရရှိသည့်အချိန်တွင် ယဲ့ချီမှာသူ့နှလုံးသားအားဓားဖြင့်ပိုင်းဖြတ်ခံရသကဲ့သို့ခံစားရသည်။ သူ၏ကမ္ဘာတစ်ခုလုံးအရောင်အသွေးတို့ ပျောက်ကွယ်သွားသကဲ့သိုခံစားရသည်။
ယဲ့ချီအနေဖြင့်သူ၏ကံကြမ္မာအား
ပြောင်းလဲခဲ့သည့်နေ့ သိုင်းပညာလမ်းကြောင်းပေါ်သို့သူစတင်ခြေချမိခဲ့သည်ထို့နေ့ကိုမှတ်မိနေဆဲဖြစ်သည်။
ထိုနေ့ကသူဖုန်းစားတစ်ယောက်က သူ၏အိမ်ရှေ့တွင်လဲလျောင်းနေခဲ့သည်။ ယဲ့ချီကကြင်နာသနားတတ်သူဖြစ်ပြီး အိမ်၌လုံလောက်သောစား
စရာရှိမနေခဲ့သည်တောင်မှပင် သူဖန်းစားအား ထမင်းတစ်ပန်းကန်လုံးကိုပေးခဲ့သည်။ နောက်ပိုင်းတွင်သူဖုန်းစားက ညလယ်၌ သူ့အားတောင်နောက်ကျော၌
လာရှာရန်ပြောခဲ့သည်။ယဲ့ချီသွားခဲ့သော်လည်းသူဖုန်းစားက သိုင်းပညာရှင်ကျွမ်းကျင်သူ
တစ်ယောက်ဖြစ်နေလိမ့်မည်ဟုတော့သူမမျှော်လင့်ထားခဲ့မိချေ။ ထို့မှစတင်၍နောက်ပိုင်းတွင်ယဲ့ချီက သူဖုန်းစားအားသူ၏ဆရာတင်ခဲ့သည်။ သူဖုန်းစားကယဲ့ချီအား သိုင်းပညာရပ်များကိုသင်ပေး
ခဲ့ပြီးသူ့အား သိုင်းပညာလမ်း
ကြောင်းပေါ်သို့ တင်ပေးခဲ့သည်။
ယဲ့ချီမှာသူ့ကိုယ်သူပြောလိုက်သည်။
“ငါပိုသန်မာလာရမယ်…ပိုပြီးတော့အစွမ်းထက်လာရမယ်…အတိတ်တုံးကအ
ရှက်ခွဲခံရမှုတွေအတွက် ငါကိုယ်တိုင်ပြန်ပြီးတော့ရယူရမယ်..ငါ့အပေါ်ကိုနှိမ့်ချဆက်ဆံခဲ့ကြတဲ့သူတွေအားလုံးကို နောင်တရသွားအောင်ငါလုပ်ရမယ်”
ရုတ်တရက်ပြေးလွှားနေသောယဲ့ချီမှာ သူ၏ခန္ဓာကိုယ်ကရုတ်တရက်ပေါ့ပါးသွားမှုကိုခံစားလိုက်ရသည်။ သူကအာရုံစိုက်ခြင်းမရှိခဲ့ပဲ အခြေမဲ့တွင်းတစ်ခုပေါ်သို့ခြေချမိခြင်းဖြစ်သည်။ ထို့နောက်သိပ်မကြခင် ယဲ့ချီ၏စိတ်လှုပ်ရှားမှုနှင့်ပျောက်ရွှင်
မှုတို့ပါဝင်သော ရယ်မောသံက မြေအောက်ထဲမှ ကျယ်လောင်စွာထွက်ပေါ်လာသည်။
……………………..
သူ၏နမည်ကရှစ်ဖုန့်ဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်မှာဟင်းလင်းပြင်အားအရှိန်အ
ဟုန်ဖြင့်ထိုးခွင်းပျံသန်းနေဆဲဖြစ်ပြီး အရိပ်ပမာ သွေးတောင်ထိပ်နောက်သို့ လိုက်နေဆဲဖြစ်သည်။ သူ့၏အတွေးများကလည်းတစ်ခြား
သောသူများနှင့်အတူတူပင်ဖြစ်သည်။ဤအရာအားသူမြင်တွေ့ရသောကြောင့် ၎င်းကသေချာပေါက်တည်ရှိရမည်ဖြစ်သည်။
ဖြည်းဖြည်းချင်းဟင်းလင်းပြင်ထဲမှတစ်ဆင့် မြေပြင်နေပေါ်နှင့်သူ၏အောက်ခြေဘက်တွင် ဦးတည်ချက်ပေါင်းစုံမှ ကျင့်ကြံသူများပေါ်လာနေသည်ကို မြင်တွေ့လိုက်ရသည်။ အဆုံးသတ်တွင် သူတို့အားလုံးသူနှင့်တူညီသောဦးတည်ချက်သို့ ပျံသန်းခြင်းသို့ပြေးလွှားခြင်းတို့ဖြင့်
လာနေကြသည်။
ဤလူများအား မြင်လိုက်ပြီးနောက်ရှစ်ဖုန့်နားလည်သွားသည်။ ၎င်းကသူတစ်ယောက်တည်း
မဟုတ်ခြင်းပင်ဖြစ်သည်။ မတူညီသောနေရာများမှအခြား
သူများသည်လည်း တောင်ထွတ်နှင့်ကျောက်ပြားအား မြင်တွေ့ကြသည်ဖြစ်သည်။ သူတို့အားလုံးက ထိုနေရာသို့ ဦးတည်လာနေကြပြီး ယခုအခါအတူတကွစုစည်းမိကြသည်။
ဤအချိန်တွင် သာမန်လူငယ်သိုင်းသမားတစ်ယောက်က ရှစ်ဖုန့်ဘေးသို့ရောက်လာပြီးမေးလိုက်သည်။
“ညီအကို မင်းလည်းဒီသွေးရောင်တောင်ထွတ်ကိုမြင်တာလား မင်းအဲ့ကိုသွားဖို့ဦးတည်နေတာလား”
ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်..
ဤလူ၏ ကျင့်ကြံမှုနယ်ပယ်မှာ ရှစ်ဖုန့်နှင့်အတူတူပင်ဖြစ်သည်။
သူကရှစ်ဖုန့်အားသူနှင့်အတူတူဟု
တွေးသည်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့ကြောင့်
ကမ္ဘာအတွင်းရှိ လူပေါင်းဒါဇင်များစွာပေါ်လာသည့်အခါတွင် သူကရှစ်ဖုန့်အားလာရောက်မေးမြန်းခဲ့ခြင်း
ဖြစ်လေသည်။
“ဟုတ်တယ်”
ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်ပြီးပြောလိုက်သည်။
“အာ..အမှန်ပဲကိုး”
ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင်
ထိုလူက ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူဟန်ဆောင်နိုင်ခြင်းမရှိပဲအနည်း
ငယ်စိတ်ပျက်မှုကိုခံစားလိုက်ရသည်။
အစကသူအနေဖြင့် အကွာအဝေးတစ်ခုမှ သွေးရောင်တောင်ထွတ်ကိုမြင်တွေ့ရသောကြောင့် ထိုနေရာသို့ဦးတည်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းကသူမြင်ရသည်ထက်ပို၍ ဝေးကွာသည်ကိုသိလိုက်ရသည်။ ထိုမျှလောက်ပဲကနိုင်မည်လားဆို
သူကိုသူမသိချေ။သို့သော် သူတစ်ယောက်တည်း
ကောင်းကင်၌ပျံသန်းလာသည့်အချိန်တွင် စိတ်လှုပ်ရှားမှု၊ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်
နေခဲ့သည်။ သူ့အနေဖြင့်ကောင်းကင်ဘုံရတနာက သူ့အားရွေးချယ်ပြီးထိုနေရာသို့သူ့အားလက်ယက်ခေါ်နေသည်ဟုခံစားရသည်။ ဤအချိန်တွင် လူများကပို၍ပို၍ထိုနေရာသို့ဦးတည်နေသည်ကိုသူတွေ့လိုက်ရသည်။
“တွေ့ရတာဝမ်းသာတယ်ညီအကို ငါ့နမည်က စွေ့ကျန့်ပါ ရှောင်ယောင်ဂိုဏ်းက”
ထိုလူကရှစ်ဖုန့်အားသူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
“ရှောင်ယောင်ဂိုဏ်းတဲ့လား”
ဤဂိုဏ်းနှင့်ပက်သက်ပြီး ရှစ်ဖုန့်အနည်းငယ်အံ့အားသင့်သွားသည်။
ရှစ်ဖုန့်၏ အမူအယာအားမြင်တွေ့လိုက်ရသောအခါ စွေ့ကျန့်က ပြောင်းလဲခြင်းမရှိသောအမူမယာ
ကိုပြသလိုက်သည်။ လူအများက ရှောင်ယောင်ဂိုဏ်း၏အမည်အားကြားသည်နှင့် အံ့ဩသွားကြခြင်းမှာအခြား
အကြောင်းပြချက်ကြောင့်မဟုတ်ပဲ ဧကရာဇ်ရှောင်ယောင်မှာ ထျန်းဟန်တိုက်ကြီးတွင်လွန်စွာ
နမည်ကျော်ကြားသောသူဖြစ်ခြင်း
ကြောင့်ဖြစ်သည်။
“ဟား ဟား”
ရှစ်ဖုန့်၏အမူအယာအားမြင်တွေ့ရ
သောအခါ စွေ့ကျန့်က အနည်းငယ်ပြုံးလိုက်ပြီးနောက်
ရှစ်ဖုန့်ကိုဆက်ပြောသည်။
“ပြောရင့်ငါ့ညီအကိုတွေနဲ့ငါကဒီ
ဂိုဏ်းကိုရှာတွေ့ထားတာမကြာသေးဘူး မင်းထင်သလိုပဲ ငါတို့ရဲ့ အသည်းကျော်က ဧကရာဇ်ရှောင်ယောင်မို့ ငါတို့ဂိုဏ်းကိုရှောင်ယောင်ဂိုဏ်း
လို့နမည်ပေးထားတာ”
ရှစ်ဖုန့်က စိတ်သက်သာရာရစွာဖြင့်ခေါင်းညိမ့်လိုက်သည်။ထို့နောက်သူကစွေ့ကျန့်၏ သက်ပြင်းချသံကိုကြားလိုက်ရသည်။
“ကိုယ့်ယူ ဘယ်သူကများ ကြောင့်ကြမဲ့ဧကရာဇ်ကို မတမ်းတတဲ့သူရှိလို့လဲ…
သူ့ရဲဘဝကလွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတယ် ….သူ့ရဲ့တစ်ခုတည်းသော
ရည်ရွယ်ချက်က လွတ်လပ်မှုပဲ ……….သူ့ဘေးနားမှာမရေတွက်နိုင်တဲ့ အမျိုးသမီးတွေလည်းရှိနေသေးတယ် တစ်ယောက်စီတိုင်းကလည်း ပန်းကလေးလိုလှပတဲ့သူတွေကြီးပဲ”
စကားပြောနေရင်းစွေ့ကျန့်
၏မျက်နှာကတောင့်တမှုလိုအင်ဆန္ဒနှင့် မျော်လင့်ချက်တို့ဖြစ်နေသော အမူအယာတစ်ခုကိုဖြည်းဖြည်း
ချင်းထုတ်ဖော်ပြလာသည်။ သူနှလုံးသားထဲတွင်ရှိနေသော တစ်ဘဝလုံးစံထားကာနောက်မှ
လိုက်နေသော ကြောင့်ကြမဲ့ဧရာဇ်မှာသူ့ရှေ့တွင်ရှိ
နေသောကောင်လေး၏ ဆူပူကြိမ်းမောင်းပစ်တင်မှုကို တစ်စုံတစ်ခုအားမှားယွင်းခဲ့သည့်
ကလေးငယ်တစ်ယောက်ကဲ့သို့ခံရ
သည်ကိုတော့သူမသိပါချေ။
ဆက်ရန်..
ဘာသာပြန်သူ-ARISE